ရီဖူရှင်းက ယိရှောင်ရှီ၏ နောက်မှ လိုက်ပါလာရင်း မေးလိုက်သည်….” အစ်ကိုသုံးနဲ့ အစ်မနှစ် က ဘယ်လိုလဲ….”
ယိရှောင်ရှီက ရီဖူရှင်း၏ ပခုံးအား ပုတ်လျက် ပြောသည်….. “ကော့တေးမှာ အစ်မနှစ် က အတွင် းပိုင်း ရေး ရာတွေ ကို စီမံခန့်ခွဲတယ်…. အစ်ကိုသုံးက ပြင်ပက ကိစ္စတွေ ကို စီမံတယ်…. မင်း နားလည်ပြီလား…..”
“သိပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုစုံတွဲ က အတူတူ တာဝန်ခွဲဝေ ထားကြသည်လား။ ထိုမြင်ကွင်းက အမှန်ပင် ထူးဆန်းလှသည်။
“ဆရာက ဘယ်လိုလုပ် ပျောက်သွားရတာ လဲ….” ရီဖူရှင်းက အံံ့အားသင့်စွာ မေးသည်။
“ဒီအကြောင်းအရာက ပြောရမယ်ဆိုရင် အရှည်ကြီးပဲ….” ယိရှောင်ရှီက ပြောသည်… “အစ်ကိုသုံးက ခရီးတစ်ခုမှာ ဆရာကို ခေါ်သွားတယ်…. လမ်းခုလတ်မှာ အစ်ကိုသုံးက မတရားတာ တစ်ခုကို တွေ့လို့ ဝင်ပါရင်း မိန်းမလှ တစ်ယောက် ကို ကယ်မိတယ်…. ကောင်မလေး ကတော့ စာအုပ်တောင်ကို အတူတူပါလာပြီး ဆရာက လမ်းမှာ ပျောက်သွားတယ်…. ဒီနောက်ပိုင်း အစ်ကိုသုံးက ကံဆိုးတော့တာပဲ…. မင်း နားလည်ပြီလား…..”
အစ်မနှစ် အား ပြန်တွေ းမိလျှင် ရီဖူရှင်းက ခေါင်းညိတ်သည်။ အမှန်ပင် သူ နားလည်သည်။
“ဆရာက ခရီးထွက်ရာမှာ အစ်ကိုသုံးနောက်ကို လိုက်တယ်လား….” ရီဖူရှင်းက နားမလည်ပေ။
“နောက်ပိုင်း မင်းက ဆရာ့ကို တွေ့တဲ့အခါ နားလည် လာလိမ့်မယ်… သူက အရမ်းပျင်းတယ်….” ယိရှောင်ရှီက ခေါင်းယမ်း လိုက်သည်။ သူ၏ ဆရာက မည် မျှ ပျင်းရိသနည်း။ ရီဖူရှင်း တွေ းလိုက်သည်။
“သူက ကယ်ခဲ့တဲ့ မိန်းကလေးကရော….” ရီဖူရှင်းက မေးသည်။
“အစ်ကိုသုံးက အဝေးကို နှင်ထုတ်လိုက်တယ်….” ယိရှောင်ရှီက ပြောသည်။ ရီဖူရှင်း ဆွံ့အသွား၏ ။
“ဆရာက ပျောက်နေတယ်…. ဒါဆို ကျွန်တော့်ကို ဘယ်သူ သင်မလဲ….” ရီဖူရှင်းက စိတ်ပျက်စွာ ပြောသည်။
“မင်းကို သင်မယ်….” ယိရှောင်ရှီ၏ အမူအရာက ထူးဆန်းနေသည်။
” အင်း…” ရီဖူရှင်းက လေးနက်စွာ ခေါင်းညိတ်သည်။
“ငါလည်းပဲ အရင်တုန်းက ဒီလိုပဲ တွေ းခဲ့တယ်….” ယိရှောင်ရှီက သက်ပြင်းရှည် တစ်ချက် ချသည်… “နောက်ပိုင်း ဆရာက ပြောတယ်…. ကော့တေးကို တန်ခိုးကျင့်ဖို့ ရောက်လာတဲ့ သူက အတော် ဆုံးတွေ ချည်းပဲတဲ့…. ငါတို့က သူများ ဆီက သင်ဖို့ လိုလို့လားတဲ့…..”
“ဆီလျော်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါက အဓိပ္ပာယ် ရှိတယ်လို့ ငါလည်း ခံစားမိတယ်….” ယိရှောင်ရှီက သက်ပြင်းချလျက် ပြောသည်။
“ကျွန်တော် က ဒီတောင်က ထွက်ပြေးလို့ မရတော့ဘူးလား….” ရီဖူရှင်းက သူ အလိမ်ခံရပြီလား တွေ းမိကာ စိတ်ပျက်စွာ ပြောသည်။
ယိရှောင်ရှီက ရီဖူရှင်း၏ ပခုံးက အသာအယာ ပုတ်လိုက်ပြန်သည်…. “ဒီပတ်ဝန်းကျင် ကလည်း သိပ်မဆိုးပါဘူး…. ငါတို့မှာ စီနီယာ အစ်မတွေ လည်း ရှိတယ်….”
“အစားအသောက် ကလည်း ကောင်းတယ်….” တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ယိရှောင်ရှီက ထပ်ပြောသည်။
ဟူး… ရီဖူရှင်းက သက်ပြင်းရှည် တစ်ခု ချလိုက်သည်။
သိပ်မဝေးသော တစ်နေရာမှ မိန်းကလေးက သူမ၏ အဝတ်များ အား လျှော်ဖွပ်ပြီးသွားကာ ရီဖူရှင်းတို့ထံ လျှောက်လာလျက် ပြောသည်… “မောင်ငယ်လေး…. ဘာလို့ သက်ပြင်းချ နေရတာ လဲ…..”
“အစ်မ…. ဒီလိုနေရာကို ဘာလို့ အစောကြီး မလာမိသလဲ တွေ းမိလို့ ကျွန်တော် က သက်ပြင်းချ နေတာပါ…..” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်။
“အင်း… နင်က အခု ကော့တေးကို ရောက်နေပြီမို့လား….” မိန်းကလေးက ချိုသာစွာ ပြုံးသည်။
“အစ်မ ရှင်းအာက အလုပ် ဆက်လုပ် ပါ… ကျွန်တော် က သူတို့နေမည့် နေရာကို သွားပြလိုက်မယ်….” ယိရှောင်ရှီက ပြောသည်။ ပေ့ထင်ရှင်းအာက အသာအယာ ခေါင်းညိတ်ကာ အစ်မနှစ် ထံသို့ လျှောက်သွား လိုက်သည်။
“ဒီအစ်မက ရှင်းအာလို့ ခေါ်တာလား…” ရီဖူရှင်းက မေးသည်။
“အင်း…. အစ်မခြောက်က ပေ့ထင်ရှင်းအာလို့ ခေါ်တယ်…. ဒုတိယ အစ်မနာမည် က ကျူးကော့ဟွေ….. အစ်ကိုလေးက ရွှီယီ…. အစ်ကိုငါးက လျိုဖန်း…. မင်းက အစ်ကိုသုံးရဲ့ နာမည် ကို သိပြီး ဖြစ်လိမ့်မယ်….”
ရီဖူရှင်းက ခေါင်းညိတ်ကာ ထိုနာမည် များ ကို မှတ်သား ထားလိုက်သည်။
ယိရှောင်ရှီက ရီဖူရှင်းနှင့် ယူချင်းတို့အား သစ်လုံးအိမ်လေး နှစ် လုံးရှိရာသို့ ခေါ်လာသည်…. “နောက်ဆို မင်းတို့က ဒီမှာ နေရမယ်….”
“ကောင်းပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူကား ဤကဲ့သို့ သော နေရာတွင် နေရာသည်ကို စိတ်ပူခြင်း မရှိပေ။ သူကား ထိုမျှ အဆောင် အယောင်များ ကို မက်မောသူ မဟုတ်ပေ။
“အစားအစာတွေ အဆင်သင့် ဖြစ်တဲ့အခါ ငါမင်းကို လာခေါ်မယ်…. တန်ခိုးရှင်တွေ က လေထုထဲက သဘာဝ စွမ်းအင်တွေ ကို စုဆောင်းတယ် ဆိုပေမဲ့ ငါတို့က ကော့တေးမှာ တစ်နေ့ကို သုံးခါစားတယ်…. အစားအစာက တကယ် ကောင်းတယ်….” ယိရှောင်ရှီက ပြောသည်။
“သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ယိရှောင်ရှီက ထိုနေရာမှ ထွက်ခွာသွားသည်။
ရီဖူရှင်းက အိမ်လေးရှေ့တွင် ထိုင်ရင်းက ယူချင်းအား ကြည့်လိုက်သည်။
“မင်းငါ့ကို ဘာလို့ စိုက်ကြည့် နေရတာ လဲ…” ယူချင်းက မေးသည်။
“ငါက မင်းကိုတောင် မကြည့် ရတော့ဘူးလား….” ရီဖူရှင်းက မျက်လုံးပြူးလျက် ယူချင်းအား ကြည့်သည်။
ယူချင်းက ရီဖူရှင်းအား မျက်နှာငယ်လေးဖြင့် ကြည့်သည်။ ရီဖူရှင်းက သူ့ဘာသာ မကျေမနပ် ဖြစ်တိုင်း အဘယ်ကြောင့် ဒေါသများ အား သူ့ကို လာရောက် ပုံချရသနည်း။ သူက တွေ းလိုက်သည်။
“ကု့ချင်းကို ဒီကို ယူခဲ့….” ရီဖူရှင်းက ပြောသည်။ ယူချင်းက သူ၏ နောက်ကျောတွင် လွယ်ပိုးထားသော ကု့ချင်းအား ထုတ်ယူကာ ရီဖူရှင်း၏ ရှေ့တွင် ချလိုက်သည်။ ထို့နောက် ရီဖူရှင်းက ကု့ချင်းကို စတင် တီးခတ်သည်။ ဂီတသံစဉ်က သိမ်မွေ့ညင်သာပြီး အေးချမ်းသော ခံစားချက်ကို ပေးကာ ကော့တေး၏ ပတ်ဝန်းကျင်နှင့် အမှန်ပင် လိုက်ဖက်သည်။ ဂီတသံစဉ်က အဝေး အရပ်များ သို့ တိုင် ပျံ့နှံ့သွားသည်။
အတန်ကြာလျှင် ယိရှောင်ရှီ ပြန်ရောက်လာသည်။ နေ့လယ်စာ စားချိန် ရောက်လာပြီ ဖြစ်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့က အစ်မနှစ် ၏ အိမ်လေးသို့ သွားကြသည်။ အစ်ကိုငါး ဖြစ်သော လျိုဖန်းက ပန်းကန်လုံးများ ဖြင့် အစား အသောက်များ ကို ထည့်ပေးနေသည်။ အစ်မနှစ် ကား ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး ပေ့ထင်ရှင်းအာက သူမ၏ ဘေးတွင် ထိုင်နေသည်။ အစ်ကိုသုံးကား အစ်မနှစ် နှင့် လုံးဝ ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင် ဘက်တွင် ထိုင်နေသည်။ ရွှီယီကား စာအုပ်များ ကို ကူးရေး နေဆဲ ဖြစ်သည်။
“မောင်ငယ်လေး ရောက်လာပြီ….” ရီဖူရှင်း အိမ်လေးထဲကို ဝင်လာသည်ကို မြင်လျှင် အစ်မနှစ် က နွေးထွေးစွာ ပြုံးလျက် ပြောသည်။
“ဟိုင်း… အစ်မ…” ရီဖူရှင်းက ပြုံးလျက် နှုတ်ဆက်သည်…. “အစ်ကိုသုံး…” ထိုအခိုက်တွင် သူကား ကော့တေးမှ အရေး အကြီးဆုံး လူနှစ် ယောက် ကို သိပြီး ဖြစ်သည်။ ထို့ကြောင့် သူက ထိုနှစ် ယောက် နှင့် လုံးဝ အဆင်ပြေအောင် နေရမည် ကို သဘောပေါက်ပြီး ဖြစ်သည်။
“ညီလေး… ငါ့ဘေးမှာ ထိုင်….” ဂူတုံးလျိုက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ဂူတုံးလျို၏ ဘေးတွင် ထိုင်သည်။
“ယူချင်း… မင်းလည်း ထိုင်… မင်းက ကော့တေးကို ရောက်လာမှတော့ ငါတို့က တစ်မိသားစုတည်းပဲ….” ဂူတုံးလျိုက ပြုံးလျက် ပြောသည်။
ယူချင်းက ခေါင်းညိတ်ကာ ရီဖူရှင်း၏ ဘေးတွင် ဝင်ထိုင်သည်။ အစ်ကိုလေးက သူတို့အား ခိုးကြည့်ကာ သက်ပြင်းချသည်။ သူတို့၏ ညီထွေးလေးက အဘယ်ကြောင့် ဤမျှ မျက်နှာသာပေးခံ ရသနည်း။
“ရှောင်ရှီ… ပန်းကန်တွေ မှာ ထမင်းတွေ လိုက်ဖြည့်….” အစ်မနှစ် က ယိရှောင်ရှီအား ပြောသည်။
“ဘာလို့ ငါပဲ ဖြစ်နေရတာ လဲ….” ယိရှောင်ရှီက မိမိကိုယ်ကို ရေရွတ်ကာ ရီဖူရှင်းအား တစ်ချက် ကြည့်သည်။ သူက ကော့တေးကို ဝင်ရောက် လာသော အခါ အငယ်ဆုံးက ထိုအရာများ ကို လုပ်ရသည်ဟု အစ်မနှစ် က ပြောကာ သူ့အား ခိုင်းခဲ့သည်။ ယခု ရီဖူရှင်း ရောက်လာသည့်တိုင် သူ့နေရာက မပြောင်းလဲသေးပေ။
အစ်မနှစ် သူ့အား ပြုံးလျက် ကြည့်လိုက်သည်။
“ကျွန်တော် သွားပြီ….” ချက်ချင်း ပင် ယိရှောင်ရှီက ပြုံးလျက် သူ၏ လုံးဝန်းသော ခန္ဓာကြီးအား လှမ့်လျက် ပန်းကန်များ ကို ထမင်းများ လိုက်ဖြည့်သည်။
“အနံ့က တော် တော် မွှေးတာပဲ….” ရီဖူရှင်းက သူ့ရှေ့မှ ဟင်းခွက်များ အား ကြည့်လိုက်သည်။ ဟင်းခွက်များ တွင် ကား အသားဟင်းများ ချည်း ဖြစ်ပြီး မွေးကြိုင်သော အနံ့များ က သူ၏ ရသာရုံအား ဆွဲဆောင် နေကြသည်။ အစ်မနှစ် နှင့် အစ်မခြောက်တို့လို မိန်းမလှများ က နေ့တိုင်း ဤမျှ များ ပြားစွာ စားသောက်ပြီး ပိန်သွယ် နေကြသည်။
“အစ်ကိုငါး… ခင်ဗျားရဲ့ အချက်အပြုတ်က တကယ် ကောင်းတယ်….” ရီဖူရှင်းက အစ်ကိုငါးအား လှမ်းပြောလိုက်သည်။
“ဒါက အလေ့အကျင့်နဲ့ ဆိုင်တယ်….” အစ်ကိုငါးက တိုးတိုးလေး ရေရွတ်သည်။
“ကောင်းပြီ… စားကြရအောင်….” အစ်မနှစ် က ပြုံးလျက် ပြောသည်။ ချက်ချင်း ပင် လူတိုင်းက မိမိတို့နေရာ ကိုယ်စီတွင် ထိုင်လျက် စားသောက်ကြသည်။
ရီဖူရှင်းက အသားတစ်ဖဲ့ ကောက်စားလိုက်သည်။ အသားကား အလွန်တရာ နူးညံ့ကာ အရာသာ ကောင်းမွန်လှသည်။ ထို့အပြင် အသားများ က သူ၏ ဝမ်းဗိုက်ထဲကို ရောက်သွားသည်နှင့် သူ့တစ်ကိုယ်လုံးကို ထူးဆန်းသော စွမ်းအားများ စီးဆင်းသွားသည်။
“ကောင်းလား…. ” အစ်မနှစ် က ပြုံးလျက် ပြောသည်။
“အရမ်း အရသာ ရှိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါဆို များများ စား….” အစ်မနှစ် က ထိုသို့ ပြောကာ ရီဖူရှင်း၏ ပန်းကန်လုံးထဲကို အသားများ ထပ်ထည့်ပေးသည်။ ချက်ချင်း ပင် လူတိုင်း၏ မျက်လုံးများ က ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ ယိရှောင်ရှီ၏ မျက်လုံး ပြူးကျယ်သွားသည်။ ထိုအရာက စကားပြော ကောင်းခြင်း၏ အကျိုးကျေးဇူးလား။ ဤသို့ ဆိုလျှင် သူက စကားပြော ကောင်းရန် သင်ယူဖို့ လိုနေလေပြီ။ သို့ သော ် အစ်ကိုသုံးအား ခိုးကြည့်ရင်းက ထိုအကြံအား လျင်မြန်စွာ မေ့ပစ်လိုက်သည်။
“ကျေးဇူးပါ… စီနီယာအစ်မ….” ရီဖူရှင်းက ပြောသည်။ သူ့ဘေးမှ အစ်ကိုသုံးအား လုံးဝ မကြည့်ရဲတော့ပေ။ သူက သက်သော င့်သက်သာ မ ဖြစ်သလို ခံစားရသည်။
“မင်းလည်း များများ စားသင့်တယ်….” ဂူတုံးလျိုက အစ်မနှစ် ၏ ပန်းကန်လုံးထဲကို အသားများ ထပ်ဖြည့်ပေးရင်း ပြောသည်။ သူမက ခေါင်းငုံ့ကာ လျစ်လျူရှု ထားသည့်တိုင် ငြင်းလည်း မငြင်းပေ။
“ညီငယ်….” ဂူတုံးလျိုက ခေါ်သည်။
“အစ်ကိုသုံး…” ရီဖူရှင်းက ပြန်ထူးလိုက်သည်။
“မင်းရဲ့ အစ်မက ရယ်စရာတွေ လုပ်တတ်တယ်… စိတ်ထဲမထားနဲ့… ငါက မင်းကို ခေါ်လာတာ ဆိုတော့ မင်းက တစ်ခုခု အခက်အခဲ ရှိလာရင် ငါ့ကို လာပြော…..” ဂူတုံးလျိုက နောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါသော စကားကို ပြောသည်။
“ကျွန်တော် သိပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။
“မင်းက ဂီတမှာ ကောင်းတယ်လား….” ဂူတုံးလျိုက ထပ်ပြောသည်။ ရှေးဟောင်းမြေရိုင်း ဒေသတွင် ရီဖူရှင်းက စံချိန်များ စွာ တင်ထားခဲ့သော ်လည်း သူက ဓာတ်စွမ်းအင်မျိုးစုံ အထူးပြု မှော ်ထိန်းချုပ်သူ ဖြစ်သည်မှလွဲ၍ သူတို့က တခြားမသိပေ။
“ကျွန်တော် နည်းနည်း သိတယ်…” ရီဖူရှင်းက ပြောသည်။
“ခုနက ကြိုးရဲ့ အသံက သိပ်မကြည်ဘူး…. ကု့ချင်းရဲ့ ကြိုးက တော် တော် ဟောင်းနေပြီ…. ရှင်းအာ…ပြီးရင် ငါနဲ့လိုက်ခဲ့…. ငါတို့က ညီငယ်ရဲ့ ကု့ချင်းကြိုးကို သွားလဲကြမယ်…..” ဂူတုံးလျိုက ပြောသည်။
“ဟုတ်ကဲ့….” ပေ့ထင်ရှင်းအာက အသာအယာ ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ်…. အစ်ကိုသုံး….” ရီဖူရှင်းက ပြုံးလိုက်သည်။ သူ၏ အစ်ကိုသုံးနှင့် အစ်မနှစ် ကား တစ်ယောက် နှင့် တစ်ယောက် မာန်စောင်နေသော စုံတွဲ နှင့် တူလှသည်။
စားသောက်ပြီးသည်နှင့် ဂူတုံးလျိုက ပြောသည်… “သွားကြမယ်…”
“ငါလည်း လိုက်ကြည့်မယ်….” ကျူးကော့ဟွေက ပြုံးလျက် ထရပ်သည်။
ရီဖူရှင်းက ယူချင်းအား ထူးဆန်းသော အမူအရာနှင့် တိုးတိုးလေး ပြောသည်…. “မင်းတစ်ခုခု ခံစားမိလား….”
“ငါအားတွေ အရမ်း ပြည့်လာသလိုပဲ….” ယူချင်းက ခေါင်းညိတ်သည်။ ထိုအသားများ ကို စားသောက် ပြီးသည်နှင့် သူက များ စွာ သော အားအင်များ ဖြည့်ဖြိုး လာသည်ကို ခံစားနေရသည်။
အစား အသောက်က ကောင်းမွန်သည်ဟု ယိရှောင်ရှီက ပြောသည်။ ကြည့်ရသည်မှာ အမှန်ပင် ကောင်းမွန်ပေသည်။
သူတို့အုပ်စုက တစ်နေရာသို့ လျှောက်သွား လိုက်ကြသည်။ လမ်းခရီး တစ်ခုလုံးတွင် အစ်မနှစ် က အစ်ကိုသုံးအား စကားတစ်ခွန်းမှ မပြောသည်ကို သတိထားမိသည်။ သူတို့က တောင်ထိပ်၏ အတွင် းပိုင်းကျသော တစ်နေရာသို့ ရောက်လာကြသည်။ သူတို့၏ ရှေ့တွင် ကား ဂူပေါက်တစ်ခု ရှိသည်။ ဂူတုံးလျိုက ဂူထဲကို ရှေးဦးစွာ ဝင်သွားပြီး ရီဖူရှင်းတို့က နောက်မှ လိုက်ဝင်ကြသည်။
ဝူး…… ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာသည်ကို ခံစားရကာ သွေးများ ပင် အန်လုနီးပါး ဖြစ်သွားသည်။
“နဂါးအော်သံ….” ရီဖူရှင်းက ထိတ်လန့်စွာ ရေရွတ်မိသည်။ သူ၏ ခြေထောက်များ ကား အားနည်း သွားသလို ခံစားရသော ်လည်း ရှေ့ကို ဆက်တိုးသွားသည်။ ဂူထဲတွင် ကား များ စွာ သော ဂူသွယ်များ ရှိနေသည်။ အထဲတွင် ကား ကွဲပြား ခြားနားသော ကမ္ဘာတစ်ခု တည်ရှိနေသည်။ ဂူပေါက် တစ်ခုထဲတွင် ကား ကြောက်မက်ဖွယ် ကောင်းသော အလင်းများ နှင့် မှော ်သင်္ကေတများ ထွင်းထုထားကာ အလွန် အဆင့်မြင့်သော အစီအရင်တစ်ခု ပြုလုပ်ထားပုံရသည်။
ဂူသွယ်ထဲတွင် ကား ကြောက်မက်ဖွယ် ကောင်းသော နဂါးနက်ကြီး တစ်ကောင် ခွေနေသည်။ သူ၏ အေးစက်သော မျက်လုံးများ က ဂူတုံးလျိုအား ကြည့်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက နဂါးကြီး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာကြီး တစ်ခုအား တွေ့ရသည်။
“ငါမင်းတို့ အားလုံးကို စားမယ်….” နဂါးနက်ကြီးက အေးစက်စွာ ပြောသည်။
“တကယ်လို့ မင်းရဲ့ အကြောတွေ ကို ဆွဲနုတ်လိုက်ရင် မင်းက မသေဘူးမလား….” ဂူတုံးလျိုက ခံစားချက်မဲ့သော လေသံဖြင့် ပြောသည်။
နဂါးနက်က မျက်လုံးပြူးလျက် ကြည့်ကာ မိုမိုကျယ်လောင်စွာ ဟိန်းဟောက်လျှင် ဂူကြီးအား ကြမ်းတမ်းစွာ လှုပ်ခတ်လာသည်။ သို့ သော ် အစီအရင်က ချက်ချင်း ပင် သင်္ကေတများ စွာ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းများ က နဂါးနက်ကြီးအား ရစ်ပတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် ရုန်းကန်သည့်တိုင်း သူလှုပ်ရှားနိုင်စွမ်း မရှိသည်ကို တွေ့ရသည်။
“မင်းက ငါ့ကို ဒီလို လုပ်ရဲလို့လား….” နဂါးနက်ကြီးက ဒေါသတကြီး ပြောသည်။
“မင်းက လူတွေ ကို စားတဲ့ အချိန်တုန်းက ဒါကို ဘာလို့ မတွေ းခဲ့တာလဲ…..” ဂူတုံးလျိုက ခံစားချက် ကင်းမဲ့စွာ ပြောသည်။
“ဒီကောင်က တန်ခိုးရှင်ကို စားတဲ့ နဂါးနက်ပဲ…. အစ်ကိုသုံးက ဖမ်းပြီးတော့ ခေါ်လာတာ….” ပေ့ထင်ရှင်းအာက ရီဖူရှင်းအား ပြောသည်။
“ငါတို့ ခုနက ဘာကို စားခဲ့တာလဲ….” ရီဖူရှင်းက ပေ့ထင်ရှင်းအားအား ကြည့်လိုက်သည်။
“ဒါက နဂါးရဲ့ အသားပဲလေ…. ပြီးတော့ တခြား သားရဲ ဘုရင်တွေ လည်း ရှိသေးတယ်…. သူတို့ရဲ့ ဒဏ်ရာပြန်လည် ကုစားနိုင်စွမ်းရည်က အရမ်းမြင့်တယ်…. ငါတို့က သူတို့ရဲ့ အသားကို ဖြတ်တောက်ပေမဲ့ မကြာခင် သူတို့ရဲ့ အသားတွေ က ပြန်လည် ကြီးထွား ပြည့်ဖြိုး လာတာပဲ…..” ပေ့ထင်ရှင်းအာက ညင်သာစွာ ပြုံးလျက် ပြောသည်။
ရီဖူရှင်းက သူကား အလွန် စွမ်းသည်ဟု အမြဲတွေ းခဲ့သည်။ သို့ သော ် ကော့တေးတွင် သူကား ရှုံးနိမ့်ခဲ့ရပြီကို သိလိုက်သည်။ သူတို့ကား သားရဲဘုရင်များ ၏ အသားများ ကို နေ့တိုင်း စားနေကြသည်။ အစားအစာကား ကောင်းသည် ဆိုသည်ထက် ပိုသည်။
“နဂါးရဲ့ အကြောကို ဆွဲနုတ်မယ်လို့ အစ်ကိုသုံးက ဘာလို့ ပြောတာလဲ….” ရီဖူရှင်းက အံ့အားသင့်စွာ မေးသည်။
“နင့်ရဲ့ ကု့ချင်းအတွက် ကြိုးလုပ်မလို့….” ပေ့ထင်ရှင်းအာက ချိုမြစွာ ပြုံးလျက် ပြောသည်။
ရီဖူရှင်း ထခုန်မိလုမတတ် ဖြစ်သွားသည်။ တစ်စုံ တစ်ယောက် သူ့အား နှင်ထုတ်လျှင်ပင် ဤတောင်မှ ထွက်သွားလိမ့်မည် မဟုတ်တော့ပေ။
ထိုစဉ် ဂူက ပိုမိုကြမ်းတမ်းစွာ လှုပ်ယမ်းလာသည်။ ရီဖူရှင်းက သူ၏ သွေးများ ပိုမိုဆူပွက် လာသည်ကို ခံစားရပြီး သည်းခံနိုင်တော့ဘဲ အပြင်ကို ပြေးထွက် လိုက်ရသည်။ အလွန် နာကျင်သော ကြောင့် ကျယ်လောင်စွာ ဟိန်းသံများ ဂူထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
နဂါး၏ အကြောများ ကို ဆွဲနုတ်ခြင်း….။
နောက်တစ်နာရီခန့်တွင် ကျူးကော့ဟွေ၏ အိမ်လေးထဲတွင် အစ်မနှစ် နှင့် အစ်မခြောက်တို့က ကု့ချင်းကြိုးအား တပ်ဆင် နေကြသည်ကို ရီဖူရှင်းတို့က ကြည့်နေကြသည်။ သူ၏ ရင်ဘတ်က နွေးထွေးသွားသည်။
“အစ်ကိုသုံး….” ယိရှောင်ရှီက အဝေးမှ ပြေးလာသည်။
“အင်း…” ကျူးကော့ဟွေ၏ ဘေးတွင် ရပ်နေသော ဂူတုံးလျိုက သူမ၏ လှုပ်ရှားပုံများ အား ကြည့်နေရင်းက ခေါင်းမော့လျက် ပြောသည်။
“ကျောင်းတော် က တစ်ယောက် က လာပြီးတော့ ကျောင်းသားသစ်တွေ အတွက် စမ်းသပ်ပွဲကို ညီငယ်လေးကို ပါဝင်ဖို့ ဖိတ်ခေါ်နေတယ်….” ယိရှောင်ရှီက ပြောသည်… “သူတို့ ပြောတာကတော့ ရှောင်ဝူကျိကလည်း ပါဝင်တဲ့အတွက် ညီငယ်လေးကလည်း ပါဝင်သင့်တယ်လို့ ပြောတယ်….”
ရှောင်ဝူကျိနှင့် ရီဖူရှင်းတို့ နှစ် ယောက် လုံးကား ကျောင်းတော် ၏ ဖိတ်ခေါ်ခြင်းကို ခံရသူများ ဖြစ်ကြသည်။
“သူတို့ကို ပြောလိုက်…. ဒီလို အသေးအမွှား ကိစ္စတွေ အတွက် ကော့တေးကို လာမရှာနဲ့လို့…. ငါတို့ မအားဘူး….” ဂူတုံးလျိုက ပြောသည်။
“ဟုတ်ကဲ့…” ယိရှောင်ရှီက ခေါင်းညိတ်သည်။
အတွဲ (၁၅)ပြီးပါပြီ
ဆက်ပါဦးမည် ။
***