Switch Mode

အပိုင်း (၂၂၃)

ကော့တေး၏ တပည့်

စာအုပ်တောင်ထိပ်ပေါ်သို့ တက်ရာလမ်းသို့ လှေကား ထစ်အတိုင်း တက်သွားလျှင် ကျောင်းတော် ကို တွေ့ရသည်။

မုခ်ဝမှ တစ်ဆင့် ဝင်သွားလျှင် လူတိုင်း၏ ရှေ့တွင် ကွင်းပြင်ကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုကွင်းပြင်ကြီးအား ကျောက်နံရံများ ဖြင့် ဝန်းရံထားပြီး ကွဲပြား ခြားနားသော နေရာများ သို့ သွားရောက်နိုင်သော လှေကားထစ်များ ကို မြင်တွေ့ရသည်။ ထိုနေရာများ တွင် မိုးထိအောင် မြင့်နေသော အဆောက်အဦများ ၊ ရှေးဟောင်း နေရာများ အများ အပြားကို သူတို့ တွေ့ကြရ၏ ။

ယနေ့ကား ကျောင်းတော် က ကျောင်းသားသစ်များ လက်ခံသော နေ့ ဖြစ်သည်။ ထို့ကြောင့် လူသစ်များ အား ကြိုဆိုနေသော သူများ ထိုနေရာတွင် ရှိနေသည်။

ထိုအခိုက်တွင် ကွင်းပြင်ထဲတွင် လူအများ အပြား ရှိကြသည်။ ကျောင်းတော် ကို ဝင်ရောက်လာသော  လူများ ကို ကြည့်ကာ သူတို့က ပြုံးလိုက်ကြသည်။ ယခုနှစ် တွင် အသစ် ဝင်ရောက်လာသော ကျောင်းသားများ ထဲတွင် ပါရမီရှင်တချို့က အလွန် ထူးချွန်သည်ဟု ကြားထားကြသည်။

“ခွားရှန်းရှိလား….” တစ်စုံ တစ်ယောက် က အော်လိုက်သည်။

“ဟုတ်ကဲ့….” ခွားရှန်းက ရှေ့ကို တိုးသွားလိုက်သည်။

“မင်းက အကြီးအကဲ ဇုန်းဇွီရဲ့ လက်အောက်မှာ တန်ခိုးကျင့်ဖို့ စိတ်ဝင်စားသလား…..” ထိုလူက မေးသည်။

ကျောင်းသား အများ အပြား၏ မျက်လုံးများ က လင်းလက် သွားကြသည်။ သူတို့အားလုံးက ခွားရှန်းအား မနာလိုစွာ ကြည့်လိုက်ကြသည်။ ကျောင်းတော် တွင် ကား တောင်ကုန်း အကြီးအကဲအချို့ ရှိကြသည်။ ဇုန်းဇွီ၏ စွမ်းရည်များ ကား ကျောင်းတော် တွင် ထိပ်သီး သုံးယောက် ထဲတွင် ရှိပြီး သူ့လက်အောက်တွင် လည်း အလွန်တရာ ထူးချွန်သော ကျောင်းသားများ ရှိသည်။

“စိတ်ဝင်စားပါတယ်…” ခွားရှန်းက ခေါင်းညိတ်သည်။

“နန်းကုန်းကျာ….” ထိုလူက ထပ်မံ အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့….” နန်းကုန်းကျာက ပြန်ထူးလိုက်သည်။

“မင်းက အကြီးအကဲ စူးချင်ရဲ့ လက်အောက်မှာ လေ့ကျင့်ဖို့ စိတ်ဝင်စား သလား…..”

“မျှော်လင့်ထားတဲ့ အတိုင်းပဲ….” နန်းကုန်းကျာ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ဖြစ်ပေါ်လာကာ ခေါင်းညိတ်လျက် ပြောသည်… “ကျွန်မ စိတ်ဝင်စားပါတယ်…”

“ထို့ပါယွန်… မင်းက အကြီးအကဲ ချင်မူရဲ့ လက်အောက်မှာ တန်ခိုးကျင့်ဖို့ စိတ်ဝင်စားသလား…”

” ကျွန်တော် စိတ်ဝင်စားပါတယ်…” ထို့ပါယွန်က ခေါင်းညိတ်သည်။

ကျောင်းတော် သို့ ဝင်ခွင့်ရသော သူများ ကား တစ်ယောက် ပြီး တစ်ယောက် နာမည် ခေါ်ကာ သင်ယူမည့် ဆရာမ ျား ကို ရွေးချယ်ပေးသည်။ သူတို့အားလုံးက ကျောင်းတော် မှ တောင်ကုန်း အကြီးအကဲ ခုနစ်ယောက် ထဲမှ ဆရာ တစ်ယောက် ကို ရွေးချယ်ရသည်။ သို့ သော ်လည်း မည် သူမှ ကျောင်းအုပ်ကြီး၏ လက်အောက်သို့ ဖိတ်ခေါ်ခံရခြင်း မရှိပေ။ ထိုအရာက မ ဖြစ်နိုင်သည်ကိုလည်း လူအများ က သိကြသည်။ ကျောင်းအုပ်၏ လက်အောက်မှ ကျောင်းသားတိုင်းကား ထူးခြား ဆန်းကြယ်သော စွမ်းရည်များ ကို ပိုင်ဆိုင်ကြသည်။ ကော့တေးကိုမူကား မည် သူမှ မတွေ းရဲကြပေ။ သို့ သော ်လည်း နာမည် ခေါ် မခံရသော လူတချို့လည်း ရှိသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က ဘေးတွင် တိတ်ဆိတ်စွာ ရပ်စောင့်နေကြသည်။ ပထမက သူတို့က တစ်စုံတစ်ခုကို မေးရန် ဟန်ုပြင်လိုက် သော ်လည်း သူတို့ မေးလု မေးခင်တွင် ပင် နာမည် များ ကို စတင် ခေါ်ယူသည်။ ထို့ကြောင့် ပင် သူတို့က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရတော့သည်။ ကံကောင်းစွာ ပင် ဝင်ခွင့်ရသော သူများ မှာ သိပ်မများ လှသဖြင့် နာမည် ခေါ်ယူခြင်းက မကြာမီ ပြီးဆုံး သွားခဲ့သည်။

တောင်ကုန်း အကြီးအကဲများ အားလုံးက ဝင်ခွင့်ရသော သူများ အား ကြိုဆိုရန် တပည့်များ ကို စေလွှတ်ခဲ့ကြသည်။ သိသာစွာ ပင် ကျောင်းတော် က ဝင်ခွင့်ရသူများ က မည် သူ့ထံတွင် လေ့ကျင့်ရမည် ကို ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ စာမေးပွဲ ကာလ ကတည်းက စစ်ဆေးခံသူ တစ်ယောက် ကို အကြီးအကဲ တစ်ယောက် က သဘောကျမှသာလျှင် ကျောင်းတော် သို့ ဝင်ခွင့်ပေးသည်။ မဟုတ်လျှင် ကျောင်းတော် သို့ ဝင်ခွင့်ရပြီး တောင်ကုန်း အကြီးအကဲများ က တပည့်မရွေးလျှင် မျက်နှာပျက်စရာများ ကြံရမည် ဖြစ်သည်။

ကျောင်းသားများ က ရီဖူရှင်းနှင့် ယူချင်းကို ကြည့်ကာ ပြုံးလျက် ပြောသည်…. “တကယ်လို့ မင်းတို့က ပညာရှာဖို့ ဒီနေရာကို လာတယ်ဆိုရင် နောက်တစ်နှစ် ကို စောင့်ပြီးတော့ စာမေးပွဲ ဝင်ဖြေပါ…”

ထို့ပါယွန်၊ နန်းကုန်းကျာနှင့် ကျန်လူများ က ရီဖူရှင်းတို့ကို ကြည့်လိုက်ကြသည်။ သူတို့နှစ် ယောက် က အမှန်ပင် ကျောင်းတော် ထဲသို့ ခိုးဝင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့က အရိုက်ခံချင် နေကြ၏ ။ သို့ သော ် ကျောင်းတော် ကား အလွန် ယဉ်ကျေးကာ သူတို့ကို ပြုံးလျက် ထွက်သွားရန် ပြောနေသည်။

“ကော့တေးက ဘယ်မှာ လဲ မေးလို့ရမလား….” ရီဖူရှင်းက ကျောင်းတော် သား များ အား ကြည့်ကာ မေးလိုက်သည်။

“ကော့တေး….” ထိုလူ၏ မျက်လုံးများ က အရောင် လက် သွားသည်။ သူ့ဘေးမှ တခြား ကျောင်းသား များ ကလည်း ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။

မည် သည့် အရာကိုမှ ဂရုစိုက်ဟန် မရသော ခွားရှန်းပင်လျှင် ရီဖူရှင်းကို ကြည့်သည်။ သူကား အမှန်တကယ်ပင် ကော့တေးကို မေးနေသည်။

“မင်းက ဘာလို့ ကော့တေးကို မေးရတာ လဲ…” မှင်တက်နေရာမှ ထိုကျောင်းသားက မေးသည်။

“ကျုပ်က ကော့တေးကို တန်ခိုး သွားကျင့်မလို့….” ရီဖူရှင်းက ပြန်ပြောသည်။

ကျောင်းသားများ က အံ့အားသင့် သွားကြကာ ထပ်ပြောသည်…. “ကော့တေးက ဘယ်ကျောင်းသားကိုမှ လက်မခံဘူး ထင်တယ်… ပြန်သွားကြပါ….”

ပတ်ဝန်းကျင်မှ လူများ က ရီဖူရှင်းအား အရူး တစ်ယောက် လို ကြည့်လိုက်ကြသည်။ သူက ကော့တေးကို သွားရောက် လိုနေသည်။ သူတို့ အတွက်ကား ဟာသပြက်လုံး တစ်ခု အလားပင်။

“ကျုပ်က ရီဖူရှင်းပဲ ….” ကျောင်းတော် မှ လူများ က သူ့နာမည် ကို ကြားဖူးလို ကြားဖူးငြား ရီဖူရှင်းက သူ၏ နာမည် ကို ထုတ်ပြောလိုက်သည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ကျောင်းတော် မှ ကျောင်းသားများ က ရီဖူရှင်းအား ငေးမော နေကြသည်။

ရီဖူရှင်းဟူသော နာမည် ကား သူတို့အတွက် အလွန် ရင်းနှီးသည်။ နှစ် ဟောင်း ကုန်ခါနီး တုန်းက ကျောင်းတော် တွင် သူ၏ နာမည် အား မကြာခဏ ဆိုသလို စကားဝိုင်းများ တွင် ပါဝင်ခဲ့သည်။ နောက်ဆုံးတွင် ကျောင်းတော် က ကန်ယီနိုင်ငံကို မသွားရန် ဆုံးဖြတ်လိုက်ပြီး သူ၏ နာမည် ကလည်း လူတိုင်း၏ ခေါင်းထဲမှ တဖြည်းဖြည်း မှု န်ဝါးသွားသည်။

မည် သို့ ပင်ဆိုစေ ကျောင်းတော် မှ ကျောင်းသားများ က သူ၏ နာမည် အား ကြားဖူးသည်မှာ သေချာပေသည်။ ထိုအခိုက်တွင် သူ၏ နာမည် သာ ပေါ်လာသည် မဟုတ်ဘဲ ရီဖူရှင်း ကိုယ်တိုင်ပင်လျှင် ကျောင်းတော် သို့ ရောက်ရှိလာသည်။

သူက ရီဖူရှင်း ဖြစ်နေလျှင် သူက ကျောင်းတော် ကို လာပိုင်ခွင့် ရှိပေသည်။ သူက စာမေးပွဲကို မဖြေလျှင်ပင် သူကား ကျောင်းတော် ကို အလိုအလျောက် ဝင်ခွင့်ရပေသည်။ တောင်ကုန်း အကြီးအကဲများ က သူ့အား ခေါ်ရန် အပြင်းအထန် ကြိုးပမ်းကြမည် ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ ကျောင်းတော် မှ ကျောင်းသားများ က သံသယ မရှိကြပေ။ သူကား ရှေးဟောင်း မြေရိုင်းဒေသတွင် အံ့ဖွယ်များ ကို ဖန်တီးခဲ့သော သူ ဖြစ်သည်။

သို့ သော ်လည်း ရီဖူရှင်းက ကော့တေးသို့ လာခြင်း ဖြစ်သည်။

ထို့ပါယွန်အား ထိုနေရာတွင် ပင် ကျောက်ရုပ်အလား ဖြစ်သွားသည်။ နိုဘယ် မိသားစုတစ်ခု၏ လူငယ်မျိုးဆက် တစ်ယောက် အနေဖြင့် သူကား ရီဖူရှင်းကို သိပေသည်။ သူက ရှေးဟောင်း မြေရိုင်း ဒေသမှ ထိုအ ဖြစ် အပျက်များ ကို မမြင်တွေ့ဖူးသော ်လည်း ရီဖူရှင်း၏ နာမည် ကား အရှေ့မြေရိုင်း တစ်ခွင် ကျော်ကြားနေပြီး ဖြစ်သည်။

သူက စာအုပ်တောင်ပေါ်သို့ တက်လာစဉ်ကပင် ရီဖူရှင်းကို ရှောင်ဝူကျိနှင့် နှိုင်းယှဉ်ကာ သရော်ခဲ့သေးသည်။

သူကား ရှောင်ဝူကျိ မဟုတ်ပေ။ သူကား ရီဖူရှင်း ဖြစ်သည်။

မှန်တောင်ထိပ်ပေါ်တွင် သူကား ရှောင်ဝူကျိ၏ စံချိန်များ အားလုံးကို ချိုးဖျက်ခဲ့ကာ မည် သူမှ မတတ်နိုင်သော စံချိန်သစ်များ ကို တင်ခဲ့သည်။

နန်းကုန်းကျာကလည်း ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်သည်။ လှေကားထစ်တွင် သူမက ထိုချောမောသော ကောင်လေးက ရှေးဟောင်း မြေရိုင်း ဒေသမှ ရီဖူရှင်း ဖြစ်နေမည် ဟု လုံးဝ မမျှော်လင့် ထားခဲ့ပေ။

သူကား မှန်တောင်ကုန်း ပေါ်တွင် စည်တော် များ အား ဖျက်ဆီးခဲ့သော မောက်မာသော သူ ဖြစ်ကာ ထိုစကားများ ကို ပြောခဲ့သည်…. “ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှု ကို နားလည်တယ်….” ။ သို့ တိုင်အောင် ဤမျှ ချောမောကာ ပြုံးလိုက်လျှင် အပြစ် ကင်းစင်ပုံရသော သူက ရီဖူရှင်းဟု ပြောလျှင် အံ့အားသင့် ရသည်။ ယခုတွင် ကား သူ့ထံမှ အနည်းမျှသော မောက်မာမှု ကို ပင်လျှင် မတွေ့ရပေ။ ထိုအစား သူကား နှိမ့်ချတတ်ကာ အေးဆေးသော ပုံဟန် ရှိနေသည်။

တိတ်ဆိတ်ပြီး နောက်တွင် ကား ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

ရီဖူရှင်းက အမှန်တကယ် ကျောင်းတော် ကို လာခဲ့သည်။ သူက ကော့တေးတွင် တန်ခိုင်းကျင့်လို သည်လား။

သို့သော ်လည်း ရှေးဟောင်း မြေရိုင်း ဒေသတွင် သူက စံချိန်များ စွာ ကို ချိုးဖျက်ခဲ့သည့်တိုင် ကော့တေးက သူ့အား လက်ခံမည် လက်မခံမည် က မသေချာသေးပေ။

“ဘာကြောင့်လဲ… မင်းက ဘာလို့ ကော့တေးကို မေးရတာ လဲ….” ထိုကျောင်းသားက အတန်ကြာ မှင်တက်နေရာမှ ရုတ်တရက် သတိဝင်လာကာ မေးသည်။ ရီဖူရှင်း၏ နာမည် က သူ့အား တုန်လှုပ် သွားစေသည်။

“ကော့တေးက တစ်ယောက် က ကျုပ်ကို တန်ခိုးကျင့်ဖို့ လာပြီး ဖိတ်ခေါ်တယ်…. သူ့နာမည် က ဂူတုံးလျိုလို့ ပြောတယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ကြည့်ရသည်မှာ သူ၏ နာမည် က အသုံးဝင်ပုံရ၏ ။

“ဂူတုံးလျို….” လူတိုင်းက ရီဖူရှင်းအား အားကျစွာ ကြည့်ကြသည်။ ကျောင်းတော် က ကန်ယီကို မသွားတော့ဟု ဆုံးဖြတ်ခဲ့သော ်လည်း ကော့တေးက ကျောင်းတော် ကို အကြောင်း မကြားဘဲ သွားရောက်ခဲ့သည်။ ထို့အပြင် သွားရောက် ဖိတ်ခေါ်ခဲ့သူကား အမှန်ပင် ဂူတုံးလျို ဖြစ်နေသည်။

အမြဲလိုပင် ကော့တေးကား သူတို့ ဆန္ဒအလျောက် ပြုမူကြသည်။

ဂူတုံးလျိုက အဘယ်ကြောင့် ကျော်ကြားသနည်း။ အဘယ်ကြောင့် ဆိုသော ် သူကား ဓားတောင်ကုန်း သခင် နောက် တစ်ယောက် ဖြစ်လာမည် ဟု ယုံကြည် ကြသော ကြောင့်ပင်။

ကော့တေးက အဘယ်ကြောင့် ကျော်ကြားသနည်း။

ထိုအချိန်က ဓားသခင်က စာအုပ်တောင်ထိပ်မှ ဆင်းသက်လာကာ တိုက်ပွဲတစ်ပွဲမျှဖြင့် ကျော်ကြားခဲ့သည်။ ထိုအချိန်မှစ၍ လူတိုင်းက ကော့တေး၏ နာမည် ကို သိခဲ့ကြသည်။

ကျောင်းတော် မှ ကျောင်းသားများ က ရီဖူရှင်းအား ဖိတ်ခေါ်ခဲ့သော သူမှာ ဂူတုံးလျိုဟု ကြားလျှင် ထိုအခိုက်တွင် သူတို့ကား မည် သို့ ပြောရမည် မသိတော့ပေ။

အဝေးမှ လူတစ်စု လျှောက်လာကြသည်။ တန့်ယွီကား ထိုအုပ်စုထဲတွင် ရှိသည်။ သူ၏ အကြည့်က လူအုပ်ကို ကျော်လွန်သွားပြီး ရီဖူရှင်းထံသို့ တိုက်ရိုက် ရောက်လာသည်။ အတန်ကြာလျှင် သူတို့အုပ်စုက ရီဖူရှင်း၏ ရှေ့ကို ရောက်လာကြသည်။

တန့်ယွီ၏ အမူအရာက သက်သော င့်သက်သာ ဖြစ်မနေပေ။ ထိုအချိန်တုန်းက သူက မှန်တောင်ကုန်းတွင် ရီဖူရှင်းအား ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခဲ့သည်။ နောက်ပိုင်းတွင် သူကား ထိုကိစ္စကြောင့် လူအများ ၏ ဟာသတစ်ခု ဖြစ်ခဲ့ရ၏ ။ ကံကောင်းစွာ ပင် ကျောင်းတော် က ကန်ယီနိုင်ငံကို မသွားဟု ကြေညာခဲ့သည်။ သို့ သော ် ကော့တေးက သွားရောက်ခဲ့သည်။

ဂူတုံးလျိုကား ထိုနေရာကို ရောက်ရှိခဲ့သည်။

ကျောင်းတော် မှ အကြီးအကဲများ က ထိုကိစ္စကို အတန်ကြာမှ သိခဲ့ကြသည်။ ကော့တေးက ကျောင်းတော် အား ကြိုတင် အသိပေးခဲ့ခြင်း မရှိရာ ကျောင်းတော် က သူတို့အား မလေးစားဟု ထင်မြင် ယူဆခဲ့ကြသည်။ ထို့ကြောင့် ကျောင်းတော် က ထိုကိစ္စအား ထုတ်ဖော် ပြောဆိုခြင်း မပြုခဲ့ကြပေ။

တန့်ယွီအား ကြည့်သော ရီဖူရှင်းကား အလွန် တည်ငြိမ်သည်။ ထိုနေ့က တန့်ယွီက သူ့အား ရိုင်းစိုင်းစွာ ပြောဆိုခဲ့ရာ ထိုအ ဖြစ် အပျက်က နောက်ပိုင်း သူ့အား ကသိကအောက် ဖြစ်စေခဲ့သည်။

သူ့ဘေးတွင် ကား နောက် တစ်ယောက် ပါလာသည်။ သူကား ကျောင်းအုပ်၏ တပည့်အရင်း တစ်ယောက် ဖြစ်သော စုမူဂီ ဖြစ်သည်။ ကျောင်းတော် တွင် သူ၏ ပါရမီကား ထိပ်သီး ဆယ်ယောက် စာရင်းတွင် ပါသည်။

ထိုအခိုက်တွင် စူမူဂီက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “ကျောင်းတော် က ကြိုဆိုပါတယ်….”

“ကျေးဇူးတင်ပါတယ်… စီနီယာ…. ကျုပ်ကို နောက်ဆို ဂရုစိုက်ပေးပါဦး….” ရီဖူရှင်းက သူ၏ လက်များ အား ဆုပ်ကိုင်လျက် ပြောသည်။ အခြေအနေကား ထူးဆန်းနေသည်။ သို့ သော ်လည်း တစ်ဖက်လူက သူ့အား ကြိုဆိုသည်ဟု ပြောမှတော့ သူက ရိုင်းနေ၍ မရပေ။

“ကျုပ်က ရှေးဟောင်း မြေရိုင်း ဒေသမှာ မင်းလုပ်ခဲ့တာတွေ ကြားပြီးပြီ…. ကျုပ်က ကိုယ်တိုင် မမြင်ခဲ့ရပေမဲ့ မင်းက စံချိန်တွေ အများ ကြီး တင်နိုင်တယ် ဆိုမှတော့ တချို့နေရာတွေ မှာ အရည်အချင်း ရှိတယ်လို့ ပြောရမယ်…” စုမူဂီက ဖြည်းညင်းစွာ ပြောသည်။ သူ၏ လေသံက ရီဖူရှင်းအား ချီးကျူးနေပုံ ပေါက်သည်။

“ဒါပေမဲ့ တန်ခိုးရှင် တစ်ယောက် က ပါရမီကိုပဲ မှီခိုနေလို့ မရဘူး…. အမူအကျင့်ကလည်း အရေး ကြီးတယ်…. ရှေးဟောင်း မြေရိုင်း ဒေသမှာ တန့်ယွီက မင်းကို ဝေဖန်ခဲ့တယ်… ပြီးတော့ သူမှာ းတယ် ဆိုတာကို မင်းက သက်သေပြခဲ့တယ်…. ဒါပေမဲ့ ရှေးဟောင်း မြေရိုင်း ဒေသမှာ မင်းရဲ့ အပြုအမူတွေ က အထိန်းအချုပ် ကင်းမဲ့လွန်းတယ်… ပြင်ပအရာတွေ ကို အားကိုးပြီး မင်းက စွမ်းရည်တွေ ကို ထုတ်သုံးနိုင်တယ် ဆိုရင်တောင် ဒါကမင်းနဲ့ မသက်ဆိုင်ဘူး… တစ်နေ့ မင်းက မင်းရဲ့ ပါရမီလောက် အားမကောင်းဘူး ဆိုတာ သိရင် ဒါက တကယ် ရှက်စရာ ဖြစ်မှာ ပဲ…. မင်းရဲ့ စိတ် အခြေအနေကလည်း အနုတ်လက္ခဏာ ပြမှာ ပဲ….”

စုမူဂီက ဖြည်းညင်းစွာ ပြောသည်… “ဘယ်လိုပဲဆိုဆို ပါရမီက စွမ်းအားနှင့် ထပ်တူညီ မနေဘူး….”

ရီဖူရှင်း အံ့အားသင့် သွားသည်။ သူက ချီးကျူးနေသည်လား ပညာ ပေးနေသည်လား။

သူ၏ စကားလုံးများ က အဘယ်ကြောင့် ထိုမျှ ထူးဆန်း နေရသနည်း။

သူက ကျောင်းတော် သို့ ယခုမှ ရောက်သည်။ စုမူဂီက သူ့အား ကြိုဆိုသော စကားကို ပြောကာ သူ့အား အမှန်တကယ် ပညာပေးနေသည်။ ကျောင်းတော် မှ ကော့တေးကို ထားသော သဘောထားကား ထင်ရှားနေသည်။ သို့ သော ်လည်း လူတိုင်းက သူ၏ စကားနောက်ကွယ်မှ အကြောင်းအရင်းကို သဘောပေါက် ကြသည်။ ကျောင်းတော် က ရီဖူရှင်းအား သွားရောက် မဖိတ်ခေါ်ဟု ကြေညာသော အချိန်တွင် ဂူတုံးလျိုက ရီဖူရှင်းအား သွားရောက် ဖိတ်ခေါ်ခဲ့သည်။ ကော့တေးက ကျောင်းတော် အား လုံးဝ မျက်နှာသာ မပေးပေ။

“မှန်တောင်ကုန်းမှာ မင်းက နိုဘယ်ပုံရိပ် ဘယ်နှခုများ ဖန်တီးနိုင်ခဲ့လဲ….” ထိုအခိုက်တွင် တစ်စုံ တစ်ယောက် က လှမ်းပြောလိုက်သည်။ စုမူဂီက လှည့်ကြည့်လိုက်လျှင် အလွန်ဝသော လူ တစ်ယောက် လျှောက်လာသည်ကို မြင်ရသည်။ ပြုံးလျက်ပင် ဝတုတ်ကြီးက သူ့ရှေ့ကို ရောက်လာသည်။

စုမူဂီ မျက်မှော င်ကြုတ် လိုက်သည်။ သို့ သော ် ဝတုတ်က ထပ်ပြောလိုက် ပြန်သည်…. “မင်းက နံရံမှာ မင်းရဲ့ ပုံရိပ်ကို ဘယ်နှလက်မ အထိ ချန်ထားခဲ့နိုင်လဲ ….”

စူမူဂီ၏ မျက်နှာ ပျက်ယွင်း သွားသည်။

“မင်းက ရုပ်တုကို ထိန်းချုပ်ပြီး ရွှေ့နိုင်လား….” ဝတုတ်က ထပ်ပြောပြန်သည်။

စုမူဂီ၏ မျက်နှာက အမှန်တကယ်ပင် နက်မှော င် သွားသည်။

“မင်းက ဘာမှ မလုပ်နိုင်ဘူး… ပါရမီ ဘာမှ မရှိဘဲနဲ့ မင်းက ဘာတွေ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ….” ဝတုတ်က ကျောင်းအုပ်၏ တပည့်ရင်းချာအား မျက်နှာသာ လုံးဝမပေးဘဲ အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ့အား လျစ်လျူရှုလျက် ဝတုတ်က ရီဖူရှင်းအား ပြောသည်… “ငါ့နာမည် က ယိရှောင်ရှီ… ညီငယ်လေး…. ငါမင်းကို စောင့်နေတာ ကြာလှပြီ…..”

ရီဖူရှင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။  မျှော်လင့် ထားသလိုပင် ကော့တေးကား သူ့အား စိတ်ကျေနပ် စေသည်။

“ဟိုင်း… အစ်ကို….” ရီဖူရှင်းက ခေါ်လိုက်သည်။

“အရမ်း ယဉ်ကျေးနေစရာ မလိုဘူး… လာ… ကော့တေးကို သွားရအောင်….” ယိရှောင်ရှီက တခြားလူများ အား ဂရုစိုက်ခြင်း မရှိဘဲ ရီဖူရှင်းအား ခေါ်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

“အစ်ကိုက ဘယ်နှယောက် မြောက် တပည့်လဲ….” ရီဖူရှင်းက ယိရှောင်ရှီ၏ ဘေးတွင် လျှောက်နေရင်းက မေးသည်။

“ခုနစ်….” ယိရှောင်ရှီက ပြုံးလျက် ပြောသည်။ အတိတ်တွင် သူကား အငယ်ဆုံး ဖြစ်သည်။

“အစ်ကို ဂူတုံးလျိုကကော….” ရီဖူရှင်းက ထပ်မေးလိုက်သည်။

“သူက အစ်ကိုသုံး….”

“အစ်ကိုသုံးက ဒီလောက်တောင် အားကောင်း နေပြီလား….” ရီဖူရှင်း၏ မျက်လုံးများ က လင်းလက် လာသည်။ ကန်ယီနိုင်ငံတွင် မည် သူ့ကိုမှ ပမာမခန့်ဟန် ရှိသော ဂူတုံးလျို၏ ပုံဟန်ကို ပြန်တွေ းမိလျှင် သူ၏ အစ်ကိုသုံးက သူ့အား အနာဂတ်တွင် ကာကွယ်နိုင်မည် ဟု ယုံကြည်နေသည်။

ဤသို့ ဆိုလျှင် အစ်ကိုကြီးနှင့် အစ်ကိုနှစ် က မည် သို့ သော လူများ ဖြစ်လေမည် နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset