“မိန်းကလေး၊ ကျွန်မကို ကူညီပေးနိုင်မလား?” သခင်မလေး’ကျန့်’ ငိုယိုပြီး “… ငါ့အဖေနဲ့ညီမ ပိုင်ယုရဲ့လှည့်စားတာကိုခံရမှာ စိုးမိတယ်။”
သူ့အဖေနဲ့ ညီမတို့ တစ်ခုခုဖြစ်သွားရင် ‘ကျန့်’မိသားစု လုံးဝ ပျက်စီးသွားလိမ့်မည်။
သခင်မလေး’ကျန့်’ စကားပြောချိန် ပတ်ဝန်းကျင်က အပူချိန် လျော့ကျသွား၏။
အနက်ရောင်နဲ့ အဖြူရောင် ပုံရိပ် ထွက်လာ၏။
အနက်ရောင် တစ္ဆေပို့ဆောင်သူက “အချိန်တန်ပါပြီ။ သခင်မလေး ငါတို့အနောက်လိုက်ခဲ့ပါ။”
လုရှန်း အံ့သြသွား၏။ သူတို့လာမယ်ဆိုတာ သိပေမဲ့ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
သခင်မလေး’ကျန့်’ ကွယ်လွန်တာ နှစ်ရက်သာ ရှိသေးတယ်။
သူမသာ အသိမပေးရင် သေမှန်းတောင် သိမှာမဟုတ်ဘူး။ သို့ပေမဲ့ ဒါသူမရဲ့ မျှော်လင့်ချက်ထဲမှာ ရှိနေသေးသည်။
သခင်မလေး’ကျန့်’ရဲ့ ဝိညာဉ်စွမ်းအားက အလွန်အားနည်းသည်။ မကြာခင် ငရဲကို မပြန်ခဲ့ရင် အချိန်တချို့ကြာပြီးရင် သူမရဲ့ ဝိညာဉ် ပျောက်ကွယ်သွားနိုင်တယ်။
“မိန်းကလေး ကျွန်မကို ကူညီပေးပါ!”
သခင်မလေး’ကျန့်’က လုရှန်းကို စိုးရိမ်တကြီး ကြည့်နေ၏။ သူမသည် ဆန္ဒတွေ မပြည့်သေးလို့ မထွက်သွားချင်သေးပါ။
“ချစ်လှစွာသော ဝိညာဉ်ပို့ဆောင်သူ ဒီသခင်မလေးနဲ့ ခဏလောက် စကားပြောလို့ရမလား?”
အဖြူအမည်းဝိညာဉ်ပို့ဆောင်သူ နတ်ဘုရားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
ထို့နောက် အနက်ရောင် သေမင်းနတ်ဘုရားက အေးစက်စက်ဆို၏။
“မြန်မြန်လုပ်!”
“ကျေးဇူးတင်ပါတယ်။”
လုရှန်း သူတို့ကို ဦးညွှတ်ပြီး သခင်မလေး’ကျန့်’ကို “အမွှေးအိတ်အပြင် တခြားသက်သေ ရှိသေးလား?”
သခင်မလေး’ကျန့်’ ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်တယ်။ “ရှိတယ်။ ရှောင်လျိုမှာ ပိုင်ယုရဲ့အဝတ်အစားနဲ့ ကျောက်စိမ်းဆွဲသီးတွေ ရှိတယ်။”
ရှောင်လျိုက သူမရှေ့ ကြွားလုံးထုတ်ခဲ့သည်လေ။
လုရှန်း ခေါင်းယမ်းတယ်။ “အင်း… ပိုင်ယုက ရှောင်လျို သူ့ဆီက ခိုးထားလို့ စွပ်စွဲလို့ရတယ်လေ။”
“မဟုတ်ဘူး!”
သခင်မလေး’ကျန့်’ ခေါင်းခါတယ်။ “ကျွန်မကလွဲလို့ ပိုင်ယုက ဘယ်သူ့ကိုမှ သူ့ ခြံဝန်းထဲ ဝင်ခွင့်မပြုဘူး။သူ့ ခွင့်ပြုချက်မရှိရင် ဘယ်သူမှ ဝင်လို့မရဘူး။ ပိုင်ယုဆီ သွားဖို့ ကျွန်မနဲ့ ရှောင်လျိုသွားစဉ်က ရှောင်လျိုက ခြံအပြင်ဘက်မှာပဲ စောင့်နေခဲ့တာ။”
လုရှန်း မျက်ခုံးပင့်ကာ “မင်းဆိုလိုတာ ပိုင်ယုက သူမကို စိတ်လိုလက်ရ မပေးဘူးဆိုရင် ရှောင်လျိုက ဘယ်တော့မှ ရမှာမဟုတ်ဘူးပေါ့။”
“မှန်တယ်!”
သခင်မလေး’ကျန့်’သည် စကားတအားနည်းနည်းပေးလိုက်ရင် အခွင့်အရေးမရမှကို ကြောက်နေတယ်။
“ပိုင်ယုရဲ့ ခြံဝန်းကို လျှို့ဝှက်အစောင့်နှစ်ယောက် စောင့်ကြပ်တယ်။ သာမာန်လူတွေက ဝင်လို့မရဘူး။”
“နားလည်ပြီ။”
လုရှန်းခေါင်းညိတ်တယ်။ “မနက်ဖြန်၊ မင်းအတွက် နံ့သာပေါင်းကို မီးရှို့ဖို့ မင်းသူငယ်ချင်းအဖြစ်နဲ့ ငါသွားမယ်။ ပြီးရင် အဲဒီလူနှစ်ယောက်ကို စစ်ဆေးမယ်။”
“ကျေးဇူးတင်ပါတယ်!”
သခင်မလေး’ကျန့်’ မျက်ရည်များသုတ်ပြီး နတ်ဘုရားနှစ်ပါးဆီ လျှောက်သွား၏။
“သခင်’လု’က ဒီမှာ ရှိခဲ့တာလား?”
အဖြူရောင်နတ်ဘုရားက မထွက်သွားခင် လုရှန်းကို မေး၏။
သူရည်ညွှန်းတဲ့ ‘လု’ ဆိုသူက သူမရဲ့ဆရာကို ပြောတာဖြစ်သည်။
လုရှန်း ခေါင်းညိတ်တယ်။ “သူ အခုပဲ ထွက်သွားတာ။”
“မင်း သူ့ကို နောက်တစ်ခါတွေ့ရင် ငရဲဘုရင်က သူ့ကိုရှာနေတာလို့ သခင်’လု’ကို ပြောပေးပါ။”
ထို့နောက် လုရှန်းပြန်မဖြေမီ သခင်မလေး’ကျန့်’ရဲ့ ဝိညာဉ်ကို ခေါ်ဆောင်ကာ ထွက်သွားသည်။
နောက်တနေ့။
လုရှန်း ကလေးနှစ်ယောက်ကို ‘လျန်’မိသားစုဆီ ပို့ခဲ့သည်။ အိမ်ကိုရောက်ချိန်တွင် အဖြူရောင်အ၀တ်အစားဝတ်ပြီး မြင်းလှည်းဖြင့် ထွက်လာခဲ့သည်။
သခင်မလေး’ကျန့်’ရဲ့ ခန္ဓာကိုယ် ဒဏ်ရာများ မရှိတာကြောင့် ‘ကျန့်’မိသားစုသည် အလောင်းခွဲစိတ်တာကို တားမြစ်ခဲ့ပြီး သူမရဲ့ အလောင်းကို ‘ကျန့်’အိမ်တော်ကို ပို့ဆောင်ခဲ့ကြခြင်း ဖြစ်မည်။
လုရှန်း ‘ကျန့်’အိမ်တော်ကို ရောက်ချိန် ဝင်ပေါက်အပြင်ဘက်တွင် မီးပုံးဖြူနဲ့ အဖြူထည်များ တွဲလောင်းချထားပြီး ဖြစ်တယ်။
ဈပနာကို လူအများအပြား တက်ရောက်ကြတယ်။ ‘ကျန့်’မိသားစုသည် ဝမ်းနည်းခြင်းခန်းမတွင် ထိုင်လျက် ငိုယိုကာ အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားကြသည်။
သခင်မလေး’ကျန့်’နဲ့ သက်တူရွယ်တူ ၁၃ နှစ်အရွယ် မိန်းကလေးက ဝမ်းနည်းခြင်းခန်းမရှေ့တွင် ဒူးထောက်ကာ ငွေစက္ကူများကို မီးရှို့နေ၏။
ထိုမိန်းကလေးက သခင်မလေး’ကျန့်’ရဲ့ ညီမ’ကျန့်ရူ’ ဖြစ်ရမည်။
တစ်ဖက်တွင် သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ဦး ဒူးထောက်နေ၏။ သူက မှုန်သုန်တဲ့ မျက်နှာနဲ့ ဝမ်းနည်းပူဆွေးသောခန်းမကို စိုက်ကြည့်နေ၏။
“ဒုတိယ သခင်မလေး၊ သခင်ကြီး မနေ့က ဒူးထောက်တည်းက ဘာမှမစားရသေးဘူး။ သူ့ခန္ဓာကိုယ် ခံနိုင်ရည်မရှိမှာ စိုးမိတယ်။ ဒုတိယသခင်မလေး ကျေးဇူးပြုပြီး စည်းရုံးပေးပါ။ ပထမသခင်မလေးလည်း မရှိတော့ဘူး။ သခင်ကြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”
ဒုတိယသခင်မလေး’ကျန့်ရူ’ဘေးတွင် ဒူးထောက်နေသည့် လှပသည့် အစေခံမိန်းကလေးက ရုတ်တရက် တိုးတိုးလေးပြော၏။