ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်မှ လူများ က စိတ်ပျက်သော အမူအရာများ ဖြစ်ပေါ် သွားကြသည်။ သူတို့က ဤလူငယ်၏ အကြောင်းကို မူလကတည်းက သိသည်။ အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစု ဖြစ်သည့်တိုင် သူတို့က ဤကဲ့သို့ အမူအရာဖြင့် ပြောဆို ဆက်ဆံ ခံရသည်။ ဒွန်ဟွာကလန်မှ တစ်ယောက် က ပြောသည်… “ဂူတုံးလျို…. ဒါက တော် တော် လွန်တယ်….”
“ကျောင်းတော် ရဲ့ ကော့တေးက မင်းကို လိုချင်မှတော့ ချင်ပြည်ထောင်က ထပ်ပြီးတော့ မယှဉ်ပြိုင်တော့ဘူး….” ချင်ပြည်ထောင်မှ လူများ က ပြောကာ မျက်နှာ မသာမယာဖြင့် ထွက်ခွာ သွားကြသည်။ သူတို့က မကျေမနပ် ဖြစ်သွားသည်မှာ ထင်ရှားသည်။
မကြာမီ ရထားလုံးက ကောင်းကင်ကို ပျံတက်သွားပြီး ချင်ပြည်ထောင်မှ လူများ ထွက်သွားကြသည်။ မူလက သူတို့က ကျောင်းတော် နှင့် ဆန့်ကျင်ရလျှင်ပင် ဒွန်ဟွာကလန်က ဆက်လက် ယှဉ်ပြိုင်နိုင်သည်။ သို့ သော ်လည်း ကော့တေးက ရီဖူရှင်းကို လိုချင်သည် ဆိုမှတော့ သူတို့၏ ကြိုးစားမှု များ က သဲထဲရေသွန် ဖြစ်ရပေတော့မည် ။ ထို့အပြင် ဂူတုံးလျိုကား မည် ကဲ့သို့ သော လူမျိုးနည်း။ သူက တခြား လူများ ကို ယှဉ်ပြိုင်ရန်ပင် အခွင့်အရေး ပေးသည် မဟုတ်ပေ။
“မင်းတို့က မသွားသေး ဘူးလား….” ဂူတုံးလျိုက ဒွန်ဟွာကလန်မှ လူများ ကို ပြောသည်။ ဒွန်ဟွာကလန်မှ လူများ ၏ မျက်နှာများ က မည် းမှော င် သွားသည်။ သူတို့က အလွန် စွမ်းအားမြင့်သော နိုဘယ်များ ဖြစ်ကြသော ်လည်း ဤလူငယ်၏ ရှေ့တွင် ယုံကြည်မှု သိပ်မရှိကြပေ။
“နှုတ်ဆက်ပါတယ်…” ဒွန်ဟွာကလန်မှ လူများ က ပြောသည်။ ထို့နောက် သူတို့က နောက်လှည့်ကာ ဒေါသတကြီး ထွက်ခွာ သွားကြသည်။
စာပေသမားက ရီဖူရှင်းကို ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။ သူ၏ အပြုံးကား အလွန်ရိုးစင်းပြီး သာမန် စာပေသမား ဟန်ပန်နှင့် တူလှသည်။ ထို့နောက် သူက ပြောသည်… “ကြည့်ပါလား …သူတို့ အားလုံး သွားပြီ….”
ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက် နေသည်။ သူ၏ စကားတစ်ခွန်း ကြောင့်ပင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများ က ထွက်ခွာ သွားကြရသည်။
မည် သူ့ကိုမှ အပြစ်ပေးနိုင်စွမ်း ရှိဟန် မရသော စာပေသမားကား ဤမျှ အရှိန်အဝါ ကြီးမားနေသည်။
ချင်ပြည်ထောင်မှ လူများ က သူက ကျောင်းတော် ၏ ကော့တေးမှ ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုနေရာက မည် ကဲ့သို့ သော နေရာနည်း။
လျိုနိုင်ငံ၊ မှော ်ကလန်နှင့် တခြားလူများ က ထိုစာပေသမားအား ကြည့်လိုက် ကြသည်။ ထို့နောက် ရီဖူရှင်းကို ကြည့်လိုက် ကြသည်။ သူက ကော့တေး၏ တပည့် တစ်ယောက် ဖြစ်လာမည် ဟု သူတို့ မထင်မှတ် ထားကြပေ။
လျိုဖေးယွန်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ရီဖူရှင်းနှင့် သူ၏ အဖွဲ့အား ကန်ယီနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သော အချိန်က လျိုနိုင်ငံက ရီဖူရှင်းတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်သည်ကို သိပြီး ဖြစ်သည်။ ထို့ကြောင့် သူက ဖူယွန်ဓားကလန်နှင့် လစန္ဒာကလန်တို့က ရီဝူချင်းနှင့် ဟွာဂျီယူတို့ကို လာရောက် ဖိတ်ခေါ်သော အခါ သူက ထိုကလန်များ နှင့် ပတ်သက်၍ သိသလောက် ပြောပြခဲ့သည်။
ယခုတွင် ကား ကော့တေးမှ တစ်စုံ တစ်ယောက် ရောက်ရှိလာသည်။ အရှေ့မြေရိုင်း ဒေသတွင် ကား နောက်ထပ် အတော် ဆုံး တန်ခိုးရှင်တစ်ဦး မွေးဖွား လာတော့မည် ဖြစ်သည်။ ရီဖူရှင်း၏ အနာဂတ်နှင့် ပတ်သက်၍ သူပင်လျှင် စိတ်လှုပ်ရှား မိသည်။
ထိုစာပေသမား ဂူတုံးလျိုသည်လည်း ကော့တေး၏ တပည့် တစ်ယောက် ဖြစ်သည်။ သူရောက် လာသော အခါ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က နောက်ဆုတ် ပေးရသည်။ ထိုအရာက သူ၏ ဂုဏ်ထူး ဝိသေသကြောင့်လား။
မှာ းပေသည်။ ထိုအရာက သူ၏ စွမ်းအားများ ကြောင့် ဖြစ်သည်။
အကယ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများ က သူ့ထံတွင် ဆိုးရွားစွာ ရှုံးနိမ့်နိုင်ပေသည်။ ထို့အပြင် သူက ကော့တေးမှ မဟုတ်လျှင်လည်း ထိုသို့ တိုက်ခိုက်ရဲမည် မဟုတ်ပေ။ သို့ သော ် သူက ကော့တေးမှ ဖြစ်နေခြင်းက အရှေ့မြေရိုင်း ဒေသတွင် သူ မလုပ်ရဲသော အရာ မရှိတော့ပေ။
သူတို့ သိသလောက် ကော့တေးတွင် လူရှစ်ယောက် သာ ရှိပေသည်။ တစ်ယောက် ကား ဆရာ ဖြစ်ပြီး ကျန်လူများ က တပည့်များ ဖြစ်ကြသည်။
ယခု ရီဖူရှင်းက ကော့တေး၏ ရှစ်ယောက် မြောက် တပည့် ဖြစ်လာတော့မည် ဖြစ်သည်။
“စီနီယာ… ကျွန်တော် က စီနီယာနောက်ကို လိုက်ရမယ့် အကြောင်းပြချက် ပေးလို့ မရဘူးလား….” ရီဖူရှင်းက မေးသည်။
“ငါက ကော့တေးကပဲ….” စာပေသမားက ပြုံးလျက် ပြောသည်… “မင်းက ကော့တေးကို ဝင်ရောက်ပြီးရင် တစ်စုံ တစ်ယောက် က မသေချင်သေး သရွေ့တော့ ဘယ်သူကမှ မင်းကို ထိရဲမှာ မဟုတ်ဘူး….”
