Switch Mode

အပိုင်း (၂၁၆)

အဖွဲ့အစည်းများ ရောက်ရှိလာခြင်း

ရီဖူရှင်းက ဧကရာဇ်ရီ၏ နားမလည်နိုင်သော အမူအရာကို မြင်လျှင် ခေါင်းညိတ်လျက် ပြောသည်… “အရှင်မင်းကြီး…ကျွန်တော့်ကို ယုံပါ…”

” ကောင်းပြီ….” ဧကရာဇ်ရီက ခေါင်းညိတ်သည်။ သူက နန်းတော် အပြင်ကို ကြည့်ကာ အော်လိုက်သည်… “ကျုပ်ရဲ့ ကန်ယီနိုင်ငံကို ခင်ဗျားတို့က ဘာလို့ ရောက်လာတာလဲ…”

ဖူယွန် ဓားကလန်က အပြင်တွင် ရပ်နေကြသည်။ ဧကရာဇ်ရီ၏ အသံကို ကြားလျှင် ဖူယွန် ဓားကလန်မှ တစ်ယောက် က ပြောသည်….”ဖူယွန် ဓားကလန်ရဲ့   သတ္တမဓားတောင်ကုန်း သခင်က ရီဝူချင်းကို ကျုပ်တို့ဆီမှာ လေ့ကျင့်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်…” သူ၏ အသံက လေထု တစ်ခုလုံးကို တုန်ခါသွားသည်။ လူအများ အပြား၏ ရင်ဘတ်များ လည်း တုန်ခါသွားကြသည်။

နန်းတော် ထဲတွင် ထိုင်နေသော ရီဖူရှင်း၏ ဘေးမှ အရှင်ရီကား တုန်လှုပ်သွားကာ သူ၏ မျက်နှာက နီရဲလာသည်။ အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစု တစ်ခု ဖြစ်သော ဖူယွန် ဓားကလန်က သူ၏ သားကို လာရောက် ဖိတ်ခေါ်သည်။ သတ္တမ ဓားတောင်ကုန်း သခင်က ရီဝူချင်းအား ကိုယ်တိုင် ဖိတ်ခေါ်လိုက်ခြင်း  ဖြစ်သည်။

ကန်ယီမှ လူတိုင်းက ထိတ်လန့် သွားကြသည်။ ဧကရာဇ်ရီက ရီဝူချင်းအား ကြည့်လိုက်သည်။ သူ၏ ဘယ်လက်အား မရှိတော့သော ်လည်း သူကား အေးဆေးလှသည်။ သို့ သော ်လည်း သူ၏ မျက်လုံးများ ကား ပြောင်းလဲ သွားသည်။ ရီဝူချင်းကား ကန်ယီနိုင်ငံ၏ အတော် ဆုံး ပါရမီရှင် တစ်ယောက် သာ  ဖြစ်သည်။ ဖူယွန် ဓားကလန်က သူ့အား ဖိတ်ခေါ်ခြင်းက သူတို့အတွက် မမျှော်လင့်ထားသော ကိစ္စ ဖြစ်သည်။

ထိုနေရာတွင် မဟုတ် တည်းခိုခန်းမှ စီရို၏ မျက်လုံးများ ကလည်း ပြူးကျယ်သွားကာ လျိုဂျန်လန်၏ မျက်နှာ ပျက်ယွင်း သွားသည်။

လျိုနိုင်ငံက ရီဖူရှင်းတို့ အုပ်စုအား ကိုယ်တိုင် လိုက်ပါ ပို့ဆောင်သည်။ သူတို့၏ ဆက်ဆံရေး က ပြောနေစရာ မလိုပေ။ ယခု ဖူယွန် ဓားကလန်က ရီဝူချင်းအား သူတို့ထံ ဖိတ်ခေါ်နေသည်။ အကယ်၍ ရီဝူချင်းကသာ သဘောတူခဲ့လျှင် ထိပ်သီး အင်အားစုမှ နောက်ထပ် တပည့် တစ်ယောက် က ကန်ယီနိုင်ငံမှ မွေးဖွား လာတော့မည်   ဖြစ်သည်။

ထိုအခိုက်တွင် ကား လူအများ အပြားက နန်းတော် အနီးတွင် စုစည်းနေကြသည်။ ကန်ယီနိုင်ငံမှ စွမ်းအားမြင့် တန်ခိုးရှင်များ နှင့် အရပ်သားများ အားလုံးက တုန်လှုပ်နေကြသည်။ စားပွဲမှ လူတိုင်းက ရီဝူချင်းကို ကြည့်နေကြသည်။ ယခုတွင် ကား သူက ကြယ်ပွင့် တစ်ယောက်   ဖြစ်နေပုံရသည်။

“မင်း ဘယ်လို ထင်လဲ….” ရီဝူချင်းက ရီဖူရှင်း၏ အတွေ းကို သိလိုဟန်ဖြင့် ပြောသည်။

“ဖူယွန် ဓားကလန်ရဲ့   သတ္တမ ဓားတောင်ကုန်း…” ရီဖူရှင်း၏ မျက်လုံးများ က လင်းလက်သွားကာ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကို ကြည့်လိုက်သည်။ ဖူယွန် ဓားကလန်က ပထမဆုံး ရောက်လာသော အဖွဲ့အစည်း  ဖြစ်နေခြင်းက သူနှင့် ရီဝူချင်းကို အံ့အား သင့်စေသည်။

သူကား ဖူယွန် ဓားကလန်နှင့် ပတ်သက်၍ သိပ်မသိပေသော ်လည်း လျိုဖေးယွန်က သိသည်။

“ဖူယွန် ဓားကလန်မှာ တောင်ကုန်း ခုနစ်ခု ရှိပြီး တောင်ကုန်း တစ်ခုစီမှာ ခေါင်းဆောင် တစ်ယောက် စီရှိတယ်…” လျိုဖေးယွန်က ပြောသည်… ” တော် ဝင် ချန်ကျောင်းတော်  ခေါင်းဆောင်တွေ ရဲ့   ဝါစဉ်ကို စွမ်းရည်နဲ့ ဆုံးဖြတ်တယ်… ဒါပေမဲ့ တောင်ကုန်း တစ်ခုစီက ကွဲပြား ခြားနားတယ်… သတ္တမတောင်ကုန်းက လူသတ်ပညာမှာ အထူးပြုတယ်… ကောလာဟလတွေ အရတော့ သတ္တမ ဓားတောင်ကုန်း သခင်က ဖူယွန်ဓားကလန်မှာ ပထမ တောင်ကုန်း သခင်ပြီးရင် အတော် ဆုံးပဲ… လီတောင်ယွန်က ပထမ တောင်ကုန်းကပဲ…”

ရီဖူရှင်း၏ မျက်လုံးက လင်းလက် သွားကာ ပြောသည်…”အပြင်ကို သွားရအောင်…”

ဧကရာဇ်ရီကလည်း ထိုနည်းလည်းကောင်း ခံစားရသည်။ မည် သူမှ စားပွဲကို စိတ်မဝင်စားတော့။ သူတို့ အားလုံးက နန်းတော် အပြင်သို့ ထွက်လာကြသည်။

ဖူယွန် ဓားကလန်မှ နိုဘယ်များ ကား လေထဲတွင် ရပ်နေကြဆဲ  ဖြစ်သည်။ အတန်ကြာလျှင် နန်းတော် ထဲမှ လူများ ထွက်လာသည်ကို သူတို့မြင်သည်။ လူအများ အပြား ကလည်း နန်းတော် ကို ကြည့်လျက် အပြင်တွင် စုစည်းနေကြသည်။ အမှန်က ဧကရာဇ်လျိုနှင့် စီရိုတို့ အုပ်စုကလည်း ရောက်ရှိ လာနေကြသည်။ သူတို့က အခြေအနေမှန်ကို သိလိုကြသည်။

“ကျွန်တော် က ရီဖူရှင်းပါ… စီနီယာများ ကို အရိုအသေ ပေးပါတယ်…” ရီဖူရှင်းက ဦးညွှတ်လိုက်သည်။ ဖူယွန်ဓားကလန်က ဧည့်သည်များ အ ဖြစ် ရောက်လာကြခြင်း  ဖြစ်သည်။ သူက လေးစားမှု ရှိရန်လိုသည်… “စီနီယာများ က ရီဝူချင်းနဲ့ လီတောင်ယွန်တို့ရဲ့ ပဋိပက္ခကို သိပြီး ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်… စီနီယာများ က ဘယ်လို ဖြေရှင်းဖို့ စိတ်ကူးထားပါ သလဲ….” ရီဖူရှင်းက လေထဲမှ ထိုလူများ ကို မော့ကြည့်လျက်က ပြောသည်။

“လီတောင်ယွန်က ပထမ ဓားတောင်ကုန်းရဲ့   တပည့်ပဲ… ကျုပ်တို့က သတ္တမ ဓားတောင်ကုန်းကပဲ …” တစ်ယောက် က ပြောသည်….”ကျုပ်တို့ရဲ့  ခေါင်းဆောင်က ရီဝူချင်းကို ဖိတ်ခေါ်ချင်တယ်… ပဋိပက္ခ အတွက်က ဒါက လူငယ်တွေ ရဲ့   ပုဂ္ဂိုလ်ရေး ကိစ္စပဲ…. ဖူယွန်ဓားကလန်က ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး… ရီဝူချင်းက ဓားပညာနဲ့ ပတ်သက်ပြီး ပါရမီပါတယ်… သူက ကျုပ်တို့ဆီမှာ လေ့ကျင့်သင့်တယ်…”

“အခုလို ဖြေပေးလို့ ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြုံးကာ ပြောလိုက်သည်… “ဝူချင်း… မင်းက ဆုံးဖြတ်ပြီးပြီလို့ ငါထင်တယ်…”

ရီဝူချင်း၏ မျက်လုံးများ က လင်းလက် သွားသည်။ သူကား စစ်မှန်သော ဓားသမား ဖြစ်ပြီး ဓားပညာတွင ်အမှန်တကယ် စိတ်ပါ ဝင်စားပေသည်။ လီတောင်ယွန်ကြောင့် သူက ဖူယွန် ဓားကလန်အား မစဉ်းစားထား ခဲ့သော ်လည်း ယခု ဓားတောင်ကုန်း ခေါင်းဆောင်က သူ့အား ကိုယ်တိုင် ဖိတ်ခေါ်နေခြင်း ဖြစ်ရာ အမှန်ပင် စိတ်ဝင်စားသည်။

ဖူယွန်ဓားကလန်ကား ဓားသမားများ အတွက် အသင့်တော် ဆုံး နေရာ ဖြစ်သည်။

“ကျုပ် လက်ခံပါတယ်…” ရီဝူချင်းက ခေါင်းညိတ်လျက် ပြောသည်။

” ကောင်းတယ်… မင်း ဘယ်အချိန် ကလန်ကို လာမလဲ….” ဓားသမား တစ်ယောက် က တည့်တိုးမေးသည်။

“ကျုပ်က နှစ် သစ် ရောက်တာနဲ့ လာခဲ့ပါမယ်…” ရီဝူချင်းက ဖြေလိုက်သည်။

” ကောင်းပြီ….” ထိုလူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် ဓားတစ်လက် ထွက်ပေါ်လာသည်….”မင်းရဲ့   စိတ်ဝိညာဉ်နဲ့ ဒီဓားကို ဆက်နွှယ်လို့ရတယ်… ဒီဓားရဲ့ အသိက မင်းကို ကိုယ်စားပြုတယ်…”

ရီဝူချင်းက ထိုဓားကို လက်ခံလိုက်လျှင် ဓားသမားက ပြောသည်…”ကျုပ်တို့က ပြန်ပြီး အစီရင် ခံရဦးမယ်… ခွင့်ပြုပါဦး…”

” ကျေးဇူးတင်ပါတယ်… စီနီယာ….” ရီဝူချင်းက ခေါင်းညိတ်သည်။ ဓားအလင်းတန်းများ က လျင်မြန်စွာ ပင် တိမ်တိုက်များ ထဲကို ဝင်ရောက် ပျောက်ကွယ် သွားသည်။

အရှင်ရီကား အလွန် စိတ်လှုပ်ရှားနေသည်။ သူ၏ သားက အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစု တစ်ခု ဖြစ်သော ဖူယွန် ဓားကလန်ကို ဝင်ရောက်ခဲ့သည်။ ထို့အပြင် ဖူယွန် ဓားကလန်၏ ဒုတိယ စွမ်းအား အမြင့်ဆုံး ကလန်ခေါင်းဆောင်က ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်။ ထိုအရာကား အလွန် ဂုဏ်ယူစရာ ကောင်းလှသည်။

“ဝူချင်းက ကန်ယီက ပထမဆုံး ထွက်သွားမယ့်လူ  ဖြစ်မယ်လို့ ငါ မထင်ခဲ့ဘူး…” ဧကရာဇ်ရီက သက်ပြင်းချသည်။ သူကား ပျော်ရွှင်သည်။ သို့ သော ် စိတ်လည် းပျက်သည်။ သူ၏ သားသမီးများ က ဝူချင်းလို ပါရမီ မပါကြပေ။

” ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…” အရှင်ရီကား အလွန်အမင်း ပျော်ရွှင်နေသည်။

” ပြန်ကြရအောင်…” ဧကရာဇ်ရီက တက်ကြွစွာ ပြောသည်။ သူတို့အုပ်စုက မိမိတို့ ထိုင်ခုံနေရာသို့ ပြန်ရောက် သွားကြသည်။ သို့ သော ်လည်း မကြာမီမှာ ပင် ကောင်းကင်တွင် လေတိုးသံများ ထွက်ပေါ်လာလျှင် လူတိုင်းက မော့ကြည့် လိုက်ကြသည်။ ထိုအခိုက်တွင် အရောင် အသွေး စုံလင်လှပေသော သတ္တဝါဆန်း တစ်ကောင်က တိမ်တိုက်များ ကြားမှ ထွက်ပေါ်လာသည်။

အပြာရောင် ဇာမဏီငှက်။ လူတိုင်းက ထိတ်လန့်လျက် ကောင်းကင်ကို ကြည့်လိုက်ကြသည်။

ဘာတွေ ဖြစ်ပျက် နေသနည်း။ နန်းတော် အနီးမှ လူများ က တုန်လှုပ်စွာ တွေ းလိုက်ကြသည်။ အပြင်ရောင် ဇာမဏီငှက်က မြေပြင်ပေါ်ကို ဆင်းသက်လာလျှင် နတ်သမီးကဲ့သို့ လှပေသော မိန်းမပျိုများ က ဇာမဏီငှက်ကြီးပေါ်မှ ဆင်းသက် လာကြသည်။

“ဒီလို လှပချောမောတဲ့ မိန်းကလေးတွေ …”

ယနေ့ ကန်ယီနိုင်ငံက မည် သို့ ဖြစ်ပျက်နေသနည်း။ ဤမိန်းမပျိုများ ကလည်း ထိပ်သီး အင်အားစုများ မှလား။

“အရှေ့မြေရိုင်း ဒေသက လစန္ဒာကလန်က ကန်ယီနိုင်ငံက ဟွာဂျီယူကို လာရောက် ဖိတ်ခေါ်ပါတယ်…” ဇာမဏီငှက်ပေါ်မှ မိန်းမပျို တစ်ယောက် က ပြောသည်။

စီရို၏ အမူအရာ များ ကား ပျက်ယွင်း လာနေသည်။

“ဟွာဂျီယူ…” လျိုဂျန်လန်၏ မျက်နှာကလည်း ပြာနှမ်းသွား၏ ။ ဧကရာဇ်လျိုက ဟွာဂျီယူကား လျိုဂျန်လန်နှင့် လက်ဆက် စေလိုခဲ့သည်။ သို့ သော ် ယခု သူမကလည်း ထိပ်သီးအင်အားစု တစ်ခုမှ ဖိတ်ခေါ်ခံရသည်။

“ကြိုဆိုပါတယ်…” နန်းတော် ထဲမှ တစ်သံတစ်သံ ထွက်လာသည်။ လစန္ဒာကလန်မှ မိန်းမပျိုများ က ဇာမဏီငှက်နှင့်အတူ နန်းတော် ထဲကို ဝင်ရောက် သွားကြသည်။

“မ ဖြစ်နိုင်တာ…” ဧကရာဇ်လျိုက လက်မခံနိုင်ပေ။ ရီဝူချင်းနှင့် ဟွာဂျီယူတို့က ထိပ်သီး အင်အားစုများ ၏  ဖိတ်ခေါ်ခြင်းကို ခံရသည်။ တခြား ဧကရာဇ်များ ၏ မျက်နှာများ လည်း ပြာနှမ်း လာသည်။

ထိပ်သီး အင်အားစုသုံးခုက ယခု ကန်ယီနန်းတော် ကို ရောက်ရှိခဲ့ပြီ  ဖြစ်သည်။

ထိုစဉ်မှာ ပင် ကောင်းကင်မှ ကြောက်မက်ဖွယ် ကောင်းသော လေတိုးသံတစ်ခု ကြားကြရပြန်သည်။ အဝေးမှ နောက်ထပ် သတ္တဝါဆန်း တစ်ကောင် ပျံသန်းလာပြီး နန်းတော် ရှေ့ကို ရောက်လာသည်။ ရှေ့ဆုံးတွင် ကား အလွန် လှပချောမွေ့သော မိန်းကလေးတစ်ဦး လိုက်ပါလာသည်။ သူမကား အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်အား အလွန် ကောင်းလှသည်။

ထိုမိန်းကလေးမှ သတ္တဝါဆန်းပေါ်တွင် ရပ်လျက် ပြုံးကာ ပြောသည်…”သခင်လေးရီ… ရှင့်ရဲ့ အစေခံက မှော ်ကလန်ကို ကိုယ်စားပြုပြီးတော့ သခင်လေးကို လာရောက်တွေ့ဆုံပါတယ်…”

” မှော ်ကလန်…”

“သခင်လေးရီက ဘယ်သူလဲ….”

နန်းတော် ထဲတွင် ရီဖူရှင်း၏ မျက်နှာက မည် းသွားသည်။ ဟွာဂျီယူက တိုးတိုးလေး ပြောသည်….”နင့်ရဲ့ အစေခံက နင့်ကို လာတွေ့နေတယ်…” သူမက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက ရီဖူရှင်းကို ကြည့်လိုက်သည်။

” တော် တော် မျက်နှာများ တယ်…” ယိချန်က အထင်သေးစွာ ပြောသည်…”ယူချင်း…သူ့လို မ ဖြစ်စေနဲ့…”

“အင်း…” ယူချင်းက ကျိုးနွံစွာ ခေါင်းညိတ်သည်။

ရီဖူရှင်းက ထိုအဖြူရောင် ဝတ်စုံဝတ် မိန်းကလေးကို ဒေါသတကြီး ကြည့်သည်။ သူမက ဘာလာလုပ်သနည်း…”မင်းကို မကြိုဆိုဘူး….” သူက မျက်နှာ မည် းမှော င်လျက် ပြော သည်။

“ရှင့်ရဲ့ အစေခံကို ဘယ်လိုလုပ် ငြင်းရက်ရတာ လဲ….” ဂူဘိုင်ယွီက ကောင်းကင်မှ ဆင်းသက်လာသည်။ သူမနှင့်အတူ တခြား စွမ်းအားမြင့် တန်ခိုးရှင်များ လည်း လိုက်ပါလာကြသည်။

ထိုစဉ်မှာ ပင် ကောင်းကင်တွင် နောက်ထပ် အလင်းများ ဖြာထွက်လာသည်။ သတ္တဝါဆန်းများ ဆွဲလျက် ရထားလုံး တစ်စီးက ကောင်းကင်မှ ပျံသန်း ရောက်ရှိလာသည်။ စွမ်းအားမြင့် တန်ခိုးရှင်များ က အလွန် တောက်ပြောင်သော အဝတ်အစားများ ကို ဝတ်ဆင်ထားကြကာ သူတို့ထံမှ နိုဘယ် ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ် လာနေသည်။

သူတို့က နန်းတော် ရှေ့ကို ရောက်လာသော အခါ ရထားလုံးထဲမှ လူတချို့ ထွက်လာကြကာ တစ်ယောက် က ပြောသည်… “အရှေ့မြေရိုင်းဒေသက ချင်ပြည်ထောင်က ကန်ယီနိုင်ငံကို တွေ့ခွင့် တောင်းပါတယ်….”

“ချင်ပြည်ထောင်…” စီရိုက မှင်တက်လျက် ရေရွတ်လိုက်သည်။ ဘာ ဖြစ်နေသနည်း။

“မင်းတို့က တော် တော်  မြန်တာပဲ…” အသံတစ်သံ ထွက်ပေါ်လာသည်။ အဖြူရောင် ဝတ်စုံဝတ် လူတစ်စု ရောက်ရှိလာကာ တစ်ယောက် က ပြောသည်။ သူတို့ ရောက်လာသော အခါ တစ်ယောက် က ပြောသည်…”ဒွန်ဟွာကလန်က ကန်ယီနိုင်ငံကို တွေ့ခွင့် တောင်းပါတယ်….”

နန်းတော် တစ်ဝိုက်မှ လူများ ကား စိတ်လှုပ်ရှားလွန်း သဖြင့် ရုတ်ရုတ်သဲသဲ  ဖြစ်နေကြပြီ  ဖြစ်သည်။ ထိုလူများ က မည် မျှ စွမ်းအားမြင့်သည်ကို သူတို့ မသိသော ်လည်း သူတို့၏ ပုံစံများ အရ ထိုလူများ မှာ  အရှေ့မြေရိုင်းဒေသမှ အင်အား အကြီးဆုံး အဖွဲ့အစည်းများ   ဖြစ်ဟန်ရသည်။

“ကြိုဆိုပါတယ်…ကြိုဆိုပါတယ်….” ဧကရာဇ်ရီက အဆက်မပြတ် ပြောနေသည်။ သူ၏ လေသံတွင် ကား အံ့သြမှု ၊ ဝမ်းသာမှု များ ပြည့်နှက်နေသည်။

ရောက်ရှိလာသော အင်အားများ အားလုံးက ထိပ်သီး အင်အားစုများ ဖြစ်သည်။ လောကကြီးက ဘာ ဖြစ်နေသည်။ ဧည့်သည်များ အားလုံးက နန်းတော် ထဲကို ဝင်ရောက်ကြလျင် မကြာမီ နောက်တစ်ဖွဲ့ ရောက်လာ ကြပြန်သည်။

” တော် ဝင် ချန်ကျောင်းတော် က ကန်ယီနိုင်ငံကို တွေ့ခွင့် တောင်းပါတယ်….” ထိုအသံနှင့်အတူ လူတစ်စု ကောင်းကင်မှ ထွက်ပေါ်လာသည်။ နန်းတော် ထဲတွင် ကား လူအများ အပြား နားမလည်သလို ကြည့်ကြသည်။

တော် ဝင် ချန်ကျောင်းတော် လည်း ရောက်ရှိလာသည်။

စီရိုနှင့် လျိုဂျန်လန်ကလည်း ကောင်းကင်မှ ဆင်းသက်လာသော အုပ်စုကို စိုက်ကြည့် နေကြသည်။

“အဲဒါ ကျောင်းတော် ရဲ့   ကျောင်းအုပ်ပဲ…”စီရို၏ နောက်မှ တစ်ယောက် က ပြောသည်။ ထို့နောက် သူက လေထုထဲကို ပျံသန်း တက်ရောက် သွားသည်။

အသစ်ရောက်လာ သူများ က စီရိုကို မြင်သည်။ သူက နားမလည်စွာ မေးသည်…”မင်းတို့က ဒီမှာ ဘာလုပ် နေကြတာလဲ…”

စီရိုက မည် သို့ ပြောရမည် မသိတော့ပေ။ လျိုဖေးယွန်က သူမအား တစ်စုံတစ်ခု မလုပ်မီ သူမ၏ အဖေထံ ခွင့်တောင်း သင့်ကြောင်း ပြောခဲ့သည်ကို အမှတ် ရလာသည်။

“လျိုဂျန်လန်…. မင်းက နယ်မြေတစ်ရာ ဒေသက ဆိုတော့ ကန်ယီနိုင်ငံရဲ့ ဧကရာဇ်နဲ့ သိရမယ်… ဟုတ်တယ်မလား… မင်းက ရီဖူရှင်း၊ ယူချင်းတို့နဲ့ ရင်းနှီးလား…”

လျိုဂျန်လန်၏ ရင်ဘတ်က တုန်ခါသွားပြီး သူ၏ မျက်နှာက ပျက်ယွင်းသွားသည်။

တော် ဝင် ချန်ကျောင်းတော် ကား ရီဖူရှင်းနှင့် ယူချင်းတို့ အတွက် လာရောက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset