စာစဉ် (၁၂) အပိုင်း (၁၆၁)

နောက်ယောင်ခံလိုက်ခြင်း

တောင်တန်းတစ်ခု၏ နက်ရှိုင်းသော တစ်နေရာ၌

ဝူဟောင်နှင့် ယဲ့မင်တို့က တောင်ထိပ်ပေါ်၌ မတ်တတ်ရပ်လျက် ရှိနေကြသည်။ သူတို့က ထက်ရှသော အကြည့်များဖြင့် ကြီးမားသော တောင်ကြောကြီး များကို သေချာစူးစိုက် ကြည့်လျက်ရှိ၏။

“စွက် … စွက် …”

ထိုစဉ် ပုံရိပ်လေးခုက သူတို့ရှေ့သို့ ရောက်လာကြသည်။

“သူ့ကို ရှာမတွေ့ဘူး” လေးယောက်ထဲက တစ်ယောက်က ပြောလိုက်သည်။

ဝူဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး မတုန်မလှုပ် လေသံဖြင့် ပြောလိုက်သည်။ “ငါတို့က တန်ဖိုးတော်တော်များများ ပေးခဲ့ရပြီး ဇူရှောင်ယိုကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့တယ်။ ငါတို့ရဲ့ ချီကျင့်ကြံမှု အဆင့်ပေါ် မူတည်ပြီး ခန္ဓာကိုယ်တွေက သန်မာကြတယ်။ ထိခိုက်ဒဏ်ရာ ရရင်လည်း တဖြည်းဖြည်း ပြန်ကောင်း လာနိုင်ကြတယ်။ ဇူရှောင်ယိုရဲ့ ခန္ဓာကိုယ်က အားနည်းပြီး ခုချိန်က သူ အားအနည်းဆုံး အချိန်ဖြစ်နေလိမ့်မယ် …”

“ငါတို့က သူ့ကို သေလောက်အောင် လုပ်ခဲ့ပြီးဖြစ်တဲ့ အတွက် သေချာပြီးမြောက်အောင် ထပ်လုပ်ဖို့လိုတယ်။ သူပြန်ကောင်းလာမယ့် အခွင့်အရေး နည်းနည်းလေးတောင် ပေးလို့မရဘူး။ မဟုတ်ရင် စိုးရွံ့ကြောက်လန့် နေရလိမ့်မယ်”

ယဲ့မင်က ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ပြောတာကောင်းတယ် အစ်ကိုဝူ။ ငါတို့က ဒီလိုလုပ်ပြီး ဖြစ်တဲ့အတွက် အဆုံးသတ်မှာ ဘယ်အရာကိုမှ ဆုံးရှုံးမခံနိုင်ဘူး …”

သူက မည်းမှောင်နေသော မျက်ခုံးများကို ကြုတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲ၌ ဝဲတစ်ခုကဲ့သို့ လည်ပတ်လိုက်ပြီး သူ့မျက်လုံးရှေ့ရှိ ပတ်ဝန်းကျင် တစ်ခုလုံးက စတင်ကာ ပြောင်းလဲလို့လာသည်။

အရာရာဟာ မီးခိုးရောင် အရိပ်တစ်ခုလို ပြောင်းသွားပြီ ကြီးမားသော တောင်တန်းကြီးများကို ထွင်းဖောက်၍ သွား၏။ ထိုအရိပ်ထဲ၌ အလင်းပုံစံများ တောက်ပလို့နေကာ အလင်း တစ်ခုစီက မူလချီအလင်း တစ်မျိုးစီကို ကိုယ်စားပြုလို့ နေသည်။ ထိုအရာများမှာ မရေမတွက် နိုင်သော မူလသားရဲများ ဖြစ်ကြသည်။ ယဲ့မင်က ထိုအလင်း တစ်ခုချင်းစီကို သေချာစူးစိုက် လေ့လာနေပြီး မူလချီ အနည်းဆုံး ဖြစ်နေသော နေရာကို ရှာဖွေနေသည့် ပုံပင်။

မိနစ် အနည်းငယ် ကြာပြီးနောက် သူ့အကြည့်များကို ရပ်တန့်လိုက်သည်။ မြောက်ဘက် အစွန်ဆုံးနေရာ တစ်ခုမှာ မူလချီက မှိန်ဖျော့ဖျော့ပဲ တွေ့ရတယ်။ ထို ချီဖျော့ဖျော့လေးက ကွယ်ပျောက် နေသလိုပင် တည်ရှိနေခြင်း ဖြစ်ကာ သေချာ ဂရုမစိုက်လျှင် မည်သည့်နည်းနှင့်မျှ သတိထားမိမည် မဟုတ်ချေ။

“သူ့ကိုသွားရှာ …”

မှိတ်ထားလျက် ရှိသည့် ယဲ့မင်၏ မျက်လုံးထဲမှ သွေးစက်တချို့ စီးဆင်းလာသည်။ ဒီလျှို့ဝှက်နည်း စနစ်ကို အသုံးပြုခဲ့ခြင်းက သူ့မျက်လုံးကို အနာတရ ဖြစ်စေ၏။

“သွား”

သို့သော် သူက ထိုအရာကို လျစ်လျူရှုထားပြီး တန်းခနဲ မြောက်အရပ်သို့ ဦးဆောင်ထွက်ခွာ လိုက်သည်။ ဝူဟောင်နှင့် အခြားလူများ ကလည်း နောက်ကလိုက်လို့ လာကြသည်။

ထိုစဉ်မှာပင် သေးသွယ်ကျစ်လျစ်သော ပုံရိပ်လေး တစ်ခုက တောတွင်း တစ်နေရာ၌ ရပ်လို့နေသည်။ သူက ယောင်ယောင်ပင်။ သူမ၏ လှပသော မျက်နှာလေးက အလွန်ဖျော့တော့ နေသော်လည်း ကြောက်ရွံ့ခြင်း၊ ထိတ်ထိတ်ပျာပျာ ဖြစ်ခြင်း စသည်တို့ကို တစ်စက်ကလေးတောင် မတွေ့ရချေ။

“ဟားဟား … ငါသူ့ကိုတွေ့ပြီ”

ယောင်ယောင်က ခပ်တိုးတိုးလေး ညည်းလိုက်ပြီး လက်ထဲက မှော်စာလိပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထိုမှော်စာလိပ်မှ အလင်းတချို့ ထွက်ပေါ်လာပြီး သူမကိုယ် ဖုံးအုပ်ကာ ယောင်ယောင်၏ တည်ရှိမှုကို ဖျောက်ကွယ်လို့ ပေးထား၏။

သို့ရာတွင် ထိုအုပ်စု၌ သူမကို ထောက်လှမ်း ရှာဖွေနိုင်သော စွမ်းအားကောင်းသော နည်းလမ်းတွေ ရှိနေလိမ့်မည်ဟု မမျှော်လင့် ခဲ့မိပေ။

“ဘုန်း”

ကောင်းကင်ထက်မှ ပြင်းထန်သော၊ ဒေါမာန်တကြီး ချီလှိုင်းများက ဆင်းသက်လာကာ ယောင်ယောင်ထံသို့ ကြမ်းတမ်းစွာ ပေါက်ကွဲစေလိုက်၏။

ယောင်ယောင်က ဘေးသို့လှစ်ခနဲ ရှောင်လိုက်သည်။ သူမက ခေါင်းကို မော့ကြည့်လိုက်တော့ တောက်ပသော မူလချီ ပုံရိပ်များက ကောင်းကင်ထက်မှ သူမထံ တစ်ဟုန်ထိုး ဆင်းသက်လာသည်ကို တွေ့ရသည်။ ထိုပုံရိပ်များမှာ ဝူဟောင်၊ ယဲ့မင်နှင့် အခြားလူများ ဖြစ်ကြသည်။

“ဇူရှောင်ယို မင်းရဲ့ အားနည်းတဲ့ ခန္ဓာကိုယ် ကြာကြာခံနိုင်ရည် ရှိတော့မှာ မဟုတ်တော့ဘူး။ မင်းအရှုံးပေးပြီး ကိုယ့်ဘာသာ အဖမ်းခံပါ” ယဲ့မင်က ခြောက်ကပ်ကပ် အသံနှင့် ပြောလိုက်သည်။

သို့သော် ယောင်ယောင်က သူ့ကို လျစ်လျူရှု ထားလိုက်ပြီး သူမလက်ထဲရှိ နောက်ထပ် မှော်စာလိပ် တစ်ခုကို ဆုတ်ဖြဲလိုက်သည်။

“စွက် …”

ယောင်ယောင်၏ ခန္ဓာကိုယ်က အလင်းများဖြင့် ဖုံးလွှမ်းလို့ သွားကာ အနားရှိ လေဟာနယ် တွန့်လိမ်သွားပြီး သူမက ပျောက်ကွယ်လို့ သွားသည်။ တစ်စက္ကန့်လောက် ကြာမြင့်ပြီးနောက် သူမက ပေထောင်ပေါင်းများစွာ အကွာအဝေး၌ ပြန်ပေါ်လာ၏။

ဝူဟောင်နှင့်ယဲ့မင် တို့က ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ် မိကြသည်။ “ဒီကောင်က လေဟာနယ် ကူးပြောင်းခြင်း မှော်စာလုံးကိုပါ ကျွမ်းကျင်နေတာက မယုံနိုင်စရာပဲ။ ဘယ်လိုတောင် ကြောက်မက်ဖွယ် ကောင်းလိုက်တဲ့ မူလမှော်စာလုံး အရည်အချင်းလဲ”

သူတို့က အကြည့်ချင်း ဖလှယ် လိုက်မိကြသည်။ နှစ်ယောက်လုံး၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေသည်ကို တွေ့ရ၏။

“ဒီမှော်စာလုံးက လေဟာနယ်ကို ဆုတ်ဖြဲပြီး ခရီးသွားရတာ။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ ပြင်းထန်သော သက်ရောက်မှု ဖြစ်နိုင်တယ်။ သူက မူလချီလုံး၀ ရှိတာမဟုတ်ဘူး။သူဒါကို ခဏခဏ အသုံးပြုနိုင်မှာ မဟုတ်ဘူး …”

“ငါတို့က သူ့ကို လွတ်မြောက်ခွင့် မပေးနိုင်ဘူး”

ဝူဟောင်နှင့် ယဲ့မင်တို့က မူလချီများကို ထုတ်ဖော်လိုက်ပြီး သူတို့က ယောင်ယောင်နောက်ကို တစ်ဟုန်ထိုး ဆက်လိုက်သွားကြသည်။

အုပ်စုတစ်ခုက လူတစ်ယောက် နောက်ကို လိုက်နေသည်မှာ နေ့တစ်ဝက်အတွင်း တောင်တန်း ဘယ်လောက်များများ ဖြတ်ကျော်ပြီးသည်ကို နတ်ဘုရားများသာ သိပေတော့မည်။ ဝူဟောင်နှင့် ယဲ့မင်တို့က ယောင်ယောင်နောက်ကို လိုက်ရာတွင် အသက်တစ်ခါ ရှူစာတောင် ရပ်နားခြင်း မရှိကြပေ။

သူတို့ရှေ့ရှိ အကွာအဝေး တချို့ တွင်ရှိသော ယောင်ယောင်၏ မျက်နှာက သူမက လွတ်မြောက်ရန် စွမ်းအားများစွာ သုံးစွဲ ထားရသောကြောင့် အလွန်ဖျော့တော့ နေ၏။

ယောင်ယောင်၏ တောက်ပသော မျက်လုံးများက ပို၍ပို၍ အေးစက်လာသည်။ သူမ မျက်ခုံးကြားရှိ ရှေးဟောင်း မှော်စာလုံးကလည်း တဖြည်းဖြည်းပို၍ ထင်ရှားလာသည်။ ယောင်ယောင်က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံပင်။ သူမက ဆက်မသွားတော့ပဲ ရပ်တန့်လိုက်သည်။

နောက်ဆုံးတော့ သူရပ်သွားပြီ။ ဝူဟောင်နှင့်ယဲ့မင် တို့က အလွန်ပျော်ရွှင်လို့ သွားသည်။ သူတို့က ယောင်ယောင်ကို မီလာကြပြီ ဖြစ်သည်။ အခြားလေးယောက် ကလည်း ယောင်ယောင်ကို နေရာအစုံမှ ဝန်းရံထားလိုက်သည်။

ဝူဟောင်က ပြောလိုက်သည်။ “နောက်ဆုံးတော့ မင်းကံတရားကို လက်ခံရတော့မယ် …”

ယောင်ယောင်က ခေါင်းမော့ကာ တုန်လှုပ်မှုကင်းစွာ ဝူဟောင်ကို စူးစိုက်ကြည့်၍ ပြန်ဖြေလိုက်၏။ “မင်းရဲ့ အရည်အချင်းကြောင့် မင်းက ခုထိ အသက်ရှင် နေတယ်လို့ ထင်နေတာလား။ ငါက ဇူယွမ်ကို ကတိ ပေးထားခဲ့လို့ မင်းအသက်ကို သူ့အတွက် ချန်ထားနေတာ။ ဒါကို အကောင်းမှတ် မနေနဲ့”

ဝူဟောင်ပုံစံက မည်းမှောင်လို့သွားသည်။ “သေတော့မှာတောင် ခုထိ လျှာစောင်းထက် နေသေးတယ်”

ယောင်ယောင်၏ လှပသော မျက်နှာလေးက အလွန့်အလွန် အေးစက်လို့သွားသည်။ “ ဒါပေမဲ့ မင်းက အလွန်စက်ဆုပ်ဖွယ် ကောင်းတယ်လို့ ငါခံစားရတဲ့ အတွက် ဇူယွမ်ကို ပေးထားတဲ့ ကတိကို ပယ်ဖျက်ပစ်မှ ရတော့မယ်”

သူမမျက်နှာက စိတ်ခံစားချက် ကင်းမဲ့နေဟန် ရပြီး မျက်ခုံးနှစ်ခု ကြားရှိ ရှေးဟောင်း မှော်စာလုံးက ခပ်ရေးရေး တောက်ပလာ၏။

“မူမမှန်တော့ဘူး။ သူ့ကို ချက်ချင်းသက်လိုက် …” ယဲ့မင်နှင့်ဝူဟောင် တို့က မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက လက်သီးတစ်ချက်စီ ထိုးလိုက်ကြပြီး ပြင်းထန်သော မူလချီများက ယောင်ယောင်ထံသို့ ဝင်ရောက် တိုက်ခိုက်လာသည်။

ယောင်ယောင်၏ မျက်နှာက အေးစက်သထက် အေးစက်လာကာ သူမထံ မြန်ဆန်စွာ ဝင်ရောက်လာသော မူလချီ တိုက်ခိုက်မှုကို ကြည့်လိုက်သည်။ သူမ၏ ရှည်လျားသွယ်တန်းသော လက်ချောင်းကလေးက မျက်ခုံးကြားရှိ ရှေးဟောင်း မှော်စာလုံးထံကို ထိတွေ့ရန် ဦးတည်လိုက်သည်။ လေထုက ကြောက်မက်ဖွယ် ခံစားချက်များကို ထုတ်လွှတ်လို့လာ၏။

“ဘုန်း”

မူလချီများက တဝေါဝေါ နီးကပ်လာခဲ့သည်။ သို့သော် ယောင်ယောင်က ရှေးဟောင်း မှော်စာလုံးကို ထိတွေ့မိရန် သူမလက်က တစ်ဝက်တစ်ပျက် အလိုတွင် ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင် ကဲ့သို့ ဖျတ်ခနဲ ရောက်လာကာ ယောင်ယောင်အား ဆွဲခေါ်သွားသည်။ အစိမ်းရောင် အလင်းတစ်ခုက ဝန်းရံထားသည့် လူများကို အလွန်မြန်ဆန်စွာ ဖောက်ထွက်လို့ သွားသည်ကို တွေ့လိုက်ရ၏။

“သူ့ကို တားထား” ယဲ့မင်က အရင်ဆုံး တုံ့ပြန်လိုက်သည်။

တုံးရွှမ် ကုန်းမြေကြီး၏ ပါရမီလေးယောက် တုံ့နှေးခြင်း မရှိဘဲ အစိမ်းရောင် အလင်းတန်းနောက်သို့ လျင်မြန်စွာ ပြေးလိုက်ကြသည်။

အစိမ်းရောင် အလင်းတန်းက လွတ်မြောက်သွားသော်လည်း ရပ်တန့်နေခြင်း မရှိဘဲ သစ်ပင်များ ထူထဲစွာ ပေါက်ရောက်နေသော တောထဲသို့ ဝင်ရောက်ပျောက်ကွယ်လို့ သွားသည်။

“ဘုန်း”

ထိုခဏ၌ ဝူဟောင်နှင့်ယဲ့မင် တို့၏ တိုက်ခိုက်မှုများက အစိမ်းရောင် အလင်းတန်းကို ထိမှန်ခြင်း မရှိဘဲ ထိုအစား မြေကြီးများကို အလိပ်လိုက် အက်ကွဲသွားစေသည်။

ယဲ့မင်က အလွန် မကျေမနပ် ဖြစ်လျက်ရှိသည်။ သူက အောင်မြင်ခါနီး အချိန်မှာ အခုလို အဖြစ်အပျက်မျိုး ဖြစ်ပွားလိမ့်မည်ဟု မမျှော်လင့်မိချေ။ အစိမ်းရောင် အလင်းတန်း၏ လျင်မြန်မှုက သူ့အား တုန်လှုပ်မိစေ၏။

“သူက ဘယ်သူလဲ” သူက အရမ်း မသန်မာပေမဲ့ အမြန်နှုန်းကတော့ အံ့သြစရာပဲ။ ယဲ့မင်က ဝူဟောင်ကို ကြည့်၍ ပြောလိုက်သည်။ သူ့ကိုပင် ထိုအစိမ်းရောင် အလင်းတန်း၏ အမြန်နှုန်းက နောက်ကောက်ချ သွားနိုင်သည်။

ဝူဟောင်မျက်နှာက ရုပ်ဆိုးသွားပြီး အစိမ်းရောင် အလင်းတန်း ပျောက်ကွယ်သွားသည့် နေရာကို စူးစိုက်ကြည့်လိုက်သည်။ သူက သွားကြားထဲက လာသည့်အသံဖြင့် အေးစက်စွာ ပြန်ပြောလိုက်သည်။

“ကျိုးချူးချင်ယု”


Comment

Leave a Reply

Options

not work with dark mode
Reset