“သခင်လေးက ကျွန်မကို ငွေပေးတယ်။”
လုရှန်းရဲ့ ရှင်းပြချက်ကို ကြားတော့ လုကျန့် နှာခေါင်းရူံ့၏။
“မင်းကို ဝယ်ခြမ်းဖို့ ငွေနည်းနည်းပေးတာကိုများ၊ အရင်တုန်းက ဒီဆရာ မင်းကို တလ ယွမ် ၁ သိန်း ပေးခဲ့ဖူးတယ်။ ငါ့အကြောင်း စဉ်းစားတာမျိုး ငါ ဘာလို့မမြင်မိပါလိမ့်? တခြားယောကျာ်းကို မြင်ပြီးနောက် မင်း ဒီဆရာကို မေ့နေပြီလား?”
“ဆရာ ‘စကား ၁၀၀၀’ ထပ်ပေါင်းထည့်နေပြန်ပြီ။”
လစဉ် ယွမ် ၁ သိန်း?
ဒီ တွန့်တိုတဲ့ အဘိုးအို ဘယ်လိုတောင် အရှက်မရှိ ကြွားရဲတာလဲ?
သူအိပ်ပျော်နေစဉ် သူမ တိတ်တဆိတ် ယူထားလို့ မဟုတ်ဘူးလား?
မဟုတ်ရင် တလကို ယွမ် ၁၀၀ နဲ့ သူမရဲ့ဗိုက်ကို ဖြည့်နိုင်ပါ့မလား?
လုကျန့် ချောင်းဟန့်ရင်း “အဲဒါ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါ တကယ် ရေငတ်နေတာ။”
“ကောင်းပြီ၊ ကောင်းပြီ။ အခု ရေတခွက် သွားယူလိုက်မယ်။”
လုရှန်း ထီးကို ကိုင်ထားရင်း ရေနွေးပန်းကန်လုံးထဲ ရေနွေးထည့်ဖို့ မီးဖိုချောင်သို့ သွားခဲ့တယ်။ အခန်းထဲက လုကျန့်အတွက် ပြန်ယူလာခဲ့တယ်။
ထိုရေနွေးခွက်ကို ကိုင်ထားရင်း လုကျန့် စိတ်ပျက်လက်ပျက်ဆိုတယ်။ “မင်း ငါ့ကို စိတ်မရှည်တော့ဘူး။ မင်း ငါ့ကို ဒီလိုရေနွေးကြမ်း သောက်ခိုင်းတယ်။ ငါ့ပါးစပ်က သတ္တုနဲ့လုပ်ထားတယ်လို့ မင်း တကယ်ထင်နေတာလား?”
လုရှန်း ပြောစရာ စကားပျောက်ရှသွား၏။
ရေသောက်ပြီးတာတောင် သူမဆရာက အားလုံး ညည်းညူးနေဆဲ။ ဒီအဘိုးကြီးရဲ့ အကျင့်ဆိုးက လုံးဝပြောင်းလဲမသွားဘူး။
“ဆရာ့လို မသေမျိုးရဲ့ ကူးပြောင်းလာမှုရဲ့ဈေးနှုန်းက ဘာလဲ?”
“အင်း…”
လုကျန့် ရုတ်တရက် ဉာဏ်အလင်းရသွားပြီး လေးလေးနက်နက် ဆိုတယ်။ “သေတာတစ်ခုကြာပြီးနောက်၊ မသေမျိုးမန္တန်တွေ ငါ မေ့သွားတယ်။”
လုရှန်း ပြောစရာ စကားပျောက်ရှသွားပြန်တယ်။
ကိုယ့်ကိုကိုယ်လည်း ဘာလို့ မမေ့သွားတာလဲ?
သူမဆရာသည် လက်မြှောက်ကာ ရေနွေးအငွေ့များကို လက်ဖြင့်ဝိုင်းလိုက်တော့ အငွေ့ချက်ချင်းပျောက်ကွယ်သွားတာကို စောင့်ကြည့်နေမိတယ်။
သူ့ဆရာ ရေနွေးတငုံသောက်ပြီးနောက် လုရှန်းက ထပ်မေးတယ်။ “ဆရာ သခင်လေးရဲ့ သေခြင်းတရားကိုရှောင်နိုင်သလား?”
လုကျန့် မျက်မှောင်ကြုံ့ပြီး “ဒီဆရာ ဘယ်တွေသွားခဲ့သလဲ? ဒီကိုရောက်လာပြီး ဘာလုပ်နေသလဲလို့မေးသင့်တာ မဟုတ်ဘူးလား?”
လုရှန်း စကားမပြောနိုင်အောင် ဖြစ်သွားတယ်။
ဆရာ့ကို သူမ အနိုင်ယူနိုင်ရင် ဆရာ့ကိုရိုက်နှက်ပြီး ဝံပုလွေတွေဆီ အစာကျွေးဖို့ အနောက်တောင်ကုန်းဆီ ဆွဲခေါ်သွားပစ်မိမှာ အမှန်ပင်။
သို့သော် ဒီအဘိုးကြီး ဒီကိုရောက်လာပြီး ဘယ်သွားခဲ့သလဲ ဘာလုပ်နေသလဲ? ဆိုတာလည်း သူမက အမှန်တကယ်ပဲ သိချင်တယ်။
ထို့ကြောင့် သူမက “ဆရာ ဒီကို ရောက်လာတော့ ဘယ်တွေသွားခဲ့သလဲ? ဘာလုပ်ခဲ့သလဲ?”
“ဘာမှ သိပ်မလုပ်ဖြစ်ဘူး။”
လုကျန့်က သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်ပြီး တည်တည်တန့်တန့်ပြန်ထိုင်၏။ ” ငါ မြို့တော်က ထွေရာလေးပါးကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် တတိယမင်းသားအဖြစ်နဲ့ တစ်လလောက်နေထိုင်ခဲ့တယ်။ ငါ တတိယမင်းသား ဖြစ်လာတယ်။”
“တတိယမင်းသား?”
လုရှန်း အံ့သြသွားတယ်။ “ဒါဆို ဆရာက ရွမ်ယွဲ့တိုင်းပြည်ရဲ့ တတိယမင်းသားပေါ့။”
“ဟုတ်တယ်!”
လုကျန့် မေးမော့ထားပြီး အေးစက်စက်ခေါင်းညိတ်တယ်။
သူက လုရှန်းကို မျက်လုံးထောင့်မှ စိုက်ကြည့်ပြီး အလွန်မာနကြီးနေ၏။
“အခြေခံဘာလဲ?”
“ဟင်?”
သူ့ တပည့်လေး အထင်ကြီးအားကျမယ်လို့ထင်နေတာ သို့သော် သူမမျက်နှာက ဒေါသထွက်နေသလိုပင်။
“ဒီတပည့် ကူးပြောင်းလာတုန်းက တောသူမလေးဖြစ်ရတယ်။ သို့သော် ဆရာကတော့ မင်းသားတစ်ပါးဖြစ်လာတယ်။ ဒါ မတရားဘူး!”
ကျေးလက်မှာ အသက်ရှင်သန်ဖို့အတွက် လယ်ထွန်ယက်စိုက်ပျိုးရသည်။ သို့တိုင် ဒီအဘိုးအိုက မြို့တော်ရှိလူများဝန်းရံလျက်ဘဝကို ပျော်မွေ့နေလေသည်။ ကံကြမ္မာက မတရားဘူး။
“ဘာ မတရားဘူးလဲ? မင်း ငါ့ထက်ပိုတော်လို့လား?”
“ဒီတပည့်က ဆရာထက် ပိုရက်ရောတယ်၊ ကြင်နာတယ်၊ ငယ်တယ်။”
လုကျန့်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စက်နှာခေါင်းရူံ့တယ်။ “ဒါ ကံတရားပဲ။ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်။”
“ဒီလိုဆိုရင် ဆရာက အရမ်းချမ်းသာမှာပေါ့နော်။”
လုရှန်းရဲ့ ဒေါသပြေသွားပြီး သူမ ရုတ်တရက် လက်ပါးစေဖြစ်လာတယ်။
သူမ လုကျန့်ရဲ့ ပခုံးများကို နှိပ်နယ်ကာ ပြုံးတယ်။
“အဆင်ပြေသေးတယ်။” လုကျန့် သူမကို တစ်ချက်ကြည့်လိုက်ပြီး “ဒီတတိယမင်းသားက အရူးဆိုပေမဲ့ သူ အသက်ရှင်လျက်ရှိချိန် သူ့အမေရဲ့စည်းစိမ်ကို အမွေဆက်ခံခဲ့တယ်။ အိမ်နဲ့ ဆိုင်က မဆိုးပါဘူး။ တစ်လ ကို အနည်းဆုံး ငွေ သိန်းတစ်သောင်းလောက် ရတယ်။”
ဒီတတိယမြောက်မင်းသား ကွယ်လွန်ရခြင်း အကြောင်းရင်းမှာ အိမ်ရှေ့မင်းသားရဲ့ ကြိုးပမ်းမှုကြောင့် ဖြစ်တယ်။ အိမ်ရှေ့မင်းသားက သီလရှိသူလို ဟန်ဆောင်သေးသည်။
အိမ်ရှေ့မင်းသားသည် ရက်စက်ကြမ်းကြုတ်ပြီး တတိယမင်းသားရဲ့ ထမင်းကို အဆိပ်ခတ်ဖို့ တတိယ မင်းသားရဲ့ အိမ်တော်က အိမ်ထိန်းကို လာဘ်ထိုးခဲ့မယ်လို့ မထင်ထားခဲ့ပါ။
တတိယမင်းသား ကွယ်လွန်ချိန်တွင် သူလည်း ဒီရောက်လာခဲ့တယ်။ သင့်တော်တဲ့ ခန္ဓာကိုယ်ကို ရှာမတွေ့သေးတာကြောင့် သူက တွန့်ဆုတ်စွာ တတိယမင်းသား ဖြစ်လာခဲ့သည်။