Switch Mode

Chapter 189

နတ်ဆိုး အစောင့်အရှောက်များ

*သေသွားပြီ…သူသေသွားပြီ*

လီကျိုးယောင်၏ ခေါင်းမပါသော ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသည်ကို ကြည့်ရင်း ရှန့်ကျန်းမြို့မှ ကြည့်နေသူများ အားလုံး ချက်ချင်းဆိုသလို မှင်တက် သွားကြသည်။

ရှန့်ကျန်း မြို့သူမြို့သားများ၏ ရင်ထဲမှ နတ်ဘုရား ဖြစ်သော ဆရာသခင်အဆင့် လီကျိုးယောင်သည် တိရိစ္ဆာန် တစ်ကောင် ကဲ့သို့ အသက်ခံ လိုက်ရလေသည်။

ဆရာသခင်အဆင့်များက ထိပ်တန်း အဆင့် ပညာရှင်များ ဖြစ်သည်ဟု သူတို့ ယုံကြည် ထားခဲ့သော်လည်း ဆရာသခင်များပင် အသတ်ခံ ရနိုင်သည် ဆိုတာကို ယဲ့ဖန်က သက်သေပြ သွားခဲ့လေပြီ။

ရှန့်ကျန်း တစ်မြို့လုံး ပွက်လောရိုက် သွားခဲ့သည်။ ခြံဝန်းအနှံ့တွင် ရှန့်ကျန်း အင်အားစု၏ အလောင်းများ ထပ်နေသည်ကို ကြည့်ပြီး အရိုးခဲမတတ် ချမ်းစိမ့်လာ ကြသည်။

ရှန့်ကျန်းအင်အားစုတိုင်း အသတ်ခံခဲ့ရသည်။ အသက်ရှင် ကျန်ရစ်သူဟူ၍ တစ်ယောက် မှပင် မရှိချေ။

ဤသည်ကား ရှန့်ကျန်းမြို့ သိုင်းပညာ သမိုင်း တစ်လျှောက် အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ပေတော့သည်။

တောက်! တောက်!

ယဲ့ဖန်လက်ထဲရှိ ဓားကျိုးများ သွေးများ တစက်စက် ကျနေသည်။ ၎င်းသည် ဆရာသခင် တစ်ယောက်၏ သွေးပင် ဖြစ်သည်။

ယဲ့ဖန်၏ အဝတ်အစားများတွင် ရှန့်ကျန်း အင်အားစု၏ သွေးများဖြင့် ရွှဲရွှဲစိုလို့နေသည်။ ထို့ကြောင့် သူသည် ကြောက်မက်ဖွယ် ကောင်းသည့် သွေးဆာနေသော လူနှင့် သဏ္ဍာန် တူလှပေသည်။

ထို့နောက် ယဲ့ဖန်က ခက်ထန်သော မျက်လုံး များဖြင့် သတင်းထောက်များနှင့် အွန်လိုင်း ဆယ်လီများကို လှည့်ကြည့်လိုက်သည်။

ထိုစဉ် သတင်းထောက်များနှင့် အွန်လိုင်း ဆယ်လီများ အားလုံး ဆန်စက်ထဲ ထည့်၍ စပါးလှေ့ခံနေရသည့် စပါးစေ့များကဲ့သို့ ကတုန် ကယင် ဖြစ်လာသည်။

“ယဲ့ …. ယဲ့ဖန် … အကြွေးတိုင်းက သူ့အကြွေး ရှင်နဲ့ သူပါ၊ ငါတို့က ဒီအတိုင်း ရုပ်သံသတင်း လွှင့်ရုံလေးပါ”

“ဟုတ်ပါတယ် … ကျုပ် … ကျုပ်တို့က အပြစ် ကင်း ပါတယ်၊ ခင်ဗျား ကျုပ်တို့ကို ထိခိုက် အောင် မလုပ်နိုင်ဘူးနော်”

“ယဲ့ဖန် …. ငါတို့က ရှန့်ကျန်းမြို့က သတင်း ထောက် တွေပဲ၊ ငါတို့က ရှန့်ကျန်းပြည်သူ အားလုံးရဲ့ မျက်လုံးတွေ၊ မင်း ငါတို့ကို သတ်လိုက်မယ် ဆိုရင် မင်းက ရှန့်ကျန်းမြို့က သူတိုင်းရဲ့ ကမ္ဘာ့ရန်သူ ဖြစ်လာလိမ့်မယ်”

ထိုအချိန်တွင် သူတို့အားလုံး ထိတ်လန့် သွေးပျက် နေကြသည်။ သို့သော် သူတို့၏ တစ်ခုတည်းသော အခွင့်အရေးက ထွက်ပြေး ခြင်း ဖြစ်မှန်း သူတို့အားလုံး သိကြသည်။

ယဲ့ဖန်က ရှန့်ကျန်းမြို့၏ လူထု မျက်လုံးအား ရန်စရဲလိမ့်မည် မဟုတ်ဟု သူတို့ အခိုင်အမာ ယူဆထားကြသည်။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ တင်းမာသော လေသံ ထွက်ပေါ်လာသည်။

“အပြစ်ကင်းတယ် ဟုတ်လား”

“ရှန့်ကျန်းက လူတွေ ပျော်ရွှင်ဖို့ ကျန်းနန် စီရင်စုက လူတွေ အသတ်ခံရတာကို တိုက် ရိုက် သတင်းလွှင့်နေတာကို မင်းတို့က အပြစ် ကင်းတယ်လို့ ပြောချင်တာလား”

“လူတွေ အသတ်ခံရပြီး သူတို့ ကံဆိုး မိုးမှောင် ကျတာကို သတင်းလွှင့်နေတာကို အပြစ်ကင်း တယ်လို့‌ ခေါ်တာလား”

“လူတွေရဲ့ အသက်ကို သတင်းလုပ်လိုက်၊ လူတွေရဲ့ သွေးကို အသုံးချပြီး ပျော်ရွှင် တက်ကြွအောင် လုပ်တာကို အပြစ်မရှိပါဘူး လို့ ပြောတယ်ပေါ့”

ထို့နောက် ယဲ့ဖန်က သတင်းထောက်နှင့် အွန်လိုင်း ဆယ်လီများကို စိုက်ကြည့်ရင်း သူ့စကားလုံးများက ပို၍ အေးစက် ပြင်းထန် လာသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သတင်း ထောက် များ၏ မျက်နှာများ ပို၍ ပို၍ ဖြူရော် လာသည်။

နောက်ဆုံးတွင် ယဲ့ဖန်က လမ်းလျှောက် နေရာမှ ရပ်ကာ သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။

“ကောင်းပြီလေ…. မင်းတို့က သတင်း လိုချင် နေမှတော့ ငါက မင်းတို့ကို သတင်းတစ်ခု ပေးရမှာပေါ့”

ထို့နောက် ယဲ့ဖန်က ကင်မရာဘက်သို့ လှည့်ကြည့်ကာ ထိုကင်မရာမှ ရှန့်ကျန်းမြို့မှ သူများကို မြင်နေရဟန်ဖြင့် ပြောလိုက်သည်။

“လာမယ့် သုံးရက်အတွင်း ကျန်တဲ့ ရှန့်ကျန်း အင်အားစု အားလုံးကို ကျုပ် သုတ်သင် ပစ်မယ်”

….

ထိုသတင်းကို ကြားလိုက်ရပြီးနောက် သတင်း ထောက် များနှင့် အွန်လိုင်း ဆယ်လီများ နားဝေတိမ်တောင် ဖြစ်သွား ကြသည်။

ဖုန်းနှင့် ရုပ်မြင်သံကြား၏ မျက်နှာပြင်ကို ကြည့်နေသည့် ရှန့်ကျန်း မြို့သူမြို့သား များလည်း မှင်တက်သွားကြသည်။

*လာမယ့်သုံးရက်အတွင်း ကျန်တဲ့ ရှန့်ကျန်း အင်အားစုကို သူ သတ်ပစ်မှာတဲ့လား*

*သူ…ရူးနေပြီ*  

ထိုစဉ် သူ ထပ်ပြောလိုက်သည့် စကားကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။

“မင်းတို့ သတင်းကို ထိန်းသိမ်းထားလို့ ရတယ်၊ ဒါပေမယ့် မင်းတို့ အသက်ကို‌တော့ ထားခဲ့ရမယ်”

ထိုသို့ပြောပြီး ဖျတ်ခနဲ အလင်းတန်းတစ်ချက် နှင့်အတူ ယဲ့ဖန်၏ ဓားကျိုးက လေထဲ မြောက်တက် လာသည်။

ရွှစ်! ရွှစ်! ရွှစ်!

သတင်းထောက်များနှင့် အွန်လိုင်း ဆယ်လီ များ သွေးများ ပန်းထွက် လာပြီး နောက်  မြေကြီးပေါ် လဲကျသွားကြသည်။

ယဲ့ဖန်က ရှန့်ကျန်းတစ်မြို့လုံးမှ အင်အားစု များ၏ ဘုံရန်သူ ဖြစ်လာအောင် လုပ်ရဲလိမ့် မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။

…..

ရှန့်ကျန်းမြို့တွင် ဖုန်း၊ ရုပ်မြင်သံကြားစက် တို့၏ မျက်နှာပြင်များ မည်းမှောင်သွားသည်။ ထိုအမည်းရောင် မျက်နှာပြင်များမှ အေးစက် သော ချီဓာတ်တို့ ထွက်ပေါ်လာသည်။

အခြားသူများ၏ ကံဆိုးမိုးမှောင်ကျမှုကို ပျော်ပျော်ကြီး ရှုစားနေကြသော ရှန့်ကျန်း မြို့သူ မြို့သားများ အားလုံး တွေဝေ သွားကြသည်။

*သူ ရူးနေပြီ*

ထိုအခါမှသာ ရှန့်ကျန်း အင်အားစုသည် အလွန် ပြိုင်ဘက်ကင်း၍ အကြောက်အလန့် ကင်းသော မဟာ့မဟာ လူထူးဆန်းကြီးကို ရန်စ လိုက်မိမှန်း သူတို့ ရိပ်မိလိုက်ကြသည်။

ယဲ့ဖန်၏ ရက်စက်မှုအပေါင်းတို့ကို ပြန်အ မှတ်ရ လာပြီးနောက် သူတို့ ငြိမ်ကုပ် သွားကြသည်။

ထိုအချိန်တွင် ယဲ့ဖန်၏ အိမ်ဝင်း အပြင် ဘက်တွင်….

ပိန်ပိန်ပါးပါးနှင့် လူကောင် သေးသေးလေး များက မြက်ခင်းပေါ်တွင် ဝမ်းလျား မှောက် ရင်း ကြောက်လန့်နေသော မျက်နှာ များနှင့် တိုက်ပွဲကို ချောင်းကြည့် နေကြသည်။

“သူတို့ အားလုံး သေသွားပြီလား … လူဆိုး တွေ အားလုံးကို ဦးလေး ယဲ့ဖန် သတ်လိုက် ပြီလား”

ဖုန်များ ပေကျံနေသော မျက်နှာနှင့် လက် များတွင် ချွေးများ စို့နေသော ကောင်လေး တစ်ယောက်က ထိတ်လန့်စွာ မေး လိုက်သည်။

သူ့အမေးကြောင့် စောင့်ကြည့် နေသော နောက်ကောင်လေး တစ်ယောက်က အလွန် စိတ်လှုပ်ရှား ကာ နီမြန်းနေသော မျက်နှာနှင့် ပြောလိုက်သည်။

“သေပြီ … လူဆိုးတွေ အကုန်လုံး သေကုန်ပြီ”

“ဦးလေး ယဲ့ဖန်က ငါတို့အတွက် လက်စားချေ လိုက်ပြီ”

သူ့အဖြေကြောင့် ကောင်ငယ်လေး များစွာက စိတ်သက်ရာရ သွားဟန်ဖြင့် မြေကြီးပေါ် လှဲချကာ ကျယ်လောင်စွာ အော်ငိုတော့သည်။ လူသတ်ပွဲကြီးတုန်းက သူတို့၏ လှောင်ပြောင် ခံရမှုများ၊ ကြောက်ရွံ့မှုများနှင့် ဒေါသများ လွင့်စဉ် သွားအောင် ငိုချချင်မိကြသည်။

ညစ်ပေနေသော အဝတ်အစားများနှင့် သူတို့ အားလုံးသည် ဝမ်းနည်းပက်လက် ဖြစ်နေပုံ ပေါ်သည်။

“အဖေ … အဖေ မြင်ရဲ့လား … ဦးလေး ယဲ့ဖန်က အဖေ့အတွက် လက်စားချေလိုက်ပြီ … သူတို့အားလုံး သေကုန်ပြီ … မကောင်းတဲ့ လူတွေ အားလုံး သေကုန်ပြီ”

“အဖိုး … ခွန်အား ဆိုတာက မကောင်းမှုလို့ ပြောခဲ့ဖူးတယ်နော် ဒါပေမယ့် ကျွန်တော်တို့ အလုံအလောက် အင်အားမရှိလို့လို့ ထင်နေ တာပဲ … ဦးလေး ယဲ့ဖန်လို အားကြီး လာအောင် လုပ်မယ်လို့ ကျွန်တော် ကျိန်ဆိုတယ် ဒါမှ ကျွန်တော့် အနားမှ ရှိနေတဲ့ လူတိုင်းကို ကာကွယ်နိုင်မှာ”

ထိုအချိန်တွင် ကောင်လေးတိုင်းက သူတို့၏ သေဆုံးသွားသော မိသားစုဝင်များ အတွက် ဝမ်းနည်းလာကြသည်။

သူတို့ မိသားစုဝင်အားလုံး ရှန့်ကျန်း အင်အားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း သူတို့အားလုံးကို ယဲ့ဖန်က ပြန်သတ်ခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်သည် ထိုကောင်ငယ် လေးများ၏ နတ်ဘုရားနှင့် စံပြပုဂ္ဂိုလ် ဖြစ်လာတော့သည်။

ထို့နောက် သူတို့အားလုံးသည် မျက်ရည်ကို သုတ်ကာ ချုံပုတ်တွေထဲမှ တောက်ပနေသော မျက်လုံးများဖြင့် ထွက်လာကြသည်။

သူတို့အားလုံး ယဲ့ဖန်၏ အိမ်ဝင်းထဲသို့ ဝင်လာ ကြသည်။ တိုက်ပွဲ ဖြစ်နေကတည်းက ယဲ့ဖန်က သူတို့အားလုံးကို သတိထားမိသည်။

သူတို့၏ ညစ်ပေနေသော အဝတ်အစား များကို မြင်လိုက်သည်နှင့် ယဲ့ဖန်သည် သူတို့၏ နောက်ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူ သက်ပြင်းရှည်ကြီး ချလိုက် သည်။

ထို့နောက် သူ လက်တစ်ဘက်ကို မြှောက်၍ ဝှေ့ရမ်းလိုက်သောအခါ နတ်ဆိုးချီ အမျှင် တန်းများ ထွက်ပေါ်လာပြီး မြေကြီးပေါ်မှ အလောင်းများကို ဖုံးအုပ်သွားသည်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် အ လောင်းများ ပျောက်ကွယ်သွားကာ မြေကြီး ပေါ်တွင် မည်သည့် သွေးစက်များ ကျန်ရစ် မနေခဲ့ပါ။

“ဦး … ဦးလေးက ဦးလေး ယဲ့ဖန်လား”

ကောင်လေးများက ယဲ့ဖန်နှင့် ထိပ်တိုက် တွေ့သည်နှင့် အကြီးဆုံး ကောင်လေးက ယဲ့ဖန်အား စိုးရိမ်တကြီး မေးလိုက်သည်။

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် ကောင်လေးများ အားလုံးက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချကာ ပျော်ရွှင်သွားကာ အောင်မြင် ဝင့်ကြွားစွာဖြင့် ခုန်ပေါက်ကြတော့သည်။

ထို့နောက် ကောင်လေးများက ယဲ့ဖန်ရှေ့ ဒူးထောက်ကာ လေးစားသည့်ဟန်ဖြင့် ပြောဆို လိုက်သည်။

“ဦးလေး ယဲ့ဖန် … ကျွန်တော်က ဟဲယွမ်မြို့က တစ်မူထူးတဲ့ တိုက်ခိုက်ရေးကလပ်က ယန်ခို့ပါ။ ကျွန်တော့် တိုက်ခိုက်‌ရေးကလပ်က သုတ်သင်ခံ လိုက်ရပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ”

ထို့နောက် ကောင်လေးက လေးဘက်ထောက် ထားပြီး ခေါင်းကို ငုံ့၍ ငိုကြွေးလေ တော့သည်။

သူ့မိသားစုဝင်များ၏ သေဆုံးမှုမှ ဖြစ်ပေါ် လာသော ဝေဒနာက ဤအရွယ် ကောင်လေး တစ်ယောက်အတွက် တောင့်ခံနိုင်ရန် ခဲယဉ်း လှပေသည်။

သူ့စကားအဆုံးတွင် ယဲ့ဖန်သည် တူညီသည့် အသံများစွာကို ကြားလိုက်ရသည်။

“ဦးလေး ယဲ့ဖန် … လင်းကျီမြို့က ခွန်အား ပြသရေး ရိုးရာသိုင်းပညာ ကလပ်က ကျန်းကျစ်မင်ပါ။ ကျွန်တော့်ကလပ်လည်း သုတ်သင်ခံ လိုက်ရပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ”

“ဦးလေး ယဲ့ဖန် … ကျွန်တော်က ကျန်းကျန်း မြူနီစီပယ် တိုက်ခိုက်ရေးကလပ်က ဖေးလင် ကျန်းပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ”

….

တစ်ခွန်း ပြောပြီးတိုင်း ကောင်လေး တစ် ယောက်ချင်းစီက ခေါင်းကို ငုံ့ကာ လေးဘက် ထောက် ဝပ်တွားနေကြသည်။

မြေကြီးသည် လျင်မြန်စွာ စိုစွတ်လာပြီး မျက်ရည်များကြောင့် မြစ်တောင် ပေါ်ထွန်း လာလောက်သည်။

သူတို့အိမ်များကို သူတို့ ဆုံးရှုံးခဲ့ရသည်။ ယဲ့ဖန်သာလျင် သူတို့ကို ကယ်တင် နိုင် လောက်သည်။

ကောင်လေးများကို ကြည့်ရင်း ယဲ့ဖန်၏ မျက်လုံးထဲတွင် သနားစိတ်များ ပို၍ ပို၍ ဝင်ရောက်လာသည်။

ကောင်လေး တစ်ယောက်၏ ခေါင်းကို ပုတ်ကာ မျက်ရည်များကို သုတ်ပေး လိုက်ပြီး နောက် ယဲ့ဖန်က တောက်ပသော မျက်လုံး များဖြင့် ပြောလိုက်သည်။

“ကောင်လေးတွေ …. မငိုနဲ့တော့”

“အခုချိန်ကစပြီး ဒီနေရာက မင်းတို့အိမ်ပဲ၊ ဒီက လူတိုင်းက မင်းတို့ရဲ့ မိသားစုပဲ”

“အိမ်ကနေ ပြန်လည် ကြိုဆိုပါတယ်”

*အိမ်*

ယဲ့ဖန်၏ စကားကို နားထောင်ပြီးနောက် ကောင်လေးတိုင်း၏ မျက်လုံးများတွင် မျက်ရည်များနှင့် ပြည့်နှက်လာသည်။

သူတို့၏ အိမ်များ ဖျက်ဆီးခံလိုက်ရသည်။ ယဲ့ဖန်က သူတို့ကို အိမ်အသစ် ပြန်လည် ပေးခဲ့သည်။

သူတို့ မိသားစုဝင်များ သေဆုံးသွားကြသည်။ ယဲ့ဖန်နှင့် သူ့လူများက သူတို့၏ မိသားစု ဝင်များ ဖြစ်လာပေးကြသည်။

ထိုအချိန်တွင် ကောင်လေးများက ဝမ်းနည်း ပက်လက်နှင့် ငိုကြွေးကြတော့သည်။

သူတို့တွင် အိမ်နှင့် မိသားစုများ ဆက်ရှိနေ သေးပေသည်။

သို့သော် ဤကောင်လေး တစ်ယောက် ချင်းစီက နောင်အနာဂတ်တွင် ကြောက်မက် ဖွယ် ကောင်းသောသူများ ဖြစ်လာလိမ့် မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။

သူတို့၏ ဂြိုဟ်များမှ အထူး အဖွဲ့အစည်း များ၏ အိမ်မက်ဆိုးများ ဖြစ်လာခဲ့ကြသည်။

သူတို့အား နတ်ဆိုး အစောင့်အရှောက်များဟု ခေါ်ဝေါ်ခဲ့ကြသည်။ သူတို့က မသေဆုံး နိုင်သော နတ်ဘုရားများကိုပင် သတ်နိုင် ကြ သည်။ သူတို့သည် ပြိုင်ဘက်ကင်း အင်မော် တယ်များကိုပင် သတ်နိုင် လာကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset