ဒီနေ့ ရာသီဥတု မကောင်းချေ။ ထူထပ်လှသော တိမ်တိုက်တွေက နေကို ပိတ်ဆို့ပြီး အချိန်မရွေး နှင်းကျတော့မည့် ပုံစံပေါ်နေ၏။ ဒီနေ့ သာမန်ထက် ပိုအေး၏။
လုရှန်း အခန်းထဲကို လိုက်သွားခဲ့သည်။
အစေခံကောင်လေးနှစ်ယောက် ရေနွေးယူကာ တဖက်က ရေချိုးဆောင်ထဲ ဆွဲထည့်နေချိန် ရှောင်လျိုက ပိုင်ယုကို ထိုင်ဖို့ ကူညီပေး၏။
ပိုင်ယုအတွက် လက်ဖက်ရည်ကြမ်းထည့်ပေးပြီးနောက် ရှောင်လျို ရေချိုးဆောင်ထဲ ရေအပူချိန်ကို သွားစစ်သည်။
“သခင်လေး ရေချိုးလို့ရပါပြီ။”
အစေခံနှစ်ယောက် ရေဖြည့်ပြီး ထွက်သွားတော့ ရှောင်လျိုက ပိုင်ယုကို ညင်သာစွာပြောပြီး တံခါးပိတ်လိုက်တယ်။
ပိုင်ယု သူ့လက်ကို မြှောက်လိုက်ပြီး ကူညီပေးဖို့ အရိပ်အမြွက်ပြလိုက်တယ်။
ရှောင်လျို သူ့ကို လေးလံတဲ့ အကြည့်ဖြင့် ကြည့်ပြီး နှုတ်ခမ်းကွေးတက်သွား၏။ သူမ ပိုင်ယုကို ကူညီပေးဖို့ ရေချိုးဆောင်ထဲ အတူဝင်လာခဲ့တယ်။
ဘေးတဖက်က လုရှန်း အေးစက်စက်စိုက်ကြည့်နေ၏။ သူတို့နောက်ကို လိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။
“အိုး… သခင်လေး ဘာတွေလုပ်နေတာလဲ? ဟင်… ခစ်… ခစ်… ”
ရေပက်သံကြားလိုက်ရပြီးနောက် အခန်းတွင်းထဲက သည်းမခံနိုင်လောက်သည့် ညည်းညူသံအချို့ ကြားလိုက်ရတယ်။ ရှောင်လျိုရဲ့ ညုတုတုအသံ ထွက်ပေါ်လာ၏။
“ငါ မင်းကို နောက်ဆုံးတခေါက် ထိခဲ့တာအတော်ကြာပြီ။ ဒီနေ့ မင်းပြေးမလွတ်ဘူး!“
” သခင်လေးနော်!”
လုရှန်း လိုက်ကာမှတဆင့် သူတို့ပုံရိပ်များ ရောယှက် နေတာကို မြင်ရတယ်။
လုရှန်း မျက်လုံးမှိတ်လိုက်တော့သည်။ သူမ ခေါင်းငုံ့ထားပြီး လျှောက်လာ၏။
သူတို့နှစ်ယောက် သတိမထားမိချိန် သူမ သူတို့နှစ်ယောက်အဝတ်အစားကို တိတ်တဆိတ်ယူကာ ထွက်လာခဲ့တော့သည်။
သူမ ထွက်လာတော့ မျက်ရည်ကျနေတဲ့ အစေခံနှစ်ယောက် သူမဆီကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။
“သခင်မလေးက အရမ်းသနားဖို့ကောင်းတာပဲ။ သူမ အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ သူမ မကြာခင် သခင်လေး’ပိုင်’နဲ့ လက်ထပ်တော့မှာလေ။ ဘာလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတာလဲ?”
“မနေ့က မိန်းကလေး အသတ်ခံရတာကို အိပ်မက်မက်တယ်။ ရှီရူ နင် သခင်မလေးအသတ်ခံရတယ်လို့ ထင်လား?”
လုရှန်း သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။ ထို့နောက် သူမ ကိုယ်ပျောက်ဂါထာစာရွက်ကို ဆုတ်ဖြဲပြီး သူတို့ဆီလျှောက်လာတယ်။
“အိုး…”
သူမ အသံတိုးတိုးလေးဆိုပြီး လက်ထဲအဝတ်အစားများကို မြေပြင်ပေါ်ပစ်ချလိုက်တယ်။
“မိန်းကလေး၊ အဆင်ပြေရဲ့လား?”
ရှီရူ လုရှန်းကို လှမ်းကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။
ရှီဟွား မြေပြင်က အဝတ်တွေကို ကောက်ယူလိုက်ကာ မျက်မှောင်ကြုံ့သွား၏။
“ဒါ အစ်မရှောင်လျိုနဲ့ သခင်လေးပိုင်တို့ အဝတ်အစားတွေ မဟုတ်လား? မိန်းကလေး မင်း ဒါတွေ ဘယ်က ရတာလဲ?”
လုရှန်း ထိတ်လန့်ဟန်ဆောင်ကာ ခေါင်းယမ်းလိုက်တယ်။ သူမ လက်ကို အရူးအမူး ခါယမ်းတယ်။ “ကျွန်မ ဘာမှမသိဘူး။ ဘာမှမကြားခဲ့ဘူး။ ကျွန်မ ဒီအဝတ်အစားတွေ ကောက်လာခဲ့ရုံတင်။”
ရှီဟွားနဲ့ ရှီရူ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုရှန်း အမြန်ဆွဲထူလိုက်သည်။ “မိန်းကလေး ငါတို့ကို မြန်မြန်ပြော။ ဒီအဝတ်အစားတွေကို ဘယ်မှာတွေ့တာလဲ?”
“ကျွန်မ… ကျွန်မ…”
လုရှန်းရဲ့မျက်နှာ ဖျော့တော့နေ၏။ သူမ ပတ်ပတ်လည်ကို အရူးအမူးကြည့်ကာ နှုတ်ခမ်းဖိကိုက်ထား၏။
“ကျွန်မက မင်းအာရဲ့သူငယ်ချင်း နံ့သာပေါင်း ပူဇော်ဖို့ ဒီနေ့ ဒီကို ရောက်လာတာပါ။ မနေ့ညက သူ ကျွန်မကို ရှာနေတယ်လို့ အိမ်မက်မက်တယ်။ သူမရဲ့ ကိုယ်ပိုင်အစေခံရှောင်လျိုနဲ့ သခင်လေး’ပိုင်’တို့ သူမကို သတ်ပစ်ပြီး မြို့အပြင်ဘက်က ရေကန်ထဲ ပစ်ချခဲ့တယ်လို့ ပြောတယ်။”
“ဘာ…!”
မိန်းကလေးနှစ်ယောက်ရဲ့ မျက်နှာများ ဖြူဖျော့သွားတော့သည်။
လုရှန်း ခေါင်းငုံ့ပြီး “အခု ကျွန်မ အိပ်မက်ကို ပြန်စဉ်းစားမိပြီး ရှောင်လျိုနဲ့ သခင်လေးပိုင်တို့ အနောက် တိတ်တဆိတ်လိုက်သွားခဲ့မိတယ်… မမျှော်လင့်ထားဘူး။”
လုရှန်းရဲ့ မျက်နှာက ရုတ်တရက် နီရဲလာပြီး ရှက်ရွံ့ဟန်ဖြင့် “မင်း ဘာကို မမျှော်လင့်ထားတာလဲ။ မိန်းကလေး မြန်မြန်ပြောပြစမ်းပါ!” ရှီဟွား လုရှန်း လက်ကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီး မေးတယ်။
“ရှောင်လျိုက ‘ကိုယ့်ကိုကိုယ် ညည်းပန်းဖို့ ဟန်ဆောင်ဖို့ မလိုဘူး’လို့ ပြောသံကိုကြားတယ်။ နောက်တော့ သခင်လေး’ပိုင်’က သခင်ကြီး’ကျန့်’ကို လွယ်လွယ်နဲ့လှည့်စားလို့မရဘူး။ ထက်မြက်လွန်းလို့ ပြန်ဖြေတယ်။”
“ဘာ…?”
ရှီရူရဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး မူးလဲလုနီးပါးဖြစ်သွား၏။ ရှီဟွား ရှီရူကို အမြန်ဖမ်းလိုက်တယ်။
“အဲတော့ ဘာဆက်ဖြစ်သလဲ?” ရှီဟွားရဲ့မျက်နှာ ဖြူဖျော့သွားပြီး လုရှန်းကို မေးတယ်။
“နောက်တော့ သူတို့အခန်းထဲဝင်သွားတယ်။ ကျွန်မ သူတို့အနောက်ကို တိတ်တဆိတ်လိုက်ခဲ့တယ်။ ရေချိုးဆောင်ထဲ အရှက်မရှိ တစ်ခုခုလုပ်မယ်လို့ မမျှော်လင့်ထားဘူး။ အဲဒါနဲ့ သူတို့ကို မကြည့်ဘဲ သူတို့အဝတ်အစားတွေ ခိုးလာခဲ့တာ။”