အမျိုးသမီးရဲ့ ဖြူဖွေးပြီး ဖြူစင်တဲ့ မျက်နှာပေါ် နေရောင်ခြည်က တောက်ပနေသဖြင့် သူမရဲ့ အပြုံးက ထူးထူးခြားခြား နူးညံ့သိမ်မွေ့လာစေတယ်။
သို့သော်လည်း အနီးကပ် စစ်ဆေးကြည့်လျှင် သူမရဲ့ အပြုံးက သူမ မျက်လုံးထဲသို့ လုံးဝ မရောက်သည်ကိုတွေ့ရလိမ့်မည်။
လင်းဂျန် ဒီအသွင်အပြင်နဲ့ ရင်းနှီးနေ၏။
ထိုအချိန်တုန်းက ‘သူရဲကောင်း’ရဲ့ ရုပ်ရည်နဲ့ အသွင်အပြင်က သူ့ရှေ့က ဒီမိန်းကလေးနဲ့ ထပ်တူဖြစ်သည်။
သူ မမှားဘူးလို့ ခံစားရတယ်။ သူမ ဆီမှာ အခက်အခဲတစ်ချို့ရှိလို့ သူမ ဒါကို ဝန်မခံချင်တာ ဖြစ်ရမည်။
“မင်း ငါ့ကို တောင်းပန်ဖို့ ဘယ်လောက်သတ္တိရှိလဲ?”
ခဏကြာပြီးနောက် လျိုအာ ရုတ်တရက် စူးစူးရဲရဲပြောလာ၏။
လင်းဂျန် မျက်မှောင်ကြုတ်ပြီး လျိုအာကို မပျော်မရွှင်အကြည့်တချက် ပေးလိုက်တယ်။
“နင့် ပါးစပ်က လိမ်ညာရဲတယ်။ နင် တောင်းပန်အောင် ငါ ဘာလို့ မလုပ်ရမှာလဲ?”
လုရှန်းသည် အနီရောင်ပန်းကလစ်နှစ်ခုကို သိမ်းဆည်းလိုက်ပြီး လျိုအာကို ကြည့်လိုက်တယ်။
“ငါ ဒီမှာရပ်နေတာ။ နင်ရောက်လာတာပြီး ငါ့ကို ဝင်တိုက်တယ်။ ငါ့ညီမကို နာကျင်စေခဲ့တယ်။ ငါ နင့်ကို အပြစ်တင်ချင်ပေမယ့် နင် အဖြစ်မှန်ကို လိမ်ခဲ့တယ်။ နင့်ကိုနင် တိုင်းပြည်ဧကရာဇ်တစ်ပါးလို့ တကယ်ထင်နေတာလား?“
“နင်…”
လုရှန်း လှောင်ပြောင်တယ်။ “နင်ကရော? နေ့ခင်းကြောင်တောင်ကြီး လူတိုင်း နင့်လိုမျက်လုံး ကန်းတယ်လို့ တကယ်ထင်နေသလား?”
လျိုအာ သူမရဲ့ စကားကို သည်းခံနေပြီး ရှက်ရွံ့သွားတော့သည်။ သူမရဲ့ တောင်းပန်သည့်အကြည့် ရှန်းကွမ်လင်းအာဆီ ကျရောက်သွားတယ်။
“သခင်မလေး၊ သူမက ကျွန်မကို အရှက်ရစေတယ်!”
ရှန်းကွမ်လင်းအာ လင်းဂျန်ကို စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲ အလင်းတန်းများ ဖြတ်ပြေးသွား၏။
ထို့နောက် သူမ ရုတ်တရက်ပြုံးပြီး “သခင်မလေး ကျွန်မရဲ့အစေခံကို ကောင်းကောင်း မ ဆုံးမမိတာ ကျွန်မ အမှားပါ။ မင်းကို စော်ကားမိလို့ တောင်းပန်ပါတယ်။”
ထိုမိန်းကလေးက ပြောနေရင်း ခါးမှဆွဲထားသောအိတ်ကို ဖြည်ပြီး လုရှန်းထံကို ပေးလိုက်တယ်။
“ကျေးဇူးပြုပြီး ကျွန်မရဲ့ သေးငယ်တဲ့ အသိအမှတ်ပြု သင်္ကေတလေးကို လက်ခံပါ။”
“သခင်မလေး!”
လျိုအာ သူ့သခင်မလေးကို မယုံကြည်နိုင်စွာ ကြည့်နေလေ၏။
အရင်တုန်းကတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သခင်မလေးက သူ့ဘက်မှာ အမြဲရပ်တည်ခဲ့သည်။
ဒီနေ့ကျ ဘာလို့လဲ…?
ရှန်းကွမ်လင်းအာ အေးစက်စက်ပြောလိုက်သည်။ “ပါးစပ်ပိတ်ပြီး ဒီမိန်းကလေးကို တောင်းပန်လိုက်!”
လျိုအာ သွားတင်းတင်းကြိတ်ပြီး တွန့်ဆုတ်စွာတောင်းပန်တယ်။
လုရှန်း ရှန်းကွမ်လင်းအာထံက အိတ်ကို လက်ခံခဲ့ပေမဲ့ လျိုအာကို တချက်မှ မကြည့်ပဲ ကြောက်နေသည့် ကလေးနှစ်ယောက်နဲ့အတူ ထွက်သွားတယ်။
“သခင်လေး’လင်း’ အဲမိန်းကလေးကို သိလား?”
လုရှန်း ထွက်သွားပြီးနောက်၊ ရှန်းကွမ်လင်းအာ လင်းဂျန်ကို မေးမြန်းတယ်။
လင်းဂျန် ခပ်ဖျော့ဖျော့ပြုံးပြီး အတည်ပြုဆိုတယ်။ “ငါ့ရဲ့ အနာဂတ်သခင်။”
လင်းဂျန်အိမ်တော်ကို ပြန်ရောက်တော့ ဒီသူရဲကောင်းမလေးကို မတွေ့တော့။
သူရဲကောင်းမလေးက ခဏလောက်နေပြီး ဟောင်ရန်မြို့ကို ပြန်သွားခဲ့တယ်။
သူသည် ရှန်းကွမ်ယဲ့နဲ့ သူငယ်ချင်းကောင်းများဖြစ်ကြသည်။ ဒီနေ့ ရှန်းကွမ်ယဲ့ ကိစ္စတစ်ခုလုပ်ဖို့ ရှိနေတာကြောင့် ရှန်းကွမ်လင်းအာနှင့်အတူ လမ်းလျှောက်အဖော်အဖြစ် လိုက်ပေးခဲ့သည်။
ဒီနေ့ အဲနေ့က သူရဲကောင်းမလေးနဲ့တူသည့် မိန်းကလေးကိုအဝေးမှ တွေ့ခဲ့ရသည်။ သူမ တစ်စုံတစ်ယောက်နဲ့ စကားများရန်ဖြစ်နေပုံပင်။
ရှန်းကွမ်လင်းအာရဲ့ အစေခံ လျိုအာနဲ့ ငြင်းခုံနေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
ရှန်းကွမ်လင်းအာ သံသယဖြစ်မိသည်။ စောစောက မိန်းကလေးသည် ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ မျိုးရိုးမြှင့်ထဲကမဟုတ်တာ ဘယ်သူမဆို ပြောနိုင်သည်။
လင်းဂျန်က ထိုမိန်းကလေးကို ဘယ်လိုမြင်ပြီး သူမကို သူ့ရဲ့ အနာဂတ်ဆရာလို့တောင် ပြောထွက်ရတာလဲ?
“ကျနော့်မှာ လုပ်စရာတွေ ရှိသေးတယ်လို့ မင်းနဲ့ ဈေးဝယ်ထွက်တာ မလိုက်တော့ဘူး။”
လင်းဂျန် ရှန်းကွမ်လင်းအာကို ခေါင်းညိတ်ပြပြီး လူအုပ်ထဲကို လျှောက်သွားတော့သည်။
လုရှန်း ကလေးနှစ်ယောက် စိတ်ငြိမ်စေရန်နှင့် နှစ်သိမ့်ဖို့ မုန့်တချို့ ပြင်ဆင်ထားတဲ့ မုန့်ဆိုင်ကို ခေါ်သွားခဲ့တယ်။
ရှန်းကွမ်လင်းအာ ပေးထားတဲ့ အိတ်ကို ဖွင့်ကြည့်လိုက်တယ်။ ဒါဇင်အနည်းငယ် ပါဝင်မယ်လို့ ထင်ထားတာ။ အထဲမှာ ငွေ ၃ တုံးပဲ ရှိလိမ့်မယ်လို့ ဘယ်သူသိ မလဲလေ။
လုရှန်း အထင်သေးစွာ နှုတ်ခမ်းဆူကာ မုန့် ၃ လုံး သွားဝယ်တယ်။
မုန့်ဆိုင်ပိုင်ရှင်ကတော့ ပြုံးနေတာ မရပ်တော့။ လုရှန်းအတွက် မုန့်ထုပ်များကို ရွှင်မြူးစွာ ထုပ်ပိုးပြီး မြင်းလှည်းပေါ်တောင် လိုက်ပို့ပေးခဲ့တယ်။