အပိုင်း (၂၂၁)

ဆယ့်ရှစ်နှစ် အရွယ်လူငယ်တစ်ဦးရဲ့ ကောင်းကင်

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ ဤရက်ပိုင်းကား ကန်ယီနိုင်ငံ နန်းတော် တွင် ပွဲတော် အငွေ့အသက်များ ထုံမွမ်းနေကာ ပျော်ရွှင် ကြည်နူးဖွယ်ရာ အခါသမယဟု ပြောရမည် ဖြစ်သည်။ တစ်ခါတစ်ရံ နယ်မြေတစ်ရာ ဒေသမှ ဧကရာဇ်များ က လာရောက် လည်ပတ်ကြသည်။

နိုင်ငံခြောက်နိုင်ငံက ကန်ယီနိုင်ငံ၏ လက်အောက်ကို ဝင်ရောက်ကြောင်း ကြေညာပြီး ဖြစ်သည်။ ကန်ယီ အင်ပါယာကား ရုပ်လုံးပေါ် နေပြီဟု ပြော၍ ရသည်။ ထို့အပြင် မည် သူကမှ ကန်ယီနိုင်ငံကို မဆန့်ကျင်ရဲကြပေ။ ရီဖူရှင်းတို့ အုပ်စုက အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုများ သို့ ဝင်ရောက်သည့် သတင်းက နယ်မြေတစ်ရာ ဒေသတစ်ခုလုံး သိသည့် ကိစ္စ ဖြစ်သည်။

သူတို့ မသိလိုက်မီတွင် ပင် ကောင်းကင် ပြက္ခဒိန်၏ နှစ် ၁၀၀၀၁ နှစ် မြောက်ကား ပြီးဆုံးကာ နီးနေပြီ ဖြစ်ကာ နှစ် သစ်သို့ နီးကပ်လာပြီ ဖြစ်သည်။

နှစ် ဟောင်း၏ နောက်ဆုံးညတွင် ကန်ယီနိုင်ငံ၏ ကောင်းကင်ကား မီးရောင် များ ဖြင့် ထိန်လင်းနေသည်။ နန်းတော် တွင် ကား နှစ် စဉ် ကျင်းပလေ့ရှိသော စားပွဲတစ်ခု ရှိသည်။

ဧကရာဇ်ရီ၊ ဘုရင်မ၊ မင်းသားများ ၊ မင်းသမီးများ ၊ လျိုဖေးယွန်တို့ မောင်နှမနှင့် ရီဖူရှင်းတို့ အုပ်စုလည်း နန်းတော် ထဲတွင် ထိုနေကြကာ စားပွဲအား အသက်ဝင် စေသည်။

“လာ… အတူတူ သောက်ရအောင်….” ထိုအခိုက်တွင် ဧကရာဇ်ရီက ဝိုင်ခွက်ကို မြှောက်လျက် ပြောလိုက်သည်။ လူတိုင်းက သူတို့၏ ဝိုင်ခွက်များ ကို မြှောက်လျက် အတူတူ သောက်လိုက် ကြသည်။

“ဒီနှစ် တွေ မှာ အများ ကြီး ဖြစ်ပျက် သွားတယ်လို့ ကျုပ်စိတ်က အမြဲ ထင်နေတယ်…. နှစ် တွေ အကြာကြီး ဖြတ်သန်းသွားပြီး နှစ် တွေ က ရှည်ကြာ နေသလိုပဲ….” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်… “ကျုပ်က အသက်ကြီး သွားပြီလား မသိဘူး….”

“ကျုပ်လည်း ဒီလိုပဲ ခံစားရတယ်…” ဟွာဖန်းလူက ခေါင်းညိတ်လျက် ပြောသည်….. “ဒီနှစ် ထဲမှာ ကျုပ်က အထူးတလည် လုပ်ဆောင်တာ မရှိပေမဲ့…. ကြည့်ရတာ ကျုပ်က တော် တော် တွေ့ကြုံခဲ့ရတာ ပဲ…..”

