လျိုဖန်းက မလိုအပ်သော စကားများကို မပြောတော့ပေ။ ဤတစ်ကြိမ်ကား ဒုတိယ တစ်ကြိမ် ဖြစ်သည်။ ယခင်က ဒွန်ဟွာကလန် ကလည်း ဤနည်းတူ လုပ်ဆောင်ခဲ့၏။ ယခု သေဆုံးသွားပြီးသော ပြည်ထောင် တစ်ခုက ကော့တေးအား ဤသို့ အနိုင်ကျင့်ရဲသည်။
မီးနှင်တံအား လှုပ်ယမ်းလိုက်လျှင် လေထဲတွင် များစွာသော မီးနဂါးများ ဖြစ်ပေါ်လာကာ နိုဘယ် နှစ်ယောက်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။ နိုဘယ် နှစ်ယောက်က နောက်ကို လျင်မြန်စွာ ဆုတ်လိုက် ကြသည်။ သူတို့က စွမ်းအားများ သိပ်မထုတ်ရဲကြပေ။ မဟုတ်လျှင် မျှော်စင်တစ်ခုလုံး ပြိုလဲသွားနိုင်သည်။
လမ်းပွင့်သွားသည်ကို မြင်သည်နှင့် ရီဖူရှင်းက အထဲကို လျှပ်တစ်ပြက် ဝင်သွားသည်။
“အတင့်ရဲတယ်….” နိုဘယ် နှစ်ယောက်က သူ့အား တားလိုကြသည်။ သို့သော် မီးနဂါးများက သူတို့ထံ တစ်ဖန် တိုးဝင်လာလျှင် သူတို့က ရင်ဆိုင်ရဲခြင်း မရှိဘဲ ဆုတ်ပေးကြရ ပြန်သည်။
ထိုအခိုက်တွင် မျှော်စင်၏ အပြင်ဘက်ကို များစွာသော တန်ခိုးရှင်များ ရောက်ရှိ လာကြသည်။ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ယန်မိသားစုမှ လူများ တဖြည်းဖြည်း ရောက်ရှိ လာကြကာ သူတို့အားလုံးက မျှော်စင်ထဲကို ဝင်ရောက် လိုကြသည်။ သို့သော်လည်း မျှော်စင်၏ ခေါင်မိုးပေါ်တွင် လူတစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ သူကား ကော့တေး၏ စတုတ္ထတပည့် ရွှီယီဖြစ်သည်။ ထောင်ပေါင်း များစွာသော စာရွက်များက သူ့အနီးတွင် ပေါလောပေါ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းထားကာ လူတိုင်းကို တားဆီးထားသည်။
“ကော့တေးက ဘောင်ကျော် ချင်တာလား…..” ယန်မိသားစုမှ တန်ခိုးရှင် တစ်ယောက်က ရွှီယီအား အေးစက်စွာ ကြည့်ကာ ပြောသည်။
“ကျုပ်က တစ်ခု ကြေညာရဦးမယ်… ယူချင်းက ကော့တေးရဲ့ တရားဝင် တပည့် မဟုတ်ပေမဲ့ သူ့ရဲ့ အဆင့်က တပည့်တစ်ယောက်နဲ့ မခြားဘူး…. သူက ဘာမှမဖြစ်ဖို့ ယန်မိသားစုက ဆုတောင်းသင့်တယ်…. မဟုတ်ရင် အရှေ့မြေရိုင်း ဒေသမှာ နောက်ထပ် ယန်မိသားစု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး…” ရွှီယီက ယန်မိသားစုအား သာမန်လူများသဖွယ် ကြည့်ကာ ပြောသည်။
“မင်းက ဟာသ ပြောနေတာလား…..” ချင်ပြည်ထောင်မှ တန်ခိုးရှင် တစ်ယောက်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ ယန်မိသားစုကား ချင်ပြည်ထောင်၏ အင်အားခွဲတစ်ခု ဖြစ်ပေသည်။
