Switch Mode

အပိုင်း (၂၅၇)

ပေါင်းစပ်ခြင်း

မိစ္ဆာတိုင်၏ အနီးတွင် သဘာဝစွမ်းအင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကား နဂါးနှင့် နတ်ငှက် စွမ်းအင်တို့ကို ပေါင်းစပ်လျက် တစ်ချိန်တည်းမှာပင် လူဝံကြီး ဓမ္မဖြစ်ပေါ်လာကာ ထိုကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခုခံသည်။

နတ်လူဝံကြီးက သူ၏ နောက်ကျောဖြင့် မိစ္ဆာတိုင်အား အပေါ်သို့ နည်းနည်းချင်း မသွားသည်။ မိစ္ဆာတိုင်က အပေါ်ကို မြောက်တက်လေလေ ဖိအားက များလေလေ ဖြစ်သည်။ ချက်ချင်းပင် မိစ္ဆာတိုင်က တစ်ပေခန့် မြင့်သွားသည်။ လူအများအပြားက ရီဖူရှင်းအား စိုက်ကြည့် လိုက်ကြသည်။ သူကား အမှန်ပင် ကော့တေး၏ တပည့်ဖြစ်သည်။ သူက မိစ္ဆာတိုင်အား တစ်ကြိမ်တည်းဖြင့် တစ်ပေမြင့်အောင် မနိုင်သည်။ သူ၏ခန္ဓာက မိစ္ဆာတိုင်အား ထိပင် မထိပေ။ ထိုအစား သူ၏ ဓမ္မကို အသုံးပြုသည်။

မိစ္ဆာတိုင်မှ ပုံရိပ်များ လင်းလက်လာသည်။ ထိုမိစ္ဆာပုံရိပ်များက ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ဆင်းသက်လာကာ မိစ္ဆာတိုင်အား အလွန်အမင်း လေးလံစေသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသိက ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက် လာကြသည်။ ထိုဖိအားများကား မူလက မမြင်ရရာမှ သူ၏ စိတ်နယ်ပယ်ထဲတွင် မြင်လာရသည်။ သူက ပိုမို အားကောင်းစွာ ပြန်တိုက်ခိုက်လေလေ ထိုဖိအားများက ပိုကြီးမားလေလေ ဖြစ်သည်။ ထိုဖိအားများကား အကန့်အသတ် မရှိပေ။

ရီဖူရှင်း၏ လှုပ်ရှားမှုများကား နှေးကွေး သွားသော်လည်း သူက မရပ်တန့်ပေ။ မိစ္ဆာတိုင်ကား ပိုမို၍ မြင့်တက်လာသည်။ သူက တစ်ခါတည်း မရန် မရဲပေ။ သူက ပြင်းထန်စွာ လှုပ်ရှားလေလေ သူပြန်ခံစားရသော ဖိအားက ပြင်းထန်လေ ဖြစ်သည်။ သူက ခံနိုင်ရည် မရှိခဲ့ပါက သူ သေသွားမည် ဖြစ်သည်။

မိစ္ဆာတိုင်ကား မကောင်းသော ဓာတ်များ ရှိနေသည်။ ထိုအရာက အမှန်ပင် လူသတ်နိုင်၏။

မိစ္ဆာတိုင်က နှစ်ပေခန့်ကို ရောက်လာသောအခါ ဖိအားကား ပိုမို၍ အားကောင်း လာသည်။ ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင် များစွာသော မိစ္ဆာပုံရိပ်များ ဖြစ်ပေါ်လာသည်။ သူ့အား ထိန်းချုပ်မရသော ဖိအားများလည်း ပိုမို ဆင်းသက်လာသည်။ ချိန်ပြည်ထောင်၏ နိုင်ငံ့ရတနာက အမှန်ပင် အရာ အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

ရီဖူရှင်းက ထိုဖိအားကို ခံစားမိသည်။ သူ၏ အားကောင်းသော စိတ်အသိက သူ့စိတ် နယ်ပယ်ထဲကို ဝင်ရောက်လာသော မိစ္ဆာအသိနှင့် ရင်ဆိုင်သည်။ သူ၏ ဧကရာဇ် အသိအား သုံးလျက် သူ၏ စိတ်နယ်ပယ်ကို ကာကွယ်လျှင် အလင်းရောင်များက သူ၏ တစ်ကိုယ်လုံးကို စီးဆင်း လာနေသည်။ သူကား ပုံမှန်အားဖြင့် ရှုံးနိမ့်စရာ မရှိပေ။ သို့သော်လည်း မိစ္ဆာတိုင်က ရပ်တန့်သွားသည်။ ရီဖူရှင်းက ထပ်မမြှောက်တော့ပေ။ မိစ္ဆာတိုင်မှ ဖိအားများကား အလွန် ပြင်းထန်နေပြီ ဖြစ်သည်။ သူက ဆက်မြှောက် နိုင်သော်လည်း ဆက်မမြှောက်ပေ။

ထိုအချိန်တွင် သူ၏ စိတ်ဝိညာဉ် စွမ်းအားက မိစ္ဆာတိုင်၏ ဖိအားကို ပြင်းထန်စွာ ခံစားနေရသည်။ ရုတ်တရက် သူ၏ စိတ်အသိက မိစ္ဆာတိုင်ထဲသို့ မတော်တဆ ဝင်ရောက်သွားသည်။ သူက မှော်ကမ္ဘာ တစ်ခုထဲသို့ ဝင်ရောက်သွားဟန် ရသည်။ ထိုနေရာကား နတ်ဆိုး၏ ကမ္ဘာဖြစ်သည်။

အတန်ကြာလျှင် ရီဖူရှင်း၏ စိတ်အသိက ပြန်ဆုတ်ခွာ လာသည်။ သူက ထိုနေရာတွင် သူ၏ ဧကရာဇ် အသိအား အသုံးပြု၍ မရပေ။ သူက နတ်ဆိုးအသိအား ပြန်လည် မတိုက်ခိုက် နိုင်သော်ငြားလည်း သူ၏ စိတ်အသိကိုမူ အန္တရာယ် မဖြစ်အောင် ကာကွယ် ထားနိုင်သည်။

မဆုံးနိုင်သော အလင်းများ သူ့ကိုယ်ကို ဖျန်းပက်ထားကာ အားကောင်းသော အသိက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက် လာသည်။ သူက အမှန်ပင် တော်ဝင် နည်းစနစ်ကို အသက် သွင်းလိုက်ရသည်။ နဂါးများက သူ၏ ခန္ဓာကိုယ် သွေးကြောများထဲ လှည့်ပတ် စီးဆင်းလာကာ နတ်ငှက် ဖြစ်ပေါ်လာသည်။ နတ်လူဝံက မာန်သွင်းလိုက်သည်။ သူက ပြင်ပမှ အားကို သုံးလျက် သူ၏ ခန္ဓာကိုယ်အား ဖိအားများကို ခံစားစေသည်။

လျိုဖေးယွန် ပြောသည်မှာ မှန်၏။ သူက မိစ္ဆာတိုင်အား အသုံးပြုလျက် သူ၏ ခန္ဓာကိုယ်အား လေ့ကျင့်နိုင်သည်။ သို့သော် သာမန်လူက မလုပ်နိုင်ပေ။ မည်သို့ပင်ဆိုစေ မည်သူက ထိုမျှ အချိန်ကြာအောင် မိစ္ဆာတိုင် အောက်တွင် အသက်ရှင်နိုင် မည်နည်း။

အကောင်းဆုံးထဲမှ အကောင်းဆုံးများသာ ထိုသို့ လုပ်နိုင်သည်။

ရီဖူရှင်းက သူ၏ ကိုယ်ဟန်အား မလှုပ်ရှားပဲ ထိုအတိုင်း ရပ်နေသည်။ မိစ္ဆာတိုင်ကလည်း လေထဲတွင် နှစ်ပေခန့် မြင့်တက်လျက် ရပ်တန့်နေသည်။ သူက မျက်လုံးကို မှိတ်လျက် မဆုံးနိုင်သော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲကို လာရောက် စီးဆင်းနေသည်ကို ခံစားနေသည်။ ပရိသတ်များ၏ အမြင်တွင်မူ ရီဖူရှင်းက မိစ္ဆာတိုင်၏ ဖိအားကို ခံနိုင်ရန် နည်းစနစ် တစ်ခုကို အသုံးပြုနေသည်။

“သူက နှစ်ပေပဲ လုပ်နိုင်တာလား….” ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ တစ်စုံတစ်ယောက် ထိုမျှ လုပ်နိုင်ပါက အလွန် ထူးချွန်သည်ဟု ပြောရမည် ဖြစ်သော်လည်း ယခုကား ရီဖူရှင်းဖြစ်သည်။ နှစ်ပေခန့်က သူ့အတွက် အထင်ကြီးစရာ မရှိပေ။ သို့သော် ရီဖူရှင်းက တန်ခိုးအဆင့် နိမ့်သည်ကို သူတို့ သိပ်ထည့်မတွက် ကြပေ။ နှစ်ပေကား အမှန်အားဖြင့် အထင်ကြီးစရာ ဖြစ်သည်။ သို့သော် လူအများအတွက်မူ ကော့တေးမှ တပည့်များအပေါ် မျှော်လင့်မှုက မြင့်မားပေသည်။

သို့သော် ရီဖူရှင်းက ထိုနေရာတွင် မလှုပ်ယှက် ရပ်တန့်နေသည်ကို မြင်ရသည်။ သူက မဆုံးနိုင်သော ဖိအားများကို ထိုအတိုင်း တောင့်ခံနေသည်။

“သူက ဘာလုပ်နေတာလဲ…”

“သူက ဆက်မချင်နေတာလား…”

လူအများက ဆွေးနွေး နေကြစဉ်မှာပင် ရီဖူရှင်းက စတင် လှုပ်ရှားပြန်သည်။ မိစ္ဆာတိုင်က အနည်းငယ် မြင့်တက် သွားပြန်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများက ဆူပွက်နေသည်။ သူကား အလွန် ပြင်းထန်သော ဖိအားကို ခံစားနေရဟန် တူသည်။

“ကြည့်ရတာ သူက မကျေနပ်သေးဘူး ထင်တယ်….” ဒွန်ဟွာကလန်မှ တစ်ယောက်က ရယ်မောလျက် ပြောသည်။

သူက မကျေနပ်လျှင်ကော မည်သည့် အရေးနည်း။ ထိုအရာက ပိုမိုမြင့်တက်ရန် အလွန်အမင်း ခက်ခဲလာနေပြီ ဖြစ်သည်။ ရီဖူရှင်းက သည်ထက် မြင့်တက်အောင် လုပ်ရန် အလွန် ခက်ခဲသွားပြီ ဖြစ်သည်။ အတန်ကြာလျှင် ရီဖူရှင်း၏ အပေါ်မှ နတ်လူဝံခန္ဓာက နောက်တစ်လက်မခန့် မြင့်တက် သွားပြန်သည်။ ဖိအားက ပိုမို အားကောင်းလာသည်။ ရီဖူရှင်းက သူ၏ မျက်လုံများအား မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ချွေးများ ထွက်လာနေသည်။

“ကော့တေးက တပည့်တွေက ဒီလောက် သတိထား တတ်တာလား….” ယန်မိုက ထိုမြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချသည်။ ရီဖူရှင်းက ပြင်းထန်စွာ မရန် သူက ဆန္ဒရှိသည်။ ရီဖူရှင်းက သတိထားက ဖြည်းဖြည်းချင်း မနေသရွေ့ သူက သေဆုံးရန် ခဲယဉ်းပေသည်။

လူတိုင်းက ကွဲပြား ခြားနားသော အတွေးများ ရှိကြသော်လည်း ရီဖူရှင်းကား အလွန်အမင်း အာရုံစိုက်နေသည်။ သူ၏ ခန္ဓာကိုယ် လေ့ကျင့်သည့် နည်းစနစ်ဖြင့် သူက မိစ္ဆာတိုင်၏ ဖိအားကို သုံးကာ အဆက်မပြတ် လေ့ကျင့်နေသည်။ ထို့နောက် တဖြည်းဖြည်းဖြင့် သူက မိစ္ဆာတိုင်အား ဆက်လက်၍ မသည်။

နောက်ဆုံးတွင် မိစ္ဆာတိုင်က နှစ်ပေခွဲ မြင့်တက်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကလည်း ပွင့်ထွက် သွားတော့မည့်အလား ခံစားလာရသည်။ သူ၏ စိတ်နယ်ပယ် ထဲကိုလည်း မမြင်ရသော အားလှိုင်းများ အဆက်မပြတ် လာရောက် တိုက်ခိုက်နေသည်။ ရုတ်တရက် ရီဖူရှင်းက မော့ကြည့်လိုက်သည်။ နတ်လူဝံကြီးက ပြင်းထန်စွာ မာန်သွင်းလျက် ကောင်းကင်ကို မသကဲ့သို့ အပေါ်ကို တွန်းတင်လိုက်လျှင် မဆုံးနိုင်သော အားအင်များက သူ၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲကြသည်။ အားအင်များက မိစ္ဆာတိုင်အား သွားရောက် တွန်းကန်ကာ အပေါ်ကို မြောက်တက် သွားစေသည်။

ထိုမြင်ကွင်းကို မြင်လျှင် ယန်မို၏ မျက်လုံးများက ဝင်းလက်သွားသည်။ သူက ဤမြင်ကွင်းမျိုးကို စောင့်နေခြင်းပင်။ သို့သော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်က အလွန် ပြင်းထန်သော ဖိအားကို မခံစားရမီမှာပင် သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် အစီအရင် အပြင်သို့ ခုန်ထွက် လာခဲ့သည်။

မိစ္ဆာတိုင်က မြေပြင်ပေါ်သို့ အားကောင်းစွာ ကျရောက်ကာ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။

“သုံးပေ….” လူတိုင်းက နောက်ဆုံး ရောက်ခဲ့သော အမြင့်ကို မြင်ကြသည်။ ရီဖူရှင်းက ထိုမျှအမြင့်ကို ရောက်ရန် သူ၏ စွမ်းအားများ အားလုံးကို သုံးခဲ့သည်လား။ တစ်နည်းဖြင့် ဆိုရလျှင် ရီဖူရှင်းက သုံးပေကို မရောက်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် သူက သုံးပေနှင့် ညီမျှသော ဖိအားကို ခံယူခဲ့ခြင်း မရှိပေ။

“အရင်တုန်းက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က အတော်ဆုံး ပါရမီရှင်တွေကလည်း သုံးပေပဲ မနိုင်တယ်….” ယန်မိုက ပြောသည်။ ထိုစကားကို ကြားလျှင် လူအများ၏ မျက်လုံးများက လင်းလက် သွားသည်။ ရီဖူရှင်း၏ တန်ခိုးအဆင့်က နိမ့်သော်လည်း သူက ထိုလူများလောက် နီးနီး စွမ်းဆောင်နိုင်သည်။

အဟံကား အတော်ဆုံး ဖြစ်သည်။

ရီဖူရှင်းက ယန်မိုအား ကြည့်ကာ ရယ်မော လိုက်သည်။ သူက မည်သို့မှ မပြောပေ။ ထိုအခိုက်တွင် သူ၏ ခန္ဓာက အကန့်အသတ်ကို ရောက်ရှိသွားပြီး သူ၏ သိုင်းပညာက အဆင့်တက် သွားသည်။ ယခုကား သူ၏ ခန္ဓာကိုယ်က အလွန် သက်သောင့်သက်သာ ခံစားနေရသည်။ မိစ္ဆာတိုင်အား မရန်မူကား သူက ထိုအရာနှင့် မလေ့ကျင့်နိုင်မှတော့ သူ စိတ်မဝင်စား တော့ပေ။ သူကဲ့သို့သော နှိမ့်ချတတ်သော သူက တခြားလူများ၏ အတွေးမျာကိုလည်း စိတ်မဝင်စားပေ။

ယခုတွင်ကား သူက မိစ္ဆာတိုင်ကို လောဘကြီးစွာ ကြည့်နေသည်။ ထိုမျှ တန်ဖိုးရှိသော ရတနာအား သူက ယူဆောင် မသွားနိုင်သည်မှာ စိတ်မကောင်း စရာပင်။

“မင်းတို့ ကြိုးစား ကြည့်ချင်ကြလား….” ရီဖူရှင်းက သူ၏ လူများကို မေးသည်။

ရီဝူချင်းက ခေါင်းယမ်းသည်။ သူကား သန့်စင်သော ဓားသမား ဖြစ်သည်။ မိစ္ဆာတိုင်အား မခြင်းဖြင့် သူ့တွင် မည်သည့် အကျိုး ကျေးဇူးမျှ မရှိပေ။

“ယူချင်း….” ရီဖူရှင်း၏ မျက်လုံးက သူ့ထံကို ရောက်လာသည်။ ယူချင်းက ခေါင်းညိတ်သည်။ သူ၏ ရီဖူရှင်း ဆိုလိုသည်ကို နားလည်သည်။ သူ၏ မိစ္ဆာတိုင်ထံသို့ လျှောက်သွား လိုက်သည်။ မိစ္ဆာတိုင်က သူ့အတွက် သင့်တော်ပေသည်။ သူက ထိုမိစ္ဆာတိုင်ဖြင့် လေ့ကျင့်၍လည်း ရသည်။

“ကော့တေးမှ ယူချင်း….”

အကြည့်များစွာက သူ့ထံ ရောက်သွားသည်။ ယူချင်းက ကော့တေး၏ တရားဝင် တပည့် မဟုတ်သည့်တိုင် ချင်ပြည်ထောင်တွင် သူက ကော့တေး၏ သစ်ခုတ်သမားဟု မိတ်ဆက်ခဲ့သည်။ မည်သူမှ သူ့အား လျှော့မတွက်ရဲပေ။

သူက မိစ္ဆာတိုင်၏ အောက်ခြေသို့ လျှောက်သွား လိုက်သည်။ သူကား ခွာရှမ်းကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းသောသူ ဖြစ်သည်။ ရုန့်ရင်း ကြမ်းတမ်းသော အားအင်များ ပေါက်ကွဲ ထွက်လာကာ သူက မိစ္ဆာတိုင်အား မလိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော ဖိအားက မိစ္ဆာတိုင်ထံမှ ဆင်းသက်လာသည်။ ယူချင်းက မာန်သွင်းလိုက်ကာ မိစ္ဆာတိုင်အား ဆက်လက်၍ မလိုက်သည်။ ချက်ချင်းပင် တစ်ပေခန့် မြင့်တက်လာသည်။

ခွာရှမ်း၏ မျက်နှာက တင်းမာသွားကာ ဆွံ့အသွားသည်။ ဤကောင်ကား သူ့ထက် ပိုမို၍  သန်မာသည်။ ထို့ပါယွန်ကား ရီဖူရှင်းက မိစ္ဆာတိုင်အား မနေ့တည်းက သူ၏ပါးစပ်အား ပိတ်ထားပြီး ဖြစ်သည်။ သူက ထိုသို့ မတတ်နိုင်ပေ။

ဖိအားများ ဆင်းသက် လာသောအခါ ယူချင်း၏ ခန္ဓာက ရွှေအိုရောင်များ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာတွင်လည်း ချပ်ဝတ်များ ဖြစ်ပေါ်လာသည်။ မမြင်ရသော မိစ္ဆာအသိက ယူချင်း၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားလျှင် ယူချင်း၏ မျက်လုံးများကလည်း နတ်ဆိုး၏ မျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုအားကောင်းလှသော အသိက သူ့အတွက် မည်သို့မှ မဟုတ်သလို သူက မိစ္ဆာတိုင်အား မလိုက်သည်။

ဖြည်းညင်းစွာဖြင့် သူက မိစ္ဆာတိုင်အား နှစ်ပေခန့် မလိုက်သည်။

“အရမ်း အားကောင်းတာပဲ….” လူတိုင်းက ယူချင်းအား ကြည့်လိုက် ကြသည်။ သူ၏ ခန္ဓာက နတ်ဆိုး၏ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေကာ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာနေသည်။ ထို့အတူ မိစ္ဆာတိုင်ကလည်း ပိုမို၍ မြင့်တက် လာနေသည်။

ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသိက ယူချင်း၏ စိတ်အသိထံသို့ တိုးဝင်လာနေသည်။ သူ၏ ကိုယ်ပိုင်အသိကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ အသိက မိစ္ဆာအသိအား ဝါးမျိုကာ သူ၏ ခန္ဓာကိုယ်ကလည်း ဖိအားဒဏ်ကို ခံလျက် လေ့ကျင့်နေသည်။ ထို့နောက် သူက မိစ္ဆာတိုင်အား မလိုက်ပြန်သည်။ ထိုအရာက တစ်လက်မ၊ နှစ်လက်မ…. နောက်ဆုံး သုံးပေခန့်သို့ ရောက်လာသည်။

လူအများအပြား၏ ရင်ဘတ်များ တုန်ခါသွားကြသည်။  သူကား သုံးပေခန့်အထိ ရောက်လာကာ ရီဖူရှင်း၏ ပို၍ အားကောင်းပုံ ရနေသည်။

“ဟင်….” ရီဖူရှင်း၏ မျက်လုံးများက ထူးဆန်းသော ပုံဟန် ဖြစ်သွားသည်။ သူက တစ်စုံတစ်ခုကို ခံစားမိသည်။ သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးလိုက်လျှင် သူက ထိတ်လန့်ဖွယ်ရာ တစ်ခုကို မြင်ရသည်။ ယူချင်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များက မိစ္ဆာတိုင်မှ ထွက်ပေါ် လာနေသော မိစ္ဆာ စွမ်းအင်များနှင့် ပေါင်းစပ်နေသည်။

“ဒါ….” ယူချင်း၏ တန်ခိုးကျင့်သည့် နည်းစနစ်က မိစ္ဆာတိုင်အား မရန် သင့်တော်သည်ဟု သူ တွေးခဲ့သော်လည်း ဤမျှအထိ သူ မမျှော်လင့်ထားပေ။ သူ၏ မွေးစားအဖေက ယူချင်းအား မည်သည့် နည်းစနစ်ကို လေ့ကျင့်စေသနည်း။ သူကား မိစ္ဆာတိုင်၏ စွမ်းအားများကို ဝါးမျိုနေသည်။

ယူချင်း၏ ခန္ဓာကလည်း ပိုမို မြင့်တက်နေသည်။ မိစ္ဆာတိုင်က ပိုမို မြင့်တက်လာကာ သုံးပေအား ကျော်လွန်သွားပြီး ဆက်လက် မြင့်တက်နေဆဲပင်။ ရပ်တန့်မည့် ဟန်ပန်လည်း မရှိပေ။

“ဘာဖြစ်နေတာလဲ….” အနီးမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး ထိတ်လန့် သွားကြသည်။

ထိုစဉ်မှာပင် ယူချင်း၏ နောက်ကျောမှ ကြောက်မက်ဖွယ် ကောင်းသော အလင်းတစ်ခု လင်းလက်သွားကာ နတ်ဆိုး၏ အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ ထိုအတောင်ပံများက အားကောင်းစွာ တဖျတ်ဖျတ် ခတ်လျက် ယူချင်းက ဆက်လက်ကာ မြှောက်သည်။ မိစ္ဆာတိုင်က ပိုမိုမြင့်မားစွာ မြောက်တက် လာသည်။

သုံးပေ၊ လေးပေ…. ထိုအရာက မရပ်တန့်ပေ။ သူက အဟံအား လုံးဝ ကျော်ဖြတ်သွားပြီး ဖြစ်သော်လည်း သူ၏ အကန့်အသတ်ကို ရောက်သေးဟန် မတူပေ။ သူ့အတွက် အကန့်အသတ် ကလည်း ရှိဟန် မရပေ။

ရီဖူရှင်း၏ မျက်လုံးများက ဝင်းလက်သွားသည်။ မိစ္ဆာတိုင်က ယနေ့တွင် တကယ် ယူဆောင်သွား၍ ရနိုင်မည်လား။ ဤသို့ဆိုလျှင် သူက ယန်မိသားစုကို အမှန်ပင် ကျေးဇူးတင်ရပေတော့မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset