Switch Mode

Chapter 95 – သခင်မလေး‘ကျန့်’ သေဆုံးရခြင်း အကြောင်းအရင်း။

သခင်မလေး‘ကျန့်’ သေဆုံးရခြင်း အကြောင်းအရင်း။

လုရှန်းက ကျောက်စိမ်းတံဆိပ်ကို ယူပြီး ဆရာ့ကို လိုက်ပို့ပေးသည်။

လုကျန့် စက္ကူထီးကိုင်ပြီး ဝင်ပေါက်၌ ရပ်နေ၏။ သူ ခြံဝန်းကို တချက်ကြည့်ပြီး “နောက်နောင် အဲ့အရာတွေ မလွှတ်လိုက်နဲ့။ အခန်းကို အေးစေပြီး ကြောက်ဖို့ကောင်းတယ်။ မသိတဲ့သူတွေက ဒီအိမ်ဟာ သရဲခြောက်တယ်လို့တောင် ထင်ကောင်းထင်နိုင်တယ်။”

“ကောင်းပါပြီ၊ ဆရာ။”

လုရှန်း သဘောတူပြီးနောက် လုကျန့် ထီးကို ကိုင်ကာ ထွက်သွားတော့သည်။

လုရှန်း တံခါးသော့ခတ်ပြီး တဖက်တွင် တုန်ယင်နေသည့် တစ္ဆေ ၅ ကောင်ကို လှည့်ကြည့်လိုက်တယ်။

မသိနားမလည်သော စိတ်ဝိညာဉ်တစ်ခု သူတို့ဘေး လွင့်ပျံလာ၏။

“သခင် ဒါက ရေကန်မှာ သေဆုံးသွားတဲ့ မိန်းကလေးပါ။”

တစ္ဆေအထီးတစ်ကောင်က ရှေ့သို့ လျှောက်လာပြီး ရိုသေစွာ သတင်းပို့၏။

သူ့နာမည် တန်ဂျွန် ဖြစ်တာကို သတိရမိသည်။ သူသည် သူ့အမေနဲ့ သူ့အစ်ကိုတို့ကို အချိန်အတော်ကြာ နှိပ်စက်ညှန်းပန်းခဲ့သည့် ပထွေးဖြစ်သူကို သတ်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံရသူ ဖြစ်တယ်။ သူ့ဆရာနဲ့အတူသွားလာနေစဉ် သူမ ဒီတစ္ဆေကို လက်ခံခဲ့တာ။

သူမ ပထမဆုံးဖမ်းမိတဲ့ တစ္ဆေရိုင်းတစ်ကောင်လည်း ဖြစ်တယ်။ ဟိုတုန်းက ဒီတစ္ဆေက တော်တော်လေးရက်စက်တာ အမှတ်ရမိသည်။

သူမရဲ့ဆရာ သူမကို ရှာတွေ့သည့် အကြောင်းအရင်က ‘တန်ဂျွန်’ ကို မှတ်မိသွားလို့ ဖြစ်နိုင်တယ်။

“မင်း သူမကို ဘယ်မှာတွေ့တာလဲ?”

တန်ဂျွန်က “တောင်ပိုင်းမြို့က စွန့်ပစ်ထားတဲ့ ဝင်းထဲမှာ။”

လုရှန်း ခေါင်းညိတ်ပြပြီး တစ္ဆေ  ၅ ကောင်ကို ပျိုးထောင်သည့်ဂါထာစာရွက်ထဲ ပြန်ထည့်လိုက်တယ်။

သခင်မလေး’ကျန့်’ သံသယမျက်ဝန်းဖြင့်ကြည့်၏။ ခဏကြာတော့ သူမက “ကျွန်မ ဘယ်ရောက်နေတာလဲ?”

“ငါ့အိမ်။”

“မင်းရဲ့အိမ်?” သခင်မလေး’ကျန့်’ မျက်မှောင်ကြုံ့ပြီး “ကျွန်မ ဘာလို့ ရှင့်အိမ်မှာ ရှိနေတာလဲ?”

“မင်းကသေပြီးသား။ ပျံ့လွင့်နေတဲ့ ဝိညာဉ်။”

လုရှန်း တံခါးကို မှီရင်းလက်ပိုက်ကာ ကြည့်တယ်။ “မင်းကို မကြာခင် ဝိညာဉ်ခေါ်ဆောင်အဖွဲ့ လာခေါ် လိမ့်မယ်။ မင်းကို ဒီခေါ်လာတာ အရင်က ဘာဖြစ်ခဲ့သလဲ မေးချင်လို့။”

“အရင်က?”

သခင်မလေး’ကျန့်’ မျက်မှောင်ကြုံ့နေပြီး အကြည့်တွေကိုလျှော့ကာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရဖို့ အတတ်နိုင်ဆုံး ကြိုးစားသည်။

အချိန်အတော်ကြာပြီးနောက် သူမ ရုတ်တရက် ခေါင်းမော့ပြီး မျက်လုံးတွေ ပြူးကျယ်သွားတယ်။ “အခုမှ မှတ်မိတယ်။ ရှောင်လျိုနဲ့ ပိုင်ယု။”

“ရှောင်လျိုနဲ့ ပိုင်ယု?”

“ရှောင်လျိုက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအစေခံ၊ ပိုင်ယုက ကျွန်မနဲ့ စေ့စပ်ထားသူပါ။” သခင်မလေး’ကျန့်’ရဲ့ ရှုပ်ယှက်ခတ်နေသော အမူအရာကနေ ချက်ချင်းပင် နာကြည်းသည့် အမူအရာပြောင်းလဲသွားတော့သည်။

“သူတို့နှစ်ယောက် ချစ်ကြိုက်နေတာ ကျွန်မ ရှာတွေ့သွားတော့ သူတို့ ယိုယွင်းပျက်စီးနေတဲ့ အိမ်ကြီးဆီ ဆွဲခေါ်သွားပြီး အဆိပ်ကျွေးတယ်။”

လုရှန်း မျက်မှောင်ကြုံ့ သွား၏။ “သူတို့က မင်းကိုသတ်ခဲ့တာ သက်သေပြဖို့ သက်သေရှိသလား?”

“ရှိတယ်!”

သခင်မလေး’ကျန့်’ ခေါင်းညိတ်တယ်။ ” ပိုင်ယုရဲ့ ချည်ထိုးအိတ်ကို ရှောင်လျို ထိုးပေးထားတာ။”

“သူမ အရင်က ပိုင်ယုအတွက် အရောင်တူချည်ထိုးအိတ်လေး ထိုးပေးဖူးတယ်။ ပုံစံတွေတောင် အတူတူပဲ။ ဒါကြောင့် သူဝတ်ထားတာ မြင်တော့ ကျွန်မ ပေးတာကို ဝတ်ထားတာလို့ အမြဲထင်နေခဲ့တာ။”

သို့ပေမဲ့ သူမ မသိလိုက်တာက ရှောင်လျိုက ပိုင်ယုအတွက် သူမထိုးထားတဲ့ အိတ်လေးလို တူညီချည်ထိုးအမွှေးအိတ်လေး ထိုးပေးခဲ့သည်။

သူမ မသေခင် ပိုင်ယုကို သူမကို မကြိုက်ပဲ ဘာလို့ အမွှေးအိတ်လေးကို ဝတ်ထားသလဲလို့ မေးခွန်းထုတ်ခဲ့သည်။

အဆုံးမှာ ပိုင်ယုက ဒီအမွှေးအိတ်လေးက ရှောင်လျို ထိုးပေးသည့် အိတ်လို့ ကိုယ်တိုင်ပြောခဲ့တယ်။ သူမ ပေးသမျှကို ရှောင်လျိုက မီးရိူ့ခဲ့တယ်လို့ ပြောခဲ့တယ်။

သူမ ပိုင်ယုဆီ တစ်ခုခုပို့လိုက်တိုင်း ရှောင်လျိုက သွားသွားပေးတာဖြစ်သည်။ သူမ လုပ်ရပ်များက သူတို့ကိုအတူပေါင်းစည်းဖို့ ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

ပိုင်ယုသည် ‘ကျန့်’မိသားစုရဲ့ မွေးစားသားဖြစ်ပြီး သူမရဲ့ ခင်ပွန်းလောင်းလည်းဖြစ်တယ်။ သူမနဲ့ ပိုင်ယု  ငယ်စဉ်က ချစ်သူများဖြစ်ခဲ့ကြသည်။

အစပိုင်းက သူတို့ ချစ်သွားကြပြီလို့ ထင်ခဲ့ပေမဲ့ သူမဘက်က တဖက်သက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ပိုင်ယု နှစ်သက်တဲ့အရာက ‘ကျန့်’မိသားစုရဲ့ ပိုင်ဆိုင်မှုပင်။

‘ကျန့်’မိသားစုတွင် သားသမီးများစွာ မရှိပါ။ သူမနဲ့ ညီမလေးတစ်ယောက်သာ ရှိသည်။

ဒါ့အပြင် သူမရဲ့ ညီမကို မွေးဖွားပြီး မကြာမီ အမေ ကွယ်လွန်သွားခဲ့တယ်။ သူမရဲ့ဖခင်က သစ္စာရှိသူဖြစ်ပြီး နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့သည်။

အခု သူမ ဆုံးပါးသွားတော့ သူ့အဖေနဲ့ ညီမကို ပိုင်ယုက သတ်လိုက်မလား မသိ။

Comment

Leave a Reply

Options

not work with dark mode
Reset