သူ၏ စကားအား ကြားလျှင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ကော့တေး၏ တပည့် ရီဖူရှင်းက ချိန်ရှင်းမူအား စိန်ခေါ်သည်။
ချင်ပြည်ထောင်က အိမ်ရှေ့စံ မင်းသားအရာ အပ်နှင်းစဉ်က ချင်နန်းတော်တွင် ကု့ချင်း ဖျော်ဖြေပွဲ ကျင်းပသည်။ ထိုစဉ်က ရီဖူရှင်းက ဓမ္မအဆင့် လေးမျှသာ ရှိသေးသည်။
အချိန်ကား တစ်နှစ်မျှသာ ကြာသေးသည်။ သူက လျင်မြန်စွာ တိုးတက်လာသည် ဆိုလျှင်ပင် မည်မျှ အားကောင်း လာမည်နည်း။ သူက ဓမ္မအဆင့် ခြောက်မျှသာ ရှိပေသေးသည်။
ချိန်ရှင်းမူကား အကာနာ အဆင့်ကို ရောက်နေပြီး ဖြစ်သည်။
မှန်ပေသည်… လူအများက ကော့တေးမှ တပည့် တစ်ယောက်၏ အရည်အချင်းကို မေးခွန်း ထုတ်မည် မဟုတ်ပေ။ သူက မိမိကိုယ်ကို တစ်ခါမှ သက်သေ မပြဖူးသော်လည်း သူကား အလွန်အမင်း အားကောင်း ပေသည်။ သို့သော် ယခု သူ၏ ပြိုင်ဘက်က မည်သူနည်း။
သူကား လက်ရှိ လူငယ်မျိုးဆက်၏ နံပါတ်တစ် မှော်ဂီတပညာရှင် အဖြစ် သတ်မှတ် ခံထားရသော ချိန်ရှင်းမူ ဖြစ်သည်။ သူနှင့် ရင်ဆိုင်ရန် တန်ခိုး အဆင့်တူချင်း ပင်လျှင် သတိထားရန် လိုပေသည်။ တန်ခိုးအဆင့် ကွာဟသည်ကို သိဒ္ဓိဝင် ပစ္စည်းက အမှန်တကယ် ကုစား နိုင်ပါ့မလား။
ရီဖူရှင်းကား အလျင် လိုလွန်းလှသည်။ သူက ချိန်ရှင်းမူအား သူ၏ပြိုင်ဘက် အဖြစ် မရွေးသင့်ပေ။
ဒီအရူးကောင်…။
ကျောင်းတော် အုပ်စုမှ တန့်ယွီနှင့် တခြားလူများက ထိတ်လန့် သွားကြသည်။ သူတို့က သတိ ဝင်လာသောအခါ ကျိန်ဆဲလိုက်ကြသည်။ ရီဖူရှင်းတို့ သုံးယောက်က စင်မြင့်ပေါ်သို့ တက်ကာ ချင်ယွီအား အတင်း အရှုံးပေးခိုင်းသည်။ ကျောင်းတော်မှ ထိုမြင်ကွင်းအား ကြည့်ကာ စိတ်ကျေနပ် နေခဲ့ကြသည်။ သို့သော် မျက်လုံး တစ်မှိတ်တွင်းတွင် ထိုအရူးက ချိန်ရှင်းမူအား စိန်ခေါ်ခဲ့သည်။ သူ့ကိုယ်သူ ဘယ်သူဟု ထင်နေသနည်း။ ဤနေရာကား မှန်တောင်ကုန်း မဟုတ်ပေ။ သူက စွမ်းအားများ ငှားရမ်းနိုင်သော ရုပ်တုများလည်း မရှိပေ။
ထိုနေရာကား တိုက်ပွဲစင်မြင့် ဖြစ်သည်။
ဂူဘိုင်ယွီက အသာအယာ ပြုံးလိုက်သည်။ သူ၏ ပါးစပ်မှ ထွက်သမျှ စကားလုံးက လူအများအား အံ့အားသင့် ထိတ်လန့် စေမြဲ ဖြစ်သည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများပင်လျှင် အံ့အားသင့် သွားကြရသည်။ ချင်လီ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ ရီဖူရှင်းက မည်သူ့ကို မဆို ရွေးနိုင်သော်လည်း သူက ချိန်ရှင်းမူအား ရွေးချယ်ခဲ့သည်။
ကော့တေးမှ တပည့်များကား အမှန်ပင် မောက်မာလွန်းသည်။ ဤအရာက အဓိပ္ပာယ် မရှိပေ။
လူအုပ်ထဲမှ ချိန်ရှင်းမူ၏ မျက်လုံးက ရီဖူရှင်းထံ ရောက်လာသည်။ ရီဖူရှင်းက ဂီတနှင့် ပတ်သက်၍ မသိနားမလည်ဟု ပြောခဲ့သည်။ ထိုစကားများက တစ်ချိန်က ရီဖူရှင်းအား သူ ပြောခဲ့သော စကားများ ဖြစ်သည်။ ယခု ထိုစကားများက ရီဖူရှင်း၏ ပါးစပ်မှ ထွက်လာသည်။ ရီဖူရှင်းက သူနှင့် ဂီတနှင့် ပတ်သက်၍ ယှဉ်ပြိုင်တော့ မည်လော။
ထိုစဉ်မှာပင် ရီဖူရှင်းက သူ၏ နောက်ကျောမှ လွယ်ပိုးထားသော အိတ်ရှည်အား ထုတ်ကာ ကု့ချင်း တစ်လက်အား ထုတ်လိုက်သည်ကို တွေ့ကြရသည်။ သူကား အစကတည်းက ပြင်ဆင်လာဟန် ရသည်။
ဤသည်ကို မြင်လျှင် လူတိုင်းက စိတ်ဝင်စား သွားကြသည်။
“သူက ဘာလုပ်နေတာကို သူသိလား…” စုမူဂီ မျက်မှောင်ကြုတ် သွားသည်။ ရီဖူရှင်းက ချိန်ရှင်းမူအား ဂီတပညာတွင် စိန်ခေါ်မည်လော။
ဂီတကား ချိန်ရှင်းမူ၏ အထူးပြုပညာ ဖြစ်သည်။ ပထမဆုံး တိုက်ပွဲတွင် ချိန်ရှင်းမူက ဂီတအား အထောက်အကူပြု ပညာအဖြစ် သုံးခဲ့သည်။ စုမူဂီကား သူ၏ မှော်ဂီတပညာအား ခံနိုင်ရည် မရှိပေ။ များစွာသော ပညာရပ်များထဲတွင် ရီဖူရှင်းက ချိန်ရှင်းမူ အကျွမ်းကျင် ဆုံးသော ပညာဖြင့် တိုက်ခိုက်မည် ဖြစ်သည်။ သူက သေမည်ကို မကြောက်ပေဘူးလား။
“မင်း ပါးစပ်ပိတ်ထား…” သူ့ဘေးမှ အုပ်စုထံမှ မှတ်ချက်ကို ကြားလျှင် ယူချင်းက အေးစက်စွာ ပြောသည်။
“သူ့တိုက်ပွဲက သူ တစ်ယောက်တည်းကို သက်ရောက်စေတာ မဟုတ်ဘူး…” စုမူဂီက ယူချင်းအား အေးစက်စွာ ပြောသည်။ ကော့တေး၏ အဆင့်အတန်းကို မည်သူက မသိသနည်း။ ရီဖူရှင်းက ရှုံးနိမ့်ခဲ့လျှင် တစ်လောကလုံးက မည်သို့ တွေးထင်ကြ မည်နည်း။ သူက ပြိုင်ဘက်ထံသို့ အရှက်ခွဲခံရန် သွားရောက် နေသည်နှင့် မတူပေဘူးလား။
“ဒါဆို ငါတို့က မင်းကို လွှတ်ရမှာလား….” ယိရှောင်ရှီ၏ မျက်လုံးက စုမူဂီထံ ရောက်သွားသည်။ ဘယ်လို အနှောင့်အယှက် ကောင်တွေလဲ။ သူ တွေးလိုက်သည်။ သူ၏ ညီငယ်လေးက ချိန်ရှင်းမူအား စိန်ခေါ်မှတော့ သူ့တွင် အကြောင်းပြချက် ရှိရမည် ဖြစ်ပေသည်။
အစ်ကိုလေးက ပြောခဲ့ပြီး ဖြစ်သည်။ ကော့တေးက တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီးပါက ထိုတိုက်ပွဲက တစ်လောကလုံးကို တုန်ခါစေသော တိုက်ပွဲ ဖြစ်ရမည် ဟူ၍ပင်။ ယခု ရီဖူရှင်းက ချိန်ရှင်းမူအား အနိုင်ရပါက ထိုအရာက အမှန်တကယ် ကောင်းမွန်သော ရလဒ် ဖြစ်ပေသည်။
စိတ်ဝိညာဉ် စင်မြင့်တွင် ရီဖူရှင်း၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော လူက နှာခေါင်း ရှုံ့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သရော်သော အထင်သေးသော အငွေ့အသက်များ ပြည့်နေသည်။ ချိန်ရှင်းမူအား စိန်ခေါ်လိုသည်လား။ ဘယ်လောက် ရယ်စရာ ကောင်းသလဲ။ နောက်လှည့်လျက် သူက စင်ပေါ်မှ ဆင်းသွားသည်။
ဒွန်ဟွာကလန်မှ လူများ၏ အမူအရာက ရွှင်လန်း တက်ကြွ လာကြသည်။ လုနန်ထျန်းက ဂူတုံးလျိုထံတွင် ရှုံးနိမ့်ခဲ့ရာ သူတို့က လွန်စွာ စိတ်ပျက် ခဲ့ကြရသည်။ ယခု ကော့တေးမှ ရီဖူရှင်းက ချိန်ရှင်းမူအား လာရောက် စိန်ခေါ်သည်။ လက်စားချေရန် အလွန် ကောင်းမွန်သော အခွင့်အရေးပင်။
ချိန်ရှင်းမူက စင်မြင့်ပေါ်သို့ လျှောက်သွားကာ ရီဖူရှင်း၏ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ စင်မြင့်အောက်တွင် ချင်မုံရို၏ မျက်လုံးများက လွန်စွာ မောက်မာ ဝင့်ကြွားသော ဟန်ပန်ကို တွေ့ရသည်။ သူမ၏ ယောက်ျားကား ဂီတပညာတွင် ထူးချွန်လွန်းရကား ရီဖူရှင်းက စိန်ခေါ်ရန် တတ်နိုင်သော သူမဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်းက ဂီတတွင် ထူးချွန်သည်ကိုလည်း သူမက သိသည်။ ချင်နန်းတော်တွင် သူက ဂူမင်အား ဒူးထောက်စေအောင် မှော်ဂီတပညာကို သုံးခဲ့သည်။ ရီဖူရှင်းက ဂီတကို နားမလည်ဟု ပြောခြင်းမှာ ချိန်ရှင်းမူအား စော်ကားရန် ရည်ရွယ်ချက် မျှသာ ဖြစ်သည်။
ယနေ့တွင်လည်း သူက သူ၏ ဂီတစွမ်းရည်ကို သက်သေ ပြလိုသည်လား။
ဤသို့ဆိုလျှင် သူက ပေးဆပ်မှုများ လုပ်ရန် ပြင်ဆင် ထားသင့်သည်။
“ဒွန်ဟွာကလန်က ချိန်ရှင်းမူပါ… ကျုပ်က ပညာယူပါရစေ…” ချိန်ရှင်းမူက လူကြီး လူကောင်းပုံစံ အပြည့်ဖြင့် ပြောသည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ ရီဖူရှင်းကလည်း ထိုင်ချလိုက်သည်။
တစ်ဖက်က ကု့ချင်းဖြစ်ပြီး တစ်ဖက်က ဗျပ်စောင်း ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်ကား လိုက်ဖက်ညီစွာ တီးခတ်မည် မဟုတ်ဘဲ တစ်ဖက်နှင့် တစ်ဖက် ရင်ဆိုင် တိုက်ခိုက်ကြမည် ဖြစ်သည်။
တူရိယာ နှစ်ခုလုံးထံမှ သံစဉ်များက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကု့ချင်းသံက ပေါ့ပါးနေသော အချိန်တွင် ဗျပ်စောင်းသံက နက်ရှိုင်းသည်။ သူတို့ နှစ်ယောက်လုံး၏ သံစဉ်များကပင် လုံးဝ ကွဲပြားနေသည်။
ချိန်ရှင်းမူ တီးခတ်သော သံစဉ်ကား ထည်ဝါခန့်ညားကာ စွမ်းအား ကောင်းသည်။ လေဟာနယ်ထဲ မမြင်ရသော စွမ်းအင်များ ဖြစ်ပေါ်လာသည်။ ဗျပ်စောင်းသံက မြေပြင်မှ စွမ်းအားများနှင့် လိုက်လျောညီထွေ ရှိနေဟန် ရသည်။ ထိုအားလှိုင်းများကို သူက အသုံးမပြုရ သေးသော်လည်း ထိုသံစဉ်က ပေါက်ကွဲသော အဆင့်ကို ရောက်လာလျှင် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ရသည်။
ဤတိုက်ပွဲတွင် မည်သည့် ထူးဆန်းမှုများမှ ဖြစ်လာမည် မဟုတ်ပေ။
လူငယ်မျိုးဆက်၏ နံပါတ်တစ် တန်ခိုးရှင် တစ်ယောက် အနေဖြင့် ချိန်ရှင်းမူ၏ စွမ်းရည်များက ရီဖူရှင်းအား နင်းခြေနိုင်သည်မှာ ထင်ရှားပေသည်။
ချိန်ရှင်းမူ၏ သံစဉ်မှာ ပါဝင်နေသော အားကောင်းသော စွမ်းအားများနှင့် ယှဉ်လျှင် ရီဖူရှင်း၏ သံစဉ်က အလွန် ရိုးစင်းလွန်းကာ ပျင်းရိဖွယ် ကောင်းသည်။ ထိုအရာက သံစဉ်ဟုပင် ခေါ်၍ မရပေ။ သာမန်ကာလျှံ တီးခတ်နေသော ကြိုးသံများသာ ဖြစ်သည်။ သူ၏ သံစဉ်က အလွန့်အလွန် ရိုးစင်းလှသည်။
ထိုအဖြစ်က လူအများအား နားမလည် ဖြစ်စေသည်။ ရီဖူရှင်းက ထိုသံစဉ်ဖြင့် ချိန်ရှင်းမူအား ရင်ဆိုင်မည်လော။
ဂီတတွင် ဖြစ်နိုင်ဖွယ်ရာ များစွာ ရှိသော်လည်း ကောင်းမွန်သော သံစဉ် တစ်ခုဖြစ်ရန် အလွန် ဂရုစိုက်ရန် လိုအပ်ပေသည်။ ပထမဆုံး သူတို့က လွန်စွာ အားကောင်းသော အခြေခံရှိရန် လိုပေသည်။ ထိုမှသာလျှင် ခိုင်မာသော ဖျက်ဆီးအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
နားထောင်ရုံမျှဖြင့် ချိန်ရှင်းမူ၏ သံစဉ်က အားကောင်းသော ဖျက်ဆီးအားကို ထုတ်လွှတ်နိုင်သော အချိန်တွင် ရီဖူရှင်း၏ သံစဉ်ကား ဟာသတစ်ခုထက် မပိုပေ။ ထိုကဲ့သို့သော သံစဉ်က ချိန်ရှင်းမူထံတွင် တစ်ချက်မျှပင် ခံနိုင်မည်လော။
ဒွန်ဟွာကလန်ဘက် ခြမ်းတွင် မိန်းကလေး တစ်ယောက်က ရီဖူရှင်းအား စိုက်ကြည့်နေသည်။ သူမ၏ လှပကာ သန့်စင်သော မျက်လုံးများက အနည်းငယ်သော စိတ်ဝင်စားသော အငွေ့အသက်များ ဖြစ်ပေါ်နေသည်။ သူမကား ဟွာချင်းချင်း ဖြစ်သည်။ သူမ၏ အမေကား ဂီတတွင် လွန်စွာ ကျွမ်းကျင်လှရာ သူမက ငယ်စဉ် ကတည်းက ဂီတနှင့် မွေးဖွား လာသကဲ့သို့ ရင်းနှီးလှသည်။ သူမက ဂီတနှင့် ပတ်သက်လျှင် အာရုံခံစားမှု လွန်စွာ ကောင်းသည်။ သူမက ရီဖူရှင်း၏ သံစဉ်မှ ထူးခြားမှုကို ခံစား၍ ရသည်။
သူ၏ သံစဉ်ကား ရိုးရှင်းသန့်စင်ပြီး ရှင်းလင်းသည်။ ထိုသံစဉ်က အညစ်အကြေးများ လုံးဝ မရှိသော ကလေး တစ်ယောက်၏ နှလုံးသားနှင့် ဆင်တူသည်။ သို့သော် ထိုသို့သော သံစဉ်က ချိန်ရှင်းမူ၏ ကြမ်းတမ်းသော ဖျက်ဆီးအားကို အန်တု နိုင်ပါ့မလား။
သူမ၏ မျက်လုံးများက စိတ်ဝင်စားမှု များဖြင့် ပြည့်နှက်နေသည်။
သူ၏ ဂီတသံစဉ်က ပြောင်းလဲလျှင် အားကောင်းသော စွမ်းအားက ချိန်ရှင်းမူ၏ ခန္ဓာကိုယ်တွင် စုစည်း လာနေသည်။ ရုတ်တရက် ဗျပ်စောင်းပေါ်မှ သူ၏ ညာလက်ချောင်း များက ကခုန်သွားသည်။ ထိုအသံက လျှပ်စီးလက်သံနှင့် တူသည်။ မြေပြင်က တုန်ခါသွားကာ ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် မုန်တိုင်းက ထောင်ပေါင်း များစွာသော ဓားများအလား ရီဖူရှင်းထံ တိုးဝင် သွားကြသည်။
စက္ကန့်ပိုင်း အတွင်းတွင် လူတိုင်းက သူ၏ သံစဉ်မှ လူသတ်လိုသော အငွေ့အသက် များကို ခံစားကြရသည်။ ထို့ကြောင့်ပင်လျှင် လူအများက ထိုတိုက်ကွက်က ရီဖူရှင်း၏ အဆုံးသတ်ဟု ထင်မှတ် သွားကြသည်။
လူတိုင်းအား အေးစက် စေသည်ကား ရီဖူရှင်းက မှော်ပညာကို သုံးလျက် ထိုတိုက်ခိုက်မှုအား ကာကွယ်မည့် ဟန်ပန်ကို မတွေ့ရပေ။ သူကား ကု့ချင်းကို တိတ်ဆိတ်စွာ တီးခတ်နေဆဲ ဖြစ်သည်။ စိတ်ဝိညာဉ် ဓားများက သူ၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လုနီးပါး ဖြစ်လာသည်။
ရီဖူရှင်းက တိုက်ကွက် တစ်ကွက်မျှဖြင့် ရှုံးနိမ့်တော့မည်လော။
သူက အနည်းငယ် တုံ့ဆိုင်း သွားရုံမျှသာ ဖြစ်ပြီး ဂီတသံစဉ်က ရပ်တန့်သွားခြင်း မရှိပေ။ သူက ဆက်လက် တီးခတ်လျှင် ချိန်ရှင်းမူ၏ တိုက်ခိုက်မှုက ပျောက်ကွယ် သွားပြီး ဖြစ်ဟန်ရသည်။
ထိုအခါမှ လူအများအပြားက စိတ်အေး သွားကြရသည်။ ရီဖူရှင်းက ရှုံးနိမ့်မည်ကို သိကြသော်လည်း ကော့တေး၏ တပည့်က ဤမျှ အလွယ်တကူ ရှုံးနိမ့်ခဲ့ပါက စိတ်ပျက် ကြရမည် ဖြစ်သည်။
ပုံမှန်အားဖြင့် ရီဖူရှင်းက မည်သို့ လုပ်လိုက်သည်ကို ချိန်ရှင်းမူက သိသည်။ ရီဖူရှင်းက သူ၏ နိုဘယ် အသိအား ဂီတသံစဉ်တွင် အထောက်အပံ့ ပြုထားသည်။ ထို့နောက် စိတ်ဝိညာဉ် အရံအတား တစ်ခု ဖန်တီးသည်။ ရီဖူရှင်း၏ စိတ်ထဲတွင်ကား သူ၏ စိတ်အသိအား အားကောင်းသော နဂါးတစ်ကောင်က ကာကွယ်ထား သကဲ့သို့ ခံစားရသည်။
ချိန်ရှင်းမူကလည်း ဆက်လက် တီးခတ်နေသည်။ သူ၏ တိုက်ခိုက်မှုများကား ရပ်တန့်ခြင်း မရှိပေ။ အားပြင်းသော မိုးသက် လေပြင်းများ ရီဖူရှင်း အနီးတစ်ဝိုက် ပေါ်ပေါက်လာပုံ ရသည်။ မဆုံးနိုင်သော စိတ်ဝိညာဉ် ဓားများက ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာကြသည်။ သို့သော်လည်း သူ၏ ဂီတနှင့် စိတ်အင်အားက နဂါးတစ်ကောင်းအလား ရှိနေဆဲ ဖြစ်သည်။ တစ်ကြိမ်ပြီး တစ်ကြိမ် နဂါးက မာန်ဟုန်ပြင်းစွာ ဟိန်းဟောက်လျက် ရောက်လာသော စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို ဖျက်ဆီးသည်။
သူ၏ စိတ်ဝိညာဉ် ခုခံမှု စွမ်းအားကား အတော် အားကောင်းပုံ ရသည်။ သူ၏ နိုဘယ် အသိက နိုဘယ်အဆင့် သိဒ္ဓဝင် ပစ္စည်းနှင့် အတူတူ အလုပ် လုပ်နေသည်။ ချိန်ရှင်းမူက ရီဖူရှင်းအား မြန်ဆန်စွာ အနိုင် ယူနိုင်မည့်ဟန် မရှိပေ။
သို့သော် ဤမျှလောက်က ချိန်ရှင်းမူ၏ တိုက်ခိုက်မှုများဟု မဆိုနိုင်ပေ။ မဆုံးနိုင်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုများ အပြင် ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအင် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ရစ်ပတ်လာသည်။ မြေပြင်ပေါ်မှ စွမ်းအားများက သံစဉ်နှင့် တူရိယာ၏ သံစဉ်နှင့် ပူးပေါင်းသွားသည်။ စွမ်းအားလှိုင်းတစ်ခု တိုက်ပွဲ စင်မြင့်ပေါ်ကို ပျံ့နှံ့သွားသည်။ ထိုအရာက မြေပြင်ပေါ်မှ တစ်စုံတစ်ခုကို ဖယ်ရှားနိုင်သော အစွမ်းတစ်ခုနှင့် ဆင်တူသည်။ ထိုစွမ်းအင်ကသာ ပေါက်ကွဲ ထွက်လာပါက အလွန် အားပြင်းမည်မှာ သေချာ လှသည်။
လေထဲတွင် လျှပ်စီးလက်သံများ မြည်ဟည်းလာသည်။ ကြောက်မက်ဖွယ် လျှပ်စီးများ ရီဖူရှင်းထံသို့ ဆင်းသက် လာသည်။ ထိုအရာက ဂီတပါရမီရှင် ဖြစ်သူ ချိန်ရှင်းမူ အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။
ရီဖူရှင်းကား ခေါင်းငုံ့လျက် သူ၏ ကု့ချင်းအား တီးခတ်နေဆဲ ဖြစ်သည်။ သူက မည်သည့် အရာကိုမှလည်း မြင်ဟန် မရှိပေ။ လျှပ်စီးက သူ့ထံ ရောက်ရှိ လာသောအခါ ထိုအရာအား သံစဉ်က စုပ်ယူ သွားသည်ကို မြင်ကြရသည်။ သံစဉ်က သူ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသော သဘာဝ စွမ်းအင်များ အဖြစ် ပြောင်းလဲ သွားသည်ကို မြင်ကြရသည်။ သို့သော်လည်း နောက်တစ်ဖန် များပြားလှသော သဘာဝ စွမ်းအင်များက သူ၏ ခေါင်းထက်တွင် စုစည်း လာသည်ကို မြင်ကြရသည်။ ထိုအရာက အင်းကွက် ပုံစံလိုမျိုး ဖြစ်သည်။ ထိုအစီအရင်က လောကမှ သဘာဝ စွမ်းအင်များကို စုပ်ယူနိုင်စွမ်း ရှိပုံရသည်။ ထိုအရာက ရောင်စဉ်ခုနစ်ခုနှင့် ဖွဲ့စည်းထားကာ အလွန် လင်းလက်သည်။ သဘာဝ စွမ်းအင်များက လျင်မြန်စွာ စီးဆင်းလာလျှင် အစီအရင်က ရုပ်လုံး ပေါ်လာသည်။ မဆုံးနိုင်သော သံစဉ်များက သဘာဝ စွမ်းအင်အား ပိုမို အားကောင်းစေပုံ ရသည်။