“စာပေသများတွေက ရိုးသားတယ်… ကျုပ်တို့က ဟာသမပြောဘူး….” ရွှီယီက ပြောသည်။
ယန်မိသားစုမှ လူများ၏ မျက်နှာများက အလွန်အမင်း ပြာနှမ်း သွားကြသည်။ ကော့တေးကား အမြဲတမ်း ပြောသလို လုပ်ကြသည်။ ဒွန်ဟွာကလန်မှ နိုဘယ်ပင်လျှင် သူတို့က အစွမ်း ဖျက်ဆီးခဲ့ကြသည်။
အမှန်တကယ် အားဖြင့် ယန်မိသားစုကလည်း ယူချင်းအား ထိခိုက်အောင် မလုပ်ရဲကြပေ။ အကယ်၍ သူတို့ ပယောဂကြောင့် ယူချင်း သေဆုံးသွားလျှင် ထိုကိစ္စက သူတို့အတွက် ကပ်ဘေး ဆိုက်ခြင်းပင်။ သို့သော်လည်း ယူချင်းအား တိုက်ခိုက်လိုက်သူကား လက်ရှိ ယန်မိသားစုဝင်ဟု ပြောရန် ခက်သည်။
“စာပေသမားတွေက အတင်းအဓမ္မ လုယူရတာကို သဘောကျလား…..” ဒွန်ဟွာကလန်မှ တစ်ယောက်က မေးခွန်း ထုတ်သည်။
“ကျုပ်က သက်သေခံနိုင်တယ်…. ယန်မိသားစုက တစ်ယောက်က ပြောတယ်… ကော့တေးက တပည့်က မိစ္ဆာတိုင်ကို မနိုင်ရင် ယူသွားလို့ ရတယ်တဲ့…” လျိုဖေးယွန်က ပြုံးလျက် ပြောသည်… “ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး…. လူအများကြီးက ဒါကို ကြားတယ်….”
ယန်မိသားစုမှ လူများက ယန်မိုအား အေးစက်စွာ ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ယန်မို၏ ခန္ဓာကား တုန်ယင်နေသည်။ သူ၏ မရည်ရွယ်သော စကားတစ်ခွန်းက ဤမျှ ပြဿနာ ဖြစ်လာသည်။
“ယန်မိသားစုက လူတွေက သိပ်စည်းကမ်း မရှိဘူး…..” ယန်မိသားစုမှ အကြီးအကဲက ပြောသည်။
“ဒါပဲလား…. စည်းကမ်း မရှိတာပဲလား….” ရွှီယီက ပြောသည်…. “ပြီးတော့ မင်းတို့က ကော့တေးက တပည့် တစ်ယောက်ကို သတ်လု နီးပါးပဲမလား….”
“ကော့တေးက ကျုပ်တို့ ယန်မိသားစုရဲ့ ရတနာကို လုယူချင်နေတယ်… ဒါတောင် မင်းတို့က မှန်ကန်တဲ့ လေသံနဲ့ ပြောနေတာပဲလား…. ဒါက မလွန်ဘူးလား…..” ကောင်းကင်တွင် နောက်ထပ် တန်ခိုးရှင် တစ်ယောက် ရောက်လာသည်။ သူကား ယန်မိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ သူ့ထံမှလည်း လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ် လာနေသည်။
“အစ်ကိုသုံးက တစ်ခါက ပြောဖူးတယ်…. ကော့တေးက တပည့်တွေက ကျိုးကြောင်း ဆီလျော်တယ်… ဒါပေမဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ လူတွေနဲ့ တွေ့ရင် ကျုပ်တို့က လက်သီးနဲ့ပဲ စကားပြောတယ်….” ရွှီယီက ယန်မိသားစု၏ ဆရာအား ကြည့်ကာ ပြောသည်။ သူ၏ လေသံက ရုတ်တရက် မာန်ပါလာသည်…. “ကျုပ်တို့က ယန်မိသားစုကို အနိုင်ကျင့်တယ်… ဘာဖြစ်ချင်လဲ…..”
“ဝုန်း….” ယန်မိသားစု ခေါင်းဆောင်က ရှေ့ကို လှမ်းတက်လိုက်လျှင် သူ၏ အရှိန်အဝါက သူ့ဘေးမှ အရာအားလုံးကို ပြယ်လွင့်စေသည်။
“မင်း လုပ်ရဲလို့လား…..” အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လူအများအပြားက ထိုအရပ်ကို ကြည့်လိုက်ကြရာ မိန်းမတစ်ယောက်က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်ကို မြင်ရသည်။
သူမကား မာနကြီးသော ပုံဟန်ရှိပြီး သူမ၏ နောက်တွင်လည်း များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို မြင်တွေ့ရသည်။
“ကျောင်းတော်က တောင်ကုန်း အကြီးအကဲ” တချို့က သူမအား သိကြသည်။ ကျောင်းတော်မှ တောင်ကုန်း အကြီးအကဲ ကျူးချိန်ဖြစ်သည်။ ဤတစ်ကြိမ်ကား ကျောင်းတော်မှ ကော့တေးသာ လာရောက်သည် မဟုတ်ဘဲ တောင်ကုန်း အကြီးအကဲ နှစ်ယောက်ကလည်း တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။ တောင်ကုန်း အကြီးအကဲများမှာ ကျောင်းအုပ်ပြီးလျှင် အဆင့်အမြင့်ဆုံး ဖြစ်သည်။ သူတို့က သာမန် ကျောင်းသားများနှင့် မတူဘဲ မည်သည့် အခြေအနေတွင် မည်သို့ ပြုမူရမည်ကို သိကြသည်။
ထိုအချိန်တွင် ထိုနေရာသို့ နောက်ထပ် တန်ခိုးရှင် တစ်ယောက် ရောက်ရှိ လာခဲ့သည်။ သူ့တွင် အလွန်ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါရှိပြီး သူ၏ နောက်ကျောတွင်လည်း နှစ်ဖက်သွား ဓားတစ်လက်ကို လွယ်ပိုးထားသည်။ သူကား ဓားသခင်တောင်မှ ဖြစ်သည်။
“ချင်ပြည်ထောင်က အဖြစ်အပျက် နောက်ပိုင်းမှာ ကျုပ်ဆရာက ပြောတယ်… သူ့ရဲ့ ညီငယ်ကို အနိုင်ကျင့်တဲ့ လူမှန်သမျှ ဒီအကျိုးဆက်ကို ခံစားရမယ်တဲ့…” သူက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ချက်ချင်းပင် အခြေအနေက အလွန် တင်းမာ သွားသည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ပူးပေါင်းခဲ့သောအခါ သူတို့က အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုကြီး တစ်ခု ဖြစ်သွားသလို ကော့တေး၊ ကျောင်းတော်နှင့် ဓားသခင်တောင်တို့က ပူးပေါင်းပါကလည်း သူတို့ထက် အားမနည်းပေ။ အကယ်၍ တကယ်တမ်း စစ်ဖြစ်ခဲ့လျှင် အရှေ့မြေရိုင်း ဒေသတစ်ခုလုံးက သွေးလွှမ်းသွားမည် ဖြစ်သည်။ ယန်မိသားစုမူကား ခေ့ကေးမြို့တွင် ထည်ဝါစွာ ရပ်တည်နိုင်သည့်တိုင် ထိပ်သီး အင်အားစုများနှင့် ယှဉ်ရန်ကား အလွန် အင်အား နည်းသည်။
ယန်မိသားစု ခေါင်းဆောင်က ချက်ချင်းပင် ရပ်တန့်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း အလွန် တင်းကျပ်သွားသည်။ အဓိက အင်အားစုများမှ လူများကလည်း ရောက်ရှိနေပြီး ဖြစ်သည်။ ရှေ့မှ မြင်ကွင်းက သူတို့၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာစေသည်။ လက်ရှိ အခြေအနေက ချင်ပြည်ထောင်မှ အဖြစ်အပျက်နှင့် ဆင်တူလှသည်။ သို့သော်လည်း နောက်ဆုံး တစ်ကြိမ်က ကော့တေးမှ တပည့်များကား သီးခြား ဖြစ်နေကာ ကူရာမဲ့ခဲ့ ပေသည်။ ထိုပြဿနာက ဂူတုံးလျို တောင်အောက်ကို ဆင်းမှ သာလျှင် ပြီးဆုံးခဲ့၏။
ယခု တစ်ကြိမ်ကား ကွဲပြား ခြားနားသည်။ ဓားသခင်က သူ၏ တပည့်များအား ဤကဲ့သို့ အခြေအနေတွင် မည်သို့ လုပ်ရမည်ကို ညွှန်ကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ဓားသခင်တောင်မှ တပည့်က ချက်ချင်း ဝင်ပါခဲ့သည်။ ထို့အပြင် ယခုကား ကျောင်းတော်ကလည်း ရှိနေသည်။
ကျောင်းတော်တွင် တောင်ကိုးလုံး ရှိသည်။ ကျောင်းအုပ် နေထိုင်ရာ တောင်နှင့် ကော့တေးနေထိုင်ရာ တောင်အပြင် နောက်ထပ် တောင်ခုနစ်လုံး ရှိသည်။ တောင်ခုနစ်လုံးမှ အကြီးအကဲများ အားလုံးက သာမန် မဟုတ်ပေ။
အခြေအနေက ပြန်လည် ငြိမ်သက် သွားပြန်သည်။ ယူချင်းက မိစ္ဆာတိုင်အား ပြန်လည် မတင်ရန် ကြိုးစားပြန်သည်။ သူ့ထံတွင်ရှိသော မိစ္ဆာစွမ်းအင်များကား ကုန်ခန်းနိုင်ပုံ မရပေ။ မိစ္ဆာတိုင်ကလည်း ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်ကာ ကောင်းကင်အား ပိုမိုနက်မှောင် စေသည်။
ထိုအခိုက်တွင် ရီဖူရှင်းက မျှော်စင်၏ ဟောခန်းထဲသို့ ဝင်ရောက်လာပြီး ဖြစ်သည်။ တောက်ပြောင် ဝင်းလက်သော အခန်းထဲတွင်ကား ရှေးဟောင်း အငွေ့အသက်များကို ရီဖူရှင်းက ခံစားရသည်။ ရီဖူရှင်းက ရှေ့ကို စိုက်ကြည့်လိုက်၏။ ထိုနေရာတွင်ကား လွန်စွာ ရှေးဟောင်းကျသော သင်္ကေတများဖြင့် ပြုလုပ်ထားသော အစီအရင် တစ်ခုကို တွေ့ရသည်။ အစီအရင်၏ အလယ်တွင်ကား ပုံရိပ်ယောင် တစ်ခုကို တွေ့ရကာ ထိုအရာက စိတ်အသိတစ်ခု ဖြစ်ဟန်ရသည်။
ယူချင်းက တိုက်ခိုက် ခံရကတည်းက ထိုတိုက်ခိုက်မှုက စိတ်ဝိညာဉ် တိုက်ခိုက်မှု ဖြစ်သည်ကို ရီဖူရှင်းက သိပြီးဖြစ်သည်။ ယခု ထိုပုံရိပ်ယောင်က ယန်မိသားစု၏ ယခင်မျိုးဆက်မှ အကြီးအကဲ တစ်ယောက် ဖြစ်သည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။ သူက အစီအရင်ထဲတွင် နေထိုင်ခြင်းက သူ၏ စိတ်အသိက ပျက်ပြယ်သွားခြင်း မရှိဘဲ ဤနေရာတွင်ပင် နောက်ပိုင်း မျိုးဆက်များက ကိုးကွယ် ထားကြသည်။
အစီအရင်ကား ထောင့်ငါးခုရှိပြီး ထောင့်တစ်ခုစီတွင် တိုင်ငါးတိုင် ရှိသည်။ တိုင်တစ်ခုစီကလည်း ကွဲပြား ခြားနားသော ဓာတ်ကို ကိုယ်စားပြုသော အရောင်များက ထုတ်လွှတ်လျက် ရှိသည်။ ထိုတိုင်များက အဆက်မပြတ် လှည့်ပတ်နေကြပြီး လောကမှ သဘာဝ စွမ်းအင်များကို စုပ်ယူနေကြသည်။
ထိုအကြီးအကဲက ရီဖူရှင်းအား အေးစက်စွာ ကြည့်နေသည်။ သူက ပြင်ပမှ အခြေအနေကို သိရှိပြီး ဖြစ်သည်။ မိစ္ဆာတိုင်အား မရန် ကြိုးစားနေသော လူငယ်အား ရပ်တန့်ရန် ကြိုးစားလိုက်သော သူ၏ အပြုအမူက ယန်မိသားစုအား များစွာသော ပြဿနာကို ဖြစ်စေပုံရသည်။ သူက အမှန်က ထိုသို့ ဖြစ်လာမည် ဟုလည်း မမျှော်လင့်ခဲ့ပေ။
သူကား ဤနေရာတွင် ယုံကြည် ကိုးကွယ်ခြင်း ခံရသည်။ သူက ပြင်ပလောကမှ ကိစ္စတချို့ကို သိသော်လည်း သူ၏ အသိက အကန့်အသတ် ရှိသည်။ ဥပမာ သူက ချင်ပြည်ထောင်မှ အဖြစ်အပျက်ကို မသိပေ။
ယနေ့ ယန်မိသားစုက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူငယ်ပါရမီရှင် နှစ်ယောက်အား ခေါ်လာကာ သူ့ထံတွင် အတွေ့အကြုံ တချို့ကို သင်ယူစေသည်။ ထိုစဉ် သူက မိစ္ဆာတိုင်အား တစ်စုံတစ်ယောက်က ရှစ်ပေကျော်အောင် မနေသည်ကို မြင်ကာ စိတ်ဝိညာဉ် အားကို သုံးလျက် တားဆီးခဲ့သည်။ ယန်မိသားစု၏ ရတနာက ယန်မိသားစုမှ လူများသာလျှင် ယူဆောင်ပိုင်ခွင့် ရှိသည်။
“ယန်မိသားစုရဲ့ ဘိုးဘေး…..” ရီဖူရှင်းက ထို အကြီးအကဲအား အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက ယူချင်း၏ အသက် သေဆုံးလုနီးပါးပင်။ သူက အစီအရင်၏ အနီးကို ချဉ်းကပ် သွားသည်။
“လူငယ်လေး… ဒါက မင်း လာရမယ့်နေရာ မဟုတ်ဘူး… ထွက်သွားလိုက်….” ပုံရိပ်ယောင်လူက ပြောသည်။
“ဒီတိုင်တွေက သိပ်မဆိုးဘူး… ခင်ဗျားက ကျုပ်ကို အလကား ပေးမလား….” ရီဖူရှင်းက အစီအရင်၏ အနီးကို ရောက်လာကာ သူ၏ လက်အား ဆန့်လိုက်သည်။ စိုက်ထူထားသော တိုင်တစ်တိုင်အား ကိုင်စွဲကာ သူက သဘာဝ စွမ်းအား အနည်းငယ်ကို ပို့လွှတ်လိုက်သည်။
ဝုန်း… မမြင်ရသော စိတ်ဝိညာဉ် အားလှိုင်း တစ်ခုက ရီဖူရှင်းအား ရစ်ပတ်လာကာ သူ့အား ဖိအား လာပေးသည်…. “ငါက မင်းကို မသတ်ရဲဘူး ထင်နေလား…”
“ခင်ဗျားက ပြင်က အခြေအနေကို မြင်တာပဲ… ကျုပ်တစ်ခုခု ဖြစ်ရင် ယန်မိသားစုလည်း အတူတူ သေရလိမ့်မယ်….” ရီဖူရှင်းက စိုးရိမ်ခြင်း ကင်းမဲ့စွာ ပြုံးလိုက်သည်။ သူက အားသုံးလျက် တိုင်အား ထပ်မံ၍ နုတ်ရန် ကြိုးစား လိုက်သည်။
ပုံရိပ်ယောင်လူကား စိတ်ပျက်သွားသည်။ အကယ်၍ ထိုတိုင်များကိုသာ ယူသွားပါက အစီအရင်က ပျက်စီးသွားကာ သူ၏ တည်ရှိမှုကလည်း ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။
“ဒီနေ့ လူငယ်တွေက တော်တော် အတင့်ရဲကြတာပဲ….” သူက ရီဖူရှင်းအား စိုက်ကြည့် လိုက်သည်။ ချက်ချင်းပင် သူက ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိအဖြစ် ပြောင်းလဲ သွားကာ ရီဖူရှင်းအား ဖိအားပေးရန် ကြိုးစားသည်။ ရီဖူရှင်းက မိမိကိုယ်ကို အလွန် အားကောင်းသော နိုဘယ် တစ်ယောက်၏ ရှေ့တွင် ရပ်နေသည်ဟု ခံစားရသည်။ ထိုအရှိန်အဝါက သူ၏ စိတ်အသိအား လာရောက် ဖိအားပေးသည်။
“မင်းကိုယ်တိုင် ထွက်သွားမလား… ငါက မင်းကို လွှင့်ပစ်ရမလား….” ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင် ခံစားချက် ကင်းမဲ့သော အသံတစ်ခု ဖြစ်ပေါ်လာသည်။ ယန်မိသားစု ဘိုးဘေးက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက် လာခြင်းပင်။
“အရူး….” ရီဖူရှင်း၏ မျက်နှာတွင် သရော်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ရေနှင့်မီး အသိက ချက်ချင်းပင် ထို ယန်ဘိုးဘေး၏ အသိအား ရစ်ပတ်လာသည်။ သူ့ထံမှ စိတ်ဝိညာဉ် အသိ တိုက်ခိုက်မှုကို ရီဖူရှင်းက စောင့်နေခြင်း ဖြစ်သည်။ အကယ်၍ သူက တကယ့် နိုဘယ် အစစ်အမှန် ဆိုပါက ရီဖူရှင်းက မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။ သို့သော် ယန်ဘိုးဘေးကား စိတ်အသိ အပိုင်းအစမျှသာ ဖြစ်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ…” သူ့ထံသို့ ရေနှင့် မီးအသိက ရစ်ပတ်လာသည်ကို ကြည့်ကာ ယန်ဘိုးဘေးက ပြောသည်။
“တကယ်လား….”
သူတို့ နှစ်ယောက်က စိတ်ဝိညာဉ် ဆက်နွှယ်မှုကို သုံးလျက် စကားပြော နေကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင်ကား ဧကရာဇ် အလင်းရောင်များ အလွန် လင်းလက်စွာ ဖြာထွက် လာသည်။ ရေနှင့် မီးအသိက ယန်ဘိုးဘေး၏ အသိအား ရစ်ပတ်လိုက်သည်။ နတ်မီးလျှံများက ချက်ချင်းပင် မွေးဖွားလာကာ များစွာသော ရှေးဟောင်း မီးသင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။
ရှေးဟောင်း မီးလျှံ သင်္ကေတများက ဧကရာဇ် အသိစွမ်းအားများ ပါဝင်နေပုံရသည်။ ယန်ဘိုးဘေးက သူ၏စိတ်အသိ အမှန်တကယ် လောင်ကျွမ်းခြင်း ခံလာရသည်ကို ခံစားရ၏။ တစ်ချိန်တည်းတွင် အလွန် အေးစက်သော ရေခဲအသိက သူ့အား ရစ်ပတ်လာသည်။ ထိုအရာက သူ၏ စိတ်အသိအား အေးခဲ သေဆုံး သွားစေနိုင်စွမ်း ရှိနေသည်။
ရေနှင့် မီးအသိ တစ်ပြိုင်နက် တိုက်ခိုက်မှု အောက်တွင် ယန်ဘိုးဘေးက နာကျင်စွာ အော်ဟစ်လိုက်သည်…. “သွားစမ်း…”။ သူက ရုန့်ရင်း ကြမ်းတမ်းစွာပင် ချုပ်နှောင်မှုမှ ဖောက်ထွက်ရန် ကြိုးစားသည်။
“ခင်ဗျားက အခု တကယ် သေလို့ရပြီ….” ရီဖူရှင်း၏ လေသံကား အလွန် အေးစက်နေသည်။ ယန်ဘိုးဘေး၏ စိတ်အသိကား တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏ ဝါးမျိုခြင်းကို ခံနေရသည်။ ယန်ဘိုးဘေး၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပိုမို မှုန်ဝါး လာနေသည်။
“ကယ်ပါ….” သူက ကျယ်လောင်စွာ အော်ဟစ်သည်။ ပြင်ပမှ လူများက ထိုအသံကို ကြားလျှင် အလွန် အံ့အားသင့် သွားကြသည်။
“ဘေးဖယ်စမ်း…” ယန်မိသားစု ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်ကာ ရှေ့ကို တိုးသွားလိုက်လျှင် ရွှီယီ၏ မှော် အချုပ်အနှောင်များ ပင်လျှင် ပြိုပျက် သွားသည်။ တစ်ချိန်တည်းမှာပင် မီးနဂါးတစ်ကောင်က နိုဘယ် နှစ်ယောက်ထံ တိုးဝင်သွားပြီး ထိုနိုဘယ်များ အဝေးကို လွင့်စဉ်သွားသည်။ ထို့နောက် လျိုဖန်းက ရွှီယီ၏ ဘေးတွင် ပေါ်လာသည်။
လျိုဖန်း ပေါ်လာလျှင် လူအများအပြားက ထိတ်လန့် အံ့အားသင့် သွားကြသည်။ ရွှီယီပင်လျှင် ထူးဆန်းသော အမူအရာဖြင့် မေးသည်… “အဲဒါ မင်း မဟုတ်ဘူးလား….”
“ညီငယ်လေးက ဒါကို ဖြေရှင်းနိုင်ပုံရတယ်….” လျိုဖန်းက ပြောသည်။
“အမြန်….” မျှော်စင်ထဲမှ နောက်ထပ် အကူအညီ တောင်းသံတစ်ခု ထွက်လာပြန်သည်။ မှော် အစီအရင်ထဲတွင် ယန်ဘိုးဘေးကား တဖြည်းဖြည်း မှုန်ဝါးသွားပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ် သွားတော့သည်။
ရီဖူရှင်းက ရှေ့ကို အေးစက်စွာ ကြည့်လိုက်သည်။ အစီအရင်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိုင်ငါးလုံးက အလင်းတန်း ငါးခုအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် တစ်ခုတည်း အဖြစ် ပြောင်းလဲသွားသည်။
***