အပိုင်း (၁၄၀)

အဆုံးအဖြတ်တိုက်ပွဲ

ရီလင်းဇီ ရီဖူရှင်းနှင့် ယူချင်းတို့ နန်းဆာင်ထဲမှ ထွက်လာကြသည်။ ရီဒန်ချန်းကား သူတို့ကို အပြင်ဘက်တွင် စောင့်နေပြီဖြစ်သည်။

“ကျုပ်တို့က ဝူချင်းကိုလည်း ခေါ်ရဦးမယ်…” ရီဒန်ချန်းက ပြောသည်… “ဒီကောင်လည်း ဒီရက်ပိုင်း နန်းဆောင်ထဲမှာပဲ တန်ခိုးကျင့်နေတာ… သူ့ကို နည်းနည်းစောင့်ဦး…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

ထိုအချိန်တွင် လှပသော မိန်းမပျိုနှစ်ဦး လျှောက်လာသည်။ သူတို့မှာ လင်းယွီယိုနှင့် ဟွာကျီဇင်တို့ ဖြစ်ကြသည်။ အပြင်မှ စောင့်နေသူများကိုမြင်လျှင် သူမက ပြုံးလျက် မေးသည်…“ရှင်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ…”

“ကျွန်မတို့က နည်းနည်း လျှောက်ကြည့်ကြမလို့…” လင်းဇီယွီက ပြုံးလျက် ပြောသည်… နင်တို့ကော လိုက်ဦးမလား…”

လင်းယွီယိုက ရီဖူရှင်းနှင့် ယူချင်းအား ကြည့်လိုက်သည်။ သူတို့အား သူမ နောက်ဆုံးတွေ့ခဲ့သည်မှာ အတန်ကြာခဲ့ပြီဖြစ်သည်။ သူမက ခေါင်းညိတ်လျက် ပြောသည်… “သေချာတာပေါ့…” မိန်းမပျိုနှစ်ယောက်က သူတို့အနီးသို့ လျှောက်လာကြသည်။ လင်းယွီယိုက ပြုံးလျက် ရီဖူရှင်းကို မေးသည်… “နောက်ဆုံးတော့ ထွက်လာပြီပေါ့…”

“အင်း…” ရီဖူရှင်းက ပြုံးလျက် ပြန်ဖြေသည်။

“တန်ဖန်းပွဲတော်က မနက်ဖြန်ပြီးမယ်… ယွန်ချူနိုင်ငံနဲ့ ယန်တိုင်းပြည်က ဒီရက်ပိုင်း တကယ် အကျည်းတန်တဲ့  စကားတွေပြောနေကြတယ်… မနက်ဖြန် နင်သွားမှာလား…” လင်းယွီယိုက စိတ်ဝင်စားစွာ မေးသည်။

“ဒါဆိုလည်း…” ရီဖူရှင်းက ပခုံးတွန့်လျက် ပြုံးလိုက်သည်… “ငါ့ပရိသတ် ဒီလောက် များမယ်လို့ ငါမထင်ခဲ့ဘူး… မနက်ဖြန် ငါက သူတို့ကို တွေ့သင့်တယ်လို့ ထင်တယ်…”

“ယုံကြည်မှု လွန်ကဲလိုက်တာ… မဟုတ်ဘူးလား…” လင်းယွီယိုက မှတ်ချက်ပေးသည်။ သည်ကောင်ကား တကယ်ပင် မျက်နှာပြောင် တိုက်လွန်းသည်။

အတန်ကြာလျှင် ရီဝူချင်း ရောက်လာပြီး သူတို့က နန်းဆောင်မှာ ထွက်လာကြသည်။ ဂျင်ယူက သူတို့နောက်မှ တိတ်တဆိတ် ကာကွယ်ပေးလျက် လိုက်ပါလာသည်။

ရီဖူရှင်းနှင့် ရီလင်းဇီတို့ သည်မတိုင်မီက တွေးထင်ခဲ့သည့်အတိုင်း ယနေ့တွင် နန်ဒူနိုင်ငံ၏နန်းမြို့တော်ကား အလွန်ရှုပ်ထွေးနေသည်။ တစ်မြို့လုံးကား မီးရောင်စုံများဖြင့် ထိန်လင်းနေသည်။ လူအများအပြားက စားသောက်ဆိုင်များ။ တည်းခိုခန်းများနှင့် လမ်းများတွင် ပွဲတော်မှ ပါရမီရှင်များ အကြောင်းကို ပြောနေကြသည်။

