ဒီည မိုးဖွဲလေးများကျနေပြီး လေကလည်း အေးနေ၏။ သူ့အခန်းထဲမှာ နေနေတဲ့အချိန်မှာတောင် ထူးထူးခြားခြား အေးစက်နေလေသည်။
လုရှန်းသည် ထုံးစံအတိုင်း သူ့အခန်းထဲမပြန်ခင် ကလေးနှစ်ယောက်ကို အိပ်ခိုင်း၏။
သူမ အိပ်မပျော်သေးတာမို့ ဝိညာဉ်တွေ ပြန်လာမဲ့အချိန်ကို စောင့်ဖို့အတွက် ဆုံးဖြတ်ထားသည်။ သူတို့ပြန်မလာခင် ညသန်းခေါင်ကျော်တဲ့အထိ စောင့်နေသည်။
သို့သော် သူတို့နောက်မှာ ငွေရောင်ဆံပင်နဲ့ စက္ကူထီးကို ကိုင်ဆောင်ထားသည့် ယောကျာ်းတစ်ယောက် လိုက်လာခဲ့သည်။
လုရှန်း ဆရာအတွက် လုပ်ပေးထားသည့် ထီးဖြစ်လို့ ဒီထီးနဲ့ အလွန်ရင်းနှီးတယ်။
ထီးပေါ်မှာ သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ဒေါင်ကွမ် မသေမျိုး ပျံသန်းနေသည့် ပန်းချီ တချပ်ရှိသည်။
သို့သော် ဖယောင်းတိုင်မီးအောက်က ထိုမျက်နှာပိုင်ရှင်ယောကျာ်းကိုတော့ လုံးလုံးမသိပေ။
“ဘယ်သူလဲ?“ ဘာလို့ ငါ့ဆရာရဲ့ ထီးကို ယူထားတာလဲ?”
လုရှန်း အဲဒီ့လူကို စိုက်ကြည့်နေပြီး ဒေါသတကြီး မေးလိုက်၏။
ထိုလူ သက်ပြင်းချပြီးနောက် လုရှန်း ရင်းနှီးနေကျ လေသံကိုကြားလိုက်ရတယ်။ “ငါ့တပည့်ရဲ့ ဒေါသက အရင်အတိုင်းပါပဲလား။”
သူမ ဆရာနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာမက နေထိုင်ခဲ့သည်။ ဒီအသံက အလွန်ရင်းနှီးနေတယ်လို့ ပြောတဲ့အကြောင်းအရင်းက သူမသည် ဆရာ့ကို အရိုးထဲအထိ ထွင်းထုထားသူဖြစ်သည်။
လုရှန်းရဲ့ မျက်လုံးများ ချက်ချင်းနီရဲသွားတော့သည်။
“ရှင်က… ကျွန်မ ဆရာလား?”
“ငါ ကလွဲရင် ဘယ်သူဖြစ်နိုင်မှာလဲ။”
“တကယ့်ကို ဆရာပဲ!”
လုရှန်းက လုကျန့်ရဲ့ အင်္ကျီကို ဆွဲကိုင်၏။ သူမ နှုတ်ခမ်းစူပြီး သူ့ကို သနားစိတ်ဖြင့် ကြည့်ကာ ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလာတော့သည်။
“ဆရာ့ကို ဒီတပည့် အရမ်းလွမ်းနေတာ။”
လုကျန့် ဖြည်းညှင်းစွာ သက်ပြင်းချ၏။ သူ့တပည့်ငယ်လေးက အငိုသန်လေး ဖြစ်နေတုန်းပဲလား။
“ငါ မင်းကို ပေးခဲ့တဲ့ ကံကြမ္မာပြောင်းလဲတဲ့ ဂါထာစာရွက်က ဘာလို့ အလုပ်မလုပ်တာလဲ?”
အရင်က ကံကြမ္မာပြောင်းလဲခြင်း ဂါထာစာရွက်ကို အသုံးပြုဖို့ ဆရာက ပေးခဲ့ဖူးသည်။ သို့သော် သူမက နားထောင်ဖို့ ငြင်းဆန်ပြီး သူမ ဘာသာ အပြင်ထွက်စားသောက်ရန် ခိုးထွက်ခဲ့သည်။
နောက်ဆုံး ဆရာ သူမကို ရှာတွေ့ချိန် သူမရဲ့ အလောင်းပဲ ကျန်တော့သည်။ အဲဒီတုန်းက ဆရာသည် ဒေါသတကြီးခြေစောင့်မိတယ်။
“ခေါက်ဆွဲစားနေရင်း ဓာတ်ငွေ့ယိုစိမ့်မယ်လို့ ဘယ်လိုသိမှာလဲ?”
လုရှန်း အပြစ်ရှိတယ်လို့ ခံစားရတယ်။ “ဒါ့အပြင် အဲ့ဟာက အဖိုးတန်လွန်းတယ်။ မသုံးနိုင်ဘူး။”
သူမရဲ့ ဆရာက သူမအတွက် ဂါထာစာရွက်ဆွဲဖို့ ဆယ်နှစ်တာ ကျွမ်းကျင်မှုကို ဖလှယ်ခဲ့သည်။ ဒီလိုဟာကို ပေါ့ပေါ့ပါးပါး သုံးဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ။
လုကျန့် အေးစက်စက်ဖြင့် “မင်းဒီမှာ ကောင်းတဲ့ဘဝကို ဦးဆောင်နေပုံရတယ်။ မင်းငါ့ကို ဘာလို့ ဂါထာစာရွက် ပြန်မပေးရမှာလဲနော်။“
“အိုး… ဆရာ အဲလောက်ထိ ကပ်စေးမကုပ်နဲ့လေ။”
လုရှန်း တခစ်ခစ်ရယ်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်တယ်။ “ဆရာ ဘာလို့ ဒီကိုလာတာလဲ? ဘာလို့ ဆရာ့အသွင်အပြင် ပြောင်းလဲသွားတာလဲ?”
“ဒါတွေအားလုံး မင်းကြောင့်ပဲ!” လုကျန့် အေးစက်စက်ပြောတယ်။ “ဒါက ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်လို့ ငါပေးရမယ့် တန်ကြေးပဲ။”
မတူညီတဲ့ အာကာသအချိန်အတိုင်းအတာများအတွင်းသို့ ဝင်ရောက်ခြင်းရဲ့ အကျိုးဆက်သည် သူရဲ့အသားအရေ ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။
“ဒါဆို တော်တော်တန်တယ်!” လုရှန်း တခစ်ခစ်ရယ်တယ်။ “ဆရာက တစ်ဦးတည်းသော ဆွေမျိုးကို ရှာတွေ့ရုံသာမက ဒီလိုလှပတဲ့မျက်နှာလေးလဲ ရလိုက်တယ်လေ။”
တောက်ပသည့်မျက်ဝန်းဖြင့် ကြည့်နေသည့် တပည့်မကိုကြည့်ရင်း လုကျန့် မျက်နှာချက်ချင်းလွှဲလိုက်တယ်။
“မင်း ငါ့ခန္ဓာကိုယ်အပေါ် သရေကျမနေနဲ့။ ငါက မင်းရဲ့အဖေ။”
လုရှန်း အေးစက်စွာ နှာခေါင်းရူံ့လိုက်၏။ “ဆရာရဲ့ခန္ဓာကိုယ်ဟောင်းနဲ့ ပတ်သတ်လို့ ဒီတပည့်က ဂရုမစိုက်ဘူး။ ဆရာ့ထက် အသက်ငယ်ပြီး ပိုချောမောတဲ့လူ တွေ့ဖူးတယ်။”
“မင်း သူ့ကို တွေ့ဖူးပြီလား?”
လုကျန့် အံ့သြသွား၏။ “သူက လင်းဂျန်အိမ်တော်က တရားသူကြီးမလား?”
“အယ်…”
လုရှန်း အံ့သြသွားတယ်။ “ဆရာ ဘယ်လိုသိတာလဲ?”
သူမ စောစောက သူ့အကြောင်း မပြောခဲ့ဘူးလေ၊ ဟုတ်တယ်မလား?
“ငါ မသိတဲ့အရာများ ရှိသေးလို့လား?” လုကျန့် ထိုင်ခုံတစ်လုံးကို တွေ့တော့ ထိုင်ချလိုက်၏။
“သူက လူကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် သူ့သက်တမ်းက တိုလွန်းတယ်။ အသက်သုံးဆယ်မတိုင်ခင် သေလိမ့်မယ်။”
“ဟင်?”
လုရှန်း မျက်ဝန်းပြူးကျယ်သွားပြီး အလျင်စလိုမေးတယ်။
“ဘာလို့လဲ?”
“သူဟာ ငယ်ငယ်လေးကတည်းက အရမ်းဉာဏ်ကောင်းတယ်။ သို့သော် လူတချို့ကို အပြစ်ပြုခဲ့တယ်။ သေတဲ့အထိ ကျိန်ဆဲခံခဲ့ရတယ်။”
“ဒါဆို ဆရာ ဒါကို ပြန်ပြင်လို့ မရဘူးလား?”
သူမကို ကောင်းကောင်းဆက်ဆံခဲ့တဲ့ ချုစစ်ဟန်က အသက် ၃၀ ကျော်အထိ အသက်မရှင်ဘူး? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူ အသက်ရှည်ရှည်နေရမယ်!
လုကျန့် ခေျာင်းဟန့်ပြီး ဖြေးဖြေးချင်းဆိုတယ်။ “ငါ နည်းနည်း ရေငတ်နေတယ်။”
“အိုး… ဆရာ!”
လုရှန်း ဆရာ့ပခုံးကို လက်တင်ကာ ခေါင်းခါယမ်းတယ်။
“လုံလောက်ပြီ!”
လုကျန့် အေးစက်စွာနှာခေါင်းရူံ့ပြီး မကျေမနပ် ညည်းညူတယ်။ “တပည့်၊ မင်း ပြောင်းလဲသွားပြီ။ အရင်တုန်းကတော့ အရာရာတိုင်းအတွက် ဒီဆရာ့အပေါ် ဉီးစားပေးခဲ့တယ်။ အခု အပြင်လူအတွက် ရေတစ်ခွက် ထည့်ပေးဖို့တောင် မလုပ်နိုင်တော့ဘူး။ ငါ့ နှလုံးသား အေးစက်သွားပြီ။”