“ဆရာက ဒဏ်ရာကလည်း သက်သာလာတယ်… တန်အဒေါ်ကိုလည်း လက်ထပ်ပြီးပြီ…. ဘာလို့ တစ်ခုမှ မလုပ်ရသေးဘူးလို့ ပြောတာလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မှန်တယ်… အဓိကကတော့ မင်းရဲ့ ပြောင်းလဲမှု တွေ ကို မြင်နေရလို့ ဖြစ်မယ်….” ဟွာဖန်းလူက သက်ပြင်းချလျက် ပြောသည်။

“ဆရာ ပြောတာလည်း ဖြစ်နိုင်တယ်….” ရီဖူရှင်းက ပြုံးလိုက်သည်။ သူကလည်း ထိုသို့ ခံစားမိနေသည်။

ဤနှစ် ထဲတွင် သူကား အခက်အခဲ များ စွာ ကို တွေ့ကြုံခဲ့ရသည်။ သူက ဒွန်ဟိုင်မြို့မှ ကန်ယီနိုင်ငံကို ထွက်ပြေးလာခဲ့ကာ ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော် တွင် ပါဝင်ဆင်နွှဲခဲ့သည်။ ထို့နောက် သူက တန်ဖန်းပွဲတော် ကို တက်ရောက်ခဲ့၏ ။ ထို့နောက် လျိုဂျန်လန်က တော် ဝင် ချန်ကျောင်းတော် ကို ဝင်ရောက်ခဲ့ကာ ရှေးဟောင်း မြေရိုင်း ဒေသက ဖွင့်လှစ်ခဲ့သည်။ သူက ရှေးဟောင်း မြေရိုင်း ဒေသတွင် အခက်အခဲများ စွာ ကို ရင်ဆိုင်လျက် အိမ်ပြန်လာခဲ့သည်။

အရာအားလုံးက တစ်နှစ် အတွင် း ဖြစ်ပျက်ခဲ့သည်။ သူက များ စွာ တွေ့ကြုံခဲ့ရသည်ဟု ခံစားနေရသည်။

“လောကကြီးက အ ဖြစ်အပျက်တွေ က တကယ်ပဲ ခန့်မှန်းရခက်တယ်….” ယိချန်က ခံစားချက် ကင်းမဲ့စွာ ပြောသည်…. “ပြီးခဲ့တဲ့ နှစ် ကုန်ပိုင်းက ကျုပ်က ရီဖူရှင်းနဲ့ ယူချင်းကို နန်ဒူနိုင်ငံ နန်းမြို့တော် ကို ခေါ်သွားပြီး တန်ဖန်းပွဲတော် ကို တက်ရောက်မလို့ ခေါ်သွားမယ် ကြံထားတာ…. ဒါပေမဲ့ အရာအားလုံးက ပြောင်းလဲ သွားခဲ့တယ်… ကံကောင်းလို့ အခုအားလုံး အဆင်ပြေသွားပြီ…. ဖူရှင်းက ကျုပ်တို့ကို စိတ်မပျက် စေခဲ့ဘူး…..”

ဟွာဖန်းလူက ခေါင်းညိတ်သည်။ ကုန်ခဲ့သော နှစ် က သူတို့ အားလုံးအတွက် ကပ်ဘေးကြီး ကြုံခဲ့ရကာ အားလုံး အဆုံးသတ်လု နီးပါး ဖြစ်ခဲ့သည်။

“ဆရာကြီး ယိဆီက ရှားရှားပါးပါး ချီးကျူးစကားပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ အမှန်ပင် ယိချန်ထံမှ ထိုသို့ ချီးကျူးမှု ကို ရရှိရန် ခက်ခဲလှသည်။

“သိပ်လည်း မမြောက်သွားနဲ့ဦး…. ဧကရာဇ်လျိုက အသက်ရှင်နေတုန်းပဲ…. လျိုဂျန်လန်ကလည်း တော် ဝင် ချန်ကျောင်းတော် မှာ လေ့ကျင့်တယ်…. အကြီးအကဲချင်က မင်းအတွက် ပေးဆပ်ခဲ့တာကို လုံးဝ မမေ့နဲ့…. မင်းက အနာဂတ်မှာ သူ့အတွက် လက်စား ချေပေးဖို့ လိုတယ်…”  ယိချန်၏ လေသံက ချက်ချင်း အလေးအနက် ထားသော လေသံ ဖြစ်သွားသည်။ လူငယ်များ အား သတိ မပေါ့လျော့ စေရန် သူက ပြောရမည် ဖြစ်သည်။ ရီဖူရှင်း၏ ပါရမီက ပြိုင်ဘက် ကင်းသည်ကို သူကောင်းကောင်း သိသည်။ သို့ သော ် သူက ပါရမီမြင့်သည့်တိုင် ဂရုစိုက်သင့် သည်များ ကို ဂရုစိုက် ရပေမည် ။

ရီဖူရှင်းကား အလုပ် ကြိုးစားရန် အားကောင်းသော ဖိအားများ အမြဲ လိုအပ်ပေသည်။

“ကျွန်တော် နားလည်ပါတယ်….” ရီဖူရှင်းကလည်း အလေးအနက် ခေါင်းညိတ်သည်။ သူ၏ ဆရာ ဘိုးဘိုး အကြောင်း တွေ းမိတိုင်း သူ၏ ပျော်ရွှင်သော စိတ်များ ကွယ်ပျောက် သွားရသည်။

ဧကရာဇ်လျို၊ ဝန်ကြီးချုပ်ဟွာ၊ နန်ဒူကလန်နှင့် ဒွန်ဟိုင် ကျောင်းတော် တို့က သူ၏ ဆရာဘိုးဘိုး သေဆုံးရခြင်း၏ တရားခံများ ဖြစ်ကြသည်။ သူက လက်စား မချေရသေးသရွေ့ သူ ကျေနပ်မည် မဟုတ်ပေ။

ကန်ယီနိုင်ငံနှင့် ပတ်သက်သော သတင်းက ဒွန်ဟိုင်မြို့ကို ရောက်ရှိ သွားလောက် ပေရော့မည် ။ ဒွန်ဟိုင် ကျောင်းတော် နှင့် နန်ဒူကလန်မှ လူများ က ယခုတွင် မည် သို့ ခံစား နေရမည် ကို ရီဖူရှင်း သိလိုနေသည်။ အတိတ်ကလို သူတို့က ကြီးမားသော အရှိန်အဝါများ ကို ထုတ်ပြ နိုင်ဦးမည် လော သူ သိလိုသည်။

“အဖေ… အဲဒါကို ဒီနေ့ မပြောဘဲ နေကြရအောင်….” ယိချိန်ချန်က ဝင်ပြောသည်။

“ကောင်းပြီ… မပြောဘဲ နေရအောင်…” ယိချန်က ခေါင်းညိတ်သည်….”မင်းနဲ့ ယူချင်းတို့ အကြောင်းကို ပြောရင် ဘယ်လိုလဲ….”

“အဖေက ဘယ်လို အဓိပ္ပာယ် မရှိတာကို ပြောနေတာလဲ….” ယိချိန်ချန်က ရှက်ရွံ့စွာ ပြောလျှင် ယိချန်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။

“အချိန်ကုန်တာ တကယ်ပဲ မြန်တယ်…. မျက်လုံး တစ်မှိတ် အတွင် းမှာ မင်းတို့က ဆယ့်ရှစ်နှစ် ဖြစ်သွားပြီ….” ဟွာဖန်းလူက သူ့ရှေ့မှ လူငယ်ကို ပြုံးလျက် ပြောသည်။ သူက ချင်းကျူ ကျောင်းတော် နေ့ရက်များ မှ မြင်ကွင်းများ ကို သေသေချာချာ မှတ်မိနေသည်။ အချိန်ကာလ အနည်းငယ် အတွင် း သူတို့အား အရွယ် ရောက်လာကြပြီ ဖြစ်သည်။

အသက် ဆယ့်ရှစ်နှစ် က အရွယ်ရောက်ပြီဟု ပြော၍ ရသည်။ သူတို့၏ ဘဝကား ယခုမှ စတင် ကြတော့မည် ဖြစ်သည်။

“ကျွန်တော် က ဆယ့်ရှစ်နှစ် ပြည့်ပြီ…. ဆရာ… ဂျီယူကို ကျွန်တော် ဘယ်တော့ လက်ထပ်ရမလဲ…..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

လူတိုင်းက သူ့အား ရယ်မောလျက် ကြည့်လိုက်ကြသည်။ နန်ဒူဝန်ယမ်က ညင်သာစွာ ပြောသည်….” နန်ဒူကလန်မှာ တုန်းက ငါကမင်းကို ဂျီယူကို ပေးဖို့ သဘောတူပြီး သွားပြီ…. သူမက မင်းအပိုင်ပဲ… ဘာလို့ အလျင်လိုတာလဲ….”

“အာ…” ရီဖူရှင်း မျက်လုံးပြူး သွားသည်။ ထို့နောက် သူက ပြုံးလျက် ဘေးမှ ဟွာဂျီယူအား ကြည့်ကာ ခေါင်းညိတ်လျက် လေးနက်သော အမူအရာဖြင့် ပြောသည်…. “ဆရာကတော် ပြောတာ မှန်တယ်….”

“အမေ….” ရီဖူရှင်း၏ ညဏ်များ သော အပြုံးကို မြင်လျှင် ဟွာဂျီယူက သူမ၏ အမေအား အလိုမကျစွာ ခေါ်သည်။ သူမ၏ အမေက သူမအား မည် ကဲ့သို့ သစ္စာဖောက်ရက် ရသနည်း။

ညစာစားပွဲမှ လူတိုင်းက ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်လိုက်ကြသည်။ အသက် ဆယ့်ရှစ်နှစ် ရီဖူရှင်းကား အလွန်အမင်း ချောမော ခန့်ညား နေပြီ ဖြစ်ကာ ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ ထို့အတူ ဟွာဂျီယူကား အပြစ် အနာအဆာ ကင်းမဲ့သော ခန္ဓာကိုယ် အချိုးအစားနှင့် လှပချောမွေ့သော မျက်နှာလေးက နတ်သမီး တစ်ပါးအလား ထင်မှတ်ရသည်။ ချင်းကျူမြို့မှ အသက် ဆယ့်ငါးနှစ် အရွယ် မိန်းကလေးကား ယခု အရောင် အသွေး စုံလင်သော ပန်းတစ်ပွင့်အ ဖြစ် ဖူးပွင့်နေပြီ ဖြစ်သည်။ သူမကား ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့၏ ရုပ်ရည်များ ကို ပြည့်စုံစွာ ဆက်ခံခြင်းက သူမအား သန့်စင်မှု ငယ်ရွယ်မှု တို့ဖြင့် ပြည့်နေသော အလှတရား တစ်ခုကို မွေးဖွားစေသည်။

သူတို့ နှစ် ယောက် အတူတူ ထိုင်နေသော မြင်ကွင်းကား ရုပ်ပုံ ပန်းချီကား တစ်ချပ်လို ပနံသင့်လှသည်။ သူတို့အားလုံးက ထိုလူငယ် နှစ် ယောက် အား နှစ် ပေါင်းများ စွာ ထိုသို့ အတူတူ ရှိနေကြစေရန် ကျိတ်၍ ဆုတောင်း ပေးနေကြသည်။

နှစ် စဉ်ပြုလုပ်သော ညစာစားပွဲကား ရိုးရှင်း နွေးထွေးစွာ ဖြင့် ပြီးဆုံးသွားသည်။ ရီဖူရှင်းတို့ လူငယ်များ က မြို့ထဲကို လမ်းလျှောက်ရန် အစီအစဉ် ရှိကြသည်။ နှစ် သစ်ကူး၏ နောက်ဆုံးညကား မြို့ထဲတွင် မီးရောင် စုံများ နှင့် အလွန်လှပနေသည်။

“ဒန်ချန်း… လင်းဇီ…. ငါတို့ သွားကြရအောင်….” ရီဖူရှင်းက ရီဒန်ချန်းနှင့် တခြားလူများ ကို လှမ်းခေါ်ကာ သူတို့က မြို့ထဲကို ထွက်လာကြသည်။

“နင်တို့က ရေကန်ဘက်ကို သွားချင်လား….” ရီလင်းဇီက ပြုံးလျက် ပြောသည်။

“ကောင်းပြီ….” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ငါနင်တို့ကို ကန်ယီရေကန်သို့ ခေါ်သွားမယ်….” ရီလင်းဇီက ထိုသို့ ပြောကာ ရှေ့မှ ထွက်သွားသည်။ အတန်ကြာလျှင် သူတို့က ကန်ယီ ရေကန်သို့ ရောက်လာကြသည်။

ညကောင်းကင် အောက်တွင် မီးရောင် စုံများ လင်းလက် တောက်ပနေကာ မီးကျည် မီးပန်းများ က လှပစွာ ထွန်းလင်း နေကြသည်။ ရေကန်တွင် လှေကလေးများ သွားလာနေကြပြီး ရေကန်၏ မြင်ကွင်းအား အလွန် သာယာစေသည်။

“ငါက လှေသွားငှား ပေးရမလား….” ရီဒန်ချန်းက မေးသည်။

“မင်းက သူတို့ကို သွားရှာ ပေးလို့ရတယ်… ငါတို့ကတော့ ကန်ဘေးနားကပဲ ရှုခင်းတွေ ကို ကြည့်တော့မယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မင်းတို့က အဖော်ကိုယ်စီနဲ့  လျှောက်လည်ချင် ကြတာပေါ့…. ကောင်းပြီလေ… ကြည့်ရတာ ငါက ဒီနေရာမှာ မလိုတော့ဘူး ထင်တယ်…. ငါအရင် ပြန်လိုက်မယ်….” ထိုသို့ ပြောပြီး လျိုဖေးယွန်က အမှန်တကယ်ပင် နောက်လှည့်ကာ ပြန်ထွက်သွားသည်။

“ဒါဆိုလည်း မင်တို့က ဒီမှာ ကျန်နေခဲ့…. ငါက လင်းဇီနဲ့ လမ်းသွားလျှောက် ဦးမယ်….” ရီဒန်ချန်းက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို ပြုံးလျက် ကြည့်ကာ ပြောသည်။ ထို့နောက် သူတို့ နှစ် ယောက် ထွက်သွားသည်။

“ငါတို့က ရေကန်နားမှာ သွားလျှောက် ကြည့်ရအောင်….” ယိချိန်ချန်က ယူချင်းအား ဆွဲခေါ်ကာ ထွက်သွားသည်။

ရီဖူရှင်းက ရီဝူချင်းနှင့် လျိုချင်းယွီတို့ကို ကြည့်ကာ ပြုံးလိုက်သည်။ သူက ထိုနှစ် ယောက် အား မည် သို့ မှ မပြောဘဲ ကြည့်နေသည်။

“ငါတို့လည်း လမ်းသွား လျှောက်ကြမယ်….” လျိုချန်းယွီက ရီဖူရှင်း၏ ထူးဆန်းသော အကြည့်ကို ခံစားမိကာ ရီဝူချင်းအား ပြောလိုက်သည်။

“ကောင်းပြီ….” ရီဝူချင်းက ခေါင်းညိတ်လျက် သူတို့နှစ် ယောက် ထွက်ခွာ သွားသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ နှစ် ယောက် သာ ရေကန်ဘေးတွင် ကျန်နေရစ်သည်။ မှန်သည် သူတို့ဘေးတွင် လည်း လူအများ အပြား ရှိနေကြသေးသည်။ တစ်ခါတစ်ရံ တခြားလူများ က ထိုချောမောသော လူငယ်စုံတွဲ ကို လှမ်းလှမ်း ကြည့်တတ်ကြသည်။

ရီဖူရှင်းအား မှတ်မိသော လူတချို့လည်း ထိုနေရာတွင် ရှိကြသည်။ ရီဖူရှင်အား မြင်လျှင် သူတို့က အံ့အားသင့်စွာ ကြည့်ကြသည်။ ဤလူငယ်ကား နယ်မြေတစ်ရာ ဒေသအား အပြောင်းအလဲ ဖြစ်စေလျက် အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစု များ စွာ ကို ကန်ယီနိုင်ငံတွင် စုစည်းစေသူ ဖြစ်သည်။

“နင့်မှာ အလိမ်အညာတစ်ခု ရှိနေတယ်လို့ ငါက ဘာလို့ ခံစားနေရတာ လဲ….” ဟွာဂျီယူက ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောသည်။

” ဒီမြင်ကွင်းက မရင်းနှီးဘူးလား…..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ဟုတ်တယ်….” ဟွာဂျီယူက ခေါင်းညိတ်သည်။ ချင်းကျူမြို့တွင် တုန်းက မြင်ကွင်းနှင့်  ဤမြင်ကွင်းက ဆင်တူရသည်။ ကန်ယီနိုင်ငံက ပိုမို သာယာသည်က တစ်ခု ဖြစ်သည်။

ရီဖူရှင်းက လက်ဆန့်တန်းကာ ဟွာဂျီယူ၏ လက်အား ဆုပ်ကိုင် လိုက်သည်။  ရှေ့မှ မြင်ကွင်းကို ကြည့်နေရင်းက ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်… “ငါအဲဒါကို အရမ်း သတိရတယ်…. မင်းရဲ့ ခံစားချက်ကို ငါ့ကို နောက်တစ်ခါ ထုတ်မပြချင်ဘူးလား….”

ဟွာဂျီယူ မျက်လုံး ဝိုင်းစက် သွားသည်။ ထို့နောက် သူမက ရှက်သွေးဖြန်း သွားကာ ရီဖူရှင်းထံမှ သူမ၏ လက်အား ပြန်လည် ဆွဲယူရန် ကြိုးစားသည်။

ရီဖူရှင်းက သူမအား မလွှတ်ပေးပေ။ သူက သူမ၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်လျက် သူ၏ ခေါင်းကို လှည့်ကာ သူမ၏ ချစ်စဖွယ် မျက်နှာလေးအား ကြည့်လိုက်သည်။

ဟွာဂျီယူက သူမ၏ မျက်လုံးများ အား ပြူးကျယ်လျက် ကြည့်ကာ ဒေါသထွက်ဟန် ပြသည်။ သို့ သော ်လည်း သူမ၏ မျက်လုံးများ က ရှက်ရွံ့ဟန်များ ဖြစ်ပေါ်နေကာ နီရဲနေသော သူမ၏ မျက်နှာလေးက အမှန်ပင် ဆွဲဆောင်အား ကောင်းလှသည်။

ရီဖူရှင်းကား သူမကို ရည်ရွယ်ချက် ရှိရှိဖြင့် ကျီစယ်နေသည်။

ချင်းကျူရေကန်တွင် သူမက ရီဖူရှင်း၏ လက်အား ကိုင်ဆွဲလျက် သူမက ရီဖူရှင်းအပေါ် ချစ်ခင် နှစ်သက် မှု ကို ပေါ်လွင်စေခဲ့သည်။

“ငါ့ရဲ့ မြေခွေးမက အမြဲတမ်း ဘာလို့ ဆွဲဆောင်အား ကောင်းနေရတာ လဲ…. မင်းကို တွေ့တိုင်း ငါ့ရဲ့ နှလုံးသားက ထိန်းချုပ်မရအောင် ခုန်နေတော့တာပဲ…..” ရီဖူရှင်းက ညင်သာသော အသံဖြင့် ပြောသည်။ ဟွာဂျီယူက သူ့အား မျက်တောင်မခတ်ဘဲ ကြည့်ရင်းက သူမ၏ မျက်နှာက ပိုမို နီရဲလာသည်။ ဤကောင်ကား ယနေ့ ထူးခြားနေသည်။

“နင် တစ်ခုခု မဟုတ်တာ လုပ်ထားတာလား….” ဟွာဂျီယူက မျက်လုံး ပြူးကျယ်လျက် သံသယရှိသော လေသံဖြင့် ရီဖူရှင်းကို မေးသည်။

ရီဖူရှင်း၏ မျက်နှာက နက်မှော င်သွားကာ ပြောသည်… “ဘယ်လို ဆိုးရွားတာမျိုး ငါ လုပ်နိုင်မှာ လဲ….”

“အရှေ့မြေရိုင်း ဒေသမှာ ငါနင့်ဘေးမှာ မရှိတုန်းက နင်က တစ်ခုခု မဟုတ်တာ လုပ်ဖို့ ကြံနေတာ မလား….” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

“ငါ့မျက်လုံးထဲမှာ မင်းပဲ ရှိတယ်….” ရီဖူရှင်းက လေးနက်စွာ ပြောသည်။

“ဟင်း…” ဟွာဂျီယူက နှာခေါင်း တစ်ချက်ရှုံ့လျက် သူမ၏ ခေါင်အား တစ်ဖက်ကို လှည့်လိုက်သည်။ သို့ သော ် သူမ၏ မျက်လုံးများ က ပျော်ရွှင်သော ဟန်ပန်ကို တွေ့ရသည်။ ရီဖူရှင်းက အလိမ်အညာများ ပြောသည့်တိုင် ထိုအလိမ် အညာများ ကို သူမ သာယာမိမည် ပင် ဖြစ်သည်။

“မင်းရဲ့ မျက်လုံးတွေ ကို မှိတ်လိုက်….” ရီဖူရှင်းက ထပ်ပြောသည်။ ဟွာဂျီယူက သူ့အား ရှက်ရွံ့စွာ ပြောသည်…. “နင် ဘာလိုချင်တာလဲ….”

ရီဖူရှင်းက သူ၏ လက်များ ကို ဆန့်တန်းကာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးအား ပွေ့ဖက်လိုက်သည်။ ထို့နောက် ဟွာဂျီယူ၏ မျက်နှာလေးအား စိုက်ကြည့်လျက် သူ၏ ခေါင်းအား အသာအယာ ငုံ့လိုက်သည်။

ဟွာဂျီယူ၏ နှလုံးသားက ရပ်တန့်သွားသလို ဖြစ်သွားကာ သူမ၏ မျက်နှာက အလွန်အမင်း နီရဲလာသည်။ သို့ သော ်လည်း သူမက မျက်လုံးများ အား မှိတ်လိုက်ကာ ခေါင်းအား အနည်းငယ် မော့လိုက်၏ ။ မီးအလင်းရောင် များ က ဟွာဂျီယူ၏ မျက်နှာလေးအား လာရောက် ထိခတ်နေကာ မြင်သူကို ငေးမော စေနိုင်လောက်အောင် သူမအား လှပနေသည်။

ရီဖူရှင်း၏ ရင်ဘတ်က အလွန်အမင်း လှုပ်ရှားလာသည်။ ဟွာဂျီယူအား သူ၏ လက်မောင်းများ ဖြင့် ပွေ့ဖက်လျက် သူက ထိုနှင်းဆီရောင် ဖူးဖူး နှုတ်ခမ်းလေးအား ထိနမ်းလိုက်သည်။ ထိုအခိုက်တွင် ကား သူ၏ နှလုံးခုန်သံများ က စက္ကန့်တစ်ခုစီချင်း ခုန်နေသလို ခံစားရကာ တစ်လောကလုံး ကလည်း သူတို့ နှစ် ယောက် လုံး အတွက် ရပ်တန့် သွားတော့သည်။

ချက်ချင်း ပင် ကန်ယီရေကန်၏ ကောင်းကင်တွင် လည်း များ စွာ သော မီးကျည်မီးပန်းများ က အဆက်မပြတ် ပေါက်ကွဲသွားကာ မီးရောင် စုံများ က  ကောင်းကင် တစ်ခုလုံး အလှဆင်ကြသည်။

လူတိုင်းက မီးရောင် စုံများ ဖြင့် အလွန် လှပပြည့်စုံ နေသော ကောင်းကင်ကို မော့ကြည့်ကြသည်။ “အရမ်းလှတာပဲ….”

ရေကန်၏ ဘေးမှ လမ်းကလေး တစ်ခုတွင် ကား လျိုချန်းယွီနှင့် ရီဝူချင်းတို့က လမ်းလျှောက် နေကြသည်။ ရုတ်တရက် သူတို့က သွားနေရာမှ ရပ်တန့်ကာ ကောင်းကင်ကို မော့ကြည့် လိုက်ကြသည်။

“အရမ်းလှတာပဲ….” လျိုချန်းယွီက ရေရွတ်လိုက်သည်။ ထိုမီးရောင် စုံ အလှများ က သူမ၏ ရင်ဘတ်များ ကို ပင်လျှင် လှုပ်ရှားစေသည်။

ရီဝူချင်းက မီးကျည်မီးပန်းများ ကို ကြည့်နေရင်းက ခေါင်းငုံ့လျက် ဘေးမှ လျိုချင်းယွီအား ကြည့်လိုက်သည်။ မီးရောင် စုံများ အောက်တွင် လျိုချင်းယွီ၏ မျက်နှာလေးက အမှန်တကယ် ဆွဲဆောင်အား ကောင်းလွန်း နေသည်။

တစ်စုံတစ်ခုကို ခံစားမိလျှင် လျိုချန်းယွီက ကောင်းကင်မှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်လျှင် ရီဝူချင်းက သူမအား ကြည့်နေသည်ကို သတိထားမိ လိုက်သည်။ သူမ၏ နှလုံးသားများ က အဆက်မပြတ် တုန်ခါလာကာ မျက်နှာတွင် ရှက်သွေးများ ဖြန်းလာသည်။

ကန်ယီ ရေကန်ထဲတွင် ကား ယူချင်းနှင့် ယိချိန်ချန်တို့ကလည်း လှေကလေးများ ကို စီးနင်းနေရာမှ ကောင်းကင်မှ မီးရောင် စုံများ ကို ကြည့်လိုက်ကြသည်။ ယိချိန်ချန်က ယူချင်း၏ ရင်ဘတ်ကြီးပေါ်တွင် အသာအယာ မှီလိုက်ကာ ကြည်နူးစွာ ပြုံးလိုက်သည်။ ဤကဲ့သို့ သော အချိန်မျိုးအား သူမက ထာဝရ ရှိနေစေချင်သည်။

ဟွာဂျီယူက သူမ၏ မျက်လုံးများ အား ဖြည်းညင်းစွာ ဖွင့်လိုက်လျှင် ရီဖူရှင်းကား သူမ၏ နှုတ်ခမ်းများ ကို နမ်းနေဆဲ ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် မီးကျည်မီးပန်းများ က ကောင်းကင်တွင် သူမ တစ်ယောက် တည်း အတွက်အလား ရောင် စုံ ရောင် ဝါများ ထွန်းလင်း နေကြသည်။

ထိုအခြေအနေတွင် ဟွာဂျီယူက သူမ၏ မျက်လုံးများ ကို အမှန်တကယ် မှိတ်လိုက် မိတော့သည်။ သူမ၏ မျက်နှာတွင် လည်း လှပသော အပြုံးတစ်ခု ဖူးပွင့် လာလေသည်။

အချိန်များ က ရပ်တန့် သွားဟန် ရ၏ ။

***


Comment

Leave a Reply

Options

not work with dark mode
Reset