ထိုအရာကား ကော့တေးမှ ပေးနိုင်သော ယုံကြည်မှု ဖြစ်သည်။
မသေချင်သေး သရွေ့ မည် သူကမှ ကော့တေး၏ တပည့်ကို ထိရဲကြမည် မဟုတ်ပေ။ သို့ သော ် လျှို့ဝှက် လုပ်ကြံမှု များ ကိုမူကား သတိထားရန် လိုပေသေးသည်။
သူ၏ စကားအရ အလွန် အားကောင်း လှပေသည်။
ကြည့်ရသည်မှာ သူက ကော့တေးကို ဝင်ရောက်ပြီးပါက အရှေ့မြေရိုင်း ဒေသတွင် သူလုပ်လိုသမျှ အရာအားလုံးကို လုပ်နိုင်တော့မည် ဖြစ်သည်။
ထိုအရာကား အမှန်ပင် အလွန် ကောင်းမွန်သော အကြောင်းပြချက် ဖြစ်သည်။ အနည်းဆုံး ဒွန်ဟိုင်မြို့မှ အ ဖြစ်အပျက်များ နောက်ထပ် ဖြစ်လာတော့မည် မဟုတ်တော့ပေ။
“ဝင်…” ရီဖူရှင်း၏ ဘေးမှ လျိုဖေးယွန်က စကား တစ်ခွန်းတည်းဖြင့် သတိပေးသည်။
မည် သူကမှ ကော့တေး၏ ဖိတ်ခေါ်မှု ကို ငြင်းမည် မဟုတ်ပေ။ ထိုကဲ့သို့ သော ဖိတ်ခေါ်မှု က အရှေ့မြေရိုင်း ဒေသမှ လူများ ကို ရူးသွပ် သွားစေနိုင်သည်။ ယခု ရီဖူရှင်းက ထိုသို့ အခွင့်အရေး ကို ရသည်။ သူက လွဲချော်၍ မ ဖြစ်ပေ။
“ကျွန်တော် လက်ခံတယ်….” ရီဖူရှင်းက စာပေသမားကို ပြုံးလျက် ပြောသည်။ ထိုနေရာနှင့် ပတ်သက်၍ သူရရှိသော အချက်အလက်များ က နည်းပါးသော ်လည်း ထိုနေရာက သူနှင့် သင့်တော် ပုံ ပေါ်နေသည်။ သူကဲ့သို့ သော ထူးခြား ထက်မြက်သော သူက ထိုသို့ သော နေရာကိုသာလျှင် သွားသင့်ပေသည်။
ကျောင်းတော် ၏ ကော့တေးက ထိုသို့ သော နေရာ ဖြစ်ဟန် ရသည်။
“ယူချင်းက ကော့တေးကို သင်ယူဖို့ လိုက်လာလို့ ရလား….” ရီဖူရှင်းက မေးသည်။
“အင်း…” စာပေသမားက ခေါင်းညိတ်သည်။ “သူက မှန်တောင်ကုန်းမှာ နိုဘယ် ပုံရိပ်လေးခု ပေါ်အောင် လုပ်နိုင်တယ်…. သူ့မှာ လည်း အခွင့်အရေး ရှိတယ်…. မင်းက ကော့တေးကို ဘယ်တော့ လာမလဲ….”
“နှစ် သစ်အစပိုင်း….” ရီဖူရှင်းက ပြန်ပြောသည်။
“ကောင်းပြီ…” စာပေသမားက ပြုံးလိုက်သည်… “ကော့တေးမှာ ပြန်တွေ့မယ်….”
“ကော့တေးမှာ ပြန်တွေ့မယ်….” ရီဖူရှင်းက ခေါင်းညိတ်သည်။ စာပေသမားက နောက်လှည့်ကာ သူ၏ လက်နှစ် ဖက်အား တင်ပါးတွင် ချိတ်လျက် လမ်းလျှောက် ထွက်သွားသည်။ သူ၏ အလျင်နှုန်းက မမြန်သည့်တိုင် မကြာမီ သူက အဝေးသို့ ရောက်ရှိသွားကာ ပျောက်ကွယ် သွားသည်။
ထို့နောက်တွင် ကား ရီဖူရှင်းတို့ လေးယောက် က ထိပ်သီး အင်အားစုများ ကို ဝင်ရောက်ခဲ့ကြပြီး ဖြစ်သည်။
ရီဖူရှင်းက ကော့တေးကို ဝင်ရောက်ခဲ့ပြီး ရီဝူချင်းက ဖူယွန် ဓားကလန်ကို ဝင်ရောက်ခဲ့ကာ ဟွာဂျီယူက လစန္ဒာကလန်ကို ဝင်ရောက်ခဲ့၏ ။
ယူချင်းက ရီဖူရှင်းနှင့် အတူ ကော့တေးကို လိုက်ပါ လေ့ကျင့်မည် ဖြစ်သည်။ ယူချင်းက ကော့တေး၏ ဖိတ်ခေါ်မှု ကို မရရှိသော ်လည်း ယူချင်း၏ စွမ်းရည်များ ဖြင့် သူက ကော့တေးကို ဝင်ရောက် ပြီးသော အခါ ထိုနေရာမှ လူများ က မည် သို့ လုပ်ရမည် ကို သိသွားမည် ဟု ရီဖူရှင်း ယုံကြည်သည်။
ရှေးဟောင်းမြေရိုင်း ဒေသတွင် ယူချင်းက သူမည် မျှ ထူးချွန်သည်ကို အမှန်တကယ် ပြသခဲ့ခြင်း မရှိပေ။ မှန်တောင်ကုန်းမှ နိုဘယ်ပုံရိပ်လေးခုက သူ၏ စွမ်းရည်များ ကို အမှန်တကယ် အားဖြင့် ကိုယ်စားမပြုပေ။
လျိုချန်းယွီက ရီဖူရှင်းနှင့် တခြားလူများ ကို ကြည့်လိုက်သည်။ ရှေးဟောင်းမြေရိုင်း ဒေသတွင် သူတို့က ပြီးပြည့်စုံသော စွမ်းရည်များ ကို ထုတ်ပြခဲ့ကြကာ ထိုအကျိုးကျေးဇူး များ ကို ရိတ်သိမ်း နေကြသည်။ အထူးသဖြင့် ရီဖူရှင်းက မှန်တောင်ကုန်းမှ နိုဘယ်အသိအား ဆောင်ယူသွားသော သူက ယခု ကော့တေးမှ ဂူတုံးလျို၏ ကိုယ်တိုင် ဖိတ်ခေါ်မှု ကို ခံရသည်။ အနာဂတ်တွင် သူကား အရှေ့မြေရိုင်း ဒေသတွင် သမိုင်းဝင် လူ တစ်ယောက် ဖြစ်တော့မည် မှာ သေချာလှသည်။
“ကြည့်ရတာ ငါက ဒီခရီးကို လာတာ အလကား ဖြစ်သွားပြီ ထင်တယ်…” ဂူဘိုင်ယွီက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “နောက်ဆို ငါတို့က အရှေ့မြေရိုင်း ဒေသမှာ တွေ့တဲ့အခါ နင်ငါ့ကို ဆက်ပြီး မှတ်မိနေမယ်လို့ ငါ မျှော်လင့်တယ်…..”
ရီဖူရှင်းက မျက်နှာ ညိုမည် းလျက် ကြည့်သည်။ ထို့နောက်တွင် ဂူဘိုင်ယွီနှင့် မှော ်ကလန်မှ လူများ လည်း ထွက်သွားကြသည်။ မူလကတည်းက သူမက သိပ်မျှော်လင့် ထားသည် မဟုတ်ပေ။ သူမ၏ အဓိက ရည်ရွယ်ချက်မှာ ရီဖူရှင်းတို့က မည် သည့် အင်အားစုများ ကို ဝင်ရောက်သည်ကို စောင့်ကြည့်ရန် ဖြစ်သည်။ ရလဒ်ကား သူမ မျှော်လင့်ထားသည်ထက် ပိုနေသည်။ သူက အမှန်တကယ်ပင် ကော့တေး၏ တပည့် ဖြစ်လာသည်။ ကော့တေးကား နှစ် ပေါင်း အတန်ကြာအောင် တပည့် လက်ခံခဲ့ခြင်း မရှိခဲ့ပေ။
ကွဲပြား ခြားနားသော အင်အားစုများ ထွက်ခွာသွားကြလျှင် လျိုနိုင်ငံနှင့် ကန်ယီနိုင်ငံမှ လူများ သာ နန်းတော် တွင် ကျန်ရစ်တော့သည်။ ယခုတွင် ကား အရာအားလုံးက ကွဲပြားခြားနား သွားပြီ ဖြစ်သည်။ ကန်ယီနိုင်ငံက မူလက ကန်ယီနိုင်ငံ မဟုတ်တော့ပေ။
“အရှင်မင်းကြီး… သခင်လေးရီ… ယွန်ချူနိုင်ငံနဲ့ တခြား နိုင်ငံတွေ က တွေ့ခွင့် လာတောင်း နေပါတယ်….” တခြား အင်အားစုများ ထွက်ခွာ သွားသော အခါ အစောင့်ကာ နန်းတော် ထဲကို လာရောက် အစီရင်ခံသည်။
ရီဖူရှင်း၏ မျက်လုံးက လင်းလက် သွားသည်။ သူတို့က တောင်းပန် လိုနေသည်လား။
ဤမတိုင်မီက သူတို့အား ဖြေရှင်းချက် ပေးရန် ပြောတုန်းက မည် သူကမှ သူ၏ စကားကို အလေးမထား ခဲ့ကြပေ။ ထို့အပြင် သူတို့က တော် ဝင် ချန်ကျောင်းတောင်မှ ဟာစီရိုဘက်မှ ရပ်တည်ခဲ့ကြသည်။ သူတို့၏ စိတ်ပြောင်းလဲမှု က မြန်ဆန်လွန်း လှသည်။
အတန်ကြာ စဉ်းစားပြီးနောက် ရီဖူရှင်းက ပြောသည်…. “သူတို့ကို ဝင်ခွင့် ပေးလိုက် ပါ….”
“ဟုတ်ကဲ့….” အစောင့်က ခေါင်းညိတ်ကာ ပြန်လည် ထွက်ခွာ သွားသည်။ ရီဖူရှင်းက ဧကရာဇ်ရီအား ကြည့်ကာ မေးသည်…. “အရှင်မင်းကြီးက ဘယ်လို ထင်ပါသလဲ….”
ဧကရာဇ်ရီက ရီဖူရှင်းအား ကြည့်ကာ ပြောသည်…. “သူတို့က ဧကရာဇ်လျိုရဲ့ အတူ မင်းရဲ့ မိသားစုဝင်တွေ ကို ဖမ်းမလို့ ရောက်လာကြတာပဲ…. အခု မင်းကြောင့်ပဲ သူတို့က တောင်းပန်ဖို့ လာကြတာ…. မင်းပဲ ဒီကိစ္စကို ဆုံးဖြတ်သင့်တယ်….”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ အတန်ကြာလျှင် ယွန်ချူနိုင်ငံ၊ ယန်တိုင်းပြည်နှင့် တခြားနိုင်ငံများ မှ ဧကရာဇ်များ ရောက်ရှိ လာကြသည်။ အားလုံးပေါင်း ဧကရာဇ် ခြောက်ပါး ဖြစ်သည်။
ထိုအခိုက်တွင် သူတို့၏ အမူအရာများ က သိပ်မကောင်း ကြတော့ပေ။ နိုဘယ် တန်ခိုးရှင်များ ဖြစ်သော ်လည်း ယခု သူတို့က ဓမ္မအဆင့် လူငယ် တစ်ယောက် ကို လာရောက် တောင်းပန် နေရသည်။ သို့ သော ်လည်း ရီဖူရှင်းနှင့် သူ့လူများ ၏ အနာဂတ်တွင် အောင်မြင်မှု များ ကို ပြန်တွေ းကြည့်လျှင် ထိုအရာက တန်သည်ဟု ပြောရပေမည် ။ ရီဖူရှင်းနှင့် သူ့လူများ က ထိပ်သီး အင်အားစုများ အား ဝင်ရောက်နိုင်ခဲ့ကြရာ နောင်တွင် သူတို့က ဟာစီရိုထက်ပင်လျှင် အရှိန်အဝါ ကြီးလာ နိုင်ပေသည်။
သူတို့က ဟာစီရို၏ ရှေ့တွင် ဦးညွှတ်ခဲ့ပြီး ဖြစ်ရာ ရီဖူရှင်းရှေ့တွင် ဦးညွှတ်ခြင်းက သိပ်မထူးခြား တော့ပေ။ ထို့အပြင် သူတို့တွင် ရွေးချယ်စရာလည်း မရှိတော့ပေ။
အကယ်၍ ယနေ့ အ ဖြစ်အပျက်အား မဖြေရှင်းခဲ့လျှင် ရီဖူရှင်းက ရန်ငြိုးထားပြီး နောင်တွင် သူတို့အား ပြဿနာရှာခဲ့လျှင် အကျိုးဆက်က မတွေ းရဲစရာပင်။
“ခုနက ကျုပ်တို့က ဧကရာဇ်လျိုရဲ့ လှည့်စားမှု ကြောင့် မိုက်မဲခဲ့ကြတယ်…. သခင်လေးရီက ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်….” ယွန်ချူဧကရာဇ်က ပြောသည်။ သူ၏ ခေါင်းအားပင်လျှင် အနည်းငယ် ညွတ်လိုက်သည်။ သူက ရီဖူရှင်းအား ဟာစီရို၏ အဆင့်တွင် ထားသည်။
“သိပ်မကြာခင်က ခင်ဗျားတို့က တော် တော် ပြတ်သားခဲ့တယ်… အခု ဘယ်လိုလုပ် တောင်းပန် နေရတာ လဲ… ကျုပ်က မခံယူရဲပါဘူး… ကျေးဇူးပြုလို့ ထွက် သွားပါ….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ဧကရာဇ်များ အားလုံးက ရီဖူရှင်းအား စိတ်ထဲမှ ဆဲရေး လိုက်ကြသည်။ သူတို့က နန်းတော် ထဲကို ဝင်ခွင့်ရမှတော့ ပြဿနာက ဖြေရှင်း၍ ရသည်ဟု အဓိပ္ပာယ်ရသည်။ သို့ သော ်လည်း ရီဖူရှင်းက သူတို့အား တမင် ဖိအား ပေးနေသည်။
“သခင်လေးရီ… ကျုပ်တို့ဆီက ဘာလိုလဲ … ကျေးဇူးပြုလို့ ပြောပါ….” ယန်တိုင်းပြည်မှ ဧကရာဇ်က လက်နှစ် ဖက်အား ဆုပ်ကိုင်လျှင် ပြောသည်။ ရီဖူရှင်းက မည် သည့်အရာကို လိုအပ်သည် ဖြစ်စေ သူတို့က ပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ခင်ဗျားတို့က အားလုံးကို လက်ခံမှာ လား….” ရီဖူရှင်းက မေးသည်။
ရီဖူရှင်းက မည် သို့ ရှေ့ဆက်လာမည် ကို တွေ းမိလျှင် ဧကရာဇ်များ အားလုံး ရင်ထဲမှ နာကျင်ကြရသည်။ သို့ သော ်လည်း ဤအခြေအနေတွင် တခြား နည်းလမ်း မရှိတော့ပေ။
“သခင်လေးရီက ကျုပ်တို့ကို ဝင်ခွင့်ပေးမှတော့ ကျုပ်တို့ကို သေအောင် မလုပ်တော့ဘူး ဆိုတာ သိပါတယ်…. ကျုပ်တို့က ဘယ်လိုလုပ် ပေးရမလဲ ပြောပါ….”
“ကန်ယီနိုင်ငံကို လက်အောက်ခံ ရမယ်…”
ရီဖူရှင်း၏ အသံက ချက်ချင်း အေးစက်သွားသည်။ သူ၏ စကားတချို့က ဧကရာဇ်များ အားလုံးကို တုန်လှုပ် သွားစေသည်။
ကန်ယီနိုင်ငံကို လက်အောက် ခံရမည် ။
ရီဖူရှင်းက ဧကရာဇ်များ အား ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်သည်။ သူတို့က ဧကရာဇ်လျိုနှင့်အတူ သူ၏ မိသားစုများ အား ဖမ်းခေါ်ကာ သူ့အား ခြိမ်းခြောက်ရန် ကြိုးစားကြသည်။ ဤမတိုင်မီက သူတို့အား အခွင့်အရေး တစ်ကြိမ် ပေးခဲ့သော ်လည်း သူ့အား အထင်သေးစွာ ငြင်းပယ်ခဲ့ကြ၏ ။ ယခု သူတို့က မည် သည့်နည်းဖြင့် မဆို ဖြေရှင်း လိုနေသည်။
မ ဖြစ်နိုင်ပေ။
“ဒါက ပထမဆုံး တောင်းဆိုချက်ပဲ… ခင်ဗျားတို့က သဘောမတူရင် ထွက်သွားလို့ ရတယ်….” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
ဤသည်ကား ပထမဆုံး တောင်းဆိုချက်မျှသာ ဖြစ်သည်။
ဧကရာဇ်များ ကား ဝေခွဲမရ ဖြစ်နေဟန် တူသည်။
သို့ သော ်လည်း တော် ဝင် ချန်ကျောင်းတော် ၏ ခြေလှမ်းများ ကို ပြန်တွေ းမိလျှင် သူတို့၏ စိတ်များ အတော် အတန် တည်ငြိမ်သွားသည်။ ယခုတွင် ကား ကန်ယီနိုင်ငံနှင့် ရီဖူရှင်းတို့က ဆက်နွှယ်နေသည်။ ကန်ယီနိုင်ငံကို လက်အောက်ခံခြင်းက ရီဖူရှင်းကို လက်အောက်ခံခြင်းနှင့် အတူတူပင် ဖြစ်သည်။
နှစ် အနည်းငယ် ကြာပြီးနောက် ကန်ယီနိုင်ငံက နိုင်ငံ အများ အပြား၏ ဘုရင်နိုင်ငံ ဖြစ်လာတော့မည် မှာ သေချာလှသည်။
“ကောင်းပြီ… ကျုပ် သဘောတူတယ်…” ဧကရာဇ်ချူက အံကြိတ်လိုက်ကာ သဘောတူ လိုက်သည်။
“ကျုပ်လည်း သဘောတူတယ်…” တခြား ဧကရာဇ်များ ကလည်း သက်ပြင်းချလျက် သဘော တူကြသည်။ လက်ရှိ အခြေအနေတွင် သူတို့ ဘာများ တတ်နိုင်ဦး မည် နည်း။
“ဒုတိယ တောင်းဆိုချက်ကာ ခင်ဗျားတို့ရဲ့ မိသားစုတွေ က ကန်ယီနန်းမြို့တော် ကို ပြောင်းရွှေ့ပြီးတော့ နေထိုင်ကြရမယ်… ကန်ယီနိုင်ငံက အခုအချိန်ကစပြီး ကန်ယီ အင်ပါယာ ဖြစ်သွားပြီ….” ရီဖူရှင်းက သူတို့အား ကန်ယီနိုင်ငံသို့ လုံးဝ ပေါင်းစပ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
“တတိယ တောင်းဆိုချက်က ခင်ဗျားတို့က အခုအချိန်ကစပြီး ခင်ဗျားတို့ရဲ့ နိုင်ငံကို တိုက်ရိုက် အုပ်ချုပ်လို့ မရတော့ဘူး…. ခင်ဗျားတို့က ကန်ယီနန်းတော် ရဲ့ အမိန့်ကို နာခံရမယ်…. နောက်ဆယ်နှစ် ကြာတဲ့အခါ ကျုပ်က ခင်ဗျားတို့ကို လွတ်လပ်ခွင့် ပေးမယ်….” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောသည်။ “နောက်ဆယ်နှစ် ကြာတဲ့အခါ ခင်ဗျားတို့က ဒီနေရာကတောင် ထွက်သွားချင်တော့မှာ မဟုတ်ဘူး…..”
ဆယ်နှစ် ကား သူကြီးထွားရန် လုံလောက်သော အချိန် ဖြစ်သည်။
“ကျုပ် သဘောတူတယ်…”
“ကျုပ်လည်း သဘောတူတယ်…” ဧကရာဇ်များ အားလုံးက မျက်နှာ မသာမယာနှင့် သဘောတူကြသည်။ ဆယ်နှစ် ကာလကား သိပ်ကြာမြင့်သည်တော့ မဟုတ်ပေ။ သူတို့က ထိုဆယ်နှစ် ကို နောင် ဖြစ်လာမည့် ပြဿနာနှင့် အလှဲအလှယ် သဘောမျိုး သဘောထား ရတော့မည် ဖြစ်သည်။
ဧကရာဇ်ရီနှင့် ကန်ယီနိုင်ငံမှ လူများ က အရာအားလုံးကို မြင်နေကြကာ သူတို့၏ စိတ်များ တည်ငြိမ် နေကြသည်။ ယခုအချိန်မှစ၍ ကန်ယီနိုင်ငံကား နယ်မြေတစ်ရာ ဒေသတွင် ကန်ယီ အင်ပါယာ ဖြစ်သွားပြီဟု ပြောရပေတော့မည် ။
***