Switch Mode

အပိုင်း (၂၃၈)

အခမ်းအနားကို တက်ရောက်ခြင်း

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကား ထိပ်သီး အင်အားစု နှစ်ခုဖြစ်သည်။ သူတို့က နိုဘယ် တစ်ယောက်နှင့် ဓမ္မတန်ခိုးရှင် များစွာကို ဓမ္မအဆင့် လေးမျှသာ ရှိသော ရီဖူရှင်းနှင့် ယူချင်အား ဝိုင်းဝန်း တိုက်ခိုက်စေသည်။
ကော့တေးကား ဤသို့သော နည်းဖြင့် မည်သည့်အခါကမှ အနိုင်ကျင့် မခံဖူးချေ။
ဤကိစ္စကား အရေးကြီး ပေသည်။
လျိုဖန်း၏ စကားကို ကြားလျှင် ဤကိစ္စက ထိန်းချုပ်ရ ခက်လာပြီ ဖြစ်သည်ကို လူအများက သိလိုက်ကြသည်။ လူငယ်များ အကြားမှ တိုက်ပွဲကား ထိန်းချုပ်၍ ရသေးသည်။ သို့သော် နိုဘယ် တစ်ယောက်က ကော့တေး၏ တပည့်အား သေမလိုဖြစ်အောင် တိုက်ခိုက်ခဲ့သည်။ ကော့တေးက ဤကိစ္စကို မည်သို့ လွှတ်ပေး နိုင်မည်နည်း။
လူငယ်များ အကြားမှ တိုက်ပွဲက နိုဘယ်များအကြား တိုက်ပွဲသို့ ပြောင်းသွားသည်။ ထို့နောက် အင်အားစု နှစ်ခုအကြား တိုက်ပွဲသို့ ပြောင်းသွားနိုင်သည်။
ကောင်းကင်မှ နိုဘယ်များစွာက လျိုဖန်းအား ကြည့်ကာ အမူအရာများ လေးနက် လာကြသည်။ အကြီးအကဲ တစ်ယောက်က ပြောသည်…. “ဒီနေ့ နှစ်ဖက်လုံးက အမှားလုပ်ခဲ့တယ်…. မင်းက ချင်ပြည်ထောင်ကို မျက်နှာသာပေးပြီး ဒီကိစ္စကို ဆွေးနွေး အဖြေရှာရင် ဘယ်လိုလဲ…..”
“ဒီနေ့ ဘယ်သူက ကော့တေးကို မျက်နှာသာ ပေးခဲ့လဲ….” လျိုဖန်းက နှာခေါင်းရှုံ့လိုက်ကာ ကောင်းကင်မှ လူများကို ကြည့်လိုက်သည်။ ထို့နောက် သူက ယူချင်းအား တိုက်ခိုက်ခဲ့သော နိုဘယ်အား လက်ညှိုးထိုးလျက် ပြောသည်…. “ကျုပ်က တစ်ခွန်းပဲ မေးမယ်…. ခင်ဗျားတို့က သူ့ကို ထုတ်ပေးမှာလား…..”
