Switch Mode

အပိုင်း (၁၅၉)

မင်းမှာ ဒါကို ခံနိုင်ရည်စွမ်းအား ရှိမယ်လို့ ငါမျှော်လင့်တယ်...

ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူက ယွန်ရှင်းမိုက ပြောစရာရှိသည်များကို ပြောပြီးသည် သေချာတော့မှ သူ သိလိုသည်ကို မေးလိုက်သည်… “အဆင့်မြင့် နိုဘယ်ကံစွမ်းအားထက် မြင့်တာ ရှိသေးလား…”

ယွန်ရှင်းမို အေးစက်သွားသည်။ ရီဖူရှင်းအား ကြည့်လျက် သူမက တိုးညင်းစွာ ပြောသည်… “ပိုမြင့်တာလား…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ယွန်ရှင်းမိုအား ကြည့်လျက် ပြောသည်… “မဟုတ်ရင် ငါက တခြားလူတွေနဲ့ ဘယ်လိုကွဲပြားအောင် လုပ်မလဲ… အဆင့်မြင့် နိုဘယ် ကံစွမ်းအားထက်မြင့်တဲ့ အရာကမှ အဆင်ပြေလိမ့်မယ်…”

“…” ယွန်ရှင်းမိုက သူမ၏ရှေ့မှ လူငယ်လေးကိုကြည့်ကာ အံ့အားသင့်လျက် မည်သို့ ပြောရမည် မသိတော့။ သူ၏မျက်လုံးအား ကြည့်လျက် တကယ် အလေးအနက် ပြောနေခြင်းလော သူမက အမှန်ပင် မေးလိုက်ချင်သည်။ ရီဖူရှင်း၏ပါရမီမှာ ထူးခြား ကောင်းမွန်လှသော်လည်း၊ ကန်တောင်ကုန်းပေါ်မှ လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုနေရာကား ချင်းမုန်မြို့အနီးမှ ရှေးဟောင်းနေရာ တစ်ခုသာဖြစ်သည်။ ဤမြို့မှ လူများအားလုံးမှာ ချင်းမုန်ဒေသမှ ဖြစ်ကြသည်။ အားအကောင်းဆုံးဆိုသော သူများမှာ တခြား အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းများမှ အထူးတလည် လေ့ကျင့်ပေးထားသော တပည့်များထက် အရည်အချင်း နိမ့်ကျသည်မှာ သေချာသည်။ တခြားတစ်ဖက်တွင် ယူချင်းကား ရီဖူရှင်းပြောသော စကားကို မည်သို့မှ ထူးခြားဟန် မပြပေ။ သူကား ကျင့်သားရနေပြီး ဖြစ်သည်။

“ငါတစ်ခါမှ မကြားဖူးဘူး…” ယွန်ရှင်းမိုက ပြောသည်။

“အာ…” ရီဖူရှင်းက ခေါင်းညိတ်လျက် ဆက်ပြောသည်… “ငါတို့က ချင်းမုန်မြို့ကို ပြန်ရောက်ပြီးတဲ့အခါ မင်းက အရှေ့မြေရိုင်းဒေသရဲ့ မြေပုံကို ရှာပေးလို့ရမလား…”

“ရတယ်… ဒါပေမဲ့ မြေပုံက လုံးဝ သေချာမယ်လို့တော့ အာမမခံဘူး…” ယွန်ရှင်းမိုက ခေါင်းညိတ်သည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ သူ၏အာရုံအား အဝေးသို့ ပို့လိုက်သည်။ သူကား တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေဟန်တူကာ အဝေးကို မျှော်ကြည့်နေသည်။ နန်ဒူနိုင်ငံနှင့် ကန်ယီနိုင်ငံတို့၏ တိုက်ပွဲမှာ ယခုဆိုလျှင် စတင်လောက်ပြီ ဖြစ်သည်။ လျိုဂျင်လန်ကလည်း တော်ဝင်ချင်ကျောင်းတော်တွင် တန်ခိုးကျင့်နေလောက်ပြီ ဖြစ်သည်။ အကယ်၍ လျိုဂျင်လန်ကသာ ထိုနေရာတွင် နာမည်ကောင်းရလျက် တခြား အားကောင်းသော လူများနှင့် ရင်းနှီးခင်မင်သွားလျှင် ကန်ယီနိုင်ငံအတွက် အန္တရာယ်ရှိပေသည်။

ထိုအင်အားစုများတွင် နိုဘယ်တန်ခိုးရှင်များ အများအပြားရှိသည်။ အကယ်၍ လျိုဂျင်လန်၏ ပါရမီမှာ အလွန် ကောင်းမွန်နေသည် ဆိုပါက ထိုစွမ်းအားမြင့် တန်ခိုးရှင်များက သူ့အား ကူညီလိုစိတ် ရှိကောင်း ရှိနေနိုင်ပေသည်။ ထိုအဖြစ်က အဆိုးဆုံး အခြေအနေဟု ဆိုနိုင်သော်လည်း သူ လျစ်လျူရှု၍ရသော အခြေအနေ မဟုတ်ပေ။ ရှေးဟောင်း မြေရိုင်းဒေသတွင် ရီဖူရှင်းက တခြားလူများကို ရင်ဆိုင်ရမည်ဖြစ်သည်။ အနည်းဆုံး သူက လျိုဂျင်လန်ထက် သာလွန်ရမည်။ သည်နည်းကသာလျှင် သူ့အား အခြေအနေကို ထိန်းချုပ်နိုင်စွမ်းကို ပေးမည်ဖြစ်သည်။ ရီဖူရှင်းက ဤထက် အားနည်းသော အခြေအနေကို ရောက်ရှိရန် မလိုလားပေ။ ဒွန်ဟိုင်မြို့မှ အဖြစ်အပျက်အတိုင်း ထပ်မံဖြစ်ပျက်၍ မဖြစ်တော့ချေ။

အတိတ်တွင် ဧကရာဇ်လျို၏ အမိန့်တော်မှာ သူလွန်ဆန်ရင် မတတ်နိုင်သော အင်အားတစ်ခု ဖြစ်သည်။ အကယ်၍ တော်ဝင်ချင်ကျောင်းတော်က ဧကရာဇ်လျိုကဲ့သို့သော တည်ရှိမှုဆိုလျှင် ရလဒ်က တူညီသော အဖြစ်အပျက်များ ဖြစ်လာနိုင်သည်။ ရီဖူရှင်းက ထိုသို့ နောက်တစ်ကြိမ် ဖြစ်ရန် ခွင့်မပြုနိုင်ပေ။ သို့သော်လည်း ထိုကောက်ချက်များက သူ အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်သည်။ တော်ဝင်ချင်ကျောင်းတော် ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းက နယ်မြေတစ်ရာ အတွင်းမှ စစ်ပွဲကို ဝင်ရောက်စွက်ဖက်မည်မှာကား ဖြစ်နိုင်ချေ နည်းလှသည်။

ချင်းမုန်မြို့ကို ပြန်ရောက်သောအခါ ရီဖူရှင်းက ယမန်နေ့က တည်းခဲ့သော တည်းခိုခန်းကို ပြန်မသွားတော့ပေ။ ယွန်ရှင်းမိုက သူ့အတွက် သီးသန့်နေရာတစ်ခု ရှာဖွေပေးခဲ့သည်။ ထိုနေရာကား အတော်အတန် ကျယ်ဝန်းကာ အဆောက်အဦမှာလည်း ကောင်းမွန်ကာ သန့်ပြန့်သည်။ ရီဖူရှင်းက သူ၏အစေခံအား ကျိတ်၍ ချီးကျူးလိုက်သည်။ ချင်းမုန်ဒေသမှ အလွန် အားကောင်းသော ကလန်၏ ထိပ်တန်းတပည့်အား အစေခံအဖြစ် ရရှိခြင်းက ရီဖူရှင်းအား အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

ရီဖူရှင်းကား သူ၏အဆောင်ဝင်းထဲတွင် လေ့ကျင့်နေသည်။ ထိုနေရာတွင် သူ၏ ကံစွမ်းအား၏ ပေါက်ကွဲမှုနှင့်အတူ အလွန်တောက်ပသော အလင်းတန်းက ကောင်းကင်သို့  ထပ်မံ၍ မြင့်မားသော အခြေတစ်ခုကို ရောက်လာသည်။ သူ့လက်ဝါး ရိုက်ချက်တိုင်းက အလွန် အားကောင်းသော စိတ်အင်အားများ ပါဝင်နေသည်။ သို့သော် ထိုအင်အားများမှာ ကွဲပြားခြားနားသော နေရာများမှ လာသောကြောင့် ရှုပ်ထွေးရောနှောနေသည်။ သူ၏စိတ်အင်အားထဲတွင် ကု့ချင်း စိတ်အင်အား၊ ဓားစိတ်အင်အား၊ လေဓာတ်အင်အားနှင့် တခြား သတ္တဝါဆန်းများစွာတို့၏ စိတ်အင်အားများစွာ ပါဝင်နေသည်။ ထိုစိတ်အင်အားများက သူ၏ကံစွမ်းအား ဖြစ်လာရန် ပေါင်းစပ်နေကြသည်။ ထိုကံစွမ်းအားဖြင့် ရီဖူရှင်းကား ယခင်ကထက် ပိုမို စွမ်းရည်မြင့်မားလာသည်။ စိတ်အင်အားကား စွမ်းရည်များ၏ အစစ်အမှန်ပုံစံ ဖြစ်သည်။ ထိုအရာက တိုက်ခိုက်ရေးအတွက် သုံးနိုင်သည်။ အကယ်၍ သူက နိုဘယ်ကံစွမ်းအားကို ရရှိအောင် စုဆောင်းနိုင်လျှင် သူ၏ တိုက်ခိုက်ရေး စွမ်းရည်အား နောက်တစ်ဆင့်သို့တိုင် တိုးတက် မြင့်မားစေမည်မှာ သေချာလှသည်။

ရှေးဟောင်းမြေရိုင်း ဒေသကား အမှန်ပင် ထူးဆန်းထွေလာ ကမ္ဘာဖြစ်သည်။

သိုင်းပညာအား အတန်ကြာ လေ့ကျင့်ပြီးနောက် ရီဖူရှင်းက ကု့ချင်းအား စတင်လေ့ကျင့်သည်။ အလွန် ကြည်လင်သာယာသော ဂီတသံက ကု့ချင်း၏ အနုပညာရသသိကို သယ်ဆောင်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေသည်။ ထိုစဉ်မှာပင် လှပသော ပုံသဏ္ဌာန်တစ်ခုက ရီဖူရှင်းအနီးသို့ ချဉ်းကပ်လာသည်။ သူမကား ယွန်ရှင်းမိုဖြစ်သည်။ သူမက ရီဖူရှင်း၏ရှေ့တွင် ရပ်ကာ သူတီးခတ်နေသည်ကို တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။ သူကား ကု့ချင်းကို တီးခတ်နေသော အချိန်တွင် အလွန် ကွဲပြား ခြားနားသောသူ ဖြစ်သွားလေသည်။

ဂီတသံက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ ရီဖူရှင်းက ခေါင်းမော့ကာ ယွန်ရှင်းမိုအား ကြည့်လိုက်၏။

“ဒါက ရှေးဟောင်း မြေရိုင်းဒေသရဲ့ မြေပုံပဲ…” ယွန်ရှင်းမိုက သားရေချပ်တစ်ခုကား ရီဖူရှင်းကို ကမ်းပေသည်။ သူ၏ကု့ချင်းဝိညာဉ် ကွယ်ပျောက် သွားသည်။ ရီဖူရှင်းက မြေပုံကို ယူကာ သူ၏ရှေ့တွင် ဖြန့်ခင်းလိုက်သည်။

“ဒီနေရာက ငါတို့ အခုရောက်နေတဲ့ နေရာပဲ… ချင်းမုန်မြို့…” ယွန်ရှင်းမိုက မြေပုံပေါ်ကို လက်ထောက်လျက် ပြသည်။ ရီဖူရှင်းက မျက်လုံးက သူမ၏ လက်ချောင်းနောက်ကို လိုက်ကြည့်သည်။ မြေပုံပေါ်တွင်ကား ချင်းမုန်မြို့ကို စာဖြင့် ရေးသားကာ မှတ်သားထားသည်။

ရီဖူရှင်းက မြေပုံပေါ်မှ နေရာများကို ဆက်လက်ကြည့်ရှုလျှင် ကြီးမား ကျယ်ပြန့်လှသော မြေရိုင်းဒေသကို မြင်ရသည်။ မြေရိုင်းဒေသ၏အဆုံးကား ရှေးဟောင်းမြေရိုင်း ဒေသ၏နယ်စပ်နေရာ ဖြစ်သည်။ ထိုနေရာကား သူစတင် ဝင်ရောက်ခဲ့သော နေရာလည်းဖြစ်သည်။ နယ်မြေတစ်ရာဒေသမှ ဝင်ပေါက်မှာကား ယခုမှပင် စတင် ဖွင့်လှစ်ခြင်းဖြစ်ရာ မြေပုံပေါ်တွင် မှတ်သားထားခြင်း မရှိသေးပေ။ ထိုနေရာတွင်လည်း တခြားမြို့များ မရှိပေ။ မြေရိုင်း လွင်ပြင်ကြီးတစ်ခုသာ ဖော်ပြထားသည်။ ချင်းမုန်မြို့ကား နယ်မြေတစ်ရာ ဒေသနှင့် အနီးဆုံးမြို့ ဖြစ်ပေသည်။

မြေပုံ၏ မြောက်ဘက်ကို ကြည့်လျှင် ချင်းမုန်မြို့နှင့် သိပ်မဝေးသော နေရာတွင် တခြားမြို့ အနည်းငယ်ကို တွေ့ရသည်။ ရီဖူရှင်းက မေးလိုက်သည်… “ဒီမြို့တွေကလည်း ပြင်ပလောကနဲ့ ဆက်စပ်နေတဲ့ မြို့တွေလား…”

“အင်း…” ယွန်ရှင်းမိုက ခေါင်းညိတ်လျက် ဆက်လက် ရှင်းပြသည်… “ဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ ပြင်ပနေ မြေဒေသတွေက ချင်းမုန်ဒေသလိုပဲ… ဒီမြို့တွေထဲမှာ လို့လန်မြို့က အဓိကပဲ… ဒီမြို့ကို ရှေးဟောင်းလို့လန်က ဆောက်လုပ်ထားတာပဲ… ရှေးဟောင်းလို့လန်က ပြင်ပလောကမှာ တိုင်းပြည် အများအပြားကို အုပ်ချုပ်တယ်… သူတို့က အရမ်း စွမ်းအားကြီးတဲ့ အင်အားစု ဖြစ်ပြီးတော့ အဲဒီနိုင်ငံတွေရဲ့ အလယ်မှာ တည်ရှိတယ်…”

ရီဖူရှင်းက သူမ၏ ရှင်းပြချက်ကို ခေါင်းညိတ်လိုက်သည်။ သူ၏မျက်လုံးက မြေပုံ၏မြောက်ပိုင်းကို ဆက်လက်ကြည့်ရှုကာ မြေပုံ၏တစ်နေရာကို လက်ညှိုးထိုးလျက် ပြောသည်… “ချင်းမုန်မြို့ကဆိုရင် လို့လန်မြို့က အဓိက ကျတယ်ဆိုပေမဲ့ ဒီနေရာက မြို့နဲ့ယှဉ်ရင် လို့လန်မြို့က သာမန်မြို့တစ်မြို့နဲ့ မခြားတော့သလိုပဲ…” ရီဖူရှင်းလက်ညှိုး ညွှန်ပြသော နေရာကား မြေပုံ၏ အချက်အချာကျသော နေရာတွင်ရှိကာ ထိုနေရာတွင် မြို့ပေါင်းများစွာရှိပြီး အဘယ်တည့်တည့်တွင် ကြီးမားသော မြို့ကြီးတစ်မြို့ ရှိနေပေသည်။ အကယ်၍ လို့လန်မြို့က မြို့တွေအများကြီးကို ဝန်းရံပြီး တည်ရှိနေတာဆိုရင် ဒီမြို့က ဒီထက် အဆမတန်များတဲ့ မြို့တွေ ရှိနေတယ်…” ရီဖူရှင်းက ထိုမြို့၏ ပတ်ဝန်းကျင်မြို့များအား ညွှန်ပြလျက် ပြောသည်။

ယွန်ရှင်းမို၏ လက်ညှိုးက ထိုမြို့အနီးမှ နေရာများကို ထောက်ပြလျက် ပြောသည်… “ဒီနေရာတွေကို ကြည့်… ဒီမြို့တွေက အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းတွေရဲ့ ရှေးဟောင်း မြေရိုင်းဒေသကို ဝင်တဲ့ ဂိတ်ပေါက်တွေပဲ… သူတို့က နယ်မြေတွေ အများစုကို သိမ်းပိုက်ထားကြပြီးတော့ တစ်ဦးနဲ့တစ်ဦး သီးခြား တည်ရှိနေကြတယ်… ဒီမြို့တွေထဲက အလယ်မှာရှိနေတဲ့ မြို့ကြီးက မြေရိုင်းမြို့လို့ ခေါ်တယ် ဒီမြို့က အရှေ့မြေရိုင်းဒေသက အတော်ဆုံးသော လူတွေ အင်အားကြီး ကလန်တွေရဲ့ ထိပ်သီးပါရမီရှင်တွေ အများစု ရှိနေတဲ့မြို့ပဲ… ချင်းမုန်ဒေသက လူအနည်းငယ်လည်း ဒီမြို့မှာရှိနေတယ်…”

ယွန်ရှင်းမိုကား ချင်းမုန်ဒေသမှ အားကောင်းသော ကလန်၏ ထိပ်တန်းတပည့်ဖြစ်သည်။ သူမအတွက်မူကား ချင်းမုန်မြို့က အလွန် ဘေးကင်းသောနေရာ ဖြစ်သည်။ ရိုယွီကဲ့သို့သော တန်ခိုး အဆင့်နိမ့်သော သူကိုပင်လျှင် ချင်းမုန်မြို့အနီးတွင် မည်သူကမှ ရန်စရဲကြမည် မဟုတ်ပေ။ ချင်းမုန်မြို့ကား သူမ၏ကလန် သြဇာလွှမ်းမိုးနိုင်သော နေရာဖြစ်သည်။ သို့သော် သူမကသာ ချင်းမုန်မြို့မှ ထွက်ခဲ့လျှင် အရာရာက လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။ ပြင်ပတွင် မည်သို့ ဖြစ်ပျက်မည်ကို မည်သူမှ အာမမခံနိုင်ပေ။ ထို့ကြောင့် သူတို့ကိုယ်တိုင်၏ စွမ်းရည်များကို ယုံကြည်ကြသူများသာလျှင် တခြားနေရာများသို့ ခရီးသွားကြလေ့ရှိသည်။ ချင်းမုန်မြို့မှ အားကောင်းသော တန်ခိုးရှင်များက ပိုမို၍ အရေးပါသော နေရာဖြစ်သော လို့လန်မြို့သို့ စူးစမ်းလေ့လာရန် ခရီးထွက်ကြလေ့ရှိသည်။ သို့သော် မည်သူမှ မြေရိုင်းမြို့ကဲ့သို့သော နေရာကို အလွယ်တကူ မသွားရဲကြပေ။ ချင်းမုန်မြို့မှ အတော်ဆုံးသော လူများပင်လျှင် မြေရိုင်းမြို့တွင် မိမိကိုယ်ကို နှိမ့်ချလျက် နေကြရလေသည်။

ရီဖူရှင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ လူအများက ရှေးဟောင်း မြေရိုင်းဒေသမှ နိုဘယ်ဖြစ်ရန် လမ်းသာမက ဝင်ပေါက်ထွက်ပေါက်ဟု ပြောကြသည်မှာ မထူးဆန်းတော့ပေ။ ရှေးဟောင်းမြေရိုင်းဒေသမှ သင်က အရှေ့မြေရိုင်းဒေရှိ မည်သည့်နေရာကိုမဆို သွားရောက် နိုင်ပေသည်။ ပြင်ပလောကတွင်မူ တန်ခိုးရှင်များအနေဖြင့် တခြားဒေသမှနေ၍ အရှေ့မြေရိုင်းဒေသကို ရောက်ရှိရန်ကား အလွန်အမင်း ခက်ခဲလှမည် ဖြစ်သော်လည်း ရှေးဟောင်းမြေရိုင်း ဒေသမှဆိုလျှင် အလွန်အမင်း လွယ်ကူပေသည်။

“နောက်ဆိုရင် မင်းကို ငါ မြေရိုင်းမြို့ကို ခေါ်သွားမယ်…” ရီဖူရှင်းက ပြောသည်။ သူက ခေါင်းမော့ကာ ယွန်ရှင်းမိုအား ပြုံးလျက် ပြောသည်။

သူမက သူ့အား တစ်ချက် ကြည့်လိုက်သည်။ သူက ကောင်းကင်အဆင့်မျှဖြင့် မြေရိုင်းမြို့အား သွားလိုသည်။ သူတို့က သိခဲ့ကြသည်မှာ မကြာသေးသော်လည်း သူမ၏ရှေ့မှ ကောင်လေးကား လူအများစု တွေးလေ့ရှိသော အတွေးများနှင့် မတူညီသော အတွေးများရှိကြောင်း သတိထားမိသည်။

“ချင်းမုန်မြို့မှာ ဘယ်ရှေးဟောင်း နေရာတွေက ကံစွမ်းအား အများဆုံးကို ပေးတာလဲ…” ရီဖူရှင်းက မေးသည်။

“နင်သွားချင်တဲ့ အချိန်ကျရင်သာ ငါ့ကိုပြော…” ယွန်ရှင်းမိုက သူ၏အမေးအား ဖြေလိုက်သည်။ ရီဖူရှင်းက သူမအား စိတ်ဝင်တစား ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမက အားလုံးကို အစီအစဉ် ချပြီး ဖြစ်ဟန်တူသည်။ ဖြစ်နိုင်သည်မှာ သူမက ထိုနေရာများကို သွားရန် သူ့ထက်ပင်လျှင် စိတ်အားထက်သန် နေနိုင်ပေသေးသည်။

“ကောင်းပြီ….. အခု ငါ ကျင့်လိုက်ဦးမယ်…. မင်းကို လိုတဲ့အချိန်ကျရင် ခေါ်လိုက်မယ်….” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ့ကိုယ်မှ ကံစွမ်းအားက တစ်ဖန် ဖြာထွက် လာကြပြန်သည်။ သူက သူ၏စွမ်းရည်များကို တည်ငြိမ်အောင် လေ့ကျင့်လိုသည်။ မည်သို့ပင်ဆိုစေ သူကား ကောင်းကင်အဆင့် အမြင့်ဆုံးတွင် ရှိနေကာ ဓမ္မအဆင့်ကို မည်သည့်အချိန်တွင်မဆို တက်ရောက်နိုင်ပြီ ဖြစ်သည်။

***

ချင်းမုန်မြို့၊ ကန်တောင်ကုန်းပေါ်မှ အဖြစ်အပျက်က နေရာ အတော်များများကို ပျံ့နှံ့သွားပြီ ဖြစ်သည်။ ပြောကြသည်မှာ ကောင်းကင်အဆင့် တန်ခိုးရှင် တစ်ယောက်က ကျောက်နံရံလေးခုမှ အနုပညာရသသိအား နားလည် သဘောပေါက်နိုင်စွမ်းရှိမှသာ သူက ကျောက်နံရံပေါ်မှ အားလှိုင်းများကိုပင် သုံးလျက် တခြားလူများအား တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူက တိုက်ပွဲတွင် တခြား အဆင့်မြင့် ဓမ္မတန်ခိုးရှင်များကိုပင်လျှင် အနိုင်ယူနိုင်ခဲ့ကြောင်း ကြားရသည်။ ထို့အပြင် ချင်းမုန်မြို့မှ ဓားကလန်၏ ထိပ်တန်းပါရမီရှင် ယွန်ရှင်းမိုက သူ၏ အစေခံဖြစ်လာခြင်းပင်။ ထိုသတင်း ပျံ့နှံ့သွားသောအခါ လူအများအား စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။ ယွန်ရှင်းမိုက အမှန်တကယ်ပင် တခြားလူတစ်ယောက်၏ အစေခံဖြစ်သွားခဲ့သည်။ လူများစွာက ထိုအခွင့်အရေးကို အသုံးချလျက် ဓားကလန်အား သရော်ခဲ့ကြသည်။ ချင်းမုန်ဒေသ ဓားကလန်မှ လူများမှာ ရှက်ရွံ့ကြသော်လည်း သူတို့ မည်သို့မှ မတတ်နိုင်ကြပေ။ တချို့ဆိုလျှင် ယွန်ရှင်းမိုရှိနေသော နေရာကိုပင်လျှင် လိုက်လံ စုံစမ်းကြသည်။

ယနေ့တွင် လူအများအပြားက ရီဖူရှင်းနှင့် သူ့လူများ နေထိုင်ရာ အဆောင်ရှေ့ကို ရောက်ရှိလာကြသည်။ ထိုအထဲမှ လူတစ်စုနှင့် ယွန်ရှင်းမိုနှင့် စကားပြောနေကြဟန် တူသည်။

“စီနီယာရန်… ဘာကိစ္စရှိလို့လဲ…” ယွန်ရှင်းမိုက အေးစက်စွာ ပြောသည်။ ကြည့်ရသည်မှာ သူမနှင့် စကားပြောနေသောသူမှာ ဓားကလန်မှ သူ၏စီနီယာ အစ်ကိုဖြစ်သည်။ သူကား ဓားကလန်မှ တခြား ထိပ်သီးတပည့် ရန်ဇီကျီ ဖြစ်သည်။

“မင်းရဲ့ ဆုံးဖြတ်ချက်က ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတာ မင်းမသိဘူးလား…” ယန်ဇီကျီက သူမအား ပြောသည်။

“ဒါက ပုဂ္ဂိုလ်ရေးကိစ္စပဲ… ဒါက ကလန်နဲ့ မဆိုင်ဘူး…” ယွန်ရှင်းမိုက ပြောသည်။

“မင်းက ကလန်ဝင်ပဲ… ဒါကြောင့် ဒါက ကလန်နဲ့ ဆိုင်တယ်… စကားဆိုတာ ကြောက်ဖို့ကောင်းတယ်… မင်းက ဒါကို နားမလည်ဘူးလား…” ရန်ဇီကျီကား ပိုမို၍ ဒေါသထွက်လာဟန် တူသည်။

“ကျွန်မ ဂရုမစိုက်ဘူး…” သူမက တည်ငြိမ်စွာ ပြောသည်။

“ကျုပ် ဂရုစိုက်တယ်…” သူက ပြောသည်။

“ဒါဆို ဘာဖြစ်လဲ…” ယွန်ရှင်းမိုက အေးစက်စွာ ပြောသည်။

ထိုစဉ်မှာပင် ရီဖူရှင်းနှင့် သူ့လူများက အဆောင်အပြင်သို့ ထွက်လာကြသည်။

“ဘာဖြစ်နေတာလဲ…” ရီဖူရှင်းက မေးသည်။

“ဘာမှ မဟုတ်ဘူး…” ယွန်ရှင်းမိုက ပြန်ဖြေသည်။ ရန်ဇီကျီက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့အကြည့်က အလွန်စူးရှလှကာ သူ့ထံမှ ဓားအရှိန်အဝါ တစ်ခုက ရီဖူရှင်းထံ ပြေးဝင်သွားသည်။

“အဲဒါ သူလား…” ရန်ဇီကျီက မေးသည်။

“ဒါက ရှင်နဲ့ မဆိုင်ဘူး…” ယွန်ရှင်းမို၏ ဒေါသက ပိုမို ကြီးမားလာဟန် တူသည်။

“သူ့ရုပ်ရည်ကလည်း သိပ်မဆိုးပါဘူး…” ရန်ဇီကျီက နှာခေါင်းရှုံ့လိုက်သည်။ ရီဖူရှင်း၏အမူအရာ ပြောင်းလဲသွားသည်။ သူက ချောမောသည်ကို သိသော်လည်း ယောက်ျား တစ်ယောက်၏ နှုတ်ခမ်းက ထွက်လာသော ထိုစကားက ခံစားမှုမကောင်းလှပေ။

“ဒါကြောင့်ပဲ မင်းက သူ့ရဲ့အစေခံ လုပ်ချင်တာလား… သူခေါ်တိုင်း အဆင်သင့် ရှိနေလို့ရအောင်…” ယန်ဇီကျီက ရွံရှာစွာ ပြောသည်။

ပုံမှန်အားဖြင့် ယွန်ရှင်းမိုက သူဆိုလိုသည်ကို နားလည်သည်။ သူမ၏အမူအရာ အလွန်အေးစက်သွားကာ ဓားအရှိန်အဝါက သူမ၏ကိုယ်မှ ကြောက်မက်ဖွယ် ကောင်းအောင် ဖြာထွက်လာသည်။

ရန်ဇီကျီက နောက်ကို တစ်လှမ်းဆုတ်ကာ ရီဖူရှင်းအား တစ်ချက်ကြည့်လျက် ပြောသည်… “ဓားကလန်ရဲ့ မိန်းကလေး ပါရမီရှင်ကို အစေခံအဖြစ် သဘောထားတာ ဘယ်လိုနေလဲ…”

“သွားတော့…” ယွန်ရှင်းမိုက ပြောသည်။

“မင်းက အခု သူ့ကိုတောင် ကာကွယ် ပေးတတ်နေပြီပေါ့…” ရန်ဇီကျီက ဒေါသတကြီး ကြည့်ကာ ပြောသည်။ သူက ရီဖူရှင်း အားပြောလိုက်သည်… “မင်းမှာ ဒါကို ခံနိုင်စွမ်းအား ရှိမယ်လို့ ငါမျှော်လင့်တယ်…”

ထိုစကားများကို ပြောပြီးနောက် သူ၏မျက်လုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များအား ဖုံးလွှမ်းလျက် ထိုနေရာမှ လှည့်ထွက် သွားတော့သည်။

သူကား ယွန်ရှင်းမိုအား သဘောကျကာ သူမအား ချဉ်းကပ်ခဲ့သော်လည်း သည်မတိုင်မီကတည်းက ငြင်းခံရထားပြီး ဖြစ်သည်။ ယခု သူမက တခြားလူ တစ်ယောက်၏ အစေခံဖြစ်သွားသည်။ ယခုအချိန် ရန်ဇီကျီ မည်သို့ ခံစားနေရမည်ကို လူတိုင်းက ခန့်မှန်းနိုင်သည်။

ထိုအနီးမှ လူများက ထိုအဖြစ်အား စိတ်ဝင်တစား ကြည့်နေကြသည်။ သူတို့အားလုံးက ယွန်ရှင်းမိုက ရီဖူရှင်းကို ပြုစုသည့်အကြောင်းကို တွေးနေကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset