Switch Mode

အပိုင်း(၂၅၀)

သတ်ဖြတ်ခြင်း

သတ္တမ တောင်ကုန်း၏ တပည့်ဖြစ်သော ရီဝူချင်းက လီတောင်ယွန်အား ဓားပညာကို မူတည်၍ စိန်ခေါ်ခဲ့သည်။ ထိုသတင်းက ဖူယွန် ဓားကလန်တစ်ခုလုံးအား တုန်လှုပ်စေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က အလွန်အမင်း ပါရမီမြင့်သော ပါရမီရှင်များ ရှေးဟောင်း မြေရိုင်းဒေသတွင် ပေါ်ပေါက်ခဲ့သည်။ ကန်ယီနိုင်ငံမှ လေးယောက်လုံးက အနည်းဆုံး နိုဘယ်ပုံရိပ် သုံးခု ဖြစ်ပေါ်စေနိုင်ခဲ့သည်။
အရှေ့မြေရိုင်း ဒေသမှ များစွာသော ထိပ်သီး အင်အားစုများက ကန်ယီနိုင်ငံကို သွားရောက်ကာ သူတို့အား ဖိတ်ခေါ်ခဲ့ကြသည်။ ရီဖူရှင်းနှင့် ယူချင်းက ကော့တေးအား ဝင်ရောက်ခဲ့ကြပြီး ဟွာဂျီယူက လစန္ဒာကလန်ကို ဝင်ရောက်ခဲ့ကြသည်။ ရီဝူချင်းမူကား ဖူယွန်ဓားကလန်၏ သတ္တမ တောင်ကုန်းကို ဝင်ရောက်ခဲ့၏။
တစ်နှစ်အတွင်းတွင် ရီဝူချင်းအား ဖူယွန်ဓားကလန်၏ တပည့်များကြားတွင် တစ်ခါတစ်ရံမျှသာ မြင်ကြရသည်။ ကောလာဟလ များအရ သူကား ဓားပညာတွင် ခြွင်းချက်မရှိ ပါရမီပါပြီး သတ္တမတောင်ကုန်း သခင်၏ အလေးထားခြင်းကို ခံရသည်။ ထို့ကြောင့် သူကား သတ္တမ တောင်ကုန်း သခင်နှင့် အမြဲတမ်း လေ့ကျင့်နေသည်။ ဤနှစ်ပိုင်းအတွင်း သတ္တမ တောင်ကုန်း သခင်က သူ့အား နေရာ အများအပြားကိုပင် ခေါ်သွားလေ့ ရှိသည်။
ယခု သူက လီတောင်ယွန်အား စိန်ခေါ်လိုက်ပြီ ဖြစ်သည်။ သို့သော် လီတောင်ယွန်ကား လနည်းငယ်ခန့် ကတည်းက အကာနာအဆင့်ကို ဝင်ရောက်သွားပြီ ဖြစ်သည်။
ရှေးဟောင်း မြေရိုင်း ဒေသတွင် သူ၏ လက်တစ်ဖက်ကလည်း ရီဖူရှင်းထံတွင် လောင်ကျွမ်း ခံရသည်။ ထိုသို့သော ဆိုးရွားသော အတွေ့အကြုံကို ခံစားရပြီးနောက် လီတောင်ယွန်က ပိုမိုကြိုးစားစွာ လေ့ကျင့်ခဲ့သည်။ ယခု သူ၏ ဘယ်လက်ကလည်း အလွန်အမင်း သန်မာလာသလို သူက အကာနာ အဆင့်ကိုလည်း ဝင်ရောက် သွားပြီ ဖြစ်သည်။
ဖူယွန်ဓားကလန် တောင်ကုန်းခုနှစ်ခု၏ အလယ်တွင် တောင်ကုန်းငယ် တစ်ခု ရှိသည်။ ထိုတောင်ထိပ်တွင်ကား အလွန် ကျယ်ပြောသော တိုက်ပွဲနေရာ တစ်ခုကို တွေ့နိုင်ပြီး ပတ်ပတ်လည်တွင် ဓားခုနစ်လက်၏ သင်္ကေတများကို ရေးထွင်း ထားသည်။
ထိုအခိုက်တွင် လူတစ်ယောက်ကား ဓားတစ်လက်၏ ရှေ့တွင် ရပ်နေသည်။ သူကား လီတောင်ယွန် ဖြစ်သည်။ သူကား ထိုနေရာတွင် လောကတစ်ခုလုံး၏ အထက်ရှဆုံး ဓားတစ်လက်အလား ရပ်နေသည်။ သူ၏ အကြည့်ကလည်း အရာအားလုံးကို ဖယ်ရှား ပစ်တော့မည့်အတိုင်း တူညီစွာ ထက်ရှသည်။
တိုက်ပွဲ စည်းအပြင် ဘက်တွင်ကား ပထမတောင်ကုန်းမှ လူအများအပြားလည်း ရှိနေကြသည်။ တခြား တောင်ကုန်းမှ လူများကလည်း တိုက်ပွဲကို လာရောက် ကြည့်ရှုကြသည်။ ဓားကို သက်သေထား၍ စိန်ခေါ်ခြင်းကား အလွန်အမင်း ရှားပါးသော ကိစ္စဖြစ်သည်။ ဓားကို သက်သေထား၍ စိန်ခေါ်ပါက ထိုလူက စိန်ခေါ်မှုကို ငြင်းပိုင်ခွင့် ရှိသည်။ အဘယ်ကြောင့် ဆိုသော် စိန်ခေါ်မှုက သေခြင်း ရှင်ခြင်း စိန်ခေါ်မှု ဖြစ်သောကြောင့်ပင်။ ရှုံးနိမ့်သူက သေရမည်။ သို့သော် လီတောင်ယွန်က လက်ခံခဲ့သည်။ ဆိုလိုသည်က ဤစိန်ခေါ်ပွဲတွင် တစ်ယောက်သာ အသက်ရှင်မည်။
တိုက်ပွဲ ကွင်းပြင် အနီးမှ လူများက လီတောင်ယွန်အား ကြည့်လိုက်ကြသည်။ လီတောင်ယွန်က အကာနာအဆင့်ကို တက်ရောက် သွားပြီကို ရီဝူချင်းက မသိပေဘူးလား။ မဟုတ်လျှင် အဘယ်ကြောင့် သူက အလျင်စလို စိန်ခေါ်ရသနည်း။ သူတို့ နှစ်ယောက် အကြား ရန်ငြိုးရှိလျှင်ပင် အနာဂတ်တွင် ဖြေရှင်းရန် အချိန်များစွာ ကျန်နေသေးသည်။ အဘယ်ကြောင့် ဤမျှ စိတ်မရှည် ရသနည်း။
လီတောင်ယွန်၏ ညီ လီတောင်ချန်းလည်း လူအုပ်ထဲတွင် ရှိနေသည်။ သူ၏ မျက်လုံးများက အေးစက်မှုများနှင့် ဖုံးလွှမ်းနေသည်။ သူက ရှေးဟောင်း မြေရိုင်းဒေသမှ အဖြစ်အပျက်များကို မမေ့သေးပေ။
ယနေ့ သူ၏အစ်ကို လီတောင်ယွန်က ရီဝူချင်း၏ အသက်ဖြင့် သူတို့ ခံစားခဲ့ရသည်များကို စိတ်ကျေနပ် စေမည်ဖြစ်သည်။
“သူလာပြီ….” ရုတ်တရက် လူတိုင်းက ခေါင်းမော့လျက် အဝေးကို ကြည့်လိုက်ကြသည်။ သတ္တမ တောင်ကုန်းဘက်မှ လူတစ်စုက ဓားများကို စီးနင်းလျက် ပျံသန်း လာကြသည်။ ရှေ့ဆုံးမှ ကား ရီဝူချင်း ဖြစ်သည်။
ဓားစွမ်းအားများက လေထုတစ်လျှောက် စီးဆင်းလာနေသည်။ သတ္တမ တောင်ကုန်းမှ တပည့်များက တိုက်ပွဲစည်းဝိုင်း အပြင်တွင် ရပ်တန့်လိုက်ကြသည်။ ရီဝူချင်းက စည်းဝိုင်း အတွင်းသို့ ဝင်ရောက်သွားပြီး သတ္တမ ဓားတောင်ကုန်း သင်္ကေတနေရာတွင် ရပ်လိုက်သည်။ သူက လီတောင်ယွန်အား ကြည့်နေသော အကြည့်တွင် အလွန် တည်ငြိမ်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသ၊ လူသတ်လိုသော အငွေ့အသက်များ လုံးဝ မရှိပေ။ သူက လီတောင်ယွန်အား သူစိမ်း တစ်ယောက်လို ကြည့်နေသည်။
“မင်းက ငါ့ကို ဘာလို့ စိန်ခေါ်တာလဲ နားမလည်ဘူး….” လီတောင်ယွန်က ရီဝူချင်းအား ကြည့်လျက် ပြောသည်… “မင်းက လက်စားချေဖို့ ဒီလောက်တောင် မစောင့်နိုင် တော့ဘူးလား….”
ရီဝူချင်းကလည်း လီတောင်ယွန်ကို ကြည့်နေသည်။ သူ၏ အကြည့်ကား အလွန် တည်ငြိမ်သည်။
“သနားစရာပဲ….” လီတောင်ယွန်က ပြုံးလျက် ပြောသည်…. “မင်းက ငါ့ကို ဓားကို သက်သေထားပြီး စိန်ခေါ်လိုက် ကတည်းက မင်းရဲ့ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ … လို့လန်ရှေးဟောင်း နယ်မြေမှာ ငါက မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်ခဲ့တယ်…. ကံကောင်းလို့ မင်းက လွတ်မြောက် သွားတယ်…. အခု မင်းက ဘယ်ကိုမှ ပြေးလို့ ရမှာ မဟုတ်တော့ဘူး…..” ထိုသို့ ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်များ သူ့ခန္ဓာကိုယ်တွင် စီးဆင်း လာနေသည်။
ထိုအရာကား အကာနာအဆင့်၏ ဓားစွမ်းအင် ဖြစ်သည်။
လီတောင်ယွန်က ရီဝူချင်း၏ မျက်လုံးများမှ အကြောက်တရားများ ထွက်ပေါ် လာမည်လော စောင့်ကြည့်နေသည်။ သို့သော် သူမမြင်ပေ။ ရီဝူချင်းကား အမြဲတမ်း တည်ငြိမ်သည်။ သို့သော် တည်ငြိမ်သည်ဟု ပြောသည်က တစ်ဖက်လူအား မသတ်ချင်ဟု ဆိုလိုသည် မဟုတ်ပေ။
လို့လန်ရှေးဟောင်း နယ်မြေတွင် လီတောင်ယွန်က သူ၏ လက်တစ်ဖက်အား ဖြတ်တောက်ခဲ့သည်။ သူက မည်သည့်ခံစားချက်မှ ထုတ်မပြခဲ့ပေ။  သူ့တွင် အမုန်းတရားများ မရှိသောကြောင့် မဟုတ်ဘဲ ထိုအချိန်က သူ့တွင် မည်သို့မှ လုပ်နိုင်စွမ်း မရှိခဲ့သောကြောင့် ဖြစ်သည်။
လီတောင်ယွန်က သူ့အား ဖူယွန်ဓားကလန်မှ လီတောင်ယွန်ဟု မောက်မာစွာ ပြောခဲ့သည်။ သူက အရာအားလုံးကို အထင်သေးသော ဟန်ပန်ပြုမူခဲ့သည်။ ထိုအချိန်က သူကား အမှန်ပင် လီတောင်ယွန်ကို မယှဉ်နိုင်ခဲ့ပေ။ သို့သော်လည်း သူက မည်သို့မှ ပြန်မပြောခဲ့ခြင်းက ထိုကိစ္စအား မေ့ဖျောက်သွားပြီး ဖြစ်သည်ဟု မဆိုလိုပေ။
ရီဝူချင်းက သတ္တမ ဓားတောင်ကုန်း၏ ဓားဝိဇ္ဇာ ဖြစ်သွားပြီးနောက် ပထမဆုံး ရီဝူချင်း လုပ်ခဲ့သည်ကား လီတောင်ယွန်ကို စိန်ခေါ်ခြင်း ဖြစ်သည်။
ရီဝူချင်း၏ ခန္ဓာကိုယ်မှ ဓားအသိတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကို ထိုးတက်သွားသည်။ ချက်ချင်းပင် ရီဝူချင်းက ဓားတစ်လက်အဖြစ် ပြောင်းလဲ သွားပုံရသည်။ ရီဝူချင်းက သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်ဖော်လိုက်သည့် အချိန်တွင်ပင် လီတောင်ယွန်က စတင် လှုပ်ရှားလိုက်သည်။ ဓားအသိက ကောင်းကင် တစ်ခွင်လုံး ပျံ့နှံ့သွားကာ ဓားစွမ်းအင် မြစ်တစ်စင်း ဖြစ်သွားသည်။ လေဟာနယ်ထဲတွင် လီတောင်ယွန်၏ ပုံရိပ်ယောင်များစွာ ပေါ်လာကာ ဓားတစ်လက်ထဲကို သွားရောက် ပေါင်းစပ်ကြသည်။ ရီဝူချင်းရှိ နေရာကား ဓားစွမ်းအင်မြစ် ဦးတည်ရာ နေရာ ဖြစ်သည်။
ရီဝူချင်းက သူ၏ရှေ့မှ နေရာကို ကြည့်လိုက်သည်။ ချက်ချင်းပင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော ဓား အမှတ်အသားများက ထိုပုံရိပ်ယောင်များ၏ မျက်လုံးများတွင် ဖြစ်ပေါ်လာသည်။ တဖြောက်ဖြောက် မည်လျက် ထိုပုံရိပ်ယောင်များ အားလုံး ချက်ချင်း ပျက်စီးသွားကာ လေထဲတွင် မူလ လီတောင်ယွန်သာ ကျန်နေခဲ့သည်။ သူက ချက်ချင်းပင် အေးစက်စွာ မာန်သွင်းလိုက်လျှင် ဓားစွမ်းအင်က ကြမ်းတမ်းစွာ စီးဆင်းလာပြီး လေထုကို ဖြတ်ကျော်လျက် ရီဝူချင်းထံသို့ တိုးဝင်လာသည်။ သူ၏ စွမ်းအင်များက ဓမ္မအဆင့်ကို ကျော်လွန်ကာ အကာနာအဆင့်၏ စွမ်းရည်များ ဖြစ်သည်။ သာမန် ဓမ္မတန်ခိုးရှင်များ ခုခံရန် မဖြစ်နိုင်ပေ။
ရီဝူချင်းအားလည်း ဓားအသိများ ဖုံးလွှမ်းနေသည်။ ချက်ချင်းပင် သူ၏ ရှေ့ကို တိုးဝင်လာနေသော ဓားအားလှိုင်းထံသို့ သူကိုယ်တိုင်က ဓားတစ်လက်အလား တိုးကပ်သွားသည်။ ချက်ပင်းပင် သူ့ထံ အဆက်မပြတ် စီးဆင်းလာသော ဓားစွမ်းအင်မြစ်အား အလင်းတန်းအလား အလယ်မှ ဖြတ်တောက်လျက် လီတောင်ယွန်ထံသို့ တိုးဝင်သွားသည်။
လီတောင်ယွန်က သူ၏ ဓားအား ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း မဆုံးနိုင်သော ဓားစွမ်းအင်များ စီးဆင်းနေသည်။ သူ၏ ဓားက ကောင်းကင်နှင့် မြေကြီးတို့ ပေါင်းစပ်ကာ တစ်ခုတည်း ပေါင်းစပ် သွားသည့်အလား သူ၏ ခန္ဓာနှင့် ပေါင်းစပ်သွားသည်။ အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်၏ တိုက်ခိုက်မှုကား ဓမ္မအဆင့်များထက် များစွာ အားကောင်းပေသည်။
“ဝှစ်….” ရီဝူချင်းက လီတောင်ယွန် ရှေ့တွင်ပင် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ သူတို့ နှစ်ယောက်ကြားမှ ကွာဟမှုကို သူက ရှင်းလင်းစွာ သိသည်။ ဓမ္မအဆင့်နှင့် အကာနာအဆင့်အား အရည်အသွေးအားဖြင့် အလွန် ကွာခြားသည်။ ထို့ကြောင့် သူက လီတောင်ယွန်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲလှပေသည်။ သို့သော်လည်း တန်ခိုး အဆင့်မြင့်တိုင်း သူ၏ ပြိုင်ဘက်ကို အနိုင်ရမည်ဟု မဆိုလိုပေ။
ထိုအခိုက်တွင် ရီဝူချင်းက သူ၏ ဓားကို ထုတ်လိုက်လျှင် လီတောင်ယွန်၏ နဖူးရှေ့တွင် ဓားတစ်လက် ပေါ်လာသည်။ ထိုဓားကား အလွန်ထက်ရှကာ တိုက်ရိုက် ဆန်သည်။
“ကောင်းကင်ဓား မျက်လုံး နည်းစနစ်….” ရုတ်တရက် လီတောင်ယွန်က တစ်ကိုယ်လုံး တင်းကျပ် သွားသည်ကို ခံစားလိုက်ရသည်။ တိုက်ပွဲအစက သူ၏ပုံရိပ်များက ချက်ချင်း ဖျက်ဆီး ခံရသည်ကို နားမလည်ခဲ့ပေ။ သို့သော် ထိုဓားက သူ၏ နဖူးရှေ့တွင် ပေါ်လာသော အခါ ရီဝူချင်းက ဓားမျက်လုံးကို လေ့ကျင့်ကြောင်း ချက်ချင်း သိလိုက်သည်။ လီတောင်ယွန်က ဓားမျက်လုံး နည်းစနစ်ကို သိသော်လည်း ဓားမျက်လုံးကို ပိုင်ဆိုင်သောသူနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးပေ။
လီတောင်ယွန်တွင် စဉ်းစားနေရန် အချိန်မရှိပေ။ သူ၏ ဓားက သူ၏ နဖူးသို့ ဦးတည်လာသော ဓားသို့ ဦးတည်လိုက်သည်။ သူက ဓားမျက်လုံး နည်းစနစ်ကို သိနားလည်ရာ ဤဓားက အတုအယောင် မဟုတ်ဘဲ အမှန်ပင် သေကွင်းသေကွက်ကို ဦးတည် လာနေကြောင်း သိသည်။
“မကောင်းတော့ဘူး….” လီတောင်ယွန်၏ ခန္ဓာကိုယ်က တင်းကျပ် သွားသည်။ ကောင်းကင်ဓား မျက်လုံးနည်းစနစ်က တစ်ဖက်လူ၏ အမြင်နှင့်လုံးဝ ကွဲပြား စေတတ်သော စွမ်းရည်ရှိသည်။ ထိုသို့တွေးမိလျှင် လီတောင်ယွန်က ရှိရှိသမျှသော ဓားစွမ်းအင်များကို စုစည်းကာ သူ၏ ဓားအား အရပ်မျက်နှာ အားလုံးကို ဝှေ့ယမ်း ကာကွယ်လိုက်သည်။
ဓားက နောက်ဆုံး ရောက်ရှိလာသည်။
လီတောင်ယွန်က ထိုဓားအား ကာကွယ်လိုက်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ရီဝူချင်း၏ နဖူးမှ ငွေရောင် ဓားငယ်တစ်လက် ထွက်ပေါ်လာကာ လီတောင်ယွန်၏ နဖူးထံသို့ အလွန်အမင်း လျင်မြန်သော နှုန်းဖြင့် ပြေးဝင်သွားသည်။ ထိုမြင်ကွင်းက လို့လန်ရှေးဟောင်း နယ်မြေမှ အတိုင်း လုံးဝ တူညီနေသည်။ ဤနည်းဖြင့်ပင် ရီဝူချင်းက သူ့အား ဒဏ်ရာရစေခဲ့သည်။ ရီဝူချင်းက ဤနည်းက နောက်ထပ် အလုပ်ဖြစ်မည်ဟု ထင်နေသည်လား။
ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် စုစည်းလာနေကာ လီတောင်ယွန်၏ နဖူးမှ ထွက်ပေါ်လာပြီး ရောက်ရှိလာသော ငွေဓားငယ်ကို ကာကွယ်လိုက်သည်။ သို့သော်လည်း ထို အလွန် လင်းလက် တောက်ပသော ငွေဓားငယ်ကား သူ၏ နဖူးကို မူလကတည်းက ဦးတည်နေခဲ့ခြင်း မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ထိုဓားငယ်က လီတောင်ယွန်၏ ဓားအား ဖြတ်ကျော်သွားပြီး ကွေ့ပတ်သွားကာ သူ၏ နားစည်အား ထွင်းဖောက် သွားသည်။
ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဓားစွမ်းအင်က တိုက်ပွဲ စည်းဝိုင်းထဲတွင် ရှိနေသေးသော်လည်း မူလကလို ကြမ်းတမ်းခြင်း မရှိတော့ပေ။ ရုတ်တရက် ထိုအရာက တိတ်ဆိတ် သွားကာ တဖြည်းဖြည်းနှင့် ပျောက်ကွယ် သွားသည်။
လီတောင်ယွန်နှင့် ရီဝူချင်းတို့က မျက်နှာချင်းဆိုင် ရပ်နေကာ တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်နေသည်။
လီတောင်ယွန်က မျက်လုံးအား ပြူးကျယ်လျက် သူ့ရှေ့မှ မြင်ကွင်းအား ရှင်းလင်းစွာ ကြည့်ရန် ကြိုးစားသည်။ အမှန်တကယ်လည်း သူက ထိုအကွက်ထဲတွင် နောက်တစ်ကြိမ် အလှည့်စား မခံခဲ့ရပေ။ သို့သော်လည်း ရီဝူချင်းက ကောင်းကင်ဓား မျက်လုံးကို ပိုင်ဆိုင် ထားသည်ကို သူမေ့သွားသည်။ ထိုရင်းနှီး ကျွမ်းဝင်သော ဓားကို ယခုကား ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။
“အခုက စပြီးတော့ လီတောင်ယွန် ဆိုတာ ဒီလောကကြီးထဲမှာ မရှိတော့ဘူး…..” ရီဝူချင်းက ပြောသည်။ သူက နောက်လှည့်ကာ ထွက်ခွာ သွားသည်။
လီတောင်ယွန်၏ ဘယ်နှင့်ညာ နားနှစ်ဖက်လုံးမှ သွေးများ စီးကျလာသည်။ သူကား ထိုနေရာတွင် ရုပ်တု တစ်ခုအလား ရပ်နေကာ ရီဝူချင်း၏ နောက်ကျောအား စိုက်ကြည့်နေသည်။
ထိုစဉ်က ရှေးဟောင်း လို့လန်တွင် သူက ဖူယွန်ဓားကလန်က ဖြစ်ကြောင်း မောက်မာ ဝင့်ကြွားစွာ ပြောခဲ့သည်။
ယနေ့တွင် ရီဝူချင်းက သူ့အား စကားတစ်ခွန်း ပြန်ပြောခဲ့သည်။ ယနေ့မှ စ၍ လီတောင်ယွန်ကား လောကကြီးထဲတွင် ရှိတော့မည် မဟုတ်ပေ။
ဝုန်းခနဲ လီတောင်ယွန် မြေပြင်သို့ ပြိုလဲသွားသည်။ ပထမ တောင်ကုန်း၏ ပါရမီရှင် လီတောင်ယွန်ကား သတ္တမ တောင်ကုန်းမှ တန်ခိုးအဆင့်နိမ့်သော ရီဝူချင်းထံတွင် ဤသို့သော နည်းဖြင့် အသတ်ခံလိုက် ရသည်။
“အနိုင်ရသူက ဖူယွန်ဓားကလန် သတ္တမ ဓားတောင်ကုန်းရဲ့ ဓားဝိဇ္ဇာ ရီဝူချင်းပဲ…..” အသံတစ်သံ လေထုထဲ ပျံ့နှံ့သွားသည်။ တိုက်ပွဲနေရာ အနီးမှ လူများ အားလုံးက ထိုအသံကို ကြားကာ ထိတ်လန့် သွားကြသည်။ ဤသို့ဆိုလျှင် ရီဝူချင်းကား သတ္တမ တောင်ကုန်း၏ ဓားဝိဇ္ဇာတစ်ယောက် ဖြစ်နေလေပြီ။ သူက ဓားမျက်လုံးအား လေ့ကျင့်ပြီး အကာနာအဆင့်မှ လီတောင်ယွန်အား အနိုင်ယူခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset