ရီဖူရှင်းက ကန်ယီနိုင်ငံသို့ ပြန်လာနေစဉ်မှာ ပင် နိုဘယ် အများ အပြားက သူတို့၏ တပည့်များ ထံမှ မှန်တောင်ကုန်း အ ဖြစ်အပျက်များ ကို ကြားသိကြရသည်။ တစ်ယောက် ကဓမ္မအဆင့် ခြောက်တွင် ရှိပြီး သုံးယောက် က ဓမ္မအဆင့်သုံး ဖြစ်သည်။ နှစ် ယောက် က နိုဘယ်ပုံရိပ် သုံးခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ပြီး တစ်ယောက် က နိုဘယ်ပုံရိပ် လေးခု ဖြစ်ပေါ်စေကာ နောက်ဆုံး တစ်ယောက် က မှန်တောင်ကုန်း၏ နိုဘယ်အသိကိုပင်လျှင် ယူဆောင်သွားခဲ့သည်။ သူတို့အားလုံးက ကန်ယီနိုင်ငံမှ ဖြစ်ကာ ယခုတွင် ကန်ယီနိုင်ငံကိုပြန်ရန် လမ်းတွင် ဖြစ်ရပေမည် ။
ဖူယွန် ဓားကလန်ကား အရှေ့မြေရိုင်း ဒေသ၏ တောင်တန်းဒေသတွင် တောင်ခုနစ်လုံးကို အခြေပြုလျက် တည်ထားသည်။ ဖူယွန်ဓားကလန်၏ တောင်ကုန်း ခုနစ်ခုမူကား အလွန် နာမည် ကျော်ကြားသည်။
ထိုစဉ်မှာ ပင် သတ္တမတောင်ထိပ်၏ ကျောက်စွန်းတစ်ခုတွင် လူ တစ်ယောက် လက်နောက်ပြန်ချိတ်လျက် ရပ်နေသည်။ ထိုစဉ်မှာ ပင် လူအနည်းငယ်က ကောင်းကင်မှ တစ်ဆင့် ထိုလူ၏ အနီးကို ပျံသန်းလျက် ရောက်ရှိလာသည်။
“ကန်ယီနိုင်ငံကို သွားပြီးတော့ ရီဝူချင်းကို ဖိတ်ခေါ်လာခဲ့…” ထိုလူက ပြောသည်။ သူ့နောက်မှ လူများ က သူ့အား ဦးညွှတ်ကာ ဖြေသည်….” ကောင်းပါပြီ…” ထို့နောက် သူတို့က ဓားအလင်းတန်းများ အ ဖြစ် ပြောင်းလဲသွားကာ အဝေးသို့ ပျံသန်း ပျောက်ကွယ်သွားသည်။
အတန်ကြာလျှင် နောက်ထပ် လူ တစ်ယောက် ရောက်လာသည်။ သူက ရှေ့မှ လူကို ကြည့်ကာ ပြောသည်… “စီနီယာအစ်ကို… အစ်ကိုက ရီဝူချင်းကို သတ္တမတောင်ကုန်းရဲ့ တပည့်အ ဖြစ် လက်ခံမလို့လား…. ပထမ တောင်ကုန်း သခင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်လာစရာ အကြောင်းရှိတယ်…”
လီတောင်ယွန်ကား ဖူယွန်ဓားကလန် ပထမ တောင်ကုန်းမှ ဖြစ်သည်။
“သူက ပြိုင်ဘက်ကို အရည်အချင်းမရှိလို့ အနိုင်မယူနိုင်တာကို ဘာပြောရမလဲ….” ထိုလူက ထူးမခြားနားစွာ ပြောသည်…”သူက တစ်ဖက်လူရဲ့ လက်ကိုဖြတ်ရင်… တခြားလူကလည်း သူ့ကို ဒီလို လုပ်နိုင်တယ်… ပထမ တောင်ကုန်းသခင်က မကျော်နပ်ရင်ကော ဘာ ဖြစ်လဲ…”
အသစ် ရောက်လာသော လူက စိတ်မသက်မသာဖြင့် ခေါင်းယမ်းလိုက်သည်… “ဒါပေမဲ့ မင်းက ဖူယွန်ဓားကလန်နဲ့ ကတောက်ကဆ ဖြစ်ဖူးတော့ ကလန်ကို ယုံကြည်ပါ့မလား….”
“သူက ဓားသမားပဲ… ဖူယွန်ဓားကလန်က သူပညာသင်ဖို့အတွက် အသင့်တော် ဆုံး နေရာပဲ…. တကယ်လို့ ကလန်က လူငယ် မျိုးဆက်တွေ ကြားက ပြိုင်ဆိုင်မှု ကြောင့် ငါက သူ့ကို လှည့်စားမယ် တွေ းရင် သူက ဓားသမား ဖြစ်ဖို့ မထိုက်တန်ဘူး…” ထိုလူက ပြောသည်။
***
အရှေ့မြေရိုင်း ဒေသ၏ ဗဟိုချက်မ နေရာတွင် ကား အရှေ့မြေရိုင်း ကျောင်းတော် တည်ရှိသည်။
ကျောင်းတော် ကား အရှေ့မြေရိုင်းဒေသတွင် သမိုင်း အရှည်ကြာ ဆုံးသော နေရာတစ်ခုလည်း ဖြစ်သည်။ ကျောင်းတော် တွင် ကျောင်းသား သုံးထောင်မျှရှိပြီး အားလုံးမှာ ပါရ
မီမြင့်မားသူများ ချည်းသာ ဖြစ်သည်။ လက်ရှိတွင် ကျောင်းသား အများ အပြားက တစ်စုံတစ်ခုနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။
လအနည်းငယ် အကြာက ရှောင်ဝူကျိက ကျောင်းတော် ကို ဝင်ရောက်ခဲ့ပြီး မုန်တိုင်းထန်ခဲ့သည်။ ယခုကား ရှောင်ဝူကျိထက် ပိုမို ထူးချွန်သော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာသည်။
ကောလာဟလများ အရ ကျောင်းတော် က ရီဖူရှင်းကို ဖိတ်ခေါ်ရန် ဝေခွဲမရ ဖြစ်နေသည် ဟူ၍ ပင်။
တန့်ယွီကား လူအုပ်ထဲတွင် ရှိသည်။ အမြဲတမ်းလိုလို လူအများ က သူ့ကို ကြည့်နေတတ်ကြရာ သူ၏ ခံစားချက်များ မသက်မသာ ဖြစ်ရသည်။ ရှေးဟောင်း မြေရိုင်းဒေသတွင်
ဖြစ်ပျက်ခဲ့သမျှက သူ့အား နာမည် ဆိုး တွင် စေသည်။ ရီဖူရှင်းက ရှောင်ဝူကျိအား ကျော်ဖြတ်နိုင်မည် ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။ သူက မှန်တောင်ကုန်း၏ စံချိန်ကိုပင်လျှင် ချိုးဖျက်ခဲ့သည်။ ထို့ကြောင့်ပင်လျင် သူကား ကျောင်းတော် တစ်ခုလုံး၏ ဟာသတစ်ခု ဖြစ်ခဲ့ရသည်။
လူတိုင်းက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံ ရသည်။ သူတို့၏ မျက်လုံးများ က ရှေ့တစ်နေရာကို စိုက်ကြည့် နေကြသည်။ မကြာမီ ထိုအရပ်မှ လူငယ် တစ်ယောက် လျှောက်လာကာ လူအုပ်နှင့် နီးကပ် လာသည်။
တန့်ယွီ၏ မျက်လုံးက ပြူးကျယ်သွားသလို လူအုပ်၏ ရှေ့ဆုံးမှ တစ်ယောက် က လှမ်းမေးသည်… ” စီနီယာ အစ်ကို….ကျောင်းတော် က ဆုံးဖြတ် ပြီးပြီလား…”
ယခုမှ ရောက်လာသော လူငယ်က ခေါင်းညိတ်လျက် ပြောသည်… ” အင်း….”
သူ၏ အဖြေက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲငင် ယူသွားသည်။ သူတို့အားလုံးက လူငယ်ကို စိတ်အား ထက်သန်စွာ ကြည့်နေကြသည်။
လူငယ်က ခေါင်းမော့လျက် လူအုပ်ကို ကြည့်ကာ ပြောသည်… ” ပြင်ပက အကြောင်း အရာတွေ ကို သိပ်ပြီးတော့ စိတ်မဝင်စားကြနဲ့ … တန်ခိုးကျင့်ရာမှာ ပဲ အာရုံစိုက်ထား…
ကျောင်းတော် က မသွားဖို့ ဆုံးဖြတ်လိုက်တယ်….”
သူ၏ စကားကို ကြားလျှင် လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကန်ယီနိုင်ငံမှ ထိုလူငယ်က ရှေးဟောင်းမြေရိုင်း ဒေသတွင် စံချိန်ပေါင်း များ စွာ ကို ချိုးဖျက်ခဲ့သည်။ သူက မှန်တောင်ကုန်းမှ ကျောက်သား မျက်နှာပြင်ကိုပင်လျှင် သာမန်ကျောက်တုံး ဖြစ်သွားအောင် လုပ်ခဲ့သည်။ ထိုကဲ့သို့ သော ပါရမီရှင်ကို ကျောင်းတော် က အမှန်ပင် လက်လွှတ်တော့ မည် လော။
ထို့နောက် သူတို့က ကျောင်းတော် ၏ ခံယူချက်ကို တွေ းမိကြသည်။ ကျောင်းတော် ကား ကျောင်းတော် သာ ဖြစ်သည်။ စွမ်းအားမြင့် ကလန်မဟုတ်သလို အင်အားကြီး နိုင်ငံလည်း မဟုတ်ပေ။ တခြား လူများ ကသာ ကျောင်းတော် ကို ဝင်ခွင့်ရရန် တောင်းဆိုရသည်။ ကျောင်းတော် က တခြား လူများ ထံကို ကျောင်းတော် သို့ လာရန် မတောင်းဆိုပေ။
ကျောင်းတော် ကား အသိပညာများ ကို သင်ကြားရန် နေရာသာ ဖြစ်သည်။ ကျောင်းသားများ က စွမ်းအားမြင့်ကာ ပညာများ စုံသော အခါ ကျောင်းတော် မှ ထွက်သွား ကြရမြဲ ဖြစ်သည်။ ကျောင်းတော် က ကျောင်းသားများ ကို သူတို့၏ ဆန္ဒအလျောက်သာ ဆုံးဖြတ်ပိုင်ခွင့် ပေးသည်။ မည် သည့်အခါမှ အတင်းမခိုင်းပေ။ ထို့ကြောင့် တစ်စုံ တစ်ယောက် က မည် မျှ ပါရမီမြင့်သည် ဖြစ်စေ မမြင့်သည် ဖြစ်စေ သိပ်အရေး မကြီးပေ။ တစ်စုံ တစ်ယောက် က ကျောင်းတော် ကို ရောက်လာလျှင် သူတို့က သင်ပေးမည် ဖြစ်သည်။ သူက ရောက်မလာခဲ့ပါက သူ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
ရှောင်ဝူကျိက သူက ကလန်တစ်ခုကို ရွေးတော့မည် ဟု ကြေညာစဉ်က ကျောင်းတော် မှ အကြီးအကဲ တစ်ယောက် က သူ၏ ပါရမီအား သဘောကျကာ တန့်ယွီအား စေလွှတ်လျက် ကျောင်းတော် တွင် ပညာသင်ယူရန် စိတ်ဝင်စားသလော မေးမြန်းစေခဲ့သည်။ သို့ သော ်လည်း သူ့အား ဆွယ်ယူရန် လုံးဝ မကြိုးစားခဲ့ပေ။ တန့်ယွီက ရှောင်ဝူကျိအား သူမည် သည့်နေရာက ဖြစ်ကြောင်းနှင့် ကျောင်းတော် တွင် သင်ယူလိုသလား ဟူသော မေးခွန်း အနည်းငယ်သာ မေးခဲ့သည်။
ရှောင်ဝူကျိကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ကျောင်းတော် ကို ရွေးချယ်ခဲ့သည်။
ထိုအရာက ကျောင်းတော် ၏ ဆွဲဆောင်မှု ဖြစ်သည်။
ရီဖူရှင်းက ကလန်တစ်ခုကို မရွေးချယ်ခဲ့ပေ။ သူက မှန်တောင်ကုန်းမှ စံချိန်ကို ချိုးဖျက်ပြီးနောက် ရှေးဟောင်း မြေရိုင်းဒေသတွင် ဆက်နေခဲ့လျှင် ကျောင်းတော် က သူ့အား ဖိတ်ခေါ်မည် ဖြစ်သည်။ သို့ သော ် သူမလုပ်ခဲ့ပေ။ သူက ရှေးဟောင် းမြေရိုင်းဒေသမှ ကန်ယီနိုင်ငံသို့ ပြန်သွားခဲ့သည်။
ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသမှ ကလန်များ ကို ကန်ယီနိုင်ငံကို လာရောက်ကာ သူ့အား ဖိတ်ခေါ်စေလိုပုံ ရသည်။ လူငယ်မျိုးဆက်မှ ဓမ္မအဆင့်မျှဖြင့် သူက ထိုမျှမောက်မာသော ပုံဟန်ကို ပြသသည်။ သို့ သော ်လည်း သူ့တွင် ထိုမျှမောက်မာရန်လည်း အရည်အချင်းရှိသည်။ သူက အရှေ့မြေရိုင်းဒေသမှ မည် သူမှ မလုပ်နိုင်သော အရာကို လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် အင်အားကြီး အဖွဲ့အစည်းများ က သူ့အတွက ်သွားကြမည် မှာ သေချာသည်။ သို့ သော ် ကျောင်းတော် ကား ကွဲပြားခြားနားသည်။ ကျောင်းတော် က ထိန်းသိမ်းရန် သူ၏ ကိုယ်ပိုင် အဆင့်အတန်း ဂုဏ်သိက္ခာ ရှိသည်။
တန့်ယွီ၏ မျက်လုံးတွင် အလင်းတစ်ချက် ဖြစ်ပေါ်သွားသည်။ ယခုမူကား ရီဖူရှင်းက ကျောင်းတော် တွင် သင်ယူရန် အခွင့်အရေး နှင့် လွဲချော်သွားခဲ့သည်။ သူက မဲ့ပြုံးပြုံးလိုက်သည်။
ရီဖူရှင်းကား အလွန် မောက်မာသည်။ သူ၏ မောက်မာမှု ကလည်း ပေးဆပ်မှု ရှိရပေမည် ။
ထိုစဉ် သိပ်မဝေးသော တစ်နေရာမှ လူ တစ်ယောက် လျှောက်လာသည်။ သူကား စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံက ရိုးရှင်းကာ သန့်ရှင်းသည်။ သူက ခေါင်းဆောင်း တစ်ခုကို ဝတ်ဆင်ထားပြီး စာပေသမားနှင့် အလွန်တူသည်။
လူအများ က ထိုလူအား သတိမထားမိကြပေ။ လျင်မြန်စွာ ပင်သူက လူအုပ်အနီးသို့ ရောက်လာသည်။
ကျောင်းတော် က ကန်ယီနိုင်ငံကို မသွားဟူသော သတင်းကို ယူလာသူ လူငယ်က ထိုစာပေသမားကို မြင်ကာ အံ့အား သင့်သွားသည်။ သူက ဤနေရာတွင ်ဘာလုပ် နေသနည်း။
” ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှု ကို နားလည်တယ်…” စာပေသမားက ရေရွတ်လိုက်သည်။
တန့်ယွီက အေးစက်သွားပြီး သူ၏ ထက်ရှသော မျက်လုံးဖြင့် ထိုစာပေသမားကို ကြည့်လိုက်သည်။
သူက ထပ်ပြောပြန်သည်….” ကျုပ်ကို နားမလည်တဲ့လူကို ပစ်ပယ်တာ အမှာ းတစ်ခု မဟုတ်ဘူး…..”
ထိုနေရာမှ ကျောင်းတော် သားများ အားလုံးက နောက်လှည့်ကာ ထိုစာပေသမားအား ထူးဆန်းစွာ ကြည့်ကြသည်။ ထိုလူ ရေရွတ်နေသည်ကား ရှေးဟောင်း မြေရိုင်းဒေသတွင် ရီဖူရှင်း ချန်ထားခဲ့သော စကား ဖြစ်သည်။
စာပေသမားက ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် လူအုပ်ကို ရှောင်ဖယ်ကာ သူ့လမ်းကို သူ ဆက်သွားနေသည်။
လူအုပ်ကြီးကလည်း အံ့အားသင့် သွားကြသော ်လည်း မည် သည့်မှတ်ချက်မှ မပေးကြပေ။ သူတို့က တစ်စုံတစ်ခုကို နားလည်သလို ခံစားကြရသည်။
ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာမှု ကို နားလည်တယ်။
ကျုပ်ကို နားမလည်တဲ့လူကို ပစ်ပယ်တာက အမှာ းတစ်ခု မဟုတ်ဘူး။
ထို့ကြောင့် ရီဖူရှင်းက သူ၏ သဘောထားကို ထိုစကားဖြင့် ဖော်ပြခဲ့ပြီး ဖြစ်သည်။
သူ၏ မောက်မာမှု ကို နားလည်သူက သူ့ထံ သွားကြမည် ဖြစ်သည်။
စာပေသမားက ရီဖူရှင်းထံ သွားတော့ မည် လော။
ထိုသို့ တွေ းမိလျှင် သတင်း သယ်လာသော လူငယ် ရင်ထိတ်သွားသည်။
***
နှစ် သစ်ကား နီးကပ်လာပြီ ဖြစ်သည်။ ကန်ယီနိုင်ငံတွင် လည်း နှစ် သစ်ကူး အငွေ့အသက်များ လွှမ်းခြုံနေပြီ ဖြစ်သည်။ နှိုင်းယှဉ်ရလျှင် အလွန် ကြီးမားသော ပြဿနာတစ်ခုကလည်း ချဉ်းကပ် လာနေသည်။
မကြာမီက နန်ဒူနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက သူ၏ နိုင်ငံကို ပြန်ရောက် လာခဲ့သည်။
သူနှင့်အတူ တော် ဝင်ချန်ကျောင်းတော် မှ တပည့်များ နှင့် စွမ်းအားမြင့် နိုဘယ် တန်ခိုးရှင်များ လည်း လိုက်ပါလာကြသည်။
လူအုပ်ထဲတွင် ကား မိန်းကလေး တစ်ယောက် ပါသည်။ သူမကား တော် ဝင်ချန် ကျောင်းတော် တွင် အဆင့်မြင့်ပိုင်းတွင် ရှိသည်။ ယခု သူမက လျိုဂျန်လန်၏ ချစ်သူ ဖြစ်သည်။ သူမက သူ့ဆရာ၏ သမီးလည်း ဖြစ်သည်။
အရှေ့မြေရိုင်းဒေသမှ အင်အားကြီး တော် ဝင်ချန်ကျောင်းတော် က နန်ဒူနိုင်ငံကို ရောက်ရှိလာခဲ့သည်။ အနီးတစ်ဝိုက် နိုင်ငံများ မှ ဧကရာဇ်များ က သူတို့ကို လာရောက် ဂါရဝ
ပြုကြသည်။ သူတို့က ထိုအင်အားကြီး အဖွဲ့အစည်းဖြင့် ရင်းနှီးမှု တစ်ခုကို တည်ဆောက် လိုကြသည်။ ဤနည်းဖြင့် သူတို့၏ တပည့် သားမြေးများ တော် ဝင် ချန်ကျောင်းတော် ကို ဝင်ခွင့်ရရန် မျှော်လင့်ကြသည်။
ယွန်ချူနိုင်ငံ၊ ယန်တိုင်းပြည်တို့မှ ပါရမီရှင်များ က ရှေးဟောင်း မြေရိုင်းဒေသကို သွားရောက် ခဲ့ကြသော ်လည်း ယခုထိ မည် သူမှ လောက်လောက် လားလား စွမ်းဆောင် ထားနိုင်ခြင်း မရှိကြသေးပေ။ မည် သူမှ နိုဘယ် ကံစွမ်းအားကို မရရှိသေးကြပေ။ ယခု သူတို့က နောက်ထပ် အကြံအစည် တစ်ခုဖြင့် ချဉ်းကပ် လာကြသည်။
ပြောကြသည်မှာ လျိုဂျန်လန်၏ ချစ်သူက သူတို့အား တချို့အရာများ ကို ကတိပေးခဲ့သည် ဆို၏ ။
တစ်ချိန်တည်းမှာ ပင် ဧကရာဇ်လျိုက ကန်ယီနိုင်ငံက စည်းမျဉ်းများ ကို မလိုက်နာဘဲ နန်ဒူနိုင်ငံ အပေါ်တွင် မကောင်းကြံခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ ယခု ဧကရာဇ်လျိုက ကန်ယီနိုင်ငံနှင့် စစ်ခင်းနေပြီ ဖြစ်ကာ တခြားနိုင်ငံများ မှ ဧကရာဇ်များ က သူနှင့် ပူးပေါင်း၍ ကန်ယီနိုင်ငံကို တိုက်ခိုက်ရန် မျှော်လင့်နေသည်။
ကောလာဟလများ အရ ယွန်ချူနိုင်ငံ၊ ယန်တိုင်းပြည်နှင့် တခြားနိုင်ငံ တချို့ သဘောတူပြီး ဖြစ်သည်။ သူတို့က ဧကရာဇ်လျို၏ ဦးဆောင်မှု ဖြင့် ကန်ကီနိုင်ငံကို သွားရောက်ကာ နန်ဒူနိုင်ငံ၏ သစ္စာဖောက်များ ကို ပြန်လည် ခေါ်ဆောင် လာကြမည် ဖြစ်သည်။
ယွန်ချူနိုင်ငံမှ ချူခွန်ယမ်က ရီဖူရှင်းနှင့် သူ၏ သူငယ်ချင်းများ က နိုဘယ်လိုဏ်ဂူတွင် အလွန်မြင့်မားသော စွမ်းဆောင်မှု များ ပြသခဲ့သည်ကို လက်တွေ့ မြင်ခဲ့ရသည်။ သူတို့က နိုဘယ် ကံစွမ်းအားများ ကို ရရှိမည် မှာ သေချာသလောက် ရှိနေကာ အင်အားကြီး ကလန် အဖွဲ့ဝင် ဖြစ်လာနိုင်သည်။
သို့ သော ်လည်း ယခုကား လျိုဂျန်လန် ပြန်ရောက်လာပြီ ဖြစ်ကာ တော် ဝင်ချန်ကျောင်းတော် ၏ ကျောထာက်နောက်ခံဖြင့် သူက ရီဖူရှင်းအား ရှင်းပစ်တော့မည် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ရီဖူရှင်းကား သေရန် ကံပါလာပြီး ဖြစ်သည်။
ဧကရာဇ်လျိုနှင့် လျိုဂျန်လန်တို့ နှစ် ယောက် လုံးက ရီဖူရှင်း အင်အားကြီးလာစေရန် ခွင့်ပြုမည် မဟုတ်ပေ။ နှစ် သစ်ကူး ကာလ ဖြစ်ရာ ရီဖူရှင်းက ပြန်လာရန် ဖြစ်နိုင်ခြေ များ လှသည်။ သူ၏ အိမ်ပြန်ခရီးကား သူ၏ နောက်ဆုံး ခရီး ဖြစ်မည် မှာ သေချာလှသည်။
***
ဤနေ့တွင် ဧကရာဇ်များ အားလုံးက ကန်ယီနိုင်ငံ နန်းမြို့တော် ကို ထွက်ခွာ သွားကြသည်။ ဧကရာဇ်လျိုက သူ၏ နိုင်ငံမှ စွမ်းအား အမြင့်ဆုံးသော တန်ခိုးရှင်များ ကိုပင်လျှင် ခေါ်သွားသည်။ စစ်တပ်တစ်ခုလုံးက မြို့ကို ဝန်းရံထားကြသည်။
ဤနည်းဖြင့် ကန်ယီနိုင်ငံကို ကြီးမားသော ပြဿနာ ဝင်ရောက် လာတော့သည်။
လူအများ အပြားက နန်းတော် အနီးတွင် စုစည်းလျက် အသစ် ရောက်လာသူများ အား စိုးရိမ်စွာ ကြည့်နေကြသည်။ ဧကရာဇ်လျိုက တခြား ဧကရာဇ်များ ကို စုစည်းကာ ကန်ယီနိုင်ငံကို အမှန်တကယ် ရောက်လာသည်။ သူက ကန်ယီနိုင်ငံကို ဖျက်ဆီးရန် ကြံရွယ် ထားသည်လား။
ဧကရာဇ်ရီက နန်းတော် ထဲမှ ထွက်ပေါ်လာကာ ဧကရာဇ်လျိုအား အေးစက်စွာ ကြည့်လျက် ပြောသည်… ” ဒါက ဘာကို ဆိုလိုတာလဲ… ဧကရာဇ်လျို….”
“ခင်ဗျားက ကျုပ်တိုင်းပြည်ကို မကောင်းကြံနေပြီး ကျုပ်ကို မေးခွန်း ပြန်မေးနေရသလား….” ဧကရာဇ်လျို၏ လေသံကလည်း ရေခဲတမျှ အေးစက်သည်….”နန်ဒူနိုင်ငံက သစ္စာဖောက်တွေ ကို အခု ထုတ်ပေးစမ်း….”
“သူတို့က အခုကျုပ်နိုင်ငံသားတွေ ပဲ…” ဧကရာဇ်ရီက ပြန်ပြောသည်။
“ဧကရာဇ်ရီ… ကျုပ်တို့က ဖြစ်ပျက်ခဲ့သမျှကို ကြားပြီးပြီ… ခင်ဗျားက နန်ဒူနိုင်ငံက သစ္စာဖောက်တွေ ကို ကာကွယ်နေတယ်… ခင်ဗျားက သူတို့ကို ထုတ်ပေးမှ မှန်ကန်မယ်…” ဧကရာဇ်ချူက ပြောသည်။
ဧကရာဇ်ရီက ကံမကောင်းဟု ပြောနိုင်သည်။
လျိုဂျန်လန်က လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှေးဟောင်း မြေရိုင်းဒေသကား ဖွင့်လှစ်ထားပြီး ဖြစ်ကာ သူတို့က ရီဖူရှင်းအား ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။
“ခင်ဗျားတို့က အခုလိုပဲ အရှက်မရှိ ပူးပေါင်းမှာ လား…” ဧကရာဇ်ရီက အေးစက်စွာ ပြောသည်။
“ကျုပ်က တော် တော် သည်းခံပြီးနေပြီ…. ခင်ဗျားက တကယ်ပဲ စစ်လိုလားတာလား….” ဧကရာဇ်လျိုက အနည်းငယ် ခြိမ်းခြောက်သည့် သဘောဖြင့် ပြောသည်။ သူ၏ စွမ်းရည်က ဧကရာဇ်ရီနှင့် တူတူမျှသာ ဖြစ်သည်ကို ဧကရာဇ်လျို သိသည်။ တကယ်တမ်း တိုက်ခိုက်ကြလျှင် ဧကရာဇ်ရီက လွတ်မြောက်သွားနိုင်ကာ နောင်တွင် ပြဿနာ ဖြစ်လာနိုင်သည်။ မဟုတ်လျှင် သူက ကန်ယီနန်းတော် ကို တိုက်ခိုက်နေပြီး ဖြစ်သည်။သူက ညှိနှိုင်းနေမည် မဟုတ်ပေ။
အကယ်၍ သူက ရီဖူရှင်း၏ မိသားစုများ ကို ဖမ်းဆီးနိုင်ပါက ပြဿနာများ အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေမည် ။ ဤနည်းဖြင့် သူတို့က ရီဖူရှင်းအား ရှင်းပစ်နိုင်သည်။ နောက်ပိုင်းမှသာလျှင် ဧကရာဇ်ရီအား ရှင်းလင်း ပစ်နိုင်သည်။ သူ အလျင်မလိုပေ။
သူ၏ သား လျိုဂျန်လန်ကာ တော် ဝင် ချန်ကျောင်းတော် တွင် နေရာကောင်းကောင်း ရထားပြီး သူ၏ လျိုဂျန်လန်၏ ချစ်သူမှာ လည်း တော် ဝင် ချန်ကျောင်းတော် မှ အကြီးအကဲ တစ်ယောက် ၏ သမီး ဖြစ်သည်။ အနှေးနှင့် အမြန် ဧကရာဇ်လျိုသည်လည်း ရှင်းပစ်ခံရမည် ဖြစ်သည်။
***