လုရှန်း နောက်ပြောင်နေပုံမပေါ်ပဲ ကြောက်လန့်နေတာကိုမြင်တော့ ရှီဟွား မနေ့ညက အိပ်မက်ကို ရုတ်တရက်သတိရသွားပြီး သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ခါသွားတယ်။
“ရှီရူ သခင်ကြီးဆီ သွားအကြောင်းကြား။”
“ ခဏနေဉီး!”
လုရှန်း ရှီရူကိုဆွဲပြီး အသံတိုးတိုးနဲ့ ဆက်ပြောတယ်။ “မနေ့က အိမ်မက်ထဲမှာ သခင်လေး’ပိုင်’က သူ့ရဲ့ ကျောက်စိမ်းဆွဲသီးကို ရှောင်လျိုကို ပေးခဲ့တယ်လို့ မင်အာက ပြောတယ်။ ရှောင်လျိုက သခင်လေး’ပိုင်’ကို မင်အာ ပေးခဲ့တဲ့ အမွှေးချည်ထိုးအိတ်လေးကို မီးရှို့လိုက်တယ်တဲ့။ ပြီးတော့ ရှောင်လျိုက မင်အာ ထိုးပေးတဲ့ ချည်ထိုးအမွှေးအိတ်လေးနဲ့ပုံစံတူ အိတ်လေးကို ထိုးပြီး သခင်လေး’ပိုင်’ကို ပေးထားတယ်တဲ့။”
ထိုစကားကြားရချိန်တွင် မိန်းကလေးနှစ်ယောက် ထိတ်လန့်သွား၏။
ရှီရူ အံကြိတ်ကာ ရှီဟွားကို ကြည့်တယ်။ “ရှီဟွား ဒီမှာနေပြီးတော့ သူတို့ကို ကြည့်နေ။ ထွက်မလာစေနဲ့။ ငါ သခင်ကြီးကို သွားအကြောင်းကြားမယ်။”
ရှီဟွား ခေါင်းညိတ်တယ်။ ရှီရူ မသွားခင် ရှီဟွားနားထဲသို့ ကပ်ပြီး တစ်ခုခု တီးတိုးပြောခဲ့တယ်။
လုရှန်း ထိုစကားများကို မကြားချင်ယောင်ဆောင်ထားတယ်။ သူမရဲ့မျက်နှာပေါ် ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသေးသည်။
သူတို့နှစ်ဦး စကားပြောနေချိန် သူမ ကိုယ်ပျောက်ဂါထာစာရွက်ကို တိတ်တဆိတ် ကပ်လိုက်တယ်။
ရှီဟွားကို စကားပြောပြီး ရှီရူ ထွက်သွားခဲ့တယ်။ ရှီဟွား နောက်ပြန်လှည့်လိုက်တော့ စောစောကရပ်နေတဲ့ လုရှန်း ရုတ်တရက် ပျောက်သွားတာကို သိလိုက်တယ်။
တစ်ခုခုဖြစ်သွားမှာကို စိုးရွံ့သော်လည်း အဝေးကြီးကို လမ်းမလျှောက်ဝံ့ဘဲ အနီးတစ်ဝိုက်ကိုသာ ရှာဖွေနိုင်ခဲ့တယ်။ သို့သော် လမ်းတစ်လျှောက်မှာ ဘယ်သူမှ ရှာမတွေ့ခဲ့ပါ။
တဖက်တွင်၊ ရှီရူရဲ့ သတင်းကိုကြားတော့ သခင်ကြီး’ကျန့်’သည် ဒေါသမထွက်ခင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အိမ်တော်၌ တခြားလူများရှိနေတာကို ဂရုမစိုက်နိုင်ပဲ ယွမ်ယုခြံဝန်းဆီ လျှောက်လာခဲ့သည်။
ရှီရူကတော့ ရှောင်လျိုရဲ့ အခန်းကို ရှာဖွေဖို့ လူတချို့ကို တိတ်တဆိတ် ခေါ်သွားတယ်။
သူမ မမြင်တာ ပိုကောင်းလိမ့်မယ်။ သူမ မြင်လိုက်တာနဲ့ အတူပါလာသည့်အစေခံရဲ့မျက်နှာများ ဖြူဖျော့သွားကြသည်။
ရှောင်လျိုရဲ့ ခေါင်းအုံးအောက်မှာ အပ်တွေနဲ့ ပြည့်နေတဲ့ အရုပ်လေး ရှိနေ၏။ အရုပ်ပေါ်တွင် ‘ကျန့်မင်’ ဆိုတဲ့ စကားလုံးကို ရေးထိုးထားတယ်။
“ညီမ ရှီရူ၊ ကျောက်စိမ်းဆွဲသီး ရှာတွေ့ပြီ။”
ထိုအချိန် အစေခံတစ်ယောက်က ရှောင်လျိုရဲ့ ဗီရိုထဲမှာ ကျောက်စိမ်းဆွဲသီးကို တွေ့ရှိခဲ့တယ်။
ရှီရူသည် အနူးညံ့ဆုံး ရှောင်လျိုက ဒီလိုရက်စက်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။
ရှောင်လျိုသည် သခင်မလေးရဲ့ သတိုးသားလောင်းနဲ့ သခင် ဆက်ဆံရေးရှိရုံမက သခင်မလေးကိုပါ တိတ်တဆိတ် ကျိန်စာတိုက်နေခဲ့သည်။
စောစောက မိန်းကလေး ပြောခဲ့တာမှန်ပုံပဲ။ ထိုနှစ်ယောက်က လူသတ်သမားတွေ ဖြစ်လောက်တယ်။
“ပစ္စည်းတွေ ယူလာပြီး ယွမ်ယုခြံဝန်းကို သွားကြမယ်။”
ရှီရူ ကြောက်လန့်နေတာကို ဂရုမစိုက်နိုင်တော့။ သူမ သခင်မလေးအတွက် လက်စားချေလိုတယ်။
ယွမ်ယုခြံဝန်းရဲ့ အိပ်ရာပေါ်တွင် ပိုင်ယုနဲ့ ရှောင်လျိုတို့ ချစ်နေကြသည်။ သူတို့ ညစ်ညမ်းတဲ့စကားတွေတောင် ပြောဆိုနေကြတယ်။
ထိုအချိန် ရုတ်တရက် တံခါးဖွင့်သွား၏။ သူတို့နှစ်ယောက်ရဲ့ သည်းမခံနိုင်တဲ့အကြည့်ကို လူတိုင်း မြင်လိုက်ရတယ်။
“အား!”
ရှောင်လျို ထိတ်လန့်တကြား ခန္ဓာကိုယ်ကို စောင်ဖြင့်ခြုံလိုက်၏။
ပိုင်ယုက အလျင်စလို အဝတ်အစားများကောက်ဝတ်ကာ သခင်ကြီး’ကျန့်’နှင့် ကျန်သည့်သူများကို ဖျော့တော့သည့် မျက်နှာဖြင့် ကြည့်နေ၏။
“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ!” သခင်ကြီး’ကျန့်’ လက်သီးတင်းတင်းဆုပ်ပြီး “တစ်ယောက်က ငါ့သမီးရဲ့ ကိုယ်ပိုင်အစေခံ၊ နောက်တစ်ယောက်က ငါ့သမီးရဲ့သတိုးသားလောင်း! ငါ့သမီးတောင် မသင်္ဂြိုဟ်ရသေးဘူး။ ပျော်ဖို့ မစောင့်နိုင်တော့ဘူးပေါ့!”
“အဖေ! ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူး! အဲဒါ သူမ! သူမ ကျွန်တော့်ကို လာဆွဲဆောင်တာ!”
ပိုင်ယု သခင်ကြီး’ကျန့်’ ရှေ့မှာ ဒူးထောက်ပြီး ငိုတယ်။
ရှောင်လျို မျက်လုံးပြူးပြီး ပိုင်ယုကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ သူမ တစ်ခုခုပြောချင်ပေမဲ့ သွားတင်းတင်းကြိတ်ကာ ဘာမှမပြောပေ။
“သခင်ကြီး!”
ရှီရူ ပစ္စည်းများဖြင့် လျှောက်လာတယ်။ “ရှောင်လျိုရဲ့ ခေါင်းအုံးအောက်မှာ ဒါတွေကို တွေ့ခဲ့တယ်။ ဒါက သခင်လေး’ပိုင်’ရဲ့ ကျောက်စိမ်းဆွဲသီးပဲ။ သူ့ဗီရိုထဲ ဝှက်ထားတာ။”
“အခု မင်းကိုယ်မင်း ဘယ်လိုရှင်းပြချင်လဲ?”
သခင်ကြီး’ကျန့်’ ပစ္စည်းတွေကို ပိုင်ယုအပေါ်သို့ လှမ်းပစ်လိုက်၏။
ပိုင်ယု ခေါင်းအထပ်ထပ်အခါခါယမ်းပြီး တဆတ်ဆတ်တုန်နေ၏။ “သူမ ခိုးယူခဲ့တာ။ ကျွန်တော် သူမကို မပေးခဲ့ဘူး။”
သခင်ကြီး’ကျန့်’ နားထင်ကြောကိုဖိနှိပ်ရင်း အော်ပြောတယ်။ “လာကြစမ်း။ ဒီခွေးမကို ဆွဲထုတ် သေတဲ့အထိ ရိုက်နှက်ကြ။”
“သခင်ကြီး နေပါဉီး!”
ရှီဟွား ရှေ့ကိုတိုးပြီး မျက်လုံးများ ပြူးကျယ်သွားတဲ့ သခင်ကြီး’ကျန့်’ကို တိုးတိုးလေး ပြောလိုက်၏။