ကန်ယီနိုင်ငံ နန်းတော် နှင့် အတော် ဝေးဝေး တစ်နေရာတွင် လူတစ်စုက စားသောက်ဆိုင်၏ အပေါ်ထပ်တွင် ထိုင်ကာ စားသောက်နေကြသည်။ ထိုစားသောက်ဆိုင်ကား နေရာကောင်းတွင် ရှိကာ စားရင်း သောက်ရင်းက ကန်ယီနိုင်ငံ၏ နန်းတော် ကို အဝေးမှ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လျိုဂျန်လန်လည်း ထိုနေရာတွင် ရှိသည်။ သူ၏ ရှေ့မျက်နှာ ချင်းဆိုင်တွင် မိန်းကလေး တစ်ယောက် ကလည်း ထိုင်နေသည်။
“သူတို့က ထုတ်ပေးပါ့မလား…” မိန်းကလေးက မေးလိုက်သည်။
“သူတို့ ထုတ်ပေးမှာ ပါ… အပြင်လူတွေ အတွက် သူတို့ ဒီလောက် မစွန့်စားရဲပါဘူး…” လျိုဂျန်လန်က တည်ငြိမ်စွာ ပြောသည်။ လက်ရှိ အခြေအနေအရ ဧကရာဇ်ရီက ငြင်း ပယ် ရဲမည် ဟု သူမထင်ပေ။
” ကောင်းပြီ….” မိန်းကလေးက ပြုံးလိုက်သည်… “တကယ်လို့ သူတို့က ငြင်းပယ်ရင် ငါ အချက်ပြလိုက်မယ်…”
” ကျေးဇူး… စီရို…” လျိုဂျန်လန်က ညင်သာစွာ ပြောသည်။ သူက အကာနာ အဆင့်တွင် ရှိသည့်တိုင် တော် ဝင် ချန်ကျောင်းတော် မှ နိုဘယ်များ ကို အမိန့် ပေးနိုင်စွမ်း မရှိသေးကြောင်း သူ သိသည်။ နိုဘယ်များ ကား ဂုဏ်မောက်ကာ မာနကြီးသည်။ သူတို့၏ တပည့်က သေးငယ်သော နိုင်ငံတစ်ခုမှ ကိစ္စရပ်များ ကို ဝင်ရောက် စွက်ဖက်ခြင်းကို ခွင့် ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူက အခြေအနေ အပေါ်တွင် မှီခိုလျက် ခြိမ်းခြောက် ရမည် ဖြစ်သည်။
ရှေးဟောင်း မြေရိုင်းဒေသသာ မဖွင့်လှစ်ခဲ့လျှင် သူက ဤမျှ အလျင်လိုမည် မဟုတ်ပေ။ သူက ရီဖူရှင်းနှင့် ယူချင်းတို့၏ ပါရမီများ ကို လက်တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူတို့က ဓမ္မအဆင့်ကိုးကို ရောက်ရှိ သွားသော အခါ အင်အားကြီး အဖွဲ့အစည်းများ က သူတို့အား လက်ခံရန် ဖြစ်နိုင်ခြေ ရှိပေသည်။ ထိုအချိန်တွင် သူ့အား သတ်ရန် အလွန် ခက်ခဲသွား တော့မည် ဖြစ်သည်။
သူက အဝေးမှ နန်းတော် ကို သေချာ ကြည့်လိုက်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ရီဖူရှင်းတွင် ဝန်ကြီးချုပ်ကျို၏ ဟောကိန်း ရှိနေလျှင်ကော အဘယ် အရေး နည်း။ လျိုဂျန်လန်က နန်ဒူနိုင်ငံ ဧကရာဇ် နေရာကို မလိုချင်လျှင်ပင် ထိုနေရာက သူ၏ လျိုမိသားစု ပိုင်သော နေရာ ဖြစ်ရပေမည် ။ မည် သူမှ ယူပိုင်ခွင့် မရှိပေ။
တစ်ချိန်တွင် သူက နိုဘယ် အဆင့်ကို ရောက်ရှိ သွားသော အခါ တောင်ဝင် ချန်ကျောင်းတော် ၏ အရှိန်အဝါဖြင့် လျိုမိသားစုအား နယ်မြေတစ်ရာကို အုပ်စိုးစေမည် ဖြစ်သည်။ တခြားနိုင်ငံမှ ဧကရာဇ်များ အားလုံးက လျိုမိသားစုကို ဦးညွှတ်ရမည် ။
ထိုအချိန်တွင် သူက ကန်ယီနိုင်ငံ အပေါ်တွင် ညာတာနေမည် မဟုတ်ပေ။ သူ့တွင် လုံလောက်သော စွမ်းအင် ရှိသော အခါ တော် ဝင် ချန်ကျောင်းတော် ၏ အကူအညီ မပါဘဲ နှင့်ပင် သူတို့အား ဖျက်ဆီး ပစ်နိုင်မည် ဖြစ်သည်။
***
ကန်ယီ နိုင်ငံတွင် ကား ဧကရာဇ်ရီက လတ်တလောတွင် ဧကရာဇ်လျိုနှင့် တခြား ဧကရာဇ်များ ကို အေးစက်စွာ ကြည့်နေသည်။ ရီဖူရှင်း၏ ဆွေမျိုးများ ကို ထုတ်မပေးပါက ဧကရာဇ်လျိုက စစ်ကြေညာမည် ဟု ခြိမ်းခြောက် ထားသည်။ အကယ်၍ စစ် ဖြစ်ပါက သူက ထွက်ပြေး လွတ်မြောက် သွားနိုင်သော ်လည်း တခြားလူများ က ကပ်ဘေးဆိုက် ရမည် ဖြစ်သည်။
ဤမတိုင်မီက ဧကရာဇ်လျိုက အလွယ်တကူ စစ်ခင်းရဲမည် မဟုတ်ဟု ထင်ခဲ့သည်။ မဟုတ်လျျှင် သူတို့နှစ် ဖက်က အကြီးအကျယ် ပျက်စီး ဆုံးရှုံးရမည် ဖြစ်သည်။ ယခုကား ကွဲပြား ခြားနားသည်။ တခြား ဧကရာဇ်များ ကလည်း သူ့အား ပူးပေါင်း၍ ဖိအားပေး နေကြသည်။
ဧကရာဇ်ရီက သူတို့ကို ကြည့်ကာ အေးစက်စွာ ပြောသည်….” လျိုဂျန်လန်က တော် ဝင်ချန် ကျောင်းတော် ကို ဝင်ခွင့်ရလို့ ခင်ဗျားတို့က ဒီလိုလုပ်တာကို ကျုပ်နားလည်တယ်…ဒါပေမဲ့ ရီဖူရှင်းရဲ့ ပါရမီနဲ့လည်း သူက အင်အားကြီး အဖွဲ့အစည်း တစ်ခုကို ဝင်ရောက်မှာ ပဲ…. အဲဒီ အချိန်ကျရင် ခင်ဗျားတို့က သူ့ရဲ့ တုံ့ပြန်မှုကို ခံနိုင်ရည် ရှိမှာ လား…”
ဧကရာဇ်ချူနှင့် တခြား ဧကရာဇ်များ အနည်းငယ် အေးစက်သွားသည်။ သူတို့က ထိုအချက်ကို တွေ းဖူးသည်။ ဧကရာဇ်လျိုနှင့် လျိုဂျန်လန်တို့က ရီဖူရှင်းအား အသက်ရှင်လျက် လွှတ်ပေးမည် မဟုတ်ပေ။ သူတို့က ရှေးဟောင်း မြေရိုင်းဒေသမှ ထွက်ရာ ဂိတ်ပေါက်တွင် စွမ်းအားမြင့် တန်ခိုးရှင်များ ကို စောင့်ကြပ်နေစေသည်။ သူက နယ်မြေ တစ်ရာ ဒေသကို ဝင်ရောက်သည်နှင့် ဖမ်းဆီး သတ်ဖြတ်ကြမည် ဖြစ်သည်။
ဤနည်းဖြင့် ရီဖူရှင်းက လွတ်မြောက်ရာ လမ်းရှိတော့မည် မဟုတ်ပေ။ မဟုတ်လျှင် သူက ရှေးဟောင်း မြေရိုင်းဒေသတွင် ဆယ်စုနှစ် တစ်ခု ကြာနေရမည် ဖြစ်သည်။ သို့ သော ်ထိုသို့ ဖြစ်နိုင်ရန်ကား အလွန် နည်းပါးလှသည်။ မည် သို့ ပင်ဆိုစေ သူကား အသက် ဆယ့်ရှစ်နှစ် ပင် မပြည့်သေးသော လူငယ်လေး တစ်ယောက် သာ ဖြစ်ရာ ထိုမျှ စိတ်ရှည်မည် မဟုတ်ပေ။ သူတို့အတွက်မူကား မျက်လုံးရှေ့မှ အခွင့်အရေး က ပိုမို၍ အရေး ပါသည်။
” ရီဖူရှင်းက အသက်ရှင်နိုင်မယ်လို့ ခင်ဗျားက စိတ်ကူးယဉ် နေတုန်းလား….” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်….”သူက ရှေးဟောင်း မြေရိုင်းဒေသက ထွက်တဲ့နေ့ သူသေတဲ့နေ့ပဲ….”
ဧကရာဇ်လျိုက ရယ်မော လိုက်သည်… “ဧကရာဇ်တစ်ပါး အနေနဲ့ ခင်ဗျားက လူငယ် တစ်ယောက် ကို ဒီလောက် ကြောက်တယ်… ဒါကို သိခဲ့မယ်ဆိုရင် ခင်ဗျားက ဘာလို့ အမိန့်တော် ကို ပို့ခဲ့ရတာ လဲ….”
ဧကရာဇ်လျို၏ မျက်နှာ တင်းမာသွားသည်။ သူက ဒွန်ဟိုင်မြို့သို့ အမိန့်စာ ပို့ခဲ့သည်မှာ အကြောင်းပြချက် ရှိသည်။ သူက ရီဖူရှင်းကို ခေါ်ယူရန် ဝန်ကြီးချုပ်ဟွာအား ကိုယ်တိုင် စေလွှတ်ခဲ့သည်။ သို့ သော ် သူ လွတ်မြောက် သွားမည် ဟု ဧကရာဇ်လျိုက လုံးဝ မမျှော်လင့် ထားမိခဲ့ပေ။ သူ၏ ပါရမီကလည်း သူမျှော်လင့် ထားသည်ထက် မြင့်မားသည်။ သို့ သော ် ဧကရာဇ်လျိုက နောင်တ မရပေ။ အရာအားလုံးက ကံစီမံရာ မဟုတ်ပါလား။ ရီဖူရှင်းနှင့် ဟွာဂျီယူကား သူ၏ ရန်သူ ဖြစ်လာရန် ကံပါလာသည်။
သူကား ထိုစဉ်က ယုံကြည်မှု လွန်ကဲနေခဲ့ခြင်းသာ ဖြစ်သည်။ ဧကရာဇ်တစ်ပါး အနေဖြင့် သူက အမိန့်တော် ထုတ်ပြန်ခဲ့သည့်တိုင် ရီဖူရှင်းက ထွက်ပြေး သွားနိုင်မည် ဟု သူမထင်ထားခဲ့ပေ။ သို့ သော ် ယခုကား ကံကြမ္မာက သူ့ဘက်တွင် ဟု ပြောရပေမည် ။
ဧကရာဇ်ရီအား လျစ်လျူရှုလျက် ဧကရာဇ်လျိုက ရှေ့ကို တိုးသွားလိုက်ကာ နန်းတော် ထဲကို ဝင်ရောက် လာသည်။
“အတင့်ရဲတယ်…” ဓားအားလှိုင်းတစ်ခု လေထဲ ပျံ့နှံ့သွားသည်။ ထိုနေရာ ချက်ချင်း ပင် အလွန် အားကောင်းသော ဓား အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ဧကရာဇ်ရီက လေထဲကို ခုန်တက်သွားပြီး ဧကရာဇ်လျို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ထိုအခိုက်တွင် တစ်စုံ တစ်ယောက် က အဝေးမှ လျှောက်လာသည်။ သူကား အကာနာအဆင့်မှ လူငယ် တစ်ယောက် ဖြစ်သည်။ သူက ထိုနေရာကို ရောက်လာသော အခါ နိုဘယ်အဆင့် တန်ခိုးရှင်များ ကို ရင်ဆိုင်နေရသည့်တိုင် သူ၏ မျက်လုံးထဲတွင် မောက်မာသော အရိပ်အယောင်များ ကို မြင်တွေ့ရသည်။ ဤလူများ ကား နိုင်ငံငယ်များ ၏ ဘုရင်များ သာ ဖြစ်ပြီး သူက အထင်သေးသည်။
” တော် ဝင် ချန်ကျောင်းတော် က သူတို့ကို ချက်ချင်း ထုတ်ပေးဖို့ အမိန့်ပေးတယ်… မဟုတ်ရင် ခင်ဗျားတို့က အကျိုးဆက်ကို ခံစားရမယ်…” လူငယ်က ဧကရာဇ်ရီကို မောက်မာစွာ ပြောသည်။ တခြား ဧကရာဇ်များ ၏ မျက်လုံများ ကလည်း တင်းမာသွားသည်။ တောင်ဝင်ချန်၏ အကူအညီဖြင့် ဆိုလျှင် သူတို့က မည် သို့ မှ ကြောက်နေစရာ မလို တော့ပေ။
လူငယ်က သူတို့အား အေးစက်စွာ ဖြင့် ကြည့်ကာ ထိုနေရာမှ ပြန်လည် ထွက်ခွာ သွားသည်။ သူက ဤကိစ္စများ နှင့် ပတ်သက်၍ ဂရုမစိုက်ပေ။ သူ၏ ဂျူနီယာ ညီမအတွက် မဟုတ်လျှင် ဤနေရာထိကို ပင်လျှင် ရောက်လာမည် မဟုတ်ပေ။ သူ၏ စကားများ က မောက်မာကာ အထက်စီး ဆန်လှသော ်လည်း ထိုအရာကို သူက ကောင်းသည်ဟု မ ထင်ပေ။ တော် ဝင် ချန်ကျောင်းတော် က နိုင်ငံငယ်တစ်ခုကို ခြမ်းခြောက်ခြင်းက ဂုဏ်ယူစရာ မရှိပေ။
“ခင်ဗျား ကြားလား….” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်….”ခင်ဗျားက နန်ဒူ သစ္စာဖောက်တွေ ကို ဖုံးကွယ်ထားတာကို ကျုပ် ဂရုမစိုက်ဘူး…ခု ကျုပ်က သူတို့ကို ခေါ်သွားဖို့ ကိုယ်တိုင် ရောက်လာတယ်… တကယ်လို့ ခင်ဗျားက ကျုပ်ကို တားရဲရင် ခင်ဗျားက ကျုပ်တို့အားလုံးကို ရန်သူလို့ သတ်မှတ်နေတာပဲ… သေသေချာချာ စဉ်းစားပါ….”
ထို့နောက် ဧကရာဇ်လျိုက နန်းတော် ထဲကို ဝင်ရောက် လာသည်။ တခြား ဧကရာဇ်များ ကလည်း ဧကရာဇ်လျိုနောက်က လိုက်ပါလာကြကာ ပြောသည်….”ဧကရာဇ်ရီ… အပြင်လူတွေ အတွက် ဘာလို့ ဒီလို ခေါင်းမာနေရတာ လဲ… ဒီနန်းတော် က ပထမဆုံး အဖျက်ဆီးခံရမှာ … ဒါက ထိုက်တန်လို့လား….”
“ခင်ဗျားက တော် ဝင် ချန်ကျောင်းတော် ကို တိုက်ခိုက်နိုင်လို့လား…” တခြား ဧကရာဇ်တစ်ပါးက နန်းတော် ထဲကို ဝင်လာနေရင်းက ပြောသည်။
ဧကရာဇ်ရီ၏ မျက်နှာ ပျက်သွားသည်။ တန်ဖန်း ပွဲတော် တွင် ကား သူက ဧကရာဇ်လျိုကိုသာ ရင်ဆိုင်ရသည်။ ဧကရာဇ်လျိုက သူ့အား ဂရုမစိုက်သလို သူကလည်း ဧကရာဇ်လျိုကို ဂရုမစိုက်ပေ။ ယခုတွင် ကား ဧကရာဇ်များ အများ အပြားနှင့် တော် ဝင် ချန်ကျောင်းတော် တို့ ရှိနေသည်။ သူမည် သို့ လုပ်ရမည် မသိပေ။
အကယ်၍ တိုက်ပွဲ ဖြစ်လျှင် သူ၏ နန်းတော် က ပထမဆုံး ဖျက်ဆီးခံရကာ အထဲမှ လူများ အားလုံး သေဆုံးမည် ဖြစ်သည်။ သူပင်လျှင် အသက်ရှင်ရန် မလွယ်ကူပေ။
” နေဦး…” အဝေးမှ လူတစ်စု ရောက်လာသည်။ လူတိုင်းက ထိုအုပ်စုကို လှည့်ကြည့်ကြသည်။ ရီရှောင်ကား ရှေ့ဆုံးတွင် ဖြစ်ကာ သူက ရပ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သူ့နောက် တွင် ကား နန်းတော် မှ စွမ်းအားမြင့် တန်ခိုးရှင်များ ပါဝင်သည်။ ထိုအထဲတွင် ဟွာဖန်းလူ၊ ယိချန်နှင့် တခြား လူများ လည်း လိုက်ပါ လာကြသည်။
” ကျုပ်တို့ သူတို့ကို ထုတ်ပေးမယ်…” ရီရှောင်က ဧကရာဇ်လျိုကို ပြောသည်။
ဧကရာဇ်ရီက သူ့အား ထက်ရှသော မျက်လုံးများ ဖြင့် ကြည့်ကာ ပြောသည်… ” မင်း ဘာလို့ ဒီလို လုပ်တာလဲ…”
” အဖေ… သူတို့က ကိုယ့်သဘော အလျှောက် လိုက်လာကြတာ…” ရီရှောင်က ပြောသည်။
သူ၏ အမြင်တွင် ကား အခြေအနေက ရှောင်ဖယ်၍ မရတော့ပေ။ သူတို့က ရီဖူရှင်းနှင့် သူတို့၏ ဆွေမျိုးများ ကို ထုတ်ပေးရုံသာ ကျန်တော့သည်။ သူ၏ အဖေကား သစ္စာတရား ကြီးမားလှသည်။ အကယ်၍ သူက မလုပ်နိုင်လျှင် ရီရှောင်က လုပ်မည် ဖြစ်သည်။
သူက ထိုလူများ ကို တစ်စုံတစ်ခု သွားပြောခဲ့ကာ သူတို့က ပူးပေါင်းရန် သဘောတူခဲ့ကြသည်။
” အရှင်မင်းကြီး …ကျုပ်တို့က သူတို့နဲ့ လိုက် သွားပါ့မယ်…” ယိချန်က ပြောသည်။ ဧကရာဇ်ရီကား သူတို့အပေါ် လုံလုံလောက်လောက် ကာကွယ်ပေးခဲ့ပြီး ဖြစ်သည်။ ယခု သူက တော် ဝင် ချန်ကျောင်းတော် နှင့်ပင် ရင်ဆိုင်နေရရာ သူကား ပြန်လည် တိုက်ခိုက်ရန် မစွမ်းပေ။ အခြေအနေက ဤသို့ ဖြစ်လာလျှင် ယိချန်က သူ့အား မစွန့်စားစေလိုပေ။
အဆုံးသတ်က ပြောင်းလဲမရနိုင်လျှင် သူတို့က လက်ခံရုံသာ ကျန်တော့သည်။ ရီဖူရှင်း ပြန်မလာဖို့သာ သူမျှော်လင့်မိသည်။
” မသွားရဘူး…” ဧကရာဇ်ရီက ယိချန်ကို ကြည့်လျက် ပြောာသည်။
” အရှင်မင်းကြီး…” ဟွာဖန်းလူက သူ့အား ကြည့်ကာ ပြောသည်…”ကျုပ်တို့ကို ကာကွယ်ဖို့ မကြိုးစားပါနဲ့တော့…”
တစ်ချိန်တည်းမှာ ပင် ဟွာဖန်းလူက ဧကရာဇ်ရီအား စိတ်ဝိညာဉ် ဆက်သွယ်ခြင်း နည်းစနစ်ဖြင့် ပြောသည်….” အရှင်မင်းကြီး… ရီဖူရှင်းနဲ့ ဟွာဂျီယူက ရှေးဟောင်း မြေရိုင်းဒေသမှာ ပဲ ရှိနေသေးတယ်… အရှင်မင်းကြီး အတွက် လုပ်စရာတွေ ရှိနေပါသေးတယ်…” ဧကရာဇ်လျိုက ရီဖူရှင်းတို့ ထွက်လာသည်နှင့် သတ်ရန် ကြံစည် ထားသည်မှာ ထင်ရှားပေသည်။
ဧကရာဇ်ရီက ဟွာဖန်းလူ၏ စကားကို ကြားကာ သက်ပြင်းချလိုက်သည်။ ဧကရာဇ်လျိုက ဤနေရာကို ရောက်ရှိလာမှတော့ သူက ရှေးဟောင်း မြေရိုင်းဒေသ၏ ဂိတ်ပေါက်ကို စောင့်ကြပ်နေမည် မှာ ထင်ရှားသည်။ သူက ရီဖူရှင်းအား ကူညီလိုပါက အသက် ရှင်နေရန် လိုအပ်သည်။
***
တစ်ချိန်တည်းမှာ ပင် ကြီးမားသော သတ္တဝါဆန်းကြီး တစ်ကောင်က တိမ်များ အကြားမှ ကန်ယီနန်းမြို့တော် ၏ အပြင်ဘက်ကို ရောက်လာသည်။ ခွန်ပန်၏ အတောင်ပံများ က ဖြန့်ကြက်ထားလျှင် နေမင်းကြီးကိုပင်လျှင် ဖုံးကွယ် ထားနိုင်လောက်သည်။
မြေပြင်မှ လူများ က အပေါ်ကို မော့ကြည့် လိုက်သည်။ ထိုမျှကြီးမားသော သတ္တဝါဆန်းကြီးကို မြင်လျှင် လူတိုင်းက ထိတ်လန့်ကြသည်။
“ဒါက ခွန်ပန်ပဲ… ဒါက ဒဏ္ဍာရီထဲမှာ ပါတဲ့ ခွန်ပန်ပဲ…..” တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်သည်။ သူတို့က တကယ့်ခွန်ပန်ကို မြင်ဖူးခြင်းမှာ ဤတစ်ကြိမ် ပထမဆုံး ဖြစ်ပေသည်။
ဘယ်သူ လာနေသနည်း။ ခွန်ပန်က ဆင်းသက်လာလျှင် သူတို့အားလုံး တွေ းလိုက်ကြသည်။
ဧကရာဇ် အများ အပြားက ယနေ့ ကန်ယီနိုင်ငံကို ရောက်ရှိလာကြကာ နန်းတော် ထဲကို ဝင်ရောက် သွားကြသည်။ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစု တော် ဝင်ချန်ကျောင်းတော် ကလည်း ရောက်ရှိလာသည်။ ယခု ထိုကြီးမားသော သတ္တဝါဆန်းကြီး ခွန်ပန်ကလည်း တိမ်များ ကြားမှ ထွက်ပေါ်လာသည်။ သူ၏ ကျောတွင် လည်း အလွန်စွမ်းအားမြင့်ဟန် တူသော တန်ခိုးရှင်များ လိုက်ပါလာကြသည်။ ထိုလူများ က မည် သူများ နည်း။ သူတို့က အဘယ်ကြောင့် ရောက်လာကြ သနည်း။
” နောက်ဆုံးတော့ ပြန်ရောက်လာပြီ…” ရီဖူရှင်းက အဝေးမှ နန်းတော် ကို ကြည့်ကာ ပြောသည်။ တစ်နှစ် နီးပါးပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ဆရာနှင့် ဆရာကတော် များ ကိုလည်း သတိရသည်။
” ဒါက နန်းမြို့တော် လား….” လျိုဖေးယွန်က ငုံ့ကြည့်ကာ ပြုံးလျက် အရွှန်းဖောက်လိုက်သည်… “ဒါဆို ဒီနေရာက ပါရမီရှင်များ စွာ ရဲ့မွေးရပ်မြေပေါ့… ကျုပ်က ရက်နည်းနည်း နေ လို့ရမလား…”
နိုင်ငံတစ်နိုင်ငံ အတွက် ထိုမျှ စွမ်းရည်မြင့်မားသော ပါရမီရှင် လေးယောက် ကို ပိုင်ဆိုင်နိုင်ခြင်းမှာ အလွန် ရှားပါးလှပေသည်။
ရီဖူရှင်းက ရယ်မောလိုက်သည်။ အမှန်တွင် ကား သူက ကန်ယီနိုင်ငံက မဟုတ်ဘဲ နန်ဒူနိုင်ငံမှ ဖြစ်ပေသည်။
” အစ်ကိုလျို… ခင်ဗျား ဒီမှာ ကြိုက်သလောက် နေလို့ရတယ်… ခင်ဗျားက ဒီမှာ နေရတာ အသားမကျမှာ ပဲ စိုးရိမ်တယ်…” ရီဒန်ချန်းက ပြုံးလျက် ပြောသည်။
ခွန်ပန်က အလွန် လျင်မြန်သော အရှိန်ဖြင့် သွားနေသည်။ မြေပြင်ပေါ်မှ လူတိုင်းက ထိုလွန်စွာ ကြီးမားလှသော သတ္တဝါဆန်းကြီးကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ တော် ဝင် ချန်ကျောင်းတော် မှ တခြားသော စွမ်းအားမြင့် တန်ခိုးရှင်တွေ များ လား။
အတန်ကြာလျှင် နန်းတော် နှင့် နီးကပ်လာသည်။ ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် လေထဲတွင် လူတချို့ကို မှု န်ဝါးဝါး တွေ့ရ၏ ။ သူတို့က ရင်ဆိုင် တိုက်ခိုက်နေကြဟန် တူသည်။
***