“ဒုတိယအစ်မ ဒီမုန့်တွေအားလုံး ကုန်အောင်စားနိုင်ပါ့မလား?”
လုဂျန် တောက်ပတဲ့ မျက်လုံးတွေနဲ့ မေး၏။
“အများကြီးတော့ မရှိပါဘူး။ အစ်မတို့ ပြန်ရောက်ရင် မင်းရဲ့ သူငယ်ချင်းလေး ယွမ်ဇီနဲ့ ကျန်တဲ့သူငယ်ချင်းတွေကို ပေးနိုင်တယ်။”
မုန့်တစ်ဘူးကို ပြား ၂ဝ? ငွေ ၃ တုံးက မုန့်ဘူး ၁၅ဝ လောက် ဝယ်ယူလို့ရသည်။
လုရှန်း စကားပြောနေရင်း မောင်နှမတွေ လက်ကိုဆုပ်ကိုင်ကာ ထွက်လာခဲ့သည်။ သို့သော် တံခါးဝကိုရောက်တော့ ဟိုးအရင်က လူငယ်ကို မြင်လိုက်ရတယ်။
လင်းဂျန် သူ့ယပ်တောင်ကို သိမ်းလိုက်ပြီး အပြုံးဖြင့် “ဟီးဟီး၊ ငါတို့ ပြန်တွေ့ပြီပေါ့။”
လုရှန်းရဲ့ အပြုံးက ပျောက်ကွယ်သွား၏။ သူမ သူ့ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ပြီး ဖြတ်ကျော်လာခဲ့သည်။
သို့သော် လင်းဂျန်ရဲ့ အရည်ထူထူကို လျှော့တွက်မိခဲ့တယ်။
“သူရဲကောင်းမလေး ကျွန်တော့်ကို မင်းရဲ့တပည့်အနေနဲ့ ခေါ်သွားလို့ရမလား?” လင်းဂျန်သည် ရှာဖို့ခက်ခဲသည့် သူရဲကောင်းမလေးကို ဘယ်လိုလုပ် လက်လျော့နိုင်မလဲ?
လုရှန်း မျက်မှောင်ကြုံ့ပြီး စိတ်မရှည်စွာဖြင့် “ရှင် လူမှားနေပါပြီ။ ကျွန်မက လျိုယွဲ့ရွာက တောသူလေးတစ်ယောက်ပါ။ ကျွန်မက ရှင် ရည်ညွှန်းတဲ့ သူရဲကောင်းမဟုတ်ပါဘူး။”
“တကယ်လား?” လင်းဂျန် ရုတ်တရက် သူ့ကိုယ်သူ သံသယဝင်သွားသည်။
သူ လူမှားနေတာလား?
သူမရဲ့ အသံက တကယ်ကို ကွဲပြားသည်။ ထိုနေ့က သူရဲကောင်းမလေးရဲ့ အသံသည် ခပ်နိမ့်နိမ့်ဖြစ်ပြီး ပိုကြည်လင်တယ်။
ဒီကမိန်းကလေးသည် လျှော်ဖွပ်ထားသော အဝတ်အစားတစ်ထည်ကို ဝတ်ထားပေမဲ့ သူမရဲ့ သွယ်လျသောအသွင်အပြင်က သူရဲကောင်းမလေးပုံစံနဲ့ အတူတူဖြစ်သည်။
လုရှန်း သူ့အတွေးကိုဖတ်ကြည့်ရင်း “ဒီကမ္ဘာပေါ်မှာ အလားတူလူတွေအများကြီး ရှိတယ်။ ကျွန်မမှာ လုပ်စရာတွေ ကျန်နေတော့ သခင်လေးနဲ့ စကားအများကြီးမပြောတော့ဘူး။”
ထို့နောက် ကလေးနှစ်ယောက်နဲ့အတူ အမြန်ထွက်လာခဲ့သည်။
တစ်နေရာတည်းမှာရပ်နေတဲ့ လင်းဂျန် ခေါင်းအနောက်ကို ကုတ်ရင်း မျက်မှောင်ကြုံ့နေခဲ့တယ်။
“ဒုတိယအစ်မ၊ အဲဒီ အစ်ကိုက ဘယ်သူလဲ?”
လုဂျန် မြင်းလှည်းပေါ်တက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းတယ်။
လုရှင်း ရထားပေါ်က မုန့်တွေကို မြင်တော့ ဝမ်းသာအားရ ရယ်မောတယ်။
လုဂျန်ရဲ့ မေးခွန်းကို မဖြေခင် လုရှန်း လုရှင်းကို ပြုံးပြတယ်။
“ငါ မသိတဲ့သူတစ်ယောက်။”
“အိုး!”
“သေချာထိုင်။ ဈေးထဲသွားရအောင် အဖွားနှစ်ယောက် ပြန်လာပြီလားလို့။”
သူမ သူတို့ကို လာခေါ်မယ်လို့ ကတိပေးခဲ့သည်လေ။ ထို့ကြောင့် သူမရဲ့စကားတွေကို ပြန်ရုတ်သိမ်းလို့မရဘူး။
သို့သော် ဈေးသို့ရောက်သောအခါ လူကြီးနှစ်ယောက်က ပြန်သွားပြီ။
လူကြီးနှစ်ယောက်သည် ကြက်ဥရောင်းပြီးနောက် စောစောပြန်သွားတာနေမည်။
လုရှန်း ဆန်နဲ့ ဂျုံမှုန့်ဝယ်ဖို့ မြင်းလှည်းပေါ်က ဆင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ ဆီစစ်ဖို့ ဆီဇကာ တချို့လည်းဝယ်ယူခဲ့တယ်။
သူမက ပတ်ဝန်းကျင်ကို ကြည့်ကာ သစ်သီးဆိုင်က သစ်သီးအနည်းငယ်ကို ဝယ်ခဲ့သည်။ မြင်းလှည်းပေါ် ပစ္စည်းများကို ချထားပြီးနောက် ရုံးတော်ကလူများသည် မြင်းလှည်းရှေ့မှ ဖြတ်ကာ မြို့တံခါးဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။
ငိုနေသည့်လူတချို့ အရာရှိတွေနောက်ကို လိုက်သွား၏။
ထို့နောက် ပရိသတ်တစ်စု မြို့တံခါးဆီသို့ ပြေးထွက်သွားသည်။
လုရှန်းက လူအုပ်ကို သံသယဖြင့် ကြည့်လိုက်ပြီး နောက်မှလိုက်သွားတယ်။
‘ကျန့်’မိသားစုက မိန်းကလေး မြို့အပြင်ဘက်မှာရှိတဲ့ ကြာရေကန်တွင် ရေနစ်သေဆုံးခဲ့သည်ဟု တစ်စုံတစ်ယောက်က ပြောတာကို သူမကြားလိုက်ရတယ်။
“သခင်မလေး’ကျန့်’ အကြောင်းပြချက်မရှိဘဲ ဘာလို့ မြို့ပြင်က ကြာပန်းရေကန်ကို သွားတာလဲ?”
‘ကျန့်’မိသားစုသည် ‘ယု’မိသားစု၊ ‘ရူ’မိသားစုတို့နှင့် တန်းတူ မဟုတ်ပေမဲ့ အလွန်ညံ့ဖျင်းသည်မဟုတ်။ သူတို့ မနေနိုင်မထိုင်နိုင် ကြာပန်းခိုးယူဖို့ သွားတာတော့ မဟုတ်လောက်ဘူးလေ။ ဟုတ်တယ်မလား။
ဒါ့အပြင် ကြာပန်းတွေက အိုဟောင်းနေပြီဖြစ်လို့ ခူးဖို့ ခက်ခဲသည်။ သခင်မလေး’ကျန့်’ ကြာပန်း စားချင်ရင်တော့ အစေခံတွေကို ဝယ်ခိုင်းလို့ရသည်လေ။
“ငါမသိဘူး။ ငါသွားကြည့်လိုက်မယ်။”
“ရေကန်မှာ သေဆုံးသွားလို့ ‘ကျန့်’မိသားစု ရေကန်ပိုင်ရှင်ကို လျော်ကြေးပေးရမှာမလား?”
လုရှန်းရဲ့ နှလုံးခုန်သံ ပြုတ်ကျသွား၏။ ဒီမနက်က အဲဒီနေရာကဖြတ်လာချိန်တွင် ယင်စွမ်းအင်ကို မခံစားရဘူး။
သူမရဲ့ စွမ်းဆောင်ရည်နဲ့ဆို ဒီနေရာမှာ တစ်စုံတစ်ယောက်သေဆုံးနေသည်ကို မသိဖို့ဆိုတာ သူမအတွက်မဖြစ်နိုင်ဘူး။
‘ကျန့်’သခင်မလေးသည် ရေကန်မှာမသေဆုံးပဲ သေဆုံးပြီးမှ ရေကန်မှာ စွန့်ပစ်ခံရတာဆိုရင်တော့ သူမ မသိနိုင်ဘူးလေ။
“ဒုတိယအစ်မ သားတို့ ကြောက်တယ်!”
ထိုနေရာတွင် တစ်စုံတစ်ယောက် သေဆုံးထားတယ်ဆိုတော့ ကလေးနှစ်ယောက်၏ မျက်နှာဖြူဖျော့ ညှိုးနွမ်းသွား၏။