သဘာဝ စွမ်းအင် အင်းကွက်တစ်ခု ရီဖူရှင်း၏ ခေါင်းထက်တွင် ဖြစ်ပေါ်လာသည်။
ဒါ… လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်သွားသည်။ သူတို့က ရီဖူရှင်း၏ အပေါ်မှ အင်းကွက်အား ကြည့်ကြသည်။ အင်းကွက်၏ သင်္ကေတများ ပိုမို လင်းလက် လာကာ သဘာဝ စွမ်းအင်များ ရုန့်ရင်းလာလျှင် ကြီးမားသော အနက်ရောင် လေပွေကြီးတစ်ခု ပေါ်လာသည်။ ထိုတွင်းနက်ကြီးက သဘာဝ စွမ်းအင်များကို အရူးအမူး စုပ်ယူကာ လွန်စွာ အားကောင်းသော ဖျက်ဆီးအားကို ထုတ်လွှတ်သည်။
ဘယ်လောက် ကြောက်စရာ ကောင်းတဲ့ မှော်ဂီတ ပညာလဲ။
ဂီတသံစဉ်မှ သာမန် မှော်ပညာ ထုတ်လွှတ်မှု မဟုတ်တော့ပေ။ ဂီတသံစဉ်က အင်းကွက်တစ်ခု ဖြစ်လာကာ သူ၏ ဖျက်ဆီးအားက လောကမှ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။
ချိန်ရှင်းမူက အကာနာအဆင့်ကို တက်ရောက်ခဲ့သည်မှာ မကြာသေးသော်လည်း ထိုလေထဲတွင် ဖြစ်ပေါ်လာသော အင်းကွက်အရ သူ၏ စွမ်းရည်များက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မြင်နိုင်ပေသည်။ ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား။
ပထမ တိုက်ခိုက်မှုများက သာမန်မျှသာ ဖြစ်သည်။ ချိန်ရှင်းမူကား ယခုမှသာ တကယ် တိုက်ခိုက် တော့မည် ဖြစ်သည်။ ရီဖူရှင်းက ဆက်လက်၍ ရင်ဆိုင်လျှင် သူ့အတွက် သေလမ်း တစ်ခုတည်းသာ ရှိသည်။
လူအများအပြားက ချိန်ရှင်းမူအား စိုက်ကြည့်ကြသည်။ ချိန်ရှင်းမူက အချိန်တိုင်း တည်ငြိမ်အောင် နေသော်လည်း သူ၏ ရင်ဘတ်ထဲတွင် စိတ်ရိုင်းများ ဖြစ်ပေါ်နေပုံ ရသည်။ လုနန်ထျန်းက ဂူတုံးလျိုထံ ရှုံးနိမ့်ခဲ့သည်ကို သူက မကျေမနပ် ဖြစ်ဟန်ရသည်။
ယခု သူကား လှုပ်ရှားလေပြီ။ သူက ရီဖူရှင်းအား သေလမ်းကို တွန်းပို့ရန် အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။ ချိန်ရှင်းမူက သူ့အား လျှပ်စီးနှင့် မိုးကြိုးကို သုံးလျက် အဆုံးသတ်မည် ဖြစ်သည်။
မရေမတွက်နိုင်သော မျက်လုံး အစုံတို့က ရီဖူရှင်းထံ ရောက်လာသည်။ သူက ထိုမျှ အားကောင်းသော စွမ်းအားကို ရင်ဆိုင်နိုင်ပါ့မလား။
အကယ်၍ သူက အရှုံးခံလိုက်လျှင် သူ့အား ချိန်ရှင်းမူက လက်ရှိ တိုက်ကွက်မှ လွှတ်ပေးလိုက် နိုင်ပေသည်။
***