Switch Mode

အပိုင်း (၁၉၇)

ထိပ်သီးပါရမီရှင်များ

ဤရက်ပိုင်းတွင် တန်ခိုးကျင့်ခြင်းအပြင် ရီဖူရှင်းက အရှေ့မြေရိုင်း ဒေသမှ အကြောင်းအရာ များကိုလည်း လေ့လာခဲ့သည်။ အရှေ့မြေရိုင်းဒေသ၏ အလယ်ပိုင်းဒေသတွင် ချန်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် အရှေ့မြေရိုင်း ကျောင်းတော်တို့က အင်အားအကြီးဆုံး ဖြစ်သည်။ ချန်ပြည်ထောင်အား အရှေ့ချင်ဟုလည်း ခေါ်ကြသည်။ သူတို့က တစ်ကြိမ်တစ်ခါက အရှေ့မြေရိုင်း ဒေသကို အုပ်စိုးခဲ့ကြကာ နောက်ပိုင်းတွင် ပြိုကွဲခဲ့သည်။ ထို့နောက် ချန်ပြည်ထောင်က အင်အားများ ပြန့်ကျဲသွားခဲ့ကာ လက်ရှိ အခြေအနေများကို ဖြစ်ပေါ်လာစေသည်။

သို့တိုင်အောင် တခြား နိုင်ငံအများအပြားက ချင်ပြည်ထောင်ကို သစ္စာခံနေကြဆဲ ဖြစ်သည်။ သူတို့က နိုင်ငံပေါင်းများစွာကို အုပ်ချုပ်ကြကာ အလွန် အားကောင်းသည်။ သူတို့က အဓိကကျသော မြေနေရာတစ်ခုကို ဆုပ်ကိုင်ထားသော လျိုနိုင်ငံထက် ပိုမို အင်အားကောင်းသည်။

ဒွန်ဟွာကလန်ကလည်း အရှေ့မြေရိုင်းဒေသတွင် နံပါတ်တစ်ကလန် ဖြစ်လာရန် အလားအလာ များနေသည်။ ဤနှစ်ပိုင်းများအတွင်း သူတို့၏ တိုးတက်မှုက ကြောက်ခမန်းလိလိပင်။

အရှေ့မြေရိုင်း ကျောင်းတော်ကား ဤဒေသတွင် နံပါတ်တစ်ကျောင်းတော် ဖြစ်သည်။ သူတို့က မရေမတွက်နိုင်သော ပါရမီရှင်များအား မွေးထုတ်ပေးခဲ့သည်။ တပည့်များကို သင်ကြားရာတွင် ကျောင်းတော်ကား ပြိုင်ဘက်ကင်း၏။

ထိုအင်အားစုသုံးခုက ရှည်လျားသော သမိုင်းအမွေများ ရှိသည်။ ဒွန်ဟွာကလန်က အင်အား ကောင်းသောလည်း တပည့်များကို လေ့ကျင့်ပေးရာတွင် ကျောင်းတော်လောက် မထူးချွန်ပေ။ ထို့ကြောင့် လျိုချန်းယွီက ရီဖူရှင်းအား ကျောင်းတော်ကို ဝင်ရောက်ရန် အကြံပေးခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကား သံသယ ရှိစရာ မလိုအောင် ကောင်းမွန်ပေသည်။ ကောလာဟလများအရ ထိပ်သီး အင်အားစုများ၏ နိုဘယ်တန်ခိုးရှင်များ အများအပြားက ကျောင်းတော်တွင် လေ့ကျင့်ခဲ့ကြသည်ဟူ၍ ဖြစ်၏

ထိပ်သီးအင်အားစု သုံးခုအပြင် ဖူယွန်ဓားလန်ကား ဓားပညာတွင် အကောင်းဆုံးဟု ပြောရမည်ဖြစ်သည်။ ဓားသခင်တောင်ကုန်းကား နှစ်ဖက်သွား ဓားပညာတွင် အကောင်းဆုံးဖြစ်သည်။

ဖူယွန်ဓားကလန်နှင့် ဓားသခင်တောင်ကုန်းကား နှစ်ပေါင်းများစွာ ကြာအောင် ပြိုင်ဆိုင်ခဲ့ကြသည်။ သူတို့၏ တပည့်အချင်းချင်း တွေ့ကြလျှင် တိုက်ပွဲဖြစ်ပွားလေ့ ရှိသည်။

မှန်သည်… လျိုနိုင်ငံ၊ မှော်ကလန်၊ တော်ဝင်ချန်ကျောင်းတော်နှင့် ချင်းရွှီဘုရားကျောင်း တို့ကလည်း အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ကြသည်။

ရီဖူရှင်းက ထိုအင်အားစုများ၏ ယေဘုယျ အခြေအနေများကို သဘောပေါက် လိုက်သည်။

မှန်တောင်ကုန်းပေါ်တွင် လူက ပိုမိုများပြား လာသည်နှင့်အမျှ ရီဖူရှင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း များပြားလာကြသည်။ မှန်သည်… သူတို့က ဤနေရာကို ပွဲကြည့်ရန် လာကြခြင်းသာ ဖြစ်သည်။ တချို့က စိတ်ကူးယဉ် ဆန်ကြသည်။ တချို့က ရီဖူရှင်းက ဂူဘိုင်ယွီအပေါ် အစေခံလို ဆက်ဆံပြောဆို နေသည်ကို စိတ်ဆိုးကြသည်။ သို့တိုင်အောင် ရီဖူရှင်းကို လေးစားအားကျသော လူအနည်းစုလည်း ရှိပေသေးသည်။ တခြား အင်အားစုများမှ လူများကလည်း လာရောက်ကြသော်လည်း ရီဖူရှင်းက သူတို့ကို မသိပေ။

“တန်ခိုးအဆင့်နိမ့်တဲ့ လူက ဘယ်လိုလုပ် ဂူဘိုင်ယွီကို အစေခံအနေနဲ့ သဘောထား နိုင်ရသလဲ…. သူ့ရဲ့သတ္တိက ဘယ်ကလာတာလဲ….” ရီဖူရှင်းနှင့် သိပ်မဝေးသော တစ်နေရာမှ တစ်စုံတစ်ယောက်က ပြောသည်။ သူသည်လည်း အဆင့်မြင့် ကလန်တစ်ခုမှ ဖြစ်သည်။

“ဒါက အလောင်းအစား တစ်ခုကြောင့်ပဲ… ဂူဘိုင်ယွီက သူ့စကားကိုသူ တည်ခဲ့ပေမဲ့ ဒီကောင်က သူ့နေရာကိုမသိဘဲ သူမကို အစေခံအနေနဲ့ တကယ် သဘောထားခဲ့တယ် … ဒီကောင်က အရမ်းလွန်တယ်…” တစ်စုံတစ်ယောက်က ရီဖူရှင်းအား သရော်သောလေသံဖြင့် ပြောသည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းက ဂူဘိုင်ယွီအား အနိုင်ယူနိုင်ခဲ့ရာ သူက တခြားလူများထက် ထူးချွန်သည်ကို သိကြသည်။ သို့သော် သူတို့က မနာလိုဝန်တို ဖြစ်နေကြရာ ထိုသို့ သရော်နေကြခြင်း ဖြစ်သည်။

“သူ့မှာ နိုဘယ်အဆင့် သိဒ္ဓိဝင်ပစ္စည်း ရှိပြီးတော့ ဖူယွန်ဓားကလန်ရဲ့ ထိပ်သီးတပည့်တွေဆီက ကံစွမ်းအားကိုလည်း လုယူခဲ့တယ်…” နောက်တစ်ယောက် ပြောသည်။

“သိဒ္ဓိဝင်ပစ္စည်းတွေက ပြင်ပအားအင်တွေပဲ… ထိပ်သီးအင်အားစုတွေရဲ့ တပည့်တွေက ဒါတွေ မလိုအပ်ဘူး… ပြီးတော့ သူက သိဒ္ဓိဝင်ပစ္စည်းတွေနဲ့တောင် မှော်ကလန်နဲ့ ဖူယွန်ဓားကလန်က စွမ်းအားမြင့် တန်ခိုးရှင်တွေကို အနိုင်ယူနိုင်မှာလား….”

ထိုစကားသံကို ကြားလျှင် လူအများအပြားက ခေါင်းညိတ်ကြသည်။ ရီဖူရှင်းကား စိတ်ဝိညာဉ်အားအင်နှင့် ဂီတပညာတွင် ထူးချွန်သည့်တိုင် သူကား အရှက်မဲ့လှသည်။ သူက ဖူယွန်ဓားကလန်မှ လူများ၏ ကံစွမ်းအားကို လုယူကာ ဂူဘိုင်ယွီအား အစေခံလုပ်စေသည်။ ဂူဘိုင်ယွီပြောသလို သူက ခံနိုင်ရည် ရှိပါမည်လော။

လူအများအပြားက သူ့အကြောင်းကို ပြောနေကြလျှင် ရီဖူရှင်း စိတ်အနှောင့်အယှက် ဖြစ်လာသည်။ သူက အေးဆေးစွာ ကျင့်ကြံနေ၍ မရပေဘူးလား။

“ဂူဘိုင်ယွီ…”သူက ခေါ်လိုက်သည်။ မိန်းကလေးက သူ့အား ကြည့်လျှင် ရီဖူရှင်းက ပြောသည်… “ကျုပ်အကြောင်းကို ဆွေးနွေးနေကြတဲ့ အဲဒီကောင်တွေကို ရှင်းလိုက်… ငါသူတို့ကို မမြင်ချင်ဘူး…”

ဂူဘိုင်ယွီက ထိတ်လန့်တကြား ဖြစ်သွားသည်။ ထိုလူအများစုမှာ သူမနှင့် ပတ်သက်၍ စိတ်ဆိုးနေကြခြင်း ဖြစ်ကာ ရီဖူရှင်းက သူမအား ထိုလူများကို နှင်ထုတ်စေလိုသည်။ သူမက ထိုနေရာတွင် ဝမ်းနည်းစွာ ရပ်နေသည်။ လေတိုက်သောကြောင့် သူမ၏ အဝတ်စများ တဖျတ်ဖျတ် လွင့်လျက်ပင် ဂူဘိုင်ယွီက ထိုလူများထံ လျှောက်သွားသည်။ လူတိုင်းက အံ့အားသင့်သွားကာ ရီဖူရှင်းကို ကြည့်ကြသည်။ သူက အဘယ်ကြောင့် ဤမျှ အရှက်မဲ့ရသနည်း။

“ကျေးဇူးပြုလို့ ထွက်သွားကြပါ….” ဂူဘိုင်ယွီက ရေရွတ်လိုက်သည်။ အစေခံ ဖြစ်ရခြင်းကား ဝမ်းနည်းစရာ ကောင်းလှသည်။

လူတိုင်းက သူတို့၏ရှေ့မှ နတ်သမီးကဲ့သို့သော မိန်းကလေးကို ကြည့်ကာ ဆွံ့အသွားကြသည်။ တစ်စုံတစ်ယောက်က ပြောသည်… “နတ်သမီးဂူ… ဘာလို့ ဒီလို လုပ်နေရတာလဲ… သူက မင်းကိုဒီလို ဆက်ဆံဖို့ အဆင့်မရှိဘူး….”

“ကျွန်မက သဘောတူပြီးမှတော့ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ်…” ဂူဘိုင်ယွီက သနားစဖွယ် ပြောသည်။

သူမအား ထိုသို့ မြင်လျှင် လူအများအပြားက မှင်တက် သွားကြသည်။ သူတို့က ပိုမို ဒေါသထွက်လာကြကာ ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကြသည်။ နောက်တစ်ယောက်က အေးစက်စွာ ပြောသည်… “မင်းငါနဲ့ တိုက်ခိုက်ရဲလား….”

“မြန်မြန်လုပ်…” ရီဖူရှင်းက သူတို့ကို လျစ်လျူရှုကာ ဂူဘိုင်ယွီအား တိုက်တွန်းလိုက်သည်။ အစေခံကား သူ၏ တာဝန်ကို မထမ်းဆောင်ဘဲ သူ့အား အကွက်ချရန် ကြံစည်နေသည်။ သူမအား အပြစ်ပေးသင့်၏။

“ကောင်းပြီ…” ဂူဘိုင်ယွီက ခေါင်းညိတ်လိုက်သည်။ သူမက အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်လျှင် သူမ၏ရှေ့မှ လူများက ပိုမို၍ ဒေါသထွက် လာကြသည်။ သူတို့က ဂူဘိုင်ယွီနှင့် တိုက်ခိုက်ရန် အင်အား မရှိကြပေ။ သူတို့က ရီဖူရှင်းကို ပိုမိုဒေါသထွက်လာကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။ ထွက်သွားသော အချိန်တွင်လည်း ရီဖူရှင်းအား ဆဲဆိုရန် မမေ့ကြပေ။ ရီဖူရှင်းကား ဂူဘိုင်ယွီကို အစေခံအဖြစ် သတ်မှတ်ထားသလို မိန်းမတစ်ယောက်၏ နောက်ကွယ်တွင် ပုန်းကွယ်နေသေးသည်။ သူ့လောက် မျက်နှာပြောင် တိုက်သောသူ သူတို့တစ်သက်တွင် မတွေ့ဖူးသေးပေ။

လျိုချန်းယွီက သူ့အား အဝေးမှ ကြည့်နေသည်။ ရီဖူရှင်း၏ အတွေးများကို သူမ မသိပေ။ ဂူဘိုင်ယွီကား သူမ၏ တာဝန်ကို လုပ်ဆောင်နေသော်လည်း ရီဖူရှင်းအား ထောင်ချောက်လည်း ဆင်နေသည်။ လူအများအပြားက အလွန် စိတ်ဆိုးနေပြီဖြစ်ကာ မည်သည့်အချိန်တွင် ပေါက်ကွဲမည်ကို သူမ မသိပေ။

သူက ထိုသို့ ဖြစ်လာည်ကို စိုးရိမ်သော ပုံဟန်လည်း မရှိပေ။

လျိုချန်းယွီအား ဆွံ့အစေသည်မှာလား သူက အေးဆေးစွာ ကျင့်ကြံနေနိုင်ခြင်းပင်။ သူက မည်သည့်အရာမှ ဂရုမစိုက်ပေ။

ထိပ်သီး အင်အားစုများမှ လူများက တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ဖူယွန်ဓားကလန်ကား အာရုံစိုက် အခံရဆုံးဖြစ်သည်။ သူမက သူတို့ကို မြင်လျှင် လျိုချန်းယွီက ရီဖူရှင်းတို့ အုပ်စုအနီးသို့ ရောက်လာသည်။ သို့သော် ဖူယွန်ဓားကလန်က အရေးလုပ်ဟန် မရဘဲ သီးသန့် နေကြသည်။ သူတို့က ရီဖူရှင်းတို့နှင့် ဖြေရှင်းရန် သိပ်အလျင်လိုပုံမရပေ။ ရီဝူချင်းက ရင်ဆိုင်ရခက်ခဲသည်ကို သူတို့ သိကြသည်။ မူယွန်ဟီကား ဥပမာဖြစ်သည်။ လျိုချန်းယွီလည်း ရှိနေသေးသည်။

တော်ဝင်ချန်ကျောင်းတော်နှင့် ဓားသခင်တောင်ကုန်းလည်း ရောက်ရှိလာသည်။ တချို့က ရီဖူရှင်းနှင့် လို့လန်ရွှီကို သိကြသည်။ သူတို့က ထိပ်သီး အင်အားစုလေးခု၏ ပါရမီရှင်များ ဖြစ်ကြကာ ဤမတိုင်မီက လို့လန်ရှေးဟောင်း နယ်မြေကို သွားရောက်ခဲ့ကြသည်။

ထိုရှေးဟောင်း နယ်မြေတွင်ပင် လီတောင်ယွန်က ရီဝူချင်း၏ လက်တစ်ဖက်အား ဖြတ်တောက်ခဲ့ခြင်းဖြစ်ကာ ရန်စဖြစ်ပေါ်လာခဲ့သည်။ သူတို့က မှန်တောင်ကုန်းကို ရောက်လာကာ ဖူယွန်ဓားကလန်အား ရဲတင်းစွာ စိန်ခေါ်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။

လို့လန်သမီးတော် လို့လန်ရွှီအား မြင်ရခြင်းကလည်း သူတို့ကို အံ့အားသင့်စေသည်။

ထိုအခိုက်တွင် ဘုန်းကြီးအနည်းငယ်က လူအများ၏အာရုံကို ဆွဲဆောင်လျက် တောင်ထိပ်ပေါ်သို့ တက်လာကြသည်။ သူတို့က ချင်းရွှီဘုရားကျောင်းမှ ဖြစ်ကြသည်။ သူတို့၏ ဘေးတွင် နောက်ထပ် အုပ်စုတစ်ခု ရှိသည်။ သူတို့တွင် အလွန်ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိကာ သူတို့၏ မျက်နှာများတွင် ယုံကြည်မှုများ ပြည့်နေသော ဟန်ပန်များကို မြင်ရသည်။

ဒွန်ဟွာကလန်။ လူအများအပြားက အံ့အားသင့်သွားကြသည်။ မှန်တောင်ကုန်းပေါ်မှ အဖြစ်အပျက်များက ဒွန်ဟွာကလန်ကိုပင်လျှင် အာရုံစိုက်စေမည်ဟု သူတို့ မထင်မိခဲ့ကြပေ။

သူတို့က အရှေ့မြေရိုင်းဒေသတွင် နံပါတ်တစ်ကလန် ဖြစ်လာရန် နီးစပ်နေပြီဖြစ်သည်။ သူတို့ကား အလွန် စွမ်းအားမြင့်လှကာ သူတို့၏ တပည့်များကလည်း ထူးချွန်ထက်မြက်လှသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသူက လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လျှင် ဂူဘိုင်ယွီကို မြင်သည်။ သူတို့က ယခင်က အကြိမ်များစွာ တွေ့ဖူးကြသည်။ ထိုဆွဲဆောင်အား ကောင်းပြီး ထက်မြက်သော မိန်းကလေးကား နောက်တစ်ယောက်၏ အစေခံဖြစ်နေသည်။ ထို့နောက် သူက သူမ၏ ဘေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ထိုနေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ချင်းရွှီဘုန်းတော်ကြီး များကလည်း လူအုပ်ထဲကို လျှောက်သွား လိုက်ကြသည်။

“ဒွန်ဟွာကလန်ရဲ့ ဟွာချိန်ချဲ…” လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ အရှေ့မြေရိုင်း ဒေသတွင် သူကား လူငယ်မျိုးဆက်ထဲတွင် အလွန်ကျော်ကြားသော သူဖြစ်သည်။ ထို့အပြင် သူကား ဒွန်ဟွာကလန်မှ ဖြစ်သည်။ အတန်ကြာလျှင် သူက စည်တော်ရှိနေရာသို့ လျှောက်သွားပြီး ရီဖူရှင်းကို ကြည့်ကာ မေးသည်… “မှန်တောင်ကုန်းမှာ ထိပ်သီးပါရမီရှင်တွေ ရောက်လာတယ်လို့ ကျုပ်ကြားတယ်… မင်းတို့တွေလား….”

ရီဖူရှင်းက ဟွာချိန်ချဲနှင့် ဂူဘိုင်ယွီတို့ကို ကြည့်လိုက်သည်။

“ငါက ဒွန်ဟွာကလန်ကို မတားနိုင်ဘူး…” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ ဂူဘိုင်ယွီက သူမ၏ တာဝန်များကို မကျေပြွန်လို၍ မဟုတ်ပေ။

ဒွန်ဟွာလန်က နံပါတ်တစ်ကလန်ဟု ရီဖူရှင်းက ကြားထားသည်။ သူက ဟွာချိန်ချဲအား ကြည့်ကာ ပြန်ပြောသည်… “ဟုတ်တယ်…”

“လူတွေက မာနကြီးတာ ကျုပ် ဂရုမစိုက်ဘူး… ဒါပေမဲ့ မင်းက စွမ်းဖို့တော့ လိုတယ်…” ဟွာချိန်ချဲက ပြောသည်… “မင်းက ဂူဘိုင်ယွီကို အနိုင်ယူပြီးတော့ သူမကို အစေခံအဖြစ် လုပ်စေတယ်… အခု တခြားလူတွေလည်း ရှိနေတယ်… မင်းရဲ့ တန်ခိုးအဆင့်က အရမ်းနိမ့်တယ်… ဒါကြောင့် မင်းက တကယ့်စွမ်းရည် လိုနေသေးတယ်လို့ ပြောရမယ်… ဒီမှာ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ စိန်မခေါ်နိုင်ရမှာလဲ… တကယ်လို့ မင်းက လုံလောက်တဲ့ အရည်အချင်းရှိရင် ဒွန်ဟွာကလန်က မင်းကို စဉ်းစားပေးမယ်….” သူကား ဒွန်ဟွာကလန်တွင် အဆင့်အတန်းမြင့်သော နေရာတွင်ရှိပြီး ထိုသို့သော စကားများကို ပြောရန် အရည်အချင်း ရှိပေသည်။ လူအများအပြားက ထိတ်လန့် သွားကြသည်။ အကယ်၍ ရီဖူရှင်းက သူတို့နှင့် ပူးပေါင်းလျှင် ဖူယွန်ဓားကလန်ပင်လျှင် မည်သို့မှ တတ်နိုင်မည်  မဟုတ်တော့ပေ။

မှန်သည်… ဤနေရာတွင် တခြား ထိပ်တန်း အင်အားစုများလည်း ရှိနေသေးသည်။ ရီဖူးရှင်းက စိန်ခေါ်ပွဲတိုင်းတွင် အနိုင်ရရန် မလွယ်ကူပေ။

“မင်းတို့က အရှေ့မြေရိုင်းဒေသမှာ နံပါတ်တစ်လို့ တကယ် ထင်နေတာလား…” သရော်သံတစ်ခု ထွက်ပေါ်လာသည်။ လူငယ်တစ်ယောက် လျှောက်လာသည်ကို လူတိုင်းက မြင်ကြရသည်။

သူကား တစ်ယောက်တည်း ဖြစ်ကာ အလွန်ချောမောသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်များက လေထဲတွင် မျောလွင့်နေသည်။ သူက လက်များကို နောက်တွင်ထားလျက် လူအုပ်ထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။

ကျောင်းတော်လည်း ရောက်လာသည်။ လူတိုင်းက ထိတ်လန့်သွားသည်။

ဟွာချိန်ချဲက လူတိုင်းအား ရီဖူရှင်းကို စိန်ခေါ်စေကာ သူ၏ပါရမီကို စမ်းသပ်စေလိုသည်။ ဤနည်းဖြင့် သူက ရီဖူရှင်းအား ဒွန်ဟွာကလန်၏ တပည့်အဖြစ် လက်ခံရန် စဉ်းစားမည်ဟု ပြောသည်။ သူကား ဒွန်ဟွာကလန်က နံပါတ်တစ်ကလန် ဖြစ်သည့်အလား ဂုဏ်ယူဝင့်ကြွားသည်။

“ဘာလဲ… ကျောင်းတော်ကလည်း စိတ်ဝင်စားတာလား…” ဟွာချိန်ချဲက အသစ်ရောက်လာသူအား ပြုံးလျက်ပြောသည်။ ယခု ရောက်လာသူအား သူသိသည်။ သူကား အလွန် ကျော်ကြားသည်။

ကျောင်းတော်မှ လူငယ်က ရီဖူရှင်းကို ကြည့်လိုက်သည်။ “သူက အတော်ပါရမီ ပါပြီးတော့ ယုံကြည်မှု များလွန်းတယ် ကြားတယ်… သူက တန်ခိုးအဆင့်မမြင့်ပေမဲ့ အရှက်မဲ့လွန်းတယ်… ကျုပ်က ကိုယ့်အဆင့် ကိုယ်မသိတဲ့ လူတွေကို မကြိုက်ဘူး…. ကျောင်းတော်က ထိပ်သီးပါရမီရှင်တွေ မရှားပါးဘူး… ဒါကြောင့် ဒီလို အရူးတွေကို လက်မခံဘူး…”

ထိုလူငယ်က တိုက်ရိုက်ပင် ပြောသည်။ ကျောင်းတော်က ထိပ်သီးပါရမီရှင်များ မရှားပေပေ။ အဘယ်ကြောင့်ဆိုသော် သူကား ထိုအထဲမှ တစ်ယောက်ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset