Switch Mode

အပိုင်း (၂၂၂)

ကျောင်းတော်

နှစ် ၁၀၀၀၂ နှစ် မြောက်၏ ပထမနေ့တွင် ဖြစ်သည်။ လူအများ အပြားက ကန်ယီနန်းတော် တွင် စုစည်းနေကြသည်။ ရီဖူရှင်းတို့ အုပ်စုက အရှေ့မြေရိုင်း ဒေသကို သွားကြတော့မည် ဖြစ်သည်။ ခွန်ပန်က သူ၏ အတောင်ပံများ ကို ဖြန့်ထားပြီး ဖြစ်ကာ မည် သည့် အချိန်တွင် မဆို ပျံသန်းရန် အဆင်သင့် ဖြစ်နေသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က ခွန်ပန်ပေါ်တွင် ရပ်လျက် တခြားလူများ က သူတို့၏ မိတ်ဆွေများ ကို နှုတ်ဆက်နေသည်ကို စောင့်စားနေကြ၏ ။

“ဦးလေးရီ… ကျွန်တော် တို့ သွားတော့မယ်….” ရီဖူရှင်းကား ဧကရာဇ်ရီကို အရှင်မင်းကြီးဟု မခေါ်တော့ပေ။

“အဲဒီ မှာ စွမ်းအားမြင့် တန်ခိုးရှင်တွေ အများ အကြီး ရှိတယ်… ပြဿနာတွေ သိပ်မလုပ်နဲ့…” ဧကရာဇ်ရီက အကြံပေးသည်။

“ကျွန်တော် သိပါပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။ “ဒန်ချန်း…. လင်းဇီ… ကောင်းကောင်း တန်ခိုးကျင့်ပြီး မင်းတို့ အဖေကို ကူညီရမယ်….”

ရီဒန်ချန်းနှင့် ရီလင်းဇီတို့က ပြုံးလျက် ခေါင်းညိတ် ကြသည်။

“အရှင်မင်းကြီး… ဂရုစိုက်ပါ….” ဟွာဖန်းလူ၊ ယိချန်နှင့် တခြား လူများ ကလည်း ဧကရာဇ်ရီအား နှုတ်ဆက်ကြသည်။

“ဂရုစိုက်ကြ….” ဧကရာဇ်ရီက ပြန်ပြောသည်…. “ငါက အချိန်ရရင် အရှေ့မြေရိုင်း ဒေသကို လာလည်မယ်….”

“မှန်တယ်… အခြေအနေ တည်ငြိမ်သွားရင် ဦးလေးရီက အချိန်မရွေး လာလို့ရတယ်…..” ရီဖူရှင်းက ခေါင်းညိတ်သည်။

“စီနီယာ… ဂရုစိုက်ပါ….” ဟွာဖန်းလူက နန်းတွင် း အကြံပေး ဆရာအား ကြည့်လိုက်သည်။

အဘိုးအိုက ခေါင်းညိတ်လျက် ပြောသည်…”ဂျီယူ… မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ….”

“ဟုတ်ကဲ့….” ဂျီယူက စိတ်မကောင်းစွာ ခေါင်းညိတ်သည်။ ဤတစ်ကြိမ်တွင် ကား သူမက မည် သည့် အချိန်တွင် မှ ပြန်လာ ဖြစ်မည် မသိတော့ပေ။

“သွားကြတော့…. မင်းတို့ ပြန်လာတဲ့အခါ မင်းတို့က စွမ်းအားမြင့် တန်ခိုးရှင်တွေ ဖြစ်လာမယ်လို့ ငါယုံတယ်….” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။ နောက်ဆုံး တစ်ကြိမ်က ရီဖူရှင်းက ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်ရောက်သွားကာ တစ်နှစ် အတွင် းတွင် သူက ကန်ယီကို ပြန်လာပြီး နယ်မြေတစ်ရာ ဒေသအား လှုပ်ယမ်းစေခဲ့သည်။ ယခု အရှေ့မြေရိုင်း ဒေသကို တန်ခိုး သွားကျင့်ခြင်းက နောက်ထပ် မည် သို့ အံ့ဖွယ်များ ယူဆောင် လာမည် နည်း သူ သိလိုသည်။

ရီဖူရှင်းတို့ အုပ်စုက ခေါင်းညိတ်ကာ ခွန်ပန်၏ ကျောကုန်းပေါ်သို့ တက်ရောက် ကြသည်။ လျိုမောင်နှမ တို့အပြင် ရီဖူရှင်း၊ ယူချင်း၊ ရီဝူချင်း၊ ဟွာဂျီယူ၊ ယိချိန်ချန်၊ ယိချန်၊ ဟွာဖန်းလူ၊ နန်ဒူဝန်ယမ်၊ တန်လန်နှင့်တန်ဝမ်တို့ ပါဝင်သည်။ မှန်သည်… သိမ်းငှက်နက်လည်း လိုက်ပါမည် ဖြစ်သည်။

“စီနီယာ ခွန်… သွားကြရအောင်…” လျိုဖေးယွန်က ပြောသည်။ ခွန်ပန်က သူ၏ အတောင်ပံကို ဖြန့်လိုက်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။

ဧကရာဇ်ရီနှင့် တခြားလူများ က လေထဲမှ ခွန်ပန်ကို ကြည့်လျက် ရှုပ်ထွေးသော ခံစားချက်များ ကို ခံစားနေကြရသည်။ အရှေ့မြေရိုင်း ဒေသတွင် သူတို့ကို ဘာတွေ များ စောင့်ကြို နေမည် နည်း။

ခွန်ပန်က နန်းမြို့တော် ၏ အပေါ်မှ ပျံသန်းသွားသည်။ လေလှိုင်းများ က မြေပြင်ကို ရိုက်ခတ်လျက် မရေမတွက်နိုင်သော လူများ က ကောင်းကင်ကို မော့ကြည့်ကြသည်။ နယ်မြေတစ်ရာ ဒေသအား လှုပ်ယမ်းခဲ့သော ပါရမီရှင်က ယခု နိုင်ငံမှ ထွက်ခွာ သွားတော့မည် ကို လူတိုင်းက သိကြသည်။ သူတို့က တကယ့် သူရဲကောင်းများ ကျက်စားရာ ဒေသသို့ သွားကြတော့မည် ဖြစ်သည်။ နယ်မြေတစ်ရာ ဒေသကား သူတို့အတွက် မလုံလောက်ပေ။

နန်းမြို့တော် တစ်နေရာတွင် လင်းယွီယိုက တစ်စုံတစ်ခုအား ဆုံးရှုံးသွားသလို ကောင်းကင်ကို မော့ကြည့်နေသည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ် မိန်းမလှ ဖြစ်သည့်အလျောက် သူမအား ချစ်ခင် နှစ်သက် သူများ မရေမတွက် နိုင်အောင် ရှိသည်။ သူ တစ်ယောက် သာလျှင် သူမအား အလေးမထားပေ။ သို့ သော ် အချစ်ဟူသော အရာကား ထူးဆန်းသည်။ သူမအား ဂရုမစိုက်သော သူကိုမှ သူမက ချစ်ခင်မိသည်။ သို့ သော ် ရီဖူရှင်းကား အမြင့်ပျံသန်းသော ငှက်တစ်ကောင် ဖြစ်သည်။ သူမက မော့ကြည့်ရုံမျှသာ တတ်နိုင်၏ ။

ဘဝ ဟူသည်မှာ ထိုသို့ ဖြစ်သည်။ သူမအား ပိုးပန်းသူများ စွာ ရှိသော ်လည်း သူမက ထိုလူများ ကို မထိုက်တန်ဟု သတ်မှတ်သည်။ သူမ ချစ်ခင် နှစ်သက် သူကလည်း သူမအား ဂရုပင် မစိုက်ပေ။ သူမက သူမ၏ ခံစားချက်များ အား တစ်ခါမှ မထုတ်ဖော်ပေ။ ထိုအရာက အသုံးမဝင်သည်ကို သူမ သိသည်။

ရုတ်တရက် သူက ပြုံးလိုက်ကာ ပြောသည်…. “နင်က အမြဲတမ်း လွတ်လပ် ပေါ့ပါးပြီး ပျော်ရွှင်နေဖို့ ငါ မျှော်လင့်တယ်….” ထို့နောက် သူမက နောက်လှည့်ကာ ထိုကိစ္စအား ထပ်မတွေ းတော့ပေ။ သူကဲ့သို့ သော သူနှင့် တွေ့ဆုံခဲ့ခြင်းက သူမအတွက် ကံကောင်းခြင်း တစ်ခု ဖြစ်ကာ လုံလောက်သော အမှတ်တရ များ ကိုလည်း သူမက ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူမက ပျော်ရွှင်စွာ ဘဝကို ဆက်လက် ဖြတ်သန်း ရပေဦးမည် ။

***

ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကျောင်းတော် တို့ အားလုံးက အရှေ့မြေရိုင်း ဒေသ၏ ဗဟိုချက်မ နေရာတွင် ရှိနေကြသည်။ လျိုနိုင်ငံနှင့် ဖူယွန်ဓားကလန်တို့က အရှေ့ဘက်တွင် တည်ရှိကြသည်။ ကျိမိသားစုနှင့် တောင်ဝင် ချင်ကျောင်းတော် တို့က တောင်ဘက်တွင် တည်ရှိသည်။ ဓားသခင် တောင်ကုန်းနှင့် ချင်းရွှီ ဘုရားကျောင်းတို့က အနောက်ဘက်တွင် ရှိသည်။ မှော ်ကလန်နှင့် လစန္ဒာ ကလန်တို့က မြောက်ဘက်ကို အုပ်စိုးကြသည်။

ရီဖူရှင်းတို့ အုပ်စုက အရှေ့ဘက်မှ လာကြပြီး လျိုနိုင်ငံ၊ ဖူယွန် ဓားကလန်တို့နှင့် နီးစပ်သည်။ ထို့ကြောင့်လည်း ဖူယွန်ဓားကလန်က လျိုချင်းယွီအား ပိုးပန်းနိုင်ခြင်း ဖြစ်သည်။ သို့ သော ်လည်း ခွန်ပန်က မြောက်ဘက်ကို ဦးစွာ ပျံသန်းပြီး ဟွာဂျီယူအား လစန္ဒာ ကလန်သို့ ပို့ဆောင်သည်။ သူမအား ပို့ဆောင်ပြီး တခြားလူများ က ကျောင်းတော် သို့ ဆက်သွားကြသည်။

ထျန်းရီမြို့ကား အရှေ့မြေရိုင်း ဒေသ အတွင် းမှ အစည်ကားဆုံး မြို့တစ်မြို့ ဖြစ်သည်။ ထိုရှေးဟောင်း မြို့တော် တွင် ကွဲပြား ခြားနားသော ကလန်များ စွာ နှင့် မိသားစုများ ရှိကြသည်။ ထျန်းရီမြို့တွင် အခြေစိုက်နိုင်သော မိသားစုများ အားလုံးမှာ နိုဘယ် တန်ခိုးရှင် များ စွာ ကို ပိုင်ဆိုင်ထားသော အင်အားစုများ ဖြစ်ကြသည်။

ထျန်းရီမြို့၏ အနီးတွင် လည်း များ စွာ သော မြို့ငယ်များ ရှိသည်။ ထိုမြို့များ က ထျန်းရီမြို့အား ဗဟိုချက်မသဖွယ် ဝန်းရံလျက် တည်ရှိ နေကြသည်။

ထျန်းရီမြို့၏ အရှိန်အဝါက မြို့အတွင် းတွင် ရှိသော အင်အားစု များ ကြောင့် မဟုတ်ပေ။ ထိုအစား မြို့၏ အပြင်ဘက်တွင် စာအုပ်တောင် တည်ရှိကာ ကျောင်းတော် က ထိုတောင်ကို အခြေပြုလျက် တည်ထားသော ကြောင့် ဖြစ်သည်။

စာအုပ်တောင်၏ တောင်ခြေကား အလွန် ကျယ်ပြန့်သည်။ ဆယ်ကီလိုဝန်းကျင် တစ်ခုလုံး မည် သည့် အဆောက်အဦမျှ မရှိပေ။ သို့ သော ်လည်း ထိုနေရာတွင် လူအများ အပြားက စုစည်းနေကြသည်။ ထိုအခိုက်တွင် လေထဲမှ ဧရာမ သတ္တဝါဆန်းကြီး တစ်ကောင် ဆင်းသက်လာသည်။ ထိုသတ္တဝါဆန်းကား သားရဲဘုရင်၏ ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်ထားသော ခြင်္သေ့ပျံကြီး ဖြစ်သည်။

သတ္တဝါဆန်းက မြေပြင်ကို ဆင်းသက်လာကာ စာအုပ် တောင်ခြေတွင် ဆင်းသက် လိုက်သည်။ သားရဲဘုရင်ပင်လျှင် တန်ခိုးကျင့်သူများ ၏ မြင့်မြတ်နေရာ ဖြစ်သော ကျောင်းတော် ထဲကို တိုက်ရိုက် မပျံသန်းရဲပေ။

ခြင်္သေ့ပျံကြီးပေါ်တွင် လူကြီး တစ်ယောက် နှင့် အသက် ဆယ့်ခုနစ်နှစ် အရွယ် လူငယ်တစ်ဦး ပါလာသည်။ လူငယ်က ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သူ၏ မျက်လုံးများ က မိစ္ဆာ အငွေ့အသက်များ ယှက်သန်းနေသည်။

“ထို့ပါယွန်….” ပတ်ဝန်းကျင်မှ လူများ က တိုးတိုးလေး ပြောကြသည်။ သူကား နိုဘယ်ကလန် တစ်ခု ဖြစ်သော ထို့ပါမိသားစုမှ လာသည်။ လူငယ်ကား ကျောင်းတော် မှ လတ်တလော ပြုလုပ်သော စမ်းသပ်မှု  ဆယ့်ရှစ်ခုကို ဖြတ်ကျော် အောင်မြင်ထားသော ထို့ပါယွန် ဖြစ်သည်။

ယနေ့ကား ကျောင်းတော် မှ ကျောင်းသားသစ်များ လက်ခံသော နေ့ ဖြစ်သည်။ နှစ် သစ်တွင် ကျောင်းတော် မှ ကျင်းပသော စာမေးပွဲကြီးအား အောင်မြင်သော သူတိုင်းက ဤနေ့တွင် ကျောင်းတော် သို့ တရားဝင် ဝင်ရောက် ရမည် ဖြစ်သည်။

လူအများ အပြားက လေထဲမှတစ်ဆင့် မြေပြင်သို့ ဆင်းသက် လာနေကြသည်။ လူအချို့ တောက်ပြောင်သော အဝတ်အစားများ အား ဝတ်ဆင်လျက် မိန်းမပျို တစ်ယောက် အား လာရောက် ပို့ဆောင်ကြသည်။

“နန်းကုန်း မိသားစုက နန်းကုန်းကျာပဲ….” လူတိုင်းက မိန်းမပျိုအား ကြည့်ကြသည်။ သူမ၏ လှပသော မျက်လုံးများ က အေးစက်ကာ ဝင့်ကြွားသော ပုံဟန်ရှိသည်။ စာမေးပွဲကို အောင်မြင်ခဲ့သော ပါရမီရှင် တစ်ယောက် လည်း ဖြစ်သလို သူမက ထျန်းရီမြို့တွင် အခြေစိုက်သော နန်းကုန်း မိသားစုမှလည်း ဖြစ်သည်။

လမ်းမပေါ်မှ နောက် တစ်ယောက် လာနေသည်။ သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင် သန်စွမ်းကာ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော ် သူ၏ မျက်လုံးများ က အလွန်အမင်း စူးရှကာ အဝေးမှ ထို့ပါယွန်နှင့် နန်းကုန်းကျာတို့ကို ကြည့်လိုက်သည်။

“ခွားရှန်း….” တခြားလူများ က သူ့အား အထင် မသေးရဲကြပေ။ သူကား ရိုင်းစိုင်း ကြမ်းတမ်းသော မျိုးနွယ်စု တစ်ခု ဖြစ်သော ခွားမျိုးနွယ်စုမှ လာသည်။

ထို့ပါယွန်က ခွားရှန်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူတို့က စာမေးပွဲတွင် ရင်ဆိုင် တိုက်ခိုက်ဖူးသည်။

ထို့နောက် လူများ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။

ထိုစဉ်မှာ ပင် လမ်းမပေါ်မှ စာအုပ်တောင်ခြေသို့ လူသုံးယောက် လျှောက်လာ နေကြသည်။  လူကြီး တစ်ယောက် နှင့် လူငယ် တစ်ယောက် ဖြစ်ကာ လူငယ် တစ်ယောက် ကား အလွန် ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး နောက်လူငယ် တစ်ယောက် ကား ကြီးမား ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်။

သူတို့ကား ရီဖူရှင်း၊ ယူချင်းနှင့် ယိချန်တို့ ဖြစ်ကြသည်။

ရီဖူရှင်းတို့အား ထျန်းရီမြို့သို့ ချပေးခဲ့ပြီး လျိုဖေးယွန်တို့က ရီဝူချင်းအား ဖူယွန် ဓားကလန်သို့ ဆက်လက် ပို့ဆောင်ကာ လျိုနိုင်ငံသို့ ပြန်သွားကြသည်။ ကျောင်းတော် သို့ တိုက်ရိုက် မသွားသေးဘဲ ရီဖူရှင်းတို့ အုပ်စုက ထျန်းရီမြို့တွင် ဦးစွာ အခြေချခဲ့ကြသည်။

“ငါတို့ ရောက်ပြီ….” ယိချန်က စာအုပ်တောင်ကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က စာအုပ်တောင်ခြေသို့ လှမ်းသွားကြသည်။ သူတို့က မော့ကြည့်လိုက်လျှင် အလွန် ကြီးမားသော အမြွှာတောင် နှစ် လုံးကို မြင်ရသည်။ တောင်ကြားနှစ် ခု အလယ်တွင် ကား လှေကားထစ်များ ရှိနေပြီး အဝေးကို ကြည့်လိုက်လျှင် တောင်ကြားမှ အဆောက်အဦ များ ကို ရေး ရေး မြင်ရသည်။

ထိုနေရာကား အရှေ့မြေရိုင်း ဒေသ၏ တန်ခိုးကျင့်ရာ မြင့်မြတ် နယ်မြေ ဖြစ်သော အရှေ့မြေရိုင်း ကျောင်းတော် ဖြစ်သည်။

“သွားပြီးတော့ ကောင်းကောင်း ကျင့်ကြ….” ယိချန်က သူတို့ နှစ် ယောက် အား ပြောသည်။

“အချိန်ကျရင် ကျွန်တော် တို့ လာလည်ပါ့မယ်….” ရီဖူရှင်းက ပြောသည်။

“ငါတို့ကို စိတ်မပူနဲ့….” ယိချန်က ပြောသည်။

“ကျွန်တော် တို့ သွားပြီ….” ရီဖူရှင်းက လှည့်ထွက်သွားသည်။

“ဆရာ… ကျွန်တော် သွားပြီ….” ယူချင်းကလည်း ပြောသည်။ ယိချန်က ခေါင်းညိတ်သည်။

သူတို့ နှစ် ယောက် က လှေကားထစ်သို့ လျှောက်သွားကြကာ စာအုပ်တောင်သို့ စတင် တက်လိုက်ကြသည်။

“သူတို့ကလည်း ကျောင်းသားတွေ လား….” တစ်စုံ တစ်ယောက် က မေးသည်။ သူက ဤလူငယ်များ ကို မမြင်ဖူးပေ။

သူတို့၏ စကားများ အရ သူတို့က ဤနေရာတွင် လာရောက် သင်ယူသည်မှာ ထင်ရှားသည်။

ထို့ပါယွန်၊ နန်းကုန်းကျာနှင့် တခြားလူများ က လှေကားထစ်များ ကို တက်နေကြဆဲ ဖြစ်သည်။ သူတို့က ရီဖူရှင်းအား ကြည့်ကာ နားမလည်သော ဟန်ပန်များ ပေါ်လာသည်။ သူတို့က ဤနှစ် ၏ စာမေးပွဲတွင် ထိုနှစ် ယောက် ကို မမြင်ဖူးပေ။

သူတို့က အဘယ်ကြောင့် ဤနေရာတွင် ရှိနေသနည်း။

“မင်းက ဒီကို ပညာ လာသင်တာလား….” လူငယ် တစ်ယောက် က ရီဖူရှင်းနှင့် ယူချင်းကို မေးသည်။ လူတိုင်းက တစ်ယောက် ကို တစ်ယောက် သိကြသော ်လည်း ဤလူငယ် နှစ် ယောက် ကိုမူကား မမြင်ဖူး မကြားဖူးကြပေ။

“ဟုတ်တယ်….” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။

“မင်းက စာမေးပွဲကို မအောင်မြင်ဘဲ ကျောင်းတော် ကို ဝင်လို့မရဘူး….” လူငယ်က ရယ်မောလျက် ပြောသည်။ ဤလူငယ် နှစ် ယောက် ကား စည်းမျဉ်း စည်းကမ်းများ ကို နားလည်ဟန် မရပေ။

“သြော် …” ရီဖူရှင်းက ပြောသည်… “ကျောင်းတော် က တစ်ယောက် က ကျုပ်တို့ကို ဖိတ်ခေါ်ခဲ့တယ်….”

“ကျောင်းတော် က မင်းတို့ကို ဖိတ်ခေါ်တယ်….”

လူတိုင်းက ရီဖူရှင်းအား အကဲခတ် လိုက်ကြသည်။ ရှေးဟောင်း မြေရိုင်း ဒေသတွင် ကျောင်းတော် က ဖိတ်ခေါ်ခံရသူကား ရှားပါးလှသည်။ ပါရမီရှင်များ ကသာ ကျောင်းတော် သို့ လာရောက် အစစ်ခံရသည်။ ထူးခြား ထက်မြက်သော ပါရမီမရှိဘဲနှင့် ကျောင်းတော် က တစ်ခါမှ ဖိတ်ခေါ်ဖူးခြင်း မရှိပေ။

“မင်းက ကိုယ့်ကိုယ်ကိုယ် ရှောင်ဝူကျိလို့ ထင်နေလား….” ထို့ပါယွန်က ရီဖူရှင်းအား ကြည့်လျက် ပြောသည်။ ကျောင်းတော် က သူတို့နှစ် ယောက် ကို အမှန်တကယ် ဖိတ်ခေါ်ထားသလား။

သူတို့အား လိုက်ပါပို့ဆောင်သော တစ်ယောက် ၏ ပုံစံကို ကြည့်လျှင် သူတို့က အင်အားကြီး အဖွဲ့အစည်းမှ မဟုတ်သည်မှာ ထင်ရှားသည်။

သူတို့ သိသလောက် ကျောင်းတော် က ဤရက်ပိုင်းအတွင် း ဖိတ်ခေါ်ခဲ့သော တစ်ယောက် မှာ ရှောင်ဝူကျိ ဖြစ်သည်။ ရီဖူရှင်းက မည် သည့်ကလန်မှ ရွေးချယ်ခဲ့ခြင်း မရှိရာ ကျောင်းတော် ကလည်း သူ့အား မဖိတ်ခေါ်ဟု ကောလာဟလများ က ဆိုသည်။

ကန်ယီနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည် များ ကိုကား ထိပ်သီး အင်အားစုများ မှ အရေး ကြီး ပုဂ္ဂိုလ်များ သာ သိကြပြီး သူတို့က မလိုအပ်ဘဲ သတင်းလွှင့်ခြင်းများ မပြုလုပ်ကြပေ။  ထို့ကြောင့် ရှောင်ဝူကျိအပြင် ကျောင်းတော် မှ နောက်ထပ် ဖိတ်ခေါ်သူများ အား မည် သူမှ မသိပေ။

ပြင်ပလောကမှ လူများ ကို ထား၍ ကျောင်းတော် မှ ကျောင်းသားများ ပင်လျှင် မသိကြပေ။ ကျောင်းတော် က ကန်ယီနိုင်ငံကို မသွားဟု ကြေညာခဲ့သည်။ သွားခဲ့သည်က ကော့တေးသာ ဖြစ်သည်။

ရီဖူရှင်းက ရှောင်ဝူကျိကို မြင်လျှင် ရှေးဟောင်း မြေရိုင်း ဒေသမှ ပါရမီရှင်ကို ပြန်လည် မြင်ယောင်မိသည်။ သူကား အမှန်ပင် ပါရမီမြင့်ကာ ရှေးဟောင်း မြေရိုင်းဒေသမှ ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။

နန်းကုန်းကျာက မူကား ရီဖူရှင်းကို တစ်ချက်ကြည့်ကာ လှေကားကို ဆက်လက် တက်သွားသည်။ သူမက ဤနေရာကို လာရောက် သင်ယူခြင်း ဖြစ်ကာ တခြား အရာများ ကို အလေးထားရန် အချိန်မရှိပေ။

ခွားရှန်းကလည်း ယူချင်းအား တစ်ချက်ကြည့်ကာ လှေကားကို ဆက်လက် တက်သည်။

ရီဖူရှင်းကလည်း ထို့ပါယွန်ကို လျစ်လျူရှုလျက် ရှေ့ကို ဆက်သွားသည်။

လူငယ်တစ်ခုက လှေကားမှတစ်ဆင့် တောင်ပါ်သို့ တက်ရောက်ကာ သူတို့၏ ပညာရေး လမ်းကြောင်းကို စတင် ဝင်ရောက်ကြ၏ ။

***


Comment

  1. mgpaingsk2@gmail.com says:

    Good

Leave a Reply

Options

not work with dark mode
Reset