Switch Mode

အပိုင်း (၂၂၄)

ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်သလဲ

ကျောင်းတော် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော ကော့တေးကား စာအုပ် တောင်ပေါ်တွင် တည်ရှိသည်။ စာအုပ်တောင်၏ အခြား တစ်ဖက် အစွန်ဆုံးတွင် ထီးထီးတည်ရှိ နေသော တောင်ကုန်း တစ်ခုရှိသည်။ ထိုနေရာကား ကော့တေးရှိနေရာ ဖြစ်သည်။

လမ်းတွင် ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်…. “အစ်ကိုကြီးနဲ့ အစ်ကိုနှစ် တို့က ဘယ်သူလဲ….” ဂူတုံးလျိုကား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများ အား အကြည့် တစ်ချက်ဖြင့် ကြောက်ရွံ့ စေနိုင်သည်။ ဤသို့ ဆိုလျှင် သူ၏ ဆရာတူ အစ်ကိုများ က မည် ကဲ့သို့ သော သူများ ဖြစ်မည် နည်း။

“ငါက အစ်ကိုကြီးကို တစ်ခါမှ မမြင်ဖူးဘူး …. သူက ငါ မရောက်ခင် တည်းက ထွက်သွားတာ….” ယိရှောင်ရှီက ပြန်ဖြေသည်…. “ဒါပေမဲ့ မင်းက သူ့နာမည် ကို ကြားဖူးပြီးသား ဖြစ်လိမ့်မယ်…. သူက ဓားသခင် တောင်ကုန်းမှာ နေတယ်….”

“ဓားသခင် တောင်ကုန်း…” ရီဖူရှင်း၏ မျက်လုံးက လင်းလက် သွားသည်။ ကျောင်းတော် က နေရာ အနှံ့အပြားမှ ကျောင်းသားများ ကို သင်ကြား ပေးသည်ဟု လျိုချန်းယွီက ပြောသည်ကို ရီဖူရှင်း ကြားဖူးသည်။ အရှေ့မြေရိုင်း ဒေသမှာ နာမည် ကျော် တန်ခိုးရှင် အများ အပြားက ကျောင်းတော် တွင် ပညာ သင်ခဲ့ကြသည်။ သို့ သော ် ဓားသခင် တောင်ကုန်းမှ တစ်စုံ တစ်ယောက် က ကော့တေး၏ တပည့် ဖြစ်နေမည် ဟု သူ မမျှော်လင့်ခဲ့ပေ။

“အင်း … သူက ဆယ်စုနှစ် တစ်ခု အတွင် းမှာ ကျောင်းတော် က ထွက်တဲ့ ကျောင်းသားတွေ ထဲ အကျော်ကြားဆုံး လူလို့ ပြောလို့ရတယ် ….” ယိရှောင်ရှီက ခေါင်းညိတ်သည်။

“ဘယ်သူလဲ…” ရီဖူရှင်းက မျက်လုံးပြူးလျက် မေးသည်။

“ဓားသခင်….” ယိရှောင်ရှီက ပြုံးလျက် ရီဖူရှင်းကို ကြည့်လိုက်သည်။

ရီဖူရှင်း ထိတ်လန့် သွားသည်။ သူ၏ အစ်ကိုကြီးက အလွန် အားကောင်းမည် ဟု သူတွေ းထား ခဲ့သော ်လည်း ထိုမျှလောက်အထိ သူ မမျှော်လင့်ထားပေ။

ဓားသခင် တောင်ကုန်းကား အရှေ့မြေရိုင်း ဒေသတွင် တည်ရှိကာ ထိပ်သီး အင်အားစု တစ်ခု ဖြစ်သည်။ တောင်ကုန်းသခင်ကား ကော့တေး၏ တပည့် ဓားသခင် ဖြစ်သည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီကို ထိုအချက်အား အဘယ်ကြောင့် သူ့ကို  မပြောခဲ့ကြသနည်း။ ကော့တေးက သူ့အား ဖိတ်ခေါ်ခဲ့သော  အချိန်တွင် လျိုဖေးယွန်က သူ့အား လက်ခံရန် တစ်ခွန်းတည်းသာ ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။

