ညနေပိုင်းတွင် ချင်ယွန်က လျိုချန်းယွီ၏ နန်းဆောင်သို့ပြန်လာပြန်သည်။
နန်းတော်မှ လူအများအပြားက သူ၏ အပြုအမူများအား အသားကျနေပြီ ဖြစ်သည်။ လျိုချန်းယွီက ရီဝူချင်းအား သဘောကျသည်ကို လူတိုင်းက သိသည်။ ချင်ယွန်ကား အချိန်ဖြုန်းနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ချင်ယွန်ကား ဧည့်သည် ဖြစ်သည်။ နေ့တိုင်း သူက တခြားလူများအား ယဉ်ကျေးစွာ နှုတ်ဆက်လေ့ရှိရာ လျိုနိုင်ငံမှ လူများက သူ့အား နှင်ထုတ်ရန် ခက်ခဲသည်။
လျိုချန်းယွီ၏ နန်းဆောင်ထဲကို ဝင်လာရင်းက ချင်ယွန်၏ မျက်နှာက သုန်မှုန်နေသည်။ သူက လွန်စွာ မပျော်မရွှင် ဖြစ်နေသည်။ ယနေ့ သူက လွန်စွာ အန္တရာယ်များသော အလုပ်တစ်ခုကို လုပ်ရပေမည်။
ချင်လီ သေသွားရန် သူအမှန်တကယ် အလိုရှိပေသည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။
သူ၏ အမေ ကိုယ်လုပ်တော် နန်အား ဘုရင်က ချစ်မြတ်နိုးသော်လည်း ထိုအရာက သူ၏အမေက သူမ၏ စွမ်းရည်ကို တချို့ကြောင့် ဖြစ်သည်ကို သူသိသည်။ ချင်ဘုရင်က ကိုယ်လုပ်တော်နန်အား ချစ်မြတ်နိုးသည်မှာ တချို့သော အကြောင်းပြချက် များကြောင့်သာ ဖြစ်သည်။ သို့သော်လည်း ချင်ဘုရင်၏ တကယ့် ရည်ရွယ်ချက်ကား လောကကို အုပ်စိုးရန်နှင့် သူ၏ သားချင်ယွီအား ထီးနန်းကို ပေးအပ်ရန်ဖြစ်သည်။
တခြားတစ်ဖက်တွင် သူက ကောင်းမွန်သော ဘဝကို ရရှိသည်ဟု ထင်မြင်ရသော်လည်း အမှန်တကယ်အားဖြင့် သူက ချင်ယွီနှင့် ချင်လီရှေ့တွင် သူ့အဆင့်အတန်းက လွန်စွာ နိမ့်ကျပေသည်။
ယနေ့ သူက ဤနေရာကို မလာလိုခဲ့ပေ။ ဤနေရာကား လျိုနိုင်ငံ၏ နန်းတော် ဖြစ်သည်။ ချင်လီအတွက် အပြောက လွယ်ကူသော်လည်း ဤကိစ္စက လွန်စွာ အန္တရာယ်များသည်ကို သူသိသည်။ သို့သော်လည်း သူဘာလုပ် နိုင်မည်နည်း။
ချင်ယွီကား လက်ရှိတွင် အိမ်ရှေ့စံမင်းသား ဖြစ်နေလေပြီ။ ချင်ဘုရင်ကလည်း သူ၏ အာဏာများကို ချင်ယွီအား တဖြည်းဖြည်း လွှဲပြောင်း ပေးနေသည်။ ချင်ယွီက လက်ရှိတွင် လွန်စွာ အားကောင်းနေကာ မည်သူမှ သူ၏ အမိန့်အား မနာခံဘဲ မနေရဲကြပေ။ ချင်ယွန်နှင့် သူ၏အမေတို့၏ ကံကြမ္မာက ချင်ယွီ၏ လက်ထဲတွင် ရှိပေသည်။ ဤတစ်ကြိမ် ချင်ယွီက သူ့အား တာဝန်ပေး ထားသည်မှာ သူက အစီအစဉ်အား မဖြစ်မနေ အောင်မြင်ရန် လိုသည်။ မဟုတ်လျှင် သူက တာဝန်အပြည့်အဝ ယူရမည်ဖြစ်သည်။ ချင်ယွီရှေ့တွင် သူ ဘာမှ ပြန်မပြောနိုင်ပေ။
“ခွေးကောင်…” ချင်ယွန်၏ မျက်လုံးများက ဒေါသအခိုးအငွေ့များ ပြည့်နှက်နေသော်လည်း သူက အဆောင်ထဲကို ဝင်လိုက်သည်နှင့် သူ၏ မျက်နှာက ပုံမှန်ပြန်ဖြစ် သွားသည်။ သူ၏ ပုံမှန်အားဖြင့် ဆွဲဆောင်မှု ရှိသောအပြုံးက သူ့မျက်နှာတွင် ပေါ်လာသည်။
“မင်းသားချင်…” အစေခံ မိန်းကလေးက သူ့ကို လာရောက်ကြိုဆိုသည်။ ချင်ယွန်၏ ဆွဲဆောင်မှု ကောင်းသော မျက်နှာကို မြင်လျှင် အစေခံ မိန်းကလေး၏ မျက်နှာက တွေဝေ မိန်းမောသွားကာ အသိစိတ် ပျောက်သွားသလို ဖြစ်သွားသည်။
“ထွက်သွား… ငါက မင်းသမီး ချန်းယွီနဲ့ စကားပြောစရာ ရှိတယ်… .” သူ၏ သိမ်မွေ့သော မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏မျက်လုံများက ထူးဆန်းသော စွမ်းအားများ ကိန်းဝပ် နေပုံရသည်။ အစေခံ မိန်းကလေးက အသိစိတ် ကင်းမဲ့သွားပုံရကာ ညင်သာစွာ ခေါင်းညိတ်သည်။ ထို့နောက် သူမက နန်းဆောင် အပြင်ဘက်ကို ထွက်သွား၏။ ထိုအခိုက်တွင် သူမက ချင်ယွန်၏ အမိန့်များ အားလုံးကို လိုက်နာ လိုသည့် ပုံစံဖြစ်နေသည်။
ချင်ယွန်က နန်းဆောင်ထဲတွင် ထိုင်နေသော လျိုချန်းယွီထံသို့ လျှောက်လာသည်။
ချင်ယွန်က နောက်တစ်ခေါက်လာသည်ကို မြင်လျှင် လျိုချန်းယွီ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်နှာကို မြင်လျှင် သူမက သူ့အား မုန်း၍ မရပေ။
“ချန်းယွီ…” ချင်ယွန်က ချန်းယွီအား လွန်စွာ ချစ်ခင်မြတ်နိုးသော အကြည့်ဖြင့် ကြည့်သည်။
“မင်းသားချင်..ဘာကိစ္စလဲ…” ချင်ယွန်က သူမအား ရင်းနှီးစွာ ခေါ်လျှင် လျိုချန်းယွီ မျက်မှောင်ကြုတ် လိုက်သည်။
“မင်း ငါ့ကို လက်ထပ်နိုင်မလား…” ချင်ယွန်က မေးသည်။
“မင်းသားချင်… ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးတယ်… ကျေးဇူးပြုလို့ ထွက်သွားပါ…” လျိုချန်းယွီက သဘောမကျစွာ ပြောသည်။
ချန်ယွီ၏ မျက်လုံးက အရောင်လက် သွားသည်။ ခွေးမ… မင်းက ငါ့ကို ဖိအားပေးနေတာပဲ… ။
ချင်ယွန်၏ အကြည့်က ရုတ်တရက် ပြောင်းလဲသွားသည်။ ထူးဆန်းသော စိတ်ဝိညာဉ် စွမ်းအားက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာလျှင် သူ့အား ကြည့်သူတိုင်းက အသိစိတ် ပျောက်ကာ သူ့အလိုကို နာခံလိုသော စိတ်များ ဖြစ်ပေါ်လာသည်။
“ဘာဖြစ်နေတာလဲ…”လျိုချန်းယွီက ထူးဆန်းသော အခြေအနေကို ရိပ်စားမိသည်။
ထူးဆန်းကာ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားက လျိုချန်းယွီအား ရစ်ပတ်လာသည်။ ချက်ချင်းပင် သူမက အသိစိတ် ပျောက်သလို ခံစားရကာ လွန်စွာ မောပန်းနွမ်းနယ် လာသည်။ ရှေ့မှ ရပ်နေသော လူငယ်မှာလည်း ချင်ယွန်မဟုတ်ဘဲ ရီဝူချင်းဟု ထင်လာရ၏။
မကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကို လျိုချန်းယွီက သိသည်။ သူမ၏ စိတ်အင်အားက တဖြည်းဖြည်း အားနည်းလာကာ အသိစိတ်က ပျောက်လုနီးပါး ဖြစ်လာသည်။
ခွေးမ… မင်းက ဒီလမ်းကို ရွေးမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆီး ပေးရတာပေါ့… ။ ချင်ယွန်၏ မျက်နှာကား လွန်စွာ သုန်မှုန်နေသည်။ သူက ဤသို့ မလုပ်လိုပေ။ မည်သို့ပင်ဆိုစေ သည်နေရာကား လျိုနန်းတော် ဖြစ်သည်။ သို့သော်သူ့တွင် ရွေးစရာ မရှိပေ။ သူ၏ စိတ်က မုန်းတီးမှုများနှင့်ပြည့်နေသည်။ သူက ချင်လီကို မုန်းသည်။ လျိုဘုရင်ကို မုန်းသည်။ လျိုချန်းယွီကို မုန်းသည်။ ဒီခွေးမ… .။ ငါက ရီဝူချင်းထက် ဘယ်နေရာက နိမ့်ကျနေလို့လဲ… ။
ချင်ယွန်၏ အမူအကျင့်များကား သူကြီးပြင်းရာ ပတ်ဝန်းကျင်ကြောင့် ပုံပျက်ခဲ့ရသည်။ လိပ်မင်းတောင်တွင် သူ၏ စိတ်အင်အားက လွန်စွာ အားနည်းနေသော အချိန်တွင် သူ၏ ပင်ကိုယ် တကယ့် သရုပ်မှန်ကို မိမိ၏ နှလုံးအား ပင်ကိုယ် သဘောဝအား ပြန်လည် ထင်ဟပ်စေသော ပုံရိပ်ယောင်များကြောင့် ပေါ်ပေါက်ခဲ့ရသည်။ သူကား လျှာနှစ်ခွ မျက်နှာနှစ်ခုနှင့် လူဖြစ်သည်။ သူက ညင်သာ သိမ်မွေ့ကာ လူကြီးလူကောင်း ဆန်သော်လည်း တစ်ချိန်တည်းတွင် သူများအား မနာလို ဝန်တိုတတ်ကာ ယုတ်မာတတ်သော စိတ်နေသဘောထားရှိသူ ဖြစ်သည်။ သူ၏စွမ်းရည်များက လူအများအကြားတွင် အထင်သေးအမြင် သေးခံရမြဲ ဖြစ်သော်လည်း ထိုစွမ်းရည်အား မိန်းမများအပေါ် အသုံးပြုရာတွင် လွန်စွာ ထိရောက်လေ့ရှိသည်။
သူ၏ အပြုံးက ပိုမို သိမ်မွေ့လာကာ လွန်စွာ ဆွဲဆောင်အားကောင်းလာသည်။ သူ၏ လျိုချန်းယွီထံသို့ တစ်လှမ်းချင်း လှမ်းလာလျှင် သူမ၏ဘေးကို ရောက်လာသည်။ သူက လက်ကို ဆန့်တန်းကာ သူမ၏ ဆံနွယ်များနှင့် မျက်နှာအား အသာအယာ ပွတ်သပ်သည်။
“ချန်းယွီ… မင်းက အရမ်းလှတယ်… ” ချင်ယွန်၏အသံကား လွန်စွာ သိမ်မွေ့ညင်သာသည်။ လျိုချန်းယွီက အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းမပျို သုံးဦးထဲတွင် မပါသော်လည်းသူမသည်လည်း လွန်စွာကျော်ကြားသော မိန်းမလှတစ်ဦးဖြစ်သည်။ သူမက လျိုနိုင်ငံတော်ဝင် မင်းသမီးဖြစ်ကာ ထူးခြားသော ဆွဲဆောင်မှု ရှိသူဖြစ်သည်။ ထိုအခိုက်တွင် သူမကား ချင်ယွန်၏ ရှေ့တွင် တိတ်ဆိတ်စွာ ရပ်ကာ ချင်ယွန်ပြုသမျှ နုရတော့မည့်အခြေအနေတွင် ရှိနေသည်။
သူမက သူ့အား မငြင်းဆန်လိုဘူးလား… ။ ဒါဆို… အခု သူမရဲ့ ခန္ဓာကိုယ်ကို ရပြီးရင်ရော… ။ သူ၏ လက်ချောင်းများက လှပသော မျက်နှာလေးနှင့် ချောမွေ့သော လည်ပင်းလေးကို အသာအယာ ထိတွေ့လိုက်သည်။ ထို့နောက် သူ၏ လက်အား သူမ၏ ပခုံးတွင် တင်လိုက်သည်။ သူ၏ လက်နှစ်ဖက်လုံးကို ဆန့်တန်းကာ ချင်ယွန်က လျိုချန်းယွီ၏ အပြင်ဝတ်ရုံအား ဆွဲချွတ်လိုက်သည်။ သူမ၏ ပုလဲရောင် ပခုံးများက အပြစ်ဆိုဖွယ် မရှိသလို သူမ၏ ဆွဲဆောင်မှု ရှိသော ကောက်ကြောင်းများ ကလည်း သူ့စိတ်ကို နှိုးဆွနေသည်။
လျိုချန်းယွီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူမက လွန်စွာ နာကျင်နေသော ပုံဟန်ရှိကာ ထိန်းချုပ်မှုမှ လွတ်မြောက် လိုနေသည်။ သူမက ဘာဖြစ်တော့မည်ကို သိနေကာ သူမ၏ စိတ်ဝိညာဉ်ကလည်း အတင်း ရုန်းကန်နေသည်။ သို့သော်လည်း သူမက လုံးဝ အားအင် ကုန်ခန်းနေသာ မည်သို့မှ လှုပ်ရှား၍ မရဖြစ်နေသည်။ သူမအား အကြောက်တရားက ကြီးစိုးလာသည်။
“အရမ်းလှတာပဲ…” ချင်ယွန်က မှတ်ချက်ချသည်။ သူက သူမ၏ အပြင်ပန်း ကောက်ကြောင်းများကိုသာ မြင်ဖူးရာ ယခုမြင်ကွင်းက သူ့အား အသက်ရှူ မှားစေသည်။ သူ၏ ခေါင်းအား လျိုချန်းယွီ၏ နားသယ်နှင့် လည်ပင်းအနီးကို ကပ်ကာ သူ့ရှေ့မှ မိန်းမလှ၏ ကိုယ်သင်းနံ့အား နမ်းရှိုက်သည်။ သူ၏ မျက်နှာတွင်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ကယ်ပါ…” တိုးညင်းသော အသံလေးက လျိုချန်းယွီ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ချင်ယွန်က မျက်မှောင်ကြုတ်လိုက်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လျက် လျိုချန်းယွီ၏အနီးသို့ ပိုမိုတိုးကပ်သည်။ သူမက အမှန်ပင် ခုခံနိုင်သေးသည်။
သူ့နောက်မှ ခြေသံတချို့ကို သူကြားသည်။ အစခံက နန်းဆောင်ထဲကို ပြန်လျှောက်လာသည်။ ဤနေရာက နန်းတော်ဖြစ်ရာ လျိုချန်းယွီတွင် သူမ၏ ဝေယျာဝစ္စအား ဆောင်ရွက်ပေးရန် အစေခံ တစ်ယောက်သာ ရှိသည်။ သူမ၏ နန်းဆောင်တွင် အစောင့်များမရှိပေ။ မည်သူက လျိုနိုင်ငံ၏ မင်းသမီးအား နန်းတော်တွင် ရန်ပြုရဲမည်နည်း။ မမျှော်လင့်ဘဲ ထိုအရာက ယနေ့ ဖြစ်ပျက်နေသည်။
ချင်ယွန်က အရင်မလိုပေ။ သူက နောက်လှည့်ကာ နန်းတော်ထဲကို လှမ်းလာနေသော အစေခံ မိန်းကလေးကို ကြည့်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအားက အစေခံအား သွားရောက် ရစ်ပတ်ကာ သူက ပြောသည်… “အပြင်မှာစောင့်နေ…”
“ကောင်းပြီ… ” အစေခံက အသိစိတ် ကင်းမဲ့သောဟန်ဖြင့် ပြောသည်။ သူမက ရိုကျိုးစွာ ခေါင်းညိတ်လျက် တွေဝေမိန်းမောစွာ ထွက်သွားသည်။
“ချန်းယွီ… အခု ဘယ်သူမှ မနှောင့်ယှက်တော့ဘူး… မင်းပျော်ရမှာပါ… နောက်ဆို မင်းက ငါ့မိန်းမ ဖြစ်လာလိမ့်မယ်…” ချင်ယွန်က လျိုချန်းယွီအား ဝါးစားမတတ် ကြည့်သည်။ မင်းက ဒီလိုအချိန်မှာတောင် အကူအညီ တောင်းနိုင်သေးတယ်… ။
ချင်ယွန်က သူမ၏ အဝတ်အစား နောက်တစ်ထပ်ကို ချွတ်လိုက်သည်။ နောက်ဆုံးတွင်ကား သူမ၏ ခန္ဓာတွင် လွန်စွာ ပါးလွှာသော အတွင်းဝတ်များသာ ကျန်တော့သည်။ သူမ၏ ဆွဲဆောင်အား ကောင်းသော ခန္ဓာအားကြည့်ကာ ချန်ယွန်က သက်ပြင်း ရှိုက်လိုက်သည်။ ရီဝူချင်းပင်လျှင် ဤမြင်ကွင်းမျိုး မြင်ဖူးမည် မထင်ပေ။
လျိုချန်းယွီ၏ မျက်လုံးများမှ မျက်ရည်များ စီးဆင်းလာသည်။ သူမ၏ ခန္ဓာကလည်း စတင် တုန်ယင်လာ၏။
ထိုအခိုက်တွင် ရီဝူချင်းတို့က နန်းတော်ထဲကို ဆင်းသက် လာကြသည်။ သူတို့က တောင်ပေါ်တွင် ဆက်နေကာ လေ့ကျင့် နိုင်သေးသော်လည်း ရီဝူချင်းက လျိုနိုင်ငံ ကိစ္စရပ်များ အပေါ်တွင် လွန်စွာ စိတ်ပူကာ စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ရာ သူတို့က မတတ်သာဘဲ ပြန်လာခဲ့ကြရသည်။
ကံကောင်းသည်က သူတို့ ပြန်ရောက်လာပြီး သတင်းဆိုးများကလည်း ဆီးကြိုနေခြင်း မရှိပေ။ လျိုဘုရင်က သူ၏ ဆုံးဖြတ်ချက်အား မကြာမီ ကြေညာပေးရန်ရှိနေသည်။
“ငါတို့ ချန်းယွီရဲ့နန်းဆောင်ကို သွားကြမလား… ” လျိုဖေးယွန်က မေးသည်။
“အင်း… ” ရီဝူချင်းက ခေါင်းညိတ်သည်။ လိပ်မင်းတောင်မှ အဖြစ်အပျက် နောက်ပိုင်းတွင် သူ၏ စိတ်ကို ပိုမိုရှင်းလင်းစွာ နားလည်ခဲ့သည်။ လျိုချန်းယွီအပေါ် သူ၏ ခံစားချက်များ ကလည်း ပိုမိုအားကောင်း လာသည်။
သူတို့အုပ်စုက လျိုချန်းယွီ၏ နန်းဆောင်သို့ တိုက်ရိုက် ပျံသန်းသွားကြသည်။ တစ်ချိန်တည်းတွင် ချင်လီ နေထိုင်ရာသို့ နိုဘယ်တစ်ယောက် ရောက်လာသည်… “ရီဖူရှင်းတို့အဖွဲ့ ပြန်လာကြပြီ… အခု သူတို့က လျိုချန်းယွီရဲ့ နေရာသို့ သွားနေကြတယ်…”
ချင်လီ၏ မျက်နှာတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။ ချင်ယွန်ကား ထိုနေရာတွင် ရှိနေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ဘယ်လောက် ကောင်းမွန်တဲ့ တိုက်ဆိုင်မှုလဲ။ ချင်ယွန်အား လျိုဘုရင်၏ သားမက် ဖြစ်စေခြင်းက သူတို့၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူတို့က လျိုနိုင်ငံနှင့် မဟာမိတ်ပြုရန် မူလကတည်းက ရည်ရွယ်ချက် မရှိပေ။
***
လျိုချန်းယွီ၏ နန်းဆောင်တွင် ချင်ယွန်က သူ့ရှေ့မှ မိန်းမလှကို ကြည့်နေဆဲဖြစ်သည်။ သူမကား အလွန်လှသည်။ သူယခင် တွေ့ဆုံဖူးသော မိန်းမများထက် လှသည်။ သူမက အရှေ့မြေရိုင်း ဒေသမှ အလှဆုံး မိန်းမပျို သုံးယောက်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်ဟု သူတွေးထင်နေသည်။
သူ၏ လက်က သူမ၏ နောက်ဆုံး အဝတ်စများအား ဖယ်ရှားရန် ဆန့်တန်းသည်။ လျိုချန်းယွီ၏ ပါးပြင်မှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာနေသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ပိုမိုပြင်းထန်စွာ တုန်ယင်လာနေ၏။
“ငိုနေတဲ့ မိန်းမလှက လူတွေကို ပိုပြီး စိတ်လှုပ်ရှားစေတယ်… မင်းစိတ်မပျက်စေရပါဘူး…” ချင်ယွန်က သူ၏ လက်အား သူမ၏ အတွင်းဝတ်ပေါ်တွင် တင်လျက် ပြောသည်။ သို့သော် ရုတ်တရက် အပြင်မှ တစ်ယောက်က လှမ်းအော်သည်… “ချန်းယွီ… အထဲမှာ ရှိလား…”
ချင်ယွန်၏ လက်က ထိုနေရာတွင် အေးခဲသွားသည်။ သူက ကြမ်းပြင်မှ အဝတ်အစားများအား လျင်မြန်စွာ ကောက်ယူကာ လျိုချန်းယွီ၏ ကိုယ်ပေါ်သို့ ပြန်လည် ဝတ်ဆင်စေသည်။
အပြင်ဘက်မှ ခြေသံများကို ကြားရသည်။ ခြေသံများက လွန်စွာ အလျင်လို နေဟန်ရ၏။ ရီဝူချင်း၊ ရီဖူရှင်းနှင့် လျိုဖေးယွန်တို့က အထဲကို ဝင်လာလျှင် ရှေ့မှ မြင်ကွင်းက သူတို့အား မှင်တက် သွားစေသည်။ လျိုချန်းယွီ၏ အဝတ်အစားများက ရှုပ်ပွနေကာ ဖြစ်သလို ပြန်လည် ဝတ်ဆင်ထားသည်ကို တွေ့ကြရသည်။ ချင်ယွင်၏ လက်ကလည်း သူမ၏ အဝတ်အစားများကို ကိုင်ထားဆဲ ဖြစ်သည်။ လျိုချန်းယွီက ထိုနေရာတွင်ပင် ရပ်ကာ သူမ၏ မျက်လုံးများမှ မျက်ရည်များက အဆက်မပြတ် စီးကျနေသည်။
ဝုန်း… အားကောင်းသော အရှိန်အဝါက လျိုဖေးယွန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
“ခွေးကောင်…” လျိုဖေးယွီက ဝမ်းခေါင်းသံကြီးဖြင့် အော်ကာ ရှေ့ကို တိုးလာသည်။ ရီဝူချင်းက လျိုချန်းယွီ၏အနီးကို ကပ်ကာ သူမအား ခေါ်လိုက်သည်… “ချန်းယွီ… ” တစ်ချိန်တည်းမှာ သူက လျိုချန်းယွီ၏ အဝတ်အစားများအား သပ်ရပ်စွာ ပြုပြင်ပေးသည်။
“သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားက တိုက်ခိုက်ခံ ထားရတယ်…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်း၏ နဖူးမှ ဓားအသိတစ်ခု ထွက်ပေါ်လာကာ လျိုချန်းယွီ၏ စိတ်ထဲကို ဝင်ရောက်သွားသည်။
“ချန်းယွီ…” ရီဝူချင်း၏ အသံက လျိုချန်းယွီ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားသည်။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားကာ သူမက ထိန်းချုပ်ခံရမှုမှ လွတ်မြောက်လာသည်။ သူမက ရီဝူချင်းအား စိုက်ကြည့်ကာ ပါးပြင်သို့ မျက်ရည်များ အဆက်မပြတ် စီးဆင်းလာသည်။ သူမက အဆုံးရွားဆုံးသော ကိစ္စတစ်ခုကို ကြုံတွေ့ခဲ့ရသလို သူမ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေသည်။
သူမ၏ အမူအရာကို မြင်လျှင် ရီဝူချင်းက လွန်မင်စွာ စိတ်မကောင်းဖြစ်ကာ နာကျင်ရသည်။ သူက လျိုချန်းယွီအား တင်းကျပ်စွာ ဖက်ကာ ညင်သာစွာပြောသည်… “ချန်းယွီ… ငါရောက်နေပြီ… အခု အဆင်ပြေသွားပြီ…” ထို့နောက် ရီဝူချင်းက သူ့နောက်မှ ချန်ယွန်အား လွန်မင်းစွာ အားကောင်းသော လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသာ မျက်လုံးများဖြင့် ကြည့်သည်။
***