နန်းမြို့တော်၏ အလှပဆုံးနေရာကား သံသယရှိစရာ မလိုအောင်ပင် ဇီချင်ရေကန်ဟု ပြောရမည်ဖြစ်သည်။ ရေကန်ထဲတွင် လှေကလေးများ အများအပြား ရှိသည်။ သူတို့အားလုံးက လှေတစ်စင်းငှာရမ်းကာ ရေကန်ထဲ လှည့်ပတ်ကြည့်ရှုကြသည်။ လှေရင်ပြင်မှာ ထိုင်လျက်က ရီဖူရှင်းတို့အုပ်စုက ရေကန်ကို ဖြတ်ကျော်လျက် တိုက်ခတ်လာသော လေညင်းများကြောင့် သက်သောင့်သက်သာ ခံစားကြရသည်။ ရီဖူရှင်းကား ဟွာဂျီယူနှင့် ပျော်ရွှင်ကြည်နူးခဲ့ရသော ထိုနေ့ရက်များကိုပင်လျှင် အမှတ်ရနေမိသည်။ သူတို့က ချင်းကျူ ရေကန်ဘေးတွင် လက်ချင်းချိတ်လျက် လျှောက်လည်ခဲ့ကြသော ထိုနေ့ရက်များအား ပြန်လည် တွေးဖြစ်တိုင်း သူ့မျက်နှာတွင် ကြည်နူးသော အပြုံးပန်းများ ဖြစ်ပေါ်လာလေ့ရှိသည်။ စိတ်မကောင်းစရာက ယခုအချိန် သူ့ဘေးတွင် သူမ ရှိမနေခြင်းပင်။

“နင်ဘာကို ပြုံးနေတာလဲ…” လင်းယွီယိုက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။

ရီဖူရှင်းက လင်းယွီယိုအား အံ့အားသင့်သလို ကြည့်ကာ မေးလိုက်သည်… “နင်ကရော ငါ့ကို ဘာလို့ ဒီလောက် အာရုံစိုက်နေရတာလဲ… နင့်မှာ အခွင့်အရေးမရှိဘူး…”

ရီဒန်ချန်းက ရီဖူရှင်း၏စကားကို ကြားလျှင် ဝိုင်သောက်နေရာမှ သီးမလို ဖြစ်သွားသည်။ အခွင့်အရေးမရှိတဲ့လား။ သူက ကန်ယီနိုင်ငံ၏နံပါတ်တစ် အလှမယ်ကို ငြင်းလိုက်သည်လား။

“အရှက်မရှိတဲ့ကောင်…” လင်းယွီယိုက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ သူမကား သည်ကဲ့သို့ တစ်ခါမှ အငြင်းပယ်မခံရဖူးပေ။ သူမကား ကန်ယီတိုင်းပြည်တွင် အလွန် ကျော်ကြားသော သူဖြစ်သည်။ ရီဖူချင်းတစ်ယောက်သာ သူမအား သည်ကဲ့သို့ အလေးမထားသလို ဆက်ဆံသည်။

“မနက်ဖြန်ကတော့ နောက်ဆုံးနေ့ပဲ… ပြိုင်ပွဲစင်မြင့်ကိုးခုကို အပိုင်စိုးရနိုင်မည့်သူက ဘယ်သူလို့ မင်းထင်လဲ…” သူတို့အနီးမှ လှေငယ်တစ်စင်းရှိရာ ထိုလှေမှ ဆွေးနွေးသံအချို့ ပျံ့လွှင့်လာသည်။

“ဇီလူ… အဆင့်နှစ် ဓမ္မတန်ခိုးရှင်… စုမူ… အဆင့်တစ် ဓမ္မတန်ခိုးရှင်… ပြီးတော့ တိုက်ပွဲအတွင်း ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ကို တက်သွားတဲ့ ယွန်ရှင်းဟွာတို့က အရမ်းအားကောင်းတဲ့ ပြိုင်ပွဲဝင်တွေပဲ… တခြားထက်မြက်တဲ့ ပြိုင်ပွဲဝင်တွေလည်း အများကြီးရှိတယ်…” တစ်စုံတစ်ယောက် မှတ်ချက် ချသည်။

ရီဖူရှင်းတို့အုပ်စုကလည်း ထိုမှတ်ချက်များအား ကြားသည်။ သူတို့က ဇီလူနှင့် စုမူတို့ကို တစ်ခါမှ မကြားဖူးပေ။ သို့သော် ယွန်ရှင်းဟွာ နာမည်ကြီးလာသည်ကိုတော့ သူတို့က ထူးဆန်းသည် မထင်ကြပေ။ သူ၏သက်စောင့်ဝိညာဉ်က အင်းကွက်ဖြစ်ကာ သူက ဓာတ်သဘာဝမျိုးစုံကို ဆင့်ခေါ်ကာ သုံးစွဲနိုင်စွမ်းရှိပြီး အလွန် အားကောင်းလှပေသည်။ သူ့အား တန်ခိုးအဆင့်တူအတွင်း ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။ အထူးသဖြင့် တိုက်ပွဲအတွင်း မထင်မှတ်ပဲ တန်ခိုးအဆင့် တက်သွားခြင်းကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယွန်ရှင်းဟွာ၏ တန်ခိုးအဆင့်တက်နှုန်းမှာ ရီဖူရှင်းအောက် မလျော့ပေ။

သူက ရီဖူရှင်း၏ပြိုင်ဘက် မဟုတ်သော်လည်း ဟိုင်ရန်မြို့အတွက် ယွန်ရှင်းဟွာကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းမှာ ရှားပါးလှသော အဖြစ်ပင်။

“အမှန်ပဲ… တန်ဖန်းပွဲတော်က ဆယ်နှစ်တစ်ခါ ကျင်းပတာဖြစ်လို့ ပါရမီရှင်တွေက အများအပြား ထွက်ပေါ်လာတာပဲ… ဖယ်ရှားခံရတဲ့လူတွေရှိပေမဲ့လို့ အရည်အချင်းရှိတဲ့လူတွေက အများကြီးပဲ… ရှုံးတဲ့လူတွေက အရမ်းတော်တဲ့ လူတွေနဲ့ တွေ့လို့သာပဲ… ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်လဲ…”

“ငါမင်းပြောတာ လက်ခံတယ်… ဒါပေမဲ့ အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ဒီလူတွေက အလကားပဲ…”

လှေကလေးက ဆက်လက် ရွေ့လျားသွားကာ အဝေးကို ရောက်ရှိသွားသည်။ ရီဖူရှင်းတို့ အုပ်စုက ရေကန်၏သဘာဝပတ်ဝန်းကျင် အလှအပများအား ဆက်လက် ကြည့်ရှုခံစားကြသည်။

ရီဝူချင်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “တကယ်လို့ ငါတို့က မနက်ဖြန် တန်ဖန်းပွဲကို တက်ရင် သရော်တဲ့ မှတ်ချက်တွေ အများကြီး ကြားရဦးမှာပဲ… ပြီးတော့ ယန်တိုင်းပြည်နဲ့ ယွန်ချူနိုင်ငံကလူတွေကလည်း မနက်ဖြန် လာကို လာမှာပဲ…”

“မင်းက အဲဒီနိုင်ငံက လူတွေရဲ့ အရည်အချင်းတွေကို သိချင်တာမလား…” ရီဖူရှင်းက ရီဝူချင်းကို မေးသည်။

“တချို့တွေက တော်တော် အာရုံနောက်တယ်…” ရီဝူချင်းက ရေရွတ်လိုက်သည်။

“ဒါဆို ပါးစပ်ပိတ်သွားအောင် လုပ်လိုက်ပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူတို့၏စကားများကို ကြားလျှင် လင်းယွီယိုနှင့် ဟွာကျီဇင်တို့ ထိတ်လန့်သွားကြသည်။ သည်နှစ်ယောက်ကား အမှန်ပင် ဘဝင်မြင့်လှသည်။

လှေကလေးက ဇီချင်ရေကန်တစ်လျှောက် ဆက်လက်မျောနေသည်။ ပတ်ဝန်းကျင်တစ်ဝိုက်မှ လှေပေါ်မှ လူများက ပွဲတော်မှ အကြောင်းအရာများအား စိတ်ဝင်တစား ပြောနေကြသည်။ ထိုလှေများအနီးတွင် ကျွန်းငယ်လေး တစ်ခုရှိသည်။ လှေကလေးမှ လူများအားလုံးက ထိုကျွန်းငယ်လေးကို စိတ်ဝင်တစား ကြည့်ကြ၏။

ရီဖူရှင်းတို့ အုပ်စုကြည့်လိုက်လျှင် အိမ်ရှေ့စံမင်းသားက သူတို့အား ဧည့်ခံသော နေရာတွင်ပင် တခြား လူငယ်များကို ဧည့်ခံနေသည်ကို တွေ့ရ၏။ သည်တစ်ကြိမ်တွင်ကား သူက တန်ဖန်းပွဲတော်မှ လူငယ်ပါရမီရှင်များကို ဧည့်ခံနေ၏။

“သူတို့တွေက ကန်ယီတိုင်းပြည်က မဟုတ်ဘူးလား…” တစ်စုံတစ်ယောက်က ရီဖူရှင်းတို့ အုပ်စုကို သတိပြုမိသည်။

“ဟုတ်တာပေါ့… ဟိုမိန်းကလေးက ကန်ယီတိုင်းပြည်ရဲ့ အလှဆုံးမိန်းကလေးပဲ… သူမက တကယ် ချောမောလှပတယ်…” တစ်စုံတစ်ယောက်က လင်းယွီယိုအား ကြည့်ကာ ပြောသည်။ မိန်းမလှလေး သုံးယောက်ကား ပတ်ဝန်းကျင်မှ လူများကို လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။

“အဲဒီလူငယ်နာမည်က ရီဖူရှင်းလို့ခေါ်တယ်… သူက နန်ဒူနိုင်ငံရဲ့ ဒွန်ဟိုင်မြို့ကလာတာပဲ… ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ဆန့်ကျင်ပြီးတော့ သူက ကန်ယီနိုင်ငံကို ထွက်ပြေးခဲ့တယ်… နောက်ပိုင်း ဧကရာဇ်ရီက သူ့ကို မြှောက်စားခဲ့တယ်… အခု တန်ဖန်းပွဲတော်ကို ဧကရာဇ်ရီနဲ့အတူ လာတက်တာပဲ… သူ့မှာ သက်စောင့်ဝိညာဉ် နှစ်ခုရှိပြီး တော်တော် ထူးချွန်တယ်လို့ ပြောတယ်…”

“သူက ရီဖူရှင်းလား… ဒီလောက်ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားမှတော့ ဒီကောင်က မိန်းကလေးတွေကြား နာမည်ကြီးမှာပဲ…” တစ်စုံတစ်ယောက်က ပြောသည်။

“ဒါပေမဲ့ တော်ဝင်ချင်ကျောင်းတော်ကလူတွေက အိမ်ရှေ့စံမင်းသားကို တပည့်အနေနဲ့ လက်ခံပြီးကတည်းက ရီဖူရှင်းက ပွဲတော်ကို ထပ်မလာတော့ဘူး…”

ရေကန်မှ လူအများအပြားက ရီဖူရှင်းတို့အုပ်စုကို သတိထားမိကြသည်။ သူတို့က ရီဖူရှင်းတို့အုပ်စုကို ကြည့်ကာ ဆွေးနွေးနေကြရာ ကျွန်းကလေးပေါ်မှ လျိုဂျင်လန်တို့ အုပ်စုပင်လျှင် ရီဖူရှင်းတို့ရှိနေရာကို အာရုံရောက်လာကြသည်။

“ရီဖူရှင်း…” ကျွန်းငယ်လေးပေါ်မှ လူအုပ်ထဲတွင် ယွန်ရှင်းဟွာက မတ်တတ်ရပ်လိုက်ပြီး ကျွန်းကလေး၏အစပ်နားကို လှမ်းလာသည်။ သူ၏စူးရှသော မျက်လုံးများက ရီဖူရှင်းထံ ရောက်လာသည်။

ရီဖူရှင်းကား ခေါင်းငုံ့လျက် ဝိုင်သောက်နေသည်။ သူက ယွန်ရှင်းဟွာ ခေါ်သည်ကို မကြားသည့်အလား ထိုင်နေကာ ပြန်လည် ပြောဆိုခြင်းမပြုပေ။

“မင်း မနက်ဖြန် လာမှာလား…” ယွန်ရှင်းဟွာက ရီဖူရှင်း၏အပြုအမူကို အရေးမလုပ်ပေ။ သူတို့က အကြိမ်အတော်များများ တွေ့ဖူးပြီးဖြစ်ရာ သူက ရီဖူရှင်းက မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို သူအနည်းငယ်သိသည်။

ရီဖူရှင်းက သူ၏မေးခွန်းကို ဖြေကြားခြင်း မပြုသေးပေ။ ယူချင်းက မတ်တတ်ရပ်လိုက်ပြီး ယွန်ရှင်းဟွာကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် အိမ်ရှေ့စံမင်းသား ရှိရာသို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် လျိုဂျင်လန်သည်လည်း ဝိုင်သောက်နေသည်။ သူ့ဘေးတွင်ကား အလွန် ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ယောက် ရှိသည်။ ဝိုင်သောက်ထား၍ ထင်သည်။ သူမ၏မျက်နှာလေးမှာ နီရဲနေကာ ပိုမို၍ ဆွဲဆောင်မှုရှိနေသည်။ သူမကား နန်းမြို့တော်မှ ချမ်းသာသော အိမ်တော်မှ သမီးတစ်ယောက် ဖြစ်သည်။ သူမက လျိုဂျင်လန်ဘေးနားတွင် ခစားခွင့်ရသည်မှာ သူမအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ လျိုဂျင်လန်က တော်ဝင်ချင်ကျောင်းတော်သို့ သူမအား အတူခေါ်သွားရန် ထိုမိန်းကလေးက မျှော်လင့်ထားသည်။

ထိုမိန်းမပျိုက လှေငယ်လေးကို ကြည့်လိုက်ပြီး ယူချင်းအား မြင်သည်။ သူမက ရယ်မောလျက် ပြောသည်… “ဟိုလူက ခန္ဓာကိုယ် တောင့်တောင့်ကြီးနဲ့ အရမ်း အရုပ်ဆိုးတာပဲ…”

လူအများအပြားက သူမနှင့်အတူ ရယ်မောကြသည်။ တန်ခိုးရှင်များမှာ အလွန် နားပါးကြသလို သူမကလည်း အသံအား နှိမ့်ကာ ပြောခြင်းမဟုတ်ရာ လှေငယ်လေးပေါ်မှ လူအများအပြားက သူမပြောသည်ကို ကြားကြရသည်။

ရီဖူရှင်းက ကျွန်းငယ်လေးကို ကြည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် ထိုမိန်းကလေးအား မြင်သည်။ သူက ပြုံးလျက် ပြောသည်… “အရှင့်သားက ပြည့်တန်ဆာမ တစ်ယောက် အဖော်လုပ်ပေးနေတယ် ဆိုတော့ တော်တော်ပျော်နေမှာပဲ…”

ထိုမိန်းကလေး၏ အမူအရာများ ပြောင်းသွားသည်။ ချက်ချင်း သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့သော ဟန်အမူအရာများ ပေါ်လာသော်လည်း လျိုဂျင်လန်၏ အမူအရာများကား တည်ငြိမ်လှသည်။ သည်ကိစ္စများက သူ့အား စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေ။

လူတချို့ ကျွန်းငယ်လေးပေါ်သို့ တက်ရောက်လာကြသည်။ တစ်ယောက်က ရီဖူရှင်းတို့ လှေကလေးကို ကြည့်လိုက်ပြီး သူ့ကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

“အဲဒါ ဇီလူပဲ…” တစ်ယောက်က ထိုလူငယ်အား မှတ်မိသည်။ ဇီလူ၏အရည်အချင်းများကား တန်ဖန်းပွဲတော်တွင် သက်သေပြပြီးဖြစ်သည်။ အဆင့်နှစ် ဓမ္မတန်ခိုးရှင်များထဲတွင် သူ့အား ယှဉ်နိုင်သူမရှိပေ။

ရီဝူချင်းက ဓားသွားကဲ့သို့ ထက်မြက်သော သူ့မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး လှေဦးကို လျှောက်သွားလိုက်သည်။ သူ၏ကြောက်မက်ဖွယ် ဓားအရှိန်အဝါက မုန်တိုင်းကဲ့သို့ ဆင့်ကဲပြောင်းလဲသွားပြီး ဇီလူ၏အရှိန်အဝါအား ရင်ဆိုင်လိုက်သည်။

“တိုက်ပွဲ စတော့မလား…” ထိုနေရာ ပတ်ဝန်းကျင်မှ လူများ စိတ်လှုပ်ရှား တက်ကြွလာကြသည်။ ကန်ယီတိုင်းပြည်၏ ဖန်းဟွာအဆင့်မှ ပါရမီရှင်များနှင့် နန်ဒူနိုင်ငံ၏ တန်ဖန်းပွဲတော်မှ ပါရမီရှင်များအကြား တိုက်ပွဲတွင် မည်သူက အနိုင်ရမည်နည်း။

“ပြန်ကြစို့…” ရီဖူရှင်းက ပြောသည်။ လှေကလည်းက ချက်ချင်း လာရာလမ်းကို ပြန်လှည့်ကာ ထိုနေရာမှ ထွက်ခွာလာသည်။ နှစ်ဖက်အရှိန်အဝါများ လွင့်ပြယ်သွားသည်။

ကန်ယီတိုင်းပြည်မှ လှေကလေးက ပြန်သွားသည်ကို မြင်လျှင် တခြားတစ်ဖက်မှ သူများက တွေးသည်မှာ ထိုလူများမှာ နန်ဒူနိုင်ငံမှ ပါရမီရှင်များကို တိုက်ခိုက်ရန် ကြောက်ရွံ့သည်ဟုပင်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသား လျိုဂျင်လန် ရှိနေသောကြောင့်ဟု သူတို့ ကောက်ချက် ချကြသည်။

ယခုညကား လူအများအပြားအတွက် အိပ်မရသော ညတစ်ညပင် ဖြစ်ပေတော့သည်။

***

ယနေ့ကား အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သည်။ များစွာသော လူများက တန်ဖန်းပွဲတော်ကို တက်ရောက်ရန် နန်းမြို့တော်ကို စုစည်းလာနေကြသည်။ တချို့ဆိုလျှင် ညလယ်ကတည်းက ပွဲတော်နေရာကို နေရာ လာရောက် ဦးထားကြသည်။ နေရာကောင်းကောင်း ရယူထားခြင်းဖြင့် ပြိုင်ပွဲကို ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်ပေသည်။

ယွန်ချူနိုင်ငံမှ လူများနှင့် ယန်တိုင်းပြည်မှ လူများလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။ တန်ဖန်းပွဲတော်၏တိုက်ပွဲများ တစ်ပွဲပြီး တစ်ပွဲ ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် နောက်ဆုံး ကျန်ရစ်သူများမှာ သူတို့ထက် အရည်အချင်း မနိမ့်ကျသည်ကို သူတို့ ဝန်ခံရမည်ဖြစ်သည်။

ဧကရာဇ်လျိုလည်း ရောက်ရှိလာပြီ ဖြစ်သည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲတော်ကို ကြည့်ကာ သူက ကျေနပ်စွာ ပြုံးသည်။ ထို့အပြင် သူ့သား လျိုဂျင်လန်မှာလည်း တော်ဝင်ချင်ကျောင်းတော်မှ လူများက အလေးပေးခြင်း ခံရ၏။ မှန်သည် သူ့အတွက် အလွန်ဝမ်းမြောက်သော အချိန်အခါပင်ဖြစ်သည်။

နောက်ဆုံးနေ့တွင်ပင် တချို့လူများက လျိုဂျင်လန်ကို လာရောက် ဂုဏ်ပြုစကား လာပြောကြသည်။ သည်တစ်ကြိမ်ကား သူဧကရာဇ် ဖြစ်ပြီးကတည်းက ဒုတိယအကြိမ်မြောက် အကြီးအကျယ် ဂုဏ်ယူဝမ်းမြောက် ရသော အချိန်အခါဖြစ်သည်။ နောက်ဆုံးအချိန်က သူက ထီးနန်းကို လွှဲပြောင်းရယူသော အချိန်တွင်ဖြစ်ပြီး သည်တစ်ကြိမ်တွင်ကား သူ့သား၏ အောင်မြင်မှု။  ချော့မွေ့နေသော အနာဂတ်ကြောင့် ဖြစ်သည်။

ဧကရာဇ်ရီက ရီဖူရှင်း။ ယူချင်းနှင့် ရီဝူချင်းတို့ အုပ်စုနှင့်အတူ ရောက်ရှိလာသည်။ ကန်ယီတိုင်းပြည်မှ လူများအားလုံး ယနေ့ ရောက်ရှိလာကြသည်။

ထိုကြည်လင် ရွှင်ပြနေသော လူများကို ကြည့်ကာ ရီဖူရှင်းက ပြုံးလိုက်သည်။ ယနေ့ တန်ဖန်းပွဲတော် အပြီးတွင် အလွန်ထူးခြား ထက်မြက်သော ပါရမီရှင်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။ မှန်ပေသည်… ရီဖူရှင်းနှင့် ယူချင်းတို့ ရောက်ရှိမလာခဲ့လျှင် ထိုလူများအား အထူးချွန်ဆုံးဟု သတ်မှတ်လို့ ရပေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset