Switch Mode

အပိုင်း (၃၂၁) :

လိပ်မင်းတောင်

ချင်ယွန်က မိမိကိုယ်ကို ယဉ်ကျေးကာ လူကြီးလူကောင်း ဟန်ဆောင်မှတော့ ရီဖူရှင်းက ပို၍ပင် သဘောကျသေးသည်။

ချင်ယွန်က ပြန်မကြည့်ပေ။ သူက ရီဝူချင်းအား တည်ငြိမ်စွာ ကြည့်သည်။ ဧကရာဇ်လျိုကသာ လက်ထပ်ပွဲအတွက် ဆုံးဖြတ်ချက် ချနိုင်သည်။ သို့သော်လည်း သူက ချင်ပြည်ထောင်ကို အလွယ်တကူ လက်ခံလိုသည့် ပုံဟန်မရှိပေ။ မဟုတ်လျှင် သူက လူတိုင်းအား ဖိတ်ခေါ်မည် မဟုတ်ပေ။

ဧကရာဇ်လျိုက ဘာကို စီစဉ်နေသည်ကို ရီဖူရှင်းကလည်း သိလိုသည်။

“ရီဖူရှင်း… မင်းစကားက နည်းနည်း ဆီလျော်မှု မရှိဘူး… .” ချင်လီက ပြောသည်… “မိန်းမလှတွေက လူကြီးလူကောင်းတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုပဲ ရရှိကြတယ်… ကျုပ်ဦးလေးက မင်းသမီးလေးကို အရင်ကတည်းက မြင်ဖူးတာ သေချာတယ်… သူမကို သဘောကျတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး… သူက လူကြီးလူကောင်းဆန်ပေမဲ့ သူ့ချစ်သူကို တခြားလူတွေကို ပေးစရာ အကြောင်းမရှိဘူး… မင်းစကားက ပေါက်လွတ်ပဲစား ဆန်တယ်…”

“ပြီးတော့ ကျုပ်ဦးလေးက ဒီကို သတို့သမီး လာတောင်းတာ… ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နဲ့ တခြားအင်အားစုတွေ အကုန်လုံးက သက်သေရှိတယ်… ဒါပေမဲ့ ရီဝူချင်းက ဒီကို လာပြီးတော့ သတို့သမီး တောင်းတာ သူ့သဘောထားလား…  သူ့ကလန်ရဲ့ သဘောထားလား…”

“ဖူယွန်ဓား ကလန်က ဒါကို ဘယ်တုန်းကမှ မတွေးခဲ့ဘူး… .” ဖူယွန်ဓားကလန် ပထမတောင်ကုန်းမှ ချီဟောင်က ပြောသည်။ ရီဖူရှင်းက အေးစက်စွာ လှမ်းကြည့်သည်။ ဤသို့ဆိုလျှင် ဖူယွန်ဓားကလန်က ချင်ပြည်ထောင်ဘက်တွင် ရှိနေသည်။

ချီဟောင်၏ အမူအရာက အေးဆေးလှသည်။ ဖူယွန်ဓားကလန်က ဓားသခင်တောင်အား မုန်းတီးရာ ကော့တေးကိုလည်း မုန်းတီးပေသည်။ သူက ရီဝူချင်းအား ရီဖူရှင်းနှင့် ဝေးဝေးနေရန် ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ရီဝူချင်းက လျစ်လျူရှု ထားသည်။ ဤသို့ဆိုလျှင် ဖူယွန်ဓားကလန်ကလည်း ရီဝူချင်းကဲ့သို့ သစ္စာဖောက်ဘက်မှ ရပ်တည်မည် မဟုတ်ပေ။

“ဒီလိုဆိုရင်…” ချင်လီက အေးစက်စွာ ပြောသည်…”ရီဝူချင်းက ဒီကို သူ့ဆန္ဒနဲ့လာတာပေါ့… ဒါက မင်းသမီး ချန်းယွီကို စော်ကားတာ မဟုတ်ဘူးလား…” သတ္တမတောင်ကုန်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက ချင်လီကို ကြည့်ကြသည်။ ရီဝူချင်းက သတို့သမီး တောင်းရန် အဆင့်မမီဟု ပြောနေသည်။ ရီဝူချင်းအား စော်ကားခြင်းက သတ္တမ တောင်ကုန်းအား စော်ကားခြင်း ဖြစ်သည်။

ချင်လီ၏ နောက်မှ စွမ်းအားမြင့် တန်ခိုးရှင်များကလည်း ပြန်ကြည့်သည်။ နှစ်ဖက်လုံးမှ ဖိအားလှိုင်းများ ထွက်ပေါ်လာသည်။

ဧကရာဇ်လျိုက ဘာမှ မပြောသေးပေ။ သူက ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေသည်။ သူက ဤနေရာအား လူတိုင်းကို ဖိတ်ခေါ်ခြင်းက လက်ရှိ အခြေအနေအား လေ့လာသုံးသပ်နိုင်ရန် ဖြစ်သည်။ ထိုလူများ၏ တုံ့ပြန်မှုများမှ သူက တချို့အရာများကို လေ့လာနိုင်သည်။

“အရှုံးသမားအုပ်စုက ဒီမှာ ကြီးကြီးကျယ်ကျယ် ပြောနိုင်သေးတယ်…” ယူချင်း၏ ထက်ရှသော မျက်လုံးက ချင်လီထံကို ရောက်သွားသည်။ သူ ဒေါသထွက် နေသည်မှာ သေချာသည်။ ရီဝူချင်း၏ လက်က သူတို့အတွက် ဆုံးရှုံးခဲ့ပြီး ကတည်းက သူက ရီဝူချင်းအား သူ၏ သူငယ်ချင်း ကောင်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ချင်လီက ရီဝူချင်းအား စော်ကားရာ သူက သည်းမခံနိုင်ပေ။

ချင်ပြည်ထောင်မှ လူများ၏ မျက်နှာများပျက်ယွင်းသွားကြသည်။ ယူချင်းက ခေ့ကေးမြို့မှ တိုက်ပွဲများကို ပြောနေခြင်းဖြစ်သည်။ ကော့တေးကား ချင်ပြည်ထောင်နှင့် ယှဉ်ပြိုင်ရာတွင် တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ဖူးပေ။

“အားလုံး… ငြင်းခုန်ဖို့ မလိုပါဘူး…” ဧကရာဇ်လျိုက လက်ဝှေ့ယမ်းသည်။ ချင်ယွန်နှင့် ရီဝူချင်းကို ကြည့်ကာ သူက ပြောသည်… “မင်းတို့နှစ်ယောက်လုံးက အရှေ့မြေရိုင်း ဒေသက လူငယ် မျိုးဆက်တွေထဲကမှ ထူးချွန်တဲ့လူတွေပဲ… .မင်းတို့က ချန်းယွီကို သဘောကျတာက တကယ်ကို ဝမ်းမြောက်ဖွယ်ရာ ကိစ္စပဲ… .” ပြုံးလျက်ပင် သူက အရှင်များနှင့် အရာရှိများကို မေးသည်… “ခင်ဗျားတို့ ဘယ်လိုထင်လဲ… .” သူက လျိုချန်းယွီ၏ အမြင်ကို မမေးပေ။ သူက သူမထံမှ အဖြကို သိပြီးဖြစ်သည်။

ထိုလူများ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ သူတို့က တိတ်ဆိတ်နေကြကာ မည်သူမှ ဘာမှ မပြောကြပေ။ သူတို့က မည်သည့်ဘက်ကို  ရွေးရမည်ကိုလည်း ဝေခွဲမရကြသေးပေ။

ချင်ယွန်က ထပ်မံ၍ ဦးညွှတ်သည်…”အဖေက ပြောတာကတော့ တကယ်လို့ အရှင်မင်းကြီးက သဘောတူခဲ့မယ်ဆိုရင် မင်းသမီးချန်းယွီက အဝေးကို ရွှေ့ပြောင်းရတာ သိပ်ကို လွန်ကဲရာကျတယ်… ဒါကြောင့် ကျွန်တော့ကို လျိုနိုင်ငံမှာပဲ ဆက်နေစေပြီး မင်းသမီးချန်းယွီ နဲ့အတူ အရှင်မင်းကြီးကို ခစားစေဖို့ ပြောထားပါတယ်…”

လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ချင်ယွန်က လျိုနိုင်ငံကို ပြောင်းရွေ့နိုင်သည်ဟု ပြောခဲ့သည်။ သူ၏ အဆင့်အတန်းဖြင့် ထိုသို့လုပ်ရန် မလိုအပ်သော်လည်း သူက လုပ်ခဲ့သည်။ ထိုအရာက ချင်ပြည်ထောင်၏ စိတ်သဘောထားကြီးမှုကို ဖော်ပြနေသည်။ ချင်ပြည်ထောင်က ထိုမျှ လိုက်လျှောနေသည့်တိုင် လျိုနိုင်ငံက ငြင်းဆန်ပါဦးမည်လော။

“အရှင်မင်းကြီး…” ဝတ်ကောင်းစားလှဖြင့် လူကြီးတစ်ယောက်က ဦးညွှတ်ကာ ပြောသည်… “ချင်ပြည်ထောင်က ဒီလောက် သဘောထားကြီး ပြီးတော့ မင်းသားချင်ယွန်ကလည်း ထူးခြားထက်မြက်တဲ့ လူငယ်ဆိုတော့ အရှင်မင်းကြီးက စဉ်းစားသင့်ပါတယ်…”

“အရှင်ခန်ပြောတာ ဟုတ်တယ်… ကျုပ်လည်း သဘောတူတယ်…” တစ်ယောက်က စတင်လိုက်သည်နှင့် တခြားလူများကလည်း ချင်ယွန်နှင့် လျိုချန်းယွီတို့ ကို သဘောတူကြောင်း စတင်ထောက်ခံ ကြတော့သည်။

ရီဝူချင်း မူကား တစ်ယောက်တည်း ရပ်နေသည်။ သူ့အတွက် မည်သူမှ ဝင်ပြောမယ့်လူ မရှိပေ။

အရှင်းဆုံး အကြောင်းပြချက်ကား ရီဝူချင်းက သူတို့ထံကို သွားရောက် လည်ပတ်ခဲ့ခြင်း မရှိသောကြောင့်ပင်။ သူတို့က ရီဝူချင်းကို မသိကြပေ။ ရီဝူချင်းကား ဖူယွန်ဓားကလန် သတ္တမတောင်ကုန်း၏ တပည့်တစ်ယောက်မျှသာ ဖြစ်သည်။ ရီဝူချင်းက ဖူယွန်ဓားကလန်ကို ကိုယ်စားမပြုရာ သူ့အား မည်သူမှ ဂရုမစိုက်ကြပေ။ တခြားတစ်ဖက်တွင် ဧကရာဇ်က ချန်ယွန်အား ရွေးချယ်ခဲ့ခြင်း မရှိပါက ချင်ပြည်ထောင်က ဒေါသထွက်ပေမည်။ ထိုသို့ဖြစ်လာပါက သူတို့ကလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့က မိမိကိုယ်ကို စဉ်းစားရန် လိုအပ်ပေသည်။ လျိုချန်းယွီကိုမူကား မည်သူမှ ဂရုမစိုက်ပေ။ ဧကရာဇ်၏ သဘောထားသာ အရေးကြီးပေသည်။

“ဒီခွေးကောင်တွေ…” လျိုဖေးယွန်က ထိုအရှင်များနှင့် အရာရှိများကို အေးစက်စွာ ကြည့်သည်။ ချင်ပြည်ထောင်က သူတို့အား လာဘ်ထိုးထားသလော သို့မဟုတ် ချင်ပြည်ထောင်ကို ကြောက်သလော။

ဧကရာဇ်လျိုက သူတို့အား ကြည့်သည်။ သူ၏ လေးနက်သော အကြည့်က ပြုံးရောင်သန်း နေသည်။ သူဘာတွေးနေသည်ကို မည်သူမှ မသိပေ။

“ကြည့်ရတာ လူတိုင်းက မင်းသားချင်ကို အလေးသာနေကြတာပဲ… .” သူက ပြုံးလျက် ပြောသည်။ “သူက တကယ်ပဲ ပါရမီမြင့်ပြီးတော့ ကျုပ်ကလည်း သူ့ကို သဘောကျတယ်… ဒါပေမဲ့ ဒီကိစ္စက ချန်းယွီရဲ့အနာဂတ်နဲ့ သက်ဆိုင်နေတယ်… ကျုပ်က သေသေချာချာ တွေးဖို့လိုတယ်… ကျုပ်အချိန် နည်းနည်းလိုတယ်…”

“ကျွန်တော်စောင့်နိုင်ပါတယ်…” ချင်ယွန်က ပြုံးလျက် ဦးညွှတ်သည်။

ရီဝူချင်းက လျိုချန်းယွီအား ကြည့်သည်။ အရာအားလုံးက သူနှင့်ဆန့်ကျင် နေသည်။ သူက ဖိအားများစွာကို ခံစားနေရ၏။

“ကျုပ်က လူတိုင်းကို လျိုနိုင်ငံသို့ ဖိတ်ခေါ်ခဲ့တယ်… ကျုပ်က လူတိုင်းကို ကိုယ်စီ အဆောင်နေရာ စီစဉ်ပေးပါ့မယ်… နန်းမြို့တော်မှာ ရှေးဟောင်း ရုပ်ကြွင်းနယ်မြေတွေ အများကြီးရှိတယ်… လူတိုင်းက စိတ်သဘောကျ သွားရောက် လေ့လာလို့ရတယ်…” ဧကရာဇ်လျိုက ပြောသည်။ “တစ်ယောက်ယောက်က လျိုနိုင်ငံရဲ့ လိပ်မင်းတောင်ကို ကြားဖူးသလား…”

လူတိုင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ထိပ်သီး အင်အားစုတိုင်းက လိပ်မင်းတောင်၏ ဒဏ္ဍာရီကို ကြားဖူးကြသည်။ ဒဏ္ဍာရီအရ လိပ်မင်းတောင်က လျိုနိုင်ငံထက် သက်တမ်းရှည်သည်။ နန်းမြို့တော်အား လိပ်မင်းတောင်ကို အခြေပြု၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တောင်အား သဘာဝစွမ်းအင် ကျောက်တုံးများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သိသာစွာပင် တောင်တစ်ခုလုံးအား မရေမတွက်နိုင်သော အစီအရင်များဖြင့် ပြုလုပ်ထားသည်။

ထို့ကြောင့် လိပ်မင်းတောင်ဟု ခေါ်ခြင်း မဟုတ်ပေ။ အဓိကအားဖြင့် တောင်ပေါ်တွင် လိပ်မင်းတစ်ပါး ရှိနေသောကြောင့် ဖြစ်သည်။ ထိုလိပ်မင်းကား နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှည်ခဲ့သည်။ ကောလာဟလများအရ လျိုနိုင်ငံက လိပ်မင်း၏ အလိုအရ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်တစ်ပါးက အာဏာကို မရယူမီ သူက တောင်ထိပ်ကို တက်ကာ လိပ်မင်း၏ ကောင်းချီးပြုမှုကို လက်ခံရသည်။

ထိုလိပ်အိုကြီးကား လျှို့ဝှက်ထူးဆန်းကာ ရှေ့ဖြစ်ဟောသူလည်း ဖြစ်သည်။ ထိုအရာက လက်ခံရန် ခက်ခဲသော်လည်း ထိုလိပ်မင်းကား အမှန်ပင် ရှေ့ဖြစ်ဟော နိုင်ပေသည်။ သူက လျိုနိုင်ငံ၏ သင်္ကေတလည်း ဖြစ်၏။

ဧကရာဇ်လျိုက လိပ်မင်းတောင်ကို အဘယ်ကြောင့် ထုတ်ဖော်ပြောသည်ကို နားမလည်ကြပေ။

“ကျွန်တော်ကလည်း လိပ်မင်းတောင်ရဲ့ ဒဏ္ဍာရီကို ကြားဖူးပြီးတော့ အမြဲတမ်း သွားချင်ခဲ့တယ်…” ချင်ယွန်က ပြောသည်…”အခု အခွင့်အရေးရပြီ ဆိုတော့ သွားကို သွားရမှာပေါ့…”

“တောင်ပေါ်မှာ လိပ်မင်းရှိတယ်… .” ဧကရာဇ်လျိုက ပြုံးလျက် ပြောသည်… “တောင်ပေါ်ကို သွားတဲ့ ဂိတ်ကို ဖွင့်ပေးဖို့ ကျုပ် အမိန့်ပေးလိုက်မယ်… သွားချင်တဲ့သူ ဘယ်သူမဆို သွားလို့ရတယ်… တကယ်လို့ တစ်စုံတစ်ယောက်က လိပ်မင်းရဲ့ ကောင်းချီးပေးတာကို ရခဲ့ရင် သူက မင်းသမီးရဲ့ ကြင်ယာတော် ဖြစ်ခွင့်ရလိမ့်မယ်… .” ထိုသို့ ပြောကာ ဧကရာဇ်လျိုက ထကာ ထွက်သွားသည်။

အရှင်များနှင့် အရာရှိများ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ဧကရာဇ်က ချင်ယွန်နှင့် ရီဝူချင်းကို လိပ်မင်းနှင့် တွေ့ဆုံစေလိုသည်လား။ ဧကရာဇ်များသာ လိပ်မင်းတောင်ကို တက်ခွင့်ရှိပေသည်။ သူက ဂိတ်တံခါးကို ဖွင့်ပေးလျှင်ပင် ချင်ယွန်နှင့် ရီဝူချင်းတို့က ဒဏ္ဍာရီထဲက လိပ်မင်းကို တွေ့ခွင့်ရပါ့မလား။ အရှင်များနှင့် အရာရှိများပင်လျှင် လိပ်မင်းကို မတွေ့ဖူးကြပေ။

ချင်ယွန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာကိုတွေ့ရသည်။ ဧကရာဇ်လျိုက သူတို့အား ထိုသို့ စေခိုင်းမည်ဟု လုံးဝ မထင်ထားပေ။ သို့သော်လည်း သူတို့က တစ်ချိန်တည်းတွင် သတို့သမီးအား တောင်းရမ်းခဲ့ကြသည်။ ဧကရာဇ်လျိုကလည်း သူတို့အပေါ် လွန်စွာ ယဉ်ကျေးပေသည်။ ထို့ကြောင့် လိပ်မင်းတောင်ကို တက်၍ လိပ်မင်းကို ရှာခိုင်းသည်မှာ အဆင်ပြေပေသည်။ ဧကရာဇ်လျိုကား အမှန်ပင် မြေခွေးအိုကြီး တစ်ယောက်ဖြစ်သည်။

လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ရင်ဘတ်ထဲမှ အပူလုံးကြီး ကျသွားသလို ခံစားကြရသည်။ သူတို့၏ အဖေက ချင်ယွန်အား ကံကောင်းစွာဖြင့် ချက်ချင်း လက်မခံခဲ့ပေ။ လိပ်မင်းတောင်က မည်သို့သော နေရာဖြစ်သည်ကို သူတို့ သိကြသည်။ အကယ်၍ ရီဝူချင်းနှင့် လျိုချန်းယွီတို့ နှစ်ယောက်လုံးက လိပ်မင်းကို မတွေ့ခဲ့လျှင် သူတို့ ဘာလုပ်ရမည်နည်း။

လျိုချန်းယွီက ရီဝူချင်းအား ကြည့်သည်။ သူတို့က အကြည့်ချင်း ဖလှယ်ကာ တစ်ဖက်လူ ဘာတွေးနေသည်ကို နားလည်ကြသည်။

လျိုချန်းယွီက နောက်လှည့်သည်။ လျိုဖေးယွန်က ရီဝူချင်း၏ဘေးကို လျှောက်သွားလိုက်သည်။ သူက ချင်ပြည်ထောင်က ဘာတွေးမည်ကို ဂရုမစိုက်ပေ။

“ငါ့ကို လိပ်မင်းတောင်ဆီ ခေါ်သွား…” ရီဝူချင်းက လျိုဖေးယွန်ကို ပြောသည်။

“ကောင်းပြီ… ” လျိုဖေးယွန်က ခေါင်းညိတ်သည်။ သူတို့အုပ်စုက နန်းတော်မှ ထွက်ခွာသွားကြသည်။

ချင်ယွန်နှင့် သူ၏ အုပ်စုကလည်း ထွက်သွားကြသည်။ တခြား အင်အားစုများကလည်း လိပ်မင်းတောင်ကို စိတ်ဝင်စားကြ၏။ သူတို့က လျိုနိုင်ငံမင်းသမီးကို လက်ထပ်ရန် စိတ်မဝင်စား ကြသော်လည်း လိပ်မင်းတောင်က မည်သို့ဖြစ်သည်ကို သိလိုကြ၏။

မရေမတွက်နိုင်သော လူများက နန်းတော်၏ အပြင်ဘက်တွင် စောင့်ကြည့်နေကြသည်။ သူတို့က စွမ်းအားမြင့် တန်ခိုးရှင်များက နန်းတော်မှ ထွက်သွားလျှင် နားမလည်ကြပေ။ ဧကရာဇ်က ချင်ယွန်ကို လက်ခံခဲ့သည်လား။

သို့သော်လည်း နန်းတော်က ထုတ်ပြန်သော သတင်းများအရ ယနေ့တွင် သတို့သမီး တောင်းရမ်းသူများမှာ ချင်ယွန်တစ်ယောက်တည်း မဟုတ်ပေ။ ဖူယွန်ဓားကလန်မှ ရီဝူချင်းကလည်း လျိုချန်းယွီကို တောင်းရမ်းခဲ့သည်။ ထိုအခါမှ လျိုချန်းယွီ သဘောကျသော သူမှာ ရီဝူချင်း ဖြစ်သည်ကို သူတို့ သိလိုက်ကြသည်။ သို့သော်လည်း ပထမတောင်ကုန်းက ချင်ယွန်၏ဘက်တွင် ရှိနေသည်။ သတ္တမတောင်ကုန်းမှ ဓားဝိဇ္ဇာ တစ်ယောက်အနေဖြင့် ရီဝူချင်းက ချင်ယွန်ကို မည်သို့ ယှဉ်ပြိုင်မည်နည်း။

လိပ်မင်းတောင် သတင်းက ချက်ချင်း ပျံ့နှံ့သွားသည်။ လျိုနိုင်ငံက လိပ်မင်းတောင်ကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များစွာက လိပ်မင်းတောင်ကို သွားနေကြသည်။

လိပ်မင်းတောင်ကား ဧကရာဇ်များသာ ခြေချရသော နေရာဖြစ်သည်။ ထိုနေရာက လွန်စွာ အံ့ဖွယ်ကောင်း၏။ လူအများအပြားက ထိုနေရာကို စိတ်ဝင်စားကြသည်။ လိပ်မင်း၏ ကောင်းချီးပေးမှုကို ရရှိသူ ဘယ်သူမဆို မင်းသမီးကို လက်ထပ်ရမည်ဟု ဧကရာဇ်က ပြောခဲ့သည်။ ထို့ကြောင့် မရေမတွက်နိုင်သော တန်ခိုးရှင်များက နန်းတော်နှင့် မိုင်အများအပြား ဝေးသော လိပ်မင်းတောင်ခြေရင်းတွင် စုစည်းနေကြသည်။

လျိုနိုင်ငံ၏ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်ရာ တောင်ခြေတွင် အဆောင်များစွာ ရှိသည်။ ထိုနေရာကား တောင်ဝင်မိသားစုက ပွဲလမ်းသဘင် ကျင်းပရာ နေရာလည်း ဖြစ်သည်။ တောင်ပတ်ပတ်လည်အား စစ်သည်များစွာက စောင့်ကြပ်နေသည်။ ထို့အပြင် လွန်စွာ မြင့်သော မျှော်စင်များလည်း တည်ဆောက်ထားရာ ကောင်းကင်မှလည်း ချဉ်းကပ်ရန် မလွယ်ကူပေ။ သို့သော်လည်း ပတ်ဝန်းကျင်မှ အဆောင်တံခါးများ အားလုံး ဖွင့်ထားသည်။ မရေမတွက်နိုင်သော တန်ခိုးရှင်များက ထူးဆန်းသော လိပ်မင်းတောင်ကို ရောက်လာနေကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset