စာစဉ် (၁၂) အပိုင်း (၁၆၂)

ချင်ယု၏ အကူအညီ

စမ်းချောင်းတစ်ခု၏ ကမ်းစပ်တစ်နေရာ။

အစိမ်းရောင် အလင်းတန်းနှင့် အတူ ပုံရိပ်နှစ်ခု ရောက်လာခဲ့သည်။ တစ်ယောက်က အနက်ရောင် ဂါဝန်တစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ ညို့ယူနိုင်စွမ်း ရှိပြီး ကြည်နူးဖွယ် ကောင်းသော ရုပ်ရည်ကြောင့် ယောက်ျားတိုင်း စိတ်ကူးနတ်သမီး အဖြစ်မှတ်ယူခြင်း ခံနိုင်ရစေသည်။ သူမကတော့ ကျိုးချူချင်ယုပင် ဖြစ်သည်။

“လှပတဲ့ မိန်းကလေး တစ်ယောက်က သူရဲကောင်း တစ်ယောက်ကို လာကယ်တဲ့ အတွက် နင်စိတ် မလှုပ်ရှားဖူးလား” ကျိုးချူးချင်ယုက သူမ၏ သေးကျဉ်သော ခါးလေးကို လက်ဖြင့်ထောက်လျက် မေးလိုက်သည်။ သူမ၏ မျက်နှာမှာ ကျေနပ်အားရ နေသော အပြုံးရှိနေသည်။

ယောင်ယောင်၏ မျက်နှာမှာ အနည်းငယ် သွေးဆုတ် ဖြူရော်နေပြီး သူမက ကျောက်တုံးတစ်ခု ပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ လက်တစ်ဖက်က သွေးထွက်နေသော သူမ၏ ပခုံးအား ဖိထားလျက် ရှိသည်။ သို့သော်လည်း သူမ၏ အမူအရာမှာ အေးစက်နေပြီး အစကနေ အဆုံးထိ တည်ငြိမ်လျက် ရှိသည်။ သူမက တစ်ဖက်သို့ လှည့်လာပြီး ကျိုးချူးချင်ယုအား ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်ပြီးနောက် …

“မင်းသာ မလာခဲ့ဘူးဆိုရင် ဒီအချိန်သူတို့ အကုန်လုံး သေနေပြီ”

“အာ …”

ကျိုးချူချင်းယုက ခေတ္တမျှ ကြောင်အသွားပြီး သူမ၏ အနီရောင် နှုတ်ခမ်းပါးလေး များကို စူလိုက်ကာ “စွန့်စားပြီး အသက်ကယ်ခဲ့တဲ့ မျက်နှာလေးကိုတော့ ထောက်ပါဦး။ နင်ဒီကိစ္စကို အရှက်ရစရာ တစ်ခုလို ခံစားနေစရာ မလိုပါဘူး။ ကန်မင်တိုက်ကြီးရဲ့ လူငယ်မျိုးဆက် ထဲမှာ ဘယ်သူကမှ အဲမာနထောင်လွှား နေတဲ့ ဝူဟောင်က သူ့မာနတွေကို ဘေးချိတ်ပြီး သူတစ်ပါးနဲ့ ပူးပေါင်းအောင် မလုပ်နိုင်ဘူး”

သူမက ယောင်ယောင် အနေဖြင့် အလွန် ခေါင်းမာသည်ဟု တွေးလိုက်မိသည်။

ယောင်ယောင်က သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး ရှင်းပြခြင်း မပြုပေ။ သို့သော်လည်း ကျိုးချူးချင်ယုအား ခေါင်းညိတ် ပြလိုက်ပြီး “ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မင်းကို ကျေးဇူးတင်ပါတယ်”

သူမက ဝူဟောင်တို့ လူစုကို အမှန်တကယ်ပင် ရှင်းပစ်ချင်သည်။ သို့သော်လည်း ထို့သို့လုပ်ရန် သူမ၏ မျက်ခုံးနှစ်ခု ကြားရှိ ချိပ်ပိတ်ထားသည်ကို ချိုးဖြတ်ရန် လိုအပ်ပေသည်။ သူမ အနေဖြင့်လည်း ချိပ်ပိတ် အမှတ်အသားကို ဖယ်ရှား လိုက်သည်နှင့် ဘာဆက်ဖြစ်မလဲ မသိချေ။ အဘိုး ဟိုင်က သူမအား တင်းကျပ်စွာ သတိပေးထားသည့် အတွက်ဖြစ်လာမည့် အကျိုးဆက်များက အလွန်ပြင်းထန် ပေလိမ့်မည်။

သူမ အနေဖြင့်သည် ချိပ်ပိတ် အမှတ်အသားကို မချိုးဖြတ်သည်မှာ အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူမကို ကယ်တင်လာသည့် အတွက် ကျိုးချူးချင်ယုအား အနည်းငယ် ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ယောင်ယောင်ထံမှ ကျေးဇူးတင်စကား ကိုကြားလျှင် ကျိုးချူးချင်ယုက ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများက ယောင်ယောင်၏ ပခုံးပေါ်မှ ဒဏ်ရာဆီသို့ အကြည့်ရောက်သွားသည်။ သူမက ထိုင်ချလိုက်ပြီး သူမ၏ လက်ကို ဆန့်ထုတ်ကာ နူးညံ့စွာ ပြောလိုက်သည်။

“နင်ဒဏ်ရာ ရထားတာလား။ ငါနင့်ရဲ့ ဒဏ်ရာကို သန့်စင်ဖို့ ကူညီပေးသင့်လား”

ယောင်ယောင် အနေဖြင့် ကျိုးချူးချင်ယု၏ မျက်လုံးရွဲကြီးများ ပေကလတ် ပေကလတ် ဖြစ်ကာ သူမကို ကြည့်နေသည်ကို တွေ့လျှင် ဒေါသ ထွက်ရမလား ရယ်ရမလားပင် မသိတော့ချေ။ သူမကို ယောက်ျားတစ်ယောက် အဖြစ်ထင်မြင် နေပြီး ထိုအရာက သူမကို ကောင်းကောင်း အသုံးချနိုင်သည်။

ယောင်ယောင်က အကူအညီ မဲ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်း ငါ့အကြောင်းကို ထပ်ပြီး မစဉ်းစားသင့်ဘူး …”

သူမနှင့် ကျိုးချူးချင်ယုနှင့် သူမ၏ ဆက်ဆံရေးမှ နဂို ကတည်းက ကောင်းမွန်ခြင်း မရှိ၍ ထိုစဉ်က ယောင်ယောင် အနေဖြင့် သူမကို မရှင်းပြခဲ့ပေ။ ဒါပေမဲ့ အခုချိန်တွင် သူက ကျိုးချူးချင်ယု အပေါ်တွင် အကြွေး တစ်ခုတင်နေပြီ ယောင်ယောင် အနေဖြင့် ထို့ထက်ပိုပြီး အထင်မှား မနေစေ ချင်တော့ပေ။

“ဘာလို့လဲ …” ကျိုးချူးချင်ယုက နှုတ်ခမ်းစူလျက် မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

“ငါက နင်နဲ့ ထိုက်တန်လောက်အောင် မကောင်းလို့လား။ ငါ့ရဲ့ ဘယ်အရာတွေက မကောင်းတာလဲ။ ဟမ့် … လူတွေ ဘယ်လောက်များများက ငါ့ကို ချစ်ခင်နှစ်သက် ကြသလဲ ဆိုတာကို နင်မသိဖူးမလား”

ယောင်ယောင်က အကူအညီ မဲ့စွာ သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။ သူမက တုံ့ပြန်ဖြေကြားခြင်း မပြုတော့ပဲ သူ၏လက်တွင် အလင်းရေးရေးမျှ ပုံဖော်လိုက်သည်။ အသက်ရှူချိန် အနည်းငယ် အကြာတွင် အလင်းတွေက သူ့ခန္ဓာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုအချိန်တွင် ကျိုးချူးချင်ယု၏ ပါးစပ်သေးသေးမှာ အဟောင်းသား ဟလျက်ရှိသည်။

အလွန် လှပသော သခင်လေးတစ်ယောက်က အခုတွင် မိန်းမပျိုလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဆံနွယ်ရှည်ကြီးများက မျက်စိပဒေသ ဖြစ်စွာ ဦးခေါင်းထက်မှ တွဲလျားကျလျက် သူမ၏ ညှို့ငင်နိုင်စွမ်း အပြည့်ရှိသည့် မျက်နှာမှာလည်း ပြစ်မျိုးမှဲ့မထင် လှပနေသည်။ သူမ၏ ဖြူစင်သော အသားအရေ မှာလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပ နေသည်။

မို့မောက်သော အဝိုက်အဝန်း များနှင့် ကျစ်လျစ်သေးသွယ်သော ခန္ဓာကိုယ်နှင့် သိမ်မွေ့သော ပုံရိပ်တစ်ခု။

ကျိုးချူးချင်ယုက အမြဲ သူ့ခန္ဓာကိုယ် အလှပေါ်တွင် ဂုဏ်ယူခဲ့သော်လည်း ထိုမိန်းကလေးက သူမထက်ပင် လွန်စွာ လှပပေသည်။ ထိုမိန်းကလေး၏ အလှမှ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း လှပေသည်။

မျက်တောင်တစ်မှိတ် အတွင်းမှာ လှပတဲ့ သခင်လေးက အလွန်လှပသော မိန်းမပျိုလေး အဖြစ်သို့ ပြောင်းလဲသွားသည်။

“ငါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ ငါ့ကို ငါဖုံးကွယ် ထားခဲ့တာပဲ” ယောင်ယောင်က ရှင်းပြလိုက်သည်။ သူမ၏ အသံက ပုံမှန်ပြန် ဖြစ်သွားကာ ရှင်းလင်းပြီး ချိုမြလှသည်။ ထိုအသံက နှလုံးသားအတွင်းသို့ စီးဝင်ပြီး နှလုံးသားကို ငြိမ်းအေး စေနိုင်ပေသည်။

“မင်းအခုတော့ နားလည်သွားပြီ မလား …”

ကျိုးချူးချင်ယု အနေဖြင့် အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ အချိန်အတော်အတန် ကြာမှ သူမသည် အသက်ငင်နေသည့် မျက်နှာဖြင့် ပြန်ဖြေခဲ့သည်။ “ငါ့ရဲ့ ပထမဦးဆုံး အချစ်က ဒီလိုမျိုး ပြီးဆုံး သွားမှာလား”

သူမ၏ မျက်လုံးများမှာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူမက ရုတ်တရက် အံကြိတ်လျက် ယောင်ယောင်ကို ခုန်အုပ်တော့မည့် ကျားရဲပျိုမ တစ်ကောင်၏ အကြည့်မျိုးဖြင့် စိုက်ကြည့်နေပြီး စူးစူးဝါးဝါး အော်လိုက်သည်။ “ငါ ဂရုမစိုက်ဘူး ငါ ဂရုမစိုက်ဘူး နင်က မိန်းကလေးတစ်ယောက် ဖြစ်နေရင်တောင် ငါလက်လျှော့မှာ မဟုတ်ဘူး”

ယောင်ယောင် အနေဖြင့် ကျိုးချူးချင်ယု၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကို ကြည့်ပြီး ရင်ဖိုသွားကာ သူအနေဖြင့် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ လူတွေအားလုံးက ကဝေမလေးဟု ခေါ်ဆိုကြသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ သူမ၏ စိတ်ကူးများက အမှန်ပင် လူမှုစံနှုန်းများနှင့် ဆန့်ကျင်နေပေသည်။

မိန်းကလေး တစ်ယောက်က အခြား မိန်းကလေး တစ်ယောက်ကို ဘယ်လို ကြိုက်နှစ်သက် နိုင်ပါမည်နည်း။

ယောင်ယောင်၏ ရှည်လျားသေးသွယ်သော လက်ချောင်းလေးများက အော်ဟစ်နေသော ကျိုးချူးချင်ယု၏ နဖူးပေါ်သို့ ရောက်သွားပြီး လက်နှင့် အသာအယာ ပုတ်ကာပြောလိုက်သည်။ “ဝေးဝေးသွားတော့ ငါ့မှာ မင်းနဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး”

ကျိုးချူး ချင်ယု သူ့နဖူးကို ပွတ်ရင်း မျက်လုံးရွဲကြီး များဖြင့် ယောင်ယောင်ကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။ “နင်က ယုတ်မာတဲ့ နတ်ဆိုးတစ်ကောင်ပဲ နင်က ငါ့ရဲ့ ပထမဆုံး အချစ်ကို ဖျက်ဆီးပစ်တယ်။ ငါ့ကို အလျော်ပြန်ပေး”

ယောင်ယာင်က ခုနမှ စဉ်းစားပြီး ပြောလိုက်သည်။ “ငါ ဇူယွမ်ကို အလျော်အဖြစ် ပေးမယ်”

ယောင်ယောင်က

“သူက ငါ့ကို ရင်ခုန်အောင် မလုပ်နိုင်ဘူး။ ငါက ငါ့ထက်အားနည်းတဲ့ သူမျိုးကိုလည်း မလိုချင်ဘူး”

ယောင်ယောင်က သူမကို ဂရုစိုက် မနေပဲ   စမ်းချောင်းဘေးတွင် ထိုင်လိုက်ပြီး သူမ၏ အင်္ကျီကို လျှောချလိုက်သည်နှင့် သူမှ၏ လှပသော ညှပ်ရိုးနှင့် ချောမွေ့နူးညံ့သော ပခုံးသားလေး ပေါ်ထွက်လာပေသည်။ သူမ၏ ပခုံးတွင် တိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာမှ သွေးများအလိမ်းလိမ်း စီးကျနေသည်။

သူမ၏ ဒဏ်ရာကို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးတွင် အေးစက်စက် အလင်းရောင်များ ဖြတ်သန်းသွားသည်။ သူမက ကျိုးချူးချင်ယု ဘက်သို့လှည့်ကာ ပြောလိုက်သည်။ “ငါ့ကို ဆေးနည်းနည်းလောက် ပေးပါလား”

ကျိုးချူးချင်ယုက ရုတ်တရက် ဝေ့ကြည့်လိုက်ကာ သူမ၏ မျက်လုံးများက ကျောက်စိမ်းဖြူကဲ့သို့ နူးညံ့ချောမွတ်သော အသားအရေနှင့် အလွန်လှပ သိမ်မွေ့သော ညှပ်ရိုးတို့ကို စိတ်ဝင်တစား ကြည့်နေသည်။ သူမက အောက်ပိုင်းသို့ ဖျတ်ခနဲ ခိုးကြည့်လိုက်သည်နှင့် ချက်ချင်းပင် နှင်းကဲ့သို့ ဖြူဖွေးလှပသော ကိုယ်ဟန်အလှ၏ ဖမ်းစားခြင်းကို ခံလိုက်ရပေသည်။

ထို ကိလေသာ အမြင်အာရုံက မည်သည့် ယောက်ျားသား ကိုမဆို နှာခေါင်းသွေးလျှံ စေပေလိမ့်မည်။

သို့သော်လည်း ယောင်ယောင်မှာ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် စိုက်ကြည့်လိုက်သည်။

ကျိုးချူးချင်ယုက သူမ၏ အကြည့်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ဆေးအိတ်အတွင်းမှ ယောင်ယောင်အတွက် လိုအပ်မည့် လိမ်းဆေးများကို ထုတ်ပေးလိုက်သည်။

“သူတို့ကို ငါတို့ ရှုံးနိမ့်နိုင်လား” ယောင်ယောင်က မေးခဲ့သည်။

ကျိုးချူးချင်ယုက ဝင့်ကြွားစွာ ဖြေလိုက်သည်။ “စိတ်အေးအေးထားပါ။ ငါဝန်ခံတယ် အမှန်တကယ် တိုက်ခိုက်ခဲ့လို့ ခြေကုန်လက်ပန်း ကျနေရင်တောင် ငါတို့ လွတ်မြောက်အောင် ထွက်ပြေးလို့ရတယ် ဝူဟောင်ဆိုတဲ့ ကောင်ကတော့ ငါ့နောက်မှာ ရှူပြီး ကျန်ခဲ့ရမှာပဲ”

“သူတို့က ငါတို့ရဲ့ အရိပ်အယောင်လေးတောင် ရှာမတွေ့နိုင်ဘူး ဆိုတာ ငါယုံကြည်တယ် ဒါကြောင့် ငါတို့ ဒီနေရာမှာ လုံးဝကို လုံခြုံတယ်”

ယောင်ယောင်က ခေါင်းညိတ်လိုက်ပြီး “ငါရက် အနည်းငယ်လောက် အနားယူပြီးတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်လိုက်ဦးမယ်”

“ပြီးရင်ကော …”

ယောင်ယောင်က စမ်းချောင်းအတွင်းမှ ကြည်လင်နေသော ရေများကို စိုက်ကြည့်နေသည်။ စမ်းချောင်းအတွင်းတွင် ပေါ်နေသော ဇူရှောင်ယို၏ လှပသော ပုံရိပ်လေးမှ အေးစက်စက် အပြုံးပေါ်လာပြီး လူသတ်လိုစိတ် အပြည့်ဖြင့် ထုတ်ပြောလိုက်သည်။

“သူတို့ ပြန်ပေးဆပ်ရမယ်”

ကျိုးချူးချင်ယု နှင့် ယောင်ယောင်တို့ ရှိနေသည့် နေရာနှင့် အလွန် ဝေးကွာသော နေရာတစ်ခု။

ယဲ့မင်၏ အမူအရာမှာ လွန်စွာရုပ်ဆိုးနေပြီး သူက တောအုပ်၏ အဆုံးကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံး၏ ထောင့်စွန်းမှ သွေးများ ယိုစီး ကျလာသည်။ သူက သူ၏ ရှာဖွေခြင်းမျက်လုံး ကျင့်စဉ်အား အသုံးပြု နေသည်မှာ ထင်ရှားပေသည်။

“သူတို့ကို မရှာနိုင်ဘူးလား” သူ၏ မျက်နှာ အမူအရာအား တွေ့သည်နှင့် ဝူဟောင်၏ နှလုံးသားမှာ လေးလံ သွားတော့သည်။

ယဲ့မင်က ခေါင်းညိတ်လိုက်ပြီး “သူမက အရမ်းမြန်လွန်းပြီး ငါတို့အဖွဲ့ကို အကြာကြီး ကတည်းက နောက်ကောက်ချ ချန်ခဲ့တယ်။ ငါသူ့ကို အချိန်အကြာကြီး မရှာဖွေနိုင်ဘူး”

၀ူဟောင်၏ အမူအရာမှာ ပျက်ယွင်းသွားသည်။

သူတို့ ဇူရှောင်ယိုအား ဒဏ်ရာများ ရစေရန် ကြိုးစားခဲ့ရပြီး အနာဂတ်တွင် ထို့သို့သော အခွင့်အရေးမျိုး ရရန် မလွယ်ကူနိုင်ပေ။ သူ့အနေဖြင့် ဇူရှောင်ယိုအား အလွယ်တကူ လွတ်မြောက်ခွင့် မပေးနိုင်ပေ။

အခုတော့ သူတို့အတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေပြီ။

ယဲ့မင်က သူ၏ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည်။ “ငါတို့ သူနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ ပထမဦးဆုံး သူတို့ရဲ့ နာမည်တွေကို သူတော်စင်ကျောက်ပြား ပေါ်မှာ ထွက်ပေါ်လာအောင် လုပ်ရမယ်”

သူက သူ့ရှေ့တွင် ရှိသော ပုံရိပ်လေးခုကို ကြည့်လိုက်သည်။

ဝူဟောင်က စိတ်မဝင်စားစွာ ပြောလိုက်သည်။ “ကန်မင်တိုက်ကြီးက ဂုဏ်ယူရတဲ့ ပါရမီရှင်တွေကို အဆုံးသတ်ဖို့ လွယ်ကူတယ်လို့ မင်းထင်နေတာလား”

ထိုစကားကို ကြားသည်နှင့် ယဲ့မင်၏ အနောက်ဘက်ရှိ လေးယောက်ထဲမှ ရဲရဲတောက် နီနေသော ဆံနွယ်ရှည်များနှင့် မိန်းကလေးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“တကယ်ပဲ။ နင်မယုံရင် နင်ငါတို့ထဲက တစ်ယောက်ချင်းစီနဲ့ ကြိုးစားကြည့်နိုင်တယ်”

သူမ၏ စကားလုံးများတွင် ဝင့်ကြွားမှုများ ပေါ်လွင်နေပြီး သူမအနေဖြင့် ဝူဟောင်အား မကြောက်သည်မှာ ရှင်းလင်းပေသည်။

“သေးငယ်တဲ့ ကန်မင်တိုက်ကြီးက လူတွေမှာ ဘယ်လို သိက္ခာရှိလာလဲ” သတ္တုမျှော်စင် ကဲ့သို့ လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ၏ ကြွက်သားများနှင့် တောင့်တင်းသော ခန္ဓာကိုယ် ပေါ်တွင် စိတ်ဝင်စားဖွယ် ရှေးဟောင်း မှော်စာလုံးများက တောက်ပနေသည်။ သူ၏ မျက်နှာတွင်လည်း အထင်သေးဟန်များ တစ်စွန်းတစ်စ ပါဝင်နေသည်။

ဝူဟောင်၏ မျက်နှာ အမူအရာမှာ ထိုစကားလုံး များအား ကြားသော်လည်း ဒေါသထွက်ခြင်း မရှိ ပြောင်းလဲခြင်း မရှိပဲ

“ကောင်းတယ် မင်းတို့ထဲက ဘယ်သူရှုံးနိမ့်ပြီး သေဆုံးမလဲ ဆိုတာ ရွေးထားလိုက်”

ပြောပြီးသည်နှင့် သူ၏ပုံရိပ်မှာ လှုပ်ရှားသွားပြီး သူ၏ မူလချီများ မှာလည်း ကောင်းကင်သို့ ပျံဝဲ တက်လာခဲ့သည်။

တုံးရွမ်တိုက်ကြီးမှ ပါရမီရှင် လေးဦး၏ မျက်လုံးများမှာ အေးစက်သွားသည်။ သို့သော်လည်း သူတို့အားလုံးမှာ ယဲ့မင်၏ လက်ဝှေ့ယမ်း လိုက်သည်ကို မြင်သည်နှင့် ရပ်တန့် သွားတော့သည်။

“စကားနိုင် လုနေလို့ ဘာမှ အဓိပ္ပာယ် မရှိဘူး။ နောက်မှ မင်းတို့ရဲ့ တိုက်ခိုက်မှုကို သုံးပြီးတော့ မင်းတို့ရဲ့ ထိုက်တန်ကြောင်းကိုပြ”

ထိုနောက် ယဲ့မင်က ဝူဟောင်ကို ကြည့်လိုက်ပြီး အေးဆေး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ “အရွေးချယ်ခံ ဂုဏ်ထူးဆောင် ပါရမီရှင် တွေက ကန်မင်တိုက်ကြီးရဲ့ လူငယ်မျိုးဆက် တွေထဲမှာ အဓိက မဏ္ဍိုင်တွေ ဖြစ်တယ်။ ငါတို့က သူတို့ကို အနိုင်ယူပြီး သူတို့ရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်ရမယ်”

“ဒါပေမဲ့ ဘာကြောင့်လဲ …”

သူက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး သူ့၏နောက်မှ လေးယောက်အား ကြည့်လိုက်သည်။

“အခု ငါတို့ လုပ်သင့်တာက ကန်မင်တိုက်ကြီးက ငါတို့ တုံးရွမ်တိုက်ကြီးရဲ့ အရိပ်အောက်မှာ စိုးရိမ်တုန်လှုပ် နေစေဖို့ပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset