Switch Mode

အပိုင်း (၂၄၇)

ရီဖူရှင်း၏ နာမည်

ယနေ့ နန်ကုန်း မိသားစု အကြီးအကဲ၏ မွေးနေ့ဖြစ်သည်။ မွေးနေ့ပွဲ ကျင်းပနေသော နေရာတွင် ထိုင်ခုံများကား ဧည့်သည်များနှင့် ပြည့်နှက်နေသည်။ နေရာပေါင်းစုံမှ တန်ခိုးရှင်များက ဂုဏ်ပြု လက်ဆောင်များနှင့် တက်ရောက် လာကြသည်။
ထိုအခိုက်တွင် လူကြီးများက တစ်နေရာတွင် စုစည်းနေကြပြီး လူငယ်များက တစ်နေရာတွင် စုစည်းနေကြ၏။ လူငယ်များ ရှိနေရာတွင်ကား နန်းကုန်း မိသားစု၏ မင်းသမီးလေး နန်းကုန်းကျာ ရှိနေသည်။
နန်းကုန်းကျာအပြင် ကျောင်းတော်မှ သူမ၏ သူငယ်ချင်း အချို့တို့လည်း ရှိနေသည်။ နန်းကုန်းကျာကား သူမ၏ မိတ်ဆွေများနှင့် စကားပြောနေသည်။ သူမထံမှ အနည်းငယ်သော ဝင့်ကြွားမှု များကိုလည်း မြင်နေရသည်။ အတိတ်ကကား သူမက လူငယ်များ အကြားမှ ပါရမီရှင် တစ်ယောက်မျှသာ ဖြစ်သည်။ ယခု သူမက ကျောင်းတော်ကို တက်ရောက်နေရာ သူမ၏ အဆင့်အတန်းက ပိုမို မြင့်မား လာနေသည်။
သိပ်မဝေးသော တစ်နေရာတွင် နန်းကုန်းလီက ထိုဆွဲဆောင်မှု ရှိသော မျက်နှာလေးကို ကြည့်ကာ မနာလိုစိတ်များ ကြီးမားစွာ ဖြစ်ပေါ်နေသည်။ သူမကား သူ၏ ဝမ်းကွဲညီမ ဖြစ်သော်လည်း မိသားစုတွင် သူမ၏ အဆင့်ကား အလွန် မြင့်မားပေသည်။
“အဲဒါ ပါရမီရှင် သခင်မလေးပဲ…. နောက်ဆို ဒီထက် ပိုကြိုးစား…. မင်းက ကျင်းဝူ ကျောင်းတော်မှာပဲ တက်ရောက်ပေမဲ့ မင်းက နန်းကုန်းကျာထက် အားနည်းပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်က မိသားစုထဲမှာ နိမ့်ကျနေလို့ မရဘူး….” သူ၏အဖေ နန်းကုန်းချန်းက ပြောသည်။  “ဟွာဖန်းလူမှာ တန်ခိုးကျင့်တဲ့ ရတနာ ရှိပုံရတယ်…. နောက်ဆုံး အကြိမ်က ငါက အားကောင်းတဲ့ နိုဘယ်အသိကို ခံစားရတယ်…. ဒါကို ငါရတဲ့အခါ ဒီရတနာက မင်းရဲ့ လေ့ကျင့်တဲ့ နေရာမှာ အများကြီး အကူအညီ ဖြစ်မှာပဲ….”
နန်းကုန်းလီက ခေါင်းညိတ်ကာ ပြောသည်….“ဒါဆို တန်ဝမ်…”
“ဒါက မိန်းမ တစ်ယောက်ပဲ မလား… မင်းက တကယ် လိုချင်တယ် ဆိုရင် ငါတို့က ဟွာဖန်းလူနဲ့ တခြားလူတွေကို ရှင်းပစ်ရဦးမယ်…. မင်းမှာ အခွင့်အရေး အများကြီး ရှိတယ်… ဒါပေမဲ့ မင်းရဲ့အချိန်တွေကို မိန်းမတွေဆီမှာ သိပ်မကုန်စေနဲ့….” နန်းကုန်းချန်းက လေးနက်စွာ ပြောသည်။ သူကလည်း လှပသော မိန်းမများကို သဘောကျသည်။ ဥပမာ ဟွာဖန်းလူ၏ မိန်းမများမှာ အလွန် ချောမော လှပကြသည်။ သို့သော်လည်း တန်ခိုးရှင် လောကတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို လိုချင်လျှင် အင်အားရှိရန် လိုပေသည်။ သူ့တွင် လုံလောက်သော အင်အားရှိပါက ထိုမိန်းမများကို သူ ပိုင်ဆိုင် နိုင်ပေသည်။
နန်ဒူဝန်ယမ်၏ လှပသော ခန္ဓာကိုယ်အား ပြန်တွေးမိလျှင် သူ၏ မျက်လုံးများက မကောင်းသော အငွေ့အသက်များ ယှက်သန်း လာသည်။ အကယ်၍ အခွင့်အရေး ရခဲ့လျှင်…..။
သူ၏ အတွေးများကို ပြန်ရုပ်သိမ်း လိုက်ကာ သူက နန်းကုန်းလီအား ပြောသည်… “သွားပြီးတော့ နန်းကုန်းကျာနဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်….”
“ဟုတ်ကဲ့….” နန်းကုန်းလီက ခေါင်းညိတ်လျက် နန်းကုန်းကျာရှိသော နေရာသို့ လျှောက်သွားသည်။ နန်းကုန်းကျာ၏ အနီးသို့ ချဉ်းကပ်လျက် သူက ပြောသည်… “ညီမ… မတွေ့ရတဲ့ ရက်တွေ တော်တော် ကြာသွားပြီးနောက် မင်းက အရင်ကထက် လှလာတာပဲ….”
နန်းကုန်းကျာက ခေါင်းမော့လျက် နန်းကုန်းလီအား တစ်ချက် ကြည့်သည်။ အသာအယာ ခေါင်းညိတ်ကာ သူမ၏ မျက်လုံးအား တစ်ဖက်သို့ လှည့်သွားပြီး မည်သို့မှ ပြန်မပြောပေ။
“အဘိုး လာပြီ…” နန်းကုန်းကျာက တစ်နေရာကို ကြည့်ပြီး သူမ၏ မိတ်ဆွေများအား အသာအယာ ပြောသည်။ နန်းကုန်းလီက သက်သောင့်သက်သာ မရှိသလို ခံစားရသည်။ သို့သော် နန်းကုန်းကျာ၏ အဆင့်အတန်းဖြင့် သူက ထိုသို့ ပြုမူ ဆက်ဆံ ခံရသည့်တိုင် အရှက်ရသလို မခံစားရပေ။
“အဲဒီကို သွားရအောင်….” နန်းကုန်းကျာက ပြောသည်။ ထို့နောက် သူတို့ အုပ်စုက ထိုအကြီးအကဲထံသို့ လျှောက်သွား လိုက်ကြသည်။
“ကျာကျာ…” နန်းကုန်းကျာ လျှောက်လာသည်ကို မြင်လျှင် အကြီးအကဲက ပြုံးသည်။
“အဘိုး… သူတို့တွေက သမီးရဲ့ သူငယ်ချင်းတွေပဲ… သူတို့ကလည်း ကျောင်းတော်ကပဲ…..” နန်းကုန်းကျာက မိတ်ဆက်သည်။
“ကောင်းတယ်… မင်းတို့အားလုံးက တကယ့်ပါရမီရှင်တွေပဲ…. ကျုပ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာကာ ဂုဏ်ယူစရာပဲ….” အကြီးအကဲက ယဉ်ကျေးစွာ ပြောသည်။
“စီနီယာ…. ခင်ဗျားက အရမ်း ယဉ်ကျေးတာပဲ….” နန်းကုန်းကျာ၏ မိတ်ဆွေများက ဦးညွှတ်လျက် ပြောကြသည်။ အကြီးအကဲက ပြုံးလျက် ပြောသည်… “ကျောင်းတော်က တပည့်တွေရဲ့ ဟန်အမူအရာက တကယ် ကွဲပြားတာပဲ…”
ထိုအခိုက်တွင် အစေခံတစ်ယောက် ရောက်လာပြီး ပြောသည်… “သခင်မလေး… လူတစ်ယောက် ရောက်လာပြီး သခင်မလေး အတွက် ဆိုပြီး စာတစ်စောင် လာပေးတယ်…. သူက စာအုပ်တောင်ကလို့ ပြောသွားတယ်…”
“သူက ဘယ်သူလို့ ပြောသွားလဲ….” နန်းကုန်းကျာက အံ့အားသင့်စွာ ပြောသည်။ စာအုပ်တောင်က သူမအား စာလာပေးသည်။ ထိုအဖြစ်က ပုံမှန်မဟုတ်ပေ။
“အသက် ဆယ့်ရှစ်နှစ်လောက် ရှိတဲ့ လူငယ်တစ်ယောက်ပဲ…. သူ့ရဲ့ ဟန်အမူအရာက သာမန် မဟုတ်ဘူး….” အစေခံက ပြောသည်။ သူ၏ ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါကြောင့် မဟုတ်လျှင် သူမကလည်း စာအား လာရောက် ပို့်ဆောင်ရဲမည် မဟုတ်ပေ။
နန်းကုန်းကျာကား ပိုမို၍ နားမလည်တော့ပေ။ ထို့နောက် သူမက စာအား ဖွင့်ဖတ်လိုက်သည်။ စာထဲတွင်ကား စာကြောင်း အနည်းငယ်မျှသာ ပါသည်။ ပို့သူ၏ နာမည်ကို မြင်လျှင် သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော အငွေ့အသက်များ ယှက်သန်း သွားသည်။
ခေါင်းမော့လျက် သူမက ထပ်ပေးသည်….“အဲဒီလူရဲ့ ရုပ်ရည်က ဘယ်လိုနေလဲ…”
အစေခံ မိန်းကလေးက ပြောသည်…“အရမ်းချောတယ်… သူ့လို ချောတဲ့လူ ရှားတယ်….”
နန်းကုန်းကျာ ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ မှားယွင်းစရာ အကြောင်း မရှိပေ။
လွန်ခဲ့သော လအနည်းငယ်က ချင်ပြည်ထောင်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ များကို ပြန်တွေးမိလျှင် နန်းကုန်းကျာ ကျောစိမ့်သွားသည်။
“ဘာဖြစ်လို့လဲ ကျာကျာ….” သူမ၏ အဘိုးက ဘေးတွင် ရပ်နေလျက်က မေးသည်။
“အဘိုး…ကြည့်ပါ….” နန်းကုန်းကျာက စာအား သူမ၏ အဘိုးကို ပေးလိုက်သည်။
အကြီးအကဲက စာအား ဖတ်လိုက်လျှင် သူမ၏ မျက်လုံးက ရုတ်တရက် အေးစက်သွားသည်… “သူဆိုတာ သေချာလား….”
“မမှားလောက်ဘူး….” နန်းကုန်းကျာက ခေါင်းညိတ်သည်။
ခွေးကောင်…။
ချင်ပြည်ထောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို လူတိုင်း သိသည်။ ဒွန်ဟွာကလန်က ကော့တေးတပည့်အား အနိုင်ကျင့်ခဲ့ရာ ကော့တေးမှ တတိယ တပည့်နှင့် စတုတ္ထ တပည့်တို့က ချင်ပြည်ထောင်ကို သွားကာ ဒွန်ဟွာကလန်မှ နိုဘယ် တစ်ယောက်အား တန်ခိုးအစွမ်း ဖျက်ဆီးခဲ့သည်။
ယခု ဤခွေးကောင်က အမှန်ပင် သူ့အား သွားရောက် ရန်စသည်။ သူက နန်းကုန်း မိသားစုကို ကံဆိုးမိုးမှောင် ကျရောက် စေလိုသည်လား။ ဤသည်ကို တွေးမိကာ သူ၏ ဒေါသအား ထိန်းချုပ်လျက် မေးသည်… “နန်းကုန်းချန်းနဲ့ သူ့သား ဘယ်မှာလဲ….”
အဝေးမှ နန်းကုန်းချန်းက သူ၏နာမည်ခေါ်သံကို ကြားလျင် အံ့အားသင့် သွားသည်။ သူက အကြီးအကဲထံသို့ လျှောက်သွားပြီး ဦးညွှတ်လျက် မေးသည်… “ဦးလေး… ဘာကိစ္စရှိလဲ မသိဘူး….”
“မင်းရဲ့ သားက မိန်းကလေး တစ်ယောက်ကို ပိုးပန်းနေတယ်လို့ ငါကြားတယ်….” အကြီးအကဲ၏ အသံကား မည်သို့မှ မဖြစ်ခဲ့သလို တည်ငြိမ်နေသည်။
နန်းကုန်းချန်း အံ့အားသင့် သွားသည်။ သူက ဤကိစ္စကို မည်သို့ သိသွားသနည်း။
“အမှန်ပဲ ဦးလေး… ဒီလို အသေးအမွှား ကိစ္စကို ရုတ်တရက် ဘာလို့ မေးတာလဲ….” နန်းကုန်းချန်းက အံ့အားသင့်စွာ မေးသည်။
“သူ အောင်မြင် သွားသလား….” အကြီးအကဲက ထပ်မေးသည်။
“မအောင်မြင်ပါဘူး… ဦးလေး….” နန်းကုန်းချန်းက ခေါင်းယမ်းကာ ပြောသည်။ သူက ပိုမို၍ နားမလည်တော့ပေ။
“ဟင်း… ဒီမိန်းမက နန်းကုန်း မိသားစုက လူကို ငြင်းရဲတာလား…. မင်းမှာ ဘာအစီအစဉ်မှ မရှိဘူးလား…..” အကြီးအကဲက အေးစက်စွာ ပြောသည်။
နန်းကုန်းချန်းက အံ့အားသင့် သွားသည်။ သူ၏ ဦးလေးက ဤကိစ္စကို မည်သို့ သိသွားသည်ကို သူနားမလည်ပေ။ သို့သော် ကြည့်ရသည်မှာ ကိစ္စက သိပ်ကြိုးစားစရာ မလိုဘဲ အဆင်ပြေတော့မည့်ပုံ ပေါ်နေသည်။
“ဒါက ကျင်းဝူကျောင်းတော်က တပည့်မ တစ်ယောက်ပါ… သူမရဲ့မိသားစုက အရမ်း ခေါင်းမာပြီးတော့ နန်းကုန်း မိသားစုကို သိပ်ဂရုမစိုက်ဘူး… ကျွန်တော်က ဒီကိစ္စကို ဖြေရှင်းတော့မလို့ ကြံနေပါတယ်…” နန်းကုန်းချန်းက ပြောသည်။
“မင်းက ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ….” အကြီးအကဲက ပြောသည်။
“စိတ်မပူပါနဲ့ ဦးလေး… ကျွန်တော်က သေသေချာချာ ဖြေရှင်းပါ့မယ်…” ယနေ့တွင် အပြင်မှ လူများလည်း အများအပြား ရောက်နေကြသည်။ ထို့ကြောင့် နန်းကုန်းမိသားစုက တခြား လူများအား အနိုင်ကျင့်သည့် ကိစ္စကို လူအများရှေ့တွင် ပြော၍ မရပေ။
“ဒါဆို အဲဒီ မိန်းကလေးကိုရော…” အကြီးအကဲက ထပ်မေးသည်။
“အာ….” နန်းကုန်းချန်းက ပတ်ဝန်းကျင်ကို ကြည့်ကာ မည်သို့မှ မပြောပေ။ အကြီးအကဲက အရာအားလုံးကို နားလည်သွားကာ ကျောချမ်းသွားသည်။
အကယ်၍ နန်းကုန်းချန်းကသာ အတင်းအကျပ် ကြံစည်ခဲ့လျှင် အကျိုးဆက်အား သူမတွေးရဲပေ။ ကော့တေး၏ တတိယ တပည့်က မည်သို့ ကျော်ကြား လာသည်ကို သူသိသည်။ ထိုအချိန်က နန်းကုန်း မိသားစုထက် အင်အား အဆင်မတန် ကြီးမားသော ထိပ်သီး မိသားစုတစ်ခုက ဤသို့သော အရေးမပါသော ကိစ္စအသေးအမွှားကြောင့် အရှေ့မြေရိုင်း ဒေသမှ လုံးဝ ပျောက်ကွယ် သွားရသည်။
ယခု နန်းကုန်း မိသားစုကလည်း ထိုခြေလှမ်းနောက်ကို လိုက်လုနီးပါးပင်။
“အရမ်း ကောင်းတယ်….” အကြီးအကဲ၏ ထိန်းချုပ်ထားသော ဒေါသကာ ပေါက်ကွဲ ထွက်သွားကာ အော်ဟစ်လိုက်သည်… “လာကြစမ်း… ဒီကောင် နှစ်ကောင်ကို ဖမ်းချုပ်ပြီး အစွမ်းတွေ ဖျက်ဆီးပစ်စမ်း….”
ရုတ်တရက် ပေါက်ကွဲ ထွက်လာသော အသံကား မိုးခြမ်းသံအလား ထွက်ပေါ်လာသည်။ နန်းကုန်းချန်းတို့ သားအဖက မည်သို့ ဖြစ်သွားသည်ကို မသိဘဲ မှင်တက်စွာ ရပ်နေကြသည်။
သူတို့ နှစ်ယောက်လုံးအား ဖမ်းဆီး ခိုင်းသည်လား။
ပတ်ဝန်းကျင်မှ လူများကလည်း အံ့အားသင့် သွားကြသည်။ ဘာဖြစ်ပျက် နေသနည်း။
“ဦးလေး…” နန်းကုန်းချန်းက တုန်ယင်စွာ ခေါ်လိုက်ကာ အခြေအနေကို နားမလည်တော့ပေ။ သို့သော်လည်း အကြီးအကဲ၏ မျက်လုံးထဲမှ လူသတ်လိုသော အငွေ့အသက်များကို ခံစားမိလျှင် သူ့အား ကျီစယ်နေခြင်း မဟုတ်ကြောင်း သိသည်။
“ငါပြောတာ မကြားကြဘူးလား…” အကြီးအကဲက အော်ဟစ်လိုက်သည်။ မကြာမီက ဒွန်ဟွာကလန်၏ နိုဘယ်ပင်လျှင် တန်ခိုးအစွမ်း ဖျက်ဆီးခံရသည်။ သူက လျင်မြန်စွာ မဖြေရှင်းလျှင် ကော့တေးမှ လူများ သူ့အိမ်ကို ရောက်လာကြမည် ဖြစ်သည်။
စာတွင် ဖြစ်စဉ် အကျဉ်းကို ယဉ်ကျေးစွာ ပြောပြထားသည့်တိုင် သူက တွန့်ဆုတ် မနေရဲပေ။
“ဒီနေ့ စားပွဲကို ဖျက်လိုက်တော့…” အကြီးအကဲက ဒေါသတကြီးဖြင့် ဆက်လက်၍ အော်ဟစ်သည်။
နန်းကုန်းမိသားစုမှ တန်ခိုးရှင် အနည်းငယ်က နန်းကုန်းချန်းနှင့် နန်းကုန်းလီတို့ထံ လျှောက်သွား လိုက်ကြသည်။ ထိုအခိုက်တွင် သူတို့နှစ်ယောက်ကား မည်သို့ ဖြစ်ပျက် နေသည်ကို နားမလည်သေးပေ။ သို့သော်လည်း သူတို့က ပြန်လည် မခုခံရဲရာ လျင်မြန်စွာပင် ဖမ်းချုပ်ခံရသည်။
“ဦးလေး… ဘာလို့လဲ….” နန်းကုန်းချန်းက ပြန်လည် အော်ဟစ်သည်။ နန်းကုန်းလီကား ကြောက်ရွံ့လွန်း သဖြင့် သူ၏ မျက်နှာများပင်လျှင် ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
ဧည့်သည်များကလည်း အခြေအနေကို ကြည့်ကာ နားမလည် ကြတော့ပေ။ စားပွဲက ရုတ်တရက် အော်ဟစ်သံနှင့်အတူ လူနှစ်ယောက် ဖမ်းချုပ်ခံရပြီး စားပွဲကိုလည်း ဖျက်လိုက်သည်။
မကြာမီ လွန်စွာ နာကျင်သောကြောင့် အော်ဟစ်သံများ ထွက်လာသည်။ နန်းကုန်းချန်းနှင့် နန်းကုန်းလီတို့ကား တန်ခိုးအစွမ်းများ ဖျက်ဆီးခံရကာ မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်း နေကြသည်။
“ဒီကောင်တွေကို ခေါ်ပြီး ငါ့နောက်ကို လိုက်ခဲ့… ကျာကျာ… သမီးလည်း လိုက်ခဲ့…” အကြီးအကဲက ပြောသည်။ နန်းကုန်းကျာက ခေါင်းညိတ်သည်။ သူမကား ကျောင်းတော်မှ တပည့်ဖြစ်ပြီး ရီဖူရှင်းကလည်း စာအား သူမထံကို ပို့ခဲ့သည်။ သူမက ဤကိစ္စတွင် လိုက်ပါ ဖြေရှင်းပေးသည်က ပိုမို၍ သင့်တော်ပေသည်။
နန်းကုန်းကျာ ကိုယ်တိုင်ကလည်း အခြေအနေကို နားလည်မိကာ အလွန်အမင်း ထိတ်လန့်ရသည်။ သူမက ကျောင်းတော်၏ တပည့် ဖြစ်သော်လည်း ရီဖူရှင်းက ကော့တေးတွင် မည်သို့သော အဆင့်အတန်း ရှိသည်ကို သူမ သိနားလည်သည်။
“ဒါ…”
“စီနီယာ… ခင်ဗျား ဘယ်ကို သွားနေတာလဲ….” အနီးမှ ဧည့်သည်များက လျှောက်လာကာ မေးသည်။ အကြီးအကဲက ရုတ်တရက် ဒေါသထွက်လာကာ မွေးနေ့ပွဲအား ဖျက်လိုက်သည်။ ကြည့်ရသည်မှာ ထိုချုပ်နှောင်ထားသော နှစ်ယောက်က မိသားစုကို ကံဆိုမိုးမှောင် ကျအောင် လုပ်ခဲ့ပုံရသည်။ သို့သော် ထိုနှစ်ယောက်က မည်သူ့ကို သွားရောက် ပြဿနာ ရှာခဲ့သည်ကို သူတို့ မသိကြပေ။
“ဒီခွေးကောင် နှစ်ကောင်က ကော့တေးက ရီဖူရှင်းကို သွားပြီး ပြဿနာ ရှာတယ်….” အကြီးအကဲက ဒေါသတကြီး ပြောသည်။ ထိုအနီးမှ လူတိုင်းက ထိုစကားကို ကြားလျှင် အလွန်အမင်း ထိတ်လန့် သွားကြသည်။
ကော့တေးမှ ရီဖူရှင်းအား ပြဿနာ သွားရှာသည်လား။
တူညီသော အဖြစ်အပျက်တစ်ခု ချင်ပြည်ထောင်တွင် မကြာမီက ဖြစ်ပျက်ခဲ့သည်။ လူတိုင်းက ထိုအဖြစ်အပျက်အား သိကြသည်။ ထိုအချိန်က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကော့တေးနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။ သူတို့ကား အရှေ့မြေရိုင်း ဒေသ၏ အင်အား အကြီးဆုံး ကလန်နှင့် တိုင်းပြည် ဖြစ်သည်။ ယခုကား နန်းကုန်း မိသားစုမျှသာ။
“ရီဖူရှင်း….” တန်ခိုးအစွမ်း အဖျက်ခံသော နန်းကုန်းချန်းကား နားမလည်သေးပေ။ ထိုစဉ် သူက ဟွာဖန်းလူ၏ တပည့်ဖြစ်သူ လူငယ်လေးအား ပြန်တွေးမိသည်။ ချက်ချင်းပင် သူ၏ မျက်နှာက လုံးဝ သွေးဆုတ် သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset