ထိုအစေခံမိန်းကလေးသည် အသက် ၁၅၊ ၁၆ အရွယ်သာ ရှိသေးသည်။ သူမတွင် ဘဲဥပုံမျက်နှာ၊ ဖြူစင်သောအသားအရေနဲ့ ချစ်စရာကောင်းတဲ့ မျက်လုံးတစ်စုံရှိသည်။ သူမ သဘာဝကျသည့် ဆွဲဆောင်မှုရှိတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသည်။
သူမက သခင်မလေး’ကျန့်’ ထက်တောင် ပိုလှသည်။
သူမအရှေ့က မိန်းကလေးသည် သခင်မလေး’ကျန့်’ရဲ့ ကိုယ်ပိုင်အစေခံ ရှောင်လျို ဖြစ်နေရင် သခင်မလေး’ကျန့်’ နောက်ကွယ်မှာ ပိုင်ယုက အစေခံတစ်ယောက်နဲ့ ဘာလို့ဆက်ဆံရေးရှိနေသလဲဆိုတာ အကြမ်းဖျင်း နားလည်လိုက်သည်။
“အစ်မရှောင်လျိုပဲ အဖေ့ကို စည်းရုံးပေးပါ။ အဖေ ဒီလိုလုပ်နေတာ အသုံးမဝင်ဘူး။ အစ်မက အရင်က အစ်မအနောက် လိုက်ခဲ့တာလေ။ အစ်မ စည်းရုံးရင် အဖေ နားထောင်မှာပါ။”
ကျန့်ရူ မျက်ရည်များသုတ်ရင်း သူ့အသံ အနည်းငယ်ဆိုးဝါးနေ၏။ သူမ အတော်လေး ငိုယိုထားလို့ ဖြစ်နိုင်တယ်။
ထိုအစေခံက တကယ်ကို ရှောင်လျိုပဲ။
လုရှန်း ရယ်မောတယ်။ သူမ အမွှေးတိုင်တွေ မပူဇော်ခင် ရှောင်လျိုကို ကြည့်တယ်။
“သခင်လေး ကျေးဇူးပြုပြီး အနားယူပါဉီး။ သခင်မလေး မရှိတော့ဘူး။ သခင်လေး ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ သူမ ပြန်မလာနိုင်တော့ဘူး။ ‘ကျန့်’မိသားစုက သခင်လေးကို လိုအပ်နေသေးတယ်!”
ရှောင်လျိုက ပိုင်ယုဆီကို လျှောက်သွားပြီး ငိုယို၏။ သူမရဲ့ မျက်နှာပေါ် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေတယ်။
“မင်းအာက ဒီလိုမျိုးထွက်သွားတယ်။ သူမ စကားတခွန်းတောင်မပြောပဲ ဘယ်လိုလုပ် ထွက်သွားနိုင်တာလဲ? ငါ သူမကို လက်မထပ်ရသေးဘူး!”
ပိုင်ယု စကားစမြည်ပြောရင်း သူ့ရင်ဘတ်ကို အကြိမ်အနည်းငယ်ဖိ၏။ သူ့မျက်နှာပေါ် မျက်ရည်တွေ ပြည့်နေသည်။
လုရှန်း အံသြသွားတယ်။
ဒီစုံတွဲ တကယ်ကို သရုပ်ဆောင်ကောင်းတယ်။ သူမတို့ ကမ္ဘာမှာဆိုရင် သူတို့ အကောင်းဆုံး မင်းသား၊မင်းသမီးဖြစ်လာမှာ အသေအချာပဲ။
သူတို့တရားခံတွေဆိုတာ သူမ မသိရင် သူတို့ဝမ်းနည်းမှုက သူမကို တုန်လှုပ်စေလိမ့်မည်။
ကံမကောင်းတာက သူမကလွဲလို့ အပြင်းအထန် ငိုကြွေးနေသည့် လူနှစ်ယောက်သည် ကျန့်မင်ရဲ့ သေဆုံးမှုနောက်ကွဲက တရားခံတွေဆိုတာ ဘယ်သူမှမသိကြဘူး။
လုရှန်း နံ့သာပေါင်းကို ပူဇော်ပြီးနောက် အကြာကြီးမနေခဲ့။
‘ကျန့်’မိသားစုတစ်ခုလုံး ဝမ်းနည်းကြေကွဲစွာ ခံစားနေရပြီး ဧည့်သည်များကို ဂရုမစိုက်နိုင်ကြပါ။
သူမက ထောင့်တစ်ခုကို ရှာပြီး ကိုယ်ပျောက်ဂါထာစာရွတ် ကပ်လိုက်ကာ ‘ကျန့်’အိမ်တော်သို့ တိတ်တဆိတ်သွားရောက်လည်ပတ်သည်။
နောက်ဆုံး သူမ ယွမ်းယွီခြံဝန်းထဲ ဝင်လာခဲ့သည်။
သူမ မှန်းဆချက်မှန်ရင် ဒါက ပိုင်ယုရဲ့ ခြံဝင်းပဲ ဖြစ်ရမယ်။
သူမ အိပ်ခန်းထဲရောက်ချိန်တွင် အနောက်မှခြေသံများ ကြားလိုက်ရ၏။
သူမ လှည့်ကြည့်တော့ အခုလေးတင် ဝမ်းနည်းခြင်းခန်းမထဲ ရိူက်ကြီးတငင် ငိုကြွေးခဲ့ကြသည့် ပိုင်ယုနဲ့ရှောင်လျိုကို တွေ့လိုက်တယ်။
ပိုင်ယုသည် အကြာကြီး ဒူးထောက်ခဲ့လို့ အနည်းငယ် ထော့နဲ့ ထော့နဲ့ ဖြစ်နေ၏။ ရှောင်လျိုက သူ့ကို ကူညီပေးတယ်။
ရှောင်လျိုသည် နာကျင်နေသည့် အမူအရာဖြင့် ဆိုတယ်။ “သခင်လေး သရုပ်ဆောင်လို့ရပါတယ်။ သို့သော် ဘာလို့ ကိုယ့်ကိုကိုယ် ညည်းပန်းနှိပ်စက်ရတာလဲ?”
“မင်းဘာသိလဲ?” ပိုင်ယု အေးစက်စက်နှာခေါင်းရူံ့တယ်။ ”အဲ့အဘိုးကြီး’ကျန့်ယု’ကို လွယ်လွယ်နဲ့ လှည့်စားလို့မရဘူး။ ငါသာ ဟန်ဆောင်ရုံပဲဆိုရင် သူငါ့ကို သံသယဝင်နေမှာ။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ရှောင်လျို အေးစက်စက် ရယ်မောတယ်။ “ကျန့်မင်က အမြဲတမ်းဖျားနေတဲ့ ကလေးတစ်ယောက်။ သူမ အသက် ၁၆ နှစ်ရှိပြီ။ ၁၀ နှစ် သက်တမ်းရှိတဲ့ ဆေးအိုးကြီးတစ်လုံးလိုပဲ။ ‘ကျန့်’မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ ပြောလိုက်ရင် ဘယ်သူ သံသယဝင်မှာလဲ?”
လုရှန်း ဒီစကားကိုကြားချိန်တွင် နောက်ဆုံး နားလည်သွားတော့သည်။
သခင်မလေး’ကျန့်’ရဲ့ ဝိညာဉ်က အလွန်အားနည်းနေတာ အံ့သြစရာမဟုတ်ဘူး။ အချိန်အတော်ကြာ နေမကောင်းဖြစ်နေသောကြောင့်ပင်။ အသက်ရှင်နေတုန်းကလည်း လူသေလိုပဲ။ နောက်တော့ တစ္ဆေဖြစ်လာတော့ အတူတူပဲ။
ဥပမာအားဖြင့် ခေါင်းဖြတ်ခံရခြင်း ဒါမှမဟုတ် မတော်တဆ လက်များ ခြေထောက်များကျိုးပြီး သေဆုံးသူတွေဟာ သရဲတစ္ဆေဖြစ်လာရင်လည်း တူညီတဲ့ကံကြမ္မာကို ခံစားရလိမ့်မည်။
ဒါ့အပြင်၊ ခုနစ်ရက်မြောက်တဲ့နေ့တွင် ပျောက်ဆုံးနေတာကို ရှာဖွေဖို့ သူတို့ရဲ့ သင်္ချိုင်းကို ပြန်သွားလိမ့်မယ်။
ရှာမတွေ့ရင် ငိုယိုလိမ့်မယ်။ အားနည်းတဲ့ ဝိညာဉ်ရှိတဲ့ လူတွေက သူတို့ကို မြင်နိုင်တယ် ဒါမှမဟုတ် လိုက်သွားလိမ့်မယ်။ တစ်ချို့တစ္ဆေတွေဆို ခန္ဓာကိုယ်ကို ဝင်စီးဖို့ လုပ်လိမ့်မယ်။
လုရှန်း ထိုကဲ့သို့ သရဲတစ္ဆေများစွာကို မြင်ဖူးသည်။ သူတို့ လိုချင်တာကို ရှာမတွေ့သရွေ့ ထွက်သွားမှာ မဟုတ်။
“အမှန်ပဲ။”
ပိုင်ယု ခေါင်းညိတ်၏။ “တစ်ယောက်ယောက်ကို ရေနွေးပြင်ခိုင်းလိုက် ငါ့ခန္ဓာကိုယ်ပေါ်က ကံဆိုးမှုတွေကို ဆေးကြောချင်တယ်။”
“သူတို့ကို နောက်ကျလာပို့ဖို့ ညွန်ကြားထားပြီးသား။”
လုရှန်း တဖက်၌ ခဏရပ်နေခဲ့သည်။ သူတို့ အနောက်လိုက်မသွားခင် သူတို့ထွက်သွားသည့်အချိန်ကို စောင့်နေခဲ့သည်။