အကယ်၍ ဖြစ်နိုင်လျှင် ရီဖူရှင်းက ဓားသခင် တောင်ကုန်းကို သွားရောက် လည်ပတ်ရမည် ဖြစ်သည်။ ထိပ်သီး အင်အားစု ဖြစ်သည့် အလျောက် ဓားသခင် တောင်ကုန်းတွင် အလွန် အားကောင်းသော တန်ခိုးရှင်များ ရှိမည် ဖြစ်ကာ ထိုလူများ အားလုံးမှာ သူ့ထက် အဆင့်နိမ့်သည်။ သူကား ဓားသခင်၏ ဆရာတူညီ ဖြစ်နေလေပြီ။

ရီဖူရှင်း၏ အမူအရာကို မြင်လျှင် ယိရှောင်ရှီက ဝင့်ကြွားစွာ ပြုံးသည်။

“အစ်ကိုကြီးမှာ စိတ်ဝင်စားစရာ ပုံပြင်တွေ ရှိလား….” ရီဖူရှင်းက မေးလိုက်သည်။

“မှန်တာပေါ့… စီနီယာအစ်မက ပြောတယ်…. လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ကော့တေးက ဒီလောက် မကျော်ကြားသေးဘူး…. တစ်ခါက ဖူယွန်ဓားကလန်က ခေါင်းဆောင်က ငါတို့ဆရာကို မကောင်းပြောတယ်…. ဒါကြောင့် အစ်ကိုကြီးက တောင်အောက်ကို ဆင်းပြီး ဖူယွန် ဓားကလန်က အတော် ဆုံး ဓားသမားတွေ အကုန်လုံးကို အနိုင်ယူခဲ့တယ်… ပြီးတော့ ဖူယွန်ဓားကလန် ခေါင်းဆောင်ကို စိန်ခေါ်ခဲ့ပြီးတော့ နောက်ဆုံးမှာ သရေကျသွားတယ်….. ဒီတိုက်ပွဲမှာ သူက တစ်ခါတည်း ကျော်ကြား သွားပြီးတော့ ဓားသခင်ဆိုတဲ့ နာမည် ကို ရခဲ့တယ်…. ဒီလိုနာမည် ကျော်ကြား လာပြီးနောက် အစ်ကိုကြီးက အရှေ့မြေရိုင်း ဒေသရဲ့ အနောက်ဘက်ကို သွားပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ကလန်ကို ထူထောင်ခဲ့တယ်…. အခု ဓားသခင် တောင်ကုန်းဆိုတဲ့ အရှေ့မြေရိုင်း ဒေသမှာ ထိပ်သီးအင်အားစု တစ်ခု ဖြစ်လာခဲ့တယ်….”

ယိရှောင်ရှီ၏ မိတ်ဆက်မှု ကို ကြားလျှင် ရီဖူရှင်းက ထိုသမိုင်းဝင် ပုံပြင် တစ်ပုဒ်အား တွေ းကြည့်လို့ ရသည်။ အစ်ကိုကြီးကား တကယ့် သမိုင်းဝင် လူ တစ်ယောက် ပင်။ ဓားသခင် တောင်ကုန်းနှင့် ဖူယွန် ဓားကလန်က မတည့်ဟု လျိုချန်းယွီက ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။

“ကျောင်းတော် က ဘာလို့ ကော့တေးနှင့် မတည့်တာလဲ….” ရီဖူရှင်းက ဆက်မေးသည်။

“ဒီကောင်တွေ ကို ဂရုမစိုက်နဲ့…. သူတို့က ကော့တေးကို ဝင်ဖို့ အရည်အချင်း မရှိလို့ မင်းကို မနာလို ဖြစ်နေကြတာ….” ယိရှောင်ရှီက ပြောသည်…. “ကျောင်းတော် နဲ့ ကော့တေးရဲ့ ဆက်ဆံရေး ကို ငါက သိပ်နားမလည်ဘူး…. ပြောကြတာကတော့ အစ်ကိုကြီးက တစ်ခါက ဆရာကို သူက ကျောင်းတော် မှာ ဆက်နေသင့်သလား မနေသင့်ဘူးလား မေးတယ်…. ဆရာက ကလန်အသစ် တည်ထောင်ဖို့ အကြံပေးလိုက် တယ်…. ကျောင်းတော် က ဒီကိစ္စကို သဘောမကျဘူး ကြားတယ်….”

သူ့တွင် ကလန်တစ်ခုကို တည်ထောင်လောက် အောင်ပင် စွမ်းအား ရှိနေပါက အကယ်၍ သူက ကျောင်းတော် တွင် ဆက်နေလျှင် ကျောင်းတော် ၏ ဂုဏ်သတင်းအား ပိုမို ကြီးမြင့်စေမည် ဖြစ်သည်။ သို့ သော ်လည်း ဆရာက သူ့အား ကိုယ်ပိုင်ကလန် တည်ထောင်စေသည်။

ရီဖူရှင်း၏ မျက်လုံးက အရောင် လက်သွားကာ ပြောလိုက်သည်…. “ဆရာက ဘယ်လောက် စွမ်းလဲ….”

“ငါမသိဘူး….” ယိရှောင်ရှီက ပခုံးတွန့်လျက် ပြောသည်…. “သူက တန်ခိုးကျင့်တာနဲ့ ပတ်သက်ပြီး မသိဘူးလို့ ပြောတယ်….”

“အစ်ကို ခုနစ်က ဒါကို ယုံလား….” ရီဖူရှင်းက ယိရှောင်ရှီကို ပြောသည်။

“မယုံဘူး…” ယိရှောင်ရှီက ခေါင်းယမ်းလျက် ပြောသည်… “ဒါပေမဲ့ တကယ်လည်း သူ တိုက်ခိုက်တာကို ဘယ်သူမှ မမြင်ဖူးဘူး….”

“ဒုတိယ အစ်ကိုကရော ဘယ်လိုလဲ…. သူ့မှာ လည်း ဒီလို ပုံပြင်တွေ ရှိလား….” ရီဖူရှင်းက မေးသည်။

ယိရှောင်ရှီက အံ့အားသင့် သွားကာ ပြောသည်…. “အစ်ကိုနှစ် ဆိုတာ မရှိဘူး… အစ်မနှစ် ပဲ ရှိတယ်….. သူမနဲ့ ပတ်သက်ပြီး ကတော့ မင်းက တစ်ရက် သိလာလိမ့်မယ်….”

ရီဖူရှင်း၏ မျက်လုံးများ အရောင် လက် သွားသည်…. “စီနီယာ အစ်မက ဘယ်လိုပုံစံလဲ မသိဘူး….”

ယူချင်းက သူ၏ နောက်မှ လိုက်ပါလာသည်။ ရီဖူရှင်း၏ စကားသံကို ကြားလျှင် သူ၏ မျက်လုံးများ ပြူးသွားသည်။ ရီဖူရှင်းကား ဟွာဂျီယူနှင့် ယခုပင် ခွဲခွာလာသည်။ ယခု သူက စီနီယာ အစ်မအား စိတ်ကူးယဉ် နေပြန်လေပြီ။

လှေကားထစ်အတိုင်း တောင်ပေါ်သို့ တက်လာလျှင် တဖြည်းဖြည်း တောင်ထိပ်သို့ ရောက်လာကြသည်။ တောင်ထိပ်တွင် ကား မြူများ အနည်းငယ် ဆိုင်းနေပြီး လေထုများ က အလွန် လတ်ဆတ်သည်။ အေးစိမ့်သော လေထုအောက်တွင် လှပစွာ ပြုလုပ်ထားသော သစ်လုံး အိမ်ကလေးများ ကို တွေ့ရသည်။ အိမ်ငယ်လေးများ က ရိုးရှင်းကာ သေသပ်လှသည်။ ဤနေရာက ကော့တေးလား။

ရှေ့တွင် စမ်းချောင်းကလေး တစ်ခုရှိပြီး စမ်းချောင်းဘေးတွင် မိန်းကလေးတစ်ဦး အဝတ် လျှော်နေသည်။ အသံကြားလျှင် မိန်းကလေးက နောက်လှည့် ကြည့်လျှင် သူမ၏ လှပသော မျက်နှာလေးကို ရီဖူရှင်းတို့ မြင်ရသည်။ သူမကား ယိရှောင်ရှီထက် ငယ်ရွယ်ဟန် ပေါ်နေသည်။ သူမက ဖော်ရွေစွာ ပြုံးလျက် ပြောသည်…. “မင်းတို့က အသစ်ရောက်လာတဲ့ မောင်ငယ်လေးတွေ လား….”

“စီနီယာ အစ်မက ဘယ်လိုလုပ် ဒီလောက် ငယ်နေရတာ လဲ…” ရီဖူရှင်း အံ့အားသင့် သွားသည်။ သူမကား ရီဖူရှင်းထက်ပင် ငယ်ရွယ်ဟန် ပေါ်နေသည်။

“ဒါက အစ်မခြောက်ပဲ…” ယိရှောင်ရှီက မိတ်ဆက်သည်။

“ဟိုင်း… စီနီယာအစ်မ….” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်….”စီနီယာ အစ်မက အရမ်းလှတာပဲ….”

“လုပ်ပြန်ပြီ….” ယူချင်း ဆွံ့အသွားသည်။

ရီဖူရှင်း၏ ချီးကျူးစကားကို ကြားလျှင် မိန်းကလေးက ပြုံးလျက် ပြောသည်…. “မင်းကလည်း ကြည့်ကောင်းပါတယ်….”

“အစ်မ နှစ် က ဒီမှာ ရှိလား….” ယိရှောင်ရှီက မေးသည်။

“အင်း…” မိန်းကလေးက ပြုံးလိုက်သည်။

“ငါ သူတို့ကို စီနီယာ အစ်မဆီ ခေါ်သွားဦးမယ်…” ယိရှောင်ရှီက ပြောသည်။

“အင်း… နင်ရှေ့က သွားနှင့်…. စီနီယာအစ်မရဲ့ အဝတ်တွေ လျှော်ပြီးရင် ငါလိုက်ခဲ့မယ်….” သူမက ညင်သာစွာ ပြောသည်။

ရီဖူရှင်းက နားမလည်ပေ။ သူမက စီနီယာအစ်မ၏ အဝတ်အစားများ ကို အဘယ်ကြောင့် လျှော်နေရသနည်း။

ယိရှောင်ရှီက မိန်းကလေး၏ စကားများ ကို ဂရုမစိုက်ဘဲ အဝေးကို လျှောက်သွား လိုက်သည်။ သူကား ဤကိစ္စများ နှင့် အသားကျနေပြီး ဖြစ်ပုံရသည်။

ရီဖူရှင်းက သူ့နောက်မှ လိုက်ကာ စိတ်ဝင်တစား မေးလိုက်သည်…. “အစ်မခြောက်က ဘယ်လိုလုပ် ဒီလောက် ငယ်နေရတာ လဲ….”

“သူက ဆရာ ခရီးထွက်တုန်းက ခေါ်လာတဲ့ မိဘမဲ့ ကလေး တစ်ယောက် ပဲ… သူမက ငါ့ထက်တောင် စောပြီး တန်ခိုး စပြီးကျင့်ကြံတယ်…. အခု သူမက အစ်မနှစ် ဆီက သင်နေတယ်….” ယိရှောင်ရှီက ပြောလျှင် ရီဖူရှင်းက ခေါင်းညိတ်သည်။

သူတို့ ဆက်လျှောက်လာလျှင် အရှေ့တွင် သစ်လုံးအိမ်ငယ်လေး အနည်းငယ်ကို တွေ့ရသည်။ ထိုနေရာတွင် လူသုံးယောက် ကို တွေ့ရသည်။ တစ်ယောက် ကား မိန်းကလေး ဖြစ်ပြီး နောက်နှစ် ယောက် ကား လူငယ်နှစ် ယောက် ဖြစ်သည်။ မိန်းကလေးကား အရပ်ရှည်ကာ သွယ်လျသော ခန္ဓာကိုယ်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ထားသည်။ သူမ၏ ပုံဟန်က ညင်သာကာ အားနည်းပုံ ရသော ်လည်း မျက်လုံးများ က အသက်ဝင်လှကာ ကြယ်တစ်ပွင့်လို လင်းလက်နေသည်။ ထိုမျှလှပသော မျက်လုံးများ နှင့် သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သူမကား အမှန်ပင် ရှားပါးသော အလှပိုင်ရှင်လေး ဖြစ်သည်။ ထိုအချိန်တွင် ကား သူမက သစ်အိုပင်ကြီး၏ အောက်တွင် နတ်သမီးတစ်ပါးလို ရပ်နေသည်။ လူငယ်နှစ် ယောက် ကား အလုပ်ရှုပ်နေသည်။ တစ်ယောက် က စာအုပ်များ ကူးရေး နေပြီး နောက် တစ်ယောက် က မီးမွှေးနေသည်။

ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် သူတို့သုံးယောက် ၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။

မိန်းကလေးက ရီဖူရှင်းအား လှမ်းကြည့်လိုက်ကာ ပြုံးလိုက်သည်… “ငါတို့ရဲ့ ဂျူနီယာလေး ရောက်လာပြီ…..” သူမ၏ အသံကား ညင်သာကာ အေးဆေးသည်။

“ဟိုင်း… စီနီယာအစ်မ….” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်… “ကျွန်တော် က နတ်သမီးတစ်ပါးကို တွေ့တယ် မှတ်နေတာ…..”

သူ့ဘေးမှ ယိရှောင်ရှီ မျက်လုံးပြူး သွားသည်။ သူတို့၏ ညီထွေးလေးကား ပါရမီသာ မြင့်သည်မဟုတ် လျှာစောင်းလည်း ထက်လှသည်။

“စကားပြော ကောင်းတယ်….” အစ်မနှစ် က ပြုံးလျက် ပြောသည်…. “ဂျူနီယာလေးက ပါရမီ အရမ်း မြင့်တယ်လို့ ငါကြားတယ်…. မင်းက စကားပြောလည်း တော် တော် ကောင်းတယ်…”

“စီနီယာအစ်မက တကယ်ပဲ နတ်သမီးနဲ့ တူတာ…. ကျွန်တော် က မျက်လုံးမှ ကန်းမနေတာ…. လူတိုင်းက ဒါကို မြင်နိုင်တယ်….” ရီဖူရှင်း၏ လေသံက အလွန် ရိုးသားဟန် ပေါ်နေသည်။ အစ်မနှစ် က ပိုမိုတောက်ပစွာ ပြုံးလိုက်သည်။

“ညီလေး… လာထိုင်….” ရှေ့တွင် စာအုပ် ရေး မှတ်နေသော လူငယ်က ရီဖူရှင်းအား ပြုံးလျက် ပြောသည်။

“မင်းကိစ္စကို မင်းလုပ်…..”

စီနီယာအစ်မ၏ ကြိမ်းမောင်းသံကို ကြားလျှင် စာအုပ်ရေး နေသူက စိတ်ပျက်သွားကာ ခေါင်းငုံ့လျက် သူ၏ စာအုပ်များ ကို ဆက်ရေး နေသည်။ ချက်ပြုတ်ရန် ပြင်ဆင်နေသော အစ်ကိုက တစ်စုံတစ်ခုအား ပြောရန် ဟန်ပြင်ပြီးမှ စီနီယာ အစ်မအား တစ်ချက်ကြည့်ပြီး သူ၏ အလုပ်များ ကို ဆက်လုပ် နေသည်။

ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ တစ်စုံတစ်ခု ဖြစ်ပျက် နေလေပြီ။

“အဲဒါ အစ်ကိုလေးနဲ့ အစ်ကိုငါး….” ယိရှောင်ရှီက စာအုပ် ကူးရေး နေသူနှင့် စားဖိုမှူးတို့အား မိတ်ဆက်ပေးသည်။ သို့ သော ်လည်း လက်ရှိမြင်ကွင်းက ရီဖူရှင်း မျှော်လင့်ထားသလို မဟုတ်နေပေ။ အစ်ကိုနှစ် ယောက် က အစ်ကိုသုံးကဲ့သို့ မ ဖြစ်နေသင့်ဘူးလား။ သူတို့ နှစ် ယောက် က အားနည်းသော ကြောင့်လား သို့ မဟုတ် စီနီယာအစ်မက အလွန် စွမ်းနေလို့လား။

“ကောင်မလေးက အဝတ်လျှော်တာ မပြီးသေးဘူး…. ငါ့ရဲ့ ပခုံးက နည်းနည်း တင်းနေတယ်…. မောင်ငယ်လေး…. ငါ့ကို လာနှိပ်ချေ….” အစ်မနှစ် က ရီဖူရှင်းအား ပြောသည်။

“ဟင်…” ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ ထိုအရာက သင့်တော် ပါသလော။ သို့ သော ် စီနီယာ အစ်မအား ကူညီခြင်းကား သူ၏ တာဝန်တစ်ခု ဖြစ်သင့်ပေသည်။ ထို့အပြင် ဤနေ့ကား သူ့အတွက် အစ ပထမနေ့ ဖြစ်သည်။ သူက စီနီယာ အစ်မအား နားထောင်ရန် လိုသည်။ ထိုသို့ တွေ းလျက် ရီဖူရှင်းက စီနီယာ အစ်မထံသို့ လျှောက်သွား လိုက်သည်။ ယိရှောင်ရှီကား အလစ်တွင် ထွက်ပြေးရန် ချောင်းနေဟန်ရကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

“မင်းဘယ်ကို သွားတာလဲ…” အစ်မနှစ် က ယိရှောင်ရှီအား ကြည့်ကာ ပြောသည်။

“သွားကျင့်မလို့…..” ယိရှောင်ရှီက မျက်နှာငယ်လေးနှင့် ပြောသည်။

“ဒီမှာ ကျင့်….” အစ်မနှစ် က အမိန့်ပေးသည်။

“ဟုတ်ကဲ့… စီနီယာအစ်မ….” ယိရှောင်ရှီက ခေါင်းညိတ်သည်။ ရီဖူရှင်းက အစ်မနှစ် ထံ လျှောက်သွားစဉ် အစ်ကိုလေးနှင့် အစ်ကိုငါးက သူ့အား ကြည့်ကြသည်။ သူတို့၏ မျက်လုံးများ တွင် မနာလိုခြင်းများ မရှိဘဲ ထိုအစား သနား ကရုဏာသက်သော ပုံစံများ ကို တွေ့ရသည်။

အစ်မနှစ် က သစ်ပင်ရှေ့တွင် ထိုင်လိုက်သည်။ ရီဖူရှင်းက လျှောက်လာကာ သူမ၏ နောက်တွင် ရပ်လျက် လက်ကို ဆန့်ထုတ်လိုက်သည်။ ယိရှောင်ရှီက ရီဖူရှင်းကား ကြိုတင် သတိမပေးမိသည်ကို နောင်တရလျက် ရီဖူရှင်းကို ကြည့်နေသည်။

“ငါတို့ရဲ့ ဂျူနီယာ ညီလေးက ဒီမှာ လား…..” တစ်စုံ တစ်ယောက် က လှမ်းပြောလိုက်သည်။ ရီဖူရှင်းက လှည့်ကြည့် လိုက်လျှင် အဝေးမှ လူ တစ်ယောက် က လျင်မြန်စွာ ရောက်လာသည်ကို မြင်သည်။ သူကား ဂူတုံးလျို ဖြစ်သည်။

ဤသို့ ဖြင့် သူကား စီနီယာ အစ်မနှင့် အစ်ကိုများ အားလုံးကို တွေ့ပြီးသွားပြီ ဖြစ်သည်။ သို့ သော ် ဆရာကိုမူကား မတွေ့သေးပေ။

“အစ်ကိုသုံး….” ရီဖူရှင်းက ခေါ်လိုက်သည်။

“အင်း…” ဂူတုံးလျိုက ရီဖူရှင်းအား ကြည့်လိုက်သည်…. “မင်းက အဲဒါတွေ ကို လုပ်ဖို့ မလိုဘူး…. ကော့တေးမှာ လျှောက်ကြည့်ချေ….”

ထိုစကားကို ကြားလျှင် သူက အစ်မနှစ် အား ကြည့်လိုက်သည်…. “သူ့ကို ဂရုမစိုက်နဲ့ ငါ့ပခုံးတွေ ကိုပဲ နှိပ်…..”

တစ်စုံတစ်ခု မှာ းနေလေပြီ။

ရီဖူရှင်းက ဘေးနားမှ လူများ ကို အားကိုးတကြီး ကြည့်လိုက်သည်။ အစ်ကိုလေး၊ အစ်ကိုငါးနှင့် အစ်ကိုခုနစ်တို့ အားလုံးက ရီဖူရှင်းအား ကရုဏာသက်စွာ ကြည့်နေကြသည်။ အစ်ကိုသုံးက အစ်မနှစ် အား ကြည့်နေသည်။ တစ်စုံတစ်ခု မှာ းယွင်း နေလေပြီ။

ရီဖူရှင်းက မျက်လုံး ပြူးသွားကာ ပြောသည်…. “အစ်ကိုခုနစ်… ကျွန်တော် က ဆရာကို မတွေ့ရသေးဘူး…. သွားတွေ့ရအောင်…..”

သူကား ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ဤနေရာတွင် အန္တရာယ်ရှိ၏ ။

“မင်းရဲ့ အစ်ကိုသုံးက ဆရာကို ပျောက်သွားတယ်…. မင်းက ဘယ်မှာ သွားရှာမလဲ…..” အစ်မနှစ် က ပြုံးလျက် ပြောသည်။

ရီဖူရှင်း နားမလည်တော့ပေ။ အစ်ကိုသုံးက အဘယ်ကြောင့် ဆရာအား ပျောက်ဆုံး စေရသနည်း။

“ရှောင်ရှီ…. ငါတို့ရဲ့ ညီလေးကို လိုက်ပြလိုက်….” ဂူတုံးလျိုက ပြောသည်။

ယိရှောင်ရှီက ခေါင်းညိတ်သည်…. “ဟုတ်ကဲ့ အစ်ကိုသုံး…. ညီလေး… သွားရအောင်….”

ရီဖူရှင်းက ယိရှောင်ရှီ နောက်ကို လိုက်သွားသော အချိန်တွင် ဂူတုံးလျိုကား အစ်မနှစ် ကို ကြည့်နေဆဲ ဖြစ်သည်။ သို့ သော ်လည်း အစ်မနှစ် ကား ထိုနေရာတွင် ပင် မည် သည့်အရာကိုမှ ဂရုထားဟန် မရဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်။

အခြေအနေက မည် သို့ ဖြစ်ပျက် နေသည်ကို ရီဖူရှင်းက နားမလည်လျှင် သူကား အရူးပင်။ ဘယ်လောက် အန္တရာယ် ကြီးလိုက်သလဲ။

***


Comment

Leave a Reply

Options

not work with dark mode
Reset