“ညီအစ်ကို’လု’ မနက်ဖြန် ညီအစ်ကို’ယု’ရဲ့ သူငယ်ချင်း ကစားဖို့ ဟောင်ရန်မြို့ကို လာဖို့ ရှိတယ်။ ငါတို့ အားလပ်ချိန်ရတယ်ဆိုတည်းက ရေကန်ခရီးစဉ်မှာ ဘာလို့ မင်း ညီမကို မဖိတ်ရမှာလဲ?”
အလှလေးရဲ့ မျက်နှာကို မမြင်ရတော့ မုရန် သူမ အကြောင်းတွေးလေလေ ပိုဝမ်းနည်းလာတယ်။
ထို့ကြောင့် ယုရန်ရဲ့ သူငယ်ချင်း လည်ပတ်မှုတွင် အာရုံစိုက်ရမည်။
လုရန်က သူ့ညီမ အကြောင်းပြောနေတာမို့ အလွန်စိတ်မချမ်းသာ ဖြစ်နေ၏။
လုရန် အေးစက်စက်ပြန်ပြောတယ်။ “အဲဒါ ငါ့ညီမ၊ မင်းညီမလည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ညီမလေးက ရှက်တတ်တယ်။ သူစိမ်းတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူး။”
မုရန်သည် လုရန် ပြောတာကြားတော့ ပခုံးကိုဖက်ပြီး “မတွန့်တိုနဲ့လေ။ ငါတို့က အတန်းဖော်တွေနဲ့ သူငယ်ချင်းကောင်းတွေပဲဟာ ညီအစ်ကို’လု’ရဲ့ ညီမကလည်း ငါတို့ ညီမပဲလေ။ ညီအစ်ကို’ယု’ မင်းလည်းအဲလိုထင်တယ်မလား?”
ယုရန် ပြုံးပြီး အကြောင်းအရာကို ပြောင်းလိုက်တယ်။ “နောက်ကျနေပြီ။ အတန်းထဲပြန်သွားရအောင်။”
ကိုယ်ပိုင်ကျောင်းမှ ပြန်လာတော့ လုရှန်း တောင်ဘက်မြို့ကို တိုက်ရိုက်သွားခဲ့သည်။
သူမ ဆိုင်ကို သွားကြည့်တယ်။ အတွင်းပိုင်း ပြန်လည်မွမ်းမံထားပြီးဖြစ်တာမို့ ကန်းရူမုန်သည် ဒီဆိုင်ကို ချည်ထိုး ရောင်းချဖို့အတွက် ဒီအချိန်ကို အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်လောက်သည်။
လုရှန်း စားသောက်ဆိုင်ဖွင့်မည်ဆိုပါက အတွင်းပိုင်းပြင်ဆင်မှုကို ပြောင်းလဲရလိမ့်မည်။
ဆိုင်သည် တစ်ထပ်ပဲရှိပြီး စတုရန်မီတာ ပေ တစ်ရာ လောက်ရှိသည်။ ဒီဆိုင်က အနီးနားမှာရှိတဲ့ အခြားသော စားသောက်ဆိုင်များနဲ့ နှိုင်းယှဉ်ရင် ကျဉ်းမြောင်း၏။
“ဒုတိယအစ်မ၊ ငါတို့ အခု ဘယ်မှာလဲ?”
လုဂျန်က လုရှင်းရဲ့ လက်ကို ကိုင်လိုက်ပြီး စူးစမ်းလိုစိတ်နဲ့ မေးတယ်။
“ဒီဆိုင်က နောင်တစ်ချိန်မှာ ငါတို့ဆိုင် ဖြစ်လာလိမ့်မယ်။”
လုရှန်း အပြင်အဆင်ကို သေချာကြည့်ပြီး ပြန်ဖြေတယ်။
ပြန်လည်မွန်းမံဖို့အတွက် အလုပ်သမား ခေါ်ယူဖို့ ဘယ်နေရာကနေ ရှာရမှန်းမသိပါ။ လုရန်မှာ အသိများ ရှိမလားဟု သူမ မေးချင်သည်။
ဆိုင်ထဲကနေထွက်လာပြီး လုရှန်းက ကလေးနှစ်ယောက်ကို စည်ကားတဲ့ စျေးကို ခေါ်လာခဲ့သည်။
ဆံပင်အသုံးအဆောင်တွေရောင်းတဲ့ဆိုင်ရှေ့ ဖြတ်သွားချိန်တွင် လုရှန်း အနီရောင်ပန်းကလစ်နှစ်ချောင်းနဲ့ ကြိုးနှစ်ချောင်း ဝယ်ယူခဲ့သည်။ လုရှင်းရဲ့ ဆံပင်ကို တပ်ဆင်ပေးဖို့ ကူညီနေစဉ် တစ်စုံတစ်ယောက် ရုတ်တရက် သူမရဲ့ပခုံးကို ဝင်တိုက်သွား၏။
သူမလက်က လုရှင်းဆံပင်တွေကို ကိုင်ထားဆဲ။ သူမကို တိုက်သွားတော့ သူမ အရှေ့ကို ယိုင်ကျပြီး လုရှင်းရဲ့ဆံပင်ကို ဆွဲမိသလို ဖြစ်သွားခဲ့တော့သည်။ လုရှင်း နာကျင်မှုကြောင့် သူမရဲ့မျက်ဝန်းတွင် မျက်ရည်များသီလာတယ်။ သို့သော် မငိုရဲခဲ့ပါ။
လုရှန်း သူမကို အမြန်ပွေ့ဖက်ပြီး နှစ်သိမ့်ပေးတယ်။
“နင့်မှာ မျက်လုံးမပါဘူးလား? နင် ငါ့ကိုမမြင်ဘူးလား?”
မာနကြီးသောမိန်းကလေးရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
လုရှန်း မျက်မှောင်ကြုံ့သွားပြီး ခေါင်းမော့ကြည့်ချိန်တွင် အစေခံတစ်ယောက်လို ဝတ်စားထားတဲ့ မိန်းမငယ်လေးတစ်ယောက် အေးစက်စက် စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။
လုရှန်း ဒေါသထွက်သွားတယ်။ ထိုလူသည် ‘သူခိုးရပ်စမ်း!’ ဟု သူခိုးတစ်ယောက်လှည့်ကွက်လို ကစားနေသည်ကို မြင်နေရသည်။
သူမ အစက ဒီမိုက်မဲသူနဲ့ ငြင်းခုန်ဖို့ မလိုလားခဲ့ဘူး။ လုရှင်းက တဖက်၊ လုဂျန်ကို တဖက် သယ်ကာ မြင်းလှည်းပေါ်တက်တော့မှာ ဖြစ်တယ်။
“တစ်စုံတစ်ယောက်ကို မတောင်းပန်ပဲ ပုတ်ခတ်ပြီး ထွက်သွားချင်တာလား။ မဖြစ်နိုင်ဘူး!”
လုရှန်းရဲ့ မျက်လုံးများ တောက်ပသွား၏။
သူမ လုရှင်းကို အောက်ကိုချလိုက်ပြီး လုဂျန်ကို သူ့ညီမကို စောင့်ရှောက်ဖို့ပြောလိုက်တယ်။ လုရှန်း အစေခံကို အေးစက်စက်လှည့်ကြည့်ပြီး “တစ်စုံတစ်ယောက်ကို ပုတ်ခတ်ပြောဆိုပြီး မတောင်းပန်ချင်တဲ့သူက ဘယ်သူလဲ?”
“လျိုအာ ဘာဖြစ်တာလဲ?”
ဟိုးအဝေးမှ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် လျှောက်လာကြသည်။
ထိုမိန်းကလေးရဲ့ အပြင်အဆင်ကို လေ့လာကြည့်သလောက် ဒီအစေခံရဲ့သခင် ဖြစ်ပုံပင်။
“သခင်မလေး ဒီမိန်းကလေးက ကျွန်မကို ဝင်တိုက်သွားတာ မတောင်းပန်ပဲ ထွက်သွားဖို့ ကြိုးစားတယ်လေ။ ကျွန်မ သူ့ကို ဆူနေရုံပါ။”
ရှန်းကွမ်လင်းအာ လုရှန်းကို ကြည့်တယ်။ လုရှန်းရဲ့ မျက်နှာကိုမြင်ချိန်တွင် ရှန်းကွမ်းလင်းအာရဲ့ အကြည့် ရပ်တန့်သွားတယ်။
သူ့ဘေးနားက ဆယ်ကျော်သက်လည်း ချက်ချင်း မျက်လုံးပြူးသွား၏။ သူက ဝမ်းသာအားရနဲ့ လုရှန်းဆီလျှောက်လာတယ်။
“သူရဲကောင်းမလေး မင်း ဒီမှာနေတာလား?”
လုရှန်း ဒီလူကို တစ်ချက်ကြည့်လိုက်ချိန်တွင် လွန်ခဲ့သော နှစ်လလောက်က သူမ တည်းခိုခန်းမှ ထွက်သွားပြီးနောက် အနောက်သို့ လိုက်လာသော လူငယ်ဖြစ်ကြောင်း သတိပြုမိတယ်။
အဲဒီ့နေ့က သူမရဲ့ ဝတ်စားဆင်ယင်ပုံက ဒီနေ့ခေတ်နဲ့ လွန်စွာ ကွာခြားလှသည်။ မျက်နှာတောင် မပြဘူး။ သို့သော် သူတကယ်ပဲ သူမကို မှတ်မိနေတာလား?
လုရှန်း အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း သူမက ပြတ်ပြတ်သားသား ငြင်းဆိုတယ်။ “သခင်လေး လူမှားနေပြီ။”
လုရှန်း လူငယ်ရဲ့ စိစစ်အကြည့်ကို လျစ်လျူရှုပြီး မာနကြီးသော အစေခံကို ကြည့်လိုက်တယ်။
“တောင်းပန်ပါတယ်။”
“ဘာလဲ?”
အစေခံက သူမကို မယုံနိုင်စွာ ကြည့်တယ်။
လုရှန်း ပြုံးပြီး ညင်သာစွာပြောတယ်။ “ငါ တောင်းပန်တာ လိုချင်တာ။ နင် မှားတာ မဟုတ်ဘူးလား?”