Switch Mode

အပိုင်း (၁၇၃)

မင်းက ထိုက်တန်တယ်လို့ တကယ် ထင်နေတာလား

ရီဖူရှင်းက ဆက်လက် တီးခတ်သည်။ ကု့ချင်းထံတွင် ကျန်ရစ်နေသော စိတ်အသိ အနည်းငယ်ကို သူခံစားရကာ သူက ထိုသိစိတ်ကို နိုးထစေလိုသည်။ ယူချင်းက မီးလျှံလူ ပျောက်ကွယ်မသွားမီ အထိ အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် ယူချင်းက သဒ္ဓိဝင်ပစ္စည်း တစ်ခုထံသို့ လျှောက်သွားလိုက်သည်။

ထိုအရာကား ကြီးမားသော ပုဆိန်ကြီး တစ်လက်ဖြစ်သည်။ ရွှေရောင်ပုဆိန်ကြီးကား ထက်ရှသော အရှိန်အဝါနှင့် ပြည့်နှက်နေပြီး အားကောင်းသော ခံစားချက်ကို ပေးသည်။ ထို သဒ္ဓိဝင်ပစ္စည်းက အရာရာကို ဖျက်ဆီးတော့မည့် အားအင်များ ခိုအောင်း နေပုံရသည်။ ပထမက ရှီတောင်က ဤပုဆိန်ကြီးအား ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယူချင်းကလက် ဆန့်တန်းကာ ပုဆိန်ကြီးအား ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်။ သူ၏ စိတ်အင်အားကို ဖြတ်တောက်ရန် ရောက်လာသော ပုဆိန်သွားတစ်ခုကို ယူချင်း ခံစားရသည်။ ယူချင်းက သူ၏ စိတ်အင်အားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း သူပြန်လည် ရရှိသည်ကား စကားတစ်ခွန်းမျှသာ ဖြစ်သည်… “မင်းက အရမ်း အားနည်းတယ်…”။ သူ၏ တန်ခိုးအဆင့်ကား ရီဖူရှင်းကဲ့သို့ ဓမ္မအဆင့်တစ်မျှသာ ဖြစ်သည်။ သူကား ရှီတောင်ထက် များစွာ အားနည်းသည်။

သူ၏ စိတ်နယ်ပယ်ထဲတွင် ယူချင်း၏ စိတ်အင်အားက နတ်ဆိုး တစ်ကောင်အလား ရု့န်ရင်းကြမ်းတမ်းစွာ ပြောင်းလဲသွားသည်။ နတ်ဆိုးက ပုဆိန်၏ စိတ်အသိနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ အေးစက်စွာပင် ယူချင်းက မေးလိုက်သည်…“မင်း ငါနဲ့ လိုက်မလား…”

ပတ်ဝန်းကျင်မှ လူများ အားလုံးက အေးစက်သွားကာ ယူချင်းကို ကြည့်လိုက်ကြသည်။ ဤကောင် ရူးနေသည်လား။ သဒ္ဓိဝင်ပစ္စည်းများက သူတို့၏ ဆက်ခံသူကို ရွေးချယ်သည်။ သူတို့၏ စမ်းသပ်မှုကို ဖြတ်ကျော်ရန် လိုအပ်သည်။ သို့သော် ယူချင်းကား သာမန် မေးခွန်းတစ်ခုသာ မေးသည်…. “မင်း ငါနဲ့လိုက်မလား…” ။ သူ့ကိုယ်သူ မည်သူဟု ထင်နေသနည်း။

ယူချင်းက ထိုအရာမျာကို ဂရုမစိုက်ပေ။ ပုံမှန်အားဖြင့် သူကား ပုဆိန်၏ စိတ်အင်အားလောက် အားမကောင်းပေ။ ထိုအရာကား နိုဘယ်အဆင့် ဖြစ်သည်။ သူ မည်သို့ ယှဉ်နိုင်မည်နည်း။ ထိုအရာက နိုဘယ်စိတ် အသိဆိုလျှင်ကော အဘယ်အရေးနည်း။ ထိုနိုဘယ်အသိက သူ့အား အသိအမှတ်မပြုလျှင် သူကနောက် သဒ္ဓိဝင်ပစ္စည်း တစ်ခုကို ရွေးမည်ဖြစ်သည်။ မီးနှင်တံ၏ နိုဘယ်အသိမှ ရီဖူရှင်းကို ပြောခဲ့သောစကားက ယူချင်း၏ ရင်ထဲက ဒေါသမီးကို တောက်လောင်စေသည်။ ရီဖူရှင်းက ထို သဒ္ဓိဝင်ပစ္စည်းကို ရွေးချယ်လိုသော အချိန်တွင် သူက ရီဖူရှင်းကို အထင်သေးရဲသလော။

ဤ သဒ္ဓိဝင်ပစ္စည်း၏ စိတ်အသိကလည်း အတူတူပင်။ သူက တူညီစွာ တုံ့ပြန်လျှင် ယူချင်းက သူနှင့်လိုက်မည်လောဟု ရိုးရှင်းစွာ မေးသည်။ မလိုက်ဘူးဆိုလျှင် သူက နောက်တစ်ခုကို ရွေးမည်။ သူက တစ်ဖက်လူ၏ လက်ခံမှုကို ရအောင်ကြိုစားရန် အချိန်မရှိပေ။ ယူချင်းကသာ သဒ္ဓိဝင်ပစ္စည်းကို ရွေးချယ်မည်။ ထိုအရာက သူ့အား ရွေးချယ်မည်ကို သူ လက်မခံပေ။

ပုဆိန်ကြီး၏ စိတ်အသိက ယူချင်း၏ စိတ်နယ်ပယ်ထဲမှ နတ်ဆိုးပုံသဏ္ဌာန် စိတ်အသိကို ခံစားမိသည်။ ထို့နောက် လင်းလက် တောက်ပနေသော ပုဆိန်ကြီး မှေးမှိန်သွားကာ ယူချင်း၏ လက်ထဲကို ငြိမ်သက်စွာ ကျဆင်းလာသည်။

ယူချင်းက ပုဆိန်ကြီးကို ယူဆောင်လျက် ပြန်လျှောက်လာသည်။

ထိုမြင်ကွင်းကို မြင်လျှင် ပရိသတ်များက ထိတ်လန့်သွားကြသည်။ ထိုအရာက ဖြစ်နိုင်ပါသလော။

ရှီတောင်၏ အမူအရာကလည်း သိပ်မကောင်းတော့ပေ။ သူက ထိုပုဆိန်ကြီးကို မျက်စိကျနေသော်လည်း ပုဆိန်က သူ့အား ငြင်းပယ်ခဲ့သည်။ ယခု ယူချင်းထံမှ ရိုးရှင်းသော မေးခွန်းတစ်ခုကိုပင်လျှင် ပုဆိန်ကြီးက မငြင်းဘဲ ယူချင်းနှင့် လိုက်ပါသွားသည်။ ထိုအဖြစ်က သူ့အား အရှက်ရစေသည်။

ကျောက်ဟန်၏ မျက်နှာတွင်လည်း တူညီသော အမူအရာ ရှိသည်။ သူက ရွှေရောင်ဓားထံသို့ နောက်တစ်ကြိမ် လှမ်းသွားလိုက်သည်။ သူ၏လက်အား ရှေ့တွင် ဆုပ်ကိုင်လျက် အနည်းငယ် ဦးညွှတ်ကာ သူ၏ စိတ်အင်အားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏… “ခင်ဗျား ကျုပ်နဲ့ လိုက်မှာလား…”

လူတိုင်းက သူတို့ လုပ်နေသည်များကို ရပ်လျက် ကျောက်ဟန်ကို ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ရွှေဓားထံမှ ဖြာထွက်လာကာ ဒေါသတကြီး အော်လိုက်သော အသံကို ကြားကြရသည်… “မင်း သေချင်နေတာလား…” ထိုအသံနှင့်အတူ ကျောက်ဟန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူကား နောက်ကို လွင့်စဉ်သွားပြီး ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ပေါ်နေသော နာကျင်နေသော အမူအရာအရ သူကား ဒဏ်ရာပြင်းထန်စွာ ရသွားသည်ဟု ခန့်မှန်းရသည်။

ယူချင်းက ကျောက်ဟန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။ တခြားလူများကလည်း ကျောက်ဟန်ကို ထူးဆန်းစွာ ကြည့်ကြ၏။ လင်းယွီယိုက မဟန်နိုင်တော့ဘဲ ခစ်ခနဲ ရယ်မောလိုက်သည်။ သိမ်းငှက်နက်ပင်လျှင် အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် ထူးဆန်းသော ရယ်မောသံကို ပေးသည်။ ထိုအရူးက မိမိကိုယ်ကို ယူချင်းဟု ထင်သလော။

ကျောက်ဟန် တဖြည်းဖြည်း ပြန်လည် သက်သာလာသည်။ သူ၏ အမူအရာများကား ယခင်ထက်ပိုမို ဆိုးရွားသွားသည်။ ယူချင်းက မည်သို့ လုပ်လိုက်သနည်း။ ယူချင်းက သူ့ထက် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ရှိနေသည်လား။ သို့သော် သူ၏ တန်ခိုးအဆင့်က ယူချင်းထက် မြင့်ကာ သူ၏ စိတ်အင်အားမှာလည်း ယူချင်းထက် မြင့်ပေသည်။

ကျောက်ဟန်၏ ဘေးတွင် ချန်ယန်ကား ပြုံးနိုင်ခြင်း မရှိပေ။ သူက ယူချင်းတို့ သုံးယောက်အား ရှေးဟောင်းနယ်မြေကို လာရောက်ရန် ဖိတ်ခေါ်ခြင်းမှာ သူတို့၏ စိတ်အင်အား အလွန် အားကောင်းသည်ကို သတိထားမိသောကြောင့် ဖြစ်သည်။ ယခု ထိုသုံးယောက်က သူတို့၏ ကိုယ်ပိုင် သဒ္ဓိဝင်ပစ္စည်းများကို ရယူနိုင်သော အချိန်တွင် သူကား ယခုထိ တစ်ခုမှ မရသေးပေ။

ကု့ချင်းနှင့် ရင်းနှီးကျွမ်းဝင်အောင် တီးခတ်နေသော ရီဖူရှင်းပင်လျှင် ယူချင်းကို ပါးစပ်ဟလျက် ကြည့်နေသည်။ နောက်တစ်ကြိမ် ယူချင်းက သူ့အား နောက်ကောက်ချသွားသည်ကို သိလိုက်လျှင် ရီဖူရှင်း သက်ပြင်းချလိုက်သည်။ ကု့ချင်းအထဲတွင်ကား ကျန်ရှိနေသော သိစိတ်က ပြန်လည် နိုးထလာပြီ ဖြစ်သော်လည်း မည်သည့်အသံမှ မပေးပေ။ ရီဖူရှင်းတွင်လည်း သူ့အား ပြောစရာ တစ်ခုမှ မရှိသေးပေ။

လင်းယွီယိုနှင့် ယွန်ရှင်းမိုတို့ နှစ်ယောက်လုံးက သဒ္ဓိဝင်ပစ္စည်း တစ်ခုစီကို ကြိုးစား ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။

ရီဖူရှင်းက မိမိကိုယ်ကို တွေးလိုက်သည်။ အကယ်၍ သူက နောက်ထပ် သဒ္ဓိဝင်ပစ္စည်း တစ်ခုကို ယူရန် ကြိုစားပါက မည်သို့ ဖြစ်လာမည်နည်း။ ထိုအရာက သူ့အား ငြင်းပယ်မည်လော။ သို့သော်လည်း သူက နောက်တစ်ဖန် မကြိုးစားတော့ပေ။ မဟုတ်လျှင် သူက အောင်မြင်ခဲ့ပါက လူအများ၏ ရန်သူဖြစ်သွား နိုင်ပေသည်။ ထိုလူများမှာ တစ်ခုရရန်ပင် အလွန်ခက်ခဲစွာ ကြိုးပမ်းနေရချိန်တွင် သူက နောက်ထပ် ရယူနိုင်သည်ကို ထိုလူများ သိသွားကြပါက ရီဖူရှင်းကား လူအများ၏ ပစ်မှတ် ဖြစ်လာနိုင်ပေသည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူက သိမ်းငှက်နက်ပေါ်ကို တက်လျှင် တခြားလူများက သူ့နောက်က လိုက်ပါသွားကြသည်။

လူတိုင်း၏အာရုံက သူတို့ထံ ရောက်လာသည်။ “သူတို့ နောက်ကိုလိုက်…” ချန်ယန်က ပြောသည်။ ချန်းမုန်ဒေသမှ လူငါးယောက်ကလည်း သတ္တဝါဆန်းပေါ်သို့ တက်ကာ ရီဖူရှင်း၏ သိမ်းငှက်နက် နောက်ကို လိုက်ပါသွားကြသည်။ အဖြစ်အပျက်များ အားလုံးက ချန်ယန်၏ ရီဖူရှင်းတို့ကို ဖိတ်ခေါ်မှုက မှန်ကန်ကြောင်း သက်သေပြနေသည်။ ရီဖူရှင်းနောက်ကို လိုက်ခြင်းဖြင့် တခြား အခွင့်အရေးများ ရလာနိုင်သည်ဟု ချန်ယန်သုံးသပ်သည်။

“သွားမယ်…” မီးလျှံနှင်တံကို ရရှိသော ယန်ကလန်မှ လူငယ်က ပြောသည်။ သူကား ယန်ကလန်၏ ထိပ်သီးပါရမီရှင် လူငယ်မျိုးဆက် ခေါင်းဆာင် ရှောင်မူဖြစ်သည်။ လူတိုင်းက သူ့အမိန့်ကို နာခံကြရသည်။ သူ၏ အဆင့်အတန်းမှာ ချင်းမုန်ဒေသမှ ချန်ယန်နှင့် တူညီသည်။

တခြားလူများက သဒ္ဓိဝင်ပစ္စည်းများဖြင့် ဆက်သွယ်ရန် ကြိုးစားကြသော်လည်း သူတို့ အရွေးမခံရသည်ကို သိလိုက်ကြရသည်။ သူတို့၏ ကျရှုံးမှုကို လက်ခံကာ ထိုလူများက ပထမ ထွက်ခွာသွားသော အုပ်စုနှစ်ခု နောက်ကို လိုက်ပါသွားကြသည်။

ထိုနေရာတွင် လို့လန်ရွှီတို့ အုပ်စုတစ်ခုသာ ကျန်နေရစ်သည်။ လို့လန်ရွှီ၏ မျက်လုံးတွင် တစ်စုံတစ်ခု လင်းလက်သွားသည်။ အခြေအနေကား ယခင်ကနဲ့ မတူတော့ပေ။ ဤတစ်ကြိမ်တွင်ကား လူတိုင်းက ရီဖူရှင်းတို့နောက်ကို လိုက်ပါသွားကြသည်။ အဓိကအားဖြင့် ထိုတန်ခိုး အဆင့်နိမ့်သော သူများက သဒ္ဓိဝင်ပစ္စည်းများကို ပိုင်ဆိုင်သွားသောကြောင့် ဖြစ်ဟန်တူသည်။ သူတို့၏ စိတ်ထဲတွင် မကောင်းသော အကြံများ ရှိနိုင်ပေသည်။

မြေရိုင်းဒေသမှ လူလေးယောက်ကား အလွန်အမင်း ထူးချွန်ကြသည်။ သူတို့ လေးယောက်လုံးက သဒ္ဓိဝင်ပစ္စည်း တစ်ခုစီ ရရှိခဲ့ကြသည်။ သူတို့က သီးသန့်ဆန်လွန်းပြီး တခြားလူများနှင့် ပြောဆို ဆက်ဆံခြင်း မရှိပေ။

ထို့နောက် လို့လန်ရွှီကလည်း ရီဖူရှင်း၏နောက်ကို လိုက်ပါသွားသည်။ ယနေ့တွင် ယခင်ကထက် သဒ္ဓိဝင်ပစ္စည်းများ၏ အသိအမှတ်ပြုမှုကို ရရှိသော လူများ ပိုမိုများပြားသည်။ ထိုအဖြစ်က လို့လန်ရှေးဟောင်း နယ်မြေကို အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်စေမည်လော မည်သူမှ မပြောနိုင်ပေ။

သိမ်းငှက်နက်ပေါ်မှ ရီဖူရှင်းက ထို့နောက်မှ လိုက်ပါလာသော လူများကို ရှင်းလင်းစွာ မြင်သည်။ သို့သော် သူဂရုမစိုက်ပေ။ သူက ကု့ချင်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။ မဟုတ်လျှင် သူက ကု့ချင်း၏ စွမ်းအားကို မည်သို့ ထုတ်လွှတ်နိုင်မည်နည်း။

“ဒါက လို့လန်နိုင်ငံရဲ့ တော်ဝင်နန်းတော်ပဲ…” ရီဝူချင်းက ရုတ်တရက် ပြောသည်။

ရီဖူရှင်းက သူ့အား ထူးဆန်းသလို ကြည့်ကာမေးသည်… “နောက်ထပ် နန်းတော်တစ်ခုလား…”။ သူက ရီဝူချင်း၏ ဓားကို ကြည့်လိုက်သည်။ ထိုဓားတွင် သူ၏ အသိစိတ်ရှိသည်။ သူက ရှေးမှ အကြောင်းအရာများကို သိသည်။

“ရှေးဟောင်းလို့လန်က ရှေးဟောင်းလို့ ခေါ်တွင်တာက ယခင်က လို့လန်နိုင်ငံက ပြိုလဲဖူးတယ်… နန်းတော်က ဝင်အစီးခံရပြီးတော့ နန်းတော်က စွမ်းအားမြင့် တန်ခိုးရှင်တွေက ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်… လို့လန်နိုင်ငံက လုံးဝ ဖျက်ဆီးခံရပြီးတော့ နောက်ဆုံးမှာ ရတနာစာအုပ် တစ်ဝက်ကို ပိုင်ဆိုင်တဲ့ မိန်းမတစ်ယောက် ရောက်လာပြီးတော့ နိုင်ငံကို ထူထောင်ခဲ့တယ်… နောက်ပိုင်းမှာ လို့လန်နိုင်ငံက ရှေးဟောင်းလို့လန် ဖြစ်လာပြီးတော့ သမီးတော်တွေကပဲ ဆက်ခံသူဖြစ်လာတယ်… မင်းသား… မင်းသမီး ဆိုတာတွေ မရှိတော့ဘူး… သမီးတော်ကပဲ ဆက်ခံသူဖြစ်တယ်…” ရီဝူချင်းက ပြောသည်။

“ဒါကြောင့်ပဲ နန်းတော်ဟောင်းက ရှေးဟောင်း မြေရိုင်းဒေသမှာ ရှိနေပြီးတော့ အောက်ခြေက ဒီလိုပုံစံ ဖြစ်နေတာပေါ့…” ရီဖူရှင်းက မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ မြေပြင်တွင်ကား ချပ်ဝတ်စစ်သည်များ နေရာအနှံ့တွင် ရှိနေသည်။

“အရင် လို့လန်နိုင်ငံဟောင်းမှာ ရတနာစာအုပ်နှစ်အုပ် ရှိတယ်… ဧကရာဇ်က စာအုပ်တစ်အုပ်ကို သုံးပြီးတော့ ကျူးကျော်သူတွေကို သတ်ခဲ့တယ်… အဆုံးသတ်မှာတော့ ကျူးကျော်သူတွေကို မယှဉ်နိုင်တော့တာနဲ့ စာအုပ်ရဲ့ စွမ်းအင်ကိုသုံးပြီး နန်းတော်ကို အစီအရင်တစ်ခုထဲ ပိတ်လှောင်ခဲ့ပြီး အစီအရင်ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့တယ်… တစ်ချိန်တည်းမှာပဲ နန်းတော်က ရတနာတွေ အကုန်လုံးကို စစ်သည်တောင်ကုန်းအဖြစ် ဖန်တီးပြီးတော့ ဆက်ခံသူတွေကို ရွေးချယ်စေခဲ့တယ်… စာအုပ်ထဲမှ ပိတ်လှောင်ထားတဲ့ အစီအရင်ကိုတော့ ရှေးဟောင်းမြေရိုင်း ဒေသကို ပို့ဆောင်စေပြီးတော့ တကယ့်လောကနဲ့ ရှေးဟောင်းမြေရိုင်း ဒေသအကြား ဂိတ်တံခါး ပြုလုပ်စေတယ်… ဒါကြောင့်ပဲ ရှေးဟောင်းလို့လန်ရဲ့ မျိုးဆက်တွေက လို့လန်ရှေးဟောင်းနယ်မြေကို ဝင်ရောက်ခွင့်ရပြီး စမ်းသပ်မှုတွေကို ရင်ဆိုင်ကြရတယ်… ထိုက်တန်တဲ့သူက သဒ္ဓိဝင်ပစ္စည်းတွေကို လက်ခံရရှိကြတယ်…” ရီဝူချင်းက ရှင်းပြသည်။

“ဒါဆို ဆိုလိုတာက လို့လန်နိုင်ငံကို ပြန်လည် ထူထောင်ခဲ့တဲ့ ဧကရီဘုရင်မက ရတနာစာအုပ်ရဲ့ တစ်ဝက်ကို ပိုင်ဆိုင်ပြီး နောက်တစ်ဝက်က ဒီမှာ ရှိနေတာပေါ့…” ရီဖူရှင်းက လို့လန်ရွှီ ပြောပြခဲ့သည့် ရတနာစာအုပ်ကို ပြန်အမှတ်ရကာ မေးလိုက်သည်။ ရှေးဟောင်းလို့လန်က ပါရမီရှင်များကို ဖိတ်ခေါ်ကာ ရှေးဟောင်းနယ်မြေကို ဝင်ရောက်စေသည်မှာ မထူးဆန်းတော့ပေ။

“ဓားအသိကို မေးကြည့်ပါဦး… ငါ့ကု့ချင်းက ဘယ်သူပိုင်တာလဲ…” ရီဖူရှင်းက ရီဝူချင်းကို မေးသည်။ မီးလျှံလူက သူ့အား အဘယ်ကြောင့် တားဆီးလိုသည်ကို သူသိလိုသည်။

ရီဝူချင်းက သူ့ကို ကြည့်ကာ ပြန်ပြောသည်… “လို့လန်နိုင်ငံဟောင်းရဲ့ မင်းသား…”

ရီဖူရှင်း၏ မျက်လုံများ ပြူးကျယ်သွားသည်။ သူ၏ စိတ်အသိက ကု့ချင်းထံ ဝင်ရောက်သွားကာ မေးလိုက်သည်… “ခင်ဗျားက မင်းသားလား…”

“ဟုတ်တယ်…” ကု့ချင်းထံမှ ပြန်ပြောသည်။

“ဒီနယ်မြေက ကျုပ်ထွက်သွားတဲ့အခါ ခင်ဗျား ပျောက်ကွယ် သွားမှာလား…” ရီဖူရှင်းက မေးလိုက်သည်။

အနည်းငယ်ကြာလျှင် အသံတစ်သံက ဖြေသည်… “အင်း… ကျုပ် ပျောက်ကွယ်သွားတဲ့အခါ ကု့ချင်းမှာပါတဲ့ စိတ်အင်အားကို မင်းဘာသာမင်း အသက်ဝင်အောင် လုပ်ရလိမ့်မယ်…”

“ဒီလောက်ပဲလား…” ရီဖူရှင်း သက်ပြင်းချသည်။

“ရှေးဟောင်း နယ်မြေထဲမှာတော့ ငါက မင်းကို တတ်နိုင်သမျှ ကူညီမယ်…” ထိုမင်းသားက ပြောသည်။ ရီဖူရှင်း ဆိုလိုသည်ကို သူနားလည်သည်။ သူ၏ စွမ်းအားများကို တိုးတက်အောင် မကူညီနိုင်သည့်အတွက် သူက သက်ပြင်းချခြင်း ဖြစ်သည်။

“ခင်ဗျားရဲကု့ချင်းက ခင်ဗျားထက် ပိုမို နာမည်ကြီးပုံရတယ်…” သူဆိုလိုသည်က မင်းသားကား သူ၏ နိုင်ငံပြန်လည် ထူထောင်နိုင်သော အခြေအနေကို မြင်တွေ့ခွင့် ရတော့မည် မဟုတ်သည်ကိုပင်။

“ခင်ဗျားက မင်းသားဖြစ်မှတော့ ဒီနေရာနဲ့ ရင်းနှီးမှာပဲ… ရတနာတွေကို ရှာဖို့ ကျုပ်ကို ခေါ်သွားပေး…” ရီဖူရှင်းက ပြောသည်။ သိမ်းငှက်နက်က ရှေ့ကို ဆက်လက် ပျံသန်းသည်။

ရှေ့တွင်ကား မြေပြင်မှ လျှပ်စီးသံများ ထွက်ပေါ်လာနေသည်။ ရီဖူရှင်းက ငုံ့ကြည့်လိုက်လျှင် တိုက်ပွဲစင်မြင့် တစ်ခုကို မြင်သည်။ စစ်စည်တော်ကြီးများ ရှေ့တွင် စစ်သည်အများအပြားက စီတန်းလျက် ရပ်နေကြသည်။ သူတို့အားလုံးမှာ မီးလျှံချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်မှ မီးလျှံများ ဖြာထွက်နေသည်။ စစ်စည်တော်ကြီးများ၏ အလယ်တွင်ကား စားပွဲတစ်လုံးရှိပြီး စားပွဲပေါ်တွင် ဖိုအိုးတစ်လုံးရှိသည်။ ဖိုအိုးပေါ်တွင်ကား မီးလျှံများ အလျှံညီးညီး တောက်လောင်နေသော စာအုပ်တစ်အုပ်ကို မြင်ရသည်။

ဘုန်း…။ လျှပ်စီးအလား အက်ကွဲသံတစ်ခုက လေထဲတွင် ပေါက်ကွဲသွားသည်။ သိမ်းငှက်နက်က တည်ငြိမ်မှု ပျက်ပြားလျက်  ကျယ်လောင်စွာ အော်ဟစ်ကာ မြေပြင်ကို ဆင်းသက်လိုက်သည်။ ရီဖူရှင်းနှင့် တခြားလူများကလည်း သူတို့၏ စိတ်နယ်ပယ်ထဲမှ တုန်ခါမှုကို ခံစားကြရသည်။ ထိုစစ်စည်တော်များ၏ အသံများကား ကြောက်မက်ဖွယ် ကောင်းလှသည်။

သူတို့က စင်မြင့်ရှေ့တွင် ဆင်းသက်လိုက်ကာ ရှေ့ကို ကြည့်လိုက်ကြသည်။ ရတနာက လူမြင်ကွင်းတွင် ဤကဲ့သို့ ထားသည်လား။ ထိုအရာက ကွယ်ဝှက်ထားခြင်း လုံးဝ မရှိပေ။ လို့လန်နိုင်ငံဟောင်း၏ ဧကရာဇ်က သူ၏ ရတနာများကို ဝှက်သည်မှာ ဤကဲ့သို့ နည်းလမ်းဖြင့်လား။

“သွားမယ်…” ရီဖူရှင်းနှင့် သူ့လူများက ရှေ့ကို ဆက်သွားလိုက်ကြသည်။ သူ့လက်တွင်ကား ကု့ချင်းကို ကိုင်ဆောင်ထားသည်။ ရီဖူရှင်းက ထိုစာအုပ်ကို ဆုပ်ကိုင်ရန် ဟန်ပြင်လိုက်သည်။

“ထွက်သွားစမ်း… မင်းက ထိုက်တန်တယ်လို့ တကယ် ထင်တာလား…” လေထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ရီဖူရှင်းနောက်မှ လိုက်ပါလာသော သူများက ထိုမြင်ကွင်းကိုမြင်လျှင် မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။ လေထဲတွင်ကား မီးလျှံလူက တစ်ဖန် ပြန်ပေါ်လာကာ စာအုပ်ကို ကြည့်လိုက်သည်။ ထိုရတနာစာအုပ်ကား သူအသက်ရှင်စဉ်က လက်ဖြင့် ထိကိုင်ရန်ပင် မတတ်နိုင်သော စာအုပ်ဖြစ်သည်။ ယခုကား လူမြင်ကွင်းတွင် ရိုးရှင်းစွာ ထားပေးသည်။

“သွားယူလိုက်… အဲဒါက မင်းရဲ့ တန်ခိုးကျင့်ရာမှာ အထောက်အကူဖြစ်တယ်… ငါမင်းကိုကူညီမယ်…” မီးလျှံလူက ရှောင်မူကို ပြောသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset