Switch Mode

အပိုင်း (၁၇၂)

စကားများသော

ရီဖူရှင်းက ထိုမီးလျှံပုံရိပ်အား ကြည့်ကာ စိတ်ညစ်သွားသည်။ သူကား စိတ်အသိ အပိုင်းအစ၏ အထင်သေးခြင်းကိုပင် ခံရသည်။

“ဒီလိုဆိုရင်လည်း ကျုပ်က ခင်ဗျားကို ဂရုမစိုက်တော့ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောကာ ထိုနေရာမှ အဝေးသို့ လျှောက်သွားလိုက်သည်။

“ကျုပ် စမ်းကြည့်မယ်…” အသံတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက် ရှေ့ကို တိုးလာသည်။ သူကား မီးဓာတ်စွမ်းအင်ကို အထူးပြုသော ယန်ကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်ဖြစ်သည်။ လက်ရှိတွင်ကား သူ၏ တစ်ကိုယ်လုံးက မီးလျှံများဖြင့် လွှမ်းခြုံနေပြီး သူ့မျက်လုံးများမှ မီးလျှံအမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ရှေ့မှ မီးနှင်တံအား ဆုပ်ကိုင်လိုက်သည်။ မီးလျှံပုံရိပ်ကား နှင်တံအထဲတွင် ရှိနေသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် ကောင်းသော မီးလျှံအားလှိုင်းတစ်ခု ပေါက်ကွဲ ထွက်လာသည်။

ယန်ကလန်တန်ခိုးရှင်၏ မျက်ခုံးနှစ်ခုကြားမှ မီးလျှံအမှတ်အသားက အလင်းရောင်များ တောက်ပလာပြီး မီးလျှံအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များက ထိုအမှတ်အသားထံသို့ အရူးအမူး စီးဝင်ကြသည်။ ထိုအရာက မီးလျှံစည်းဝိုင်း တစ်ခုအလား ပိုမို၍ လင်းလက်လာသည်။

နှစ်ဖက်ပါတီက အားပြိုင်နေသော အခြေအနေပင်။ အတန်ကြာလျှင် ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်… “ငါမင်းကို ရွေးလိုက်မယ်… ထပ်ပြီး မစောင့်ချင်တော့ဘူး… မင်းက ငါ့ရဲ့ သဒ္ဓိဝင်ပစ္စည်းကို စိတ်မပျက်စေဘူးလို့ ငါထင်တယ်… ဒီရှေးဟောင်း နယ်မြေမှာ ငါမင်းကို ရက်အနည်းငယ် အဖော်လုပ်ပေးမယ်… မီးဓာတ်အသိ ဘယ်လောက် မင်းက ဆက်ခံနိုင်မလဲ ဆိုတာ မင်းအပေါ်ပဲ မူတည်တယ်… ရှေးဟောင်းနယ်မြေက ထွက်သွာပြီးရင်တော့ ဒီပစ္စည်းရဲ့ စွမ်းအားကို အသက်သွင်းဖို့ မင်းက ကိုယ်တိုင်စွမ်းရည်ကိုပဲ သုံးရမယ်…”

“ကျေးဇူးတင်ပါတယ်… စီနီယာ…” ယန်ကလန် တန်ခိုးရှင်ကား အလွန်အမင်း ပျော်ရွှင်သွားသည်။ သူကား နိုဘယ်အသိ ပါဝင်သော သဒ္ဓိဝင်ပစ္စည်းကို ပထမဆုံး ရရှိသောသူ ဖြစ်သည်။  ဤအရာဖြင့် သူ၏ ကံစွမ်းအားကို ပိုမိုသန့်စင်သော အခြေအနေတစ်ခုသို့ ရောက်ရှိစေနိုင်ကာ နောင်တွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအား အဖြစ် ပြောင်းလဲနိုင်ရန် အခွင့်အရေး ရှိပေသည်။ ဤအရာဖြင့် ရှေးဟောင်းနယ်မြေတွင် သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ပိုမို အားကောင်း လာစေနိုင်သည်။

လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ ဓမ္မအဆင့်တစ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ရှေးဟောင်းနယ်မြေကို ဘယ်လိုလုပ် ဝင်ရောက်ရသနည်း။ ထိုအချိန်တွင်ကား ယန်ကလန်မှ တန်ခိုးရှင်က အောင်မြင်သည်ကို မြင်လျှင် တခြား လူများကလည်း ကြိုးစားကြသည်။ သို့သော် မည်သူမှ မအောင်မြင်ပေ။

ထိုစဉ်မှာပင် ထိတ်လန့်ဖွယ် အော်သံတစ်ခု ကြားလိုက်ရသည်။ တစ်နေရာတွင် လူအနည်းငယ်က တစ်ချိန်တည်းတွင် သဒ္ဓိဝင်ပစ္စည်းများ၏ အသိအမှတ်ပြုမှုကို ရရှိသွားကြသည်။

လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့ကား ထိုထူးဆန်းသော လူလေးယောက် ဖြစ်သည်။ ယခုကား သူတို့အထဲမှ သုံးယောက်က သဒ္ဓိဝင်ပစ္စည်းများ၏ အသိအမှတ်ပြုမှုကို ရရှိသွားကြပြီး ဖြစ်သည်။ လို့လန်ရွှီပင်လျှင် အနည်းငယ် အံ့အားသင့် သွားဟန်တူသည်။

နောက်ဆုံး တစ်ယောက်က သူ၏ သဒ္ဓိဝင်ပစ္စည်းကို လက်ခံရရှိပြီးသောအခါ သူတို့လေးယောက်က တခြားလူများကို ဂရုပင်မစိုက်ဘဲ ထိုနေရာမှ ပျံသန်း ထွက်ခွာသွားကြသည်။

“သမီးတော်…” လို့လန်ရွှီ၏ ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က ပြောသည်… “ဒီလူတွေက မြေရိုင်းမြို့က လာကြတာပဲ… သူတို့က ရှေးဟောင်းနယ်မြေက ရတနာကို ရရှိသွားရင် မသေချာတာတွေ ရှိလာနိုင်တယ်…”

လို့လန်ရွှီ၏ မျက်လုံးများက ပိုမိုအေးစက်သွားသည်။ မြေရိုင်းမြို့မှ လာသော ထိုလူလေးယောက်၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်ကို သူမ ပြောနိုင်သည်။ အကယ်၍ သူတို့က ရှေးဟောင်း နယ်မြေတွင် ရတနာကို ရရှိခဲ့ပါက ရှေးဟောင်းလို့လန်နှင့် ဖလှယ်ရန် မသေချာပေ။

ထိုအချိန်တွင် ရီဝူချင်းက လေထဲမှ တစ်နေရာသို့ ပျံသန်းသွားသည်။ သူ၏ ရှေ့တွင်ကား ဓားတစ်လက် ရှိသည်။ ဓားကား ငွေရောင်များ လင်းလက်နေသည်။ ရီဝူချင်း၏ မျက်လုံးအကြည့်က ဓားသွား တစ်လက်လိုပင် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ဓားစွမ်းအင် အားလှိုင်းများ လှည့်ပတ်လာနေကာ ငွေရောင်ဓားထံသို့ စတင် လွှမ်းခြုံလာသည်။

ချက်ချင်းပင် ငွေရောင်ဓားထံမှ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ထိတ်လန့်ဖွယ် ဓားအသိက ရီဝူချင်း၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာကြပြီး သူ့အားသတ်ရန် ကြိုးပမ်းသည်။ ရီဝူချင်း၏ မျက်လုံးများက ပိုမို နက်ရှိုင်းလျက် ထက်ရှလာသည်။ ဓားအသိက သူ၏ မျက်လုံးများတွင် လှည့်ပတ်လာနေကာ တခြား ဓားအသိတစ်ခုနှင့် တိုက်ခိုက်လျက် ဓားထံသို့ လှမ်းရန် ကြိုးစားလိုက်သည်။

အက်ကွဲသံတစ်ခု ကြားရသည်။ လေထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းတစ်ခုက ချက်ချင်းပင် ရီဝူချင်းအား ဖုံးလွှမ်းလာသည်။ ထိုအရာက ရီဝူချင်း၏ စိတ်အားကို ဖျက်ဆီးလျက် သူ့အား သတ်ရန် ကြိုးစားသည်။

သူက မည်သို့မှ ခံစားရဟန် မရှိပေ။ သူ၏ ခန္ဓာကိုယ်က ဓားတစ်လက်အလား ပြောင်းလဲသွားသည်။ မဆုံးနိုင်သော ဓားအသိများက သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေကြသည်။ သူကား သွေးနှင့်သားနှင့် ခန္ဓာကိုယ် မဟုတ်တော့ဘဲ ဓားတစ်လက်၏ ခန္ဓာဖြစ်သွားပုံရသည်။ တခြားအရာများ အားလုံးကို သူမေ့သွားသည်။

အက်ကွဲသံတစ်ချက် ကြားရသည်။ ထို့နောက် ရီဝူချင်း၏ နှုတ်ခမ်းမှ သွေးစများ ထွက်လာသည်။ ထိုအရာက သူ့အား နောက်ဆုံး သတိပေးချက် ဖြစ်ဟန်တူသည်။

ရီဝူချင်းက သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ ဓားက သူ့အား မည်သည့် အချိန်တွင်မဆို သတ်နိုင်သည့်အလား ချိန်ရွယ်ထားသည်ကို သူခံစား၍ရသည်။ ထိုအချိန်တွင် သူ၏ ခံစားမှုများ အားလုံးက ဓားတစ်လက်အလား ပြောင်းလဲသွားပြီ ဖြစ်သည်။ သူက ရှေ့မှ ဓားထံသို့ လှမ်းသွားကာ ထိုဓားနှင့် အပြန်အလှန် ဆက်နွှယ်ရန် ကြိုးစားသည်။

ဓားနှစ်လက် ရင်ဆိုင်မိလျှင် ရီဝူချင်း၏ ဓားခန္ဓာကိုယ်က အက်ကွဲလာသည်။ ထိုအက်ကွဲလာသော ဓားက တဖြည်းဖြည်း အစိတ်အပိုင်းများ ဖြစ်သွားကာ နောက်ဆုံးတွင် ထိုအစိတ်အပိုင်းများက တစ်ဖက်ဓားကို ပျော်ဝင်သွားသည်။ ရီဝူချင်း၏ ဓားအသိကား မသေနိုင်ပေ။

ထိုငွေဓားက အသံများ မြည်လာကာ ပိုမိုလင်းလက်လာသည်။ ထိုစဉ်မှာပင် ရီဝူချင်း၏ လက်က ဓားကို ဆုပ်ကိုင်လိုက်လျက် သူ၏ ဓားအသိက ငွေရောင်ဓားနှင့် ပေါင်းစပ်သွားသည်။

“သူ အောင်မြင်သွားတယ်…” လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကာ ရီဝူချင်းကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

ချန်ယန်၏ မျက်လုံးများက ထူးဆန်းစွာ ရီဖူရှင်းတို့အုပ်စုကို ကြည့်လိုက်သည်။ သူက ရီဖူရှင်းတို့အုပ်စုအား နိုဘယ်လိုဏ်ဂူတွင် ပြသခဲ့သော စွမ်းဆောင်ရည်ကြောင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုသုံးယောက်က နိုဘယ်လိုဏ်ဂူတွင် အောင်မြင်မှုများ ရသည်။ ယခု သူတို့က ရှေးဟောင်းနယ်မြေတွင် အောင်မြင်နိုင်မည်လော သူမသိပေ။

အမှန်တရားက သူတို့ အောင်မြင်နိုင်သည်ဟု ဖော်ပြနေသည်။ ရီဝူချင်းက ငွေဓားတစ်လက်ရရှိပြီး ဖြစ်ကာ သူနှင့် ကျောက်ဟန်ကား ကျရှုံးခဲ့ရသည်။ သူတို့ရယူရန် ကြိုးစားသည့်ဓားက ကွဲပြား ခြားနားသည့်တိုင် ရီဝူချင်း၏ စိတ်အင်အားက အလွန် အားကောင်းကြောင်း ဓား၏ အသိအမှတ်ပြုမှုကို ရရှိသည်က သက်သေပြနေသည်။

ရီဖူရှင်းက ဓားကို ဆုပ်ကိုင်ထားသော လေထဲမှ ရီဝူချင်းကို ပြုံးလျက် ကြည့်လိုက်သည်။ သူနောက်ကောက် ချမခံနိုင်ပေ။ ရီဖူရှင်းက နောက်တစ်နေရာကို လှမ်းသွားလိုက်သည်။ ထိုနေရာတွင်ကား နဂါးသဏ္ဌာန် ကု့ချင်းတစ်ခု ရှိနေသည်။ သူက ထိုကု့ချင်းရှေ့တွင် ရပ်လိုက်ကာ ကြိုးကို ထိခတ်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသော မှော်ဂီတအားလှိုင်း တစ်ခုက ရီဖူရှင်း၏ စိတ်ထဲကို ဝင်ရောက်လာသည်။ ထိုအရာက သူ၏နားစည်များကို ရိုက်ခတ်လျက် တစ်ချိန်တည်းမှာပင် ရီဖူရှင်းအား တိုက်ခိုက်မှုက ပိုမိုအားကောင်းလာသည်။

ကု့ချင်းကြိုးများမှ ထွက်ပေါ်လာသော ဂီတသံများကား နဂါးတစ်ကောင်၏ အော်သံအလား ထိတ်လန့်ဖွယ် ကောင်းသည်။

ကု့ချင်းတွင် နဂါးဓာတ်သဘာဝများ စီးဝင်နေသည်။ ရီဖူရှင်း၏ မျက်လုံးများ လင်းလက်သွားသည်။ သူက ကြိုးများကို ထပ်မံတီးခတ်လိုက်လျှင် နဂါး၏ အော်သံက ကောင်းကင်နှင့် မြေကြီးကိုပင်လျှင် တုန်ခါစေသည်။ ဤတစ်ကြိမ်တွင်ကား ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင် တိုက်ခိုက်နေသော မှော်ဂီတအားလှိုင်းက ပိုမိုအားကောင်းလာသည်။

“ရပ်စမ်း…” အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ရီဖူရှင်းက မော်ကြည့်လိုက်လျှင် ယန်ကလန်၏ လက်ထဲမှ မီးနှင်တံကို မြင်ရသည်။ မီးနှင်တံအသိမှ ဖန်တီးလိုက်သော ပုံသဏ္ဌာန်က ပေါ်လာပြန်သည်။ မီးလျှံလူပုံသဏ္ဌာန်က ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ ပြောသည်… “မင်းကို ဒီတူရိယာကို ထိခွင့်မပေးနိုင်ဘူး…”

“ဘာလို့လဲ…” ရီဖူရှင်းက သူ့ကို ကြည့်လိုက်သည်။ သူက မီးနှင်တံအား ထိခွင့်မပေးခြင်းမှာ သူကား ယခင်ပိုင်ရှင်ဖြစ်ပြီး သူ၏ စိတ်အသိက မီးနှင်တံတွင် ခိုအောင်းနေခြင်းဖြစ်ရာ ထိုအရာက နားလည်နိုင်သော်လည်း ယခုသူက တခြားပစ္စည်းမျာကို ရွေးချယ်ခြင်းကိုလည်း တားမြစ်နေသည်။

“အကြောင်းပြချက် မရှိဘူး… ကျုပ်က ရပ်လို့ပြောရင် ရပ်…” မီးလူပုံရိပ်က ထူးမခြားနားစွာ ပြောသည်။

ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ သူက တူရိယာကို နောက်တစ်ချက် တီးခတ်လိုက်ပြန်သည်။ တကယ့်နဂါးက လောကကို တုန်ခါသွားစေအောင် နောက်တစ်ဖန် အော်ဟစ်ပြန်သည်။ သူ၏စိတ်နယ်ပယ်က တစ်ဖန် အားလှိုင်းကြောင့် လှုပ်ယမ်းသွားသည်။ ကု့ချင်းတွင် သန့်စင်သော အားလှိုင်းမျှသာရှိကာ သိစိတ်မရှိကြောင်း သူ သတိထားမိလိုက်သည်။ အားလှိုင်းက ကု့ချင်းတွင် လုံးဝ ပေါင်းစပ်နေသည်။

“ကျုပ် ဒါကို လိုချင်တယ်…” ရီဖူရှင်းက မီးလျှံလူကို အေးစက်စွာ ပြောလိုက်သည်။

“မင်း ခံနိုင်ရည်မရှိဘူး…” မီးလျှံလူက ပြန်ပြောသည်။ သူက ထိုကု့ချင်းအား ဂရုစိုက်ပုံရကာ ရီဖူရှင်းအား ထိကိုင်စေလိုပုံ မရပေ။

“ဟင်း…” ရီဖူရှင်းက နှာခေါင်းရှုံ့လိုက်သည်။ သူက ကု့ချင်းကို ထပ်မံ တီးခတ်လိုက်လျှင် ဂီတသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။ နဂါးတစ်ကောင်၏ အော်သံနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းက ရီဖူရှင်း၏ စိတ်ထဲကို အဆက်မပြတ် ဝင်ရောက်လာကြသည်။

မီးလျှံလူက သူ့အား ကြည့်သည်။ ဓမ္မအဆင့်တစ်မျှဖြင့် ထိုကု့ချင်းကို ထိရဲသည်။ သူကား သေကြောင်းကြံနေခြင်းပင် ဖြစ်သည်။

မီးလျှံလူ မည်သို့ တွေးနေသည်ကို ရီဖူရှင်း မသိပေ။ သူက ကု့ချင်းအား ဆက်တိုက် တီးခတ်လိုက်လျှင် သူ၏ စိတ်နယ်ပယ်ကလည်း သံစဉ်၏ တိုက်ခိုက်မှုကို အဆက်မပြတ် ခံစားနေရသည်။ နဂါးသံစဉ်၏ အော်ဟစ်သံများ ကြားတွင် သူ၏ စိတ်အင်အားကား တုန်ခါနေသည်။

ကု့ချင်းက သူ့အား မည်သူ့ကိုမှ လာရောက် တီးခတ်စေလိုပုံမရပေ။ သို့သော် ရီဖူရှင်းက လက်မလျှော့ပေ။ နဂါးအော်သံက ပိုမိုအားကောင်းလာကာ သူ၏ စိတ်အင်အားကို ဖျက်ဆီးဖြိုခွင်းရန် စတင် ကြိုးပမ်းလာသည်။ ဧကရာဇ်အသိက ဆင်းသက်လာကာ ရီဖူရှင်း၏ စိတ်အင်အားကို လာရောက် ကာကွယ်သည်။ ကု့ချင်းအား တီးခတ်နေသော ရီဖူရှင်းကား မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ ထိုအချိန်တွင်ကား သူ၏ ခန္ဓာကိုယ်မှ အလွန်ထူးခြား နက်ရှိုင်းသော ကိုယ်ရောင်ကိုယ်ဝါများ ဖြစ်ပေါ်လာနေသည်။

နဂါးက အော်လျက် ဂီတက ရပ်နားခြင်းမရှိဘဲ ဆက်လက် ဖြစ်ပေါ်နေသည်။ ပတ်ဝန်းကျင်မှ လူများက သံစဉ်ကို နားထောင်လျက် ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။

မီးလျှံလူက မျက်မှောင်ကြုတ် လိုက်သည်။ ဂီတသံစဉ်က ပိုမိုမြင့်တက်လာလျှင် အားလှိုင်းက လည်း ပိုမိုအားကောင်း လာသော်လည်း ရီဖူရှင်းကား မည်သို့မှဖြစ်ပုံမရပေ။ မီးလျှံလူ၏ မျက်နှာတွင် ထူးဆန်းသော ဟန်အမူအရာများ ဖြစ်လာသည်။ ရီဖူရှင်းက ကု့ချင်းကို အမှန်တကယ် တီးခတ်နိုင်စွမ်း ရှိသည်လား။ သူ၏ တန်ခိုးအဆင့်ဖြင့် ကု့ချင်းထံမှ အားလှိုင်းများကို မည်ကဲ့သို့ အန်တုနိုင်သနည်း။

အိုဟောင်းကာ ရိုးရှင်းသော ကု့ချင်းက ရီဖူရှင်း တီးခတ်လေလေ ပိုမို ဝင်းလက် တောက်ပလေ ဖြစ်သည်။ နောက်ဆုံးတွင် ကျယ်လောင်သော နဂါးအော်သံနှင့်အတူ ကောင်းကင်က တုန်ခါသွားကာ ပတ်ဝန်းကျင်မှ တခြား သဒ္ဓိဝင်ပစ္စည်းများပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။

ထိုအခိုက်တွင် ကု့ချင်း၏အထဲမှ တစ်စုံတစ်ခု ထွင်းဖောက်သွားသလို ခံစားရသည်။ ထိုအရာက အလွန် လင်းလက်တောက်ပကာ သူ၏စိတ်အသိက နောက်ဆုံးတွင် ကု့ချင်းနှင့် လုံးဝ ပေါင်းစပ်သွားပြီး  နောက်ဆုံးတွင် ရီဖူရှင်းက ကု့ချင်းထံမှ အားလှိုင်းများ၏ ဒဏ်ကို မခံစားရတော့ပေ။ အမှန်အားဖြင့် သူက အလွန်အမင်း အားကောင်းသော စိတ်အသိက ကု့ချင်းထဲတွင် ရှိနေသည်ကို သူခံစားရသည်။

ထိုမြင်ကွင်းကို ကြည့်ကာ မီးလျှံလူ၏ အမူအရာ ပျက်ယွင်းသွားသည်။ ရီဖူရှင်းက အမှန်ပင် ကု့ချင်းအား နိုးထစေခဲ့သည်။ မီးလျှံလူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ် ကောင်းသော မီးလျှံများ အလျှံညီးညီး တောက်လာကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ရီဖူရှင်းထံ ဆင်းသက်လာသည်။

ရီဖူရှင်း၏ ဧကရာဇ်အသိက ကု့ချင်းထံသို့ စီးဆင်းသွားကာ ကြိုးအား တီးခတ်လိုက်လျှင် ထိတ်လန့်ဖွယ် ဂီတအားလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာပြီး တကယ့်နဂါးက အသက်ဝင်လာသည့်အလား ရောက်ရှိလာသော မီးလျှံအားလှိုင်းနှင့် ရင်ဆိုင်မိသည်။ အံ့အားသင့်စရာ ကောင်းအောင် ရောက်ရှိလာသော မီးလျှံအားလှိုင်းက ဂီတသံစဉ်ကြောင့် ပျက်စီးသွားသည်။ ဂီတသံစဉ်ကြောင့် ပတ်ဝန်းကျင်မှ သဒ္ဓိဝင်ပစ္စည်းများက ပိုမို၍ တုန်ခါလာသည်။

မီးလျှံလူ၏ မျက်လုံးများက အလွန်အေးစက်နေသည်။ သူက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သော်လည်း ရီဖူရှင်းက အလွယ်တကူပင် ချေဖျက်သွားသည်။ သူက မီးလျှံလူကို ကြည့်ပင်မကြည့်ပေ။ သူ၏ အားကောင်းသော ဂီတသံစဉ်က မီးလျှံလူထံမှ ရောက်ရှိလာသမျှ တိုက်ခိုက်မှုများကို ပြယ်လွင့်စေသည်။

လူတိုင်းက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်ကြသည်။ သူက သဒ္ဓိဝင်ပစ္စည်း အစွမ်းဖြင့် မီးလျှံလူကိုပင်လျှင် ခုခံ တိုက်ခိုက်နိုင်သည်။

သူတို့ နားမလည်သည်ကား အဘယ်ကြောင့် မီးလျှံလူက ရီဖူရှင်းကို ရပ်တန့်လို့ရသနည်း။ ကု့ချင်း၏နောက်ကွယ်မှ ပုံပြင်က ထိုမီးလျှံလူနှင့် မည်သို့ ပတ်သက်နေသနည်း။

နောက်ဆုံးတွင် မီးလျှံလူက ရပ်တန့်လိုက်သည်။ သူက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကာ ပြောသည်… “မင်းက တူရိယာရဲ့ သနားညှာတာမှုကို လက်ခံရရှိတယ်… တကယ်လို့ ဒီကု့ချင်းကို မင်းက စိတ်ပျက်စေရင် ငါမင်းကို သတ်မယ်…”

ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ သူက ပထမက ထိုမီးလျှံလူနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း သူ၏ တန်ခိုးအဆင့်ကြောင့် တိုက်ရိုက် ငြင်းပယ်ခံရသည်။ ယခု သူက ကု့ချင်းအား လက်ခံရရှိသည့်တိုင် သူကား စကားများလွန်းလှသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset