Switch Mode

Chapter 124

မင်း အပေါက်ပိတ်အောင် ငါဘယ်နှစ်ချက်လောက် ပါးရိုက်ပေးရမလဲ

*ချော…ချောလိုက်တာ*

မော့လီဟုန်က ယဲ့ဖန်အား တစိမ့်စိမ့် စိုက်ကြည့်နေသည်။ သူမ၏ အဖြူရောင် မင်းသားလေးကို တွေ့လိုက်ရသည့်အလား သူမ တဒိတ်ဒိတ်နှင့် ရင်တွေ ခုန်နေ၏။ သူမ မျက်လုံးတွေသည်လည်း ကြယ်တာရာကဲ့သို့ တလက်လက် တောက်ပနေသည်။

သူ့ကောင်မလေးက တစ်ခြားယောကျ်ားတစ်ယောက်ကို သွားရည် တမြားမြား ဖြစ်နေသည်ကို ကြည့်ပြီး ဟင်နရီဟု ခေါ်သည့် မော်ဒယ်လေးက ယဲ့ဖန်ကို အတော့်ကို မနာလို ဖြစ်လာသည်။

အဝတ်အစားလေး လဲလိုက်ရုံနှင့် တောသားက နိုင်ငံတကာ မော်ဒယ်လ်ထက် ပို၍ ချောမောနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

ထိုစဉ် မော့လီဟုန် ပြောလိုက်သည့် စကားကြောင့် ဟင်နရီ သွေးအန်တော့မလို ဖြစ်လာသည်။

“ဟဲ့ကောင်လေး… မင်းကို လင်းလန် ဘယ်လောက်ပေးလဲ? ငါ သူ့ထက် ဆယ်ဆ ပိုပေးမယ်၊ ငါနဲ့ လိုက်ခဲ့”

*ဘာ*

မော့လီဟုန်က လင်းလန်၏ ချစ်သူကို လူကြားထဲ လုယူဖို့ ကြိုးစားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပါ။

ယဲ့ဖန်နှင့် လင်းလန်တောင်မှ ကြောင်သွားရသည်။

“တစ်ညကို ယွမ် ၁၀,၀၀၀ လား? ၂၀,၀၀၀ လား? ၃၀,၀၀၀ လား? ဒါမှမဟုတ် ယွမ် ၁၀၀,၀၀၀ လား?”

မော့လီဟုန်က သူမ၏ ဘဏ်ကဒ်ကို ဝေ့ယမ်းပြ၍ ယဲ့ဖန်အား စိတ်အား ထက်သန်နေသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“နင် ငါနဲ့     အတူတူ     ထွက်သွား  ပေးတာနဲ့   နင်    ငါ့ပိုက်ဆံ         တွေကို ကြိုက်သလောက် သုံးလို့ရတယ်၊ ဘယ်လို သဘောရလဲ?”

မော့လီဟုန်က ယဲ့ဖန်အား မရရအောင် စည်းရုံးမည်ဟု ဆုံးဖြတ်ချက် ချထားသည်။

လင်းလန်၏ ချစ်မြတ်နိုးခြင်းကို ယဲ့ဖန်က ခံနေရသည်ဟု သူမ ထင်နေပြီး သူမ ယဲ့ဖန်ကို လုယူနိုင်သည်နှင့် သူမ လင်းလန်အပေါ် အကြီးအကျယ် ရိုက်ချနိုင်လိုက်ပြီဟု သူမ ထင်မှတ်ထားသည်။ ထို့ကြောင့် ငွေ ဘယ်လောက် ပေးရပေးရ သူမအတွက် တန်သည်ဟု ယူဆထားသည်။

ဘေးကနေ ကြည့်ရင်း ဟင်နရီက ယဲ့ဖန်ကို ဆက်တိုက်ဆိုသလို အားကျပြီး မနာလို ဖြစ်မိသည်။

အင်တာနေရှင် မော်ဒယ်လ် ဖြစ်သော သူတောင်မှ မော့လီဟုန်ထံမှ တစ်လကို ယွမ် ထောင်ဂဏန်းလောက်သာ ရသည်။ သို့သော်လည်း ယဲ့ဖန်ကတော့ သူမ ပိုက်ဆံကို သူ သုံးချင်သလောက် သုံးလို့ ရသည်တဲ့လား။

ဟင်နရီ မနာလိုဝန်တိုစိတ်ကြောင့် ဒေါသထွက်လာသည်။

ထိုစဉ် ယဲ့ဖန်က မော့လီဟုန်ကို စိုက်ကြည့်ရင်း သူ ရပ်နေရာမှ တဖြည်းဖြည်း ရှေ့တိုးလာကာ ပြောင်စပ်စပ် မျက်နှာပေးဖြင့် “ကျုပ် မင်းကို တစ်ခု မေးမယ်”

“ဘာမေးမှာလဲ? မေးလေ”

မော့လီဟုန်သည် သူမ ကမ်းလှမ်းချက်ကြောင့် ယဲ့ဖန် စိတ်ယိုင်လာပြီဟု ထင်ကာ ပျော်မြူးလာသည်။

သို့သော် ယဲ့ဖန် ဆက်ပြောလာသည့် စကားကြောင့် မော့လီဟုန်၏ မျက်နှာက အေးစက် တောင့်တင်းသွားသည်။

“မင်း အပေါက်ပိတ်အောင် ငါ ဘယ်နှစ်ချက်လောက် ပါးရိုက်ပေးရမလဲ?”

*ဘာ*

မော့လီဟုန် ခေတ္တမျှ ကြောင်သွားရသည်။

ဖြန်း!

သူမ ပြင်းထန်စွာ ပါးချခံလိုက်ရသည်။

“ဒီတစ်ချက်က ဘယ်လိုနေလဲ?”

ဖြန်း!

နောက်တစ်ချက်!

“ဒုတိယတစ်ချက်က မင်းရဲ့ ပုံဆိုးပန်းဆိုး ရုပ်နဲ့ စိတ်အတွက်ပဲ”

ဖြန်း!

တတိယတစ်ချက် ရောက်လာပြန်သည်။

“တတိယတစ်ချက်က မင်းရဲ့ စောက်ကြီးစောက်ကျယ် ပြောတတ်တဲ့ ပါးစပ်ကြောင့်”

ထိုအချိန်အတွင်း၌ ဆိုင်ရှိ သူများအားလုံး ကြောင်အသွားကြသည်။

မော့လီဟုန် တစ်ချက်ပြီးတစ်ချက် ပါးချ ခံနေရသည်။ ထို့ကြောင့် သူမ၏ ပါးနှစ်ဘက်လုံး မျက်တောင်တစ်ခတ် အတွင်းမှာပင် နီရဲကာ ယောင်ကိုင်း လာ၏။

ထို့ကြောင့် မော့လီဟုန် သွေးအပြင် သွားတွေပါ အန်ထွက်လာသည်။

“ခွေးကောင် နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ?”

မော့လီဟုန်၏ ပါးနှစ်ဘက်သည် ရဲရဲနီနေကာ သူမက ယဲ့ဖန်အား ထိတ်လန့် ဒေါသထွက်နေသည့် အကြည့်များဖြင့် စူးစိုက်ကြည့်နေသည်။ သူမ ယဲ့ဖန်အား တစ်စစီ ဆွဲဖြဲချင်စိတ်လည်း ပေါက်နေ၏။

သူမ စကားကို ကြားသော် ယဲ့ဖန်က ခပ်တည်တည်နှင့် ပခုံးတွန့်၍ ပြောလိုက်သည်။

“ကျုပ်က မိန်းမတွေကို ရိုက်ရတာကို သဘောမကျပါဘူး၊ ဒါပေမယ့် မင်းက လူမှ မဟုတ်တာ”

*ဘာ*

*သူ ရိုက်နေတာ လူမဟုတ်လို့လား*

မော့လီဟုန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ မော့အုပ်စု၏ ကျန်းရှီမြို့ရှိ လုပ်ငန်းခွဲမှ ဥက္ကဋ္ဌ ဖြစ်သော သူမသည် ရှက်လွန်း၍ သေချင်စိတ် တောင် ပေါက်လာသည်။ လင်းလန်နှင့် ယဲ့ဖန်တို့ကြောင့် သူမ လူကြားထဲ ပါးရိုက်ခံရ သည်ကို သူမ မယုံကြည်နိုင် ဖြစ်လို့နေသည်။

လင်းလန်သည် သူမနှင့် အဆင့်အတန်း တူပြီး လင်းအုပ်စု၏ ဥက္ကဋ္ဌလည်း ဖြစ်တာကြောင့် သူမ သည်းခံနိုင်သော်လည်း ယဲ့ဖန်က ဘာစောက်ချိုး ချိုးတာ ဖြစ်နေသလဲ?
“နင့်လို ကစားသက်သက် ကောင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ? နင်… သေချင်နေတာပဲ”

မော့လီဟုန်သည် ဒေါသမီးများ တငွေ့ငွေ့တောက်လောင်နေကာ ဘေး၌ အူတိအူကြောင်နှင့် ရပ်နေသော ဟင်နရီကို အော်ငေါက်လိုက်သည်။

“ဟင်နရီ … နင်က ဘာရပ်လုပ်နေတာလဲ? သူ ငါ့ကို ရိုက်လိုက်တာလေ၊ သူ့ကို သွားသတ်သွား”

မော့လီဟုန်၏ အော်သံကြောင့် ဟင်နရီက ယဲ့ဖန်ထံ ချက်ချင်း ပြေးဝင်  သွားသည်။

ကပြားလူမျိုး ဖြစ်သောကြောင့် ဟင်နရီက အရပ်ပိုရှည်ကာ ပို၍ သန်မာသည်။

သူ၏ မျက်နှာပေါ်တွင် ညှာတာခြင်း ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လွင်နေပြီး လွန်စွာ ထိတ်လန့်ဖွယ် ကောင်းနေသည်။

သူက ဒေါသတကြီးနှင့် ယဲ့ဖန်၏ မျက်နှာကို မလိုမုန်းထား စိတ်မျိုးဖြင့် အားကုန် ထိုးလိုက်သည်။

ထိုစဉ် ယဲ့ဖန်က သူ့မျက်လုံးမှ အရိုးအေးမတတ် ကြောက်လန့်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လိုက်သဖြင့် ဟင်နရီသည် အလွန် သန်မာသော ချီဓာတ်ကို ခံစားလိုက်ရသည်။

ဟင်နရီ တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ ရင်ဆိုင်နေရသည်က လူသား မဟုတ်ဘဲ နတ်ဆိုး သို့မဟုတ် သားရဲ မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။

သူသာ ဆက်ထိုးနေလျင် သူ ခေါင်းဖြတ်ခံရလိမ့်မည်ကို သိနေလေသည်။ ဟင်နရီက ဒူးများ ပျော့ခွေသွားသကဲ့သို့ ဒူးထောက်ချလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့ပေါင်ကြားမှ အလွန် မခံနိုင်သည့် အနံ့တစ်မျိုး ထွက်လာသည်။ သူ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက် ကျသွားခြင်းပင်။

“ချီးပဲ … အသုံးမကျလိုက်တာ”

မော့လီဟုန် သွေးအန်မတတ် ဖြစ်သွားရသည်။ သည်လောက် အရပ်ရှည်ကာ သန်မာသည့် ဟင်နရီက ယဲ့ဖန်ရှေ့ ဝံပုလွေနှင့် နဖူးတွေ့ ဒူးတွေ့ ကြုံရသည့် သိုးငယ်လေး သဖွယ် ဒူးထောက် အရှုံးပေး လိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့မိပါ။

“ကောင်စုတ် နေနှင့်ဦးပေါ့လေ၊ တစ်ကွေ့ကွေ့တော့ တွေ့ကြသေးတာပေါ့”

ထို့နောက် မော့လီဟုန်က ဆိုင်ပေါက်ဝ သွားကာ အော်ဟစ်လိုက်သည်။

“အစောင့်တွေ၊ အစောင့်တွေ၊ ဒီကို လာကြဦး၊ ငါ့ကို လူတစ်ယောက် ရိုက်နှက်နေလို့”

ဧကရာဇ် သရဖူ ရှောပင်းမောလ်မှ အစောင့်များက ချက်ချင်း တုန့်ပြန် လာသည်။

သူမ အော်ဟစ်ပြီးနောက် အရပ်ရှည်ရှည်နှင့် သန်မာသော အစောင့် လေးယောက်က အပြေးရောက်လာသည်။

သူတို့ လေးယောက်လုံးသည် ကျားကဲ့သို့ ကြမ်းကြုတ်၍ ဝံပုလွေကဲ့သို့ ရန်မူပုံ ရပြီး တပ်မှ အနားယူထားသော တပ်သားများ ဖြစ်ကြပေသည်။

“မမလေး ဘာများ ဖြစ်လို့ပါလဲ?”

အစောင့်ခေါင်းဆောင်က မော့လီဟုန်ကို မေးလာသည်။

မော့လီဟုန်က ယဲ့ဖန်ကို လက်ညှိုးထိုးကာ မာန်မဲလိုက်သည်။

“ငါက ဧကရာဇ် သရဖူ ရှောပင်းမောလ်ရဲ့ အမြင့်ဆုံး VIP လေ၊ အဲ့ အပျင်းပြေ ကစားစရာ ကောင်က ငါ့ကို ရိုက်တယ်၊ မြန်မြန်၊ သူ့ကို ရိုက်နှက်ပြီး အပြင်ကို ကန်ထုတ်လိုက်”

* အမြင့်ဆုံး VIP*

သူမစကားကြောင့် အစောင့်များ အားလုံး ငြိမ်ကျသွားသည်။ အမြင့်ဆုံး VIP တစ်ယောက်ချင်းစီတိုင်းက သူတို့၏ ရှောပင်းမောလ်၌ တစ်နှစ်ကို အနည်းဆုံး ယွမ် မီလီယံနှင့် ချီ၍ ဝယ်ယူလေ့ ရှိကြောင်း သူတို့ သိထားကြသည်။

အစောင့်များက ယဲ့ဖန်အား အလွန် ပြင်းထန်သည့် အကြည့်များဖြင့်  ကြည့်လိုက်ကြသည်။

သို့သော် ယဲ့ဖန်၏ မျက်နှာကို မြင်လိုက်သည်နှင့် သူတို့ ချက်ချင်း အမူအယာ ပြောင်းသွားသည်။

သရဲကို မြင်လိုက်ရသကဲ့သို့ မျက်လုံး အပြူးသား ဖြစ်လာကြလေ၏။

“နင်တို့ ဘာကြောင် ကြည့်နေတာလဲ? သူ့ကို မြန်မြန်လေး ရိုက်နှက်ပြီး ဒီနေရာကနေ ကန်ထုတ်လိုက်စမ်းပါ”

မော့လီဟုန်က ဒေါသူပုန်ထကာ ခြေကို ဆောင့်နင်းကာ လောဆော်နေသည်။

“ငါက အမြင့်ဆုံး VIPနော်၊ နင်တို့ ငါ့စကားကို နားမထောင်ရင် ငါ နင်တို့ ကုမ္ပဏီကို စောဒကတက်မှာ”

သူမစကားကြောင့် အစောင့်များ၏ မျက်နှာများက ဖြူရော်သွားသည်။

ထိုစဉ် ယဲ့ဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

“ကဲကဲ … သူမ ပြောသလို လုပ်လိုက်၊ သူတို့ကို ရိုက်ပြီး ဒီနေရာက နှင်ထုတ်လိုက်”

“ဟုတ်ကဲ့ ဆရာ”

ယဲ့ဖန် စကားကို ကြားသည်နှင့် အစောင့်များ အားလုံးက မော့လီဟုန်နှင့် ဟင်နရီတို့ကို ဝိုင်းထားပြီး ရိုက်နှက်တော့သည်။

မော့လီဟုန် အံ့ဩသွားသည်။ အစောင့်များက သူမစကားထက် ယဲ့ဖန် ပြောတာကို နာခံလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပါ။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ပါဘူး*

မော့လီဟုန်ကဲ့သို့ပင် လင်းလန်နှင့် အခြားသူများလည်း အံ့ဩနေကြသည်။

“သေလိုက်ပါလား … နင်တို့တွေ ဘာလုပ်နေကြတာလဲ? နင်တို့က နင်တို့ရဲ့ အမြင့်ဆုံး VIP ကို ရိုက်နှက်တယ်ပေါ့၊ ငါ နင်တို့ ကုမ္ပဏီကို တက်တိုင်မယ်၊ ငါ နင်တို့ကို နင်တို့ရဲ့ ဥက္ကဋ္ဌနဲ့ တိုင်ပစ်မယ်”

မော့လီဟုန်က သူမ ပါးနှစ်ဘက်ကို အုပ်၍ အစောင့်တွေကို အော်ဟစ်လိုက်သည်။

*ငါတို့ ဥက္ကဋ္ဌဆီ တက်တိုင်မယ်*

အစောင့်များက မော့လီဟုန်အား ရူးများ နေသလား ဟူသော အကြည့်များဖြင့် ကြည့်နေကြသည်။

“သူက ကျုပ်တို့ရဲ့ ဥက္ကဋ္ဌလေ”

*ဘာ*

အစောင့် ခေါင်းဆောင်၏ စကားကြောင့် ယဲ့ဖန်မှ လွဲ၍ ဆိုင်ထဲရှိ သူများ အားလုံး မှင်တက်သွားကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset