Switch Mode

အပိုင်း (၁၉၃)

ဆွဲဆောင်ကြခြင်း

လီတောင်ချန်းက ယူချင်းကြောင့် ဒဏ်ရာရသွားပြီးနောက် ဖူယွန်ဓားကလန်မှ လူများကို ခေါ်ယူကာ တစ်ဖန် မျှတသော ယှဉ်ပြိုင်မှုဟု ပြောကာ တိုက်ခိုက်သည်။ လီတောင်ချန်း၏ တိုက်ကွက်များက အန္တရာယ်များလှသည်။ ရီဝူချင်းက အနိုင်ရလျှင်ပင် သူ့ကို သတ်လို့ရသလား။ ရှုံးနိမ့်သွားပြီးသောအခါ သူတို့က ဤကိစ္စမှာ ပြီးဆုံးသွားပြီဟု ပြောပြီး ထွက်သွားရန် ကြံသည်။ သူတို့က ရှုံးနိမ့်သူများနှင့် မတူဘဲ ရီဖူရှင်းတို့ကို ခွင့်လွှတ်ပေးနေသည့်ပုံစံဖြင့် ပြောနေသည်။

လူတိုင်း၏ မျက်လုံးများက အရောင်လက်သွားကာ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူ ဘာကို ဆိုလိုသနည်း။

မူယွန်ဟီက မျက်မှောင်ကြုတ် လိုက်ကာ မေးလိုက်သည်… “မင်းက ဘာကို ဆိုလိုတာလဲ…”

“ဝူချင်းမှာလည်း ဓားအသိရှိတယ်…” ရီဖူရှင်းက ပြုံးလျက် ကြည့်လိုက်သည်။

ရီဝူချင်းက ရီဖူရှင်း ဆိုလိုသည်ကို နားလည်သည်… “မင်းရဲ့ ကံစွမ်းအားကို ထုတ်လိုက်…”

တစ်စုံတစ်ယောက်က တိုက်ပွဲရှုံးနိမ့်ခြင်း၏ ဒဏ်ကို ခံစားရမည် ဖြစ်သည်။

သူတို့၏ စကားကို ကြားလျှင် လူတိုင်းက အံ့အားသင့် သွားကြသည်။ ရီဝူချင်းက လီတောင်ချန်း၏ နိုဘယ်ကံစွမ်းအားကို ခိုးယူတော့မည်လော။

လီတောင်ချန်း၏ အမူအရာက ပျက်ယွင်းသွားသည်။ သူကား တန်ခိုး အဆင့်တူချင်းတွင် ရှုံးနိမ့်သွားပြီးနောက် အလွန်အမင်း အရှက်ရနေပြီး ဖြစ်သည်။ သူကား ဖူယွန်ဓားလန်၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။ ယခု ရီဝူချင်းက သူ၏ ကံစွမ်းအားကို ရယူလိုနေသည်။

“စိတ်ဝင်စားစရာပဲ….” ဂူဘိုင်ယွီက ထိုမြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချသည်။  ကြည့်ရသည်မှာ လျိုချန်းယွီက စိတ်ဝင်စားဖွယ် လူငယ်တစ်စုကို ခေါ်ယူထားပုံရသည်။ ရီဝူချင်းပြသခဲ့သော ပါရမီအရ လျိုချန်းယွီက လီတောင်ယွန်၏ သဘောကို ဂရုမစိုက်သည်မှာ မထူးဆန်းတော့ပေ။

မူယွန်ဟီက ရီဖူရှင်းနှင့် ရီဝူချင်းတို့ကို ကြည့်လိုက်သည်… “ဒါက ပြီးသွားပြီ…” သူက ပြောသည်။

“ကျုပ်တို့က လီတောင်ချန်းကို မင်းတို့နဲ့ စိန်ခေါ်ပွဲတစ်ပွဲပဲ တိုက်ခိုင်းခဲ့တာ…”  ရှောင်တန်က အေးစက်စွာ ပြောသည်။ သူတို့က မင်းသမီးချန်းယွီအား မျက်နှာသာပေးကာ သူတို့၏ အဆင့်အတန်းကို သုံး၍ ရီဖူရှင်းတို့ကို ဖိနှိပ်ခြင်း မပြုခဲ့ပေ။ ယခု ရီဖူရှင်းက လီတောင်ချန်း၏ ကံစွမ်းအားကို ရယူလိုနေသည်။ ထိုအရာက အမှန် ရဲတင်းလှသော အပြုအမူပင်။

“မင်းလုပ်ရဲလို့လား…” လီတောင်ချန်းက ဒေါသတကြီး အော်သည်။ သို့သော်လည်း ရီဝူချင်း၏ နိုဘယ်ကံစွမ်းအားက ဧကရာဇ်ကံစွမ်းအား အဖြစ် ပြောင်းလဲသွားကာ သူ့ထံ တိုးဝင်လာသည်။ တစ်ချိန်တည်းမှာပင် ရီဝူချင်း၏ ဓားက လီတောင်ချန်း၏ လည်မျိုကို ရောက်ရှိလာ၏။ အေးစက်သော အငွေ့အသက်များက လည်ပင်းမှ လာသည်။ လီတောင်ချန်း၏ လည်ပင်းမှ သွေးများပင် စီးကျလာ၏။ လီတောင်ချန်း မလှုပ်ရှားရဲတော့ပေ။

“ဒီလက်ကို ငါဘယ်လို ဆုံးရှုံးခဲ့လဲ မင်းသိလား…” ရီဝူချင်း၏ မျက်လုံးများက အလွန်အမင်း ထက်ရှလာကာ သူက လီတောင်ချန်းအား စိုက်ကြည့်နေသည်။

လီတောင်ချန်းက သူ့အား ပြန်ကြည့်လျှင် နောက်ကျောမှ ချွေးစေးများ ပြန်လာသည်။ ထိုအရာက သူနှင့် မည်သို့ သက်ဆိုင်သနည်း။

“သူ့ရဲ့နာမည်က ဖူယွန်ဓားကလန်က လီတောင်ယွန်လို့ ပြောတယ်…” ရီဝူချင်းက ဆက်ပြောသည်။ လီတောင်ယွန်က ရီဝူချင်း၏ လက်ကို ဖြတ်ခဲ့စဉ်က သူ၏ ဓမ္မအဆင့်ကိုးဖြင့် မျှတမှုကို စဉ်းစားခဲ့ပါသလော။ သူက ရီဖူရှင်းတို့ တစ်ဖွဲ့လုံးကိုပင် သတ်လိုခဲ့သည်။ လီတောင်ချန်း အတွက်မူ ထိုကိစ္စများက အလေးထားစရာ မဟုတ်ပေ။ သို့သော် သူက ထိုကိစ္စတွင် သူမ သိလိုက်စဉ်မှာပင် ဝင်ရောက် ပတ်သက်မိလျက်သား ဖြစ်နေသည်။

ထိုစကားကို ကြားလျှင် မူယွန်ဟီနှင့် ရှောင်တန်တို့၏ အမူအရာများ ပြောင်းလဲသွားသည်။ လီတောင်ချန်း ယနေ့ အရိုက်ခံရခြင်းက ရန်ငြိုးဟောင်းကြောင့်ဟု ယခုမှ သူတို့ နားလည်လိုက်သည်။ ပတ်ဝန်းကျင်မှ လူများလည်း အံ့အားသင့် သွားကြသည်။ ရီဝူချင်း၏ လက်က လီတောင်ယွန်ကြောင့် ဆုံးရှုံးခဲ့သည်။ ဖူယွန်ဓားကလန်၏ ဂုဏ်ဆောင်ပါရမီရှင်နှင့် ဓမ္မအဆင့်ငါး ရှိသော ဓားပါရမီရှင်တို့က ဤကဲ့သို့ ရန်ငြိုးကို ဖန်တီးခဲ့ကြသည်။

ဂူဘိုင်ယွီက လျိုချန်းယွီအား ကြည့်ကာ မေးသည်… “နင်သိလား…”

လျိုချန်းယွီက သူမအား မကြည့်ပေ။ သူမ၏ မျက်လုံးများက ရီဝူချင်းနှင့် လီတောင်ချန်းတို့ထံ ရောက်နေသည်။

ရီဝူချင်းက ထိုအချက်ကို ထုတ်ဖော်က လီတာင်ချန်း၏ ကံစွမ်းအားကို ရယူခြင်းက လူအများရှေ့တွင် ဖူယွန်ဓားကလန်ကို စိန်ခေါ်မှုဖြစ်သည်။ သူက လီတောင်ယွန်ကို မကြောက်ပေဘူးလား။ သို့မဟုတ် သူမကြောင့်လား။ ရီဝူချင်းက သူမအပေါ် အမှန်တကယ် ယုံကြည်နေသလော သို့မဟုတ် တခြားတစ်ခု အပေါ် ယုံကြည်နေသလော လျိုချန်းယွီ မတွေးတတ်တော့ပေ။

ရီဝူချင်း၏ဓားက အသားထဲ ထပ်မံ၍ နစ်မြုပ်လာလျှင် လီတောင်ချန်းက နောက်ဆုံးတွင် ကြောက်ရွံ့လာသည်။ သူ၏ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ရီဝူချင်း၏ ဧကရာဇ် ကံစွမ်းအားကား အလွန် ရုန့်ရင်းကြမ်းတမ်းသည်။ ထိုအရာက လီတောင်ချန်း၏ ကံစွမ်းအားကို ကုန်စင်အောင် ဝါးမျိုပစ်သည်။ ရီဝူချင်း၏ ဓားကံစွမ်းအားက ကြောက်မက်ဖွယ် ကောင်းအောင် လင်းလက်သွားသော အချိန်တွင် လီတောင်ချန်းတွင် ဘာမှ မကျန်တော့ပေ။ ရှေးဟောင်းမြေရိုင်း ဒေသတွင် သူကြိုးစား ထားသမျှကား ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရီဝူချင်းက လီတောင်ချန်းကို လွှတ်ပေးလိုက်သည်။ မူယွန်ဟီနှင့် ရှောင်တန်တို့က ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ အလွန် အေးစက်တည်ငြိမ်သော မူယွန်ဟီပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဖူယွန်ဓားကလန်၏ တပည့်များ ဖြစ်သည့်အလျောက် သူတို့က ဓားပညာတွင် အမြဲ သူများထက် ရှေ့တန်းတွင် ရှိနေကြသည်။ သို့သော် ယနေ့တွင် လီတောင်ချန်းက တန်ခိုးအဆင့်တူကို ဓားပညာတွင် ရှုံးနိမ့်ခဲ့သည်။ သူ၏ ကံစွမ်းအားမှာလည်း ခိုးယူခြင်း ခံရ၏။ အင်အားကြီး ကလန်၏ တပည့်များ ဖြစ်သည့်အလျောက် ထိုအရာက အလွန် အရှက်ရဖွယ်ရာ ဖြစ်သည်။

“မင်းသမီးက ဘယ်လိုထင်လဲ…” မူယွန်ဟီက ဒေါသကို ထိန်းချုပ်လျက် လျိုချန်းယွီကို မာကျောစွာ ပြောသည်။ ရီဝူချင်းက အလွန်ပါရမီပါသော်လည်း လီတောင်ချန်း၏ ကံစွမ်းအားကို လူမြင်ကွင်းတွင် ခိုးယူခြင်းကို ဖူယွန်ဓားကလန်မှ ခွင့်လွှတ်မည် မဟုတ်ပေ။ အကယ်၍ မင်းသမီးလျိုချန်းယွီက သူတို့ကို ကာကွယ်လိုပါက ယခုတွင် မူယွန်ဟီတို့က နောက်ဆုတ်သွားမည် ဖြစ်သည်။ သို့သော် ဤကိစ္စက ပြီးဆုံးသွားပြီဟု သတ်မှတ်၍ မရတော့ပေ။

“ဒါက ရှင်တို့ လိုချင်တဲ့ မျှတမှု မဟုတ်ဘူးလား…” လျိုချန်းယွီက ထူးမခြားနားစွာ ပြောသည်။

“ကျုပ်နားလည်ပြီ…” မူယွန်ဟီက ရေရွတ်သည်။ “ဒီလိုဆိုရင်လည်း ကျုပ်တို့ သွားပြီ…” သူက ရီဖူရှင်းနှင် ရီဝူချင်းကို တစ်ချက်ကြည့်ကာ ပြောသည်… “ကျုပ်တို့ ထပ်တွေ့ဦးမယ်…”

“ထပ်တွေ့မယ်…” ရီဖူရှင်းက သူ့အားကြည့်ကာ မေးသည်…“ငါက မင်းတို့ကို သွားခွင့်ပေးလို့လား…”

သူက ဖူယွန်ဓားကလန်မှ လူများကို ကြည့်သည်။ သူတို့က ထွက်သွားလိုသည်။ ထိုအရာက ရယ်စရာ မကောင်းပေဘူးလား။

လူတိုင်းက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်ကြသည်။ မပြီးဆုံးသေးဘူးလား။ သူက လီတောင်ချန်း၏ ကံစွမ်းအားကို ရယူပြီး နောက်ထပ် ဘာများ ထပ်လုပ်ဦးမည်နည်း။

လျိုချန်းယွီကလည်း သူ့ကို ကြည့်သည်။ ယခင်က ရီဝူချင်း ပြောပြခဲ့သော သူ့အပေါ် အကဲဖြတ်မှုက သူ၏ ယခုအပြုအမူနှင့် အလွန် သင့်တော်သော်လည်း သူ၏ ယုံကြည်မှုက မည်သည့်နေရာက လာသနည်း။

မူယွန်ဟီနှင့် ရှောင်တန်တို့၏ ဒေါသက ထိန်းချုပ်၍ ရတော့ဟန် မတူတော့ပေ။ သူတို့က ရီဖူရှင်းကို ဒေါသတကြီး ကြည့်လိုက်ကြသည်။

“ကျုပ်က ဘာလုပ်ပေးရမလဲ …” မူယွန်ဟီ၏ လေသံက အလွန် အေးစက်နေသည်။ သူ၏ အသံက အလွန်ထက်ရှသော အရှိန်အဝါများ ပါဝင်နေ၏။

“မင်းရဲ့ ကံစွမ်းအားကို ပေးမလား … ဒါမှမဟုတ် ငါတို့ကိုယ်တိုင် ယူရမလား…” ရီဖူရှင်းက မူယွန်ဟီအား ကြည့်ကာ ပြုံးလျက် ပြောသည်။ သူတို့က အထက်စီးဆန်သော ပုံစံဖြင့် ရောက်လာကာ ရှုံးနိမ့်ပြီးနောက် ဘာမှ မဖြစ်ခဲ့သလို ထွက်သွားလိုကြသည်။

သူတို့က တစ်စုံတစ်ခုကို ထားခဲ့ရမည် ဖြစ်သည်။

“အတင့်ရဲတယ်…” ရှောင်တန်က ရှေ့ကို လှမ်းလာသည်။ သူကား ဓမ္မအဆင့်ခုနစ်တွင်ရှိပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါက အလွန် အားကောင်းသည်။

ထိုအချိန်တွင် ရီဝူချင်းကလည်း ရီဖူရှင်း၏ ရှေ့ကို လျှောက်လာသည်။ ထို့နောက် သူ၏ နိုဘယ်ဓားကို ဝှေ့ယမ်းလိုက်သည်။

အတင့်ရသည်တဲ့လား။ ရီဝူချင်းက ဓမ္မအဆင့်ငါး တန်ခိုးရှင်ဖြစ်ပြီး သူ့တွင် နိုဘယ်ဓားရှိသည်။ ရီဝူချင်းက သူတို့နှစ်ယောက်နှင့် ရင်ဆိုင်ရန် ပြဿနာ မရှိပေ။ သူက လီတောင်ယွန်ကို ဒဏ်ရာရစေသော အချိန်တွင် ဤမျှ စွမ်းအား မမြင့်သေးပေ။

ရီဝူချင်းကို ထည့်မစဉ်းစားလျှင်ပင် လို့လန်ရွှီသည်လည်း ရီဖူရှင်းတွင် လို့လန်ရွှီရှိသည်။  ရီဖူရှင်းက သူမ၏ စွမ်းရည်များကို မြင်ဖူးပြီးဖြစ်သည်။ သူမက လီတောင်ယွန်ကဲ့သို့သော သူကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော် ထို့ကြောင့် သူက ယုံကြည်မှု ရှိသည် မဟုတ်ပေ။

အပိုစကား မဆိုတော့ဘဲ ရီဝူချင်းက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ကာ မူယွန်ဟီနှင့် ရှီတောင်တို့ထံ လျှောက်သွားသည်။ သူ၏ ဓားကို လက်တစ်ဖက်တည်းဖြင့် ဝှေ့ယမ်းသည့်တိုင် သူ၏ ကြီးမြတ်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ဓားအသိက သူ၏ တစ်ကိုယ်လုံးကို စီးဆင်းနေသည်။ သူ၏ ခန္ဓာကိုယ်က ဓားတစ်လက်အလား ပြောင်းလဲသွားကာ အလွန် လင်းလက် တောက်ပလာသည်။ လျှပ်တစ်ပြက်ပင် သူ၏ ခန္ဓာကိုယ် ပျောက်ကွယ် သွားသည်။ နောက်မှ လိုက်ပါလာသည်က ရှေ့ကို အလင်းတန်းအလား ပြေးဝင်သွားသော ဓားတစ်လက်ပင်။ ထိုဓားက ဓားမိုးစက်များအဖြစ် ပြောင်းလဲသွားကာ မူယွန်ဟီနှင့် ရှောင်တန်တို့ကို လွှမ်းခြုံသွားသည်။

သူတို့နှစ်ဦး၏ ရှေ့တွင် ဓားအရံအတား တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ရီဝူချင်း၏ ဓားများက ပိုမို၍ ရိုးရှင်းသည်။ ရီဝူချင်းက ကောင်းကင်မှ ဆင်းသက်လာသောအခါ သူက ရှောင်တန်အား ခုတ်ချလိုက်သည်။ မဆုံးနိုင်သော ဓားအသိများက သူလှုပ်ရှားမှုကို လိုက်ပါနေကြသည်။ ဓားအရံအတားက နှစ်ပိုင်းပြတ်သွားလျှင် ရှောင်တန်၏ အမူအရာ ပြောင်းလဲသွားသည်။ အလင်းတန်းတစ်ခု တောက်ပသွားကာ သူက အေးစက်သော အငွေ့အသက်ကို ခံစားရ၏။ သူ၏ ဝတ်စုံက အပိုင်းပိုင်း ဖြစ်သွားကာ သူ၏ လက်တွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက ထိုနေရာတွင်ပင် အေးစက်သွားကာ ထပ်မံ၍ မလှုပ်ရှားရဲတော့ပေ။

မြန်ဆန်လွန်းလှသည်။ လူတိုင်းက တိုက်ပွဲကို ကြည့်နေကြသည်။ ရီဝူချင်းက မရပ်တန့်ပေ။ သူက မူယွန်ဟီထံသို့ ပြေးဝင်သွားသည်။ မူယွန်ဟီ၏ ဓားအားလှိုင်းများက မည်သို့ပင် ကာကွယ်ပါစေ ရီဝူချင်း၏ ဓားက နေရာတိုင်းတွင် ရှိနေသည်။ ဓားအလင်းတန်းတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာကာ မူယွန်ဟီ၏ လည်ပင်းကို တိုးဝင်သွားသည်။ ထိုအရာက မူယွန်ဟီ၏ သေကွင်း သေကွက်နှင့် အနည်းငယ်မျှသာ ကွာဟတော့သည်။ မူယွန်ဟီ မလှုပ်ရှားရဲတော့ပေ။

ရီဝူချင်းကို ဓားအသိများ ကြောက်မက်ဖွယ် ကောင်းအောင် စီးဆင်းနေသည်။ သူက မူယွန်ဟီထံသို့ လျှောက်သွားလိုက်ကာ ဓားဖြင့် လှမ်းချိန်ရွယ် လိုက်သည်။ မူယွန်ဟီ၏ မျက်နှာကား မည်းမှောင်နေသည်။ သူက လွန်စွာ ဒေါသထွက်နေသော်လည်း သူ၏ ကံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူသည်လည်း အလုခံရသည်။

နောက်တစ်လှည့်ကား ရှောင်တန်ဖြစ်သည်။

ဖူယွန်ဓားကလန်မှ စွမ်းအားမြင့် ဓားသမားသုံးယောက်က ရောက်ရှိလာကာ အကယ်၍ လျိုချန်းယွီသာ မတားလျှင် သူတို့က အလွယ်တကူ လက်တုံ့ပြန်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် သူတို့ကား အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ကြကာ သူတို့၏ ကံစွမ်းအားများပင် အလုခံရသည်။

သူတို့က တန်ခိုးအဆင့်တူချင်း ရှုံးနိမ့်ခဲ့ကြသည်။ သူတို့က မိမိတို့ထက် တန်ခိုး အဆင့်နိမ့်သော သူထံတွင် ရှုံးနိမ့်ခဲ့ကြသည်။ သူတို့၏ လက်ထဲတွင်လည်း သိဒ္ဓိဝင်ဓားများ ရှိကြသည်။ သို့သော် သူတို့နှင့် ရီဝူချင်း၏ စွမ်းရည်က ကွာခြားလွန်းလှရာ သူတို့တွင် ခုခံနိုင်စွမ်း မည်သို့မှ မရှိပေ။

“လီတောင်ယွန်ကို ပြောလိုက်… ကျုပ်က ရီဝူချင်းလို့…” သူက ပြောသည်။

ထိုစဉ်က လီတောင်ယွန်က ရီဖူရှင်းတို့ကို သတ်ရန် လူအများအပြားကို သတ်၍ ထိုးဖောက် ဝင်ရောက်လာသည်။ လို့လန်၏ အကူအညီကြောင့် သူက ရီဖူရှင်းတို့ကို မသတ်နိုင်တော့သောအခါ သူ့နာမည် ဖူယွန်ဓားကလန်မှ လီတောင်ယွန်ဟု ပြောခဲ့သည်။ ထိုအချိန်က သူကား အလွန်မောက်မာသည်။

မူယွန်ဟီတို့ အုပ်စုကား မည်သို့မှ မပြောသာတော့။ သူတို့ သနားစဖွယ် ထွက်ခွာ သွားကြသည်။

မျက်လုံးပေါင်း များစွာက ရီဝူချင်းထံကို ရောက်လာကြသည်။ သူ ယနေ့ပြသသော အရည်အချင်းများအရ ရီဝူချင်းက မည်သည့်အင်အားကြီး အဖွဲ့အစည်းကို မဆို ဝင်ရောက်နိုင်စွမ်း ရှိပေသည်။ ယခုမူကား လျိုနိုင်ငံမှ လျိုချန်းယွီက အသာစီးရထားသည်ဟု ပြောနိုင်သည်။ သိသာထင်ရှားစွာပင် သူတို့က အတူတူ တန်ခိုးကျင့်ရန် သဘောတူညီချက် ရထားပြီးဖြစ်သည်။

“အရမ်းမိုက်တယ်…” ကျိစီမိုက လျှောက်လာက ရီဝူချင်းကို ပြုံးလျက် ပြောသည်… “မင်းက အရမ်း ထူးချွန်တယ်… မင်းက ဒီကို အင်အားကြီး အဖွဲ့အစည်း တစ်ခုခုကို ဝင်ရောက်ချင်လို့ လာတာဆိုရင် ကျိမိသားစုကို စဉ်းစားသင့်တယ်… ကျုပ်တို့က အရှေ့မြေရိုင်းဒေသမှာ အင်အားကြီး ကလန်ပဲ… တကယ်လို့ မင်းက ငါတို့နဲ့ လိုက်မယ်ဆိုရင် နောက်ပိုင်း မင်းက ကိုယ်ပိုင်ကလန်ကို ထူထောင်ဖို့ အခွင့်အရေးရှိတယ်… ငါ့နောက်က လူတွေက အရှေ့မြေရိုင်းဒေသက ထိပ်တန်းကလန်က လူတွေချည်းပဲ…”

ရီဝူချင်းက သူ့ကို တစ်ချက်ကြည့်ကာ ရီဖူရှင်းကို ကြည့်သည်။ သူက ဤကဲ့သို့ ကိစ္စများတွင် သိပ်မသိပေ။ ရီဖူရှင်း ဆုံးဖြတ်သင့်သည်။

လူတိုင်းက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ကြည့်ရသည်မှာ ရီဝူချင်းက ရီဖူရှင်းကို ဆုံဖြတ်စေလိုဟန် တူနေသည်။

“စိတ်မပူနဲ့… သူတို့ကလည်း မင်းနဲ့ အတူလိုက်လို့ရတယ်… ကျုပ်က သူတို့ကို ကောင်းကောင်း ဆက်ဆံမှာပါ…” ကျိစီမိုက ပြုံးလျက် ပြောသည်။ အကယ်၍ ရီဝူချင်းကိုသာရလျှင် နောင်တွင် သူ့အတွက် အလွန်အကူအညီ ဖြစ်ပေမည်။ ရီဖူရှင်းတို့ အုပ်စုကိုမူ သူတို့က ပါရမီ ပါခြင်း မပါခြင်းက အရေးမပါတော့ပေ။

“သူတို့က ချောမောတဲ့ မိန်းကလေးတွေကို သဘောကျတယ်…” ဂူဘိုင်ယွီက လျှောက်လာကာ ရီဖူရှင်းကို ကြည့်လျက် ပြောသည်…”နင်က ငါ့ရဲ့ လက်အောက်ကို လာဖို့ စိတ်မဝင်စားဘူးလား… ငါက နင့်ကို လျိုချန်းယွီထက် အလေးပေးလို့ရတယ်…” သူမ၏ လှပသော မျက်လုံးများက ညှို့ငင်နိုင်လွန်းလှသည်။

ရီဖူရှင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ရယ်မောလျက် သူက မေးသည်… “ဘယ်လောက် အလေးပေးမှာလဲ…”

“နင်က ဘယ်လောက် လိုချင်လဲ…” ဂူဘိုင်ယွီက ချစ်စဖွယ်ပြုံးလျက် ပြောသည်။

“ငါ့မှာ ဒီမတိုင်မီက အစေခံတစ်ယောက် ရှိတယ်… အခု ထွက်သွားပြီ… မင်းက သူမနေရာမှာ အစားဝင်လို့ရတယ်…” ရီဖူရှင်းက တောက်ပစွာပြုံးလျက် ဂူဘိုင်ယွီကို ပြောသည်။

“အရှက်မရှိလိုက်တာ…” သူ့နောက်မှ လင်းယွီယိုက မျက်လုံး ပြူးကျယ်လျက် ပြောသည်။ သူက နောက်ထပ် လှပချောမောသော အစေခံမိန်းကလေး တစ်ယောက် လိုချင်နေသည်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset