စာစဉ် (၁၂) အပိုင်း (၁၆၇)

ကျူးယင်နှင့် တိုက်ခိုက်ခြင်း

ကျူးယင် … တုံးရွှမ်းကုန်းမြေ။

ထိုခဏ၌ ဇူယွမ်နှင့်လုလျို့တို့၏ အမူအရာက အနည်းငယ် ပြောင်းသွားသည်။

ဇူယွမ်က အနီရောင် ဆံပင်နှင့် မိန်းကလေးကို စူးစိုက်ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မင်းတို့ တုံးရွှမ်းကုန်းမြေက ငါတို့ ကန်မင်ကုန်းမြေရဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေကို မျက်စိကျနေတာ ကြာပြီမလား”

တခြားအုပ်စု တစ်စုသည် သူတော်စင် အကြွင်းအကျန် နယ်မြေဖွင့်လှစ်သည့် အခိုက် သူတို့က အမည်မသိ နည်းလမ်းအချို့ကို အသုံးပြုပြီး ချိန်သားကိုက် ဝင်လာနိုင်ကြသည်။ ဤအရာကို ကြည့်ခြင်းဖြင့် ထိုသို့ လုပ်ဆောင်ရန် အချိန်အတော် ကြာကတည်းက ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။

“ဟမ် … တုံးရွှမ်းကြွက် … မင်းဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ” လုလျိုက ကျူးယင်အား မကျေမနပ် စူးစိုက် ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ သူတော်စင် ကျောက်ပြားပေါ်မှာ ငါ့နာမည် ရေးထိုးနိုင်ဖို့ပဲ” ကျူးယင်က ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ “မင်းတို့ ကန်မင်ကုန်းမြေက အဆင့်အတန်း အရမ်းမြင့်တဲ့ ပါရမီရှင်တွေ အများကြီး မရှိဘူး။ ဒါကြောင့် ငါ့မှာ မင်းကို ရှာဖွေဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး”

နင်ကလား။ နှင်းခဲလေး သူ့ကို သွားမွှေနှောက်ပလိုက်။ လုလျိုက အေးစက်စက် ရယ်မောလိုက်သည်။ သူမက ဆံပင် အနီရောင်နှင့် မိန်းကလေး၏ စောစောက လုပ်ရပ်များကြောင့် ဒေါသထွက်နေကာ စကားပြောနေပြီး အချိန်မဖြုန်း ချင်တော့ပေ။

နှင်းခဲလေးက တောင်ပံ ခတ်လိုက်သည်နှင့် အေးစက်သော မူလချီများက ချက်ချင်း စုဝေးလာသည်။ ဤမြင်ကွင်းက အထင်ကြီးဖွယ် ကောင်းသော လွှမ်းမိုးနိုင်စွမ်းကို ပေးစွမ်းနေ၏။ လေထုက မရေမတွက် နိုင်သော ရေခဲတုံးလေးများ အဖြစ် အေးခဲလာတော့သည်။

”စွက်”

နှင်းခဲလေးက အေးစက်သော အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲပြီး ကျူးယင်ထံသို့ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်သွားသည်။ ကျူးယင်၏ နီရဲရဲ နှုတ်ခမ်းလေးက ကွေးညွတ်သွားပြီး သူမက လေထဲသို့ ခုန်တက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ မီးစပါးအုံး တစ်ကောင် ခွေပတ်သလိုမျိုး အနီရောင် အလင်းများကို ထုတ်လွှတ်လိုက်သည်။

ထို အနီရောင် အလင်းများက ဆင်းသက်သွားပြီး နှင်းခဲလေးကို ဝန်းရံသွားသည်။ မီးတောက်များ လောင်ကျွမ်းနေသော ကျာပွတ်ရှည် တစ်ခုက နှင်းခဲလေးအား တင်းကျပ်စွာ ရစ်ပတ်လာသည်။

“ဟီးဟီး ငါ့ရဲ့ အနီရောင် မီးတောက်သားရဲ ချည်နှောင်ခြင်း ကျာပွတ်က ဘယ်လိုနေလဲ” ကျူးယင်က အားပါးတရ ရယ်မောလိုက်သည်။

“နှင်းခဲလေး” လုလျိုက စိုးရိမ်စွာ လှမ်းအော်လိုက်သည်။ သူမက ကျူးယင်မှာ ထိုသို့ သားရဲများကို ချုပ်ထိန်းနိုင်သော နည်းလမ်း ရှိနေလိမ့်မည်ဟု မမျှော်လင့်မိချေ။ နှင်းခဲလေးက ကြိုတင် မပြင်ဆင်လိုက်ရသည့် အတွက် ရိုက်ချက်တစ်ချက် တည်းဖြင့် ချည်နှောင်ခြင်း ခံလိုက်ရသည်။

“နတ်ဆိုးမီးတောက် ချိပ်ပိတ်ခြင်း …”

ကျူးယင်က ဖြုံလောက်သော ရန်သူကို မည်သည့် အခွင့်အရေးမှ ပေးလို့မရမှန်း သိပေသည်။ နှင်းခဲလေးကို ချုပ်နှောင်ပြီးနောက် သူမက လုလျို့ရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။ သူမ လက်ထဲမှာ ချိပ်ပိတ်ဟန် တံဆိပ်တစ်ခု ဖြစ်ပေါ်လာပြီး လုလျို့ကို တိုက်ခိုက်လိုက်သည်။

”ဘုန်း”

အနီရောင် မူလချီများ ထွက်ပေါ်လာကာ လောင်ကျွမ်းနေသော လက်သီးတစ်လုံး အသွင်ပြောင်းလဲ သွားသည်။ ထိုလက်သီး ထဲတွင် နတ်ဆိုးမီးတောက်များ ပါဝင်နေကာ လုလျိုထံ ပြင်းထန်စွာ တိုးဝင်သွားသည်။

လုလျို့က အံ့တင်းတင်းကြိတ်ကာ သူမလက်ကို ရှေ့သို့ ဆက်ထုတ်လိုက်ရာ မူလချီ များအား ထွက်ပေါ်စေလိုက်သည်။

”ဘန်း”

မူလချီ နှစ်ခုက တိုက်ရိုက် ထိတွေ့တိုက်ခိုက် မိကြသည်။ ကျူးယင်က နောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။ လုလျို့မှာလည်း ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး တုန်ယင်သွားသည်။ ကျူးယင်၏ လက်သီးချက်ကြောင့် သူမကိုယ်ထဲရှိ မူလချီများနှင့် သွေးများမှာ ထိန်းချုပ်လို့ မရအောင် ဗလောင်ဆူ သွားကာ သူမ၏ ရှင်းလင်းတောက်ပသော မျက်နှာလေး မှာလည်း နီမြန်းသွားသည်။

“မူလသားရဲ မရှိတောင်မှ မင်းက မဆိုးဘူးပဲ” ကျူးယင်က ကျေနပ်စွာ ရယ်မောလိုက်သည်။

လုလျို့၏ မျက်နှာက ဒေါကန်မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူမမှာ ကျွမ်းကျင်မှု၊ နည်းစနစ်များစွာ ရှိပေသည်။ သို့သော် သူမက ထိုကျွမ်းကျင်မှု များအား  အကောင်းဆုံး ထုတ်ဖော် အသုံးပြုရန် မူလသားရဲနှင့် ပူးပေါင်းရန် လိုအပ်ပေသည်။ သို့သော် သူမ၏ အမှားကြောင့် နှင်းခဲလေးက တိုက်ပွဲ စသည်ဆိုရဲ့ဖြင့် ချည်နှောင် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။

“ဒါကနင့်မှာ ရှိတဲ့ အရည်အချင်း အကုန်ပဲဆိုရင် ဒီနေ့မှာ ကန်မင်ကုန်း မြေကြီးရဲ့ ထိပ်သီးပါရမီရှင် တစ်ယောက်က ကွယ်ပျောက်ရတော့မယ်” ကျူးယင်က စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် သူ မနှုတ်ခမ်းကတော့ အေးစက်လို့ နေသည်။

”စွက်”

ကျူးယင်က ရှေ့သို့ နောက်တစ်ကြိမ် တက်လိုက်သည်။ သူမကိုယ်မှ အနီရောင် မူလချီများက မီးတောင်တစ်ခုလို ပေါက်ကွဲ ထွက်လာကာ အပူလှိုင်း များက အနီးရှိ သစ်ပင်များကို လောင်ကျွမ်းစေသည်။

သူမက မီးနတ်ဘုရား တစ်ပါးအလား လုလျိုထံသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်း မှာပင် သူမ လက်ချောင်းထိပ် များမှာ အေးစက်စက် အလင်းများ တောက်ပနေကာ နှိုင်း၍မရအောင် ပူလောင်မှုကို ထုတ်ဖော်နေသည်။

“ငါကနင့်ကို ကြောက်နေတယ် ထင်နေတာလား” ကျူးယင်၏ မောက်မာ ခြယ်လှယ်မှုများက လုလျို့အား ဒေါသအမျက်ခြောင်းခြောင်း ထွက်စေ၏။ လုလျို့က အံကြိတ်လိုက်ပြီး မူလချီ များကို ထုတ်ဖော်လိုက်သည်။ မည်သည့်နည်း နှင့်ဖြစ်ဖြစ် သူမက ကျူးယင်အား ရင်ဆိုင်တော့မည့်ဟန် ရှိသည်။

သို့သော် သူမက ထို့သို့ မလုပ်ဆောင်ခင် ပုံရိပ်တစ်ခုက ရှေ့မှ ပိတ်ဆို့လိုက်သည်။

သူမက မှင်တက်သွားသည်။ “ဇူယွမ်”

သူမက အလျင်လိုစွာ ပြောလိုက်သည်။ “မြန်မြန်ထွက်သွား။ ဒီမိန်းမက ရင်ဆိုင်ဖို့ တော်တော်ခက်တယ်”

လုလျိုက ဇူယွမ်ဟာ ကောင်းကင်တံခါး အဆင့်ကို ရောက်ရှိနေပြီကို သိသည်။ ထို့ပြင် သူက ကောင်းကင်တံခါး စဦးအဆင့်သာ ရှိသေးသော်လည်း မူလစဦး အဆင့်ရောက်ခါစ ခွန်အားကို ပိုင်ဆိုင်နေကာ ရှောင်ထျန်းရွှမ် ထက်သန်မာပေသည်။ သို့သော် ဇူယမ်က ကျူးယင်ဖြင့် ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်သည်မှာ ရှင်းလင်းပေသည်။

ဇူယွမ်က လက်ယမ်းပြလိုက်သည်။ “နင်က နှင်းခဲလေးကို လွတ်မြောက်အောင်လုပ်ဖို့ လမ်းစရှာပါ။ ငါက ဒီအမျိုးသမီးနဲ့ ရင်ဆိုင်ထားလိုက်မယ်” နှင်းခဲလေး အကူအညီ မရှိလျှင် လုလျို့က သူမ၏ နည်းစနစ်များကို အသုံးမပြုနိုင်ချေ။ ခုလက်ရှိ အခြေအနေမှာ သူမက ဇူယွမ်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

“နင်” လုလျို့က ချီတုံချတုံ ဖြစ်သွားမိသည်။

“ဟီးဟီး နင်တို့ ကန်မင်ကုန်းမြေက လူတွေက တော်တော် မောက်မာကြတာပဲ” “ကောင်းကင်တံခါး စဦးအဆင့်လေးက ငါ့ကို တားဆီးနိုင်မယ် ထင်နေတာလား”

“နင်က သူရဲကောင်း ဖြစ်ချင်နေတော့လဲ ငါကနင့်ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့”

ကျူးယင်က လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူမကိုယ်နားမှာ အနီရောင် အလင်းတန်းများ ဝန်းရံလှည့်ပတ်၍ ဆံပင်အနီရောင် များကလည်း လူးလွန့်နေပုံမှာ သူမအား မီးတောက်နတ်ဆိုး တစ်ပါးအလား ထင်မှတ်စေသည်။ သူမကလက်ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး လက်သီးတစ်ချက် ထပ်ထိုးလိုက်သည်။

”ဘန်း …”

လေထုက ပေါက်ကွဲထွက်ကုန်သည်။ လက်သီးအရှိန်ကြောင့် သူမအောက်ရှိ မြေကြီးများပင် နက်ရှိုင်းသော စွက်ကြောင်းများ ဖြစ်ပေါ်ကုန်၏။ ထိုလက်သီးက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ကို လွယ်ကူစွာပင် အပေါက် ဖြစ်သွားစေနိုင်ပေသည်။

ဤပြင်းထန် ရက်စက်သော တိုက်ကွက်က လျင်မြန်စွာပင် သူ့ထံ ဦးတည်လာ နေသော်လည်း ဇူယွမ့် မျက်လုံးထဲ၌ ကြောက်ရွံ့မှု တစ်စက်လေးတောင် မတွေ့ရပေ ။ထိုအစားသူက စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့၏။

“တစ်ဝက်တစ်ပျက် မူလစဦး အဆင့် … ဒါက ဘယ်လောက်သန်မာလည်း ဆိုတာ ငါကြည့်ချင်လိုက်တာ”

“အံ့ဖွယ် စပါးအုံးကြေးခွံ”

ဇူယွမ်ကလည်း လက်ငါးချောင်းကို စုစည်းပြီး လက်သီးတင်းကျပ်စွာ ဆုပ်လိုက်သည်။ နက်ရွှေရောင် မူလချီများက သူ့ချီ သိုလှောင်ခန်းမှ တစ်ဟုန်ထိုး ထွက်ပေါ်လာခြင်း နှင့်အတူ ရွှေရောင်စပါးအုံး ကြေးခွံများက လက်တစ်ဖက်လုံးအား ဖုံးလွှမ်းသွားသည်။

အဆင့်သုံး မူလမှော်စာလုံး။ “နက်ရွှေရောင် လက်မှော်စာလုံး”

ဇူယွမ်က လှိုင်ခေါင်းသံဖြင့် အော်လိုက်စဉ် သူ့လက်သီးမှာ အနက်ရောင်များ ဖုံးအုပ်လာကာ မလွှမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ဇူယွမ်၏ သွင်ပြင်က မြားတစ်ချောင်း ပစ်လွှတ်လိုက်ရန် အဆင့်သင့် ဖြစ်နေသောသူနှင့် ဆင်တူနေသည်။ သူက လေထုအား ဆွဲဖြဲ၍ ရှေ့သို့ တက်လိုက်သည်။ တုံ့ဆိုင်းမှု မရှိသော လက်သီးချက်က ကျူးယင်၏ လက်သီးနှင့် တန်းတန်းမတ်မတ် ထိမှန်၏။

“မဆင်မခြင်နဲ့ ရူးမိုက်လိုက်တာ” ဒီအရာက ပထမဆုံး အကြိမ် ကောင်းကင်တံခါး အဆင့် ကျင့်ကြံသူ တစ်ယောက်က သူမနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲခြင်းပင်။

“ဇူယွမ်” လုလျို့က မည်သို့မျှ မတတ်နိုင်ဘဲ မျက်လုံးမှိတ် ထားမိလိုက်သည်။

“နဂါးလက်ဝါး။ ကောင်းကင်ခွဲခြင်း …”

သိပ်သည်းသော ဖိအားများနှင့် အတူ ဇူယွမ်၏ လက်သီးက နှေးကွေးလေးလံစွာ ဆင်းသက်လာဟန် ထင်ရသည်။ ထိုအခိုက်၌ လေထုက တုန်ခါ၍ မြေပြင်မှာ အက်ကွဲရသည်။

ထိုလက်သီး၏ စွမ်းအားမှာ မူလချီများ သာမက အံ့ဖွယ်စပါးအုံး ရွှေရောင်ကြေးခွံ များနှင့် နက်ရွှေရောင် လက်အဆင့်သုံး မူလမှော်စာလုံး တို့၏ စွမ်းအားများပါ ပါဝင်နေသည်။ ထိုအရာက လုံးတကြမ်း လွန်းနေ၏။

”ဘုန်း”

လက်သီးနှစ်လုံးက ကြောက်မက်ဖွယ် အင်အားနှင့် ထိပ်တိုက် တွေ့ဆုံမိကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တုန်ယင်မြည်ဟည်း သွား၏။ အပျက်အစီး စွမ်းအားလှိုင်း များက ပြန့်ကျဲကုန်သည်။ ပတ်ဝန်းကျင်ရှိ မြေကြီးများက တစ်လက်မချင်း အက်ကွဲကုန် ရသည်။ ကျောက်တုံးများက အပိုင်းအစများ ဖြစ်ကုန်ရသည်။ သစ်ပင်များက အပိုင်းပိုင်း ပြတ်ကုန်ကြသည်။ တိုက်ခိုက်မှု ဖြစ်ပွားသွားသော နေရာ တစ်ခုလုံးမှာ လုံးဝ ရှုပ်ပွသွားသည်။

လုလျို့က လှမ်းကြည့် လိုက်သောအခါ ဇူယွမ်ကော၊ ကျူးယင်ကော နှစ်ယောက်စလုံးက နောက်သို့ ခြေဆယ့်နှစ်လမ်းလောက် ဆုတ်လိုက်ရသည်ကို တွေ့လိုက်ရသည်။

ကျူးယင်၏ မျက်နှာက အမှန်ပင် ရုပ်ဆိုးလို့သွား၏။ လုလျို့က သူ့ရှေ့ရှိ ကျူးယင်ကို ကြည့်လိုက်သည့်အခါ သူမ လက်တစ်ဖက်လုံး စုတ်ပြတ်သတ်သွားပြီး လက်ချောင်းထိပ်မှ သွေးများ စီးကျနေသည်အား တွေ့လိုက်ရပေသည်။

ယှဉ်ပြိုင်တိုက်ခိုက်မှု အတွင်း ဇူယွမ်၏ ရွှေရောင်ကြေးခွံ အချို့မှာ ပျက်စီး အက်ကွဲကုန်သည်။ သို့သော် သူက မည်သည့်ဒဏ်ရာမှ မရလိုက်ချေ။

ဤအရာက ပြီးခဲ့သော အပြန်အလှန် တိုက်ခိုက်မှုမှာ ဇူယွမ်က သာလွန်ခဲ့ကြောင်း သိသာစေ၏။

လုလျို့က အလွန်တုန်လှုပ် မိပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဇူယွမ်၏ လက်ချောင်းထိပ်များမှာ ရွှေရောင်ကြေးခွံ များကြောင့် သက်သာရာ ရခဲ့သည်။ သူက မျက်နှာပျက် နေသော ကျူးယင်အားကြည့်၍ ဟက်ခနဲ လှောင်ရယ်ကာ ပြောလိုက်သည်။ “နင်က တစ်ဝက်တစ်ပျက် မူလစဦး အဆင့် ဖြစ်နေပေမဲ့၊ သန်မာမှု အကြောင်းပြောမယ် ဆိုရင် ငါ့လောက်တောင် မရှိသေးဘူးပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset