Switch Mode

စာစဉ် (၁၁) အပိုင်း (၁၄၄)

တတိယမှော်စာလုံး

ဝေါင်း…

တောင်ရဲ့ အတွင်းပိုင်းနေရာ။

ရွှေရောင် မျောက်ဝံကြီးက သူ့ရင်ဘတ်ကို ထုလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မူလ စဦးချီတွေက သူ့ခန္ဓာကိုယ်အနီးမှာ ပေါက်ကွဲ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုကိုပင် တုန်ခါစေသည်။

ဇူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခြေဆောင့်နင်းကာ အရှေ့သို့ ထိုးတက် သွားသည်။ ဇူယွမ် အရှေ့သို့ တက်လာသည်ကို မြင်သည်နှင့်  ကြီးမားလှသည့် လက်ကြီးများက တူကြီးများအလား ဇူယွမ်ထံသို့ လေကို ခွင်း၍ တိုးဝင်လာသံနှင့်အတူ မြေပြင်ကိုပင် တုန်ခါ၍ ရောက်လာသည်။

ရွှေရောင် မျောက်ဝံကြီး တိုက်ခိုက်လာသော အချိန်တွင် ဇူယွမ်အနေဖြင့် မပေါ့ဆဝံ့ပေ။ ဒီကောင်ကြီး၏ စွမ်းအားက ကောင်းကင်တံခါး အထက်အဆင့်ကို အနည်းဆုံး ရောက်ရှိနေပြီး သူ့ခန္ဓာကိုယ် တည်ဆောက်ပုံက သူ့ကို ပြည့်စုံစေသည်။

“နဂါးလက်ဝါး ကောင်းကင်ခွဲခြင်း”

ဇူယွမ်၏ လက်က လေးလံစွာ လွှဲရိုက်ချလိုက်သည်။ လေခွင်း အသံနှင့်အတူ လက်သီးဝာစ်ချက် ထွက်ပေါ်လာခဲ့သည်။

အားလိုင်းနှစ်ခုက ရုတ်ရင်းကြမ်းတမ်းစွာ ရင်ဆိုင်မိပြီး ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တဲ့ မူလချီများက ပတ်ဝန်းကျင် တစ်လျှောက် ပေါက်ကွဲထွက်သွားပြီး မြေပြင်မှာ အက်ကွဲသွားရကာ မိုးထိအောင် မြင့်မားလှသည့် သစ်ပင်များပင် ခါးလယ်မှပင် ပျက်ကျသွားသည်။ တိုက်ခိုက်မှု ပြီးနောက် ပတ်ဝန်းကျင်က ဖုန်လုံးများနှင့် ပြည့်နှက်သွားသည်။

ဝေါင်း…

ရွှေရောင် မျောက်ဝံကြီး၏ ခန္ဓာကိုယ်က တုန်ရီနေပြီး သူက နောက်သို့ ခုန်ဆုတ်ရင်း နာကျင်မှုကြောင့် အော်ဟစ် လိုက်သည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှာလည်း အားလှိုင်းကြောင့် ခြေလှမ်း ဒါဇင်မျှ အနောက်သို့ ခုန်ဆုတ်ပေး လိုက်ရကာ ဇူယွမ်၏ မျက်နှာက အနည်းငယ် ပိုပြီး လေးနက်သွားသည်။ ရွှေရောင် မျောက်ဝံကြီး၏ တိုက်ခိုက်မှုမှာ ပါဝင်သော မူလစဦးချီများက အချင်းချင်း ချိတ်ဆက်ပြီး အင်အားကြီးမားစွာ ပေါက်ကွဲနိုင်ကြသည်။

သူတို့၏ အစောပိုင်း တိုက်ခိုက်မှုက ဇူယွမ်၏ ကိုယ်ထဲမှသွေးနှင့် ချီစွမ်းအင်များကို အပြင်းအထန် လှုပ်ရှားစေသည်။

“ဒီအင်အားက တချို့သော မူလ စဦးကျင့်စဉ်တွေကို အသုံးပြုတာနဲ့ ဆင်တူတယ်” ဇူယွမ်က အခုထိ သူ့မျက်လုံးနှင့် မြင်ရသော အရာကို မယုံကြည်နိုင် ဖြစ်နေသည်။ ရွှေရောင်လူဝံကြီး၏ တိုက်ခိုက်မှုတွင် ပါဝင်သော အားလှိုင်းများက မူလကျင့်စဉ် တစ်ခုကို အသုံးပြုထားသည်မှာ သိသော်လည်း သားရဲတစ်ကောင်တွင် မူလကျင့်စဉ်တစ်ခု အဘယ်ကြောင့် ရှိနေမှန်း မသိချေ။

“စိတ်ဝင်စားစရာပဲ”

ဇူယွမ်က ရယ်မောလိုက်ပြီး သူခန္ဓာကိုယ်ကို တစ်ဟုန်ထိုး  အရှေ့သို့ တိုးဝင်သွားသည်။ ကောင်းကင်ဘုံ ယွမ်စုတ်တံကို သူ့လက်ထဲတွင် လှည့်ပတ်ဆော့ လိုက်သည်နှင့် ကောင်းကင်တွင် လှံပုံရိပ်များဖြင့် ပြည့်နှက်သွားပြီး …

ရှပ်… ရှပ်…

လှံရိပ်များ ကျဆင်းလာသည်နှင့် ရွှေရောင် မျောက်ဝံကြီး၏ အကာကွယ် အလွှာကို ထိုးဖောက်သွားပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ် လာသည်။

ဝေါင်း…

ရွှေရောင် မျောက်ဝံကြီးသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ကြီးမားသော လက်သီးများအား မြေပြင်ပေါ်သို့ ထိုးချလိုက်သည်။ မူလ ချီစွမ်းအင်များက လှိုင်းတစ်ခုအဖြစ် ပျံ့နှံ့သွားပြီး မြေပြင်ပေါ်ရှိ အရာအားလုံးကို တုန်ခါမှုဖြင့် တိုက်ခိုက် လိုက်သည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှာလည်း အနောက်သို့ ဆုတ်သွား လိုက်ရပြီး ရူးသွပ်လုနီးပါး ဖြစ်နေသော မျောက်ဝံကြီးကို ကြည့်ကာ လက်ညှိုးတစ်ချောင်း ထိုးလိုက်သည်။

ရွှေရောင် လူဝံကြီး၏ ခန္ဓာကိုယ်က ရုတ်ခြည်း ရပ်တန့်သွားပြီး ခဏအကြာတွင် ဆွဲဆွဲငင်ငင် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သာ စောင့်ကြည့်နေမည် ဆိုပါက သူ၏ ခန္ဓာကိုယ်အတွင်းမှာ ငွေမျှင်ရောင် အမွေးများ ထွက်ပေါ် လာသည်ကို တွေ့ရပေမည်။

သူ၏ အတွင်းအင်္ဂါများမှာ ဝင်ရောက်သွားသော အမျှင်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး သူ၏ ဘဝလည်း အဆုံးသတ် သွားခဲ့သည်။

“ကောင်းကင်ယွမ်စုတ်တံ တိုက်စားခြင်း”

ဇူယွမ်က စုတ်တံကို ခါလိုက်သည်နှင့် အမျှင်များက ကျေးငှက်များ တောအုပ်အတွင်း ပြန်လာသကဲ့သို့ စုတ်တံဆီသို့ ပြန်ရောက် လာသည်။ သားရဲများသည် သဘာဝ၏ ကောင်းချီးပေးမှုအရ ရုပ်ပိုင်းဆိုင်ရာ အားကောင်းသော်လည်း ဉာဏ်နည်းကြသည့်အတွက် ငွေရောင်အမျှင်များ၏ တိုက်ခိုက်မှုကို မမြင်နိုင်ခဲ့ပေ။

ရွှေရောင်မျောက်ဝံ သေဆုံး သွားပြီးနောက် …

ဇူယွမ်က သူ၏ ချီသိုလှောင်ခန်းမှ တိုးတက်လာသော ချီစွမ်းအင်များကို အာရုံခံလိုက်ရင်း တောက်ပစွာ ပြုံးလိုက်သည်။

ဇူယွမ်က သူ့ဘာသူ ရေရွတ်လိုက်သည်။ ”ငါ ချီစုဆောင်းမှု အဆင့်ကနေ ကောင်းကင်တံခါး အဆင့်ကို ရောက်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တာပဲ။

“အာ…”

ဇူယွမ်အနေဖြင့် သူ၏သန်မာမှု တိုးတက် လာသည့်အတွက် စိတ်လှုပ်ရှား နေစဉ်မှာပဲ  သူက အဖြူရောင် ချီနံဘေးရှိ ရွှေရောင်မျောက်ဝံ၏ ခန္ဓာကိုယ်မှ မြင့်တက်လာသော အလုံးတစ်လုံးကို သတိထားမိ လိုက်သည်။

ဇူယွမ်က လျင်မြန်စွာပင် မြင့်တက်လာသော အလုံးလေး၏ အနီးသို့ လျှောက်သွား လိုက်သည်။ ထိုအရာမှာ အမှန်တကယ်တော့ ရှည်မျောမျော ကျောက်စိမ်းတစ်ခု ဖြစ်သည်။

အံ့အားသင့်စွာ ထိုကျောက်စိမ်းပြားလေးအား ကိုင်လိုက်သည့် အချိန်တွင် သူ၏ ခေါင်းအတွင်းသို့ အချက်အလက်များ စီးဝင်လာသည်။

“အလယ်အလတ် အနက်ရောင် အဆင့် မူလကျင့်စဉ်၊ ယွမ်စွမ်းအား ပေါက်ကွဲခြင်း”

အားတွေကို ပေါက်ကွဲစေပြီး မူလချီ တိုက်ခိုက်မှုကို မြှင့်တင် ပေးနိုင်တာပဲ။

ဇူယွမ်က တွေးတောနေပြီး နောက်ဆုံးမှာ နားလည်သွားခဲ့သည်။ သည်ယွမ်စွမ်းအင် ပေါက်ကွဲခြင်း ကျင့်စဉ်က  စောပိုင်း တိုက်ခိုက်မှုမှ ရွှေရောင်မျောက်ဝံ သုံးခဲ့သော ကျင့်စဉ်ဖြစ်သည်။

“မူလ သားရဲတွေက ဘယ်လိုလုပ်ပြီး မူလ စဦးကျင့်စဉ်တွေကို လေ့ကျင့် သွားနိုင်ရတာလဲ။ ပြီးတော့ သူတို့ သေဆုံးသွားတာနဲ့ ကျောက်စိမ်းပြားက ထွက်ပေါ် လာခဲ့တာလဲ”

ဇူယွမ်က အရှိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်ပြီး ပြုံးလိုက်သည်။ သည်အရာတွေ အားလုံး၏ နောက်ကွယ်က အကြောင်းအရင်းမှာ သူတော်စင် အကြွင်းအကျန် နယ်မြေကြောင့်သာ ဖြစ်ပေမည်။

ဒီနေရာက သူတော်စင် တစ်ပါး၏ သွေးတစ်စက်နှင့် တည်ဆောက် ထားသော နယ်မြေ ဖြစ်သည့်အတွက် သူ၏ဘဝတွင် သိနားလည်ခဲ့သော မူလ ကျင့်စဉ်တွေကလည်း သူ၏ သွေးစက် အတွင်းတွင် ပါဝင်နေခဲ့ပြီး မူလ သားရဲတွေကလည်း မူလစဦး ကျင့်စဉ်တွေနှင့်အတူ မွေးဖွားလာဟန် ရသည်။

မူလ မှော်သားရဲများကို သတ်ပြီးသည်နှင့်  သူတို့သိသော မူလ ကျင့်စဉ်များက ကျောက်စိမ်းပြား အဖြစ် ထွက်ပေါ်လာဟန် ရသည်။

ဇူယွမ်က လွန်စွာမှ စိတ်လှုပ်ရှားနေပြီး “ဒါဆိုရင် ဒီသူတော်စင် အကြွင်းအကျန် နယ်မြေက မူလ သားရဲတွေဆီမှာ ကောင်းကင်ဘုံ ငယ်ကျင့်စဉ်တွေ ကောင်းကင်ဘုံ ကျင့်စဉ်တွေပါ ရှိနိုင်တာပေါ့”

သူတော်စင် အကြွင်းအကျန် မြို့တွင် အဆင့်နိမ့်ကောင်းကင်ဘုံ ကျင့်စဉ်ကို သန်းပေါင်း မြောက်မြားစွာဖြင့် ရောင်းချ နိုင်ခဲ့ပေသည်။ ဒါပေမဲ့ ဇူယွမ်က ယခု တစ်ယောက်တည်း ဖြစ်နေသည့်အတွက် အခွင့်အရေးမှာလွန်စွာ နည်းပေသည်။

အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်ကို ရရှိရင် အနိမ့်ဆုံး အဆင့်လေး သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရမှာ ဖြစ်သည်။ ယခု အချိန်တွင် သူ တစ်ယောက်တည်း ဖြစ်နေသည့်အတွက် ထိုကိစ္စအတွက်ကို သေချာပြင်ဆင်ဖို့ရန် လိုအပ်ပေသည်။ အနက်ရောင်အဆင့် ကျင့်စဉ်များလည်း ရသမျှ စုဆောင်းရန် လိုအပ်ပေသည်။

ထိုစဉ်

“အို…”

ဇူယွမ်၏ အကြည့်တွေက သူ့လက်အတွင်းရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံဆီသို့ ရောက်သွားသည်။ စုတ်တံက ရွှေရောင်မျောက်ဝံထံမှ အဖြူရောင်ချီတွေကို စုပ်ယူနေရင်းမှ ရုတ်တရက် စတင် တုန်ခါလာ တော့သည်။

စုတ်တံအရိုးဆီမှ အလင်းရောင်တွေ ထွက်ပေါ်လာပြီး ဇူယွမ် စိုက်ကြည့် လိုက်သည့် အချိန်မှာတော့ အံ့အားသင့်စွာပင် စုတ်တံပေါ်ရှိ တတိယမြောက် မှော်စာလုံးထံမှ အလင်းတန်းများ ထွက်ပေါ် လာသည်။

တတိယ မှော်စာလုံးက နိုးထလာပြီ ဖြစ်သည်။

ဇူယွမ်၏ မျက်လုံးတွင် ပျော်ရွှင်မှုတွေ ဖြတ်သန်း သွားသည်။ သူ၏တိုက်ပွဲဝင် စွမ်းအားတွေ တိုးတက်ဖို့ လိုအပ်နေချိန်မှာ တတိယ မှော်စာလုံး နိုးထလာခြင်းက ကျားတစ်ကောင်ကို တောင်ပံ တပ်ပေးလိုက်သလိုပင် ဖြစ်သည်။

“တတိယ မှော်စာလုံးရဲ့  စွမ်းအားက ဘာလဲမသိဘူး”

ဇူယွမ်က သိချင်စိတ် ပြင်းပြစွာနဲ့ ရှေးဟောင်း တတိယ မှော်စာလုံးအား နူးညံ့စွာ ထိလိုက်သည်။ ထိုအချိန်မှာ မှော်စာလုံးနှင့် ချိတ်ဆက်မိသွားပြီး သူ့ခေါင်းအတွင်းသို့ အချက်အလက်များ စီးဆင်းလာခဲ့သည်။

“ကောင်းကင်ယွမ် စုတ်တံ။ တတိယမှော်စာလုံး။ အဆုံးမဲ့ ပြောင်းလဲခြင်း”

Comment

Leave a Reply

Options

not work with dark mode
Reset