Switch Mode

စာစဉ် (၁၁) အပိုင်း (၁၅၀)

အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ် ကြီးမြတ်သော လေနှင့်မိုးကြိုး

“နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီလေ”

ဇူယွမ်က ရေကန်နံဘေးတွင် လဲလျောင်းနေသည့် ပုံရိပ်ကြီးကို စိုက်ကြည့် လိုက်သည်။ သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ အရှိန်အဝါမှာလည်း လွန်စွာ အားနည်းနေပြီ။ ကြည့်ရသည်မှာ ဒဏ်ရာများက သူ၏ အသက်ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။

“ရှောင်ထျန်းရွှမ်က တကယ့်ကို အားစိုက် ထားတာပဲ” ဇူယွမ်က မှတ်ချက် ပေးလိုက်သည်။ တစ်စုံ တစ်ယောက်သာ ဆိုရင် အဆင့်လေး လေမိုးကြိုးသားရဲကို ဒီအခြေအနေသို့ ရောက်အောင် လုပ်နိုင်မည့် အင်အား မရှိနိုင်ချေ။

သို့သော်လည်း မြို့စားလေး အနေဖြင့် မည်မျှပင် အားစိုက် ထုတ်ထားပါစေ ကံကြမ္မာ ရေစက်ပါသော ဇူးယွမ် အနေဖြင့် ထိုအသီးအပွင့်များကို ရိတ်သိမ်း တော့မည် ဖြစ်သည်။

ဇူယွမ်က သူ၏ ကောင်းကင်ဘုံ ယွမ်စုတ်တံကို တင်းကျပ်စွာ ဆုပ်ကိုင် ထားရင်းမှ တဖြည်းဖြည်း ကြီးမားလာပြီး တိုက်ခိုက်ရေးပုံစံ အဖြစ် ပြောင်းလဲ သွားသည်။

ဝေါင်း…

လေမိုးကြိုး သားရဲကြီးသည် ချီစွမ်းအင်များကို အာရုံခံမိသည်နှင့် အားနည်းသော ဟိန်းသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ သူ၏ ကြီးမားလှသော ပါးစပ်ကြီးအား ဖွင့်လိုက်ပြီးနောက် လေနှင့်မိုးကြိုးများ ပါဝင်သည့် စွမ်းအင်လုံး တစ်ခုကို ဇူယွမ်ထံသို့ ရုတ်ရင်း ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။

သို့သော်လည်း လေမိုးကြိုး သားရဲကြီးမှာ ပြင်းထန်စွာ ဒဏ်ရာ ရထားသဖြင့် သူ၏ မူလချီများမှာ မူလက စွမ်းအား၏ ဆယ်ပုံတစ်ပုံပင် မပါဝင်တော့ပေ။ ထို့ကြောင့် လေနှင့်မိုးကြိုး တိုက်ခိုက်မှုသည် ဇူယွမ်၏ ကောင်းကင်ဘုံ ယွမ်စုတ်တံက ရိုးရှင်းသော တိုက်ခိုက်မှု တစ်ခုနှင့် ချေဖျက် လိုက်သည်။

သူ့အတွက် အခြေအနေ မကောင်းသည်ကို သိသည်နှင့် လေမိုးကြိုးသားရဲက ရုတ်တရက် ထပြေးတော့သည်။

“မင်းက ဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ”

ဇူယွမ်က ရယ်မော လိုက်ပြီးနောက် သူ၏လက် အတွင်းရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံ လှုပ်ခတ် သွားတော့သည်။ နှင်းကဲ့သို့ ဖြူဆွတ်နေသော အမွေးများက ရုတ်တရက်ရှေ့သို့ တိုးထွက်သွားပြီး လေမိုးကြိုးသားရဲ၏ ခြေထောက်တို့ကို တိုက်ခိုက်လိုက်သည်။

ပြီးနောက် စုတ်တံ၏ အမွေးများက ဒဏ်ရာများမှ တစ်ဆင့် လေမိုးကြိုးသားရဲ၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

လေမိုးကြိုးသားရဲက အော်မြည်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ လေနှင့် မိုးကြိုးတို့ကို ထုတ်ဖော် လိုက်သော်လည်း အဖြူရောင် အမွေးအမှင်များကို ဖျက်မဆီးရန်ငှာ မစွမ်းတော့ပေ။

သားရဲကြီး၏ ဦးခေါင်းပေါ်သို့ ထိုးချလိုက်သည်။

“နဂါးလက်ဝါး ကောင်းကင်ခွဲခြင်း”

စွမ်းအားကြီးမားတဲ့ မူလစဦးချီများက လေမိုးကြိုးသားရဲ၏ ခေါင်းကို ခွဲလိုက်ပြီး သားရဲကြီး၏ ဘဝကို အဆုံးသတ် ပေးလိုက်သည်။

ခလပ်…

လေမိုးကြိုးရဲ့ ခန္ဓာကိုယ်က စွမ်းအားမဲ့စွာ မြေကြီးပေါ်သို့ ပြုတ်ကျပြီး ရေကန် ပတ်ပတ်လည်ရှိ မြေပြင်မှာ တုန်ခါ သွားတော့သည်။

ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကိုင်ထားလျက် သူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ရဲရဲနီလျက် ရှိသည်။

လေမိုးကြိုးသားရဲ သေဆုံးသွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အမျှင်တန်းများက သူ၏ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ် လာခဲ့သည်။ အမျှင်တန်း တစ်ခုစီတွင် အလွန်သန့်စင်သော မူလချီများ ပါဝင်ပေသည်။

“အဆင့်လေး မှော်သားရဲဆိုတော့ ငါအရင်က စုပ်ယူခဲ့တဲ့ သားရဲတွေရဲ့ မူလချီထက်ပိုပြီး ကြွယ်ဝတာပဲ” ဇူယွမ်က ချီးမွမ်းလိုက်သည်။ သူ ယခင်က အမဲလိုက်ပြီး ရရှိခဲ့သော မူလသားရဲများ၏ ချီစွမ်းအင်များသည် လေမိုးကြိုး သားရဲထံမှ ရရှိသော မူလချီများနှင့် နှိုင်းယှဉ်ပါက ဆယ်ပုံတစ်ပုံမျှသာ ရှိပေမည်။

အဖြူရောင် အမျှင်တန်းများက မြင့်တက်လာပြီး နောက်ဆုံးတွင် အတူတကွ စုမိကာ လူခေါင်းအရွယ် အဖြူရောင် အလုံးလေးတစ်လုံး ဖြစ်လာခဲ့သည်။ ချီအလုံးကြီးက တဖြည်းဖြည်း အရွယ်အစား ကျုံ့သွားပြီး နောက်ဆုံးတွင် လက်သည်းခွံ အရွယ်ခန့် ပုတီးစေ့အဖြစ်သို့ ပြောင်းလဲသွားသည်။

ပုတီးစေ့လေးက ကြည့်ရသည်မှာ တိမ်နှင့်ပင်လယ်များ ပါဝင်နေပြီး ကြီးမားလှသည့် မူလချီများသည် ဇူယွမ်၏ ပါးစပ်အတွင်းသို့ ဝင်ရောက် သွားကြသည်။

ဇူယွမ်၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ သူ၏ ချီသိုလှောင်ခန်းမှာ ချီစွမ်းအင်များဖြင့် ပြည့်နှက် လာသည်ကို ခံစားမိလိုက်သည်။ ဒီအချိန်တွင် သူကောင်းကင်ဘုံ တံခါးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ဇူယွမ်က သက်ပြင်း တစ်ချက် ချလိုက်ပြီး  တရိပ်ရိပ် ထိုးတက်လာသော စွမ်းအားတွေကို ဖိနှိပ်လိုက်သည်။ သူက အလွန် ဂရုစိုက်စွာဖြင့် အဖြူရောင် မူလပုတီးစေ့ကို သိုလှောင်အိတ် အတွင်းသို့ ထည့်သွင်း သိမ်းဆည်း လိုက်သည်။

ထိုသို့ လုပ်ပြီးနောက်တွင် လေမိုးကြိုးသားရဲထံမှ ထပ်မံ မြင့်တက်လာသည့် စိမ်းနက်ရောင် ကျောက်စိမ်းပြားကို မြင်လိုက်ရကာ သူ၏မျက်လုံးများမှာ တစ်ဖန် ပြန်၍ တောက်ပ လာခဲ့သည်။

ထိုအရာကို ထိလိုက်တဲ့ အချိန်မှာ အချက်အလက်တွေက သူ၏ခေါင်းထဲသို့ စီးဝင် လာတော့သည်။

ဇူယွမ်က သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး အချက်အလက်များကို လက်ခံလိုက်သည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် သူ၏မျက်လုံးများ ပြန်ဖွင့်လာပြီး ကျောက်စိမ်းပေါ်တွင် မှတ်သားထားသည့် ကောင်းကင်ဘုံ မူလကျင့်စဉ်အား မှတ်သား ထားပြီး ဖြစ်သည်။

ဒီကောင်းကင်ဘုံငယ် ကျင့်စဉ်ကို ကြီးမြတ်သော လေနှင့်မိုးကြိုးလို့ ခေါ်တာပဲ။

ကျင့်ကြံခြင်း နည်းလမ်းများကို ထုတ်ယူ မှတ်သားထား၍ မရပေ။ တစ်ကြိမ်သာ အသုံးပြုပြီးသည်နှင့် ကျောက်စိမ်းမှာ ကြေမွ ပျက်စီးသွားပြီး ထိုနည်းစနစ်အား ဒုတိယလူ လေ့ကျင့်နိုင်စွမ်း မရှိစေရန် စီရင်ထားသည်။

“နောက်ဆုံးတော့ ရပြီ”

ဇူယွမ်က ကျေနပ်အားရစွာ ကျောက်စိမ်းပြားအား ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူအဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်အား ရရှိပြီး ဖြစ်သည်။ ထိုကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် သူ၏ သန်မာမူက အံ့အားသင့်ဖွယ် အဆင့်ထိ တိုးတက် သွားပေမည်။

“ဒီတစ်ခါ ဖမ်းမိတဲ့ငါးက တော်တော် ကြီးတာပဲ”

ဇူယွမ် အကူအညီမဲ့စွာ သူ့ကိုယ်သူကိုယ်သူ ရယ်မောပြီး ပြောလိုက်သည်။ သူ့အနေဖြင့် ကောင်းကင်တံခါး အဆင့်အထိ တက်လှမ်း နိုင်အောင် ထောက်ပံ့နိုင်သည့် အဖြူရောင် မူလပုတီးစေ့အား ရရှိခဲ့ရုံသာမက အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်ကိုပင် ရရှိခဲ့သေးသည်။

ဝှစ်…

ဇူယွမ်က လေမိုးကြိုး သားရဲကြီး၏ အလောင်းကောင်ကြီးအား ကြည့်ရှု နေစဉ် အတွင်းမှာပဲ ရုတ်တရက် လေထုမှာ လှုပ်ခတ်သွားပြီး သူ၏အနောက်သို့ အားလှိုင်းတစ်ခု ဆင်းသက် လာသည်ဟု ခံစားလိုက် ရသည်။

ဇူယွမ်၏ တုံ့ပြန်မှုမှာလည်း မနှေးကွေးနေပေ။ သူ၏ လက်အတွင်းရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံမှာလည်း ရုတ်တရက် လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော နှင်းဖြူရောင် အမွေးများက အဖြူရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး သူ၏နောက်တွင် ပိုက်ကွန်များ အဆင့်ဆင့် ဖြစ်ပေါ်လာသည်။

ဖြောင်း … အနီရင့်ရောင် အလင်းတန်းက အဖြူရောင် ပိုက်ကွန်နှင့် တွေ့ဆုံသွားပြီး  တစ်လွှာပြီးတစ်လွှာ ထိုးဖောက် ဝင်ရောက် လာသည်။ သို့သော်လည်း ထိုအနီရောင် အလင်းတန်းက ဇူယွမ်ရှေ့သို့ ရောက်လျှင် အဖြူရောင် ပိုက်ကွန်အား ထိုးဖောက်ခဲ့ရသဖြင့် စွမ်းအား မကျန်တော့ပဲ အနောက်သို့ ပြန်လွင့်စဉ် သွားသည်။

ဇူယွမ်က အနောက်သို့ လှည့်လိုက်ပြီး သူ၏မျက်လုံးများက လူရိပ်အချို့ မတ်တတ်ရပ်လျက် ရှိသော အနီးအနားရှိ တောင်ထိပ် တစ်ခုပေါ်သို့ ကြည့်လိုက်သည်။ အရှေ့က ပုံရိပ်နှစ်ခုမှာ သိသာစွာပင် ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့ ဖြစ်သည်။

“သူတို့သားရဲ ဒီမှာ ရှိတာကို သိပြီး လိုက်တာ မယုံနိုင်စရာပဲ” ဇူယွမ်က သူတို့ကို အံ့အားသင့်စွာ ကြည့်ပြီး ရေရွတ် လိုက်သည်။

“ဒါဆို အရာအားလုံးရဲ့ နောက်ကွယ်က လူကမင်းပေါ့” ရှောင်ထျန်းရွှမ်၏ မျက်နှာ အမူအရာက ဆိုးရွားစွာ ပျက်ယွင်းနေပြီး ဇူယွမ်ကို သတိဖြတ်လိုစိတ် အပြည့်နှင့် စိုက်ကြည့် နေသည်။

သူအစောက တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သော ပြဿနာများကို ယခုမှပင် သဘောပေါက် သွားတော့သည်။

ဇူယွမ်က လျှို့ဝှက်စွာပင် သူတို့၏ နောက်မှ လိုက်ပါလာခဲ့ပြီး လေမိုးကြိုး သားရဲကြီးအား သူတို့ကြိုးစား ဖမ်းဆီးထားသည်မှ လွတ်မြောက်အောင် လုပ်ဆောင်ခဲ့သည်။

ရှောင်ထျန်းရွှမ်၏ နံဘေးတွင်ရှိသော ဂူလင်း မျက်နှာမှာ ရုပ်ဆိုး နေသော်လည်းပဲ သူမက အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ရှင်က တကယ်ကို တော်တဲ့ အခွင့်အရေး သမားပဲ။ ငါတို့ရော မှော်သားရဲကော နှစ်ဖက်လုံး ပင်ပန်းနေတဲ့ အချိန်မှာ ရွေးပြီး လှုပ်ရှားနိုင်တယ်”

ရှောင်ထျန်းရွှမ်က အေးစက်စက်နှင့် ကြောက်မက်ဖွယ် ကောင်းအောင် ဇူယွမ်အား ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မင်းသာ ဆန်းကြယ်လေးလံရွှံ့စေးကနေ လေမိုးကြိုးသားရဲကို လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ဖူးဆိုရင် မင်းလည်း အောင်မြင်မှာ မဟုတ်ဘူး”

သူ၏လက်ကို ဇူယွမ်ထံသို့ ဆန့်တန်းလိုက်ပြီး သူ၏လေသံမှာ ပြောင်းလဲခြင်း မရှိဘဲ ဆက်ပြောခဲ့သည်။ “မင်းက လေမိုးကြိုးသားရဲဆီက ရရှိတဲ့ အကျိုးကျေးဇူးတွေ ကိုလည်း ဂူကလန်ရဲ့ အထောက်အပံ့ ရတနာတွေကို ခိုးယူသလိုမျိုး ခိုးယူခဲ့တယ်”

“မင်း နားလည်ထားဖို့က အဲဒီအရာတွေ အားလုံးက မင်းနဲ့ ထိုက်တန်တဲ့ အရာတွေ မဟုတ်ဘူး ဆိုတာကိုပဲ”

ဇူယွမ်က ထိုစကားကို ကြားတော့ ရယ်မော လိုက်သည်။ သူ၏ သိုလှောင်အိတ်ကို ပုတ်၍ အဖြူရောင် မူလ ပုတီးစေ့လေးက သူ၏လက်တွင် ပေါ်လာခဲ့သည်။

“မင်းက ဒီအရာ အကြောင်းကို ပြောနေတာလား …”

ရှောင်ထျန်းရွှမ်က အဖြူရောင် မူလပုတီးစေ့အား လောဘတကြီး စိုက်ကြည့် လိုက်သည်။ မူလစဦး မှော်သားရဲများ၏ သန့်စင်သော ချီတွေက သူတို့၏ ခန္ဓာကိုယ် အတွင်းတွင်သာ ရှိနေပြီး လေမိုးကြိုးသားရဲ၏ မူလချီများကတော့ သည်ပုတီးစေ့တွင် စုဆောင်း မိနေပြီဖြစ်သည်။ သည်ပုတီးစေ့ထဲတွင် မူလချီများ မည်မျှ ပါဝင်နေမည်ကို မှန်းဆ၍ပင် မရချေ။

“လက်လျှော့ လိုက်တော့”

ဇူယွမ်က ထိုအဖြူရောင် ပုတီးကို လှည့်ပတ် ကစားနေရင်းမှ ရှောင်ထျန်းရွှမ်ကို ထူးဆန်းစွာ ပြုံးပြလိုက်ပြီး အဆုံးမှာတော့ ညင်သာစွာပင် အဖြူရောင် မူလပုတီးစေ့ကို သူ၏ ပါးစပ် အတွင်းသို့ ပစ်သွင်း လိုက်သည်။

ဇူယွမ်က သူပါးစပ်များကို နားရွက်သို့ တက်ချိတ်မတတ် ပြုံးဖြီးဖြီး လုပ်လိုက်ပြီး “ငါဘာလို့ အခု မပျော်ရွှင်သလို ခံစားနေရတာလဲ”

ရှောင်ထျန်းရွှမ်က ရုတ်တရက် ကြက်သေသေ သွားခဲ့ပြီး ခဏအကြာမှာ သူ၏မျက်နှာ တစ်ပြင်လုံး နီရဲလာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဇူယွမ်… ငါမင်းကို သတ်မယ်”

သူ့အနေဖြင့် လေမိုးကြိုးသားရဲကို တိုက်ခိုက်ရန် အတွက် ဝှက်ဖဲ အကုန် သုံးခဲ့ရသော်လည်း နောက်ဆုံးတွင် ဇူယွမ်အတွက် အကျိုး ဖြစ်ထွန်းစေမည်ဟု လုံးဝ မထင်မိပေ။

“သူ့ကိုသတ်…” ရှောင်ထျန်းရွှမ်က သူ့နောက်ရှိလူများကို အော်ဟစ် ပြောလိုက်သည်။ အချို့သော ကောင်းကင်တံခါး အဆင့်များက ဇူယွမ်ကို ရန်လိုစွာ ကြည့်လိုက်ကြသည်။

”သို့သော်လည်း ဇူယွမ်က အသိဉာဏ် ကင်းမဲ့နေသူ တစ်ဦး မဟုတ်သဖြင့် သူ့နောက်ရှိ ရေကန် အတွင်းသို့ ဒိုင်ဗင်ထိုးချလိုက်ပြီး အော်ပြော လိုက်သည်။

“ရှောင်ထျန်းရွှမ် ငါ ကောင်းကင်ဘုံ တံခါးအဆင့်ကို ရောက်မှ ငါတို့ ပြန်တွေ့ကြမယ်”

သည်အချိန်က တိုက်ခိုက်ရမည့် အချိန် မဟုတ်သေးပေ။ မူလပုတီးစေ့ကို မျိုချထားသဖြင့် သူ ထိုစွမ်းအင်တွေကို အသုံးပြုပြီးတော့ နောက်တစ်ဆင့် တက်ရန် ကြိုးစား ရပေမည်။

ဝှစ်…

ရှောင်ထျန်းရွှမ်နှင့် သူ့အဖွဲ့သားတွေက ရေကန်နံဘေးသို့ ရောက်ရှိလာသည်။ သူတို့လည်း ရေကန်အတွင်းသို့ ဒိုင်ဗင် ထိုးချလိုက်သည်။ သူတို့လည်း ခဏအကြာတွင် ပြန်ပေါ်လာပြီး သူတို့၏ မျက်နှာများမှာ တင်းမာ နေကြသည်။

ဂူလင်းက အံကြိတ်ပြီး ပြောလိုက်သည်။

“ရေကန်ထဲမှာ ရေအောက် လိုဏ်ခေါင်းတွေ အများကြီးပဲ။ သူဘယ်နားမှာ ပုန်းနေလဲ ငါတို့ မပြောနိုင်ဘူး”

ရှောင်ထျန်းရွှမ်က ဒေါသကြောင့် တုန်ရီနေပြီး ခဏအကြာမှာ သူ၏ နှလုံးသားက ပြန်လည် တည်ငြိမ်သွားပြီး အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသော လေသံဖြင့် ပြောလိုက်သည်။ “သူ အဝေးကြီးကို ပြေးနိုင်သေးမှာ မဟုတ်ဘူး။ ဒီနေရာကို တစ်လက်မမှ မကျန်အောင်ရှာ။ သူ့ကို ရှာတွေ့ရင် သူ့ဘဝကို သေချာ အဆုံးသတ် ပေးရမယ်”

သူ၏ အသံထဲတွင် လူသတ်လိုတဲ့ အငွေ့အသက်တွေ ပါဝင်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset