Switch Mode

စာစဉ် (၁၁) အပိုင်း (၁၄၆)

သူတော်စင် အကြွင်းအကျန်အဖွဲ့

တောင်တွေ အကြားရှိ မြေကွက်လပ်လေး တစ်ခု၌ အဝေးတစ်နေရာမှ ကြည့်လျှင်ပင် များစွာသော လူစုလူဝေးများဖြင့် အသက်ဝင်လျက် ရှိသည်ကို တွေ့ရသည်။

သည်နေရာက လူများ စုဝေးရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဇူယွမ်လည်း အပြေးအလွှား ရောက်လာကာ မတ်တတ်ရပ်လျက် ရှိသော လူအုပ်ကြီးကို မြင်သည်နှင့် ကြက်သေသေ သွားခဲ့သည်။ ဒါက သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ပါရမီရှင်တွေကို တစ်စုတစ်ဝေးထဲ တွေ့ရသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

ဇူယွမ်က လူအုပ်ကြီးထဲမှာ တိတ်ဆိတ်စွာပင် နေထိုင်ရင်း မူလ ကောင်းကင်ဘုံငယ် ကျင့်စဉ်နှင့် ပတ်သက်သော သတင်း အချက်လက်များကို နားစွင့်နေသည်။

မိနစ် တစ်ဒါဇင်ခန့် အကြာတွင် သူသတင်း အချက်အလက်များကို ရှာဖွေနိုင်ခဲ့သည်။ အဖွဲ့တစ်ခုသည် မှော်သားရဲ တောင်တန်း အတွင်းသို့ ဝင်ရောက် သွားပြီးနောက် ထိုအဖွဲ့ဝင် ငါးယောက်မှာ အသတ်ခံလိုက်ရပြီး တစ်ယောက်သာ အသက်ရှင်လျက် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။

သူတို့ အဖွဲ့ဝင်တိုင်းက ကောင်းကင်တံခါး အဆင့်သန်မာမှု ရှိကြသော်လည်းပဲ မှော်သားရဲမှာ အဆင့်လေး မှော်သားရဲပြီး မူလဘူတအဆင့် ကျင့်ကြံသူ တစ်ဦး၏ ခွန်အားနှင့် ညီမျှပေသည်။ ထိုအပြင် ထိုသားရဲ၌ အဆင့်နိမ့် ကောင်းကင်အဆင့် မူလ ကျင့်စဉ်တစ်ခုလည်း ပိုင်ဆိုင်ပေသည်။

သတင်း အချက်အလက်တွေက မရေမတွက်နိုင်တဲ့ ပါရမီရှင်များကို ဆွဲဆောင် ထားသည်။ အားလုံးပြီးနောက် သူတို့အားလုံး အနေဖြင့် မှော်သားရဲများကို သတ်ဖြတ်ပြီးနောက် ထိုမှော်သားရဲများထံမှ သူတို့ စုဆောင်းထားသော အံ့အားသင့်ဖွယ် ကောင်းအောင် သန့်စင် ကြွယ်ဝသည့် မူလချီများကို ရရှိနိုင်ကြောင်း သိပြီးဖြစ်သည်။ ထိုမူလချီများက သူတို့၏ ကျင့်ကြံခြင်းကို များစွာ အထောက်ကူ ဖြစ်စေသည်။

မည်သူမှ အဆင့်လေး မှော်သားရဲကို သတ်ဖြတ်နိုင်သော စွမ်းအား မရှိသော်လည်းပဲ ထိုမှော်သားရဲ စုပ်ယူထားမည့် သန့်စင်သော မူလ ချီပမာဏကို တွေးမိသည်နှင့် သူ့တို့၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်မိကြသည်။

သို့သော်လည်း အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ် ပိုင်ဆိုင်သည့် မှော်သားရဲကို ရင်ဆိုင်ဖို့ လွယ်ကူမည် မဟုတ်ပေ။ သူ၏ သန်မာမှုက မူလစဦးအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှနေသော်လည်း ဒီမှာ ရှိနေသော လူအများစုက ကောင်းကင်တံခါး အဆင့်သာ ရောက်ရှိနေသေးသည့် လူငယ်များ ဖြစ်သည်။ သူတို့သာ သွားရောက် တိုက်ခိုက်ပါက အဆင့်လေး သားရဲက သူတို့ကို အလွယ်လေး ဆုတ်ဖြဲ ပေလိမ့်မည်။

ဒါကြောင့် သည်နေရာတွင် တော်တော်များများ စုမိနေသော်လည်း မည်သူမှ စမလှုပ်ရှားကြသေးပေ။

ပိုပြီး အရေးကြီးသည်က အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်နှင့် သန့်စင်သော မူချီများက တစ်ခုတည်းသာ ရှိနေခြင်းပင် ဖြစ်သည်။

သည်နေရာတွင် စုနေသော ပါရမီရှင်များမှာ လွန်စွာ များပေသည်။ လူတိုင်းသာ သွားခဲ့လျှင် ထိုအရာက ဘုန်းကြီး အများကြီးက ယာဂု တစ်ပန်းကန်လေးသာ အလှူခံ ရရှိခြင်းနှင့်တူပြီး ထိုအရာကို မည်သို့ ခွဲဝေကြမည်နည်း။

ဇူယွမ်၏ ခေါင်းထဲမှာ တွေးတောနေစဉ် အတွင်း ရုတ်တရက် လူအုပ်ကြီးမှု ဆူညံ လှုပ်ရှားသွားပြီး လူအများအပြားက အနောက်သို့ လှည့်ကြည့် လိုက်ကြသည်။ ဇူယွမ်လည်း စဉ်းစားနေရင်းမှ အနောက်သို့ လှည့်ကြည့် လိုက်သည်။

ပုံရိပ်အချို့က တောင်ကြား အနောက်ဘက်ရှိ မြင့်သော နေရာတစ်ခုတွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ် ရပ်လျက်ရှိသည်။ ဇူယွမ်က ထိုအထဲတွင် သူ ရင်းနှီးသော ပုံရိပ်နှစ်ခုအား တွေ့လိုက်ရသည်။ မြို့စားလေး ရှောင်ထျန်းရွှမ်နှင့် ဂူလင်း။

ပုံရိပ်များကလည်း သူတို့နှစ်ယောက်၏ နံဘေးတွင် ရပ်နေပြီး သူတို့မျက်နှာတွင် ဂုဏ်ယူ နေခြင်းများဖြင့် ပြည့်နှက်နေသည်။ စွမ်းအား ပြည့်ဝသည့် မူလချီများက သူတို့နံဘေးတွင် လှိုင်းလုံးကြီးများလို့ တလိပ်တလိပ် ထနေပြီး သူတို့ကို အထင်ကြီးစေသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ဂုဏ်ယူရသော ပါရမီရှင်များထဲမှ လက်ရွေးစင်များ ဖြစ်သည်။

“လူတိုင်း လူတိုင်း ကျွန်ုပ်တို့ အားလုံး အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်ရှိတဲ့ အဆင့်လေး သားရဲနဲ့ ကံကောင်းစွာ တွေ့နေရပြီ။ ဒီအရာကို ဦးဆောင်ပြီး ယူမယ့်သူမရှိရင် ကျွန်တော့်ရဲ့ သူတော်စင် အကြွင်းအကျန် အဖွဲ့နဲ့ပေါင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ပါ”

ရှောင်ထျန်းရွှမ်က ယုံကြည်မှုရှိစွာနဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလျက် ဆက်ပြောခဲ့သည်။ “ဒီမှာရှိတဲ့ မိတ်ဆွေတွေ အနေဖြင့် စိတ်ပါမယ်ဆိုရင် ကျွန်တော်တို့ သူတော်စင် အကြွင်းအကျန် အဖွဲ့နဲ့ ပူးပေါင်း နိုင်ပါတယ်။ သို့သော်လည်းပဲ သတ်မှတ်ချက် တစ်ခုကတော့ မင်းတို့ရဲ့ သန်မာမှုက အနည်းဆုံး ကောင်ကင်တံခါး ထိပ်ဆုံး အဆင့်မှာ ရောက်နေဖို့ လိုအပ်တယ် မဟုတ်ရင် အဆင့်လေး သားရဲ၏ ရိုက်ချက် တစ်ချက်တောင် မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ထိုစကားများက လူအုပ်ကြီးကို စိတ်လှုပ်ရှား စေသည်။

ရှောင်ထျန်းရွှမ်မှာ သူ့အတွက် သူ လုပ်နေသည်မှာ သေချာ ပေသည်။ အဆင့်လေး မူလသားရဲက ၎င်းတို့အဖွဲ့က အပိုင်ဟု ကြိုတင်စာရင်း သွင်းထားသည်။ တခြား နည်းအရဆိုလျှင် သူတို့က သားရဲကိုသတ်ပြီး အဆင့်နိမ့် ကောင်းကင် မူလကျင့်စဉ်နှင့် ထိုသားရဲ၏ သန့်စင်သော မူလချီများက သူတို့ပိုင် ဖြစ်သွားပေပြီ။

ဗိုလ်ကျနေသည်မှာ သိသာနေသော်လည်း တစ်ယောက်မှ ဝင်မပြောကြပေ။ မိမိတို့ဘာသာ အဆင့်လေး သားရဲအား သွားရှာဖွေမည် ဆိုပါက သေမှာ သေချာပေသည်။

သို့သော်လညိး တစ်စုံ တစ်ယောက်က နောက်ဆုံးတွင် ထ၍ ပြောလိုက်လေသည်။ “ငါတို့အတွက်က ဘယ်လို အကျိုးကျေးဇူးတွေ ပြန်ရမှာလဲ”

ရှောင်ထန်းရွမ်က ဂူလင်းကို ကြည့်လိုက်သည်။ သူမက အနည်းငယ် ပြုံးပြလိုက်ပြီး မေးခွန်ကို ဖြေပေးလိုက်သည်။

“အဆင့်လေး သားရဲတွေက မှော်သားရဲအုပ်စုမှာ ခေါင်းဆောင်တွေပဲ သားရဲတိုင်းမှာ သန့်စင်တဲ့ ချီစွမ်းအားတွေ ရှိတယ် ငါတို့ သူတော်စင် အကြွင်းအကျန် အဖွဲ့က အဆင့်လေး သားရဲတွေကို သတ်ရုံပဲ ငါတို့ ထွက်သွားရင် ခေါင်းဆောင်မရှိတဲ့ သားရဲအုပ်က နင်တို့ ယူနိုင်တယ်။ အဲဒီသားရဲတွေရဲ့ မူလချီတွေက နင်တို့အပိုင်ပဲ”

“ကောင်းပြီ။ ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်ရှိတဲ့ ဘယ်သူမဆို ကျွန်မတို့နဲ့ လာပူးပေါင်းကြပါ။ ဒီအရာက  သူတော်စင် အကြွင်းအကျန် နယ်မြေမှာ  တစ်ယောက်တည်း တိုက်ခိုက်တာထက် ပိုသေချာပါတယ်။ ကျွန်မတို့နဲ့ ပူးပေါင်းရင် အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်ရဖို့က အသေအချာပါပဲ”

သူမ၏ စကားလုံးတွေကို ကြားတဲ့အခါမှာ ပါရမီရှင်တွေရဲ့ နှလုံးခုန်နှုန်းမှာ မြန်ဆန် လာခဲ့သည်။ သူတို့သာ ဒီလက်ရွေးစင် ပါရမီရှင်တွေနှင့် ပူးပေါင်းလိုက်လျှင် အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်နှင့် မှော်သားရဲ တစ်ကောင်ကို မသတ်နိုင်စရာ အကြောင်း မရှိတော့ဘူး။

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားသည်။ ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့ နှစ်ယောက်က ညာဏ်ကောင်းပုံ ရ၏။ သူတို့သာ ထိုအမဲလိုက်မှုတွင် အောင်မြင်နိုင်ခဲ့မည် ဆိုပါက သူတို့အဖွဲ့ နာမည်သည် လျင်မြန်စွာ ​ကျော်ကြား လာပေလိမ့်မည်။ ထိုမျှသာမက ထိပ်သီး ပါရမီရှင်များဖြင့်ပင် ရင်ဆိုင်နိုင်လာသည့် စုပေါင်း အင်အားကို ပိုင်ဆိုင် နိုင်လာမည် ဖြစ်၏။

ပါရမီရှင် တော်တော် များများက သူတော်စင် အကြွင်းအကျန် အဖွဲ့နှင့် ပူးပေါင်းဖို့ စိတ်ဝင်စား ခဲ့ကြသည်။ သူတို့ တစ်ယောက်နှင့် တစ်ယောက် စွမ်းအင်များ ငှားရမ်း၍ အဖွဲ့လိုက် အဆင့်နိမ့် ကောင်းကင်မူလ ကျင့်စဉ်ရှိသော သားရဲများကို သတ်ပြီး သူတို့၏ ကျင့်စဉ်များကို ယူမည့် အစီအစဉ်ကို လက်ခံ လိုက်ကြသည်။

တစ်ခုတည်းသော ပြဿနာက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်သို့ ရောက်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။

ထိုအဆင့်သို့ လူအနည်းငယ်သာ ရောက်ရှိ နေကြသည်။ ထို့ကြောင့် ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်ရှိ လူများက လူအုပ်ထဲမှ ထွက်လာပြီး ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့၏ အဖွဲ့ထဲသို့ ဝင်လိုက်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့က တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျေနပ်သည့် အပြုံးများ ပြုံးလိုက် ကြသည်။

ရှောင်ထျန်းရွှမ်က ပြုံးလိုက်ပြီး အသံကိုနိမ့်၍ ပြောလိုက်သည်။ … “ကြည့်ရတာ မင်းရဲ့ အကြံအစည်က အရမ်း ကောင်းတာပဲ”

ဂူလင်းက တောက်ပစွာ ပြုံးလိုက်ပြီး “သူတော်စင် အကြွင်းအကျန် ဒေသမှာ လက်ဆောင်နဲ့ ကောင်းချီးတွေ အများကြီး ရှိတယ် ဒါပေမဲ့ ထိုအရာတွေက ငါတို့လို အင်အား ကြီးသူတွေသာ ရရှိနိုင်မယ့် အကောင်းဆုံး အရာတွေပဲ။ ငါတို့က အခြားသူတွေရဲ့ စွမ်းအားတွေကို ငှားရမ်းပြီး အနည်းငယ်သော လက်ရွေးစင်တွေနဲ့ ယှဉ်ပြိုင် လာနိုင်မယ်။ အချိန်တစ်ခု ရောက်လို့ ငါတို့ သူတော်စင် အကြွင်းအကျန် အဖွဲ့  ကြီးထွားလာတာနဲ့ ဝူဟောင်နဲ့ အခြား အထွတ်အထိပ်က ပါရမီရှင်တွေတောင် ငါတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး” ရှောင်ထျန်းရွှမ်က ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

“ဒါပေမဲ့ အဖွဲ့က သန်မာလာတဲ့ အချိန်ရောက်ရင် နင်ပေးထားတဲ့ ကတိကို သတိရပေးပါ” ဂူလင်းက သူမ၏မျက်လုံး ရွဲကြီးများဖြင့် တောက်ပစွာ ကြည့်ပြီး ပြောလိုက်သည်။

ရှောင်ထျန်းရွှမ်က သူ့မေးစေ့ကို ပွတ်လိုက်ပြီ; “စိတ်အေးအေး ထားပါ ငါတို့ အဖွဲ့ အင်အားကြီး လာခဲ့ရင် ပထမဦးဆုံး လုပ်ရမယ့် အလုပ်က ဇူယွမ်ကို ရှာဖွေဖို့ပဲ။ ငါတို့သူကို ရှာတွေရင် ဖမ်းဆီးပြီး မင်း စိတ်ကြိုက် လုပ်လို့ရတယ်”

“သူက ချီစုဆောင်းမှု ထိပ်ဆုံး အဆင့်မျှသာ ရှိပြီး နောက်ခံအင်အားလည်း မရှိသည့်အတွက်  ဘယ်သူမှ သူ့ရဲ့သေဆုံးမှုကို ဂရုစိုက်မှာ မဟုတ်ဘူး”

ဂူလင်းက ခေါင်းညိတ်လိုက်ပြီး ထောက်ခံ လိုက်သည်။ ဇူယွမ်က သူမ၏ မောင်ငယ်လေးကို သတ်လိုက်ရုံသာ မကဘဲ သူတို့ ဂူကလန်၏ အထောက်အပံ့ ရတနာကိုပင် ခိုးယူသွားသေးသည်။ ထိုအရာက လုံးဝကို ခွင့်မလွှတ်နိုင်စရာပဲ။ သူမက ဂူကလန်၏ ယုတ်မာသော ကိစ္စရပ်များကို သိသော်လည်း ဂရုမစိုက်ပေ။

ဇူယွမ်က ချီစုဆောင်းမှု အထက် အဆင့်တွင်သာ ရှိနေပြီး သူသေဆုံးရန် အတွက် အနည်းငယ်သော လိမ်လည် လှည့်ဖြားမှု လိုအပ်ပေသည်။

လူအုပ်ထဲတွင် ဇူယွမ်က ပျားပန်းခပ်မျှ လှုပ်ရှားနေသော လူအုပ်ကြီးအား စိုက်ကြည့်နေသည်။ ပူးပေါင်းလာသည့် ကောင်းကင်တံခါး အထက် အဆင့်များကြောင့် သူတော်စင် အကြွင်းအကျန်အဖွဲ့ အစည်းက တဖြည်းဖြည်း အင်အားကြီး လာပေမည်။

ဒီပမာဏက အမဲလိုက်ရန် လုံလောက်နေပြီ ဖြစ်သည်။

ဇူယွမ်၏ မျက်လုံးတွင် အနည်းငယ် လင်းလက် သွားသည်။ သူက ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့ကို ကြည့်ပြီး ရုတ်တရက် ရယ်လိုက်သည်။

သူနှင့် ထိုလူနှစ်ယောက် ကြားတွင် ရန်ငြိုးက ရှိခဲ့ပြီး သူတို့က ရန်သူတွေ ဖြစ်လာခဲ့ပေပြီ။ ဇူယွမ်အနေဖြင့် သူ၏ ရန်သူများ သန်မာ ကြီးထွားလာမည်ကို ရပ်ကြည့်နေမည် မဟုတ်ပေ။

“ရှောင်ထျန်းရွှမ်၊ ဂူလင်း”

“ငါယုံကြည်တယ် ဒီအချိန်က ငါ့ရဲ့ ဆုံးရှုံးသွားတဲ့ မူလ သလင်းကျောက် သိန်းဂဏန်းကို ပြန်ယူဖို့ အချိန်ကျပြီလို့”

Comment

Leave a Reply

Options

not work with dark mode
Reset