ခွန်ပန်က လေထဲတွင် ပျံဝဲလာရင်းက နန်းတော် နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ရီဖူရှင်းက မျက်မှော င်ကြုတ်ကာ မေးလိုက်သည်….”ဘာ ဖြစ်နေတာလဲ…”
“ဒါက ရင်ဆိုင် တိုက်ခိုက် နေကြတာပဲ… တိုက်ပွဲက မစသေးဘူး…” ဘေးမှ နိုဘယ် တစ်ယောက် က ပြောသည်။
ရီလင်းဇီနှင့် ရီဒန်ချန်းကလည်း နားမလည်ဟန်ဖြင့် ကြည့်နေကြသည်။ ကန်ယီနန်းတော် မှာ မည် သည့်တိုက်ပွဲ ဖြစ်သနည်း။ နန်းတော် တွင် ဆိုပါက ကြီးမားသော တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် နှစ် ဖက်လုံးမှ တိုက်ခိုက်ရန် လက်နက်များ ထုတ်ထားကြပြီး ဖြစ်သည်။ ဧကရာဇ်ရီကား ယိချင်နှင့် ဟွာဖန်းလူတို့၏ စကားများ ကြောင့် မည် သို့ လုပ်ရမည် ဝေခွဲရသေးဟန် မတူပေ။ လက်ရှိ အချိန်တွင် ခုခံပါက အားလုံး အသတ်ခံရန် တစ်လမ်းသာ ရှိသည်။ ရှေးဟောင်း မြေရိုင်းဒေသတွင် ရှိသော ရီဖူရှင်း၊ ဟွာဂျီယူနှင့် တခြားလူများ ကလည်း အကူအညီများ ကင်းမဲ့ကာ အသတ်ခံရမည် ဖြစ်သည်။
ကန်ယီနိုင်ငံမှ အင်အားကြီး အဖွဲ့များ ကလည်း နန်းတော် အနီးတွင် စုစည်း နေကြသည်။ ကန်ယီကျောင်းတော် ၊ ချင်ကလန်နှင့် တခြား ကလန်များ က ဖြစ်ပျက်သမျှအား မြင်နေကြသည်။ နိုင်ငံ၏ အခြေအနေက ဤမျှ ဆိုးရွားသော အခြေအနေ ဖြစ်လာမည် ဟု သူတို့ မထင်ထားခဲ့ကြပေ။
ရီဖူရှင်းကား နယ်မြေ တစ်ရာတွင် အမှန်တကယ် ရှားပါးသော ပါရမီရှင် ဖြစ်သော ်လည်း သူက ကန်ယီနိုင်ငံကို မည် သည့်အရာများ ယူဆောင် လာသနည်း။ သူရောက်ရှိ လာခြင်းက ကျိန်စာလား ကံကောင်းခြင်းလား။ ထိုအခိုက်တွင် ကား လူတိုင်း၏ မျက်လုံးထဲတွင် သူက ကျိန်စာတစ်ခုသာ ဖြစ်သည်။ ရီဖူရှင်းကိုယ်တိုင်က ပြဿနာများ အများ အပြား ရှိနေသည်။
ကန်ယီ ကျောင်းတော် မှ ကျောက်ချင်းဖန်၊ ယူဂျန်နှင့် ချင်ကလန်မှ ဘေချူတို့ကလည်း ရီဖူရှင်းတို့နှင့်အတူ ဖန်းဟွာ ပွဲတော် ကို ပါဝင် ဆင်နွှဲခဲ့ကြသည်။ သူတို့သာ မဟုတ်ဘဲ တခြား လူများ ကလည်း ရီဖူရှင်း၏ စွမ်းရည်များ ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရသည်။ သူကား ကောင်းကင်အဆင့်မျှသာ ဖြစ်သော ်လည်း ဓမ္မအဆင့်မှ တန်ခိုးရှင်များ ကိုပင်လျှင် အနိုင်ယူနိုင်စွမ်း ရှိသည်။ သူကား အလွန် စွမ်းရည်မြင့်သည်။ သို့ သော ် လျိုဂျန်လန်က တော် ဝင် ချန်ကျောင်းတော် ကို ဝင်ရောက်ခဲ့သည်။ ရီဖူရှင်းက မည် မျှ ပါရမီမြင့်နေပါစေ ယနေ့က သူ့အတွက် အဆုံးသတ် ဖြစ်ဟန်ရသည်။ သူဆက်လက် တိုးတက်ရန် အခွင့်အရေး မရှိတော့ပေ။
ယိချန်၊ ဟွာဖန်းလူနှင့် တခြားလူများ က ရှေ့ကို လျှေက်သွား လိုက်ကြသည်။ ဟွာဖန်းလူ၏ ဘေးတွင် နန်ဒူဝန်ယမ်နှင့် တန်လန်တို့ ရှိနေသည်။ ဟွာဖန်းလူက သူမတို့ နှစ် ယောက် ကို ကြည့်ကာ ပြောသည်….” မင်းတို့ နှစ် ယောက် က ငါနဲ့အတူ ဒီလို အ ဖြစ်ဆိုး ကြုံရတာ စိတ်မကောင်းဘူး…”
“ငါတို့က ခက်ခဲတဲ့ အချိန်တွေ ကို အတူတူ ဖြတ်ကျော် လာခဲ့ကြတာပဲ… ဒီလို ပြဿနာတွေ က သိပ်အရေး မကြီးတော့ပါဘူး… ဂျီယူနဲ့ ဖူရှင်း အဆင်ပြေသရွေ့ ငါ့အတွက် အဆင်ပြေတယ်…” နန်ဒူဝန်ယမ်က ဟွာဖန်းလူ၏ လက်ကို ဆုပ်ကိုင်လျက် ပြောသည်။
“ငါမနာလို လိုက်တာ…” တန်လန်က ပြုံးလျက် ပြောသည်။ ဟွာဖန်းလူက ပြုံးကာ နောက်လက် တစ်ဖက်ဖြင့် သူမ၏ လက်အား လှမ်းကိုင်လိုက်သည်။ တန်လန်က အနည်းငယ် ရုန်းသော ်လည်း ချက်ချင်း ပင် လက်လျှော့လိုက်သည်။ သူတို့က လူငယ်များ ကို ခေါ်ဆောင် မလာခဲ့ပေ။ သူတို့မျှလောက်ဖြင့် လုံလောက်ပေသည်။
ဧကရာဇ်လျိုက ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူတို့ကား အညံ့ခံရပြီ ဖြစ်သည်။
အဝေးမှ အားကောင်းကာ အေးစိမ့်သော လေညင်းတစ်ခု ရိုက်ခတ် လာသည်။
“အဲဒါ ဘာလဲ…” ဧကရာဇ်တစ်ပါးက ကောင်းကင်ကို ကြည့်ကာ မေးသည်။ သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားလျှင် လူတိုင်းက သူကြည့်ရာ အရပ်ကို လှမ်းကြည့် လိုက် ကြသည်။ သို့ သော ်လည်း လေထု လှုပ်ခတ်မှုက ရာသီဥတုကြောင့် မဟုတ်ပေ။ လေလှိုင်းများ က ပိုမို အားကောင်းလာကာ သိပ်သည်း လာသည်။ ကောင်းကင်တွင် ကား ဧရာမ ကြီးမားသော သတ္တဝါဆန်းကြီး တစ်ကောင်က သူတို့ထံ ပျံသန် းလာနေသည်။
လေပြင်းများ ထိုလူများ ကို အားကောင်းစွာ လာရောက် ရိုက်ခတ်နေသည်။ ဧကရာဇ်ရီကလည်း ကောင်းကင်မှ လွန်စွာ ကြီးမားသော သတ္တဝါဆန်းကြီးကို ကြည့်လိုက်သည်။ ထိုအရာကား ထိပ်သီးအဆင့် သတ္တဝါဆန်း ခွန်ပန် ဖြစ်သည်။
ယိချန်၊ ဟွာဖန်းလူနှင့် တခြား လူများ ကလည်း သူတို့၏ ခြေလှမ်းများ ကို ရပ်တန့် လိုက်ကြသည်။ လူတိုင်းက ကောင်းကင်ကို အာရုံစိုက် နေကြသည်ကို မြင်လျှင် သူတို့က လည်း ကောင်းကင်ကို ကြည့်လိုက်ကြသည်။ နန်းတော် ၏ အထက် ကောင်းကင်တွင် ကား ခွန်ပန် ရှိနေသည်။ သူ၏ အတောင်ပံ တစ်ချက်ခတ်တိုင်း တိမ်တိုက်များ အဝေးကို လွင့်စဉ်စေသည်။ သတ္တဝါဆန်း၏ ကိုယ်ရောင် ကိုယ်ဝါကား ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းသည်။
နိုဘယ် သတ္တဝါဆန်း တစ်ကောင်လား။ လူတိုင်းက ကျောစိမ့်သွား ကြသည်။ ကန်ယီနိုင်ငံတွင် နိုဘယ် ခွန်ပန် တစ်ကောင် ပေါ်လာသည်။ မည် သူ ရောက်ရှိ လာသနည်း။
အဝေး တစ်နေရာမှ စားသောက်ဆိုင် တစ်ခုတွင် စားသောက် နေကြသော လျိုဂျန်လန်နှင့် စီရိုတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ကလည်း ကောင်းကင်မှ ခွန်ပန် သတ္တဝါဆန်းကို သတိထားမိကြသည်။
” တော် ဝင်ချန် ကျောင်းတော် မှာ ခွန်ပန် ရှိသလား….” လျိုဂျန်လန်က စီရိုကို မေးသည်။
” မရှိဘူး…” သူမက ခေါင်းယမ်းလျက် ပြောသည်။ ထိုသတ္တဝါဆန်းကား တော် ဝင် ချန်ကျောင်းတော် မှ မဟုတ်ပေ။ သူမက မျက်မှော င်ကြုတ် သွားသည်။ ခွန်ပန်ကား အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါဆန်း ဖြစ်ကာ နယ်မြေတစ်ရာ ဒေသတွင် လုံးဝ မရှိနိုင်ပေ။
မည် သို့ ပင် ဖြစ်စေ သူမက သိပ်အရေး မစိုက်ပေ။ အင်အားကြီး အဖွဲအစည်း တစ်ခုမှ လာခြင်း ဖြစ်လျှင်ပင် တော် ဝင် ချန်ကျောင်းတော် ကား အရှေ့မြေရိုင်း ဒေသ၏ အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ တော် ဝင် ချန်ကျောင်းတော် ၏ အရေး တွင် အင်အားကြီး အဖွဲ့အစည်း မည် မျှက ဝင်ရောက် စွက်ဖက် ရဲသနည်း။
ထိုအခိုက်တွင် ခွန်ပန်က ရပ်တန့်လိုက်သည်ကို သူတို့ သတိထားမိ လိုက်ကြသည်။ သူတို့က နန်းတော် မှ အ ဖြစ်အပျက်နှင့် ဆက်စပ်နေပုံ ရသည်။ လျိုဂျန်လန်နှင့် စီရိုတို့က လျင်မြန်စွာ ထရပ်လိုက်သည်။
“ငါ နည်းနည်း စိတ်ပူတယ်…” သူက ပြောသည်။
“ဒါဆိုလည်း သွားကြည့်ရအောင်…” သူမက ပြောသည်။ လျိုဂျန်လန်က ခေါင်းညိတ်လျှင် သူတို့၏ အုပ်စုက နန်းတော် သို့ သွားရောက် ကြသည်။
ခွန်ပန်က နန်းတော် ၏ အပေါ်လေထုတွင် ရပ်တန့်လိုက်သည်။ လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့လျက် ခွန်ပင်က မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက် လာသည်။
ခွန်ပင်က မြေပြင်ကို ရောက်လာလျှင် လူတိုင်းက သူ၏ ကျောပေါ်မှ လူများ ကို ရှင်းရှင်း လင်းလင်း မြင်ရတော့သည်။ ရှေ့ဆုံးတွင် ကား လူငယ် အနည်းငယ် ပါဝင်သည်။ သူတို့၏ နောက်တွင် အလွန် စွမ်းအားကောင်းသော နိုဘယ် တန်ခိုးရှင်များ လိုက်ပါလာကြသည်။
ရီဖူရှင်းကို မြင်လျှင် ဧကရာဇ်လျို၏ ရင်ဘတ်က မိုးကြိုးပစ်ခံရသလို တုန်ခါသွားသည်။ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲ သွားသည်။ သူ မယုံကြည်နိုင်ပေ။
တခြားနိုင်ငံမှ ဧကရာဇ်များ ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် ထိတ်လန့် သွားကြသည်။ သူတို့က မကောင်းသော ခံစားချက်များ ကို ရလာသည်။
ဤမတိုင်မီက သူတို့က အလွန်အမင်း ကျေနပ် နေခဲ့ကြသည်။ ယခု သူတို့၏ ရင်ဘတ်များ က တူနှင့် ထုရိုက်ထားသလို ခံစာ းနေကြရသည်။
လေပြင်းများ ကြောင့် ရီဖူရှင်း၏ အဝတ်စများ တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ဧကရာဇ်ရီကလည်း ရီဖူရှင်းကိုမြင်လျှင် မျက်ခုံးပင့်လိုက်ကာ သူ၏ လက်များ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။ ယခုကား သူ၏ စိတ်ထဲမှ အပူများ လျော့ကျသွားကာ စိတ်လှုပ်ရှား လွန်းသော ကြောင့် မျက်လုံးက တဖျတ်ဖျတ် လက်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း တိတ်ဆိတ် သွားသည်။
သူပြန်လာပြီ ဖြစ်သည်။
သူက ဘေးကင်းစွာ ပြန်လာသည့်အပြင် သူက ခွန်ပန်ကဲ့သို့ နိုဘယ်အဆင့် သတ္တဝါဆန်းနှင့် အတူ ပြန်လာသည်။
သူက ရှေးဟောင်း မြေရိုင်းဒေသမှ ထွက်သည်နှင့် သူက အသတ်ခံရမည် ဟု လူတိုင်းက ထင်မှတ်ခဲ့သော ်လည်း သူကား ဘေးကင်းနေဆဲ ဖြစ်သည်။
သူ တစ်ယောက် တည်း ပြန်လာသည် မဟုတ်ပေ။ ဟွာဂျီယူ၊ ယူချင်း၊ ရီဝူချင်း၊ ရီလင်းဇီနှင့် ရီဒန်ချန်းတို့လည်း ပါသည်။ သူတို့၏ နောက်တွင် ကား အလွန် စွမ်းအားမြင့်သော နိုဘယ် တန်ခိုးရှင်များ ပါလာကြသည်။ သူတို့က ရီဖူရှင်းတို့အား လိုက်ပါ ပို့ဆောင်ကြဟန် တူသည်။
ရီဖူရှင်း၏ မျက်လုံးများ က အလွန်အမင်း အေးစက်နေသည်။ ယခင်က အောက်ခြေမှ လူများ က သူတို့အား မမြင်နိုင်သော ်လည်း အပေါ်မှ သူက အရာအားလုံးကို မြင်နေရသည်။ သူ၏ မျက်လုံးက ဧကရာဇ် လျိုနှင့် တခြား ဧကရာဇ်များ ကို ကြည့်လိုက်သည်။
ရီဖူရှင်းက ဧကရာဇ်လျို၏ အန္တရာယ်ကို ဖယ်ရှားရန် ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်ခဲ့သော ်လည်း သူတို့က ဤမျှ လျင်မြန်စွာ လာရောက်မည် ဟု မထင်မှတ်ထားပေ။ သူသာ အနည်းငယ်မျှ နောက်ကျလျှင် အ ဖြစ်အပျက်က မတွေ းရဲစရာပင်။
ဧကရာဇ်လျိုကား အမှန်တကယ် လှုပ်ရှားနေသည်။ ထိုအရာက တော် ဝင် ချန်ကျောင်းတော် ကြောင့်လား။
“အဖေ… အမေ….” ဟွာဂျီယူက ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်ကို ကြည့်ကာ အော်ခေါ်လိုက်သည်။
“ဆရာ…” ယူချင်းကလည်း လှမ်းခေါ်လိုက်သည်။
သူတို့ အုပ်စု မြေပြင်ပေါ်ကို ဆင်းသက်လိုက်လျှင် ဟွာဖန်းလူနှင့် တခြားလူများ ၏ ရှေ့ကို ရောက်လာကြသည်။ ရီဖူရှင်းက နှုတ်ဆက်လိုက်သည် …”ဆရာ … ဆရာကတော် ….”
“မင်း ပြန်လာပြီပဲ…” နန်ဒူဝန်ယမ်က ပြုံးလျက် ပြောသည်။ သူမ၏ မျက်လုံးများ က အနည်းငယ် နီရဲနေသည်။ ရီဖူရှင်းက ဤကဲ့သို့ သော အချိန်တွင် ရောက်ရှိလာမည် ဟု သူမ မထင်ထားပေ။ ရီဖူရှင်းက ရှေးဟောင်းမြေရိုင်း ဒေသတွင် အဆင်ပြေ လာခဲ့သည်မှာ ထင်ရှားသည်။ သို့ သော ်လည်း ရီဖူရှင်းက လက်ရှိ အခြေအနေကို ဖြေရှင်း နိုင်ပါ့မလား မသေချာသေးပေ။
“ဟုတ်ကဲ့… ဆရာကတော် … အခု အားလုံး အဆင်ပြေ သွားပါပြီ….” ရီဖူရှင်းက ညင်သာစွာ ပြောသည်။
“ဒီကိစ္စက အဆင်ပြေပြီလား…” ယိချန်က ရှေ့ကို တိုးလာကာ ရီဖူရှင်းကို မေးသည်။ ဤသည်က သူ၏ စိတ်နေ သဘောထား ဖြစ်သည်။ ရိုးရှင်းကာ တည့်တိုးဆန်သည်။
ရီဖူရှင်းက ခေါင်းမော့လျက ်ယိချန်ကို ပြုံးကာ ပြောသည်….” ဒါက ဘယ်လို ဖြေရှင်းမလဲ အပေါ် မူတည်တယ်….”
သူ၏ မျက်လုံးများ က ပြုံးရောင် သန်းနေသည်ကို မြင်လျှင် အရာအားလုံးမှာ ပြေလည် သွားတော့မည် ဟု ယိချန် သိလိုက်သည်။ သူက ယူချင်းဘက်ကို လှည့်ကာ မေးလိုက်သည်….” ရှေးဟောင်းမြေရိုင်း ဒေသက ဘယ်လိုလဲ….”
“ဆရာ… ကျွန်တော် အဆင်ပြေပါတယ်… အခု ကျွန်တော် က ဓမ္မအဆင့်သုံးကို ရောက်နေပြီ….” ယူချင်းက ပြန်ပြောသည်။
“မဆိုးဘူး…” ယိချန်က ခေါင်းညိတ်လျက် ပြောသည်။ သူ၏ တိုးတက်မှု ကား မြန်ဆန်သည်။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသကို ကောင်းကင် အဆင့်မျှဖြင့် ဝင်ရောက်ခဲ့ကြသည်။
ရီဖူရှင်းက ဧကရာဇ်ရီအား ကြည့်လိုက်သည်… “အရှင်မင်းကြီး… အရှင်မင်းကြီးက ကျွန်တော့်ကြောင့် အန္တရာယ်နဲ့ ကြုံတော့မလို ဖြစ်သွားတယ်…”
“မင်းက အချိန်ကိုက် ရောက်လာတာပဲ….” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်… “မင်းက တကယ်လို့ နည်းနည်း နောက်ကျမှ ရောက်ခဲ့ရင် ငါက မင်းဆရာနဲ့တခြားလူတွေ ကို ကယ်နိုင်မှာ မဟုတ်ဘူး….”
“ကျွန်တော် တို့က ဒါကို နောက်မှ ပြောကြမယ်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက ဧကရာဇ်လျိုတို့ အုပ်စုကို ကြည့်လိုက်သည်။ ဧကရာဇ်လျိုက ရီဖူရှင်းနှင့် အတူလိုက် ပါလာသော နိုဘယ်များ ကိုမြင်လျှင် သူက အလျင်စလို မလုပ်ရဲပေ။ သူတို့က မည် သူများ ဖြစ်သည်ကို သူ မသိရသေးပေ။ ရီဖူရှင်းကလည်း အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ပူးပေါင်းခဲ့သည်လား။ ထိုအုပ်စုက အရှေ့မြေရိုင်း ဒေသမှ အင်အားကြီး အဖွဲ့အစည်းတစ်ခု မဟုတ်ရန် သူမျှော်လင့်နေသည်။
ရီဖူရှင်းက သူတို့အား အေးစက်စွာ ပြောသည်…”ခင်ဗျားတို့က ဘယ်လို ဖြေရှင်းမလို့ စဉ်းစား ထားတာလဲ…”
ယွန်ချူ၊ ယန်နှင့် တခြားနိုင်ငံများ မှ ဧကရာဇ်များ အားလုံး အေးစက်သွားသည်။ သူတို့က အခြေအနေကို နားမလည်တော့ပေ။ ရီဖူရှင်းကား သူတို့ကို အမှန်တကယ်ပင် ဤသို့ ပြောနေသည်။ သူ၏ ယုံကြည်မှု က မည် သည့်နေရာက လာသနည်း။
သူတို့က မည် သို့ ဖြေရမည် ကို မသိတော့ကာ ဧကရာဇ် လျိုအား ကြည့်လိုက်ကြသည်။ ရီဖူရှင်းကား ခွန်ပန် သတ္တဝါဆန်းနှင့်ပင် လိုက်ပါ ပို့ဆောင်ခံရသည်။ ထိုအင်အားက သူတို့ ရင်မဆိုင်ရဲသော အင်အား ဖြစ်သည်။
“ငါတို့က မင်းရဲ့ အသက်နဲ့ ဖြေရှင်းမယ်…” ထိုစဉ်မှာ ပင် တခြား အုပ်စုတစ်ခု ရောက်လာကြသည်။ ဧကရာဇ်လျိုတို့ အုပ်စုက ဘေးကို ဖယ်ပေးကြသည်။ လျိုဂျန်လန်နှင့် စီရိုတို့ ရောက်ရှိ လာကြသည်။ စကားပြောလိုက် သူကား ဟာစီရို ဖြစ်သည်။ ရီဖူရှင်းကား လျိုဂျန်လန် သေစေလိုသော သူ ဖြစ်သည်ကို သူမ သိပြီး ဖြစ်သည်။ သူကား သူမတို့က နယ်မြေတစ်ရာ ဒေသသို့ ခရီးနှင်လာရသည့် ရည်ရွယ်ချက် ဖြစ်သည်။
ရီဖူရှင်းက လှမ်းကြည့်လိုက်သည်။ သူက ထိုမိန်းမအား မသိပေ။ သို့ သော ် လျိုဂျန်လန်၏ ဘေးတွင် ရပ်နေပုံထောက်လျှင် သူမ မည် သည့်နေရာက လာမှန်း သိလိုက်သည်။ သူမက တော် ဝင် ချန်ကျောင်းတော် မှ ဖြစ်ရပေမည် ။ နိုဘယ်များ ကို မြင်လျှင်ပင် ထိုသို့ ပြောရဲသည်မှာ ထိုနေရာမှ လာသော ကြောင့်သာ ဖြစ်ရမည် ။ သူတို့ကလည်း အရှေ့မြေရိုင်းဒေသမှ အင်အားစု တစ်ခု ဖြစ်ရာ တခြား အင်အားစုများ ကို သိပ်အလေးထားပုံ မရပေ။
ဟာစီရို ရောက်လာလျှင် ဧကရာဇ်များ က စိုးရိမ်မှု များ လျော့ကျသွားပုံရသည်။ တော် ဝင် ချန်ကျောင်းတော် ၏ နောက်ခံဖြင့် သူတို့က ဘယ်အရာကို ကြောက်နေ ရမည် နည်း။ ဟာစီရီုက ရီဖူရှင်း၏ အသက်ကို အဆုံးသတ် နိုင်သည်။
ထိုအခိုက်တွင် ဟာစီရိုက လျိုနိုင်ငံမှ နိုဘယ်များ ကို ကြည့်ကာ မိတ်ဆက်လိုက်သည်….” တော် ဝင် ချန်ကျောင်းတော် …ဟာစီရို …” ဤလူများ က အရှေ့မြေရိုင်းဒေသ၏ အင်အားကြီး အဖွဲ့အစည်း ဟုတ်ခြင်း မဟုတ်ခြင်းက မသေချာသေးပေ။ သို့ သော ် သူမ၏ အဆင့်အတန်းဖြင့် သူမ၏ နာမည် ကို ကြားလျှင်ပင် ထိုလူများ က နောက်ဆုတ် သွားရမည် ဖြစ်သည်။
သူမ၏ မိသားစုနာမည် ကား ဟာ ဖြစ်ပြီး သူမက တော် ဝင် ချန်ကျောင်းတော် မှ လာသည်။ အကယ်၍ သူတို့က အရှေ့မြေရိုင်းဒေသမှ ဖြစ်လျှင် သူမ၏ နာမည် ကို သိရမည် ဖြစ်သည်။
လျိုဖေးယွန်က ဟာစီရိုအား နားမလည်ခြင်း အံ့အားခြင်းများ ဖြင့် ကြည့်သည်….” မင်းက တော် ဝင် ချန်ကျောင်းတော် ပဉ္စမသခင်ရဲ့ သမီးလား…..”
“ရှင်တို့က ဒါကို သိရင် နောက်ဆုတ် လိုက်တော့…” လျိုဖေးယွန်၏ အမူအရာကိုမြင်လျှင် ဟာစီရိုက ဂုဏ်ယူစွာ ပြောသည်။ သူမ၏ နောက်မှ ဧကရာဇ်လျိုနှင့် တခြား ဧကရာဇ်များ ၏ မျက်လုံးများ က တင်းမာသွားသည်။
“ကျုပ်သိတာပေါ့….” လျိုဖေးယွန်က ခေါင်းညိတ်သည်…”ဒါပေမဲ့ မင်းက ဒီလောက် မောက်မာတာကို မင်းအဖေ သိသလား….”
***