Switch Mode

အပိုင်း (၁၉၉)

ရှောင်ဝူကျိ

ထိပ်သီး အင်အားစုများ၏ တပည့်များ အားလုံးက မှန်တောင်ထိပ်တွင် စုစည်းနေကြသည်။ ဤမြင်ကွင်းက ပုံမှန်မဟုတ်သလို ရှားပါးသော အချိန်အခါမျိုးဟုပင် ပြောရမည်။ လူအများအပြားက စိတ်လှုပ်ရှားနေကြ၏။ ထိပ်သီးပါရမီရှင်များကို တစ်ပြိုင်နက်တည်း တွေ့ရမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူတို့က ထိုနာမည်ကျော်များကို ပထမဆုံးအကြိမ် လူကိုယ်တိုင် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူတို့က ရှောင်ဝူကျိကိုလည်း တွေ့ရသည်။ သူကား အရှေ့မြေရိုင်းဒေသမှ ထိပ်သီး ကလန်များ၏ အတော်ဆုံး တပည့်များနှင့် နှိုင်းယှဉ်နိုင်သောသူ ဖြစ်သည်။

ပြင်ပလောကမှ အင်အားစု အားလုံးကလည်း မှန်တောင်တွင် ကိုယ်စီ မှော်အစီအရင်များ လုပ်ထားခဲ့ကြရာ မှန်တောင်ထိပ်တွင် ဖြစ်ပျက်နေသည်များ အားလုံးကို မြင်ကြရသည်။ ရီဖူရှင်းတို့ အုပ်စုကလည်း စောင့်ကြည့်နေကြသည်။ ဤမျှ လှုပ်ခတ်မှုများ ဖြစ်အောင် မည်ကဲ့သို့သော လူမျိုးက စွမ်းဆောင် နိုင်သည်ကို သိလိုသည်။

မျက်လုံးပေါင်း များစွာက လှေကားထစ်နေရာကို ကြည့်နေကြသည်။ လင်းယွီယိုကလည်း ထိုနေရာကို ကြည့်ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ့ကို စသိကတည်းက သူကား စိတ်ဝင်စားစရာ အကောင်းဆုံးလူ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏တည်ရှိမှုကို လွှမ်းမိုးလျက် လူအများ၏ စိတ်ဝင်စားမှုကို ရယူနိုင်ခြင်းမှာ အလွန်ရှားပါး ဖြစ်စဉ်ပင်။

ဤတစ်ကြိမ်တွင်ကော ရီဖူရှင်းက သူ၏ သူမတူသော ပါရမီများကို ဖော်ထုတ် နိုင်ပါဦးမလား။

***

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လှေကားထစ်မှ တက်ရောက်လာသည်။ သူ၏ ရုပ်ရည်က သာမန်ဖြစ်သော်လည်း သူရောက်ရှိလာသည်နှင့် လူအများအကြား ထင်ပေါ်သောသူ ဖြစ်လာသည်။ လူတိုင်း၏ မျက်လုံးက သူ့ထံတွင် ရှိသည်။ သူက ဖြည်းညင်းစွာ လျှောက်သော်လည်း သူ၏ ခြေလှမ်းတိုင်းက ကွဲပြားခြားနားသော ခံစားချက်ကို ပေးသည်။ သူ၏ ဆံပင်များက ပခုံးပေါ်တွင် ကပိုကရို ပြန့်ကျဲကျနေကာ သူ၏ ပုံဟန်က မည်သည့်ခံစားမှုမှ ပြသဟန်မရှိပေ။ သူ၏ ရုပ်ရည်က သာမန်ဖြစ်သည့်တိုင် မျက်လုံးများက အလွန်နက်ရှိုင်းသည်။ သူက လူတိုင်း၏ အကြည့်ဖြင့် ဝါးမျိုနိုင်စွမ်းရှိသည့် မျက်လုံး ပိုင်ရှင်မျိုး ဖြစ်သည်။

ရှောင်ဝူကျိ။ လူတိုင်းက သူ့အား ကြည့်နေကြသော်လည်း မည်သူမှ သူ့အား မဖိတ်ခေါ်ပေ။

ရှောင်ဝူကျိက ကလန်ကို ရွေးရန် မှန်တောင်ကို လာသည်ဆိုပါက သူက တစ်စုံတစ်ခု လုပ်မည်မှာ ထင်ရှားသည်။ သူတို့အားလုံးက သူ ဘာလုပ်မည်ကို စိတ်ဝင်တစား စောင့်နေကြသည်။ ထို့ကြောင့် ကျယ်ပြန့်လှသော တောင်ထိပ်ကား ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ရှောင်ဝူကျိ၏ ခြေသံကိုသာ ကြားရသည်။

သူက ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ လူအုပ်ကို ကြည့်ခြင်း မဟုတ်ဘဲ ကံစွမ်းအား အရင်းအမြစ်များကို ကြည့်ခြင်းဖြစ်သည်။ ထို့နောက် သူက တစ်နေရာသို့ လျှောက်သွားလိုက်သည်။ သူသွားနေသော နေရာကား ရီဖူရှင်း ရှိနေရာကို ဖြစ်သည်။ သူက ရီဖူရှင်းထံကို သွားခြင်း မဟုတ်ပေ။ ရုပ်တုများထံကို သွားခြင်းဖြစ်၏။ လူအများအပြားက ဘေးကို အလိုအလျောက် ဖယ်ပေးကြသော်လည်း ရီဖူရှင်းတို့အုပ်စုက မရွေ့ပေ။

“ဖယ်…” အလွန် လွှမ်းမိုးနိုင်စွမ်းသော အသံတစ်ခု ကြားရသည်။ သူကား ကျောင်းတော်မှ တန့်ယွီဖြစ်သည်။ သူက ရီဖူရှင်းတို့အား အထင်သေးစွာ ကြည့်သည်။ သူပထမက ပြောခဲ့သလို ရီဖူရှင်းအား သူလုံးဝ သဘောမကျပေ။

ယူချင်းက သူ့အား အေးစက်စွာ ကြည့်လိုက်စဉ်မှာပင် ရီဖူရှင်းက ဂရုစိုက်ပုံမရဘဲ သူ့လူများအား ဘေးကို ဖယ်ပေးရန် အချက်ပြသည်။ ယူချင်းက သူ့အား နားမလည်သလို ကြည့်၏။

“စောင့်ကြည့်ရအောင်…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူက မီးလျှံရုပ်တု၏ ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။ ထိုထိပ်သီး အင်အားစုများက အပြိုင်အဆိုင် ခေါ်ယူလိုသောသူက မည်မျှ စွမ်းသည်ကို ရီဖူရှင်း သိလိုသည်။

သူက ယှဉ်ပြိုင်နိုင်စွမ်း ရှိပါမည်လော။

ရီဖူရှင်း တစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်းက ရှောင်ဝူကျိကို ကြည့်နေကြသည်။ သူက ရုပ်တုကို ပထမဆုံး စမ်းသပ်လိုသည် ထင်၏။

ကြောက်မက်ဖွယ် ကောင်းသော မီးဓာတ်အသိက ရှောင်ဝူကျိ၏ မျက်လုံးများကြားမှ ထွက်ပေါ်လာကာ ရုပ်တုထံသို့ ဝင်ရောက် သွားသည်။ ထို့နောက် သူက မျက်လုံးကို မှိတ်လိုက်ကာ တိတ်ဆိတ်စွာ လေ့လာ ဆင်ခြင်သည်။ အချိန် အနည်းငယ်ကြာလျှင် မီးလျှံအမျှင်တန်း တစ်ခုက ရုပ်တုမှ ထွက်ပေါ်လာကာ ရှောင်ဝူကျိထံသို့ တိုးဝင်သွားပြီး သူ့တစ်ကိုယ်လုံးကို တဖြည်းဖြည်း လွှမ်းခြုံသွား၏။

သူက ထိုအဆင့်ထိကိုပင်လျှင် ရောက်သွားသည်လား။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။ ထိုအခြေအနေထိ ရောက်အောင် မည်မျှ ခက်ခဲသည်ကိုသူတို့ သိသော်လည်း ရှောင်ဝူကျိက ဤမျှ လျင်မြန်စွာ ပြုလုပ်နိုင်ခဲ့သည်။

ရှောင်ဝူကျိ၏ ခန္ဓာကိုယ်က လောင်ကျွမ်းနေပုံ ရသည်။ များစွာသော မီးသစ်ရွက်များက ဖြစ်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို ဝါးမျိုကြသည်။ မဆုံးနိုင်သော မီးအသိများက သူ့အား ရစ်ပတ်နေကြသည်။ သူ၏ ခန္ဓာက လျှပ်တစ်ပြက်ပင် မီးလျှံရုပ်တုထံကို လျှောက်သွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထိုအရာနှင့် ပေါင်းစပ်သွားပုံရကာ အထဲတွင် ထိုင်လျက် ရုပ်တု၏ စွမ်းအားများကို ဆင်ခြင်နေပုံရသည်။

ရှောင်ဝူကျိ ဆိုသည့်အတိုင်းပင်။ လူအများ၏ နှလုံးများ တုန်ခါသွားသည်။ မျှော်လင့်ထားသည့် အတိုင်းပင် သူက ပထမဆုံး အကြိမ်တွင်ပင် ထိုအခြေအနေသို့ တိုတောင်းသော အချိန်အတွင်း ရောက်ရှိသွားသည်။

ရီဖူရှင်းက တည်ငြိမ်စွာပင် ထိုမြင်ကွင်းကို ကြည့်နေသည်။ ရှောင်ဝူကျိကား အလွန်နာမည်ကြီးကာ သူ၏ ပါရမီကလည်း ငြင်းပယ်မရနိုင်ပေ။ လူအနည်းငယ်မျှသာ သူ့လို လုပ်နိုင်သည်။ မှန်သည် ရီဖူရှင်းကား ခြွင်းချက်ဖြစ်၏။ ရှောင်ဝူကျိက မည်သည့် အခြေအနေထိအောင် သွားနိုင်မည်ကို သူသိလို၏။

ရှောင်ဝူကျိက ရုပ်တုထဲတွင် အချိန်ကြာမြင့်စွာ ဆင်ခြင်နေသော အချိန်တွင် လူတိုင်းက တိတ်ဆိတ်စွာ စောင့်နေကြသည်။ သူကား အရှေ့မြေရိုင်းဒေသ၏ ထိပ်သီးတန်ခိုးရှင်များထဲမှ တစ်ယောက်ဖြစ်လာရန် ကံပါလာသည်။ သူတို့က ရှောင်ဝူကျိအား ယခုအချိန်တွင် တွေ့ခွင့်ရနိုင်သော်လည်း နောက်နှစ် အနည်းငယ် ကြာလျှင်ကား အဝေးမှပင် မြင်ရန် လွယ်ကူမည် မဟုတ်တော့ပေ။

အတန်ကြာလျှင် ရှောင်ဝူကျိက ရုပ်တုနှင့် ခွဲခြားလိုက်သည်။ သူ၏ကိုယ်တွင် မီးသစ်ရွက် အမှတ်အသားများ ဖြစ်ပေါ်ကာ ကိုယ်ထဲကို ပျော်ဝင်သွားသည်ကို မြင်ကြရသည်။ သူကား မီးရုပ်တုကို ဆင်ခြင်ပြီးသွားပြီ ဖြစ်သည်။ ထို့နောက် သူက ရေခဲရုပ်တုထံသို့ လျှောက်သွားသည်။ တူညီသော မြင်ကွင်းကို မြင်ကြရပြန်သည်။ သူ၏ ကိုယ်မှ ရေခဲဓာတ်များ ဖြာထွက်လာကာ သူ၏ မျက်လုံးများက မြူများဖြင့် ဖုံးအုပ်ထားသလိုပင်။ သူက ရုပ်တုကို လေ့လာ ဆင်ခြင်ပြန်သည်။ အတန်ကြာလျှင် သူက ဘေးနားမှ ရွှေရောင်ရုပ်တုကို ဆက်လက် ဆင်ခြင်သည်။ ရှောင်ဝူကျိအတွက်မူ ထိုအရာများက မည်သို့မှ ကွဲပြား ခြားနားခြင်း မရှိပေ။

“သူက ဓာတ်စွမ်းအင် မျိုးစုံ သုံးနိုင်တာလား…” ရီဖူရှင်းက ရေရွတ်လိုက်သည်။

“ဟုတ်တယ်…” လျိုချန်းယွီက ခေါင်းညိတ်သည်… “ရှောင်ဝူကျိက စိတ်ဝိညာဉ် စွမ်းအား အပါအဝင် ဓာတ်စွမ်းအင် မျိုးစုံသုံး တန်ခိုးရှင်ပဲ….”

“အရှေ့မြေရိုင်းဒေသမှာ သူ့လိုလူ အများကြီး မရှိဘူး…” လျိုဖေးယွန်က ပြောသည်… “ဝမ်းနည်းစရာ ကောင်းတာက သူက ကျုပ်တို့ နိုင်ငံကို ရွေးမှာမဟုတ်ဘူး… လျိုနိုင်ငံက တခြား အဖွဲ့အစည်းနဲ့ယှဉ်ရင် အသာစီးရတာ မရှိဘူး… အင်အားမှာ ကျုပ်တို့က ချန်ပြည်ထောင်ကို မယှဉ်နိုင်သလို ဒွန်ဟွာကလန်နဲ့ ကျောင်းတော်လိုလည်း တခြား နယ်ပယ်တွေမှာ ဆွဲဆောင်အား မကောင်းဘူး….” လျိုဖေးယွန်က သိပ်မမျှော်လင့်ထားပေ။ ရှောင်ဝူကျိက ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကျောင်းတော်များထဲမှ တစ်ခုကို ရွေးမည်ဟု သူထင်မြင်သည်။

“နင်က အဲဒီရုပ်တုတွေကို အချိန် တော်တော်ကြာ ဆင်ခြင်ခဲ့တယ်… အခု ကြည့်ရသလောက်ကတော့ တော်တော် ကွာခြားတာပဲ…” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက သူမအား တည်ငြိမ်စွာ ကြည့်သည်။ သူမ၏ အပြုံးနှင့် ပတ်သက်၍ သူက မည်သို့မှ မခံစားရပေ… “အစေခံတွေက သိပ်စကားမပြောရဘူး… မင်းက ဒီလို ဆက်ပြီး လုပ်နေရင် ငါက မင်းကို ရောင်းရလိမ့်မယ်….” သူက အေးစက်စွာ ပြောသည်။

ဂူဘိုင်ယွီက အေးစက်သွားကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမက ရောင်း၍ ရသည်လား။

ရီဖူရှင်းက သူမအား လျစ်လျူရှု ထားလိုက်သည်။ သူက တိတ်ဆိတ်စွာပင် ရှောင်ဝူကျိကို ဆက်ကြည့်သည်။ ရုပ်တုသုံးခုကို ဆင်ခြင်ပြီးသွားလျှင် ရှောင်ဝူကျိက စိတ်ဝင်စားတော့ဟန် မရဘဲ ထိုနေရာမှ ထွက်သွားသည်။

လူတိုင်း၏ မျက်လုံးက သူနှင့်အတူ ရွေ့လျားသွားသည်။

ရှောင်ဝူကျိက ကျောက်တုံးကြီး ရှည်ကြီး တစ်ခုထံသို့ လျှောက်သွားသည်။ ထိုကျောက်တုံးကား တစ်စုံတစ်ယောက်၏ ရုပ်ပုံကို ပြန်လည် ဖြစ်ပေါ်စေသော မှန်တစ်ချပ်နှင့် ဆင်တူကာ အလွန်ထူးဆန်းသည်။ ထိုအရာက အရောင်မှိန်မှိန်လေး ဖြာထွက်နေသည်။ ကျောက်တုံး မျက်နှာပြင်ပေါ်တွင်ကား များစွာသော ရုပ်ပုံများ ထွင်းထုထားသည်။

ကျောက်တုံးရှေ့တွင် သူက ရပ်လိုက်လျှင် အလွန် အားကောင်းသော စိတ်အသိကို သူခံစားရသည်။ တစ်စုံတစ်ယောက်က ပါရမီကောင်းလေလေ သူ၏ ရုပ်ပုံက အထဲကို နစ်ဝင်လေလေ ဖြစ်သည်။ ကျောက်တုံးပေါ်မှ ရုပ်ပုံများမှာ တခြားလူများ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အနက်ဆုံး တစ်ခုကား ခုနစ်လက်မ ဖြစ်သည်။

ရှောင်ဝူကျိက ကျောက်တုံးရှေ့တွင် ရပ်လိုက်သည်။ အားကောင်းသော စွမ်းရည်က သူ့အား လွှမ်းခြုံသွားသည်။ သူက ရှေ့ကို ဆက်လျှောက် သွားသည်ကို သူတို့ မြင်သည်။ ကျောက်တုံးကြီးတွင် ရုပ်ပုံတစ်ခု ဖြစ်ပေါ်လာကာ အထဲကို နစ်ဝင်နေသည်။

တစ်လက်မ၊ နှစ်လက်မ … ရှောင်ဝူကျိ၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးသွားသည်။ ကြောက်မက်ဖွယ် ဖိအားက သူ့ထံ ဆင်းသက်လာသည့်တိုင် သူက ရှေ့ကို ဆက်လျှောက်သွားသည်။ ပုံရိပ်က အထဲကို ပိုမိုနက်ရှိုင်းလာသည်။ ရုပ်ပုံက အထဲကို ရှစ်လက်မအထိ နစ်ဝင်သွားပြီး နောက်ဆုံးတွင် ရပ်တန့်သွား၏။

ရှစ်လက်မ။ နောက်ထပ် စံချိန်တစ်ခုပင်။

လူတိုင်းက ရှောင်ဝူကျိကို ထိတ်လန့်စွာ ကြည့်ကြသည်။ သူကား စံချိန်များကို ဖန်တီးရင် ဖြစ်ပေါ်လာသော အံ့ဖွယ်လူသားပင်။

ထို့နောက် ရှောင်ဝူကျိက စည်တော်များရှိနေရာသို့ လျှောက်သွားသည်။ သူက လက်ကို မြှောက်လိုက်ကာ စည်တော်ကို ထုလိုက်သည်။ ဘုန်းခနဲမြည်သံက လေထုတစ်ခုလုံးကို တုန်ခါသွားစေသည်။

ရှောင်ဝူကျိက တစ်စုံတစ်ခုကို နားလည်လိုက်ကာ ဆက်လက် တီးခတ်လိုက်သည်။ စည်တော်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ အားလှိုင်းများက လေထုတစ်ခုလုံးကို ပျံ့နှံ့နေသည်။

စည်တော်သံက ခုနစ်ကြိမ်တိတိ ဆက်တိုက် ထွက်ပေါ်လာပြီး အတန်ကြာလျှင် ရှစ်ချက်မြောက်ကို ကြားရသည်။ ထို့နောက် ကိုးချက်မြောက်ကို သူ တီးခတ်လိုက်သည်။ ထိုအရာကား တခြားလူများ စွမ်းဆောင်ရန် မစွမ်းနိုင်သော အရာဖြစ်သည်။ သို့သော် ရှောင်ဝူကျိ အတွက်မူကား သာမန်မျှသာ။

ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လူအများအပြား၏ နှလုံးများ တုန်ခါနေ၏။ သူတို့က ထိုကံစွမ်းအား အရင်းအမြစ်များကို လေ့လာဆင်ခြင်ရန်၊ စိန်ခေါ်မှုများကို ဖြတ်ကျော်ရန် အချိန်များစွာ ယူရသော်လည်း ရှောင်ဝူကျိ အတွက်မူကား လွယ်ကူပုံရနေသည်။

သူက စိတ်ဝင်စားမှု ရှိတော့မဟန် မရပြန်တော့ပေ။ ထိုနေရာမှ ထွက်ခွာပြီးနောက် သူ၏ ခြေလှမ်းများက မှန်တောင်ကုန်းပေါ်သို့ ဦးတည်နေသည်။

ဤနေရာကား နောက်ဆုံးပင်။

ရှောင်ဝူကျိက နိုဘယ်ရုပ်တု မည်မျှ ဖန်တီးနိုင်မည်နည်း။

လူအုပ်ကြီးက ကြည့်နေသော အချိန်တွင်ပင် သူက မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ကြောက်မက်ဖွယ် အလင်းရောင်တစ်ခု သူ၏ နောက်မှ ပေါက်ကွဲထွက်လာသည်။ ထိုအရာက များစွာသော ရောင်စဉ်များ ထွက်ပေါ်လာပြီး ကျယ်ပြန့်စွာ ပေါက်ကွဲထွက်သွားသည်။ လူတိုင်းက ထိုစွမ်းအား မြင့်လွန်းသော ကံစွမ်းအားကို ကြည့်နေကြသည်။

ရှောင်ဝူကျိက နိုဘယ်စိတ်အသိများစွာကို ဆင်ခြင် လေ့လာခဲ့သည်။ ထိုအရာများ အားလုံးက သီးခြား တည်ရှိနေခြင်း ဖြစ်ကာ သူ၏ ကံစွမ်းအားကလည်း အဆင့်မြင့် နိုဘယ်ကံစွမ်းအား ဖြစ်သည်။

“ရှေးဟောင်းမြေရိုင်း ဒေသမှာ ပြိုင်ဘက်ကင်းပဲ…” တန့်ယွီက ရှောင်ဝူကျိ၏ နိုဘယ်ကံစွမ်းအားကို ကြည့်ကာ မှတ်ချက်ချသည်။ အဆင့်မြင့် ကံစွမ်းအားကို ပိုင်ဆိုင်ထားသော တခြားသူများက သူ့လို နိုဘယ်စိတ် အသိများစွာကို လေ့လာ ဆင်ခြင်နိုင်စွမ်း  မရှိပေ။

အကယ်၍သူက ကျောင်းတော်ကို ရွေးခဲ့လျှင် ထိုအဘိုးအိုများက သူ့ကို အပြိုင်အဆိုင် လုကြမည်မှာ သေချာသည်။

တန့်ယွီအတွက်မူ ရှောင်ဝူကျိက သူ့အား ရွေးမည်မှာ အလွန်ဖြစ်နိုင်ခြေ များသည်။ အဘယ်ကြောင့်ဆိုသော် သူကား ကျောင်းတော်မှ ဖြစ်သောကြောင့်ပင်။

ထိုအခိုက်တွင် အရှေ့မြေရိုင်း ဒေသမှ များစွာသော နိုဘယ်တန်ခိုးရှင်များက မှော်မှန်ကို သုံးလျက် ရှောင်ဝူကျိကို စောင့်ကြည့်နေကြသည်။

မှန်ထဲမှ ပုံရိပ်မှာ ရှောင်ဝူကျိဖြစ်သလို သူတို့က မှန်တောင်ကုန်းမှ မြင်ကွင်းကိုလည်း မြင်နေရသည်။ သူတို့အားလုံး စိတ်ဝင်တစား ကြည့်နေကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset