Switch Mode

အပိုင်း (၂၁၇)

နှိမ့်ချလျက် ပြောဆိုခြင်း

တော် ဝင် ချန်ကျောင်းတော် မှ တန်ခိုးရှင်များ က လျိုဂျန်လန်နှင့် တခြား လူများ ကို ကန်ယီနိုင်ငံတွင် တွေ့ဆုံသော အခါ ပထမဆုံး သူတို့ တွေ းမိသည်က သူတို့က ဧကရာဇ်ရီနှင့် ရင်းနှီး ခင်မင်သည် ဟူ၍   ဖြစ်၏ ။ ပြောကြသည်မှာ လျိုဂျန်လန်က နယ်မြေတစ်ရာ ဒေသမှ ဧကရာဇ်တစ်ပါး၏ သားတော် ဖြစ်သည်။ ထို့ကြောင့် သူတို့အား ရီဖူရှင်းတို့နှင့် ရင်းနှီးသလား မေးကြည့်ခြင်း ဖြစ်သည်။ သို့ သော ် လျိုဂျန်လန်၏ အမူအရာကို မြင်လျှင် သူတို့က အံ့အားသင့် သွားကြသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ခု လွဲနေလေပြီ။

လျိုဂျန်လန်က သူ၏ ရှေ့မှ နိုဘယ်အဆင့် တန်ခိုးရှင်ကို ကြည့်လိုက်သည်။ သူက မည် သို့ ပြောရမည် မသိပေ။ သူက ဤနေရာသို့ ရီဖူရှင်းကို သတ်ရန် ရောက်လာသည်ဟု သူပြော၍ မရပေ။

ဟာစီရိုကလည်း သူမ၏ မျက်နှာပေါ်တွင် မည် သို့ မှ မတတ်နိုင်သော အမူအရာများ   ဖြစ်ပေါ်နေကာ မဟန်နိုင်ဘဲ မေးလိုက်သည်…. “ရီဖူရှင်းနဲ့ ယူချင်းက ဘာတွေ လုပ်ခဲ့တာလဲ … အရှေ့မြေရိုင်း ဒေသက ထိပ်သီး အင်အားတွေ က ဒီကို ဘာလို့ ရောက်လာကြတာလဲ…”

နိုဘယ် တစ်ယောက် က ဟာစီရိုအား ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ကျောင်းတော်  ကျောင်းအုပ်၏ လူများ ဖြစ်ကြကာ နိုဘယ်များ   ဖြစ်သည်။ ထို့ကြောင့် သူမက ပဉ္စမမြောက် သခင်၏ သမီး ဖြစ်သော ်လည်း သူမအား အထူးတလည် လေးစားနေစရာ မလိုပေ။

“ရီဖူရှင်းနဲ့ ယူချင်းတို့တွေ က အဆင့်မြင့် ကံစွမ်းအားကို ပိုင်ဆိုင်တယ်… ယူချင်းက မှန်တောင်ကုန်းမှာ နိုဘယ်ပုံရိပ်လေးခု ပေါ်လာအောင် လုပ်နိုင်တယ်…. ရီဖူရှင်းက မှန်နံရံက အလင်းကို ယူသွားတယ်…” နိုဘယ်က ပြန်ဖြေသည်။ ဟာစီရို၏ ရင်ဘတ်များ တုန်ခါသွားကာ သူမ၏ မျက်နှာက ပြာနှမ်းသွားသည်။ လျိုဂျန်လန်ကလည်း ထိုနည်းတူ ခံစားနေရသည်။

သူတို့က တော် ဝင် ချန်ကျောင်းတော် ၏ တပည့်များ   ဖြစ်ကြရာ ရှေးဟောင်းမြေရိုင်း ဒေသမှ မှန်တောင်ကုန်းနှင့် ပတ်သက်၍ သိကြသည်။ နိုဘယ်ပုံရိပ် လေးခု။ ထိုအရာကား အရှေ့မြေရိုင်း ဒေသမှ အတော် ဆုံး ဆိုသော တပည့်များ ကသာ စွမ်းဆောင်နိုင်သော အရာ ဖြစ်သည်။

ယူချင်းက ထိုအရာကို လုပ်ခဲ့သည်။

ရီဖူရှင်းက မှန်တောင်ကုန်းမှ အလင်းကို ယူဆောင် သွားသည်ဟုလည်း ထိုနိုဘယ်က ပြောသည်။ သူတို့က ထိုမျှစွမ်းသည်လား။ အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့များ က သူတို့ နှစ် ယောက် အား ခေါ်ရန် အလုအယက် ရောက်ရှိလာကြသည်။

“ဘာလဲ….” နိုဘယ်က ဆက်၍ မေးလိုက်သည်။ ဟာစီရိုနှင့် လျိုဂျန်လန်တို့၏ အမူအရာက ပုံမှန် မဟုတ်သည်ကို သူ သတိထားမိသည်။

နိုဘယ်က ဆက်လက်၍ မေးသည်တွင် ထိုစုံတွဲ က ဆက်လက်၍ ပါးစပ်ပိတ်ထားသည်။ သူတို့၏ နောက်မှ ဧကရာဇ်လျို၊ ယွန်ချူဧကရာဇ်နှင့် တခြားလူများ ကား ကျောက်ရုပ်များ ဖြစ်နေလေပြီ။ အထူးသဖြင့် ဧကရာဇ်ချူနှင့် တခြား ဧကရာဇ်များ ကား အလွန်အမင်း ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ မူလက သူတို့ တွေ းထင်ခဲ့သည်က ရီဖူရှင်းနှင့် ရန်သူ ဖြစ်ရသည့်တိုင် သူတို့က တော် ဝင် ချန်ကျောင်းတော် ၏ အထောက်အပံ့ရခြင်းက သူတို့အတွက် ကောင်းမွန်သော အရာဟု ထင်မှတ်ခဲ့ကြသည်။ ကြည့်ရသည်မှာ လျိုဖေးယွန် ပြောသည်မှာ မှန်ကန်ပေသည်။ ဟာစီရိုက တော် ဝင် ချန်ကျောင်းတော် ကို အမှန်တကယ် ကိုယ်စားပြု နိုင်ပါသည်လော။

ရီဖူရှင်းနှင့် ယူချင်းတို့က လျိုနိုင်ငံကို မဝင်ရောက်ရ သေးသည်မှာ ထင်ရှားသွားပြီ ဖြစ်သည်။ လျိုဖေးယွန်က ရီဖူရှင်းတို့ကို လိုက်ပါ ပို့ဆောင်ရုံမျှသာ ဖြစ်သည်။ ယခု များ စွာ သော ထိပ်သီး အင်အားစုများ က သူတို့အတွက် ရောက်လာကြသည်။

အရာအားလုံး ပြီးဆုံးသွားပြီ။ လူတိုင်းက တူညီစွာ တွေ းလိုက်ကြသည်။ သူတို့က နိုဘယ်အဆင့် တန်ခိုးရှင်များ ဖြစ်ကြရာ ယနေ့တွင် ဖြစ်ပျက်သမျှများ ကို နားလည် လိုက်ကြသည်။ ယခု လူတိုင်းက အပြိုင်အဆိုင် လုယက်နေကြသော လူငယ်လေးများ က နောင်တွင် နိုဘယ်တန်ခိုးရှင် ဖြစ်လာမည် ကို သံသယဝင်နေစရာ မလိုတော့ပေ။ ထို့အပြင် တစ်ယောက် တည်းလည်း မဟုတ်ပေ။ ပါရမီရှင်က လေးယောက် ဖြစ်သည်။

အနာဂတ်တွင် ကန်ယီနိုင်ငံတွင် နိုဘယ် တန်ခိုးရှင်များ စွာ ပေါ်ထွက် လာတော့မည် ဖြစ်သည်။ သူတို့ အားလုံးက အရှေ့မြေရိုင်းဒေသမှ ထပ်သီး အင်အားစုများ ၏ နိုဘယ် တန်ခိုးရှင်များ ဖြစ်လာကြမည် ဖြစ်သည်။ ထိုဧကရာဇ်များ က ယခုတွင် ထွက်ပြေး လွတ်မြောက် နိုင်သည့်တိုင် နောင်တွင် ပြေး၍ လွတ်မြောက် နိုင်ပါဦးမည် လော။

” တော် ဝင် ချန်ကျောင်းတော် သခင်ရဲ့ သမီးနဲ့ သူမရဲ့ လူတွေ က ဒီနေ့မှာ ရီဖူရှင်းကို သတ်ဖို့ ဝန်းရံခဲ့ကြတယ်…. ကျုပ်တို့က ဘယ်လိုလုပ် တော် ဝင် ချန်ကျောင်းတော် ရဲ့ တွေ့ဆုံခွင့် တောင်းမှု ကို ခံယူရဲပါ့မလဲ….” နန်းတော် ထဲမှ အသံတစ်သံ ထွက်လာသည်။ သူကား ဧကရာဇ်ရီ ဖြစ်သည်။ ဟာစီရိုနှင့် လျိုဂျန်လန်တို့၏ အမူအရာများ ကို မြင်ကာ တော် ဝင် ချန်ကျောင်းတော် မှ နိုဘယ်များ က တစ်စုံတစ်ခု လွဲမှာ းနေပြီကို သိရှိပြီး ဖြစ်သည်။  ယခု ဧကရာဇ်ရီ၏ စကားကို ကြားလျှင် သူတို့၏ အမူအရာများ ပျက်ယွင်း သွားကြသည်။

ရီဖူရှင်းနှင့် ယူချင်းကို ရရှိရန် တော် ဝင် ချန်ကျောင်းတော် ၏ အခွင့်အရေး မှာ ကား မူလကတည်းက နည်းပါးသည်။ သို့ သော ်လည်း သူတို့က ကြိုးစား ကြည့်လိုသေးသည်။ ထို့ကြောင့် သူတို့က ဤခရီးကို နှင်လာကြခြင်း ဖြစ်သည်။ ယခုတွင် ကား ဟာစီရိုက ရီဖူရှင်းကို သတ်ရန် ကြိုးစားနေသည်။ ရီဖူရှင်းတို့ကို မည် သို့ ခေါ်၍ ရတော့မည် နည်း။

နိုဘယ် အများ အပြားက ဟာစီရိုနှင့် လျိုဂျန်လန်တို့ကို  ကြည့်လိုက်သည်။ နိုဘယ် တစ်ယောက် က လျိုဂျန်လန်ကို ကြည့်ကာ မေးသည်… “ဒါက မင်းကြောင့်မလား….”

ဟာစီရိုကား အရှေ့မြေရိုင်းမှ တစ်ခါမှ ထွက်ခွာဖူးခြင်း မရှိပေ။ သူမက ရီဖူရှင်းနှင့် ရန်စရှိရန် မ ဖြစ်နိုင်ပေ။ သူတို့က တစ်ယောက် နှင့် တစ်ယောက် ပင် သိမည် မဟုတ်ပေ။

လျိုဂျန်လန်ကား နယ်မြေတစ်ရာ ဒေသမှ ဖြစ်သည်။ ဟာစီရိုက သူနှင့်အတူ လာကာ ရီဖူရှင်းကို သတ်ရန် ကြိုးစားသည်။ လျိုဂျန်လန်က သူမအား အသုံးချနေသည်မှာ သိသာသည်။

လျိုဂျန်လန်ကား အလွန်အမင်း တုန်လှုပ်နေပြီ ဖြစ်သည်။ သူက ပဉ္စမသခင်၏ တပည့် ဖြစ်သော ်လည်း ကျောင်းတော် ခေါင်းဆောင်၏ လက်အောက်မှ စွမ်းအားမြင့် နိုဘယ်များ ကို ပြန်လည် ပြောဆိုရဲခြင်း မရှိပေ။

“ဒါက သူနဲ့ မဆိုင်ဘူး…. ကျွန်မရဲ့ ဆုံးဖြတ်ချက် သက်သက်ပဲ….” ဟာစီရိုက ပြောသည်။

နိုဘယ်က ဟာစီရိုအား အေးစက်စွာ ကြည့်လိုက်သည်။ တန်ခိုးရှင် လောကတွင် ယောက် ျားများ က မိန်းမများ ထက် မွေးရာပါ အားသာချက် ရှိပေသည်။ အဘယ်ကြောင့် ဆိုသော ် ယောကျ်ားများ က စိတ်ပိုင်းဆိုင်ရာ ပိုမိုသန်မာကာ တွေ းခေါ် မြော်မြင်နိုင်စွမ်း မြင့်သည်။ တခြားတစ်ဖက်တွင် မိန်းမများ ကား စိတ်ခံစားချက်ကို အလိုလိုက်ကာ ဆုံးဖြတ်တတ်သည်။ ဟာစီရိုက လျိုဂျန်လန် အပေါ်တွင် လွန်ကဲစွာ ချစ်ခင် နှစ်သက် နေပြီ ဖြစ်သည်မှာ ထင်ရှားသည်။ ဟာစီရိုက လျိုဂျန်လန်က သူမအား အသုံးချနေမှန်း သိသည့်တိုင် သူ့အား ချစ်ခင်နေရာ ထိုအရာများ ကို အပြစ်မြင်မည် မဟုတ်ပေ။

သို့ သော ် သူတို့က သူမအား တစ်ခုမှ လုပ်၍ မရပေ။ သူမကား ပဉ္စမမြောက်သခင်၏ သမီး ဖြစ်သည်။

“မင်းရဲ့ အဖေကို မင်းက ကိုယ်တိုင် အစီရင် ခံသင့်တယ်….” နိုဘယ် တစ်ယောက် က ပြောသည်။ သူက ပြောစရာ ရှိသည်ကို ပြောပြီးသည်နှင့် တခြားလူများ ကို ဦးဆောင်ကာ ပြန်လည် ထွက်ခွာ သွားသည်။ သူတို့၏ အခွင့်အရေး ကား မူလကတည်းက နည်းပါးသည်။ ယခု ဟာစီရိုနှင့် လျိုဂျန်လန်က ရီဖူရှင်းအား သတ်ရန် ကြိုးစားနေသည်။ သူတို့က ဤနေရာတွင် ဆက်နေလျှင်လည်း အပိုသာ ဖြစ်ပေသည်။

“စီရို….” လျိုဂျန်လန်က သူမအား ခေါ်လိုက်သည်။ သူမကား သူ့ရှေ့မှ ရပ်တည်ပေးသော သန်မာသော မိန်းကလေးနှင့် မတူတော့ပေ။ ဟာစီရိုကား တည်ငြိမ်အောင် ဟန်ဆောင်ထားသော သိမ်မွေ့သော မိန်းကလေး တစ်ေယောက် သာ ဖြစ်သည်… “ဘာမှ မ ဖြစ်ဘူး…. ပြန်ကြရအောင်….”

“ကောင်းပြီ….” ဤနေရာတွင် ဆက်နေလျှင်လည်း ထူးခြားမည် မဟုတ်ပေ။ သူက ဘာလုပ်ရမည် နည်း။ ဧကရာဇ်ရီအား ဖိအားပေးမည် လော။ ယခုတွင် မည် သူက မည် သူ့ကို ဖိအား ပေးနေသနည်း။

ထိပ်သီး အင်အားစုများ က ဆက်လက်၍ ရောက်ရှိနေကြသည်။ ယနေ့ ရောက်ရှိ လာသမျှသော အဖွဲ့အစည်းတိုင်းက သူတို့အား ဖိအား ဝင်စေသည်။

“မိန်းကလေးဟာ…. မိန်းကလေးက ကျုပ်တို့ကို ပေးထားတဲ့ကတိကို ဘယ်လိုလုပ်မလဲ….” ဧကရာဇ်ချူနှင့် တခြားလူများ က ထွက်သွားမည် ပြုနေသော ဟာစီရိုအား လှမ်းမေး လိုက်ကြသည်။

“ရှင်တို့က ကိုယ့်ဘာသာ ဂရုစိုက်ကြတော့….” ဟာစီရိုက ပြောသည်။ သူမက သူမ၏ အဖေအား ပြန်လည် အစီရင်ခံ ရမည် ဖြစ်သည်။ သူမက တခြားလူများ ကို မည် သို့ ခေါ်သွား၍ အဆင်ပြေမည် နည်း။

သူတို့အားလုံး မျက်နှာပျက် သွားကြသည်။ သူတို့အားလုံး နောင်တ ရနေကြသည်။ ယခု အမှန်တကယ် အဆုံးသတ်ပြီလား။

ထိုခွေးမ…။ သူမကား သူမပြောထားသော စကားများ ကို ပြန်ရုပ်သိမ်းနေသည်။ သူတို့က ဧကရာဇ်လျိုနှင့်အတူ ဧကရာဇ်ရီကို ခြိမ်းခြောက်ရန် အဘယ်ကြောင့် လာခဲ့ကြသနည်း။ သူတို့က ရီဖူရှင်း၏ မိသားစုကို အဘယ်ကြောင့် သတ်ရန် ကြိုးစားခဲ့ ကြသနည်း။

သူတို့အားလုံးက ဧကရာဇ်လျိုအား ဒေါသတကြီး ကြည့်လိုက်ကြသည်။

သူကား ယခုအချိန်တွင် မှင်တက်နေပြီ ဖြစ်သည်။ ဧကရာဇ်ရီကား မူလကလို အရှိန်အဝါကြီးသော ဟန်ပန် မရှိတော့ပေ။ သူကား တစ်ချိန်တစ်ခါက ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ကံကြမ္မာက ကောင်းကင်က ဆုံးဖြတ်သည် မဟုတ်ဘဲ သူက ဆုံးဖြတ်သည်ဟု ထိုကြီးမားသော စကားမျိုးကို ပြောခဲ့သည်။ ယခု နန်ဒူနိုင်ငံက ရီဖူရှင်း၏ ကံကြမ္မာအား အမှန်တကယ် ဆုံးဖြတ်နိုင်ဦး မည် လော။

အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ သူကား ပြင်ဆင်ထားခြင်း မရှိပေ။ တစ်နှစ် မျှသာ ရှိသေးသည်။ တစ်နှစ် ကာလက အိပ်မက် တစ်ခုလိုပင်။

သူက ထပ်သီး အင်အားစုများ က အလုအယက် လိုချင်သော ပါရမီရှင် ဖြစ်သည့်တိုင် သူကား ယခုထက်ထိ လူငယ်မျှသာ ရှိသေးသည်။ သူ၏ စွမ်းအားကလည်း သိပ်မမြင့်သေးပေ။ သူကား သတ်လို့ ရနိုင်သေးသည်။ ဧကရာဇ်လျိုက ထိုသို့ တွေ းလိုက်ကာ စိတ်အနည်းငယ် အေးသွားသည်။ ရီဖူရှင်း သေဆုံးသွားလျှင် အရာအားလုံး အဆုံးသတ် သွားမည် ဖြစ်သည်။

“အခြေအနေက ဒီအထိ ရောက်လာမှတော့ ခင်ဗျားတို့က ကျုပ်ရဲ့ နန်ဒူနိုင်ငံကို လိုက်လာရင် ဘယ်လိုလဲ…. နောက်ပိုင်း ကျုပ်တို့က ဘယ်လို ဖြေရှင်းမလဲ စဉ်းစားကြတာပေါ့….” ဧကရာဇ်လျိုက ပြောသည်။

“မင်းက ကျုပ်တို့ကို အခုထိ ဒီအထဲကို ဆွဲသွင်းချင် နေတုန်းလား…..” ဧကရာဇ်ချူက ဒေါသတကြီး ပြောသည်။ သူတို့တွင် လွတ်မြောက်ရာ လမ်းရှိသေးသည်။ သူတို့က ရီဖူရှင်း၏ မိသားစုကို အမှန်တကယ်အားဖြင့် မထိရသေးပေ။ ရီဖူရှင်းက သူတို့အား ခွင့်လွှတ်ရန် အခွင့်အရေး ရှိသေးသည်။ သို့ သော ် ယခုအချိန်တွင် သူတို့က ဧကရာဇ်လျိုနှင့် အတူ ထွက် သွားပါက အရာအားလုံး အမှန်တကယ် ပြီးဆုံးသွားတော့မည် ဖြစ်သည်။

ဧကရာဇ်လျိုက တခြား ဧကရာဇ်များ ကို ကြည့်လိုက်သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့ကာ ထိုနေရာမှ ထွက်သွားသည်။ သူထွက်သွားပြီးလျှင် ဧကရာဇ်ချူက တခြား ဧကရာဇ်များ ကို ကြည့်ကာ ပြောသည်… “အခု ဘာလုပ်ကြမလဲ….”

သူတို့၏ မျက်နှာများ က သိပ်မကောင်းကြပေ။ ကန်ယီနိုင်ငံမှ လူ တစ်ယောက် တည်းက အင်အားကြီး အဖွဲ့အစည်း တစ်ခုတည်းကို ပူးပေါင်းခဲ့ပါက ဤမျှ အခြေအနေ ဆိုးမည် မဟုတ်ပေ။ ယခုကား အရာအားလုံးက ထိတ်လန့်ဖွယ် ကောင်းလှသည်။ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများ အားလုံးက ဤနေရာကို ရောက်ရှိ လာကြသည်။ အကယ်၍ ဧကရာဇ်များ က အခြေအနေကို ဖြေရှင်းရန် နည်းလမ်းမရှိပါက သူတို့၏ အခြေအနေက ကောင်းမွန်မည် မဟုတ်ပေ။

သူတို့က မိမိတို့၏ နိုင်ငံမှ ထွက်ပြေးလျှင်ပြေး မဟုတ်လျှင် ရီဖူရှင်းနှင့် တခြားလူများ လက်စားချေရန် လာသည်ကို စောင့်ရမည် ဖြစ်သည်။

မှန်သည်… တခြား ရွေးချယ်စရာ တစ်ခုရှိသေးသည်။ ထိုနည်းကား ဧကရာဇ်လျိုနှင့်အတူ လိုက်ပါသွားကာ သူနှင့်အတူ ရီဖူရှင်းအား သတ်ရန် နည်းလမ်းရှာခြင်းပင်။ သို့ သော ် ထိုအရာကား အလွန် အန္တရာယ် များ လှသည်။ အကယ်၍ သူတို့က တစ်ခုခု မှာ းယွင်းခဲ့လျှင် သူတို့အားလုံး သေရမည် မှာ သေချာလှသည်။ တခြား ဧကရာဇ်များ က ဧကရာဇ်လျိုနှင့် မတူပေ။ ဧကရာဇ်လျိုမူကား ရီဖူရှင်းနှင့် ရန်ငြိုးက နက်ရှိုင်းစွာ ဖြစ်ပေါ်နေပြီး ဖြစ်ကာ နောက်ပြန်လှည့်ရန် မ ဖြစ်နိုင်တော့ပေ။

“ကျုပ်တို့က တောင်းပန်မယ်….” ယန်နိုင်ငံက လူက ပြောသည်။ ဧကရာဇ်တစ်ပါး အနေဖြင့် လူငယ် တစ်ယောက် ကို တောင်းပန်ရမည် မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သော ်လည်း ယခုတွင် ကား ထိုတစ်နည်းသာ ရှိသည်။

ဧကရာဇ် အများ အပြားက သက်ပြင်း ချလိုက်ကြသည်။ ဤနည်းသာ အကောင်းဆုံး ဖြစ်ပေသည်။ သူတို့အားလုံးက ကန်ယီနန်းတော် ထဲကို လှမ်းသွား လိုက်ကြသည်။ နန်းတွင် း သက်တော် စောင့်များ က သူတို့အား အေးစက်စွာ ကြည့်ကြသည်။

“သတင်းပို့ပေးပါ… ကျုပ်တို့က ဧကရာဇ်ရီနဲ့ ရီဖူရှင်းကို တွေ့ချင်တယ်….”

အစောင့်က နှခေါင်းရှုံ့ကာ ပြောသည်…. “သခင်လေးရီက ခင်ဗျားတို့ကို ဖြေရှင်းချက် တောင်းတုန်းက ဂရုမစိုက်ခဲ့ဘူး…. အခု ခင်ဗျားတို့က သခင်လေးရီကို တွေ့ချင်တယ်… သူက ခင်ဗျားတို့ တွေ့ချင်တိုင်း တွေ့လို့ရတဲ့လူ မဟုတ်ဘူး….”

“မင်း…” ဧကရာဇ်ချူကား အနည်းငယ် ရှက်သွားသည်။ အစောင့် တစ်ယောက် က သူ့အား အရှက်ခွဲရဲသည်။

“ကျုပ်က ဘာလဲ….” ထိုအစောင့်ကား ကြီးမားကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသည်။ သူက မျက်လုံးများ ပြူးကျယ်စွာ ဧကရာဇ်ချူကို အေးစက်စွာ ကြည့်သည်။ သူက အရှိန်အဝါ ကြီးသည့်ဟန်ဖြင့် သူ့ကို လာပြောနေသည်။ အခြေအနေများ ကား မတူတော့ပေ။

“ကျုပ်တို့က တကယ်စိတ်ရင်းနဲ့ တောင်းပန်ချင်လို့ပါ…. ကျုပ်တို့ရဲ့ စကားကို ကျေးဇူးပြုလို့ သတင်းပို့ပေးပါ….” ဧကရာဇ်ချူက လက်နှစ် ဖက်ကို ရှေ့တွင် ဆုပ်ကိုင်လျက် ခါးအနည်းငယ် ကိုင်းကာ လေးစားစွာ ပြောသည်။ သူ မည် သို့ မှ မတတ်နိုင်တော့။

“ဒီမှာ စောင့်နေ….” အစောင့်က ပြောသည်။ သူက ဂုဏ်ယူသော ပုံဟန် ရှိနေသည်။ သူက ဧကရာဇ်တစ်ပါး ဆိုလျှင်ကော မည် သည့် အရေး နည်း။ သူက ဧကရာဇ်တစ်ပါး ဖြစ်သည့်တိုင် သူ့ရှေ့တွင် ခေါင်းငုံ့ရသည်သာ မဟုတ်ပါလော။ သူက အလွန် ကောင်းမွန်သော ခံစားချက်ကို ရသည်။

သို့ သော ် ထိုအရာများ က ရီဖူရှင်းကြောင့် ဖြစ်သည်ကို အစောင့်က ရှင်းလင်းစွာ သိသည်။ မဟုတ်လျှင် ကန်ယီနိုင်ငံက အန္တရာယ်ရှိသော အခြေအနေနှင့် ကြံရမည် ဖြစ်သည်။ သို့ သော ် ယခုတွင် ကား ကန်ယီနိုင်ငံ၏ အဆင့်အတန်းက ယခင်နှင့် တူညီတော့မည် မဟုတ်တော့ပေ။ တခြားနိုင်ငံများ က ကန်ယီနိုင်ငံကို မည် သို့ မှ နှိုင်းယှဉ်၍ ရတော့မည် မဟုတ်တော့ပေ။

အဝေးမှ လူအုပ်ကြီးက ဧကရာဇ်များ နှင့် အစောင့်တို့၏ စကားများ ကို ကြားကြရကာ ထိတ်လန့် အံ့အားသင့်ရသည်။ လူ တစ်ယောက် အောင်မြင်လျှင် သူ့ဘေးမှ လူများ လည်း အကျိုးခံစားခွင့် ရပေသည်။ လျိုဂျန်လန်ကား အကောင်းဆုံး ဥပမာ ဖြစ်သည်။ ယခု ကန်ယီနိုင်ငံတွင် ကား ပါရမီရှင်က တစ်ယောက် တည်း မဟုတ်ပေ။ အင်အားကြီး အဖွဲ့အစည်းများ ကို ဝင်ရောက်မည့် ပါရမီရှင် လေးယောက် မျှပင် ရှိနေသည်။ ထိုအထဲတွင် သုံးယောက် က မူလက နန်ဒူနိုင်ငံက ဖြစ်နေသည်။ ကံကြမ္မာကား ထူးဆန်း လွန်းလှပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset