“မကြောက်နဲ့။ ဒုတိယအစ်မ ဒီမှာရှိတယ်။”
လုရှန်း ကလေးနှစ်ယောက်ကို အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးတယ်။ ထို့နောက် ဘယ်သူမှ မကြည့်နေချိန် မြင်းလှည်း လိုက်ကာပေါ် အသံလုံ ဂါထာစာရွက်ကို တိတ်တဆိတ် ကပ်လိုက်သည်။
လူတွေများလာတာနဲ့အမျှ သူမရဲ့ ရထားလုံး အလွန်နှေးကွေးစွာ ရွေ့လျားတယ်။
ပုံမှန်ဆိုရင် ဈေးကနေ မြို့တံခါးကိုသွားဖို့ ရှစ်မိနစ်လောက်ပဲ အများဆုံးကြာတတ်သည်။ သို့သော်အခု ၁၅ မိနစ်ကျော်နေပေမဲ့လည်း သူတို့ မရောက်နိုင်သေး။
နောက်ဆုံး သူတို့မြို့က ထွက်လာချိန်တွင် ရေကန်ဘေးပတ်ပတ်လည်က လူတစ်စုကို တွေ့လိုက်ရတယ်။
အချို့က ငိုကြပြီး အချို့က သက်ပြင်းချနေကြသည်။
သူမ ဒီလူအုပ်ကြီးကို ဖြတ်ကျော်သွားပြီး မြင်းလှည်းကို အရိပ်ရှိတဲ့နေရာတွင် ရပ်ဖို့ တမင်တကာ ရွေးခဲ့တယ်။ သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး ကြည့်တော့လည်း ထိုနေရာမှာ ဝိညာဉ်ကို မမြင်မိဘူး။
သိပ်မလှမ်းမကန်း အေးတဲ့နေရာတွင် လှည့်ပတ်နေတဲ့ ဝိညာဉ်နှစ်ကောင် နေရောင်မှ ပုန်းအောင်နေကြတယ်။ သို့သော် သူတို့နှစ်ယောက်စလုံးက အမျိုးသားတွေ။
သူမက သူမရဲ့ ပျိုးထောင်ထားသည့် ဂါထာစာရွက်ကို ထုတ်ပြီး မျက်လုံးမှိတ်ကာ ရွတ်ဆိုလိုက်၏။ ခဏအကြာတော့ အနက်ရောင် ပုံရိပ် ၅ ခု ပေါ်လာသည်။
သူတို့အားလုံးက အနီရောင် ထီးများကို ကိုင်ဆောင်ကာ အနီရောင်အဝတ်အစားများ ဝတ်ဆင်ကြသည်။ သူတို့တွေက ယောကျာ်းတွေကော မိန်းမတွေကော ဖြစ်သည်။
သူတို့သည် လုချွင်နဲ့ တခြားသူများကိုခြောက်လန့်ခဲ့သည့် အနက်ရောင်ပုံရိပ်များဖြစ်တယ်။
လုရှန်း သူတို့အတွက် ဒီအဝတ်အစားတွေကို မီးရှို့ခဲ့ပြီး သူတို့ကို အထူးပြုလုပ်ထားတဲ့ ပျိုးထောင်ဂါထာစာရွက်မှာ နေရာချပေးခဲ့သည်။
ပျိုးထောင်ဂါထာစာရွက်ထဲ တစ်လကြာ နေထိုင်ပြီးနောက် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ရောင်ဝါများ ပျောက်ကွယ်သွားခဲ့သည်။ သူတို့ရဲ့ အရင်ဘဝက မျက်နှာတွေကလည်း ထင်ရှားလာခဲ့တယ်။
လုရှန်းက ရုပ်ရည်ချောမောသူ ဖြစ်တယ်။ သူမသည် ဒီဝိညာဉ်တွေကို အထူးရွေးချယ်ပြီး တူညီသော ဂါထာစာရွက်ပြားမှာ ထည့်ထားတယ်။ သူတို့အားလုံးဟာ ချောမောလှပတဲ့ ယောက်ျား၊ မိန်းမတွေလည်း ဖြစ်ကြတယ်။
“သခင် ကျေးဇူးပြုပြီး ညွှန်ကြားချက်ပေးပါ!”
အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး သူမရှေ့တွင် မျောလွင့်နေ၏။ သူတို့ရဲ့ မျက်နှာများက လေးစားမှုနဲ့ ပြည့်နှက်နေ၏။
လုရှန်းရဲ့ အကြည့်များက လူတွေဆီ မဟုတ်ပဲ ဝိညာဉ်တွေအပေါ် လွှမ်းခြုံထားသည်။ “ရေကန်ဘေးမှာ လဲလျောင်းနေတဲ့ မိန်းကလေးရဲ့ ဝိညာဉ် ဘယ်မှာရှိတယ်ဆိုတာ သိအောင် ကူညီပေးပါ။ တွေ့ရင် ကျွန်မဆီ ခေါ်ခဲ့။”
“ဟုတ်ကဲ့!”
ထိုအရိပ်များ ထွက်သွားသည်နဲ့ တပြိုင်နက် လုရှန်း ကျယ်လောင်သော အသံကို ကြားလိုက်ရတယ်။
သူမ မျက်လုံးကို မော့ကြည့်လိုက်ချိန်တွင် ပျံ့လွင့်နေသော ဝိညာဉ်နှစ်ကောင်အတွက် ဝတ်ပြုနေသည့် ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရတယ်။
လုရှန်း ပြုံးပြီး မြင်းလှည်းမောင်းထွက်လာခဲ့သည်။
သို့သော် သူမထွက်သွားပြီး သိပ်မကြာခင် ရုတ်တရက် လူအုပ်ထဲမှ ယောကျာ်းတစ်ယောက် ထွက်လာခဲ့သည်။ ထွက်ခွာသွားသော မြင်းလှည်းကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးနေပုံပင်။
ထိုယောကျာ်းသည် ဝါးဉီးထုပ်ဆောင်ထားပြီး သူ့ဆံပင်တစ်ဝက်လောက်က ငွေရောင်ဖြစ်တယ်။
ဝါးဦးထုပ်အောက်တွင် ဒီမျက်နှာက ကောင်းစွာသတ်မှတ်ထားတဲ့ မျက်နှာသွင်ပြင်ရှိကာ ထူးထူးခြားခြား ချောမောသူဖြစ်သည်။
“ရှန်းအာ လား?”
ထိုယောကျာ်း မြို့ထဲသို့ မသွားခင် မျက်မှောင်ကြုံ့သွား၏။
အဝေးရောက်နေပြီဖြစ်တဲ့ လုရှန်း ရုတ်တရက် မြင်းကိုထိန်းကာ နောက်ကိုလှည့်ကြည့်၏။
သို့သော်လည်း သူမ အနီးနားရှိ ပရိသတ်များကလွဲပြီး ထူးထူးခြားခြား မည်သူမျှ မတွေ့ခဲ့ရပေ။
“ထူးဆန်းလိုက်တာ!”
လုရှန်း နှုတ်ခမ်းတွေကို ဖွဖွပြုံးရင်း မျက်နှာပေါ် ရှုပ်ထွေးမှုတွေ ပြည့်နှက်နေ၏။
သူမ ဆရာရဲ့ ခေါ်သံကို ကြားလိုက်ပါတယ်။
သူမ ခေါင်းယမ်းကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မိတယ်။ ဆရာ ဘာလို့ဒီမှာရှိနေရမှာလဲ?
သူမ ဆရာက မသေပဲ ၂၀၂၀ တိုင်အောင် အသက်ရှင်နေရမှာလေ။
သူမ ဆရာကို အရမ်းလွမ်းဆွတ်နေမိလို့ ထင်ယောင်ထင်မှားဖြစ်တာနေမည်။
သူမ ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်တယ်။ ထို့နောက် အသံလုံ ဂါထာစာရွက်ကို ဆုတ်ဖြဲကာ ဆက်မောင်းနှင်းသွားတော့သည်။
ရွာရောက်ချိန်တွင် နွားလှည်းပေါ် အမျိုးသမီးတချို့ကို တွေ့လိုက်တယ်။ အဖွား‘ကော‘နဲ့ အဖွား‘စုန့်‘တို့လည်း ပါဝင်၏။
“လုရှန်း သမီး ပြန်လာပြီလား?”
“လုရှန်း ပြန်လာတာနောက်ကျတယ်။ မြို့ပြင် ရေကန်ဘေးမှာ လူတစ်ယောက်သေသွားတယ် ကြားတယ်။ ဒါအမှန်လား?” လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက မေးမြန်း၏။
လုရှန်း ခေါင်းညိတ်တယ်။ “ဟုတ်တယ်။”
“အိုး… ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ!”
ထိုအမျိုးသမီးက ရင်ဘတ်ကို လက်နဲ့ပုတ်ပြီး “အခု ပြန်လာတော့ အဲဒီမှာ စောင့်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒါပေမယ့် ငါတို့ မမေးရဲဘူး။ ဦးလေး‘ကောင်း‘ ပြောလို့ ငါတို့သိတာ။”
ဉီးလေး‘ကောင်း‘သည် သူတို့ နွားလှည်းမောင်းသည့် နွားလှည်းမောင်းသူ ဖြစ်သည်။
လုရှန်း အိမ်မပြန်ခင်အထိ သူတို့နဲ့ စကားပြောခဲ့တယ်။