Switch Mode

အပိုင်း (၃၂၃):

လိပ်မင်းတောင်မှ တိုက်ပွဲ

ရီဖူရှင်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ တောင်ပေါ်ကို တက်ခြင်းကား လွန်စွာ မောပန်းကာ အကယ်၍ ဖြစ်နိုင်လျှင် ယခုပင် သူက တောင်အောက်ကို ဆင်းကာ အနားယူလိုသည်။ သူကား အမှန်ပင် မောပန်းနေပြီ ဖြစ်သည်။ အဆိုးဆုံးကား သူက ခရီး မည်သည့်နေရာတွင် အဆုံးသတ်မည် မသိပေ။ ယခု ထိုလှပသော ပုံရိပ်များက သူ့အား ဆွဲဆောင်နေကြပြန်သည်။

တစ်စုံတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ မောပန်းလာသောအခါ စိတ်ပိုင်းဆိုင်ရာ ကလည်း အနားယူ လိုကြသည်။ သူတို့က ထပ်မံ၍ သွားလေလေ ခံနိုင်ရန် ခက်ခဲလာလေလေဖြစ်သည်။ ရီဖူရှင်း မြင်ရသော ပုံရိပ်များက ပိုမိုလှပလာလေလေဖြစ်သည်။

မိန်းကလေးများ ဆိုသည်မှာ အရိုးများ အသားများသာ ဖြစ်သည်။ ထိုသို့တွေးကာ ရီဖူရှင်းက မျက်လုံးမှိတ်လျက် ရှေ့ကို ဆက်လျှောက်သော်လည်း မထူးခြားပေ။ ထိုပုံရိပ်များက သူ၏ စိတ်နယ်ပယ်ထဲကို တိုက်ရိုက် ဝင်ရောက်လာခြင်းဖြစ်သည်။ သူ မလွတ်မြောက်နိုင်ပေ။ ထိုအရာက တကယ်ပင် စမ်းသပ်မှု တစ်ခုဆိုပါက အလွန် ရက်စက်သည်ဟု ရီဖူရှင်း ထင်သည်။ လူအများအပြားက ဤနေရာတွင် အသိစိတ်ပျောက်သည်ဟု လျိုဖေးယွန်က ပြောသည်မှာ မထူးဆန်းတော့ပေ။ သူက လက်လျှော့လိုက်လျှင် သူကလည်း အသိစိတ် ပျောက်မည်လော သူ မသိပေ။

ဟွာဂျီယူက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ သူက မိန်းမလှများကို လျစ်လျူရှု နိုင်သော်လည်း ဟွာဂျီယူမူကား ကွဲပြားခြားနားသည်… “မြေခွေးမ… မင်းဒီလို လုပ်နေရင် ဆိုးရွားတာ တစ်ခုခု ဖြစ်တော့မယ်… .” သူက ရေရွတ်သည်။ ရီဝူချင်းကို တွေးမိလျှင် ရီဖူရှင်းက အံကြိတ်ကာ ဆက်လျှောက်သည်။ ဤအခက်အခဲအား ဖြတ်ကျော်ခြင်းက သူတစ်ယောက်တည်း မဟုတ်ပေ။

လက်ရှိတွင် ချင်ယွန်ကလည်း များစွာသော ပုံရိပ်များကို မြင်သည်။ သူ၏ စိတ်က လွန်စွာ မောပန်းနေရာ သူ၏ အဖေက ပလ္လင်ပေါ်မှ ထိုင်လျက်သူ့အား လက်ယပ်ခေါ်နေသည်။ သူ၏သဘောက ချင်ယွန်သာ အလိုရှိပါက ပလ္လင်ပေါ်တွင် ထိုင်နိုင်သည့်သဘောပင်။

ချင်ယွင်၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူက ပလ္လင်ပေါ်တွင် လွန်စွာ ထိုင်လိုသော်လည်း သူ့အပိုင် မဟုတ်သည်ကို သိသည်။ ချင်ပြည်ထောင်၏ ထီးနန်းက ချင်ယွီ၏ အပိုင်ဖြစ်သည်။ သူက မည်သည့်အခါမှ ရမည် မဟုတ်ပေ။

သူ၏ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ချင်လီက သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်ရသော်လည်း သူမည်သို့မှ မတတ်နိုင်ပေ။ သူအမှန်တကယ် ချင်လီကို သတ်လိုသည်။

ဧကရာဇ်ချင်က ချင်ယွန်ကို အချစ်ဆုံးဟု လူတိုင်းက ထင်မှတ်ကြသည်။ သို့သော် ထိုအရာကား အပေါ်ယံမျှသာ ဖြစ်သည်။ မဟုတ်လျှင် သူက ချင်ယွန်အား လျိုနိုင်ငံသို့ အဘယ်ကြောင့် စေလွှတ်မည်နည်း။ ထိုအရာက သူ့အား အာဏာဖြင့် ဝေးသော နေရာကို စေလွှတ်ခြင်း ဖြစ်သော်လည်း သူလက်ခံရသည်။ သူက မလိုချင်လျှင်ပင် သူ့တွင် ရွေးချယ်စရာ မရှိပေ။

လျိုချန်းယွီကို လက်ထပ်ခြင်းလား။ သူမက လှပ ချောမောသော်လည်း သူမက သူ၏ အဖေတူ အမေကွဲ အစ်မ ချင်မုံရို မဟုတ်ပေ။ အလှဆုံး မိန်းမပျို သုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် သူမက လျိုချန်းယွီထက် လှသည်သာ။ ချူယောင်ယောင်က လစန္ဒာကလန်မှ သမီးတော်ဖြစ်သည်။ ချင်လီက သူမအား လက်ထပ်ရပြီး သူက အဘယ်ကြောင့် လျိုချန်းယွီနည်း။ သူက မည်သည့်နေရာတွင် ချင်လီထက် နိမ့်ကျသနည်း။

သူ၏ ပုံရိပ်ယောင် ကမ္ဘာထဲတွင် ချင်ယွင်ကား ချင်နန်းတော်ထဲတွင် ဖြစ်သည်။ အိပ်မက်အလား မြင်ကွင်းက သူ့ရှေ့တွင် ဖြစ်ပေါ်လာသည်။ သူ့ရှေ့တွင်ကား သိမ်မွေ့ကာ မောက်မာသော ချင်မုံရို၊ နူးညံ့ညင်သာသော ချူယောင်ယောင်၊ လှပသော လျိုချန်းယွီတို့ အားလုံးက ဝတ်လစ်စလစ်ဖြင့် လဲလျောင်းနေကြသည်။ သူတို့၏ နှင်ခဲအလား ဖြူဖွေးသော ခြေတံ လက်တံများက ထင်ထင်ရှားရှား ပေါ်နေသည်။ သူသာ အလိုရှိပါက သူက လောကတွင် အကောင်းဆုံးသော စည်းစိမ်ကို ရရှိနိုင်သည်။

သူ၏ အမူအရာက ပိုမို ပျက်ယွင်း လာနေသည်။ အံကြိတ်လျက် သူက ရှေ့ဆက် လျှောက်သည်။ သူ၏ နှာခေါင်းမှ သွေးများ လျှံလာကာ မျက်လုံးများက နီရဲလာသည်။ လူကြီး လူကောင်းအလား ပြုမူတတ်သော ချင်ယွင်က ထိုသို့ပုံစံဖြစ်နေမည်ဟု မည်သူမှ ထင်ကြမည် မဟုတ်ပေ။ သူ၏ လက်ရှိအမူအရာက ပုံမှန်ရှိနေစဉ် သူ၏ အမူအရာနှင့် လွန်စွာ ကွဲပြားနေသည်။

တုန်ယင်စွာဖြင့် ချင်ယွန်က သူ၏ အာရုံအား စုစည်းကာ ရှေ့ကို ဆက်သွားသည်။ သူ ဘာလုပ်ရမည်ကို သိပေသည်။ သူ ကျရှုံးခဲ့ပါက သူ၏ အဖေအား မည်သို့ မျက်နှာပြ ရမည်နည်း။

ချူယောင်ယောင်က ယောက်ျားများစွာ၏ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ဖြစ်ပေါ်နေသည်ကို မသိပေ။ သူမကလည်း စမ်းသပ်မှုကို ခံယူနေရသည်။ သူမက ရပ်နားလိုကာ တစ်စုံတစ်ယောက်ထံတွင် အနားယူ လိုနေသည်။ သူမက ဆက်၍ မသွားနိုင်တော့ပေ။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမ၏ ရှေ့တွင် ပေါ်လာသည်။ သူကား လွန်စွာ ချောမောပြီး သူ၏ မျက်လုံးများက လွန်စွာ လှသည်။ သူ့တွင် ထီမထင်သော အပြုံးတစ်ခု ရှိပြီး မြာပွေတတ်သော ပုံစံမျိုး ပေးသည်။

ထိုချောမောသော ကောင်လေးက သူမ၏ဘေးကို လျှောက်လာကာ ညင်သာစွာ ပြောသည်… “ငါမင်းကို သယ်ပေးမယ်…” ထို့နောက် သူက သူမ၏ ရှေ့တွင် နောက်ကျောပေးလျက် ဒူးထောက်သည်။ ချူယောင်ယောင်က တောက်ပစွာ ပြုံးလိုက်သည်။ ထိုအခိုက်တွင် သူမက အစစ်အမှန်လား ပုံရိပ်ယောင်လား မတွေးချင်တော့ပေ။ သူမက အကျိုးဆက်ကိုလည်း မတွေးတော့ပေ။ သူမက သူ၏နောက်ကျောတွင် အနားယူ လိုသည်ကိုသာ သိတော့သည်။

ထို့နောက် သူမက သူ၏ နောက်ကျောပေါ်တွင် အသာအသာမီကာ သူမ၏လက်များအား လူငယ်၏ လည်ပင်းတွင် သိုင်းဖက်လိုက်သည်။ တောက်ပစွာ ပြုံးလျက် သူမက သူ၏ ပခုံးထက်တွင် စိတ်ချလက်ချ မီပစ်လိုက်သည်။ သူမက လွန်စွာ ယုံကြည်ရသောသူ၏ နောက်ကျောထက်တွင် အနားယူရသကဲ့သို့ပင် လုံးဝ ဟန်ဆောင်စရာ မလိုတော့ပေ။

***

အချိန်အတန် ကြာလျှင် လုံးဝ ခြေကုန်လက်ပန်း ကျနေသော ရီဖူရှင်းက လိပ်မင်းတောင်၏ လမ်းငယ်လေး တစ်ခုတွင် ပေါ်လာသည်။ ထိုပုံရိပ်ယောင်များက နောက်ဆုံးတွင် ပျောက်ကွယ် သွားပြီဖြစ်သည်။ ကောင်းကင်တွင် တိမ်ဖြူဖြူများကို သူမြင်ရသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ကာ အေးချမ်းသည်။ သူ့ရှေ့မှ တောင်ထိပ်တွင်ကား ရှေးဟောင်း အဆောက်အဦ တစ်ခုကို မြင်ရသည်။ သူကား ရောက်လုနီး နေပြီ။

“နောက်ဆုံး ငါရောက်တော့မှာပဲ… ” ရီဖူရှင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် သူက ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်လိုက်ကာ သူ၏ စိတ်နှင့်ကိုယ်ကို အနားယူသည်။

အတန်ကြာလျှင် ယူချင်းနှင့် ရီဝူချင်းတို့ ထွက်လာကြသည်။ သူတို့က ရီဖူရှင်း၏ ဘေးနားကို လျှောက်လာကာ ထိုင်ကြသည်။ ထို့နောက် လျိုဖေးယွန်နှင့် လို့လန်ရွှီတို့လည်း ပေါ်လာသည်။

ငွေသက်တော် စောင့်မူကား လုံးဝ ပေါ်မလာခဲ့ပေ။ သူက ပုံရိပ်ယောင်ထဲတွင် ပျောက်ဆုံး သွားပုံရသည်။ ဤကိစ္စက သူနှင့် သိပ်မဆိုင်ရာ သူတို့ကလည်း လွန်စွာ အားစိုက်စရာ မလိုပေ။ သူက ပုံရိပ်ယောင်ထဲမှ မလွတ်မြောက် နိုင်သည်မှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။

အတန်ကြာ အနားယူပြီး ရီဝူချင်းက ထရပ်သည်။ ဤသည်ကို မြင်လျှင် တခြား လူများကလည်း ထရပ်ကာ တောင်ပေါ်ကို ဆက်တက် ကြသည်။ ဖိအားများက ဆက်ရှိ နေသေးသော်လည်း ပုံရိပ်ယောင်များ မရှိတော့ရာ သူတို့က လမ်းမပျောက် တော့ပေ။

အဝေးတွင် လူတချို့ ပေါ်လာသည်။ သူတို့ကား ချင်ယွန်၊ ချင်လီ၊ချိန်ရှင်းမူ၊ ချင်မုံရိုတို့ဖြစ်သည်။ ချူယောင်ယောင်ကိုမူကား မတွေ့ရပေ။ တခြားအရပ်တွင် ဂူကျီချူနှင့် ဂူဘိုင်ယွီတို့ကို တွေ့ရသည်။ မထင်မှတ်ဘဲ သူတို့ကလည်း ဤနေရာသို့ ထိအောင် ရောက်လာသည်။ သူတို့တွင် အားကောင်းသော စိတ်အသိများကို ပိုင်ဆိုင်ပုံရသည်။

တခြားလူများလည်း ပေါ်လာသည်။ ကျိမိသားစုမူကား ကျိခွန် တစ်ယောက်ကိုသာ တွေ့ရသည်။

ဖူယွန်ဓားကလန်မှ ကျဲဆွန်နှင့် ချီဟောင်တို့ကိုလည်း တွေ့ရသည်။ တော်ဝင်ချန် ကျောင်းတော်မှလည်း တစ်ယောက် ပေါ်လာသည်။ သူတို့အားလုံးက တောင်ထိပ်ကို ဆက်လျှောက်ကြသည်။ တောင်ထိပ် ရောက်ရန်ကား သိပ်မလိုတော့ပေ။

ချင်ပြည်ထောင်နှင့် ရီဖူရှင်းတို့ အုပ်စုက အတူတူ ဆက်တက်ကြသည်။ ချင်ယွန်ကား သက်သာနေပြီး ဖြစ်သည်။ သူ၏ ချောမောသော မျက်နှာက သိမ်မွေ့ကာ တည်ငြိမ်နေသည်။ သူက ရှေ့ကိုသာ ကြည့်နေသည်။

ချင်လီက ရီဖူရှင်းအား ကြည့်လိုက်သည်။ ရယ်မောလျက် သူက ပြောသည်… “ရီဖူရှင်း… ဒီမတိုင်ခင်က မင်းက ဒွန်ချင် ကျောင်းတော်က ပါရမီရှင်တွေကို အနိုင်ယူခဲ့တယ်… ငါက မင်းကို အမြဲတမ်း စိန်ခေါ်ခဲ့ချင်ပေမဲ့ မင်းရဲ့ တန်ခိုးအဆင့်က နိမ့်နေတယ်… ဒါပေမဲ့ မင်းက နန်ဒူမှာ လျိုဂျန်လန်ကို သတ်ပြီးမင်းရဲ့ စွမ်းရည်တွေကို ပြသခဲ့တယ်… ဒီနေ့ မင်းရဲ့ စွမ်းရည်ကို နည်းနည်း ကြည့်ရအောင်…” ထိုသို့ ပြောကာ သူ ရီဖူရှင်းထံသို့ လျှောက်လာသည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့ကလည်း လျှပ်တစ်ပြက်ပင် ရှေ့ကို တိုးလာကာ သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ် လိုက်ကြသည်။ ချင်ယွန်က ထိုမြင်ကွင်းအား မမြင်သလို တောင်ပေါ်ကို ဆက်တက်သည်။

“ငါတို့ကို တားဖို့ မတွေးနဲ့…” လျိုဖေးယွန်၏ အမူအရာက အေးစက်သွားသည်။ ချင်လီက ဘာလုပ်ချင် သည်ကို လျိုဖေးယွန်က သိသည်။ သူ၏လက်ရှိ အကာနာ စွမ်းအင်များက လွန်စွာ အားကောင်းနေသည်။ နဂါးများက သူ့အား လှည့်ပတ်နေကြကာ လေထဲမှ နဂါးအော်သံ များကိုပင် ကြားနေရသည်။

ချင်လီက ရီဖူရှင်းထံသို့ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် လှမ်းလာနေသည်။ ချင်ပြည်ထောင်၏ လူငယ်မျိုးဆက်တွင် သူ၏ပါရမီက အမြင့်ဆုံး ဖြစ်သည်။ သူက နဂါးသွေးကြောမ ရှစ်ခုအထိ ဖွင့်ထားနိုင်ခဲ့ရာ လွန်စွာ ရှားပါးသော ပါရမီရှင်အဖြစ် သတ်မှတ်နိုင်သည်။

နဂါးသွေးကြောမ ကိုးခုက အကန့်အသတ် ဖြစ်သည်။

“ဝူချင်း… မင်းအရင်သွား…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်းနှင့် ချန်ယွန်က အဓိက လူများ ဖြစ်သည်။ ကျန်လူများက အရေးမပါသော်လည်း သူတို့က တောင်ထိပ်ကို ရောက်ရန် လိုသည်။

ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က သူတို့၏ သက်စောင့် ဝိညာဉ်များကို ထုတ်လွှတ် လိုက်ကြသည်။ ကု့ချင်းသံစဉ်က ချင်လီထံကို ဆင်းသက်လာကာ အားဖြည့် ပေးသည်။ သူ၏ အရှိန်အဝါက ပိုမိုကြီးမားလာသည်။ ချက်ချင်းပင် ရီဖူရှင်းတို့ အဖွဲ့ထံသို့ နဂါးများ ဆင်းသက် တိုက်ခိုက်လာသည်။

ချင်ပြည်ထောင်ဘက်တွင် နဂါးသွေးကြောမ ရှစ်ခုဖွင့်ထားသော လူရှိသည်။ သူ၏ နဂါးအသိက တကယ့် နဂါးအလား ထင်မှတ်ရသည်။

မဆုံးနိုင်သော ဓားအသိက ရီဝူချင်းထံမှ ဖြာထွက်လာသည်။ သူက ဘေးကို ထွက်လိုက်ကာ ဓားအသိက ကောင်းကင်ကို ထက်ခြမ်းခွဲသည်။ ထိုအရာက ရောက်ရှိလာသော နဂါးများကို ဖြတ်ကျော်သွားသလို ရီဝူချင်းကလည်း ဓားတစ်လက်အလား ရှေ့ကို ဆက်လျှောက်သွားသည်။

ချင်လီ၏ မျက်လုံးများက အေးစက်သွားသည်။ သူက ရှေ့ကို တိုးသွားကာ ရီဝူချင်းကို လှမ်းဆွဲသည်။ တစ်ချိန်တည်းမှာပင် လူတစ်ယောက် သူ့ရှေ့တွင် ပေါ်လာသည်။

သူကား ရီဖူရှင်းဖြစ်သည်။

သူ၏ လက်ထဲမှ ဓာတ်ငါးမျိုး နှင်တံက လွန်စွာ ကြီးမားသော နှင်တံအဖြစ် ပြောင်းလဲသွားသည်။ သူက လောက၏ စွမ်းအင်ကို သုံးလျက် အောက်ကို ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် မြေဆွဲအား နှင့်အတူ ဓာတ်ငါးမျိုး နှင်တံက အောက်ကို ဆင်းသက်လာ၏။ နှင်တံက နဂါးအား ဖျက်ဆီးကာ ချင်လီထံ ကျဆင်းလာသည်။

ချင်လီ၏ ခန္ဓာကိုယ်မှ နဂါးရှစ်ကောင်က အော်ဟစ်ကြသည်။ အားကောင်းကာ ထက်ရှသော လက်သည်းများက နှင်တံအား ဖမ်းဆွဲကာ ရပ်တန့်ရန် ကြိုးစားကြသည်။

တောင်ခြေမှ မရေတွက်နိုင်သော မျက်လုံးများက တောင်ပေါ်မှ မြင်ကွင်းကို ကြည့်နေကြသည်။ တချို့လူများ၏ မျက်လုံးများ အလင်းများ ဖြာထွက်လာပြီး လေဟာနယ်ကို ဖြတ်ကျော်လျက် တောင်ပေါ်မှ မြင်ကွင်းကို စူးနစ်စွာ ကြည့်သည်။ တောင်ပေါ်မှ လူများ၏ လှုပ်ရှားဟန်များကို မြင်ကာ သူတို့ အံ့အားသင့်သွားကြသည်။

“တိုက်ပွဲတစ်ခု ဖြစ်နေတယ်…”

“ဘယ်သူတွေ တိုက်နေကြတာလဲ…” အကာနာ အဆင့်နိမ့်မှ လူများက တောင်ပေါ်မှ မြင်ကွင်းကို မမြင်ရပေ။

“ကော့တေးက ရီဖူရှင်းနဲ့ ချင်ပြည်ထောင်က ချင်လီ… ချိန်ရှင်းမူ၊ ချင်မုံရိုနဲ့ ယူချင်းတို့လည်း ဝင်ပါနိုင်တယ်…”

“ချင်ယွန်ကရော… ”

“သူက တောင်ပေါ်ကို တက်နေတယ်… ရီဝူချင်းကလည်း တူတူပဲ…”

တောင်ခြေတွင် အသံမျိုးစုံ ကြားလာရသည်။ ချင်လီက ရီဖူရှင်းနှင့် တိုက်ခိုက်နေသည်။ သူတို့က မမြင်နိုင်ပေ။

“ဘယ်သူ နိုင်မလဲ… ” တစ်ယောက်က မေးသည်။ သူက မမြင်ရရာ အခြေအနေကို လွန်စွာ သိလိုနေသည်။

ချင်ဘုရင်၏ မြေး ချင်လီကား ကြောက်မက်ဖွယ် ကောင်းအောင် ပါရမီမြင့်သည်။ သူ၏ တန်ခိုး အဆင့်ကလည်း မြင့်သည်။ သို့သော် သူတို့က ရီဖူရှင်း၏ စွမ်းရည်များကို မြင်ဖူးပြီး ဖြစ်သည်။ သူက လျိုဂျန်လန်အား သတ်ခဲ့သည်။

“ငါမသိဘူး… ချင်ဘုရင်ရဲ့ မြေးက နဂါးသွေးကြောမ ရှစ်ခု ဖွင့်ထားပြီးတော့ ရီဖူရှင်းမှာ သိဒ္ဓိဝင် နှင်တံရှိတယ်…”

တစ်စုံတစ်ယောက်က သက်ပြင်းခိုးကျသည်။ သူတို့က လိပ်မင်းတောင်မှ တိုက်ပွဲအား မြင်တွေ့ခွင့် မရသည်က ဆိုးရွားလှသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset