Switch Mode

Chapter 94 – ဆင်းရဲလို့ ငိုချင်းချ။

ဆင်းရဲလို့ ငိုချင်းချ။

“ဆရာ၊ ကျေးဇူးပြုပြီး တပည့်ကို ကူညီပါ။”

လုရှန်း မြေပြင်ပေါ်မှာ ဒူးတဖက်ထောက်ပြီး မျက်ဝန်းထဲ မျက်ရည်များဝဲကာ ဝမ်းနည်းသောအမူအရာနဲ့ ပြောတယ်။

“တပည့် ဒီကိုရောက်တော့ မစင်တွေကို ကောက်ရရုံသာမက အသီးအရွက်တွေလည်း စိုက်ရတယ်။ ဒီတပည့် အာဖရိက ဒုက္ခသည်တစ်ယောက်လို ဖြစ်နေပါတယ်။”

လုကျန့် ဖယောင်းတိုင်မီးအောက်တွင် တောက်ပနေဆဲဖြစ်သော သူမရဲ့ နူးညံ့သောမျက်နှာကို ကြည့်၏။

သူ အတော်ကြာ စကားမပြောနိုင်အောင် ဖြစ်သွားတော့သည်။

ခဏကြာတော့ သူက အကြံပေးတယ်။ “ငါ့ရဲ့ ချစ်တပည့်လေး ဘာလို့မီးဖိုချောင်ထဲက မီးသွေးတချို့ သွားမရှာရမှာလဲနော်? မင်း ရှာတွေ့ရင် ဒီကိုလာပြီး ဆင်းရဲခြင်းအတွက် ငိုကြွေးချေ။”

သူ့တပည့်ရဲ့ လိမ်ညာမှုစွမ်းရည်က လုံးဝပြောင်းလဲမသွားပေ။

သူမ ခြောက်နှစ်သားအရွယ်တွင် တောင်ကုန်းအနောက်ဘက်က မြက်စားနေသည့် သူ့မြင်းဖြူကို ခေါ် ထုတ်ဖို့ သူ့ကိုလှည့်စားခဲ့တာကို အမှတ်ရမိတယ်။ နောက်ဆုံး တောင်ကုန်းပေါ်မှ ခိုးဝင်ကာ တွင်းနက်ကြီးတစ်ခုထဲကို ကျသွားခဲ့တယ်။

သူသာ အချိန်မီရောက်မလာဘူးဆိုရင် တွင်းထဲမှာ ငတ်ပြီး သေလိမ့်မည်။

အဲဒီနှစ်က သူမ အသက် ၇ နှစ်ပဲရှိသေးသည်။ ခြံဝင်းထဲကို ပိုးကောင်တစ်ကောင်ဝင်လာပြီး သူ့ကြက်မကို ခိုးသွားကြောင်း ယုံကြည်အောင် လှည့်စားခဲ့သေးတယ်။

နောက်တော့ အပင်တွေကို ရေလောင်းရင်း အိမ်နောက်ဖေးမှာ ကြက်အမွေးတွေကို တွေ့ခဲ့သည်။ ချုံပုတ်များတွင် ကြက်အရိုးများ၊ ကြက်ခေါင်းနှင့် ကြက်ပေါင်အရိုးလည်း ရှိသည်။ ဒီတပည့်မက ချက်ပြုတ်စားခဲ့ခြင်းပင်။

ကြက်သားဟင်းချက်နိုင်တဲ့ ပိုးကောင်တစ်ကောင်ကို သူ ပထမဆုံးတွေ့ဖူးတာပဲ။

ရှစ်နှစ်သားအရွယ်မှာ သူမ မကျင့်ကြံချင်လို့ ဗိုက်နာတယ်လို့ လိမ်ညာခဲ့တယ်။

နောက်ဆုံး သူ ဟင်းချက်ပြီး လာပေးတော့ ကုတင်ပေါ်မှာ လှဲကာ ပန်းသီးကို ကိုက်စားရင်း ထိန်းမရဘဲ ရယ်နေခဲ့တယ်။

ကိုးနှစ်၊ ဆယ်နှစ် အရွယ်နှင့် နောက်ဆက်တွဲနှစ်များလည်း ရှိသေးသည်။

သို့သော် အကြိမ်ပေါင်းများစွာ လှည့်စားခံရပေမဲ့ လုကျန့် သူ့တပည့်ကို အမြဲယုံကြည်ခဲ့တယ်။

အဆုံးသတ်လိုက်တော့ လှည့်စားခံရတိုင်း ယုံကြည်တဲ့ ရလဒ် ဖြစ်တယ်။

သို့သော် သူပျော်တယ်။

သူ့မှာ ရွေးချယ်စရာ မရှိဘူး။ ဒီမိန်းကလေးက သူရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တယ်။

ဒါ့အပြင် သူမက သူရဲ့သမီးအရင်းဖြစ်တယ်။ သူ့အလိုမလိုက်ရင် ဘယ်သူ့ကို အလိုလိုက်ရမှာလဲ?

သူ သူမကို တောင်စောင်းက ကောက်ယူခဲ့တယ်လို့ လိမ်ညာပြောခဲ့ပြီး ပြုစုပျိုးထောင်ခဲ့တယ်။

ဒီမိန်းကလေးက သူ့စကားကို ယုံကြည်ပုံပင်။

ဖခင်နှင့် သမီးဆက်ဆံရေးထက် သူတို့ရဲ့ ဆရာနှင့်တပည့်ဆက်ဆံရေးကို လက်ခံဖို့ မိန်းကလေးအတွက် ပိုမိုလွယ်ကူတယ်လို့လည်း သူခံစားရတယ်။

ဒီလိုဆို ဒီမိန်းကလေး သူ့အမေအရင်းက ဘယ်သူလဲလို့ မေးမှာမဟုတ်ဘူး။

ပြောရရင် အမေအရင်းကလည်း အနားမှာမရှိတော့ဘူး။ အဲတော့ ဒီကိစ္စကိုပြောဖို့ အကြောင်းအရင်းလည်းမရှိဘူး။

“ဒီလို ရိုင်းစိုင်းတဲ့ ဆရာကို တစ်ခါမှ မတွေ့ဖူးဘူး။”

လုရှန်းက မကျေမနပ် မတ်တပ်ထရပ်ပြီး ချက်ချင်း ထွက်သွားဖို့ တောင်းဆိုတယ်။ “မိုးလင်းခါနီးပြီ။ ဆရာ မပြန်သေးဘူးလား?”

လုကျန့် ထိုစကားကိုကြားသောအခါတွင် ချက်ချင်းပင် “မင်းရဲ့ သခင်လေး’ချု’ သေခြင်းက ရှောင်နိုင်သလားဆိုတာ မသိချင်ဘူးလား?”

လုရှန်းက အလျှော့မပေးခင် ခဏလောက် စဉ်းစားကြည့်တယ်။

သူမမှာ ရွေးချယ်စရာ မရှိဘူး။ ချုစစ်ဟန်က သူမ ဒီကမ္ဘာသို့ရောက်ကတည်းက သူမရဲ့ ပထမဆုံးသော သူငယ်ချင်းဖြစ်တယ်။

သူမကဲ့သို့ သစ္စာစောင့်သိသူတစ်ဦးက သူ့သူငယ်ချင်းကို ဒေါသအလျောက် ဘယ်လို စွန့်ပယ်နိုင်မှာလဲ။

“ဒါဆို ရှောင်လို့ရလား?”

လုကျန့် စဉ်းစားပြီး “ရတယ်။ မင်းကို ငါပေးခဲ့တဲ့ ကံကြမ္မာပြောင်းလဲတဲ့ ဂါထာစာရွက်ကို သူ့ကို ပေးလို့ရတယ်။”

“ဆရာ ကျွန်မကိုပေးခဲ့တဲ့ ကံကြမ္မာပြောင်းလဲခြင်း ဂါထာစာရွက်ကို ပြောတာလား?”

လုကျန့် ခေါင်းညိတ်တယ်။

လုရှန်း တခစ်ခစ်ရယ်တယ်။ “ဆရာ့မှာ နည်းလမ်းရှိမယ်ဆိုတာ သိနေတယ်လေ။”

ချုစစ်ဟန်ရဲ့ ဘေးဆိုးကို ရှောင်လွှဲနိုင်တာကို သိပြီးနောက် လုရှန်းရဲ့ နှလုံးသားထဲက စိုးရိမ်စိတ်တို့ ပျောက်သွား၏။

လုကျန့် တိတ်တိတ်လေး သက်ပြင်းချလိုက်တယ်။ သူ့ရဲ့ မြေခွေးလေးဟာ နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီ။

လုကျန့်အိတ်ထဲမှ ငွေလတ်မှတ်ထုတ်ပြီး လုရှန်းကို ပေးလိုက်တယ်။ “ဒါ ငွေ ၅၀၀၀ တန် လတ်မှတ်ပဲ။ လိုချင်သမျှဝယ် မလောက်ရင်ပြော။”

လုရှန်း ငွေကိုမြင်တော့ ကျေနပ်အားရစွာ လက်ခံတယ်။ သူမ ပြုံးပြီး ကျေးဇူးတင်စကားဆိုတယ်။ “ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာက ဒီတပည့် ဒုက္ခရောက်အောင် ကြည့်နေမှာမှမဟုတ်တာ သိသားပဲ။“

လုကျန့် သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းတံဆိပ်ကိုပါ ပေးတယ်။

“ငါ အရင်ပြန်မယ်။ မင်း လိုအပ်တာရှိရင် ဒီကျောက်စိမ်းတံဆိပ်နဲ့ ငါ့မြို့မှာရှိတဲ့ ‘သစ်ရွက် ၁၀၀၀’ တည်းခိုဆောင်မှာ လာရှာချေ။”

Comment

Leave a Reply

Options

not work with dark mode
Reset