Switch Mode

အပိုင်း (၂၁၈)

ဟုတ်တယ်မလား

ယခုတွင် ကား ကန်ယီနိုင်ငံ၏ စားပွဲက လွန်စွာ စည်ကား နေသည်ဟု ပြောရမည် ။ အရှေ့မြေရိုင်းဒေသမှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာကြကာ ဧကရာဇ်ရီက သူတို့ အားလုံးကို ကြိုဆိုနေသည်။

ကန်ယီနိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်များ ကား မှင်တက် နေကြသည်။ ယိချန်နှင့် ဟွာဖန်းလူတို့ပင်လျှင် စိတ်လှုပ်ရှား မိကြသည်။ ရီဖူရှင်းတို့က ရှေးဟောင်း မြေရိုင်းဒေသတွင် ဘာတွေ လုပ်ခဲ့ကြသနည်း။

“မင်းက ဒီကို ဘာလို့ လာတာလဲ….” ဂူဘိုင်ယွီ လျှောက်လာသည်ကို မြင်လျှင် ရီဖူရှင်းက မေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများ က သိသာ ထင်ရှားလှကာ လူတိုင်း၏ စိတ်အာရုံကို ယစ်မူးစေနိုင်အောင် ဆွဲဆောင်အား ပြင်းလှသည်။

“ငါက နင့်ကို ရှေးဟောင်း မြေရိုင်းဒေသမှာ အကြာကြီး ဂရုစိုက်ပေးခဲ့ပြီးတော့ အခု နင့်ကို တွေ့ဖို့ အဝေးကြီးက လာခဲ့တယ် … နင်က အရမ်း အေးစက်တာပဲ ….” ဂူဘိုင်ယွီက သနားစဖွယ် ဟန်ဖြင့် ပြောသည်။ သူတို့၏ အကြောင်းကို မသိသူများ က ထိုစာကားကို ကြားလျှင် ရီဖူရှင်းနှင့် သူမတို့၏ ဆက်ဆံရေး ကို သံသယ ဝင်ကြမည် ဖြစ်ပေသည်။ ကန်ယီနိုင်ငံမှ လူများ က ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်ကြသည်။ တချို့က လေးစား အားကျစွာ ကြည့်ကြသည်။ ဤသို့ နတ်သမီးအလား မိန်းကလေးက သူ့ကို အလွန် အလေးထားနေသည်။

“ဟုတ်တယ်… နင်က ဘာလို့ သူမကို ဘေးမှာ မခေါ်ထားတာလဲ….” ဟွာဂျီယူက ရီဖူရှင်းအား တိုးတိုးလေး ပြောသည်။ သူမက မနာလိုဟန် ရ၏ ။

“မ ဖြစ်နိုင်တာ… ဂျီယူ… မင်းငါ့ကို နားမလည်ဘူးလား….” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်။

“နားလည်လို့ ပြောနေတာပေါ့ ….” ဟွာဂျီယူက ခေါင်းငုံ့လျက် ပြောသည်။ ရီဖူရှင်း၏ မျက်နှာ မည် းသွားသည်။ ဂူဘိုင်ယွီကား သူ့ကို နာမည် ဖျက်နေသည်။

ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်သည်ကိုမြင်လျှင် ဂူဘိုင်ယွီက ပန်းများ ဖူးပွင့်သည့်အလား ချိုမြိန်စွာ ပြုံးလျက် ပြောသည်…. “ငါက သခင်လေးရီကို မှော ်ကလန်သို့ ဖိတ်ခေါ်ချင်တယ်… နင်က ဘယ်လို ဆန္ဒမျိုး ရှိနေပါစေ ငါ ဖြည့်ဆည်း ပေးနိုင်တယ်….”

ဟွာဂျီယူကား ရီဖူရှင်းကို ပြုံးလျက် ကြည့်နေဆဲ ဖြစ်သည်။ သို့ သော ် ရီဖူရှင်းကား မျက်လုံးပြူး သွားသည်။ သူက ထိုသို့ သော လူမဟုတ်ပေ။ လှပသော မိန်းကလေးများ က သူ့အတွက် ထိုမျှ အရေး မပါပေ။

“ကျေးဇူးပဲ… ဒါပေမဲ့ မ ဖြစ်နိုင်ဘူး ….” ရီဖူရှင်းက ငြင်းလိုက်သည်။

သူ၏ လေးနက်စွာ ငြင်းပယ်မှု ကို ကြားလျှင် ဟွာဂျီယူ၏ မျက်နှာက ပြုံးရောင် သန်း သွားသည်။

“သခင်လေးရီ … နင်က အရမ်း ရက်စက်တာပဲ ….” ဂူဘိုင်ယွီက မျက်နှာညှိုးငယ်စွာ ပြောသည်။ ထို့နောက် သူမက ယူချင်းဘက်ကို လှည့်ကာ ပြောသည်…. “နင်ကရော မှော ်ကလန်ကို မဝင်ချင်ဘူးလား ….”

ယိချိန်ချန်က လျင်မြန်စွာ လျှောက်လာကာ ယူချင်း၏ လက်ကို ဆုပ်ကိုင် လိုက်သည်။

“မဝင်ဘူး …” ယူချင်းက ပြောသည်။ ဂူဘိုင်ယွီက စိတ်မပျက်ပေ။ သူမက ယိချိန်ချန်အား ပြုံးလျက် ကြည့်လိုက်သည်။ သူမက မူလကတည်းက သိပ်မမျှော်လင့်ထားပေ။ ရီဖူရှင်းတို့က မည် သည့်ကလန်ကို ပူးပေါင်းမည် ကိုသာ သူမ သိလိုသည်။

“ဟွာဂျီယူ… မင်းက လစန္ဒာကလန်ကို ဝင်ဖို့ စိတ်ဝင်စားသလား….” အလွန်တရာ လှပသော မိန်းမပျို တစ်ယောက် က လှမ်းမေးသည်။

ဟွာဂျီယူက လှမ်းကြည့်လိုက်ကာ အတွေ းနက် နေသည်။

“လစန္ဒာကလန်က မိန်းမတွေ အတွက် အကောင်းဆုံး နေရာပဲ…. ငါတို့ရဲ့ နည်းစနစ် တွေ ကလည်း ထူးခြားတယ်… ကျောင်းတော် ကတောင် ဒီအပိုင်းမှာ ငါတို့ကို မမီဘူး …” လစန္ဒာကလန်မှ မိန်းမပျိုက ညင်သာ နူးညံ့စွာ ပြောသည်။

“လစန္ဒာကလန်က တကယ်ပဲ မိန်းကလေးတွေ အတွက် အကောင်းဆုံး နေရာပဲ….” လျိုဖေးယွန်က ဘေးမှ ပြောသည်။

အရှေ့မြေရိုင်း ဒေသတွင် ထိပ်သီးကလန် တစ်ခုအ ဖြစ် ရပ်တည်နိုင်ခြင်းက သူတို့၏ စွမ်းရည်များ ကို သိသာ ထင်ရှားစေသည်။ လစန္ဒာကလန်မှ မရေမတွက်နိုင်သော နာမည် ကျော် မိန်းမတန်ခိုးရှင်များ ရှိသည်။

ဟွာဂျီယူက ရီဖူရှင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ တွင် ဝေခွဲမရဟန်များ ရှိနေသည်။ သူမက အသာအယာ ခေါင်းငုံ့လိုက်၏ ။

ရီဖူရှင်းက ပြုံးလိုက်သည်။ ရီဖူရှင်းက သူမအား နားလည်စွာ ဖြင့် သူ၏ လက်ကို ဆန့်တန်းလျက် ဟွာဂျီယူ၏ ခေါင်းကို ပွတ်ကာ ပြောသည်… “မင်း ဘာကိုပဲ ရွေးပါစေ ငါထောက်ခံတယ်….”

ဟွာဂျီယူက ညင်သာစွာ ခေါင်းညိတ်ကာ လစန္ဒာကလန်မှ မိန်းမပျိုအား ကြည့်လိုက်သည်…. “ကျွန်မက လစန္ဒာကလန်မှာ လေ့ကျင့် လိုပါတယ်….” သူမက ရီဖူရှင်းနှင့် အတူ လေ့ကျင့်ချင် သော ်လည်း တန်ခိုးရှင် လောကတွင် မိမိတစ်ကိုယ်ရည် ခံစားချက်များ ကို ဦးစားပေးရန် အဆင်မပြေပေ။ သူတို့က ဒွန်ဟိုင်မြို့တွင် ဒုက္ခများ အား အတူတူ ရင်ဆိုင်လာကြရရာ မိမိကိုယ်ကို တိုးတက်ရန်မှာ အလွန် အရေး ကြီးသည်ကို သိကြသည်။ ထို့အပြင် ရီဖူရှင်းကား အလွန် ပါရမီမြင့်သည်။ ဂူဘိုင်ယွီကဲ့သို့ မိန်းကလေး များ ကလည်း ပိုမို၍ ပေါ်ပေါက် လာနိုင်သည်။ ရီဖူရှင်းက သူမအပေါ် သစ္စာရှိသည်ကို သိသော ်လည်း သူမကလည်း တိုးတက်လိုသည်။ သူမက ရီဖူရှင်း၏ ဘေးမှ မိန်းကလေးများ ထက် ပိုမို၍ ထူးချွန်လိုသည်။ ထိုနည်းဖြင့် သူကလည်း ဂုဏ်ယူရပေမည် ။

“ကောင်းပြီ….” မိန်းကလေးက ပြုံးလိုက်သည်။ သူမကလည်း ဟွာဂျီယူကို ကျောက်စိမ်းပြား တစ်ခု ပေးသည်။ ဆိုလိုသည်က သူမက ယခု အချိန်မှစ၍ လစန္ဒာကလန်၏ အဖွဲ့ဝင် ဖြစ်သွားပြီ ဖြစ်သည်။ ရီဝူချင်းကဲ့သို့ ပင် သူမကလည်း နှစ် သစ်ရောက်သည်နှင့် လစန္ဒာကလန်သို့ ထွက်ခွာရမည် ဖြစ်သည်။

လစန္ဒာကလန်က ထွက်ခွာသွားသည်။ ရီဝူချင်းနှင့် ဟွာဂျီယူတို့က ကလန်တစ်ခုစီ ရွေးချယ်ခဲ့ကြသည်။

“မင်းကလည်း သူတို့နဲ့ အတူတူ သွားတာပဲ… ဘာလို့ ဘယ်သူမှ မင်းအတွက် မလာကြတာလဲ….” လင်းယွီယို၏ အဖေက လူအုပ်နောက်တွင် သူ၏ သမီးအား မေးသည်။ သူတို့ကလည်း ကန်ယီနိုင်ငံ၏ အရေး ပါသော မိသားစု တစ်ခု ဖြစ်သည်။ သို့ သော ် ယခုကား သူက မနာလို ဖြစ်နေရ၏ ။

“သမီးက သူ့ရဲ့ ချစ်သူမှ မဟုတ်တာ….” ရီဖူရှင်းက ဟွာဂျီယူကို မည် သို့ သင်ကြား ပေးခဲ့သည်ကို လင်းယွီယိုက ပြန်စဉ်းစား မိကာ ပြောသည်။

“ဝင်မပါနဲ့….” သူမ၏ အဖေက သတိပေးသည်။ သူ၏ စကားက အနည်းငယ် ထူးဆန်းသည်။

သူ၏ သမီးက ကန်ယီနိုင်ငံ၏ နံပါတ်တစ် မိန်းမလှ ဖြစ်သော ်လည်း ရီဖူရှင်းကဲ့သို့ သော ပါရမီရှင်အား လိုက်မမီပေ။ ဟွာဂျီယူအား ဖယ်၍ မှော ်ကလန်မှ ဂူဘိုင်ယွီပင်လျှင် မည် သို့ မှ မတတ်နိုင်ပေ။

“ရီဖူရှင်း….” ထိုအချိန်တွင် ရထားလုံးနှင့် လာသော တန်ခိုးရှင်များ က ရီဖူရှင်းထံ လျှောက်လာကာ ပြောသည်… “ကျုပ်က မင်းနဲ့ ယူချင်းကို ဖိတ်ခေါ်မလို့ ချင်ပြည်ထောင်က လာတာ…. တကယ်လို့ မင်းသာ လက်ခံမယ်ဆိုရင် မင်းရဲ့ အဆင့်အတန်းက မင်းသား တစ်ပါးနဲ့ တူညီစေရမယ်…. ကံမကောင်းတာက မင်းမှာ ချစ်သူ ရှိနေပြီးသားပဲ… မဟုတ်ရင် ကျုပ်တို့က မင်းသမီး တစ်ပါးနဲ့ မင်းကို လက်ဆက် စေမယ်…..”

ရီဖူရှင်း၏ မျက်လုံးများ က ဝင်းလက် သွားသည်။ သူတို့၏ ကမ်းလှမ်းမှု က သိပ်မဆိုးပေ။

ဟွာဂျီယူက သူ့အား ပြုံးလျက် ကြည့်သည်။ သူက စိတ်ပါ သွားပြန်ပြီလား။

မှန်တာပေါ့… “တကယ်လို့ မင်းမှာ တခြား တောင်းဆိုမှု ရှိတယ် ဆိုရင်လည်း ပြောလို့ရတယ်…. ပြီးတော့ ချင်ပြည်ထောင်ကို ပူးပေါင်းရင် ကန့်သတ် ချုပ်ချယ်မှု တွေ ကို မင်းက စိတ်ပူစရာ မလိုဘူး….” ထိုလူက ပြောသည်။

အရှေ့မြေရိုင်း ဒေသမှ တန်ခိုးရှင်များ က နိုင်ငံများ ကို မပူးပေါင်း လိုသည်မှာ ကန့်သတ် ချုပ်ချယ်မှု များ ကြောင့် ဖြစ်သည်။ သူတို့က တောင်ဝင် မိသားစုများ နှင့် မည် သည့်အခါမှ တူညီမည် မဟုတ်ဘဲ နီးကပ်သော ဆက်ဆံရေး ကို တည်ဆောက်ရန် မှာ လည်း ခက်ခဲလှသည်။ သို့သော ် ထိုလူ၏ စကားအရ ထိုကန့်သတ် ချုပ်ချယ်မှု များ မရှိတော့ပေ။

ချင်ပြည်ထောင်ကား တစ်ချိန် တစ်ခါက အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်ခဲ့သည်။ သူတို့၏ ကျရှုံးမှု ကို သူတို့က အသည်းစွဲအောင် မှတ်သား ထားသည်။ သူတို့က မျိုးဆက်တိုင်းမှ ထွက်ပေါ်လာသော လူငယ် ပါရမီရှင်များ ကို ပြုစု ပျိုးထောင်ကာ နိုင်ငံကို အင်အား ကောင်းအောင် ပြန်လည် ကြိုးစား နေကြသည်။

“ဘာပဲ ဖြစ် ဖြစ် နိုင်ငံက နိုင်ငံပါပဲ…. သူက ဘယ်လို ဆက်ဆံမှု မျိုးကို ရရှိပါစေ သူက မျိုးရိုးနာမည် ချင် ဖြစ်လာမှာ မဟုတ်ဘူး….” တစ်စုံ တစ်ယောက် က ပြောသည်။ ချင်ပြည်ထောင်မှ တန်ခိုးရှင်က မျက်နှာ တင်းမာသွားကာ စကားပြောလိုက် သူကို ကြည့်လိုက်သည်။ ထိုလူကား ဒွန်ဟွာကလန်မှ ဖြစ်သည်။

“ရီဖူရှင်း…. ဒွန်ဟွာကလန်က အရှေ့မြေရိုင်း ဒေသမှာ နံပါတ်တစ် ကလန် ဖြစ်ဖို့ နီးစပ်နေပြီ…. နိုင်ငံနဲ့ မတူတာက တကယ်လို့ မင်းက ဒွန်ဟွာကလန်ကို ဝင်လာမယ်ဆိုရင် မင်းက ကလန်ရဲ့ အဓိက အဖွဲ့ဝင် ဖြစ်စေရမယ်…” ဒွန်ဟွာကလန်မှ လူက ဆက်ပြောသည်… “ရှေးဟောင်း မြေရိုင်းဒေသမှာ ငါတို့ရဲ့ ဂျူနီယာ တစ်ယောက် က မင်းကို မလေးမစား လုပ်ခဲ့တယ်… ဒါပေမဲ့ မင်းတို့ လူငယ်မျိုးဆက်က အငြင်းပွားစရာတွေ ကို စိတ်ထဲမထားဘူး ဟုတ်တယ်မလား… မင်းက သူတို့ကို အနိုင်ယူဖို့ပဲ အာရုံစိုက်သင့်တယ်….”

ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ ကျောင်းတောင်မှ တန့်ယွီအား အမှန်တကယ် ကျောင်းတော် ကို ကိုယ်စားပြုနိုင်သလော ရီဖူရှင်းက မေးခဲ့သည်။ ဟွာချိန်ချဲကလည်း ထိုနည်းတူ ဖြစ်သည်။ သူက ဒွန်ဟွာကလန်အား ကိုယ်စား မပြုရာ သူက စိတ်ထဲ မထားပေ။

ဒွန်ဟွာကလန်၏ စကားများ က ကျိုးကြောင်း ဆီလျော်သည်။

“မှန်တာပေါ့… မင်းက လိုချင်တဲ့ဟာ ရှိရင်လည်း တောင်းဆိုလို့ ရတယ်….” ထိုလူက ပြောသည်။

“နံပါတ်တစ်ကလန်…. မင်းတို့ရဲ့ အင်အားက လိုနေသေးတယ်….” ချင်ပြည်ထောင်မှ တန်ခိုးရှင်က သရော်လိုက်သည်။

“ကျုပ်တို့က အနည်းဆုံးတော့ ရီဖူရှင်းနဲ့ ယူချင်းတို့အတွက် သင့်တော် တယ်….” ဒွန်ဟွာကလန်မှ လူက ရယ်မောလျက် ပြောသည်။

ထိပ်သီး အင်အားနှစ် ခု ယှဉ်ပြိုင် နေကြသည်ကို လူတိုင်းက ကြည့်နေကြသည်။ ရီဖူရှင်းက ကျောင်းတော် ၊ ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့ သုံးခုထဲမှ တစ်ခုကို ရွေးချယ်မည် ကို လူတိုင်းက သိကြသည်။

တခြား အုပ်စုများ ကလည်း ဤသည်ကို နားလည်သည်။ သူတို့က အခြေအနေကို လာရောက် ကြည့်ရှုရုံမျှသာ ဖြစ်သည်။

“ငြင်းမနေနဲ့တော့….” အသံတစ်သံ ထွက်လာသည်။ လူတိုင်းက မျက်မှော င်ကုတ် သွား၏ ။ နောက်ထပ် အသံတစ်ခု ထွက်လာသည်…. “မင်းတို့ ဘယ်လိုပဲ ငြင်းပါစေ သူက မင်းတို့နဲ့ လိုက်မှာ မဟုတ်ဘူး…..”

“အဓိပ္ပာယ်မရှိတာ….”

“မင်း ဘယ်သူလဲ…”

ဒွန်ဟွာ ကလန်နှင့် ချင်ပြည်ထောင်မှ လူများ က အသံလာရာကို ကြည့်လိုက်ကြသည်။ ထိုနေရာမှ လူ တစ်ယောက် လျှောက်လာသည်။ သူကား စာပေသမား လူငယ် တစ်ယောက် သာ ဖြစ်သည်။ သူကား မြန်လည်း မမြန် နှေးလည်း မနှေးဘဲ အေးဆေးစွာ လျှောက်လာသည်။ မည် သို့ မှ ကြေညာ မောင်းခတ်ခြင်း မရှိဘဲ သူကား လူတိုင်း၏ မျက်လုံး အောက်ကို ရောက်လာသည်။

တခြား အင်အားစုများ အားလုံးက သူ့အား ကြည့်လိုက် ကြသည်။ တချို့က သူ့အား သိကြကာ တချို့က သူ့အား တစ်ခါမှ မမြင်ဖူးကြပေ။ သူ့အား သိကြသော သူများ အားလုံးက သူရောက်ရှိ လာခြင်းအား အံ့အားသင့် နေပုံရသည်။

“သူက ကျုပ်နဲ့လိုက်မှာ မလို့ပဲ …” စာပေသမား လူငယ်က အေးဆေးစွာ ပြောသည်။ သူ၏ စကားပြောဟန်က သူရောက်လာသည်နှင့် အရာအားလုံးက ဆုံးဖြတ်ပြီး သွားသကဲ့သို့ သက်ရောက် နေသည်။

မည် မျှ မောက်မာလိုက်သနည်း။ သူ့အား မသိသူများ က တွေ းလိုက်ကြသည်။ သူက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်ကို မည် သို့ အထင်သေးရဲ ရသနည်း။

သူက ကျောင်းတော် မှ ဖြစ်သည့်တိုင် သူက ထိုမျှ မောက်မာ ရသလော။

“သူက ကျောင်းတော် က ပဲလား….” ဂူဘိုင်ယွီက သူမ၏ ကလန်မှ နိုဘယ် တစ်ယောက် ကို မေးလိုက်သည်။ ထိုနိုဘယ်၏ အမူအရာက အနည်းငယ် ပြောင်းသွား သည်။

“ဟုတ်တယ်….” သူက ခေါင်းညိတ် လိုက်သည်။ ဂူဘိုင်ယွီ၏ အထင်ကား မှန်ကန်သည်။

ထိုစာပေသမားကား အမှန်ပင် ကျောင်းတော် မှ ဖြစ်သည်။ သူက လျှောက်လာလျှင် ရီဖူရှင်း၏ အနီးသို့ ရောက်လာသည်။ သူတွေ းထင် ထားသလိုပင် ရီဖူရှင်းကား အလွန် ဆွဲဆောင်အား ကောင်းသည်။

ရီဖူရှင်းက လူတိုင်း၏ အမူအရာကို သတိထားမိသည်။ မှန်သည်… ထိုစာပေသမား ရောက်လာသော အခါ လူတိုင်းက တိတ်ဆိတ် သွားသည်။ ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့မှ တန်ခိုးရှင်များ ၏ ပုံဟန်များ ကလည်း သိပ်ကောင်းမွန်သည့် ပုံစံ မရှိတော့ပေ။ အခြေအနေက ထူးဆန်းနေသည်။

“ခင်ဗျားက ကျောင်းတော် ကလား….” ရီဖူရှင်းက မေးလိုက်သည်။

“ဟုတ်လည်း ဟုတ်တယ်…. မဟုတ်လည်း မဟုတ်ဘူး….” စာပေသမား လူငယ်က ခေါင်းယမ်းကာ ပြောသည်။

ရီဖူရှင်းက နားမလည်ပေ။

“စီနီယာ… ကျုပ်က ခင်ဗျားနဲ့ လိုက်ရမယ်လို့ ဘာလို့ သေချာနေတာလဲ….” ရီဖူရှင်းက စိတ်ဝင် စားသော ကြောင့် မေးလိုက်သည်။ ဤလူငယ်ကား သူ့ထက် ပိုမို မောက်မာပုံ ရသည်။

သူ၏ စကားကို ကြားလျှင် စာပေသမားက ရယ်မော လိုက်သည်။ သူ၏ ရယ်မောသံက ညင်သာသော ်လည်း သူထုတ်ပြော လိုက်သော စကားကား ညင်သာခြင်း မရှိပေ…. “ငါ ဒီမှာ ရှိနေမှတော့ မင်းကို ဘယ်သူ ခေါ်သွားရဲပါ့မလဲ….” သူက ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်မှ လူများ ကို ကြည့်ကာ ပြောသည်…. “ဟုတ်တယ်မလား….”

***

Comment

Leave a Reply

Options

not work with dark mode
Reset