ဧကရာဇ် ခြောက်ပါးတို့ ပြန်လည် ထွက်ခွာ သွားသည်။ ရီဖူရှင်းက သူတို့အား ကန်ယီနိုင်ငံ၏ လက်အောက်ကို ခံယူခြင်းနှင့် တခြား အရာများ ကို စီစဉ်ရန် အချိန် အနည်းငယ် ပေးခဲ့သည်။
ယခုတွင် ကား ကန်ယီနိုင်ငံ၏ အန္တရာယ်ကား နောက်ထပ် မရှိတော့ပေ။ သူက ဧကရာဇ်လျိုနှင့် ရင်ဆိုင်ရန် လတ်တလော မတွေ းသေးပေ။ လျိုဖေးယွန်က ကူညီလိုလျှင်ပင် ဟာစီရို၏ လျိုဂျန်လန်အပေါ် အလေးထားမှု နှင့် ဆိုလျှင် သူမက ထိုကိစ္စတွင် ဝင်ပါမည် မှာ သေချာလှသည်။ သူမအား ဒေါသထွက် စေခြင်းက ကန်ယီနိုင်ငံ အတွက် အန္တရာယ် ရှိပေသည်။ ဧကရာဇ်လျိုအား သူ့အတွက် အန္တရာယ် မရှိတော့ရာ ရီဖူရှင်းက အချိန်တစ်ခုကို စောင့်ရန်သာ လိုအပ်ပေတော့သည်။
နန်းတွင် း အရာရှိများ လည်း တဖြည်းဖြည်း ထွက်ခွာ သွားကြသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှကား ထိတ်လန့်ဖွယ် ကောင်းလှသည်။ တစ်နေ့တည်းတွင် ကန်ယီနိုင်ငံ၌ ထိပ်သီး အင်အားစုများ အားလုံး လာရောက် စုစည်းကြသည်။ သူတို့နိုင်ငံက အံံ့ဖွယ်တစ်ခုကို ပြုလုပ်ခဲ့သလို လူအများ က ခံစားကြရသည်။
နှစ် ပေါင်းများ စွာ ကြာမြင့်ပြီးနောက် ဤလူငယ်များ က သူတို့ ဦးညွှတ်ရမည့် လူများ ဖြစ်လာနိုင်ပေသည်။
စားပွဲကား ပထမကလို သိပ်ပျော်ရွှင်စရာ မကောင်းတော့သည့်အပြင် သူတို့ကား ထိတ်လန့် အံ့အားသင့် နေကြဆဲ ဖြစ်သည်။ ဧကရာဇ်ရီက အိပ်မက် မက်နေသလို ခံစားနေရ၏ ။
“ဖူရှင်း…” သူက ရုတ်တရက် ခေါ်လိုက်သည်…. “မင်းငါ့ကို ဖိအားတွေ တော် တော် ပေးတယ်….”
ကန်ယီနိုင်ငံကား ယခု သူရဲကောင်း ဖြစ်နေလေပြီ။ ယနေ့ သူတို့ ရရှိခဲ့သော အာဏာများ က ရီဖူရှင်းတို့ အုပ်စုက အရှေ့မြေရိုင်း ဒေသမှ အင်အားကြီး အဖွဲ့အစည်းများ ကို ဝင်ရောက်ခဲ့သော ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူက ဧကရာဇ် အများ အပြားကို ထိန်းချုပ်ခွင့် ရမည် ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ သူက ကန်ယီနိုင်ငံ၏ အဆင့်အတန်းနှင့် ပတ်သက်၍ ပျော်ရွှင်မိသော ်လည်း စိုးရိမ်စိတ်လည်း ရှိနေသည်။
“အရှင်မင်းကြီးက ကျွန်တော့်အတွက်နဲ့ နန်ဒူနန်းတော် ကို ဓားစွမ်းအင်နဲ့ ချိန်ရွယ်ရဲတယ်…. ဒါက အရှင်မင်းကြီး အတွက် ဘယ်လောက်မှ မရှိပါဘူး….” ရီဖူရှင်းက ပြုံးရယ်လျက် သိမ်းငှက်နက်ကို ခေါ်လိုက်သည်။ သူ့တွင် အိတ်တစ်လုံး ပါသည်။ ထိုထဲတွင် ကား ဓားများ ၊ နှင်တံများ ၊ ကု့ချင်းများ ၊ တူရိယာများ နှင့် စွမ်းအားမြင့်သော သိဒ္ဓိဝင် ပစ္စည်းများ ပါလာသည်။
“အရှင်မင်းကြီး… ဒီဓားက အရှင်မင်းကြီး အတွက်ပါ….” ရီဖူရှင်းက ဓားတစ်လက်အား ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဟွာဖန်းလူကို ကျောက်တုံးငယ်လေး တစ်တုံးကို ပေးသည်… “ဆရာ… ဒီဟာလေးကို ယူထားပါ…. အရှင်မင်းကြီးနဲ့ ဆရာကြီး ယိချန်တို့က နိုဘယ် ကံစွမ်းအားကို ဆင်ခြင်ချင်တယ် ဆိုရင် ကျွန်တော့်ဆရာနဲ့ အတူ လေ့ကျင့်လို့ ရပါတယ်…..”
“သိဒ္ဓိဝင်ဝတ်ရုံက ဆရာကတော် အတွက်…..”
“ဒါက ဆရာကြီး ယိအတွက်…. ဒါ ကတော့ တန်အဒေါ် အတွက်….”
ရီဖူရှင်းက တန်ဖိုးရှိသော ပစ္စည်းများ ကို တစ်ခုပြီး တစ်ခု ထုတ်ပေးနေသည်ကို လူတိုင်းက မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေကြသည်။ သူတို့က ထိုပစ္စည်းများ ကို ခံစားမိကာ အံ့အားသင့် နေကြသည်။
နိုဘယ်အဆင့် သိဒ္ဓိဝင် ပစ္စည်းများ ။
“ဒီကျောက်တုံး ရုပ်တုလေး….” ဟွာဖန်းလူက ပိုမို၍ ထိတ်လန့်သည်။ ဤကျောက်တုံး ငယ်လေးတွင် အလွန် အားကောင်းသော နိုဘယ်အသိများ ပါဝင်နေသည်ကို သူ ခံစားမိသည်။
“ဖူရှင်း… ဒါတွေ က ဘယ်က ရတာ လဲ…” ဧကရာဇ်ရီက မေးလိုက်သည်။
“တချို့ကို ကျွန်တော် ကိုယ်တိုင် ရှာတွေ့တာ… တချို့က သူများ ပေးတာ….” ရီဖူရှင်းက လွတ်လပ်စွာ ပြုံးလျက် သူ၏ ခေါင်းအား ကုတ်လိုက်သည်။ ဘုရင်မက သူ့အား ရှေးဟောင်း လို့လန်မှ သိဒ္ဓိဝင် ပစ္စည်းများ ကို ရွေးချယ်စေရာ ရီဖူရှင်းက လက်ဆောင်ပေးရန် အတွက်သာ ရွေးချယ်ယူခဲ့သည်။ သူက မီးနှင်တံကိုပင်လျှင် ပြန်ထားရစ်ခဲ့၏ ။ သူကား လူကောင်း တစ်ယောက် ဖြစ်ပေသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့လည်း ဆွံ့အ သွားကြသည်။ သူတို့က နိုဘယ်အဆင့် သိဒ္ဓိဝင် ပစ္စည်းများ ကို ဂရုမစိုက်သော ်လည်း ရီဖူရှင်းက မှန်တောင်ကုန်းမှ ရရှိခဲ့သော ကျောက်တုံး ရုပ်တုလေးအား သူ၏ ဆရာကို အလွယ်တကူ ပေးပစ်လိုက်သည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။ ထိုကျောက်တုံးလေးကား တန်ဖိုးဖြတ်မရသော အရာ ဖြစ်ကာ ထိပ်သီး အင်အားစုများ ကိုပင် ဆွဲဆောင်နိုင်သည်။ သို့ သော ် ရီဖူရှင်းက ထိုအရာကို ဘာမှ မဟုတ်သလို ပေးပစ်နေသည်။
သို့ သော ်လည်း ရီဖူရှင်းတွင် ဓာတ်စွမ်းအင်မျိုးစုံ နိုဘယ်ကံစွမ်းအား ရှိသည်။ သူက နိုဘယ် အသိအား လေ့လာ ဆင်ခြင်ရန် စိုးရိမ်စရာ မလိုပေ။ သူက ထိုအရာကို မလိုအပ်ပေ။
“ကျွန်တော် က ရှေးဟောင်းမြေရိုင်း ဒေသမှာ လေ့ကျင့်တဲ့အထိ စောင့်ပါဦး အရှင်မင်းကြီး… အဲဒီ အချိန်ကျရင် အရမ်းမိုက်တဲ့ ပညာရပ်တွေ ကို ကျွန်တော် ပြန်ယူလာပါ့မယ်… အဲဒီ အချိန်ကျရင် အရှင်မင်းကြီးက ဘာမှ ဂရုစိုက်စရာ မလိုတော့ဘဲ နယ်မြေတစ်ရာ ဒေသမှာ အုပ်စိုးလို့ရပြီ…..” ရီဖူရှင်းက ဧကရာဇ်ရီအား ပြုံးလျက် ပြောသည်။
ထိုတောက်ပကာ ရိုးစင်းသော အပြုံးကိုမြင်လျှင် ဧကရာဇ်ရီ၏ ရင်ဘတ်ထဲ နွေးထွေးသွားသည်။ အကြောင်းပြချက် တချို့ကြောင့် ဖန်းဟွာပွဲတော် မှ သူတို့၏ ပထမဆုံး တွေ့ဆုံမှု က ခေါင်းထဲကို ရောက်လာသည်။ ထိုအချိန်က ရီဖူရှင်းနှင့် ယူချင်းတို့က အလွန်အမင်း ယုံကြည်မှု ရှိကာ ပါရမီမြင့်ကြသည်။
နောက်ဆုံးတွင် ယူချင်းက သူ့အား လူကောင်း တစ်ယောက် ဟု ပြောသည်။ ဧကရာဇ်ရီက အူမြူးစရာ တစ်ခုအ ဖြစ် မြင်သော ်လည်း ယူချင်း၏ စကားမှ သူတို့၏ ရိုးသားမှု များ ကို မြင်ရသည်။ သူတို့၏ တောင်းဆိုမှု များ အရ သူတို့က မိတ်ဆွေများ အပေါ်တန်ဖိုး ထားတတ်သည်ဟု ခံစားရသည်။ ထို့ကြောင့်ပင် သူက ရီဖူရှင်း အတွက်ကြောင့် ဧကရာဇ်လျိုကို စစ်ကြေညာရဲခြင်း ဖြစ်သည်။
ယခု ဤကောင်လေးများ ကား ဓမ္မအဆင့်များ မှသာ ဖြစ်သော ်လည်း သူက ကန်ယီနိုင်ငံ၏ အန္တရာယ်ကို ဖယ်ရှားရန် ကြိုးစားပေးနေသည်။ ထို ကပြက်ကချော် နေတတ်သော ကောင်လေးကား အမှန်တကယ်ပင် အတွင် းစိတ်က ရိုးရှင်းလှသည်။
ထူးဆန်းသော အတွေ းတစ်ခု ဧကရာဇ်ရီ၏ စိတ်ထဲကို ဝင်ရောက် လာသည်။ အကယ်၍ ရီဖူရှင်းက သူ၏ သား ဖြစ်ခဲ့လျှင် ဘယ်လောက် ကောင်းလိုက် မည် နည်း။ သူ၏ သားသမီးများ ကို တွေ းမိလျှင် သူ၏ စိတ်က မသက်မသာ ဖြစ်သွားသည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ အေးစက်စွာ မေးလိုက်သည်… “ရီရှောင် ဘယ်မှာ လဲ….”
လူအများ က အနီးနားတွင် ရှာကြည့် ကြသော ်လည်း သူ့အား ရှာမတွေ့ပေ။
“သူ့ကို ရှာစမ်း….” ဧကရာဇ်ရီက အမိန့်ပေးသည်။ အစောင့်များ ချက်ချင်း ထွက်သွားကြသည်။ ရီဒန်ချန်းနှင့် ရီလင်းဇီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ အစ်ကိုက ကန်ယီနိုင်ငံကို ပြန်ရောက် လာသော အခါ ရီဖူရှင်းနှင့် ပတ်သက်၍ မကောင်းသည်များ ကို ဧကရာဇ်ရီအား ပြောခဲ့ကြသည်။ ဧကရာဇ်ရီက တစ်စုံတစ်ခု လွဲမှာ းနေသည်ကို သိနေပြီး ဖြစ်ရမည် ။
“ဖူရှင်း…. ရီရှောင်က မင်းကို ရှေးဟောင်းမြေရိုင်း ဒေသမှာ ဘာတွေ လုပ်ခဲ့တာလဲ….” ဧကရာဇ်ရီက မေးသည်။ ထိုစဉ်က ရီရှောင်က ပြန်လည် ပြောပြခဲ့သော ်လည်း သူက တိတိကျကျ မသိပေ။
“အရှင်မင်းကြီး… ဒါက ကိစ္စ အသေးအမွှားပါပဲ…. စိတ်ထဲ မထားပါနဲ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက ဧကရာဇ်ရီ၏ ကျေးဇူးတရားများ ကို မေ့မထားနိုင်ပေ။ သူက ရီရှောင်နှင့် ပတ်သက်၍ ဂရုမစိုက်ပေ။ ရီရှောင်က ဧကရာဇ်ရီ၏ သား ဖြစ်သည့်အတွက် သူက သာမန် အသေးအမွှား ကိစ္စများ ကို ဖယ်ထားရန် စိတ်ထဲမှ တွေ းမှတ်ထားသည်။
“နောက်တစ်ခု ရှိသေးတယ်…. ဧကရာဇ်ရီက ကျုပ်ကို အတင်း ဖိအား လာပေးတဲ့ အချိန်မှာ ရီရှောင်က နန်းတွင် း အကြံပေးဆီကို သွားပြီးတော့ မင်းရဲ့ မိသားစုဝင်တွေ ကို သွားခေါ်လာတယ်… သူက မင်း မိသားစုတွေ ကို ထုတ်ပေးဖို့ စီစဉ်ခဲ့တယ်…” ဧကရာဇ်ရီက လျှို့ဝှက်မနေတော့ဘဲ ပြောလိုက်သည်။ ရီရှောင်၏ ကိစ္စက ဖြေရှင်းရန် လိုသည်။
ရီဖူရှင်းက မျက်မှော င်ကြုတ် လိုက်သည်။ သူက ဟွာဖန်းလူနှင့် ယိချန်တို့အား ကြည့်လိုက်သည်။
“အရှင်မင်းကြီး…. ကျုပ်တို့က ကိုယ့်အသိစိတ်နဲ့ကိုယ် လာခဲ့တာပါ…. ဒါကို စိတ်မပူပါနဲ့…..” ဟွာဖန်းလူက ဧကရာဇ်ရီအား ပြောသည်။ သူက ပြဿနာ မများ ချင်တော့ပေ။ ဧကရာဇ်ရီက ရီဖူရှင်းအား ကူညီခဲ့သလို ဟွာဂျီယူအားလည်း မွေးစားသမီးအ ဖြစ် လက်ခံကာ သူတို့အား ကာကွယ်ပေးခဲ့သည်။
“မင်းတို့က သူ့ကို ကာကွယ် နေမှတော့ ကျုပ်က သူ့ကို ကိုယ်တိုင် အပြစ်ပေးမယ်….” ဧကရာဇ်ရီက သက်ပြင်းချလျက် ပြောသည်။ ရီဖူရှင်းနှင့် ဟွာဖန်းလူတို့က ရီရှောင်အပေါ် ဗွေမယူလိုကြပေ။ သို့ သော ်လည်း သူ့သား၏ အပြုအမူများ က သူ့အား အရှက်ရစေသည်။
အတန်ကြာလျှင် ရီရှောင်က စိုးရိမ်သော ဟန်ဖြင့် ရောက်ရှိလာသည်။ တစ်စုံတစ်ခု လွဲမှာ းနေသည်ကို သူသိသော ်လည်း အရှေ့မြေရိုင်း ဒေသမှ လူများ ရောက်ရှိနေရာ သူက နန်းတော် တွင် ဆက်မနေရဲဘဲ ရှောင်နေခြင်း ဖြစ်သည်။ ရီဖူရှင်းတို့ အုပ်စုက သူ့အား သတိထား မိမည် ကို စိုးရိမ်နေသည်။ သို့ သော ် သူကား လွတ်မြောက်ခြင်း မရှိခဲ့ပေ။
“အဖေ….” ဧကရာဇ်ရီ၏ မျက်နှာက တင်းမာနေသည်ကို ရီရှောင်က သတိထားမိကာ ထိတ်လန့်စွာ ခေါ်လိုက်သည်။
“ဒူးထောက်စမ်း….” ဧကရာဇ်ရီက အေးစက်စွာ အမိန့်ပေးသည်။ ရီရှောင်၏ မျက်နှာက ပြာနှမ်းသွားကာ ဒူးထောက်လျှင် ဧကရာဇ်ရီက ပြောသည်…. “မင်း ဘာပြောစရာ ရှိလဲ….”
“အဖေ….” ဧကရာဇ်ရီ၏ စကားကို ကြားလျှင် သူ၏ ရင်ဘတ်က တုန်ခါသွားသည်… “ကျွန်တော် နားမလည်ဘူး….”
“ဒီလိုဆိုရင်လည်း မင်း နားလည်စရာ မလိုတော့ဘူး…. အခုက စပြီးတော့ ရီရှောင်က မင်းသား မဟုတ်တော့ဘူး…. သူက အရပ်သား ဖြစ်သွားပြီ…. သူ့ကို နောက်ထပ် နန်းတော် သို့ ခြေတစ်လှမ်း မလှမ်းစေနဲ့…..” ဧကရာဇ်ရီ၏ လေသံက အေးစက်သွားသည်။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။ ယနေ့အချိန်မှ စ၍ ရီရှောင်ကား မင်းသားတစ်ပါး မဟုတ်တော့ပေ။
ရီရှောင်၏ မျက်နှာက ပြာနှမ်းသွားသည်။ ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကာ သူက ပြောသည်…. “အဖေက ကျွန်တော့်ထက် အပြင်လူကို ပိုပြီး ယုံနေတာလား… ကျွန်တော် လက်မခံနိုင်ဘူး…..”
“ရူးမိုက်ပြီးတော့ ခေါင်းမာတယ်….” ဧကရာဇ်ရီက လက်ဝှေ့ယမ်းသည်။ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ဖြတ်တိုက်သွားကာ ရီရှောင်အဝေးကို လွင့်စဉ်သွားသည်။ ဧကရာဇ်ရီက ကြိမ်းမောင်း လိုက်သည်…. “ထွက်သွားစမ်း….”
ရီရှောင်က ပါးစပ်မှ စီးကျလာသော သွေးများ ကို လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက် တုန်ယင်နေသော ခန္ဓာကိုယ်အား အနိုင်နိုင် သယ်လျက် နန်းတော် မှ ဖြည်းညင်းစွာ ထွက်သွားသည်။ သူကား ထီးနန်းကို ရရှိရန် အလွန် နီးစပ်ခဲ့သော ်လည်း ယခုကား အရာအားလုံး ဆုံးရှုံးခဲ့ရသည်။
“ရီရှောင်နဲ့ နန်းတော် ကို အတူပြန်လာတဲ့ လူတွေ ကို သွားရှာကြစမ်း….” ဧကရာဇ်ရီက အမိန့်ပေးသည်။ ရီရှောင်ကား မင်းသားတစ်ပါးမျှသာ ဖြစ်သော ်လည်း ထိုလူများ က ရီရှောင်နှင့်အတူ သူ့ကို လိမ်ညာရဲကြသည်။ သူ လက်မခံနိုင်ပေ။
“ဟုတ်ကဲ့…..” နန်းတွင် း သက်တော် စောင့်က ဦးညွှတ်လျက် ထိုနေရာမှ ထွက်သွားသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရှေးဟောင်း မြေရိုင်း ဒေသတွင် ဖြစ်ပျက်ခဲ့သမျှကို သူက စိတ်ထဲ မထားသော ်လည်း သူ့ဆရာနှင့် ဆရာကတော် တို့နှင့် ပတ်သက်လျှင်ကား သူ ခွင့်မပြုနိုင်ပေ။
ရီရှောင်ကား ထီးနန်းကို လိုချင် တပ်မက် နေသော ်လည်း ယခုကား သူက အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။
“ဖူရှင်း…. ဒါက မလုံလောက် သေးဘူးဆိုရင် မင်း သဘောကျ လုပ်လို့ရတယ်….” ဧကရာဇ်ရီက ပြောသည်။
“အရှင်မင်းကြီး… ဒါက ပြီး သွားပါပြီ….” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ… ဒါက ပြီးသွားပြီ…” ဧကရာဇ်ရီက ခေါင်းညိတ်သည်။
“မင်းတို့ကို တကယ် ကျေးဇူးတင်တယ်…” ရီဖူရှင်းက လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကို ပြောသည်။ သူတို့အပေါ် သူက အမှန်ပင် အကြွေးများ စွာ တင်နေသည်။
“ဒါက ဘာမှ မဟုတ်ဘူး…. ငါက ဒီမှာ ရက်နည်းနည်း နေဖို့ တွေ းထားတယ်…. ဒါက အဆင်ပြေတယ် မလား….” လျိုဖေးယွန်က ရယ်မောလျက် ပြောသည်။
“နှစ် သစ်တောင် ရောက်တော့မယ်…. မင်းတို့က မပြန်သွားြ ကတော့ ဘူးလား….” ရီဖူရှင်းက အံ့အားသင့်စွာ မေးသည်။
“တခြားလူတွေ က ပြန်လိမ့်မယ်… ဒါပေမဲ့ ငါနဲ့ချင်းယွီက နှစ် သစ် ကာလထိ နေဖို့ တွေ းထားတယ်…. နှစ် သစ်ကို ရောက်ရင် ငါတို့က မင်းတို့နဲ့အတူ အရှေ့မြေရိုင်း ဒေသကို တစ်ခါတည်း သွားကြတာပေါ့….” လျိုဖေးယွန်က ပြုံးလျက် ပြောသည်။ သူက ရီဖူရှင်းတို့အား ကန်ယီသို့ ပို့ဆောင်ပြီးမှာ တော့ အရှေ့မြေရိုင်းသို့ ပြန်လည် ပို့ဆောင်ပေးခြင်းက ကောင်းမွန်သော အစီအစဉ် တစ်ခုပင်။
“လျိုနိုင်ငံနဲ့ ပတ်သက်လို့ကော….”
“ဒါက ပြဿနာမရှိဘူး… ဘယ်လိုပဲ ဖြစ် ဖြစ်… ဒါက ချင်းယွီရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်….” လျိုဖေးယွန်က သူ၏ ညီမအား ကျီစယ် လိုက်သည်။
သူတို့၏ ဘေးမှ လျိုချင်းယွီကား ဆွံ့အသွားသည်။ သူမအား ရောင် းထုတ် ခံနေရသလို ခံစားနေရသည်။
“အင်း… ပတ်သက်မှု တစ်ခုက သဘာဝ အတိုင်း ဖြစ်သင့်တယ်….” ရီဖူရှင်းက လျိုဖေးယွန်၏ အကြံကို သဘောတူကာ ခေါင်းညိတ်သည်…. “မင်းတို့ နေသင့်တယ်….”
“ငါသွားတော့မယ်…” ရီဝူချင်းကား ခံနိုင်ရည် မရှိတော့ပေ။
“ဝူချင်း… မင်းသမီးက ဒီမှာ နေမယ်တဲ့… မင်းက ဘယ်လိုလုပ် ထွက်သွားလို့ ရမလဲ….” ရီဖူရှင်းက ပြောသည်… “အရှင်ရီ… ဘယ်လို ထင်ပါသလဲ….”
“ဟုတ်တယ်….” အရှင်ရီက ခေါင်းညိတ်သည်… “ဝူချင်း… မင်းက နန်းတော် မှာ ဘာလို့ မနေတာလဲ…. မင်းသမီးကို နန်းမြို့တော် မှာ စိတ်ဝင်စားစရာ တွေ ကို လိုက်ပြလိုက်….”
“မှန်တယ်….” ဧကရာဇ်ရီကလည်း ခေါင်းညိတ်သည်။ ဤသို့ ဖြင့် ရီဝူချင်းကား နန်းတော် တွင် ကျန်နေရစ် ရတော့သည်။
ယခုတွင် ကား ကန်ယီနိုင်ငံ၏ အကျပ်တည်းများ ကား ပြေလည် သွားပြီ ဖြစ်သည်။ သို့ သော ်လည်း ထိုအ ဖြစ်အပျက်ကြောင့် လှုပ်ခတ်သွားသော လှိုင်းလုံးများ ကား ရှိနေဆဲ ဖြစ်သည်။ ထိုသတင်းက နယ်မြေတစ်ရာ ဒေသကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အလွန် ထိတ်လန့်ဖွယ် သတင်းတစ်ခုက ယွန်ချူနိုင်ငံ၊ ယန်တိုင်းပြည်နှင့် တခြား နိုင်ငံလေးခုက ကန်ယီနိုင်ငံ၏ လက်အောက်ခံ ဖြစ်သွားခြင်းပင်။
***