ချင်ပြည်ထောင်မှ အကြီးအကဲက မျက်မှောင်ကြုတ် လိုက်သည်။ လျိုဖန်းကား အထက်စီး ဆန်လှသည်။
ကော့တေးမှ လူများ အားလုံးကား တူညီသော စရိုက်ရှိသည်။ ထိုအရာကား မောက်မာ ဝင့်ကြွားကာ အထက်စီး ဆန်ခြင်းပင်။
“ကျုပ်က မင်းကို မမေးရသေးဘူး…. ဒွန်ဟွာကလန်က တပည့်တွေ အများကြီး ဒဏ်ရာရတယ်…. မင်းက ဒီအတွက် ဘယ်လို ဖြေရှင်းမလဲ…..” ဒွန်ဟွာကလန်မှ နိုဘယ် တစ်ယောက်က မေးလိုက်သည်။ သူက ဒွန်ဟွာကလန်မှ တပည့်များ၏ ဆိုးရွားသော အခြေအနေများကို အေးစက်စွာ ကြည့်လိုက်သည်။
“သူတို့က ဓမ္မအဆင့်လေး လူငယ် နှစ်ယောက်ဆီမှာ ဒီအခြေအနေ ဖြစ်အောင် အထိ အနိုင်ကျင့်ခံရတယ်….. မင်းက ဒီလို မေးရဲသေးတာလား….” လျိုဖန်းက တစ်ချက် ပြုံးလိုက်ကာ ပြောသည်….. “မင်းတို့က အရှေ့မြေရိုင်း ဒေသရဲ့ အကောင်းဆုံး ကလန်နာမည်နဲ့ လိုက်တယ်….” သူ၏ စကားက ထိချက်ပြင်းလှသည်။ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီးကလန်၏ တပည့် တစ်အုပ်စုက ဓမ္မအဆင့်လေး တပည့်နှစ်ယောက်ထံတွင် အလွန် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက အလွန် ရှက်စရာ ကောင်းသွား ပေတော့မည်။ ထို့အပြင် မူလကတည်းက ဒွန်ဟွာကလန်က စတင်၍ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
“ကျုပ်တို့ ချင်ပြည်ထောင်က လူတိုင်းကို အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်…. မနက်ဖြန်က အိမ်ရှေ့စံနှင်းအပ်ပွဲ အခမ်းအနားပဲ…. ကော့တေးက ဒီအချိန်မှာ တကယ်ပဲ ပြဿနာ ရှာချင်တာလား…..” ချင်ပြည်ထောင်မှ အကြီးအကဲက လျိုဖန်းကို ကြည့်လျက် ပြောသည်။ လျိုဖန်း၏ စကားမျှဖြင့် ဒွန်ဟွာကလန်၏ နိုဘယ် တစ်ယောက်အား ထုတ်ပေးမည် ဆိုသည်က မဖြစ်နိုင်ပေ။
“ဟင်း… ဒါဆို ကျုပ်ကပဲ ပြဿနာ ရှာနေတာပေါ့…” လျိုဖန်းက ပြုံးလိုက်ကာ နောက်ကို လှည့်လိုက်သည်။ နောက်ထပ် ဆွေးနွေး၍ မည်သို့မှ အကျိုး မရှိတော့သည်ကို သူသိသည်။ တခြား အကြောင်းအရာများကို ဘေးဖယ်ထား၍ ဒွန်ဟွာကလန ်နိုဘယ်က ယူချင်းအား တိုက်ခိုက်ခဲ့ခြင်းက သာမန်ကိစ္စ တစ်ရပ် မဟုတ်ပေ။ ယခုကား ကော့တေးက ပြဿနာ ရှာသည် ဖြစ်ရ၏။
“ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်က ပူးပေါင်းတာ မပူးပေါင်းတာက ကော့တေးရဲ့ ကိစ္စမဟုတ်ဘူး… ကျုပ်တို့က ဂရုလည်း မစိုက်ဘူး….ဒါပေမဲ့ မင်းတို့က ကော့တေးကို အနိုင်ကျင့်ဖို့ စဉ်းစားတယ် ဆိုရင်တော့…..” လူတိုင်းအား ကျောခိုင်းလျက် လျိုဖန်းက ပြုံးလိုက်သည်။ သူက ရီဖူရှင်းနှင့် ယူချင်းတို့အနီးကို လျှောက်သွားကာ ပြောလိုက်သည်…. “ငါက ယူချင်းကို ပြန်ခေါ်သွားမယ်…. ချင်ပြည်ထောင်က ကော့တေးကို အခမ်းအနား တက်ရောက်ဖို့ ဖိတ်ခေါ်မှတော့ ညီငယ်လေး… မင်းက ကော့တေးကို ကိုယ်စားပြုပြီး ဒီမှာ ကျန်နေခဲ့…”
“ကောင်းပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။
ဤကဲ့သို့ပင် လျိုဖန်းက ယူချင်းအား ခေါ်ကာ ထွက်သွားသည်။ သူက ရီဖူရှင်းအား ကျန်နေခဲ့ရန် စကားတစ်ခွန်းသာ ပြောခဲ့သည်။ ထိုသို့ ရုတ်တရက် ထွက်ခွာမှုကို မည်သူမှ မမျှော်လင့်ထားပေ။ ထို့အပြင် သူ ရီဖူရှင်းအား ချင်ပြည်ထောင်တွင် ထားခဲ့သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က ရီဖူရှင်းအား တိုက်ခိုက်မည်ကို လုံးဝ စိုးရိမ်ဟန် မရပေ။
ထို့အပြင် များစွာသော အင်အားစုများက သိကြသည်မှာ ဤသို့သော် အခြေအနေမျိုးတွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က ရီဖူရှင်းအား လုံးဝ တိုက်ခိုက်ရဲမည် မဟုတ်ဟူ၍ပင်။ ကော့တေး၏ အစ်ကိုကြီးနှင့် အစ်ကိုသုံးကို ထား၍ ကျောင်းတော်ကလည်း ဤနေရာတွင် ရှိသည်။ ကော့တေးနှင့် ကျောင်းတော်က သိပ်မတည့်သည့်တိုင် သူတို့အား အမှန်တကယ် အားဖြင့် တစ်ဖွဲ့တည်းပင် မဟုတ်ပါလား။ တကယ်တမ်း အင်အားစုချင်း ရင်ဆိုင် တိုက်ခိုက်ကြလျှင် ကျောင်းတော်က ကော့တေးနှင့် ပူးပေါင်းမည်မှာ သေချာလှသည်။ ထို့အပြင် ကောလာဟလများ အရ ကော့တေး၏ ဆရာသခင်ဖြစ်သူ ဆရာဒူက တန်ခိုးကျင့်ခြင်းတွင် သိနားလည်ခြင်း မရှိဟု ပြောကြသည်။ သို့သော် သူက အမှန်တကယ်ကော မသိနားမလည် သည်လား။ ဘုရားမှပင် သိပေရော့မည်။
ထို့ကြောင့် ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့က ရီဖူရှင်းအား အမှန်တကယ် အားဖြင့် ထိရဲမည် မဟုတ်ပေ။
ရီဖူရှင်းက ကောင်းကင်မှ နိုဘယ်များ၊ ချိန်ရှင်းမူ၊ ချင်မုံရိုတို့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အမုန်းတရားများကို မတွေ့ရပေ။ သို့သော် သူ၏ တည်ငြိမ်မှုက တစ်နည်းနည်းဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ထို့နောက် ရီဖူရှင်းက သူနေထိုင်ရာ နေရာသို့ ပြန်လည် ထွက်ခွာ သွားသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကလည်း သူ၏နောက်မှ ကပ်ကာ လိုက်ပါ သွားကြ၏။
“သွားစို့…” စစ်ထိုဝူက ကောင်းကင်မှ လူများကို အေးစက်စွာ ကြည့်ကာ ထိုနေရာမှ ထွက်ခွာ သွားသည်။ ဓားသခင်တောင်မှ လူများလည်း ထွက်သွားကြ၏။ လျိုဖန်းက ထွက်ခွာသွားပြီ ဖြစ်သော်လည်း ဤကိစ္စက မပြီးဆုံးသေးသည်ကို လူတိုင်းက နားလည်ကြသည်။ မဟုတ်လျှင် လျိုဖန်းက ရီဖူရှင်းအား ချင်နန်းတော်တွင် ထားခဲ့မည် မဟုတ်ပေ။
အရှေ့မြေရိုင်း ဒေသတွင် ပဋိပက္ခများ ဖြစ်လာတော့မည်ကို သူတို့အားလုံး သိနေကြသည်။ သို့သော် မည်မျှလောက် ကြီးမားမည်ကိုကား မခန့်မှန်းနိုင်ပေ။ အခြေအနေက သာမန် မဟုတ်သည်ကိုတော့ သိကြသည်။
တခြား အင်အားစုများမှ လူများလည်း ထွက်ခွာ သွားကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများသာ ကျန်နေရစ်၏။ ပတ်ဝန်းကျင်ကား တစ်နည်းနည်းဖြင့် တင်းမာနေသည်။ ဒွန်ဟွာကလန်မှ နိုဘယ် တစ်ယောက်က မေးသည်…. “ဒီနေ့ ဘာတွေ ဖြစ်ခဲ့တာလဲ….”
ချင်ပြည်ထောင်မှ တန်ခိုးရှင်များကလည်း ထိုမေးခွန်းကို မေးလိုနေကြသည်။ ယနေ့ကား ချင်မုံရိုနှင့် ချိန်ရှင်းမူတို့ တွေ့ဆုံပွဲဖြစ်သည်။ တခြား အဖြစ်အပျက်များက သူတို့ စီစဉ်ထားခြင်း မရှိပေ။
ယနေ့ အဖြစ်အပျက်က ထိန်းချုပ်မရအောင် ပြဿနာက ကြီးမားနေသည်။
ချင်မုံရို၏ မျက်လုံးထဲတွင် သက်သောင့်သက်သာ မရှိသော ဟန်အမူအရာကို တွေ့ရသည်။ ပြဿနာကား သူမကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။
“အဲဒါကို ပြန်ပြောနေလို့ အခု အလကားပဲ….” ထိုအခိုက်တွင် လူတစ်ယောက် လျှောက်လာ သည်။ သူကား ချင်ဘုရင်၏မြေး ချင်လီဖြစ်သည်။ သူက ကောင်းကင်မှ နိုဘယ်ကို ကြည့်ကာ ပြောသည်…. “ဒီနေ့ ဒွန်ဟွာကလန်က ဆိုးရွားစွာ ရှုံးနိမ့်ခဲ့တယ်…. ဒါပေမဲ့ ခင်ဗျားတို့က ကော့တေးရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်… ဒါက အရှေ့မြေရိုင်း ဒေသက အင်အား အကောင်းဆုံး ကလန် ဆောင်ပုဒ်နဲ့ မညီဘူး…..”
ဒွန်ဟွာကလန်မှ လူများ အရှက်ရ သွားကြသည်။ ချင်ဘုရင်၏ မြေးပြောသည့် အတိုင်းပင် ဒွန်ဟွာကလန်၏ အခြေအနေကား ကော့တေးထက် များစွာ ဆိုးရွားနေသည်။ ဓမ္မအဆင့် တန်ခိုးရှင် အများအပြားနှင့် နိုဘယ်အချို့က ဒဏ်ရာ အကြီးအကျယ် ရကာ တချို့မှာ တန်ခိုးအစွမ်းများ ဖျက်ဆီးခံရသည်။ ထို့အပြင် လျိုဖန်း၏ ခြိမ်းခြောက် မှုကိုလည်း ခံရ၏။
“ကော့တေးက ဘာလုပ်နိုင်မလဲ… ကျုပ် သိချင်တယ်….” ဒွန်ဟွာကလန်မှ နိုဘယ် တစ်ယောက်က အေးစက်စွာ ပြောသည်။ သူတို့က ဤကိစ္စအား ထပ်မံ၍ မစစ်ဆေးတော့ပေ။ အရေးလည်း မကြီးတော့ပေ။
“ဒွန်ဟွာကလန်က အရှေ့မြေရိုင်း ဒေသက အကောင်းဆုံး ကလန်ဆိုတဲ့အတိုင်း တူညီတဲ့ အရှိန်အဝါရှိဖို့ ကျုပ် မျှော်လင့်တယ်….” ချင်ဘုရင်၏ မြေးက ပြောသည်။ ထို့နောက် သူတို့ကလည်း ထိုနေရာမှ စတင် ထွက်ခွာကြသည်။
ချင်လီက ချင်မုံရိုအား ကြည့်ကာ မေးသည်….“ဒေါ်လေး…. ချိန်ရှင်းမူကို ဘယ်လိုမြင်လဲ….”
ချင်မုံရိုကား ချင်လီထက် မျိုးဆက်တစ်ခု ကြီးသော်လည်း အသက်မူကား မတိမ်းမယိမ်း ဖြစ်သည်။ ချင်မုံရိုကား မင်းသမီးဖြစ်ကာ ချင်လီကား မင်းသား ချင်ယွီ၏ သားဖြစ်သည်။
ချင်မုံရို၏ မျက်လုံးများက လင်းလက်သွားကာ ပြောသည်….“ မဆိုးဘူး….”
“ဒါကောင်းတယ်….” ချင်လီက ညင်သာစွာ ပြုံးသည်…. “ချိန်ရှင်းမူက ဒွန်ဟွာကလန်ရဲ့ ပါရမီအမြင့်ဆုံး လူနှစ်ယောက်ထဲက တစ်ယောက်ပဲ… နောက်တစ်ယောက်က အရှေ့မြေရိုင်း ဒေသရဲ့ အတော်ဆုံး တန်ခိုးရှင် တစ်ယောက် ဖြစ်နေပြီ… အခု ချိန်ရှင်းမူက လေ့ကျင့်နေဆဲ လူငယ်တစ်ယောက် ဖြစ်ပေမဲ့ နောင်အနာဂတ်မှာ သူက အရှေ့မြေရိုင်း ဒေသရဲ့ အတော်ဆုံး လူတစ်ယောက် ဖြစ်လာမှာပဲ… ဒေါ်လေးက နစ်နာစရာ မရှိဘူး….”
ချင်မုံရိုက ခေါင်းညိတ် လိုက်သည်။ အမှန်တကယ် အားဖြင့် သူမကလည်း ချိန်ရှင်းမူအား သဘောကျသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်က ဂီတကို နှစ်သက်ပုံချင်း တူညီသည် မဟုတ်ပါလော။

***

ယနေ့တွင် ချင်ပြည်ထောင်၏ နန်းတော်၌ မရေမတွက်နိုင်သော လူများ ပြည့်နှက်နေသည်။ အင်အားစုတိုင်းက ကိုယ်စားလှယ်များ လွှတ်၍ ချီးကျူး ဂုဏ်ပြုကြ၏။ သို့သော် ရှေးဟောင်း မြေရိုင်းဒေသ၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများသာ နန်းတော်ထဲကို ဝင်ခွင့်ရကြသည်။ ထပ်ပြောရလျှင် ခေါင်းဆောင်ပိုင်းများသာ ဝင်ခွင့်ရကြသည်။
ချင်နန်းတော်၏ ဂိတ်တံခါးကား ဖွင့်ထားသည်။ အလွန်မြင့်မားသော တန်ခိုး အစွမ်းများကို ပိုင်ဆိုင်သူများသာ နန်းတော်ထဲကို ဝင်ရောက် လာကြသည်။ သူတို့က နန်းတော်၏ အတွင်းပိုင်းသို့အထိ လျှောက်သွားကြရ၏။
နန်းတော်၏ တစ်နေရာတွင်ကား သုံးဖက်ချွန် စင်မြင့်တစ်ခု ရှိသည်။ ရှေ့ဆုံးတွင် ချင်နန်းတော်၏ အိမ်ရှေ့စံနှင်းအပ်ရန် နေရာဖြစ်ပြီး တစ်ဖက် တစ်ချက်တွင် ပရိသတ်များ နေရာယူထားကြသည်။  သရဖူတင်ထားသော စင်မြင့်၏ ဘေးတွင်ကား အလွန် အားကောင်းသော သက်တော်စောင့်များ စောင့်ကြပ်နေသည်။ ထိုစင်မြင့်၏ အစွန်ဘက်တွင်ကား ချင်ပြည်ထောင်၏ အကြီးအကဲများ ထိုင်နေကြသည်။
အလယ် တည့်တည့်တွင်ကား သရဖူတစ်ခုကို ရွှေကလပ်ဖြင့် တင်ထားသည်။
မင်းသား ချင်ယွီကား ရောက်ရှိနေပြီး ဖြစ်သည်။သူက အကြီးအကဲများနှင့် နိုဘယ်များထက် တစ်ထစ်မြင့်သော စင်တွင် ထိုင်ကာ အခမ်းအနား အချိန်ကို စောင့်နေ၏။
လူအများအပြားက ချင်ယွီအား ကြည့်နေကြသည်။ ယခင် ထိပ်သီး ပါရမီရှင်ကား ယခု ကြီးပြင်းလာပြီး ဖြစ်ကာ အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူကား ဒွန်ဟွာကလန်မှ အတော်ဆုံး ပါရမီရှင် ဖြစ်သူနှင့် ကော့တေး၏ တတိယ တပည့်နှင့် တူညီသော ကျော်ကြားမှု ရှိသည်။ ယနေ့ သူ့အား အိမ်ရှေ့စံအဖြစ် နှင်းအပ်မည် ဖြစ်ကာ နောင်တွင် သူကား ချင်ပြည်ထောင်၏ ဘုရင် ဖြစ်လာတော့မည်။
အင်အားစု အားလုံးမှ ကိုယ်စားလှယ်များ ရောက်ရှိနေကြကာ မိမိတို့ နေရာများတွင် ထိုင်နေကြသည်။
ရီဖူရှင်းကလည်း ရောက်ရှိနေသည်။ သူကား ကျောင်းတော်နှင့်အတူ ကော့တေးအား ကိုယ်စားပြုကာ ထိုင်နေသည်။ ကော့တေး၏ ရှစ်ယောက်မြောက် တပည့်အနေဖြင့် သူကား ကော့တေးကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ လျိုနိုင်ငံနှင့် ဓားသခင်မှ လူများကလည်း သူ၏ ဘေးတွင် ရှိနေသည်။
ထိုအခိုက်တွင် လူအများ၏ အတွေးများက ပြန့်ကျဲနေကြသည်။ ကု့ချင်း ဖျော်ဖြေပွဲမှ အဖြစ်အပျက်များသာ မရှိခဲ့လျှင် ယနေ့ အခမ်းအနားကား အမှန်ပင် ပျော်ရွှင်ဖွယ်ရာ အခမ်းအနား တစ်ခု ဖြစ်ပေသည်။ သို့သော် လျိုဖန်းက ကော့တေးကို ပြန်ရောက်ပြီးနောက် ကော့တေးက မည်သို့ တုံ့ပြန်မည်ကို မည်သူမှ မသိပေ။ ကော့တေး၏ ယခင် အပြုအမူများအရ သူတို့ တစ်ခုခု လုပ်မည်မှာ သေချာနေသည်။
ဒွန်ဟွာကလန်ကား ချင်ပြည်ထေင်မှ လူများနှင့် အနီးဆုံးတွင် ရှိနေသည်။ ထိုအင်အားစု နှစ်ခုအကြား ရင်းနှီးမှုကို ကြည့်လျှင် သိနိုင်သည်။
ချင်ဘုရင်၏ မြေး ချင်လီနှင့် မင်းသမီး ချင်မုံရိုတို့လည်း ဤနေရာတွင် ရှိနေကြသည်။ ချင်မုံရိုက လူအုပ်ကို ကြည့်လျှင် ချိန်ချင်းမူအား မြင်သည်။ မျက်လုံးချင်း ဆုံမိလျှင် ချင်မုံရိုက အသာအယာ ပြုံးပြသည်။ ချိန်ရှင်းမူကလည်း ပြန်ပြုံးပြသည်။
ချင်မုံရိုက ကျောင်းတော်နှင့် ကော့တေးဘက်အားလည်း ကြည့်မိလျှင် ယမန်နေ့ညက သူမ၏ အာရုံထဲကို နက်ရှိုင်းသော အမြင်ကို ထားခဲ့သော ရီဖူရှင်းကို မြင်သည်။
ထိုအခိုက်တွင် ရီဖူရှင်းကား အလွန်အမင်း ငြိမ်သက် တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့ရသည်။ သူကား အိမ်ရှေ့စံ အပ်နှင်းပွဲ အခမ်းအနားကို တက်ရောက်သော သာမန် ဧည့်သည် တစ်ယောက်နှင့် တူနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset