Switch Mode

အပိုင်း (၁၇၅)

ကြီးမားသော စွမ်းအား

မီးလျှံလူ၏စကားကို ကြားလျှင် ရှောင်မူ၏မျက်နှာ ပြာနှမ်းသွားသည်။ နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းထံမှ အသိအမှတ်ပြု ခံရခြင်းမှာ သူ့အတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်သော်လည်း ထိုအရာက ယခုသူ့အား အမှန်တကယ် စွန့်ခွာနေသည်။ ယခု ရှောင်မူ မည်သို့ ခံစားနေရမည်ကို တွေးကြည့်လို့ ရနိုင်ပေသည်။

သူ၏နောက်တွင် ရပ်နေသောသူများ အားလုံးလည်း အံ့အားသင့် သွားကြသည်။ ရီဖူရှင်းအား အမှန်တကယ်ပင် မီးလျှံလူက အသိအမှတ်ပြုခဲ့သည်။ သူသာ သဘောတူလိုက်လျှင် ရီဖူရှင်းက နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ ထိုအရာများက ရှေးဟောင်းနယ်မြေတွင် သူ့စွမ်းရည်များကို အဆမတန် မြင့်တက် သွားစေတော့မည် ဖြစ်သည်။ မီးလျှံလူက ပထမက ရီဖူရှင်းအပေါ် သိပ်မကောင်းခဲ့သော်လည်း သူကား နိုဘယ်အဆင့် စိတ်အသိဖြစ်သည်။ သူက ကူညီလိုသော အချိန်တွင် ရီဖူရှင်းက ငြင်းစရာ အကြောင်းမရှိပေ။ ထိုအရာကား အလွန်ရှားပါးသော အခွင့်အရေး ဖြစ်သည်။

မီးလျှံလူက ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူက ရီဖူရှင်းအပေါ် သိပ်မကောင်းခဲ့သည်ကို သိသော်လည်း သူကား နိုဘယ်အဆင့် ဖြစ်သည်။ သူက နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းကို ပေးအပ်ကာ ရီဖူရှင်းကို ချီးမြှောက်မည် ဖြစ်သည်။ ရီဖူရှင်းက သူ့ကို ငြင်းစရာ အကြောင်းမရှိပေ။

ယူချင်းကမူ ထိုသို့ မတွေးပေ။ မီးလျှံလူက ပထမက ရီဖူရှင်းကို စော်ကားခဲ့သည်။ ယခု သူ့အား ဆောင်ယူရန် ရီဖူရှင်းကို တောင်းဆိုသော အချိန်တွင် သူ့ကိုယ်သူ မှန်ကန်သော ပုံစံဖြင့် အဘယ်ကြောင့် ပြောနိုင်ရသနည်း။ ရိုးသားစွာ ပြောရလျှင် ထိုမီးလျှံလူက ရီဖူရှင်းကို ငြင်းဆန်ပြီး ကတည်းက ယူချင်းက ဒေါသထွက်နေပြီး ဖြစ်သည်။ သူ၏ဒေါသကို ယခုအချိန်အထိ ထိန်းချုပ်နိုင်ခဲ့သည်မှာပင် အလွန်အံ့အားသင့်ဖွယ်ရာ ကောင်းနေပြီ ဖြစ်သည်။

“ခင်ဗျားက ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား…” ယူချင်းက အေးစက်စွာ ပြောသည်။ ဤမတိုင်မီက မီးလျှံလူက ရီဖူရှင်းကို ပြောခဲ့သော စကားကို ယူချင်းက ပြန်ပြောလိုက်သည်။

မီးလျှံလူက မျက်မှောင်ကြုတ် လိုက်သည်။ “မင်း ဘာပြောလိုက်တာလဲ…”

“ခင်ဗျား ပြောခဲ့တယ်… ဓမ္မအဆင့်တစ်ကို လက်ခံမယ့်အစား ဓမ္မအဆင့် အမြင့်ဆုံးနဲ့ပဲ လိုက်မယ်ဆို… အခု ခင်ဗျားက ပိုင်ရှင် ပြောင်းဖို့ ပြောရဲတယ် ဟုတ်လား… သူက ခင်ဗျားကို ဘာအတွက် လိုအပ်မလဲ…” ယူချင်းက အေးစက်စွာ ပြောသည်။ သူက ရှေ့ကို တက်လိုက်ကာ ထပ်ပြောသည်။ “ခင်ဗျားကို ပြန်လက်ခံပေးဖို့ တောင်းဆိုတဲ့ အချိန်မှာ ခင်ဗျားက အပေါ်စီးက ပြောနိုင်ရလောက်အောင် ဘယ်က ယုံကြည်ချက်တွေ ရထားတာလဲ… ခင်ဗျားလိုလူက သူ့အတွက် အသုံးပြုဖို့ ထိုက်တန်တယ် ထင်လား…”

“အတင့်ရဲတယ်…” မီးလျှံလူက ကြိမ်းမောင်း လိုက်သည်။ သူကား နိုဘယ်စိတ် အင်အားမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ဓမ္မအဆင့်တစ်မှ လူငယ်တစ်ယောက်က ဤနည်းဖြင့် သူ့ကို စော်ကားနေသည်ကို သူ သည်းမခံနိုင်ပေ။

“ယူချင်း… ဒီနေရာမှာ မင်းမှားတယ်…..” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ ယူချင်းနှင့် မီးလျှံလူတို့ နှစ်ယောက်လုံးက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ တခြား လူများကလည်း သူ့ကို ကြည့်လိုက်ကြသည်။ ယူချင်းကား ဒေါသထွက် လွယ်တတ်သည်။ သို့သော် ရီဖူရှင်းက ဤအခြေအနေတွင် မည်သို့ လုပ်ရမည်ကို သိသည်။

မီးလျှံလူက ရီဖူရှင်းအား စိတ်ကျေနပ်စွာ ကြည့်သည်။ “မပူနဲ့… မင်းက ငါ့အကူအညီနဲ့ ပိုပြီး စွမ်းလာဖို့ပဲရှိတယ်…”

ရီဖူရှင်းက မီးလျှံလူကို ပြုံးလျက် ကြည့်ကာ ပြောသည်… “စိတ်မရှိပါနဲ့… ခင်ဗျားက ထိုက်တန်လို့လား…”

မီးလျှံလူက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ တခြား လူများကလည်း ရီဖူရှင်းကို နားမလည်စွာ ကြည့်ကြသည်။ “မင်းက ငါနဲ့ ကစားနေတာလား….” မီးလျှံလူက အေးစက်စွာ မေးသည်။

ရီဖူရှင်းက သူ့ကို မကြည့်ပေ။ ထိုအစား သူက ယူချင်းကို ပြောသည်… “မင်း ဘာကို စဉ်းစားနေတာလဲ… ဒီကောင်က နည်းနည်း ရူးနေတယ် ဆိုပေမဲ့ ငါတို့က သူ့ကို ရှင်းပစ်ရုံပဲမလား… ဘာပဲပြောပြော ဒါက နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းပဲ… ငါက သူ့ကို မသုံးရင်တောင် ရောင်းစားလို့ရတာပဲ… ဟုတ်တယ်မလား…”

ရီဖူရှင်း၏ အကြံကို ကြားလျှင် ယူချင်း ထိတ်လန့်သွားသည်။ ထို့နောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ဒေါသ ပြယ်လွင့်သွားပြီး ယူချင်းက ခေါင်းကုတ်ကာ ပြောသည်… “မင်း မှန်တယ် ထင်တာပဲ…”

ပတ်ဝန်းကျင်မှ လူများအားလုံး ပါးစပ်ဟသွားသည်။ ဒါက….။ သူ အမှန်တကယ် မီးနှင်တံ၏ စိတ်အသိကို ရှင်းပစ်နိုင်စွမ်း ရှိသည် မရှိသည်ကို ထား၍ သူက မီးနှင်တံအား ဤရှေးဟောင်း နယ်မြေတွင် အသုံးပြုရန် စိတ်မဝင်စားပေဘူးလား။ ထို့အပြင် သူက မီးနှင်တံ၏ စိတ်အသိကို ရှင်းပစ်လိုက်လျှင် ရှေးဟောင်း နယ်မြေအတွင်း ထိုပစ္စည်း၏ စွမ်းရည်မှာ အများအပြား ယုတ်လျော့သွားမည် ဖြစ်သည်။

ရီဖူရှင်းအား ကြည့်နေသော မီးလျှံလူ၏ မျက်နှာ နက်မှောင်လာသည်။ အေးစက်စွာဖြင့် သူက ပြောသည်…. “မင်းငါ့ကို စော်ကားရဲတာလား……”

“ခင်ဗျားက အရမ်း စကားများတာပဲ… အခု ပျောက်ကွယ် သွားလို့ရပြီ…” ထိုသို့ ပြောပြီးသည်နှင့် ရီဖူရှင်း၏ ဧကရာဇ်အသိက ကု့ချင်းထံ တိုးဝင်သွားသည်။ သို့သော်လည်း ကု့ချင်းထဲတွင် ရှိနေသော မင်းသား၏ စိတ်အသိက ဤတစ်ကြိမ်တွင် ပူးပေါင်းလိုခြင်း မရှိပေ။ မီးလျှံလူကား လို့လန်နိုင်ငံဟောင်း၏ အရာရှိတစ်ဦး ဖြစ်ခဲ့သည်။

ရီဖူရှင်း၏ မျက်လုံးများက အေးစက်သွားသည်။ သူက ပူးပေါင်းရန် ငြင်းဆန်လျှင်ကော အဘယ် အရေးနည်း။

ဧကရာဇ်အသိက အတင်း တိုးဝင်သွားသည်။ ရီဖူရှင်း၏ လက်ချောင်းများက ကု့ချင်းကြိုးများကို တီးခတ်လိုက်သည်။ ဂီတသံစဉ်က ချက်ချင်း စည်တော်များကို သွားရောက် ရိုက်ခတ်ကာ ကု့ချင်း၏သံစဉ်က စည်တော်သံနှင့် ပေါင်းစပ်လျက် ကြောက်မက်ဖွယ် စိတ်အားလှိုင်း တစ်ခု ဖြစ်ပေါ်လာကာ မုန်တိုင်းအလား မီးလျှံလူထံ တိုးဝင်သွားသည်။

“မင်း လွန်လာပြီ…” မီးလျှံလူက အော်ဟစ်လိုက်သည်။ သူကား စိတ်အင်အားမှ ဖြစ်တည်လာခြင်း ဖြစ်ကာ သူ့အား မီးလျှံများက အလျှံညီးညီး တောက်လောင်လာပြီး သူ့ကို တိုက်ခိုက်ရန် ရောက်ရှိလာသော သံစဉ်နှင့် စည်တော် ပေါင်းစပ်အားလှိုင်းကို ကာကွယ်ရန် ကြိုးပမ်းသည်။

“သူ့ကိုသတ်…” ရီဖူရှင်းက ညွှန်ကြားလိုက်သည်။ ထိုစကားက သူ့ပါးစပ်မှ ထွက်သွားသည်နှင့် ကု့ချင်းထံမှ သံစဉ်က တစ်ဖန် ထွက်ပေါ် လာပြန်သည်။ စည်တော်သံများက တစ်ဖန် လေထုကို တုန်ခါလျက် ပျက်စီးခြင်း ကမ္ဘာသံစဉ်ကို အားဖြည့်စေသည်။ ဂီတသံစဉ်ကား ဖျက်ဆီးခြင်း စွမ်းအင်ဖြစ်သည်။

သံစဉ်မုန်တိုင်း အားလှိုင်းက သူ့အား ဖြတ်တိုက်သွားလျှင် မီးလျှံလူက ဒေါသတကြီး အော်ဟစ်သည်… “မင်း… အရူး…” သူ အော်ဟစ်လိုက်စဉ်မှာပင် သံစဉ်မုန်တိုင်းက သူ့အား ဖြတ်ကျော်သွားကာ မီးလျှံလူအား တိုက်စား ပျောက်ကွယ် သွားစေသည်။

ပတ်ဝန်းကျင်မှ လူများက အဖြူရောင်ဝတ်စုံဝတ် လူငယ်အား ကြည့်ကာ ထိတ်လန့် သွားကြသည်။ ထိုအရာကား ရူးသွပ်မှုပင်။ သူက သူတို့ရရှိရန် မစွမ်းနိုင်သော သဒ္ဓိဝင်ပစ္စည်း၏ စိတ်အသိအား မှန်တကယ်ပင် ဖျက်ဆီးခဲ့သည်။ အကြောင်းပြချက်ကား သူနှင့် မထိုက်တန် သောကြောင့်ပင်။ ဘယ်လောက် မာနကြီးလိုက်သည့် ကောင်လဲ။

“ယူချင်း… အဲဒါကို သိမ်းထားလိုက်…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ ယူချင်းက ခေါင်းညိတ်လျက် မီးနှင်တံကို ယူလိုက်သည်။ ရှောင်မူက ဘေးမှ ရပ်ကြည့်နေသော်လည်း သူမည်သို့မှ မတတ်နိုင်ပေ။ သူကား သဒ္ဓိဝင်ပစ္စည်း လက်ထဲတွင် ရှိလျှင်ပင် ရီဖူရှင်းကို မယှဉ်နိုင်ပေ။ ယခု သဒ္ဓိဝင်ပစ္စည်းမရှိဘဲ ရီဖူရှင်းကို ယှဉ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယူချင်းအား တားရန် သူ မတတ်နိုင်ပေ။

ရီဖူရှင်းက မီးလျှံစာအုပ်ထံသို့ လျှောက်သွားကာ လက်ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် မီးလျှံစာအုပ်က လွင့်ပြယ်ပျောက်ကွယ် သွားသည်။ ထိုစဉ်မှာပင် စာလုံးသင်္ကေတများက စာအုပ်ထံမှ လွတ်မြောက် ထွက်ပေါ်လာကြကာ လေထဲတွင် ပေါလောပေါ်နေကြသည်။ သင်္ကေတ တစ်ခုချင်းစီတွင် အားကောင်းသော စိတ်အင်အားများ ပါဝင်နေပုံရသည်။

ရီဖူရှင်းက သူ၏ကိုယ်ပိုင် စိတ်အင်အားကို ထုတ်လွှတ်လိုက်သည်။ ထိုစဉ်မှာပင် သူ၏ စိတ်အင်အားသို့ မီးလျှံအသိများ လာရောက် ပေါင်းစပ်သည်ကို ရီဖူရှင်း ခံစားရသည်။ ချက်ချင်းပင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။ မီးလျှံစာအုပ်ကား ထူးဆန်းလွန်းလှသည်။ စာအုပ်မှ သင်္ကေတများက သူ၏ နေမင်းဓမ္မတွင် ပေါင်းစပ်သွားသည်ကို သူခံစားရသည်။ ထိုသင်္ကေတများ အားလုံးမှာလည်း သူ၏ စိတ်ထဲတွင် ရှင်းလင်းစွာ မြင်နေရသည်။

သူက ပိုမိုများပြားသော ကံစွမ်းအားများကို ရရှိပြီး မီးလျှံစာအုပ်က သူ၏ဓမ္မအား ပိုမိုအားကောင်း စေသည်။ လူတိုင်းက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ ရှောင်မူ၏ အမူအရာ များကား ယခင်ကထက် ပိုမို ပျက်ယွင်းနေသည်။ ယခုတွင် သူက ရီဖူရှင်းကို တစ်ခုမှ မလုပ်နိုင်ပေ။ သူလုပ်နိုင်သည်ကား ရှေးဟောင်းနယ်မြေမှ သူတို့ ထွက်ခွာမည့်အချိန်ကို စောင့်ရုံမျှသာဖြစ်ပြီး ထိုအချိန်တွင်သူက ရီဖူရှင်းအား သတ်ကာ သူ၏ ကံစွမ်းအားကို ခိုးယူရုံသာ ဖြစ်သည်။

ထိုမီးလျှံစာအုပ်က သူ၏ ကံစွမ်းအားကို အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းကို ရရှိရန် ကူညီပေးနိုင်ပေသည်။ ယခုကား ထိုအရာက ရီဖူရှင်း၏ ယူဆောင်ခြင်းကို ခံရသည်။

ရီဖူရှင်းက သမီးတော် လို့လန်ရွှီရှိရာဘက်သို့ ကြည့်ကာ တောင်းပန်သည့် သဘောဖြင့် ပြုံးပြသည်။ သူမက သူ့အား အပြစ်မတင်လောက်ဟု သူယူဆသည်။ မီးလျှံစာအုပ်ကား သူ၏ ဓမ္မအတွင်းသို့ စုပ်ယူခြင်း ခံရပြီးဖြစ်သည်။ သူက ရှေးဟောင်းလို့လန်ဖြင့် ဖလှယ်၍ မရတော့ပေ။

“သွားရအောင်…” ရီဖူရှင်းက ပြောသည်။ သိမ်းငှက်နက်က ရှေ့ကို ဆက်လက် ပျံသန်းသည်။

ရီဖူရှင်းတို့ ထွက်ခွာသွားသည်ကို မြင်လျှင် တခြားလူများကလည်း ချက်ချင်း သူ့နောက်မှ လိုက်ကြသည်။ ယခုတွင် ရီဖူရှင်းကို မနိုင်သေးသော်လည်း အဘယ်အရေးနည်း။ သူ့နောက်ကို လိုက်လျှင် တစ်ချိန်ချိန်တွင် အခွင့်အရေး ရလာမည်ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ နားလည်လိုက်သည်။ သဒ္ဓိဝင်ပစ္စည်းများ၏ အသိအမှတ်ပြုမှုကို မရရှိသည်မှာ သူတို့အမှား မဟုတ်ပေ။ သူတို့၏ စွမ်းရည်ဖြင့် ရှေးဟောင်းနယ်မြေတွင် တစ်စုံတစ်ခုကို ရရှိရင် လုံးဝ မဖြစ်နိုင်ပေ။ လို့လန်ရှေးဟောင်း နယ်မြေကား နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ဖြစ်သည်။ ရှေးဟောင်းလို့လန်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ဤနယ်မြေထဲကို ဘယ်နှယောက် ရောက်ရှိခဲ့ပြီလဲ  မည်သူမှ မသိပေ။ ရှေးဟောင်းလို့လန်က တခြားဒေသမှ တန်ခိုးရှင်များကို လို့လန်ရှေးဟောင်း နယ်မြေထဲကို ဖိတ်ခေါ်ခဲ့သော်လည်း အမှန်တရားကား သူတို့ ယူဆောင်နိုင်သည့် အရာများ အားလုံးကို ယူထားပြီး ဖြစ်သည်။

ရှေးဟောင်းလို့လန် အတွက်မူကား အရေးအကြီးဆုံးမှာ ယခင် သူတို့ မရယူနိုင်သော ရတနာများကို ရယူရန်ဖြစ်သည်။ တခြားဒေသများမှ တန်ခိုးရှင်များကို ဖိတ်ခေါ်ရခြင်း၏ တကယ့် အကြောင်းအရင်းလည်း ဖြစ်သည်။

သိမ်းငှက်နက်ပေါ်မှ လူငယ်၏ နောက်ကျောကို ကြည့်ကာ ဓမ္မအဆင့်တစ် တန်ခိုးရှင်က ရှေးဟောင်းနယ်မြေတွင် ဤမျှ စွမ်းဆောင်နိုင်မည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ ချန်ယန်နှင့် ကျောက်ဟန်တို့ကား ပိုမို၍ပင် မယုံကြည်နိုင်ပေ။ ချန်ယန် တွေးထင်သည်မှာ ရီဖူရှင်းက အလွန်ကောင်းမွန်သော ပါရမီရှိသည့်တိုင် သူတို့အဖွဲ့၏ နိမ့်ကျသော တန်ခိုးအဆင့်ကြောင့်  အရာအားလုံးက သူ့ထိန်းချုပ်မှုအောင်တွင် ရှိလိမ့်မည်ဟုပင်။

သိမ်းငှက်နက်ပေါ်တွင် ရီဖူရှင်း၏ စိတ်အသိက ကု့ချင်းထဲကို ဝင်ရောက်သွားသည်။ သူက မေးလိုက်သည်… “လို့လန်နိုင်ငံရဲ့ ရတနာစာအုပ်က ဘယ်နေရာမှာ ရှိလဲ ခင်ဗျား သိလား…”

“မသိဘူး….” မင်းသားက ပြောသည်။ သူ၏ လေသံက အနည်းငယ် တင်းမာနေသည်။ မင်းသားက မီးလျှံလူအား မဖျက်ဆီးလိုပေ။ သို့သော် ရီဖူရှင်းက သူ့စွမ်းအင်များကို အတင်းအကြပ် အသုံးပြုခဲ့သည်။ သူ၏ ခုခံမှုကြောင့် စွမ်းအားက အများအပြား လျော့နည်း သွားသော်လည်း ရီဖူရှင်းက ကု့ချင်း၏ စွမ်းအားကို သုံးနိုင်သည်သာ ဖြစ်ပြီး စည်တော်၏ အားအင်နှင့် ပေါင်းစပ်ကာ မီးလျှံလူကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

“ဘယ်လိုပဲ ဖြစ်နေပါစေ… သူက နိုဘယ်စိတ်အသိပဲ… မင်းက တော်တော် မာနကြီးတယ်…” ကု့ချင်းထဲမှ မင်းသား၏ စိတ်အသိက မပျော်မရွှင်သော အသံဖြင့် ပြောသည်။

“နိုဘယ်အသိက ဒီလောက်တောင် အင်အား ကောင်းတာလား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်… “ခင်ဗျားက ကျုပ် စိတ်အသိရဲ့ အဆင့်ကို မခံစားမိဘူးလား…”

“ဘာအဆင့်လဲ…” အတန်ငယ် တိတ်ဆိတ်သွားပြီး မင်းသားက မေးသည်။ ထိုစိတ်အသိက အလွန် အားကောင်းသည်ကို သူခံစား၍ ရသော်လည်း မည်သည့်အဆင့် ဖြစ်သည်ကို သူမပြောနိုင်ပေ။

“ဧကရာဇ် အသိ…” ရီဖူရှင်းက ဖြေလိုက်သည်။

ရီဖူရှင်း၏ မွေးစားအဖေက သူငယ်စဉ် ကတည်းက များစွာသော အတွေးအကြုံ များကို သင်ကြားပေးခဲ့သည်။ သူက လူဝံကြီး၏ ရင်းနှီးခဲ့ကာ ဒွန်ဟောင်ဗိုလ်ချုပ်တို့ကို တွေ့ဆုံခဲ့သည်။ သူ၏ ခန္ဓာကိုယ်က တစ်ကြိမ်တစ်ခါက ဧကရာဇ်အသိ၏ မှန်ကန်သော စွမ်းအားကို ခံစားဖူးခဲ့သည်။ ထိုအရာများကြောင့် သူ့အတွက်ကား နိုဘယ်တန်ခိုးအဆင့်မှာ တခြားလူများလို အလွန်မြင့်မားသော ဖြစ်တည်မှု မဟုတ်တော့ပေ။ နိုဘယ်အဆင့်ကား တန်ခိုး အဆင့်များစွာထဲမှ တစ်ခုသာ ဖြစ်သည်။

ရီဖူရှင်းက နိုဘယ် တန်ခိုးအဆင့်မှ လူများကို သတ်နိုင်သောနေ့ ရောက်လာမည် ဖြစ်သည်။ နန်ဒူနိုင်ငံ ဧကရာဇ်ကား သူက သတ်ကို သတ်ရမည့်လူ ဖြစ်သည်။ ထိုအကြောင်းပြချက် ကြောင့်ပင် တခြားလူများက မီးလျှံလူကို ခွင့်လွှတ်မည်ဟု တွေးသောအချိန်တွင် ရီဖူရှင်းက ရှင်းလင်းပစ်ရန် တွန့်ဆုတ်ခြင်း မရှိခြင်းပင်။

“မင်းက ရယ်စရာ ပြောနေတာလား…” မင်းသားက ပြောသည်။

“ကျုပ်က အဲဒါရဲ့ တကယ့်စွမ်းအား အစစ်အမှန်ကို အသုံးမချနိုင်သေးတာ စိတ်ပျက်စရာပဲ… ဒီစွမ်းအားရဲ့ အနည်းငယ်လောက်ပဲ ကျုပ်က သုံးနိုင်သေးတယ်… ခင်ဗျားကတော့ ဒါကို မြင်တွေ့ရဖို့ မရှိတော့ဘူး…” ရီဖူရှင်းက မင်းသားနှင့် မငြင်းလိုတော့ပေ။ သူက ပြောသည်… “လမ်းပြပေး…”

သိမ်းငှက်နက်က မြေပြင်မှ စစ်တပ်များကို လျစ်လျူရှုလျက် ရှေ့ကို ဆက်လက် ပျံသန်းသွားသည်။

မကြာမီရှေ့တွင် ကြီးမားသော အဆောက်အဦများကို မြင်လာရသည်။ ထိုအဆောက်အဦများကား ရိုးရှင်းသော်လည်း ဗိသုကာ ပုံစံများအရ ဧကရာဇ် နေထိုင်ရာနေရာနှင့် တူပေသည်။ ရှာဖွေမှု အသစ်တစ်ခုကြုံသည့်တိုင် ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက် မိသည်။ သူတို့၏ ရှေ့မှ တစ်နေရာက ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါတစ်ခု ဖြာထွက်နေသည်။ ကျယ်လောင်သော အသံက လေထုကို ပျံ့နှံ့သွားသည်။ ထိုအသံက ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု စတင်သည်နှင့် တူသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဧကရာဇ်နေထိုင်ရာ နေရာသို့ ဝင်ရောက်လာခဲ့ပြီး ဖြစ်ဟန်တူသည်။ ရီဖူရှင်း၏အာရုံက ရှေ့ကို ရောက်သွားသည်။ မင်းသားက သူတို့ကို ရှေးဟောင်းနယ်မြေ၏ အလယ်ဗဟိုနေရာသို့ ခေါ်လာသည်။ ဤနေရာက အန္တရာယ်အရှိဆုံး နေရာလည်း ဖြစ်သည်။  တစ်စုံတစ်ယောက်က ဤနေရာကို ဝင်ရောက်လာလျှင် ထိုလူမှာ မြေရိုင်းဒေသမှ လူလေးယောက်သာ ဖြစ်ရပေမည်။ သူတို့က သဒ္ဓိဝင်ပစ္စည်းများကို ရရှိပြီးပြီးချင်း ထွက်ခွာသွားကြသည်။ သူတို့က ဤနေရာသို့ တစ်ခါတည်း လာရောက် ကြသည်လား။

ရှေ့ကို ဆက်သွားလျှင် သူတို့က မြေပြင်တွင် အားကောင်းသော စစ်တပ်များကို မြင်ရသည်။ အများအပြားမှာ အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ကြသည်။ ထိုနေရာတွင် များပြားသော ရွှေရောင်ချပ်ဝတ် စစ်သည်များ ပါဝင်သည်။ အလယ်တွင်ကား ထီးထီးတည်း ရပ်နေသော လူတစ်ယောက်ရှိသည်။

သူ့တွင် ချပ်ဝတ်များ ဝတ်ဆင်ထားခြင်း မရှိဘဲ သာမန် ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားသည်။ သူ၏ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါအရ နိုဘယ်တန်ခိုးရှင် ဖြစ်ကြောင်း သိနိုင်သည်။ သူ၏ မျက်လုံးများက ရေခဲအလား အေးစက်နေသည်။ သူ၏အကြည့်က ရီဖူရှင်းတို့ အုပ်စုထံ ရောက်လာသည်။ တခြားလူများက သေရန် ဤနေရာကို ရောက်လာ ကြပြန်သည်လား။

ထိုနှစ်များစွာ အကြာက လို့လန်ဧကရာဇ်က ဤစစ်တပ်နှင့် ရင်ဆိုင်လျက် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူမသေမီ ရတနာစာအုပ်ကို အသုံးပြုလျက် အစီအရင်တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ကာ သူ၏ မျိုးဆက်များကို လေ့ကျင့်စေသော နေရာအဖြစ် ပြုလုပ်ခဲ့သည်။ သူက နိုင်ငံမှ ရတနာများကိုပင် အစီအရင်ထဲတွင် ဝှက်ထားခဲ့သည်။ အခြေအနေက ဤသို့ ဖြစ်လာမှတော့ သူတို့က ရှေးဟောင်းနယ်မြေသို့ ရောက်လာသော လို့လန်မျိုးဆက်များ အားလုံးကို သတ်ပစ်ရန်သာ ကျန်တော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset